Zawgyi
Part-8.1
ရင္းအာ ႏိုးလာေတာ့ ေခါင္းက စိတ္မၾကည္ခ်င္စရာ ေကာင္းေအာင္ ကိုက္ခဲေန၏။ အျပင္ဘက္မွ ဆူညံေနေသာ အသံမ်ားေၾကာင့္ စိတ္က ပိုျပီး မၾကည့္ ျဖစ္ရသည္။
အစ္ကိုႏွစ္ရဲ႕ ေသရည္ေသာက္မိတာကို သတိရေတာ့.. ေခါင္းကို ယမ္းလုိက္ျပီး ေခါင္းမၾကည္တာ ေျပသြားေအာင္.. ေခါင္းကို လက္ျဖင့္ ေဝွ႔ယမ္းလုိက္၏။ ရင္းအာ ေနလို႔ ေကာင္းသြားေတာ့မွ.. ယီမင္ကို ေရတစ္ခြက္ႏွင့္ ေတြ႔လုိက္ရသည္။
“ရင္းအာ ႏိုးလာျပီလား..”
“အင္း..”
“ခံစားရတာ ဘယ္လိုေနလဲ..”
“ငါ တကယ္ပဲ ေသရည္ ခံႏုိင္ရည္အား က်သြားတယ္ ထင္တယ္..”
“မဟုတ္ဘူး.. မင္းရဲ႕ နဖူး နာေသးလား..”
“နဖူး..”
လက္ျဖင့္ စမ္းကိုင္လိုက္ေတာ့မွ အနာေလးကို စမ္းမိသြားျပီး စိတ္ရႈပ္စြာ.. အနာေပ်ာက္သြားေအာင္ ျပဳလုပ္လိုက္၏။
“က်ိဳးရင္း နတ္ဘုရားမကို ဟူအာ ေတာင္းဆိုဖို႔ တစ္ခု ရွိပါတယ္..”
“ဘယ္သူလဲ မင္းရဲ႕ နန္းေဆာင္ေရွ႕မွာ လာေအာ္ေနတာ..”
“ဟုိေန႔က မင္းကို နဖူးမွာ ဒဏ္ရာရေအာင္ လုပ္လုိက္တဲ့သူနဲ႔ ေမာင္ႏွမလို႔ ေျပာတယ္..”
“ငါ သြားၾကည့္လုိက္မယ္..”
နန္းေဆာင္အေရွ႕သို႔ ခ်က္ခ်င္း ေရာက္သြားမိ၏။ ဟူအာပင္ အေရွ႕တြင္ ခ်က္ခ်င္း ေပၚလာေသာ နတ္ဘုရားမကို အနည္းငယ္ ထိတ္လန္႔သြားျပီး..
“ကၽြန္ေတာ့္ အစ္မကို ကယ္ေပးပါ..”
ကိုင္ထားေသာ အိတ္ေလးကို ေျမာက္ျပေတာ့.. သူ႔လက္အတြင္းမွ အိတ္ငယ္ေလးက ထိုနတ္ဘုရားမ လက္အတြင္းသို႔ ေရာက္သြား၏။ သူမက အိတ္ေလးအတြင္းမွ ဆံခ်ည္မွ်င္ေလးကို ထုတ္ယူလုိက္ျပီး သူမဆံပင္တြင္ လက္ျဖင့္ သပ္လုိက္ေတာ့ ဆံခ်ည္မွ်င္ေလးက ျပန္ျပီး ေနရာယူသြား၏။
“ရတယ္..”
ယီမင္က အေနာက္မွ လုိက္လာျပီး.. သူမအား ႏွင္းကာျခံဳလႊာကို လႊမ္းျခံဳေပးရင္း..
“မင္းအိပ္ေနတဲ့ တစ္ပတ္အတြင္း ငါ နန္းေဆာင္ထဲကေန အျပင္ကို မထြက္မိလို႔.. အဘိုးေတာ္ဆီ မေရာက္တာ ၾကာေနျပီ..”
“ေကာင္းျပီ.. ငါတို႔ ျပန္လာရင္ ေတြ႔မယ္..”
ထြက္လာခါနီးက် ယီမင္က သူမလက္ကို ျပန္ဆြဲလုိက္ရင္း..
“ငါ မင္းကို စိတ္မခ်ဘူး..”
