book

Index 23

Part-8.3

Zawgyi

Part-8.3


“မင္းက..”


ထိုအရွိန္အဝါၾကီးမားေသာ နတ္မင္းသား တလီယီမင္က သူ႔ကို စကားေျပာလုိေသာ္လည္း နာမည္ မသိေသာ ဟန္ပန္မို႔.. သူ စကားကို လွမ္းေထာက္လုိက္ရ၏။


“ပိုင္ဟုန္ဟူ..”


“ေကာင္းျပီ.. ပိုင္ဟုန္ဟူ.. မင္း ငါ့ဇနီးကို အထင္လြဲေနျပီ..”


ငါး တစ္ေကာင္လံုး အရွင္လတ္လတ္ ဗိုက္ထဲေရာက္သြားျခင္းမွာ.. သူဘက္က အထင္လြဲတာပါ ဆိုေတာ့ ဟူအာ.. စကားတစ္ခြန္းမွပင္ ေျပာလုိစိတ္ မရွိသလို ျဖစ္သြား၏။


“သူ ေျပာတာက သူ႔ေရကန္ထဲက ေရက အာဟာရ ျပည့္ဝတယ္လို႔ ဆိုလိုခ်င္တာပါ.. မင္းရဲ႕ ဆာေလာင္မႈကိုေရာ.. ျပီးေတာ့ ေလ်ာ့က်သြားတဲ့ နတ္စြမ္းအားကိုပါ ျပန္ျပီး ျဖည့္တင္းေပးႏုိင္တယ္..”


“ဒါေပမယ့္ အစားစားလုိက္တာနဲ႔ေတာ့ မတူဘူး မဟုတ္လား..”


သူ အတြန္႔တက္လိုက္ေတာ့.. သူမက ေနာက္ထပ္ တစ္ခါ ကန္အတြင္းမွ ငါးတစ္ေကာင္ကို ဖမ္းယူလုိက္ျပီ ျဖစ္၏။ ဟူအာ အေနာက္သို႔ပင္ ေျခေထာက္ေတြကို ေရြ႕လ်ားလုိက္မိသည္။ ေနာက္ထပ္ ငါးတစ္ေကာင္ကို သူ႔ပါးစပ္ထဲ ထပ္ထည့္ဖို႔ သူမက ၾကိဳးစားလုိက္ေနတာလား ဆိုေသာ ေျခာက္ျခားဖြယ္ အေတြးက ရင္ထဲသို႔ တိုးေဝွ႔လာ၏။ သို႔ေသာ္ အိမ္ေရွ႕မင္းသားက သူမလက္အတြင္းမွ ငါးကို လွမ္းယူလုိက္ျပီး.. ခပ္တိုးတိုး ေလသံျဖင့္..


“မင္း အသက္ ႏွစ္သိန္းရွိျပီေလ ရင္းအာ.. အသက္ တစ္ေထာင္တည္း ရွိတဲ့သူနဲ႔ ဘယ္လိုလုပ္ျပီး ယွဥ္ျပိဳင္လို႔ ျဖစ္မွာလဲ..”


“ငါ သူ႔ကို မေက်နပ္ဘူး.. ငါ့ေသရည္အိုးေတြ..”


“ေကာင္းျပီ ငါတို႔ အေလွ်ာ္သြားေတာင္းၾကတာေပါ့.. ဒီကေလးကိုေတာ့ ထားလုိက္ပါ.. ဟုတ္ျပီလား..”


“ေဟ့.. မင္း.. အစ္မကို ေခၚသြားလို႔ ရျပီ.. ပိုင္ေဒသကို သြားမယ္..”


သူမက လက္ေခ်ာင္းေလးမ်ားကို လႈပ္ခတ္လိုက္သည္ႏွင့္ သူ႔ထံမွ နတ္စြမ္းအားမ်ား ျပန္သံုး၍ ရသြားသည္။ ထို႔အတြက္ ဟုန္ရြယ္အား ေပြ႔ယူလုိက္ျပီးမွ.. ဟူအာ ပိုင္ေဒသသို႔ ဦးစြာ ျပန္ရန္ ျပင္လုိက္သည္။ သို႔ေသာ္ သူမက သူတို႔ ေမာင္ႏွမအား ၾကည့္လုိက္ျပီးမွ..


