Zawgyi
Part-8.2
ဟူအာ.. အစ္မျဖစ္သူကို ေရစည္အတြင္းသို႔ ထည့္ ျပီးေတာ့မွ ကန္အတြင္းမွ ေရကို တစ္ပံုးခ်င္း ခပ္ထည့္ေပးကာ.. ေရစိမ္ေပးရသည္။ ဟုန္ရြယ္က မ်က္ႏွာငယ္ေလးႏွင့္ ၾကည့္ေနသျဖင့္.. ဟူအာ ေမာပန္းဟန္ မျပေသာ္လည္း ရူးေလာက္ေအာင္ပင္ ပင္ပန္းေနျပီ ျဖစ္၏။ ဒီေန႔တြင္ေတာ့ ဟူအာ လူသားမ်ား၏ ဘဝကို စာနာမိသလို ျဖစ္သြားသည္။ သူတို႔ေတြ ေန႔တုိင္း ပင္ပန္းေနမွာပဲ..၊
စိမ့္စမ္းျပာမွ ထိုနတ္ဘုရားမကေတာ့ ေရကန္အတြင္းမွ ေရမ်ားကို လက္ေခ်ာင္းေလးမ်ားျဖင့္ ပံုသ႑ာန္မ်ိဳးစံု လုပ္လ်က္ ေလေပၚတြင္ ပ်ံဝဲေစသည္။ သူမသည္ တျခားနတ္မ်ား၏ အစြမ္းကို ပိတ္ပင္ထားေသာ္လည္း သူမ၏ အစြမ္းကေတာ့ ဘာတစ္ခုမွ အထိအခိုက္ရွိဟန္ မတူေပ။
ထို႔ျပင္ ဟူအာကို ေရသယ္ခိုင္းျခင္းက သူမအား ေလသံမာမာႏွင့္ စကားေျပာဆိုမိ၍ အျပစ္ေပးျခင္း ဆိုတာကို အထူးပင္ ေျပာျပရန္ မလိုေလာက္ေအာင္ သူမ၏ မ်က္ႏွာေပၚတြင္ ေပၚလြင္ေန၏။ ထို႔အတြက္ ဟူအာ မေက်မနပ္ ျဖစ္မိေသာ္လည္း.. သူ႔အေနႏွင့္ ေကာင္းကင္က မေျပာႏွင့္ ဖခင္ ကိုယ္တုိင္က အေလးထားရေသာ နတ္ဘုရားမမို႔ ဘာတစ္ခုမွ လုပ္ခြင့္မရႏုိင္ေပ။ ယခုတြင္ေတာ့ ေမာပန္းသည့္ ဒဏ္ေၾကာင့္ အစားစားဖို႔ကို ဟူအာ သတိတရ ျဖစ္လာသည္။ ထို႔ေၾကာင့္..
“က်ိဳးရင္း.. နတ္ဘုရားမ..”
အနားသို႔ သြားျပီးေခၚလိုက္သည္ႏွင့္ သူမက ေသရည္ကုိ ငံု႔နမ္းေနရင္းျဖင့္..
“ဒူးေထာက္!!.. ငါက ေကာင္းကင္က အိမ္ေရွ႕စံရဲ႕ တစ္ပါးတည္းေသာ မိဖုရား ျဖစ္တဲ့အျပင္ ေနာက္ထက္လာမည့္ ေကာင္းကင္မင္းၾကီးရဲ႕ မိဖုရားၾကီး ျဖစ္လာမယ့္သူ.. မင္း ငါ့ကို စကားေျပာတာ ဘယ္လိုလုပ္ျပီး ေတာဆန္ဆန္.. အရိုေသတန္ေနရတာလဲ..”
ထိုကေလးငယ္က သူမေရွ႕တြင္ ဒူးေထာက္လုိက္ေတာ့ ရင္းအာ စိတ္အတြင္းမွ ရယ္လုိက္မိသည္။ တကယ္တမ္းမွာ.. သူမအတြက္ အိမ္ေရွ႕စံမိဖုရား ဆိုတာေတြ ေကာင္းကင္ရဲ႕ မိဖုရားၾကီး အေလာင္းလ်ာ ဆုိတာေတြက ဘာမွ ထူးဆန္းျပီး ထုတ္ေျပာရန္ မလိုအပ္ေသာ အရာမ်ားသာ ျဖစ္၏။ ဒီလံုးဝ မရိုေသတတ္ေသာ ကေလးငယ္ကိုေတာ့ ထိုအရာေတြကို ဖြင့္ေျပာျပီး ဖိႏွိပ္ထားရန္ ဘာလို႔မ်ား ေတြးမိမွန္း ရင္းအာ နားမလည္ေသာ္လည္း.. မ်က္ေမွာင္ကုတ္ကာ အံၾကိတ္သြားေသာ မ်က္ႏွာကို ၾကည့္ရင္း ေက်နပ္စြာ ျပံဳးမိေစ၏။
“က်ိဳးရင္း နတ္ဘုရားမကို ပိုင္ေဒသက ဟူအာ ဂါရဝျပဳပါတယ္.. ကၽြန္ေတာ္က အစားစားတဲ့ နတ္မ်ိဳး မို႔လို႔.. အစားေသာက္ တစ္ခုခု ရႏုိင္မလားလို႔.. ေမးပါရေစ..”