“ငါ့ရဲ႕ အမ်ိဳးသားေလး.. ငါက က်ိဳးရင္းပါ.. မင္းေမ့သြားတာလား..”
ႏွစ္တစ္ေထာင္အတြင္း သူမ သူ႔ကို ျပန္လည္ျပီး ေနာက္ေျပာင္ေသာ စကားက ျဖစ္၏။ ထို႔ေၾကာင့္ ယီမင္ မ်က္ဝန္းေတြတြင္ မ်က္ရည္ေတြပါ လည္လာျပီး.. ေခါင္းညိတ္လုိက္သည္။
“ေကာင္းျပီ.. မင္း သြားပါ.. ငါလြမ္းတာနဲ႔ ခ်က္ခ်င္း လုိက္လာမယ္.. မင္း ေပ်ာ္သေလာက္ ေန..”
“ငါတို႔ သြားစို႔..”
ေကာင္းကင္ႏွင့္ ေတာင္ပိုင္း ေရနန္းေတာ္.. အသြားအျပန္ ေန႔တစ္ဝက္ပင္ မလိုေသာ.. ခရီးအတြက္ ႏႈတ္ဆက္ေနေသာ ဇနီးေမာင္ႏွံ၏ ႏႈတ္ဆက္ျခင္းအား.. ဟူအာ နားမလည္ႏိုင္ ျဖစ္ရသည္။ သို႔ေသာ္ သူေခၚရာသို႔ အသာတၾကည္ လုိက္လာသျဖင့္ ဟူအာ စကားတစ္ခြန္းမွ မဆိုပဲ တိတ္ဆိတ္စြာျဖင့္သာ ေတာင္ပိုင္း ေရနန္းေတာ္သို႔ ျပန္လာခဲ့၏။
သူ႔အေရွ႕မွ နတ္ဘုရားမက ေရနန္းေတာ္ အတြင္းသို႔ လုိက္ဝင္သြားေတာ့ အေဖက ေမာ့ၾကည့္ကာ..
“က်ိဳးရင္း နတ္ဘုရားမ..”
“သိပ္ျပီး အားမနာပါနဲ႔.. ကုေပးရမယ့္ နတ္ကို ေျပာပါ..”
အေဖက ကပ်ာကယာ အခန္းအတြင္းသို႔ လိုက္ျပေပးေတာ့ က်ိဳးရင္းက အေနာက္သို႔ လွည့္ၾကည့္လာကာ..
“ေကာင္းကင္နဂါးပန္း.. မင္း ငါ့ကို တစ္ခုခု လုပ္လုိက္တယ္ ဆိုတဲ့ တစ္ေယာက္လား.. ၾကည့္ရတာ ေကာင္းကင္နဂါးပန္းက မင္းကို ဆိုးဆိုးဝါးဝါး ဆြဲညစ္ထားတာပဲ..”
“ကၽြန္ေတာ့္ သမီးက မသိတတ္တဲ့သူမို႔.. က်ိဳးရင္းနတ္ဘုရားမကပဲ သေဘာထား ၾကီးမားေပးဖို႔ ေတာင္းပန္ပါတယ္..”
“ငါက သေဘာထား ၾကီးမားလို႔ လိုက္လာတာ မဟုတ္ဘူး.. လြန္ခဲ့တဲ့ ႏွစ္ႏွစ္သိန္းကတည္းက နတ္ေတြထဲမွာ ငါကလည္း သေဘာထားၾကီးတဲ့ နတ္အျဖစ္ မွတ္တမ္းတင္ မခံရဖူးဘူး.. ေရွာင္ဇီအာရဲ႕ ေမြးေန႔ လက္ေဆာင္ေၾကာင့္ ငါ လုိက္လာတာ ပိုင္မင္းၾကီး.. အားတံု႔အားနာ ျဖစ္ဖို႔ မလိုပါဘူး..”