“မင္းက ရူးေနတဲ့ ေျမေခြးပဲ သူမက လမ္းေလွ်ာက္ဖို႔ အင္အား အလံုအေလာက္ ရွိသြားျပီ.. မင္း မေပြ႔ထားလည္း ရတယ္..”


ဟူအာ ဟုန္ရြယ္ကို ငံု႔ၾကည့္ေတာ့.. သူမေျပာေသာ အတုိင္း သာမာန္ ဒဏ္ရာမရေတာ့သည့္ ပံုစံအတိုင္းမို႔.. သူမအား ျပန္ၾကည့္လုိက္ေတာ့.. သူမကို ျပံဳးလ်က္ ၾကည့္ေနေသာ အိမ္ေရွ႕စံနတ္မင္းသား ယီမင္က.. သူမ၏ နဖူးမွ က်ဆင္းေနေသာ ဆံပင္ေတြကို သိမ္းတင္ေပးေနေသး၏။


ဟူအာ ဟုန္ရြယ္အား လက္ဆြဲ၍သာ ျပန္ရန္ ျပင္လုိက္၏။ သို႔ေသာ္.. သူ အိမ္သို႔ ေရာက္သည္ႏွင့္ ထိုနတ္ဘုရားမက သူ႔အိမ္ေရွ႕ရွိ ေက်ာက္ခံုတြင္ ထိုင္ေနျပီး သူ႔ေဘးတြင္ သူ႔ခင္ပြန္းက လုိက္ထိုင္ေနသည္။ တိမ္ေတြကို ေက်ာ္လႊားသည့္ အတတ္ပညာတြင္ သူမတို႔က ပိုျပီး သာလြန္ေနမွန္းသိလိုက္ေတာ့ ဟူအာ.. မ်က္ေမွာင္ကုတ္ သြားမိေသး၏။  အေဖႏွင့္အေမက ဂူအတြင္းမွ ထြက္လာျပီး သူမတို႔အား အရိုအေသေပးရင္း..


“သမီးကို အသက္ကယ္ေပးတာ ေက်းဇူးတင္ပါတယ္..”


အေဖ ေျပာလုိက္ေသာ စကားကို ဟူအာ ၾကားမိေတာ့ စိတ္အတြင္းမွ.. မေက်မနပ္ ျဖစ္မိရင္း.. တိုးတိုးေလး ေရရြတ္မိသည္။


“သူ႔ေၾကာင့္ ဒဏ္ရာရတာ ကယ္ေပးရမွာပဲ အေသးစားစည္းမ်ဥ္းေလးေတာင္ မသိဘူးလား..”


သူ ေျပာလုိက္တာကို ထို နတ္ဘုရားမ၏ ခင္ပြန္းက ၾကားသြားျပီး ျပံဳး၏။ ထိုအျပံဳးက မႏွစ္လိုဖြယ္ၾကီး ျဖစ္ေနသည္ဟု ထင္မိသည္။ ျပီးမွ ထိုယီမင္ ဆိုေသာ နတ္မင္းက ထိုင္ေနရာမွ ထလာျပီး..


“ေျမေခြးေလး.. မင္း ေျပာဆုိေနတဲ့ ငါ့ရဲ႕ ဇနီးက ေလာကမွာ ရွိတဲ့ နတ္စည္းမ်ဥ္းေတြကို လုိက္နာဖို႔ မလိုတဲ့ တစ္ပါးတည္းေသာ နတ္ဆုိတာ မင္း မသိဘူးထင္တယ္.. တကယ္လို႔သာ သူက တစ္ျခားနတ္တစ္ပါးပါးကို သတ္လိုက္ျပီး သူမဘက္က အေၾကာင္းရင္း ခိုင္လံုတယ္ ဆိုရင္.. သူမကုိ စြပ္စြဲလို႔ ရတဲ့ အေျခအေနမ်ိဳး ဘယ္နတ္မွာမွ မရွိဘူး.. မင္း သေဘာေပါက္သင့္တယ္..”