“မရွိဘူး.. စိမ့္စမ္းျပာမွာ အစားစားဖို႔ ဘာမွမရွိဘူး.. ငါးေတြေတာ့ ရွိတယ္.. ဒါေပမယ့္ အဲ့တာက ငါ့ဆရာစားဖို႔ ငါက စီမံထားတာ.. မင္းတို႔အတြက္ မဟုတ္ဘူး.. ေရေသာက္..”
ထိုစကားကို သူမက ေသရည္အား တစ္က်ိဳက္မွ် ေမာ့ေသာက္လုိက္ျပီး ေျပာလုိက္ျခင္း ျဖစ္သည္။ ျပီးေတာ့ ဟူအာႏွင့္ စကားေျပာေနျခင္းအား ေမ့ေလ်ာ့စြာ အရသာ ျပင္းထန္ေသာ ေသရည္ကို ေသခ်ာ ရိႈက္နမ္းလုိက္၏။
“ေသရည္က တကယ္ကို အရသာ ျပင္းေနတာကိုး.. သူက ႏွစ္ဘယ္ႏွစ္ေသာင္းေတာင္ ရွိသြားတာလဲ အသစ္လုပ္ထားတာ မဟုတ္ပဲ အေဟာင္းေတြ ခ်ည္းပဲလား.. ဟုတ္မွာေပါ့.. အဲ့ဒီေသရည္ေတြ ငါမွမေသာက္ရင္ ေသာက္မယ့္သူမွ မရွိတာ.. အစ္ကိုႏွစ္က လ်န္းလ်န္ ဆိုတဲ့ အသံၾကားတာနဲ႔ ေသရည္အိုးကို ဖြက္ထားျပီးသား ျဖစ္မွာပဲ..”
သူမဖာသာ ေရရြတ္ေသာ စကားမ်ားေၾကာင့္ ဟူအာ မ်က္ေမွာင္ကုတ္လုိက္မိ၏။ သူတို႔လို ေျမျပင္မွ နတ္ေတြဟာ အစားမစားရလွ်င္ အင္အားေလ်ာ့နည္းသြားျပီး.. နတ္စြမ္းအားပါ ကြယ္သြားတတ္တာကို ထိုနတ္ဘုရားမက မသိက်ိဳးကၽြံျပဳလ်က္.. ေသရည္တစ္အိုးကို.. အေရးတယူ လုပ္ေနသျဖင့္ ေဒါသပါ ထြက္လာျပီး..
“က်ိဳးရင္း နတ္ဘုရားမ.. ကၽြန္ေတာ္တို႔က အစားမစားရပဲ ေသသြားရေတာ့မွာလား.. အစားလည္း သြားရွာလို႔ မရဘူး နတ္စြမ္းအားကိုလည္း ပိတ္ပင္ထားတယ္..”
ထိုအခါမွ သူမက မ်က္လံုးလွန္ၾကည့္လာျပီး.. ႏႈတ္ခမ္းေတြ ေစ့ပိတ္သြားေသးလ်က္..
“ေရေသာက္လို႔ ေျပာတာ မၾကားဘူးလား.. ဒီစိမ့္စမ္းျပာကေရ မင္းကို ေသာက္ခုိင္းတာ.. မင္းတို႔ ေမာင္ႏွမ ကံအရမ္းေကာင္းလုိ႔ပါ.. စိမ့္စမ္းျပာက ေရကို ေသာက္ခ်င္တဲ့ နတ္ေတြမ်ား မ်ားလြန္းလို႔.. ပါးစပ္ပိတ္ထား.. ငါလုပ္စရာ ရွိတယ္..”