က်ိဳးရင္းက ေျပာေနရင္းျဖင့္.. လက္ကို ေဝွ႔ယမ္းလုိက္ေတာ့.. လက္အတြင္းဝယ္ ေရစင္ခြက္ငယ္ေလး ေပၚလာ၏။ ေရစက္ အနည္းငယ္လည္း ပါလာသည္။ သူမက ဆက္၍ပင္ လက္ကို ေဝွ႔ယမ္းလုိက္ေတာ့.. ေရစင္အတြင္းမွ ေရစက္ အနည္းငယ္ ေပၚလာျပီး.. ဟုန္ရြယ္၏ ခႏၶာကိုယ္ တစ္ခုလံုးအား.. လႊမ္းျခံဳ သြားေတာ့၏။ ေနာက္ေတာ့ စိမ့္ဝင္သြားျပီး နတ္ေဆးသမားေတာ္တိုင္း လက္ေလ်ာ့ထားသည့္ ေသြးထြက္ေနေသာ ဒဏ္ရာမ်ားက အသားမ်ား ျပည့္တက္လာသည္။ ျဖဴေဖ်ာ့ကာ ႏြမ္းလ်ေနေသာ ဟုန္ရြယ္၏ မ်က္ႏွာက တျဖည္းျဖည္းႏွင့္ ပန္းေရာင္သို႔ သမ္းလာ၏။
“ကုျပီးသြားျပီ.. အသက္ေတာ့ မေသေတာ့ဘူး.. ဒါေပမယ့္..”
ဟူအာ ထိတ္လန္႔တၾကားျဖင့္.. အေရွ႕သို႔ တိုးသြားမိကာ..
“ဘာကို ဒါေပမယ့္လဲ.. ဟုန္ရြယ္က ျပန္ျပီး ေကာင္းမွာလား.. မေကာင္းဘူးလား..”
ဒီတစ္ၾကိမ္မွာေတာ့ ထိုေျမေခြးငယ္ေလးကို က်ိဳးရင္း ေဒါသထြက္သြားမိ၏။
“ေကာင္ေလး.. မင္းငါ့ကို ဒီလုိ ရိုင္းရုိင္းစိုင္းစိုင္း ေျပာဆိုေနမယ္ ဆိုရင္.. ငါမင္းကို အားမနာေတာ့ဘူးေနာ္.. မင္းမသိဘူးလား.. မင္းက ငါ့ကို ဘယ္လို ဦးခိုက္သင့္တယ္ ဆုိတာကို.. မင္းမေျပာနဲ႔.. ငါက မင္းအေဖ မင္းအဘိုး ျပီးေတာ့ မင္းအဘိုးရဲ႕အဘိုး.. ေတာင္မွ ဒူးေထာက္ျပီး အရိုေသခံထုိက္တယ္.. ေနာက္မွ ငါသိပ္ျပီး အားမနာတတ္လို႔ ငါ့ကို အျပစ္မတင္နဲ႔..”
ထိုအခါမွ ပိုင္မင္းၾကီးက တရိုတေသျဖင့္.. အနားသို႔ လွမ္းလာျပီး..
“က်ိဳးရင္းနတ္ဘုရားမ.. ဟူအာက သိပ္ျပီး မသိတတ္ေသးတာကို ေဗြမယူပါနဲ႔..”
“ငါေျပာေနတာ မျပီးေသးဘူး.. အဲ့ဒီေျမေခြးျဖဴေလးက မေသေတာ့ဘူး.. ဒါေပမယ့္ သူ႔ကို စိမ့္စမ္ျပာမွာ ေရခ်ိဳးခိုင္းမွ ေကာင္းကင္နဂါးပန္းရဲ႕ အဆိပ္က ျပယ္မွာ..”
“စိမ့္စမ္းျပာမွာ..”
“ဟုတ္တယ္.. နတ္အစြမ္းလံုးဝ သံုးခြင့္မရွိတဲ့ နယ္ေျမမွာ.. ေရခ်ိဳးရမွာ.. မင္းလုိက္လာခဲ့..”
ဟူအာကို လက္ညိဳးထိုးကာ ေခၚလုိက္ေတာ့ ဟူအာ ဟုန္ရြယ္ကို ေပြ႔ခ်ီကာ.. ေတာင္ပိုင္းေရနန္းေတာ္မွ.. စိမ့္စမ္းျပာကၽြန္းသို႔ တက္လာခဲ့သည္။ က်ိဳးရင္း နတ္ဘုရားမက ေရကန္နေဘးရွိ သလြန္ေပၚတြင္ ထိုင္ေနရာမွ..
“ေရစည္ပုိင္းက ဟုိနားက ဒုတိယ အိမ္မွာ ရွိတယ္.. သြားယူ..”