သူ႔အနားထိ တိုးလာျပီး ေျပာေတာ့ ဟူအာ.. ဂူအတြင္းသို႔သာ ေျပးဝင္လာခဲ့ေတာ့၏။ ဒီအႏိုင္က်င့္ခံရတာကို ဒီတစ္သက္ လံုးဝ ေမ့မည္မဟုတ္တာလည္း ေသခ်ာေနျပီ ျဖစ္၏။ သို႔ေသာ္ မိဘေတြကို ေျပာျပျပီး ငိုေၾကြးေနရေအာင္ကလည္း သူသည္ မိန္းမငယ္ေလး မဟုတ္ေတာ့ ဘာစကားမွ မဆိုေတာ့ပဲ ေနလိုက္မိေတာ့၏။  သို႔ေသာ္ ဂူအတြင္းသို႔ မဝင္မိပဲ အဝနားတြင္ ရပ္ေနမိေတာ့ အျပင္မွ စကားေတြကို အတိုင္းသား ၾကားေနရသည္။


“မင္းတို႔ရဲ႕ ကေလး ဟူအာက ငါ့ရဲ႕ေသရည္အိုးေတြကို ခြဲပစ္မယ္.. အဲ့တာ ငါ အေလွ်ာ္လာေတာင္းတာ..”


အေဖမ်က္ႏွာက ဒီအခ်ိန္မွာ မဲေမွာင္ေနမွာကို မေတြ႔ရလည္း ဟူအာ နားလည္သည္။ သို႔ေသာ္.. သူမက ဆက္ျပီး ေျပာေနသည္။


“ေသရည္အိုးက.. စုစုေပါင္း..”


“တစ္ေထာင္သံုးရာ ႏွစ္ဆယ့္ေျခာက္အိုး..”


သူမ ေမ့သြားဟန္တူေသာ အေရအတြက္ကို ယီမင္ နတ္ဘုရားက လုိက္ျပီး ေထာက္ခံေပးသည္။


“ဟုတ္တယ္.. တစ္ေထာင့္သံုးရာ ႏွစ္ဆယ့္ေျခာက္အိုး ငါကို ျပန္ေလွ်ာ္ေပးပါ..”


“ရင္းအာ.. မင္းအတြက္ ငါ ျပန္ေတာင္းေပးမယ္.. မင္း ေကာင္းကင္နန္းေတာ္ကို အရင္ျပန္ႏွင့္ပါလား..”


ယီမင္ နတ္မင္းက သူမအား ေျပာလုိက္ေတာ့ သူမအသံေတြ တိတ္ဆိတ္သြား၏။ ေနာက္ေတာ့ ယီမင္နတ္မင္း၏ အသံတစ္ခုသာ က်န္ေနခဲ့သည္။ ထိုနတ္မင္းက ယခုက်ေတာ့ ေဖာ္ေရြေသာ ေလသံျဖင့္..


“ရင္းအာက လြန္ခဲ့တဲ့ ႏွစ္တစ္ေထာင္တုန္းက ကေလးကို ဆံုးရံႈးခဲ့ရတယ္.. သူမ အရမ္းကို တိတ္ဆိတ္သြားခဲ့တာ.. ေကာင္းကင္နန္းေတာ္ တစ္ခုလံုးေတာင္ ေျခာက္ကပ္သြားတယ္.. ဒီႏွစ္မွာမွ သူမက အခုလို နည္းနည္းပါးပါး ေဒါသထြက္လာတာ.. ပိုင္မင္းၾကီးတို႔ကို အေႏွာင့္အယွက္ ျဖစ္ေစခဲ့မယ္ ဆိုရင္ ယီမင္ ေတာင္းပန္ပါတယ္..”


သေဘာထားၾကီးလြန္းေသာ ခင္ပြန္းသည္ အျဖစ္သာ ဟူအာ ေတြးလုိက္မိ၏။ သို႔ေသာ္ ယီမင္ နတ္မင္းက ဆက္ျပီး ေျပာသည္။


“သူမရဲ႕ ေသရည္ေတြက သိပ္ျပီး ျပင္းေနတာ.. အဲ့တာကို ျပဳျပင္ဖို႔ သူမက ၾကိဳးစားတယ္ ထင္တယ္.. ဟူအာက ငယ္ေသးေတာ့ အဲ့ဒီေသရည္ေတြရဲ႕ တန္ဖိုးကို မသိတတ္ပဲ လုပ္ခြဲမိတယ္.. က်န္တဲ့အိုးေတြကို ယီမင္ ယူလာတယ္.. ပိုင္မင္းၾကီးကို လက္ေဆာင္ေပးဖို႔ပါ.. ေနာက္ျပီး.. သူမအတြက္ ေသရည္အိုး အနည္းငယ္ကို ေပးပါလို႔ ေတာင္းခ်င္ပါတယ္..”