သူမက သူ႔ကို အေရးပင္ မစိုက္ေတာ့ပဲ.. ေရကန္အတြင္းမွ ေသရည္အိုးေတြကို ထုတ္ယူေနသည္။ တစ္အိုးထုတ္လာတိုင္း.. ေသခ်ာေလး ေနရာခ်ထားကာ.. စီတန္းလ်က္ ထားေန၏။ ထို႔ျပင္..
“ငါ ႏွစ္တစ္ေထာင္ေလာက္ မေသာက္ပဲ ေနလုိက္တာ.. ေသရည္ရဲ႕ ျပင္းထန္တဲ့ အရသာကို မတြန္းလွန္ႏုိင္ေတာ့ဘူး.. အသစ္ျပန္လုပ္မွ ျဖစ္မယ္.. ဒါေပမယ့္ ဒီအိုးေတြကို ငါ ဘာလုပ္ရမလဲ.. အစ္ကိုႏွစ္ရဲ႕ ထိပ္တန္း လက္ရာေတြ လႊင့္ပစ္ဖို႔ ႏွေျမာစရာေကာင္းလြန္းတယ္..”
သူမက ေသရည္အိုးေတြကို.. ေသခ်ာ က်နစြာ စီထားလုိက္ျပီးမွ.. ခါးေထာက္လိုက္၏။ ထိုတစ္ခဏတြင္.. ဟူအာ အနီးဆံုးရွိ ေအာက္ဆံုးမွ ေသရည္အိုးကို ေက်ာက္ခဲတစ္လံုးျဖင့္ လွမ္းေပါက္လုိက္၏။ ေအာက္ေျခမွ အိုးက က်ကြဲသြားေတာ့ အေပၚတြင္ ဆင့္လ်က္ ထပ္ထားေသာ.. ေသရည္အိုးမ်ားက ေအာက္သို႔ လိမ့္ဆင္းလာကာ..
“ခြမ္း.. ခ်လြမ္း.. ဂြမ္း..”
ျမည္သံ ေပါင္းစံုျဖင့္ က်ကြဲကုန္ေတာ့၏။ ဝင္းခနဲ မီးေတာက္သလို မ်က္ဝန္းမ်ားက ဟူအာအေပၚသို႔ က်လာျပီး.. သူ႔အား.. ေဒါသတၾကီး လက္ျဖင့္ ေဝွ႔ယမ္းလုိက္သည္။ ဝုန္းခနဲ လြင့္ထြက္သြားမည္ဟု ဟူအာ ထင္လုိက္ေသာ္လည္း ထိုသို႔ မဟုတ္ပဲ သူမက.. သူ႔အား ဒူးေထာက္လ်က္ မ်က္ႏွာေမာ့ေစေသာ အေနအထားျဖင့္ တန္႔ရပ္ရန္ ေစခိုင္းလုိက္ျခင္းသာ ျဖစ္၏။
သူမ၏ ေဒါသပါေသာ မ်က္ဝန္းေတြ ေနာက္တြင္ စိမ့္စမ္းျပာအိုင္ အတြင္းသို႔ လက္အတြင္းမွ ဘယ္လို ေရာက္လာမွန္း မသိေသာ ၾကာပြတ္ျဖင့္ ငါးတစ္ေကာင္ကို ဖမ္းလုိက္ျပီး.. ဟူအာ အနားသို႔ တိုးကပ္လာသည္။ သူမအနားသို႔ တိုးလာေလ.. ဟူအာ.. မ်က္လံုးကို တျခားသို႔ လြဲမိေလ ျဖစ္သည္။ သို႔ေသာ္.. သူမက.. အနားသို႔ တိုးလာျပီး ဟူအာ ေရွ႕တည့္တည့္တြင္ ရပ္လုိက္ျပီး.. ငါးအရွင္ အစိမ္းလိုက္ကို ဟူအာ၏ ႏႈတ္ခမ္းမ်ားကို ပြင့္ဟေစလ်က္ စတင္ ထိုးထည့္ေတာ့သည္။
“အ.. ခင္ဗ်ား.. အ.. ဘာလုပ္.. အ..”
“မင္း ငါ့ေသရည္အိုးေတြကို က်ကြဲေအာင္ လုပ္ရဲတယ္.. မင္းစားခ်င္တာ မဟုတ္လား.. အခုစားေလ.. ငါ ဒီငါးကို မင္းကို ေကၽြးမယ္..”
“စား!!..”