တကယ္ဆို နတ္ငယ္ေလး ျဖစ္ေသာ္လည္း.. ပစၥည္းကို ခုန္လႊားကာ သြားယူႏုိင္သည္။ သို႔ေသာ္ ထိုေနရာက နတ္အစြမ္းပိတ္ထားသည္ ဆိုသျဖင့္ ဟူအာ ဟုန္ရြယ္ကို ခ်ထားလိုက္ျပီး ထိုေနရာသို႔ ေျပးသြားလုိက္ရ၏။ သူ ေျပးေနရင္းႏွင့္ သတိထားမိသည္က ေလမရွိေတာ့တာကို ျဖစ္သည္။ ~~ေလတိုက္ေနတာကို ရပ္လုိက္တယ္.. သူမက ဘယ္လို နတ္ဘုရားမ်ိဳးလဲ..၊ ေျမျပင္နတ္ေတြထဲတြင္ စြမ္းအား ၾကီးမားေသာ နတ္ေတာင္မွ အဲ့ဒီ တစ္ကိုယ္ေကာင္းဆန္တဲ့ နတ္ဘုရားမလိုမ်ိဳး နတ္အစြမ္းေတြကို တားျမစ္ႏုိင္တယ္လို႔ တစ္ခါမွ မၾကားမိဖူးဘူး၊ သူဖတ္ဖူးသမွ် က်မ္းေတြထဲမွာလည္း သဘာဝတရားကို ေက်ာ္လြန္ႏုိင္တဲ့ နတ္ရယ္လို႔ မဖတ္မိသလိုပဲ..~~
ရင္းအာ ေရကန္အတြင္းမွ ေသရည္ တစ္အိုးကို ထုတ္ယူလုိက္ကာ.. တစ္ခ်က္ ျပံဳးလုိက္မိသည္။ တကယ္ဆိုလွ်င္ စိမ့္စမ္းျပာမွ ေရကို ခ်ိဳးေရအျဖစ္ ဆင့္ေခၚေပးဖို႔ ေပမယ့္ ရိုင္းစိုင္းတဲ့ ကေလးကို ပညာေပးခ်င္လို႔ တမင္သက္သက္ စိမ့္စမ္းျပာကို လာခဲ့ျခင္း ျဖစ္သည္။
~~ငါ့ကိုမ်ား ရိုင္းစိုင္းရဲတယ္.. ငါက ဘယ္သူမို႔လဲ.. သူ႔တို႔ တစ္မ်ိဳးလံုးကို အသက္ဓာတ္ ႏႈတ္ပစ္လုိက္ရင္ ဘယ္လုိမ်ား ေနမလဲ မသိဘူး.. ငါေပးထားတဲ့ အသက္ဓာတ္နဲ႔ ရွင္သန္ျပီး ငါ့ကို ေစာ္ကားရဲတယ္.. အနည္းဆံုးေတာ့ စိမ့္စမ္းျပာမွာ နတ္အစြမ္း မသံုးပဲ ေနၾကည့္စမ္းပါ.. မင္း ငါ့ကို ဘယ္လို ရိုေသလာမလဲ သိခ်င္ေသးတယ္.. ဟြန္႔~~
@@@@@@@@@
Uni
Part-8.1
ရင်းအာ နိုးလာတော့ ခေါင်းက စိတ်မကြည်ချင်စရာ ကောင်းအောင် ကိုက်ခဲနေ၏။ အပြင်ဘက်မှ ဆူညံနေသော အသံများကြောင့် စိတ်က ပိုပြီး မကြည့် ဖြစ်ရသည်။
အစ်ကိုနှစ်ရဲ့ သေရည်သောက်မိတာကို သတိရတော့.. ခေါင်းကို ယမ်းလိုက်ပြီး ခေါင်းမကြည်တာ ပြေသွားအောင်.. ခေါင်းကို လက်ဖြင့် ဝှေ့ယမ်းလိုက်၏။ ရင်းအာ နေလို့ ကောင်းသွားတော့မှ.. ယီမင်ကို ရေတစ်ခွက်နှင့် တွေ့လိုက်ရသည်။
“ရင်းအာ နိုးလာပြီလား..”
“အင်း..”
“ခံစားရတာ ဘယ်လိုနေလဲ..”
“ငါ တကယ်ပဲ သေရည် ခံနိုင်ရည်အား ကျသွားတယ် ထင်တယ်..”
“မဟုတ်ဘူး.. မင်းရဲ့ နဖူး နာသေးလား..”
“နဖူး..”