စိမ့္စမ္းျပာမွ ထြက္ေသာ ေသရည္သည္ က်ိဳးလ်န္ နတ္မင္း၏ လက္ရာ ျဖစ္ေသာ္လည္း စိမ့္စမ္းျပာ၏ေရျဖင့္ ျပဳလုပ္ထားသျဖင့္ တျခားေသာ နယ္ပယ္ေဒသမွ နတ္မ်ားက တန္ဖိုးထားၾကသည္။ အခါတိုင္းလည္း မရႏုိင္ေသာ အရာမို႔ ပိုျပီး တန္ဖိုးထားၾကသည္ ျဖစ္ရာ.. ဟူအာက မသိေသးေသာ ကေလးဟုသာ ယီမင္ ထင္ျမင္မိျခင္း ျဖစ္၏။


ယီမင္ လက္ကို ေဝွ႔ယမ္းလုိက္ေတာ့ မကြဲေသးေသာ ေသရည္ေတြ ထိုေနရာတြင္ တန္းစီလ်က္ ေပၚလာသည္။ က်န္ေနေသးေသာ စကားကို ဆက္ေျပာဖို႔ ယီမင္ ပိုင္မင္းၾကီးအား ေသခ်ာ ၾကည့္လုိက္ျပီးမွ..


“ျပီးေတာ့ ဟူအာကို ယီမင္က အႏူးညႊတ္ ေတာင္းပန္တယ္လို႔ ေျပာေပးပါ.. ရင္းအာက မလုပ္သင့္တာကို သူ႔အေပၚမွာ အျပစ္ေပးမိထားတယ္..”


ထိုစကားတြင္ေတာ့.. ဟူအာ ဂူအတြင္းမွ ေျပးထြက္လာျပီး.. ဘယ္လက္ျဖင့္ လက္ညိဳးထိုးလုိက္ျပီး..


“ခင္ဗ်ားတို႔က လုပ္ခ်င္တိုင္း လုပ္ျပီး ေတာင္းပန္ပါတယ္ ဟုတ္လား.. ခင္ဗ်ားတို႔ နတ္မင္းၾကီးေတြက အစြမ္းတန္ခိုးနဲ႔ ျပည့္စံုတယ္ ဆုိျပီးေတာ့.. လုပ္ခ်င္တိုင္း လုပ္လို႔ ရမယ္ ထင္ေနလား..”


ယီမင္၏ မ်က္ဝန္းတစ္စံုက ေဒါသတၾကီး လက္ညိဳးထိုးေနေသာ ဟူအာ၏ မ်က္ႏွာကို မၾကည့္မိပဲ လက္ညိုးထားထားေသာ လက္၏ လက္ေကာက္ဝတ္ေလးတြင္ အၾကည့္ေတြ တန္႔ရပ္ေနသည္။


ခရမ္းေရာင္ႏွင့္ အျပာေရာင္ ေရာေနေသာ.. ေသးေသးမွ်င္မွ်င္ အပတ္ကေလးလို ျဖစ္ေနေသာ အမွတ္ေလးအား.. ေသခ်ာစြာ စူးစုိက္ၾကည့္လုိက္မိသည္။ ျပီးမွ..


“မင္းကို ဒီအမွတ္ ရင္းအာ လုပ္ထားေပးတာလား..”


ယီမင္ ေရွ႕သို႔ပင္ တစ္လွမ္းတိုးလုိက္မိျပီး.. ေမးလုိက္မိသည္။ ပိုင္မင္းၾကီးက ေရွ႕သို႔ တိုးလာျပီး..


“ဒီအမွတ္သားက သားေလး ေမြးလာကတည္းက ပါလာတဲ့ အမွတ္အသားပါ..”