သူမ၏ လုပ္ေဆာင္ခ်က္မ်ားက နတ္ဘုရားမ တစ္ပါးႏွင့္ မတူညီပဲ ရူးေနေသာ နတ္ႏွင့္သာ တူညီသည္ဟု ဟူအာ ခံစားရသည္။ ပါးစပ္အတြင္းသို႔ တိုးဝင္လာေသာ ငါး၏ ရုန္းကန္လႈပ္ရွားမႈက ေအာ္ကလီဆန္ေစလ်က္.. လည္ေခ်ာင္းနားထိ ေရာက္ေတာ့.. အသက္ရႈပင္ က်ပ္လာသလို ခံစားရသည္။
“ရင္းအာ.. မင္းဘာလုပ္ေနတာလဲ..”
ဟူအာအေနာက္မွ အသံအရ သူမ၏ ခင္ပြန္းေရာက္လာျပီဟု သိလုိက္ေတာ့.. ဟူအာ နည္းနည္းေတာ့ ေပ်ာ္သြားသည္။ သို႔ေသာ္ သူ၏ ကံဆိုးျခင္းက က်ိဳးရင္း နတ္ဘုရားမ၏ လက္အတြင္းဝယ္ ျဖစ္ေနေလေသာအခါ..၊
သူမက တစ္ေကာင္လံုး သူ႔ပါးစပ္အတြင္းသို႔.. ထိုးထည့္ရင္း ေရာက္သြားေတာ့.. လက္ျဖင့္ တစ္ခ်က္ ေဝွ႔ယမ္းလုိက္ကာ အတြင္းထဲထိ ေရာက္သြားေစသည္။ ငါးက ေသလား ရွင္လား မသိခင္မွာပဲ ငါးက သူ႔ဝမ္းအတြင္းသို႔ ေရာက္သြားျပီ ျဖစ္သည္။
“အဟြတ္.. အဟြတ္..”
သူ မသတီ ရြံရွာစြာ.. ငါးကို ျပန္ထုတ္ဖို႔ ၾကိဳးစားေသာ္လည္း.. ေခ်ာင္းေတြဆိုးကာ.. မ်က္လံုးေတြ ျပာလာသည္ပဲ အဖတ္တင္သည္။ သူ႔ဝမ္းအတြင္းမွ ငါးကေတာ့ ျပန္မထြက္မသြားေတာ့ေပ။ ရူးေနေသာ ထိုနတ္ဘုရားမအနားသို႔ သူမ၏ ခင္ပြန္းက တိုးကပ္သြားျပီး.. အနည္းငယ္ နားမလည္ေသာ ေလသံျဖင့္..
“ရင္းအာ မင္းဘာလုပ္တာလဲ.. သူက ႏွစ္တစ္ေထာင္ပဲ ရွိေသးတဲ့ ေျမေခြးေလးပါ.. မင္း သူ႔ကို ဒီလုိ လုပ္တာ..”
သူမက အနည္းငယ္ မာဆတ္ဆတ္ႏုိင္ေသာ ေလသံျဖင့္..
“ဒါက သူနဲ႔ငါ့ရဲ႕ၾကားက ကိစၥပါ ယီမင္.. သူက ငါ့ေသရည္အိုးေတြ ခြဲပစ္လိုက္လို႔ ငါက သူ႔ကို.. သူစားခ်င္တာ ေကၽြးတာပဲေလ.. ဒါက အျပန္အလွန္ သက္ေရာက္ရံုေလးပါပဲ..”
“ဒါက မင္းသူ႔ကို သိပ္ျပီး အႏုိင္က်င့္ရာ မက်ဘူးလား.. သူက ဘာမွေတာင္ မသင္ယူရေသးတဲ့ နတ္ငယ္ေလး တစ္ပါးပဲ မဟုတ္လား..”
ထိုသို႔ေသာ အျပစ္တင္ေသာ စကားကို ႏူးညံ့ခ်ိဳသာစြာ ေျပာဆိုႏိုင္ေသာ ေကာင္းကင္နတ္တစ္ပါးကို ဟူအာ တအံ့တၾသသာ ေငးၾကည့္ေနမိေတာ့၏။ က်ိဳးရင္း နတ္ဘုရားမက သူ႔ကို တစ္ခ်က္မွ်သာ ၾကည့္လာျပီးမွ..
“သူက ငါ့ကို ေျပာတယ္.. သူ အစားစားဖို႔ လိုတယ္တဲ့.. ဒါနဲ႔ ငါေျပာတာ ရွင္းရွင္းေလး.. ေရေသာက္လို႔..”