လက်ဖြင့် စမ်းကိုင်လိုက်တော့မှ အနာလေးကို စမ်းမိသွားပြီး စိတ်ရှုပ်စွာ.. အနာပျောက်သွားအောင် ပြုလုပ်လိုက်၏။
“ကျိုးရင်း နတ်ဘုရားမကို ဟူအာ တောင်းဆိုဖို့ တစ်ခု ရှိပါတယ်..”
“ဘယ်သူလဲ မင်းရဲ့ နန်းဆောင်ရှေ့မှာ လာအော်နေတာ..”
“ဟိုနေ့က မင်းကို နဖူးမှာ ဒဏ်ရာရအောင် လုပ်လိုက်တဲ့သူနဲ့ မောင်နှမလို့ ပြောတယ်..”
“ငါ သွားကြည့်လိုက်မယ်..”
နန်းဆောင်အရှေ့သို့ ချက်ချင်း ရောက်သွားမိ၏။ ဟူအာပင် အရှေ့တွင် ချက်ချင်း ပေါ်လာသော နတ်ဘုရားမကို အနည်းငယ် ထိတ်လန့်သွားပြီး..
“ကျွန်တော့် အစ်မကို ကယ်ပေးပါ..”
ကိုင်ထားသော အိတ်လေးကို မြောက်ပြတော့.. သူ့လက်အတွင်းမှ အိတ်ငယ်လေးက ထိုနတ်ဘုရားမ လက်အတွင်းသို့ ရောက်သွား၏။ သူမက အိတ်လေးအတွင်းမှ ဆံချည်မျှင်လေးကို ထုတ်ယူလိုက်ပြီး သူမဆံပင်တွင် လက်ဖြင့် သပ်လိုက်တော့ ဆံချည်မျှင်လေးက ပြန်ပြီး နေရာယူသွား၏။
“ရတယ်..”
ယီမင်က အနောက်မှ လိုက်လာပြီး.. သူမအား နှင်းကာခြုံလွှာကို လွှမ်းခြုံပေးရင်း..
“မင်းအိပ်နေတဲ့ တစ်ပတ်အတွင်း ငါ နန်းဆောင်ထဲကနေ အပြင်ကို မထွက်မိလို့.. အဘိုးတော်ဆီ မရောက်တာ ကြာနေပြီ..”
“ကောင်းပြီ.. ငါတို့ ပြန်လာရင် တွေ့မယ်..”
ထွက်လာခါနီးကျ ယီမင်က သူမလက်ကို ပြန်ဆွဲလိုက်ရင်း..
“ငါ မင်းကို စိတ်မချဘူး..”
“ငါ့ရဲ့ အမျိုးသားလေး.. ငါက ကျိုးရင်းပါ.. မင်းမေ့သွားတာလား..”
နှစ်တစ်ထောင်အတွင်း သူမ သူ့ကို ပြန်လည်ပြီး နောက်ပြောင်သော စကားက ဖြစ်၏။ ထို့ကြောင့် ယီမင် မျက်ဝန်းတွေတွင် မျက်ရည်တွေပါ လည်လာပြီး.. ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ.. မင်း သွားပါ.. ငါလွမ်းတာနဲ့ ချက်ချင်း လိုက်လာမယ်.. မင်း ပျော်သလောက် နေ..”
“ငါတို့ သွားစို့..”
ကောင်းကင်နှင့် တောင်ပိုင်း ရေနန်းတော်.. အသွားအပြန် နေ့တစ်ဝက်ပင် မလိုသော.. ခရီးအတွက် နှုတ်ဆက်နေသော ဇနီးမောင်နှံ၏ နှုတ်ဆက်ခြင်းအား.. ဟူအာ နားမလည်နိုင် ဖြစ်ရသည်။ သို့သော် သူခေါ်ရာသို့ အသာတကြည် လိုက်လာသဖြင့် ဟူအာ စကားတစ်ခွန်းမှ မဆိုပဲ တိတ်ဆိတ်စွာဖြင့်သာ တောင်ပိုင်း ရေနန်းတော်သို့ ပြန်လာခဲ့၏။
သူ့အရှေ့မှ နတ်ဘုရားမက ရေနန်းတော် အတွင်းသို့ လိုက်ဝင်သွားတော့ အဖေက မော့ကြည့်ကာ..
“ကျိုးရင်း နတ်ဘုရားမ..”
“သိပ်ပြီး အားမနာပါနဲ့.. ကုပေးရမယ့် နတ်ကို ပြောပါ..”