“ေမြးကတည္းက ဟုတ္လား.. ဒီစြမ္းအားက ရင္းအာ တစ္ဦးတည္း ပိုင္ဆိုင္တဲ့ စြမ္းအားနဲ႔ တစ္ထပ္တည္း တူညီတယ္.. သူက ၾကီးလာရင္ စြမ္းအားၾကီးမားတဲ့ နတ္တစ္ပါး ျဖစ္လာႏိုင္တယ္..”


ယီမင္ ထိုသို႔ မွတ္ခ်က္ ေပးခဲ့ျပီးမွ.. ထိုေနရာမွ ထြက္လာခဲ့ေတာ့သည္။ သို႔ေသာ္ စိတ္အတြင္းမွ မတင္မက်မႈေတြ က်န္ရွိသြားျပီ ျဖစ္၏။


@@@@@@@@@


Uni


Part-8.3


“မင်းက..”


ထိုအရှိန်အဝါကြီးမားသော နတ်မင်းသား တလီယီမင်က သူ့ကို စကားပြောလိုသော်လည်း နာမည် မသိသော ဟန်ပန်မို့.. သူ စကားကို လှမ်းထောက်လိုက်ရ၏။


“ပိုင်ဟုန်ဟူ..”


“ကောင်းပြီ.. ပိုင်ဟုန်ဟူ.. မင်း ငါ့ဇနီးကို အထင်လွဲနေပြီ..”


ငါး တစ်ကောင်လုံး အရှင်လတ်လတ် ဗိုက်ထဲရောက်သွားခြင်းမှာ.. သူဘက်က အထင်လွဲတာပါ ဆိုတော့ ဟူအာ.. စကားတစ်ခွန်းမှပင် ပြောလိုစိတ် မရှိသလို ဖြစ်သွား၏။


“သူ ပြောတာက သူ့ရေကန်ထဲက ရေက အာဟာရ ပြည့်ဝတယ်လို့ ဆိုလိုချင်တာပါ.. မင်းရဲ့ ဆာလောင်မှုကိုရော.. ပြီးတော့ လျော့ကျသွားတဲ့ နတ်စွမ်းအားကိုပါ ပြန်ပြီး ဖြည့်တင်းပေးနိုင်တယ်..”


“ဒါပေမယ့် အစားစားလိုက်တာနဲ့တော့ မတူဘူး မဟုတ်လား..”


သူ အတွန့်တက်လိုက်တော့.. သူမက နောက်ထပ် တစ်ခါ ကန်အတွင်းမှ ငါးတစ်ကောင်ကို ဖမ်းယူလိုက်ပြီ ဖြစ်၏။ ဟူအာ အနောက်သို့ပင် ခြေထောက်တွေကို ရွေ့လျားလိုက်မိသည်။ နောက်ထပ် ငါးတစ်ကောင်ကို သူ့ပါးစပ်ထဲ ထပ်ထည့်ဖို့ သူမက ကြိုးစားလိုက်နေတာလား ဆိုသော ခြောက်ခြားဖွယ် အတွေးက ရင်ထဲသို့ တိုးဝှေ့လာ၏။ သို့သော် အိမ်ရှေ့မင်းသားက သူမလက်အတွင်းမှ ငါးကို လှမ်းယူလိုက်ပြီး.. ခပ်တိုးတိုး လေသံဖြင့်..


“မင်း အသက် နှစ်သိန်းရှိပြီလေ ရင်းအာ.. အသက် တစ်ထောင်တည်း ရှိတဲ့သူနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်လို့ ဖြစ်မှာလဲ..”


“ငါ သူ့ကို မကျေနပ်ဘူး.. ငါ့သေရည်အိုးတွေ..”


“ကောင်းပြီ ငါတို့ အလျှော်သွားတောင်းကြတာပေါ့.. ဒီကလေးကိုတော့ ထားလိုက်ပါ.. ဟုတ်ပြီလား..”


“ဟေ့.. မင်း.. အစ်မကို ခေါ်သွားလို့ ရပြီ.. ပိုင်ဒေသကို သွားမယ်..”


သူမက လက်ချောင်းလေးများကို လှုပ်ခတ်လိုက်သည်နှင့် သူ့ထံမှ နတ်စွမ်းအားများ ပြန်သုံး၍ ရသွားသည်။ ထို့အတွက် ဟုန်ရွယ်အား ပွေ့ယူလိုက်ပြီးမှ.. ဟူအာ ပိုင်ဒေသသို့ ဦးစွာ ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူမက သူတို့ မောင်နှမအား ကြည့်လိုက်ပြီးမှ..