ယီမင္ ရင္းအာနဲ႔ ဒီေျမေခြးေလးၾကားမွ ျပသနာကို နားလည္သလို ရွိသြားသည္။ ရင္းအာ ေျပာေသာ.. ေရေသာက္ ဆိုတာက တျခားေသာ ေျမျပင္နတ္ေတြအတြက္ ေရႏွင့္အစာက မတူညီေသာ အာဟာရ ရွိသည္ ဆုိတာကို ရင္းအာက နားမလည္ျခင္းသာ ျဖစ္၏။ ရင္းအာ၏ စိမ့္စမ္းျပာမွ ေရသည္ တျခားေသာ နယ္ပယ္ ဆယ့္ေျခာက္ခုမွ ေရမ်ားထက္ မ်ားစြာ အစြမ္းထက္သည္ျဖစ္ရာ.. ေရသာက္လုိက္ပါက ဆာေလာင္ျခင္းပင္ ေပ်ာက္သြားျပီး နတ္စြမ္းအား တိုးလာမည္ ကို ထို ႏွစ္တစ္ေထာင္သာ ရွိေသာ.. နတ္ငယ္ေလးက မသိျခင္းလည္း ပါဝင္မည္။
Uni
Part-8.2
ဟူအာ.. အစ်မဖြစ်သူကို ရေစည်အတွင်းသို့ ထည့် ပြီးတော့မှ ကန်အတွင်းမှ ရေကို တစ်ပုံးချင်း ခပ်ထည့်ပေးကာ.. ရေစိမ်ပေးရသည်။ ဟုန်ရွယ်က မျက်နှာငယ်လေးနှင့် ကြည့်နေသဖြင့်.. ဟူအာ မောပန်းဟန် မပြသော်လည်း ရူးလောက်အောင်ပင် ပင်ပန်းနေပြီ ဖြစ်၏။ ဒီနေ့တွင်တော့ ဟူအာ လူသားများ၏ ဘဝကို စာနာမိသလို ဖြစ်သွားသည်။ သူတို့တွေ နေ့တိုင်း ပင်ပန်းနေမှာပဲ..၊
စိမ့်စမ်းပြာမှ ထိုနတ်ဘုရားမကတော့ ရေကန်အတွင်းမှ ရေများကို လက်ချောင်းလေးများဖြင့် ပုံသဏ္ဍာန်မျိုးစုံ လုပ်လျက် လေပေါ်တွင် ပျံဝဲစေသည်။ သူမသည် တခြားနတ်များ၏ အစွမ်းကို ပိတ်ပင်ထားသော်လည်း သူမ၏ အစွမ်းကတော့ ဘာတစ်ခုမှ အထိအခိုက်ရှိဟန် မတူပေ။
ထို့ပြင် ဟူအာကို ရေသယ်ခိုင်းခြင်းက သူမအား လေသံမာမာနှင့် စကားပြောဆိုမိ၍ အပြစ်ပေးခြင်း ဆိုတာကို အထူးပင် ပြောပြရန် မလိုလောက်အောင် သူမ၏ မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။ ထို့အတွက် ဟူအာ မကျေမနပ် ဖြစ်မိသော်လည်း.. သူ့အနေနှင့် ကောင်းကင်က မပြောနှင့် ဖခင် ကိုယ်တိုင်က အလေးထားရသော နတ်ဘုရားမမို့ ဘာတစ်ခုမှ လုပ်ခွင့်မရနိုင်ပေ။ ယခုတွင်တော့ မောပန်းသည့် ဒဏ်ကြောင့် အစားစားဖို့ကို ဟူအာ သတိတရ ဖြစ်လာသည်။ ထို့ကြောင့်..
“ကျိုးရင်း.. နတ်ဘုရားမ..”
အနားသို့ သွားပြီးခေါ်လိုက်သည်နှင့် သူမက သေရည်ကို ငုံ့နမ်းနေရင်းဖြင့်..
“ဒူးထောက်!!.. ငါက ကောင်းကင်က အိမ်ရှေ့စံရဲ့ တစ်ပါးတည်းသော မိဖုရား ဖြစ်တဲ့အပြင် နောက်ထက်လာမည့် ကောင်းကင်မင်းကြီးရဲ့ မိဖုရားကြီး ဖြစ်လာမယ့်သူ.. မင်း ငါ့ကို စကားပြောတာ ဘယ်လိုလုပ်ပြီး တောဆန်ဆန်.. အရိုသေတန်နေရတာလဲ..”