အဖေက ကပျာကယာ အခန်းအတွင်းသို့ လိုက်ပြပေးတော့ ကျိုးရင်းက အနောက်သို့ လှည့်ကြည့်လာကာ..
“ကောင်းကင်နဂါးပန်း.. မင်း ငါ့ကို တစ်ခုခု လုပ်လိုက်တယ် ဆိုတဲ့ တစ်ယောက်လား.. ကြည့်ရတာ ကောင်းကင်နဂါးပန်းက မင်းကို ဆိုးဆိုးဝါးဝါး ဆွဲညစ်ထားတာပဲ..”
“ကျွန်တော့် သမီးက မသိတတ်တဲ့သူမို့.. ကျိုးရင်းနတ်ဘုရားမကပဲ သဘောထား ကြီးမားပေးဖို့ တောင်းပန်ပါတယ်..”
“ငါက သဘောထား ကြီးမားလို့ လိုက်လာတာ မဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်နှစ်သိန်းကတည်းက နတ်တွေထဲမှာ ငါကလည်း သဘောထားကြီးတဲ့ နတ်အဖြစ် မှတ်တမ်းတင် မခံရဖူးဘူး.. ရှောင်ဇီအာရဲ့ မွေးနေ့ လက်ဆောင်ကြောင့် ငါ လိုက်လာတာ ပိုင်မင်းကြီး.. အားတုံ့အားနာ ဖြစ်ဖို့ မလိုပါဘူး..”
ကျိုးရင်းက ပြောနေရင်းဖြင့်.. လက်ကို ဝှေ့ယမ်းလိုက်တော့.. လက်အတွင်းဝယ် ရေစင်ခွက်ငယ်လေး ပေါ်လာ၏။ ရေစက် အနည်းငယ်လည်း ပါလာသည်။ သူမက ဆက်၍ပင် လက်ကို ဝှေ့ယမ်းလိုက်တော့.. ရေစင်အတွင်းမှ ရေစက် အနည်းငယ် ပေါ်လာပြီး.. ဟုန်ရွယ်၏ ခန္ဓာကိုယ် တစ်ခုလုံးအား.. လွှမ်းခြုံ သွားတော့၏။ နောက်တော့ စိမ့်ဝင်သွားပြီး နတ်ဆေးသမားတော်တိုင်း လက်လျော့ထားသည့် သွေးထွက်နေသော ဒဏ်ရာများက အသားများ ပြည့်တက်လာသည်။ ဖြူဖျော့ကာ နွမ်းလျနေသော ဟုန်ရွယ်၏ မျက်နှာက တဖြည်းဖြည်းနှင့် ပန်းရောင်သို့ သမ်းလာ၏။
“ကုပြီးသွားပြီ.. အသက်တော့ မသေတော့ဘူး.. ဒါပေမယ့်..”
ဟူအာ ထိတ်လန့်တကြားဖြင့်.. အရှေ့သို့ တိုးသွားမိကာ..
“ဘာကို ဒါပေမယ့်လဲ.. ဟုန်ရွယ်က ပြန်ပြီး ကောင်းမှာလား.. မကောင်းဘူးလား..”
ဒီတစ်ကြိမ်မှာတော့ ထိုမြေခွေးငယ်လေးကို ကျိုးရင်း ဒေါသထွက်သွားမိ၏။
“ကောင်လေး.. မင်းငါ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေမယ် ဆိုရင်.. ငါမင်းကို အားမနာတော့ဘူးနော်.. မင်းမသိဘူးလား.. မင်းက ငါ့ကို ဘယ်လို ဦးခိုက်သင့်တယ် ဆိုတာကို.. မင်းမပြောနဲ့.. ငါက မင်းအဖေ မင်းအဘိုး ပြီးတော့ မင်းအဘိုးရဲ့အဘိုး.. တောင်မှ ဒူးထောက်ပြီး အရိုသေခံထိုက်တယ်.. နောက်မှ ငါသိပ်ပြီး အားမနာတတ်လို့ ငါ့ကို အပြစ်မတင်နဲ့..”
ထိုအခါမှ ပိုင်မင်းကြီးက တရိုတသေဖြင့်.. အနားသို့ လှမ်းလာပြီး..
“ကျိုးရင်းနတ်ဘုရားမ.. ဟူအာက သိပ်ပြီး မသိတတ်သေးတာကို ဗွေမယူပါနဲ့..”