“မင်းက ရူးနေတဲ့ မြေခွေးပဲ သူမက လမ်းလျှောက်ဖို့ အင်အား အလုံအလောက် ရှိသွားပြီ.. မင်း မပွေ့ထားလည်း ရတယ်..”


ဟူအာ ဟုန်ရွယ်ကို ငုံ့ကြည့်တော့.. သူမပြောသော အတိုင်း သာမာန် ဒဏ်ရာမရတော့သည့် ပုံစံအတိုင်းမို့.. သူမအား ပြန်ကြည့်လိုက်တော့.. သူမကို ပြုံးလျက် ကြည့်နေသော အိမ်ရှေ့စံနတ်မင်းသား ယီမင်က.. သူမ၏ နဖူးမှ ကျဆင်းနေသော ဆံပင်တွေကို သိမ်းတင်ပေးနေသေး၏။


ဟူအာ ဟုန်ရွယ်အား လက်ဆွဲ၍သာ ပြန်ရန် ပြင်လိုက်၏။ သို့သော်.. သူ အိမ်သို့ ရောက်သည်နှင့် ထိုနတ်ဘုရားမက သူ့အိမ်ရှေ့ရှိ ကျောက်ခုံတွင် ထိုင်နေပြီး သူ့ဘေးတွင် သူ့ခင်ပွန်းက လိုက်ထိုင်နေသည်။ တိမ်တွေကို ကျော်လွှားသည့် အတတ်ပညာတွင် သူမတို့က ပိုပြီး သာလွန်နေမှန်းသိလိုက်တော့ ဟူအာ.. မျက်မှောင်ကုတ် သွားမိသေး၏။  အဖေနှင့်အမေက ဂူအတွင်းမှ ထွက်လာပြီး သူမတို့အား အရိုအသေပေးရင်း..


“သမီးကို အသက်ကယ်ပေးတာ ကျေးဇူးတင်ပါတယ်..”


အဖေ ပြောလိုက်သော စကားကို ဟူအာ ကြားမိတော့ စိတ်အတွင်းမှ.. မကျေမနပ် ဖြစ်မိရင်း.. တိုးတိုးလေး ရေရွတ်မိသည်။


“သူ့ကြောင့် ဒဏ်ရာရတာ ကယ်ပေးရမှာပဲ အသေးစားစည်းမျဉ်းလေးတောင် မသိဘူးလား..”


သူ ပြောလိုက်တာကို ထို နတ်ဘုရားမ၏ ခင်ပွန်းက ကြားသွားပြီး ပြုံး၏။ ထိုအပြုံးက မနှစ်လိုဖွယ်ကြီး ဖြစ်နေသည်ဟု ထင်မိသည်။ ပြီးမှ ထိုယီမင် ဆိုသော နတ်မင်းက ထိုင်နေရာမှ ထလာပြီး..


“မြေခွေးလေး.. မင်း ပြောဆိုနေတဲ့ ငါ့ရဲ့ ဇနီးက လောကမှာ ရှိတဲ့ နတ်စည်းမျဉ်းတွေကို လိုက်နာဖို့ မလိုတဲ့ တစ်ပါးတည်းသော နတ်ဆိုတာ မင်း မသိဘူးထင်တယ်.. တကယ်လို့သာ သူက တစ်ခြားနတ်တစ်ပါးပါးကို သတ်လိုက်ပြီး သူမဘက်က အကြောင်းရင်း ခိုင်လုံတယ် ဆိုရင်.. သူမကို စွပ်စွဲလို့ ရတဲ့ အခြေအနေမျိုး ဘယ်နတ်မှာမှ မရှိဘူး.. မင်း သဘောပေါက်သင့်တယ်..”