ထိုကလေးငယ်က သူမရှေ့တွင် ဒူးထောက်လိုက်တော့ ရင်းအာ စိတ်အတွင်းမှ ရယ်လိုက်မိသည်။ တကယ်တမ်းမှာ.. သူမအတွက် အိမ်ရှေ့စံမိဖုရား ဆိုတာတွေ ကောင်းကင်ရဲ့ မိဖုရားကြီး အလောင်းလျာ ဆိုတာတွေက ဘာမှ ထူးဆန်းပြီး ထုတ်ပြောရန် မလိုအပ်သော အရာများသာ ဖြစ်၏။ ဒီလုံးဝ မရိုသေတတ်သော ကလေးငယ်ကိုတော့ ထိုအရာတွေကို ဖွင့်ပြောပြီး ဖိနှိပ်ထားရန် ဘာလို့များ တွေးမိမှန်း ရင်းအာ နားမလည်သော်လည်း.. မျက်မှောင်ကုတ်ကာ အံကြိတ်သွားသော မျက်နှာကို ကြည့်ရင်း ကျေနပ်စွာ ပြုံးမိစေ၏။
“ကျိုးရင်း နတ်ဘုရားမကို ပိုင်ဒေသက ဟူအာ ဂါရဝပြုပါတယ်.. ကျွန်တော်က အစားစားတဲ့ နတ်မျိုး မို့လို့.. အစားသောက် တစ်ခုခု ရနိုင်မလားလို့.. မေးပါရစေ..”
“မရှိဘူး.. စိမ့်စမ်းပြာမှာ အစားစားဖို့ ဘာမှမရှိဘူး.. ငါးတွေတော့ ရှိတယ်.. ဒါပေမယ့် အဲ့တာက ငါ့ဆရာစားဖို့ ငါက စီမံထားတာ.. မင်းတို့အတွက် မဟုတ်ဘူး.. ရေသောက်..”
ထိုစကားကို သူမက သေရည်အား တစ်ကျိုက်မျှ မော့သောက်လိုက်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ပြီးတော့ ဟူအာနှင့် စကားပြောနေခြင်းအား မေ့လျော့စွာ အရသာ ပြင်းထန်သော သေရည်ကို သေချာ ရှိုက်နမ်းလိုက်၏။
“သေရည်က တကယ်ကို အရသာ ပြင်းနေတာကိုး.. သူက နှစ်ဘယ်နှစ်သောင်းတောင် ရှိသွားတာလဲ အသစ်လုပ်ထားတာ မဟုတ်ပဲ အဟောင်းတွေ ချည်းပဲလား.. ဟုတ်မှာပေါ့.. အဲ့ဒီသေရည်တွေ ငါမှမသောက်ရင် သောက်မယ့်သူမှ မရှိတာ.. အစ်ကိုနှစ်က လျန်းလျန် ဆိုတဲ့ အသံကြားတာနဲ့ သေရည်အိုးကို ဖွက်ထားပြီးသား ဖြစ်မှာပဲ..”
သူမဖာသာ ရေရွတ်သော စကားများကြောင့် ဟူအာ မျက်မှောင်ကုတ်လိုက်မိ၏။ သူတို့လို မြေပြင်မှ နတ်တွေဟာ အစားမစားရလျှင် အင်အားလျော့နည်းသွားပြီး.. နတ်စွမ်းအားပါ ကွယ်သွားတတ်တာကို ထိုနတ်ဘုရားမက မသိကျိုးကျွံပြုလျက်.. သေရည်တစ်အိုးကို.. အရေးတယူ လုပ်နေသဖြင့် ဒေါသပါ ထွက်လာပြီး..
“ကျိုးရင်း နတ်ဘုရားမ.. ကျွန်တော်တို့က အစားမစားရပဲ သေသွားရတော့မှာလား.. အစားလည်း သွားရှာလို့ မရဘူး နတ်စွမ်းအားကိုလည်း ပိတ်ပင်ထားတယ်..”
ထိုအခါမှ သူမက မျက်လုံးလှန်ကြည့်လာပြီး.. နှုတ်ခမ်းတွေ စေ့ပိတ်သွားသေးလျက်..
“ရေသောက်လို့ ပြောတာ မကြားဘူးလား.. ဒီစိမ့်စမ်းပြာကရေ မင်းကို သောက်ခိုင်းတာ.. မင်းတို့ မောင်နှမ ကံအရမ်းကောင်းလို့ပါ.. စိမ့်စမ်းပြာက ရေကို သောက်ချင်တဲ့ နတ်တွေများ များလွန်းလို့.. ပါးစပ်ပိတ်ထား.. ငါလုပ်စရာ ရှိတယ်..”