“ငါပြောနေတာ မပြီးသေးဘူး.. အဲ့ဒီမြေခွေးဖြူလေးက မသေတော့ဘူး.. ဒါပေမယ့် သူ့ကို စိမ့်စမ်ပြာမှာ ရေချိုးခိုင်းမှ ကောင်းကင်နဂါးပန်းရဲ့ အဆိပ်က ပြယ်မှာ..”
“စိမ့်စမ်းပြာမှာ..”
“ဟုတ်တယ်.. နတ်အစွမ်းလုံးဝ သုံးခွင့်မရှိတဲ့ နယ်မြေမှာ.. ရေချိုးရမှာ.. မင်းလိုက်လာခဲ့..”
ဟူအာကို လက်ညိုးထိုးကာ ခေါ်လိုက်တော့ ဟူအာ ဟုန်ရွယ်ကို ပွေ့ချီကာ.. တောင်ပိုင်းရေနန်းတော်မှ.. စိမ့်စမ်းပြာကျွန်းသို့ တက်လာခဲ့သည်။ ကျိုးရင်း နတ်ဘုရားမက ရေကန်နဘေးရှိ သလွန်ပေါ်တွင် ထိုင်နေရာမှ..
“ရေစည်ပိုင်းက ဟိုနားက ဒုတိယ အိမ်မှာ ရှိတယ်.. သွားယူ..”
တကယ်ဆို နတ်ငယ်လေး ဖြစ်သော်လည်း.. ပစ္စည်းကို ခုန်လွှားကာ သွားယူနိုင်သည်။ သို့သော် ထိုနေရာက နတ်အစွမ်းပိတ်ထားသည် ဆိုသဖြင့် ဟူအာ ဟုန်ရွယ်ကို ချထားလိုက်ပြီး ထိုနေရာသို့ ပြေးသွားလိုက်ရ၏။ သူ ပြေးနေရင်းနှင့် သတိထားမိသည်က လေမရှိတော့တာကို ဖြစ်သည်။ ~~လေတိုက်နေတာကို ရပ်လိုက်တယ်.. သူမက ဘယ်လို နတ်ဘုရားမျိုးလဲ..၊ မြေပြင်နတ်တွေထဲတွင် စွမ်းအား ကြီးမားသော နတ်တောင်မှ အဲ့ဒီ တစ်ကိုယ်ကောင်းဆန်တဲ့ နတ်ဘုရားမလိုမျိုး နတ်အစွမ်းတွေကို တားမြစ်နိုင်တယ်လို့ တစ်ခါမှ မကြားမိဖူးဘူး၊ သူဖတ်ဖူးသမျှ ကျမ်းတွေထဲမှာလည်း သဘာဝတရားကို ကျော်လွန်နိုင်တဲ့ နတ်ရယ်လို့ မဖတ်မိသလိုပဲ..~~
ရင်းအာ ရေကန်အတွင်းမှ သေရည် တစ်အိုးကို ထုတ်ယူလိုက်ကာ.. တစ်ချက် ပြုံးလိုက်မိသည်။ တကယ်ဆိုလျှင် စိမ့်စမ်းပြာမှ ရေကို ချိုးရေအဖြစ် ဆင့်ခေါ်ပေးဖို့ ပေမယ့် ရိုင်းစိုင်းတဲ့ ကလေးကို ပညာပေးချင်လို့ တမင်သက်သက် စိမ့်စမ်းပြာကို လာခဲ့ခြင်း ဖြစ်သည်။
~~ငါ့ကိုများ ရိုင်းစိုင်းရဲတယ်.. ငါက ဘယ်သူမို့လဲ.. သူ့တို့ တစ်မျိုးလုံးကို အသက်ဓာတ် နှုတ်ပစ်လိုက်ရင် ဘယ်လိုများ နေမလဲ မသိဘူး.. ငါပေးထားတဲ့ အသက်ဓာတ်နဲ့ ရှင်သန်ပြီး ငါ့ကို စော်ကားရဲတယ်.. အနည်းဆုံးတော့ စိမ့်စမ်းပြာမှာ နတ်အစွမ်း မသုံးပဲ နေကြည့်စမ်းပါ.. မင်း ငါ့ကို ဘယ်လို ရိုသေလာမလဲ သိချင်သေးတယ်.. ဟွန့်~~
@@@@@@@@@