သူ့အနားထိ တိုးလာပြီး ပြောတော့ ဟူအာ.. ဂူအတွင်းသို့သာ ပြေးဝင်လာခဲ့တော့၏။ ဒီအနိုင်ကျင့်ခံရတာကို ဒီတစ်သက် လုံးဝ မေ့မည်မဟုတ်တာလည်း သေချာနေပြီ ဖြစ်၏။ သို့သော် မိဘတွေကို ပြောပြပြီး ငိုကြွေးနေရအောင်ကလည်း သူသည် မိန်းမငယ်လေး မဟုတ်တော့ ဘာစကားမှ မဆိုတော့ပဲ နေလိုက်မိတော့၏။  သို့သော် ဂူအတွင်းသို့ မဝင်မိပဲ အဝနားတွင် ရပ်နေမိတော့ အပြင်မှ စကားတွေကို အတိုင်းသား ကြားနေရသည်။


“မင်းတို့ရဲ့ ကလေး ဟူအာက ငါ့ရဲ့သေရည်အိုးတွေကို ခွဲပစ်မယ်.. အဲ့တာ ငါ အလျှော်လာတောင်းတာ..”


အဖေမျက်နှာက ဒီအချိန်မှာ မဲမှောင်နေမှာကို မတွေ့ရလည်း ဟူအာ နားလည်သည်။ သို့သော်.. သူမက ဆက်ပြီး ပြောနေသည်။


“သေရည်အိုးက.. စုစုပေါင်း..”


“တစ်ထောင်သုံးရာ နှစ်ဆယ့်ခြောက်အိုး..”


သူမ မေ့သွားဟန်တူသော အရေအတွက်ကို ယီမင် နတ်ဘုရားက လိုက်ပြီး ထောက်ခံပေးသည်။


“ဟုတ်တယ်.. တစ်ထောင့်သုံးရာ နှစ်ဆယ့်ခြောက်အိုး ငါကို ပြန်လျှော်ပေးပါ..”


“ရင်းအာ.. မင်းအတွက် ငါ ပြန်တောင်းပေးမယ်.. မင်း ကောင်းကင်နန်းတော်ကို အရင်ပြန်နှင့်ပါလား..”


ယီမင် နတ်မင်းက သူမအား ပြောလိုက်တော့ သူမအသံတွေ တိတ်ဆိတ်သွား၏။ နောက်တော့ ယီမင်နတ်မင်း၏ အသံတစ်ခုသာ ကျန်နေခဲ့သည်။ ထိုနတ်မင်းက ယခုကျတော့ ဖော်ရွေသော လေသံဖြင့်..


“ရင်းအာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက ကလေးကို ဆုံးရှုံးခဲ့ရတယ်.. သူမ အရမ်းကို တိတ်ဆိတ်သွားခဲ့တာ.. ကောင်းကင်နန်းတော် တစ်ခုလုံးတောင် ခြောက်ကပ်သွားတယ်.. ဒီနှစ်မှာမှ သူမက အခုလို နည်းနည်းပါးပါး ဒေါသထွက်လာတာ.. ပိုင်မင်းကြီးတို့ကို အနှောင့်အယှက် ဖြစ်စေခဲ့မယ် ဆိုရင် ယီမင် တောင်းပန်ပါတယ်..”


သဘောထားကြီးလွန်းသော ခင်ပွန်းသည် အဖြစ်သာ ဟူအာ တွေးလိုက်မိ၏။ သို့သော် ယီမင် နတ်မင်းက ဆက်ပြီး ပြောသည်။


“သူမရဲ့ သေရည်တွေက သိပ်ပြီး ပြင်းနေတာ.. အဲ့တာကို ပြုပြင်ဖို့ သူမက ကြိုးစားတယ် ထင်တယ်.. ဟူအာက ငယ်သေးတော့ အဲ့ဒီသေရည်တွေရဲ့ တန်ဖိုးကို မသိတတ်ပဲ လုပ်ခွဲမိတယ်.. ကျန်တဲ့အိုးတွေကို ယီမင် ယူလာတယ်.. ပိုင်မင်းကြီးကို လက်ဆောင်ပေးဖို့ပါ.. နောက်ပြီး.. သူမအတွက် သေရည်အိုး အနည်းငယ်ကို ပေးပါလို့ တောင်းချင်ပါတယ်..”