သူမက သူ့ကို အရေးပင် မစိုက်တော့ပဲ.. ရေကန်အတွင်းမှ သေရည်အိုးတွေကို ထုတ်ယူနေသည်။ တစ်အိုးထုတ်လာတိုင်း.. သေချာလေး နေရာချထားကာ.. စီတန်းလျက် ထားနေ၏။ ထို့ပြင်..
“ငါ နှစ်တစ်ထောင်လောက် မသောက်ပဲ နေလိုက်တာ.. သေရည်ရဲ့ ပြင်းထန်တဲ့ အရသာကို မတွန်းလှန်နိုင်တော့ဘူး.. အသစ်ပြန်လုပ်မှ ဖြစ်မယ်.. ဒါပေမယ့် ဒီအိုးတွေကို ငါ ဘာလုပ်ရမလဲ.. အစ်ကိုနှစ်ရဲ့ ထိပ်တန်း လက်ရာတွေ လွှင့်ပစ်ဖို့ နှမြောစရာကောင်းလွန်းတယ်..”
သူမက သေရည်အိုးတွေကို.. သေချာ ကျနစွာ စီထားလိုက်ပြီးမှ.. ခါးထောက်လိုက်၏။ ထိုတစ်ခဏတွင်.. ဟူအာ အနီးဆုံးရှိ အောက်ဆုံးမှ သေရည်အိုးကို ကျောက်ခဲတစ်လုံးဖြင့် လှမ်းပေါက်လိုက်၏။ အောက်ခြေမှ အိုးက ကျကွဲသွားတော့ အပေါ်တွင် ဆင့်လျက် ထပ်ထားသော.. သေရည်အိုးများက အောက်သို့ လိမ့်ဆင်းလာကာ..
“ခွမ်း.. ချလွမ်း.. ဂွမ်း..”
မြည်သံ ပေါင်းစုံဖြင့် ကျကွဲကုန်တော့၏။ ဝင်းခနဲ မီးတောက်သလို မျက်ဝန်းများက ဟူအာအပေါ်သို့ ကျလာပြီး.. သူ့အား.. ဒေါသတကြီး လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ဝုန်းခနဲ လွင့်ထွက်သွားမည်ဟု ဟူအာ ထင်လိုက်သော်လည်း ထိုသို့ မဟုတ်ပဲ သူမက.. သူ့အား ဒူးထောက်လျက် မျက်နှာမော့စေသော အနေအထားဖြင့် တန့်ရပ်ရန် စေခိုင်းလိုက်ခြင်းသာ ဖြစ်၏။
သူမ၏ ဒေါသပါသော မျက်ဝန်းတွေ နောက်တွင် စိမ့်စမ်းပြာအိုင် အတွင်းသို့ လက်အတွင်းမှ ဘယ်လို ရောက်လာမှန်း မသိသော ကြာပွတ်ဖြင့် ငါးတစ်ကောင်ကို ဖမ်းလိုက်ပြီး.. ဟူအာ အနားသို့ တိုးကပ်လာသည်။ သူမအနားသို့ တိုးလာလေ.. ဟူအာ.. မျက်လုံးကို တခြားသို့ လွဲမိလေ ဖြစ်သည်။ သို့သော်.. သူမက.. အနားသို့ တိုးလာပြီး ဟူအာ ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး.. ငါးအရှင် အစိမ်းလိုက်ကို ဟူအာ၏ နှုတ်ခမ်းများကို ပွင့်ဟစေလျက် စတင် ထိုးထည့်တော့သည်။
“အ.. ခင်ဗျား.. အ.. ဘာလုပ်.. အ..”
“မင်း ငါ့သေရည်အိုးတွေကို ကျကွဲအောင် လုပ်ရဲတယ်.. မင်းစားချင်တာ မဟုတ်လား.. အခုစားလေ.. ငါ ဒီငါးကို မင်းကို ကျွေးမယ်..”
“စား!!..”
သူမ၏ လုပ်ဆောင်ချက်များက နတ်ဘုရားမ တစ်ပါးနှင့် မတူညီပဲ ရူးနေသော နတ်နှင့်သာ တူညီသည်ဟု ဟူအာ ခံစားရသည်။ ပါးစပ်အတွင်းသို့ တိုးဝင်လာသော ငါး၏ ရုန်းကန်လှုပ်ရှားမှုက အော်ကလီဆန်စေလျက်.. လည်ချောင်းနားထိ ရောက်တော့.. အသက်ရှုပင် ကျပ်လာသလို ခံစားရသည်။
“ရင်းအာ.. မင်းဘာလုပ်နေတာလဲ..”
ဟူအာအနောက်မှ အသံအရ သူမ၏ ခင်ပွန်းရောက်လာပြီဟု သိလိုက်တော့.. ဟူအာ နည်းနည်းတော့ ပျော်သွားသည်။ သို့သော် သူ၏ ကံဆိုးခြင်းက ကျိုးရင်း နတ်ဘုရားမ၏ လက်အတွင်းဝယ် ဖြစ်နေလေသောအခါ..၊
သူမက တစ်ကောင်လုံး သူ့ပါးစပ်အတွင်းသို့.. ထိုးထည့်ရင်း ရောက်သွားတော့.. လက်ဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ကာ အတွင်းထဲထိ ရောက်သွားစေသည်။ ငါးက သေလား ရှင်လား မသိခင်မှာပဲ ငါးက သူ့ဝမ်းအတွင်းသို့ ရောက်သွားပြီ ဖြစ်သည်။
“အဟွတ်.. အဟွတ်..”
သူ မသတီ ရွံရှာစွာ.. ငါးကို ပြန်ထုတ်ဖို့ ကြိုးစားသော်လည်း.. ချောင်းတွေဆိုးကာ.. မျက်လုံးတွေ ပြာလာသည်ပဲ အဖတ်တင်သည်။ သူ့ဝမ်းအတွင်းမှ ငါးကတော့ ပြန်မထွက်မသွားတော့ပေ။ ရူးနေသော ထိုနတ်ဘုရားမအနားသို့ သူမ၏ ခင်ပွန်းက တိုးကပ်သွားပြီး.. အနည်းငယ် နားမလည်သော လေသံဖြင့်..
“ရင်းအာ မင်းဘာလုပ်တာလဲ.. သူက နှစ်တစ်ထောင်ပဲ ရှိသေးတဲ့ မြေခွေးလေးပါ.. မင်း သူ့ကို ဒီလို လုပ်တာ..”
သူမက အနည်းငယ် မာဆတ်ဆတ်နိုင်သော လေသံဖြင့်..
“ဒါက သူနဲ့ငါ့ရဲ့ကြားက ကိစ္စပါ ယီမင်.. သူက ငါ့သေရည်အိုးတွေ ခွဲပစ်လိုက်လို့ ငါက သူ့ကို.. သူစားချင်တာ ကျွေးတာပဲလေ.. ဒါက အပြန်အလှန် သက်ရောက်ရုံလေးပါပဲ..”
“ဒါက မင်းသူ့ကို သိပ်ပြီး အနိုင်ကျင့်ရာ မကျဘူးလား.. သူက ဘာမှတောင် မသင်ယူရသေးတဲ့ နတ်ငယ်လေး တစ်ပါးပဲ မဟုတ်လား..”
ထိုသို့သော အပြစ်တင်သော စကားကို နူးညံ့ချိုသာစွာ ပြောဆိုနိုင်သော ကောင်းကင်နတ်တစ်ပါးကို ဟူအာ တအံ့တသြသာ ငေးကြည့်နေမိတော့၏။ ကျိုးရင်း နတ်ဘုရားမက သူ့ကို တစ်ချက်မျှသာ ကြည့်လာပြီးမှ..
“သူက ငါ့ကို ပြောတယ်.. သူ အစားစားဖို့ လိုတယ်တဲ့.. ဒါနဲ့ ငါပြောတာ ရှင်းရှင်းလေး.. ရေသောက်လို့..”
ယီမင် ရင်းအာနဲ့ ဒီမြေခွေးလေးကြားမှ ပြသနာကို နားလည်သလို ရှိသွားသည်။ ရင်းအာ ပြောသော.. ရေသောက် ဆိုတာက တခြားသော မြေပြင်နတ်တွေအတွက် ရေနှင့်အစာက မတူညီသော အာဟာရ ရှိသည် ဆိုတာကို ရင်းအာက နားမလည်ခြင်းသာ ဖြစ်၏။ ရင်းအာ၏ စိမ့်စမ်းပြာမှ ရေသည် တခြားသော နယ်ပယ် ဆယ့်ခြောက်ခုမှ ရေများထက် များစွာ အစွမ်းထက်သည်ဖြစ်ရာ.. ရေသာက်လိုက်ပါက ဆာလောင်ခြင်းပင် ပျောက်သွားပြီး နတ်စွမ်းအား တိုးလာမည် ကို ထို နှစ်တစ်ထောင်သာ ရှိသော.. နတ်ငယ်လေးက မသိခြင်းလည်း ပါဝင်မည်။