စိမ့်စမ်းပြာမှ ထွက်သော သေရည်သည် ကျိုးလျန် နတ်မင်း၏ လက်ရာ ဖြစ်သော်လည်း စိမ့်စမ်းပြာ၏ရေဖြင့် ပြုလုပ်ထားသဖြင့် တခြားသော နယ်ပယ်ဒေသမှ နတ်များက တန်ဖိုးထားကြသည်။ အခါတိုင်းလည်း မရနိုင်သော အရာမို့ ပိုပြီး တန်ဖိုးထားကြသည် ဖြစ်ရာ.. ဟူအာက မသိသေးသော ကလေးဟုသာ ယီမင် ထင်မြင်မိခြင်း ဖြစ်၏။


ယီမင် လက်ကို ဝှေ့ယမ်းလိုက်တော့ မကွဲသေးသော သေရည်တွေ ထိုနေရာတွင် တန်းစီလျက် ပေါ်လာသည်။ ကျန်နေသေးသော စကားကို ဆက်ပြောဖို့ ယီမင် ပိုင်မင်းကြီးအား သေချာ ကြည့်လိုက်ပြီးမှ..


“ပြီးတော့ ဟူအာကို ယီမင်က အနူးညွှတ် တောင်းပန်တယ်လို့ ပြောပေးပါ.. ရင်းအာက မလုပ်သင့်တာကို သူ့အပေါ်မှာ အပြစ်ပေးမိထားတယ်..”


ထိုစကားတွင်တော့.. ဟူအာ ဂူအတွင်းမှ ပြေးထွက်လာပြီး.. ဘယ်လက်ဖြင့် လက်ညိုးထိုးလိုက်ပြီး..


“ခင်ဗျားတို့က လုပ်ချင်တိုင်း လုပ်ပြီး တောင်းပန်ပါတယ် ဟုတ်လား.. ခင်ဗျားတို့ နတ်မင်းကြီးတွေက အစွမ်းတန်ခိုးနဲ့ ပြည့်စုံတယ် ဆိုပြီးတော့.. လုပ်ချင်တိုင်း လုပ်လို့ ရမယ် ထင်နေလား..”


ယီမင်၏ မျက်ဝန်းတစ်စုံက ဒေါသတကြီး လက်ညိုးထိုးနေသော ဟူအာ၏ မျက်နှာကို မကြည့်မိပဲ လက်ညိုးထားထားသော လက်၏ လက်ကောက်ဝတ်လေးတွင် အကြည့်တွေ တန့်ရပ်နေသည်။


ခရမ်းရောင်နှင့် အပြာရောင် ရောနေသော.. သေးသေးမျှင်မျှင် အပတ်ကလေးလို ဖြစ်နေသော အမှတ်လေးအား.. သေချာစွာ စူးစိုက်ကြည့်လိုက်မိသည်။ ပြီးမှ..


“မင်းကို ဒီအမှတ် ရင်းအာ လုပ်ထားပေးတာလား..”


ယီမင် ရှေ့သို့ပင် တစ်လှမ်းတိုးလိုက်မိပြီး.. မေးလိုက်မိသည်။ ပိုင်မင်းကြီးက ရှေ့သို့ တိုးလာပြီး..


“ဒီအမှတ်သားက သားလေး မွေးလာကတည်းက ပါလာတဲ့ အမှတ်အသားပါ..”


“မွေးကတည်းက ဟုတ်လား.. ဒီစွမ်းအားက ရင်းအာ တစ်ဦးတည်း ပိုင်ဆိုင်တဲ့ စွမ်းအားနဲ့ တစ်ထပ်တည်း တူညီတယ်.. သူက ကြီးလာရင် စွမ်းအားကြီးမားတဲ့ နတ်တစ်ပါး ဖြစ်လာနိုင်တယ်..”


ယီမင် ထိုသို့ မှတ်ချက် ပေးခဲ့ပြီးမှ.. ထိုနေရာမှ ထွက်လာခဲ့တော့သည်။ သို့သော် စိတ်အတွင်းမှ မတင်မကျမှုတွေ ကျန်ရှိသွားပြီ ဖြစ်၏။


@@@@@@@@@


rate now:

3 Reviews
  • reader MayMyatMoeMyint 12.12.2019, 04:31 5

    good

    reply

  • reader ခ်စ္ခြန္းသစၥာ 05.12.2019, 13:31 5

    Like

    reply

  • reader JuliusJulius 01.12.2019, 10:33 5

    So good

    reply