Zawgyi
Part-7.3
သူ႔ေရွ႕မွ အသက္ဘယ္ေလာက္ ရွိျပီမွန္း မသိေသာ.. နဂါးမွ နတ္တစ္ပါး အသြင္သို႔ ကူးသြားေသာ အမ်ိဳးသမီး တစ္ဦးကို ေတြ႔လုိက္ေတာ့ ဟုန္ဟူ ေျခတစ္လွမ္း ေနာက္ဆုတ္လိုက္ရသည္။ ထိုအမ်ိဳးသမီးက.. တံခါးဝတြင္ ပိတ္ရပ္လိုက္ျပီး..
“မင္းက ဘယ္သူပဲ ျဖစ္ျဖစ္ ဒီနန္းေဆာင္က အိမ္ေရွ႕မင္းသားရဲ႕ အရွိန္အဝါေတြ ထဲက တစ္ခု ျဖစ္တဲ့အတြက္ အိမ္ေရွ႕မင္းသား သေဘာမတူဘူး ဆိုရင္ ေကာင္ကင္မင္းၾကီးေတာင္ မဝင္ရဘူး..”
“အဲ့တာဆို ခင္ဗ်ား သြားျပီး အေၾကာင္းၾကားေပးပါ..”
ထိုအမ်ိဳးသမီးက သူ႔အား ျငင္သာစြာသာ ၾကည့္ေနေသာ္လည္း သူ ေတာင္းဆိုသလို နန္းေဆာင္အတြင္းသို႔ အေၾကာင္းမၾကားေပးပါ။ ထို႔ေၾကာင့္..
“အိမ္ေရွ႕မင္းသားကို!.. ပိုင္ေဒသက ပိုင္ဟုန္ဟူ လာျပီး ဂါရဝျပဳပါတယ္!!..”
ထိုအနားတြင္ သူ႔အသံက က်ယ္ေလာင္စြာ ထြက္ေပၚလာ၏။ သူ႔အေရွ႕သို႔ အျပာေရာင္ အရိပ္တစ္ခုက ခ်က္ခ်င္း ေရာက္လာ၏။ သူ ကမန္းကတမ္း ဂါရဝျပဳလုိက္ျပီး..
“အိမ္ေရွ႕မင္းသား.. က်ိဳးရင္း နတ္ဘုရားကို ခြင့္ေတာင္းပါရေစ.. ကၽြန္ေတာ့္ အစ္မ..”
သူ႔စကား မဆံုးခင္မွာပဲ သူ႔ကို ေအးစက္ေသာ စကားတစ္ခြန္းကို ထပ္ေျပာခဲ့သည္။
“ရင္းအာ အိပ္ေနတယ္.. မဆူနဲ႔..”
ဟူအာ ထိုမာနၾကီးျပီး တစ္ကိုယ္ေကာင္းဆန္ တတ္ေသာ နတ္ေတြကို ေတြ႔ေနရတာ ႏွလံုးသားပင္လွ်င္ မာေၾကာလာျပီဟု မွတ္ထင္ရသည္။ သို႔ေသာ္ တစ္ဖက္တြင္ ဟုန္ရြယ္၏ အသက္အႏၱာရာယ္က ရွိေနသျဖင့္ သူ႔ထံတြင္ အမ်ားၾကီး ေတြးေတာေစႏုိင္ျခင္း မရွိေပ။ ထို႔ေၾကာင့္ သူ ကမန္းကတမ္း ဒူးေထာက္လိုက္ရျပီး..
“ကၽြန္ေတာ့္ အစ္မကို ကယ္တင္ေပးပါ..”
အိမ္ေရွ႕မင္းသားက.. သူ႔အားတစ္ခ်က္မွ်သာ ေစာင္းလ်က္ ၾကည့္လာျပီး.. ခုနက ဆင္းသက္လာေသာ အမ်ိဳးသမီးအား..
“လံုအယ္.. နန္းေဆာင္အနားမွာ အမႈိက္ေတြကို မိုးေရနဲ႔ ရွင္းပစ္လုိက္ပါ..”
“ေကာင္းပါျပီ..”
သူ ဒူးေထာက္ေနေသာ ေနရာတစ္ဝိုက္တြင္ မိုးမ်ား ရြာက်လာ၏။ အိမ္ေရွ႕မင္းသား ေျပာသြားေသာ အမိႈက္ ဆိုတာကို အခုမွပင္ နားလည္သြားမိ၏။ သို႔ေသာ္ သူ ဒူးေထာက္ေနရာမွ မထမိပဲ ျငိမ္သက္စြာသာ ထိုင္ေနမိ၏။ အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားလည္း ဟူအာ မေတြးမိေပ။ သို႔ေသာ္ တစ္ကိုယ္လံုးက ေအးစိမ့္ေနျပီး.. မိုးေရစက္ေတြက သူ႔တစ္ကိုယ္လံုးတြင္ စိုစြတ္သြား၏။
သူ ေခါင္းမာမာႏွင့္ ဆက္ျပီး ေနေနဆဲ ျဖစ္၏။ သူ႔ကို အရူးလို ၾကည့္ေနၾကေသာ နတ္သူငယ္ေတြ နတ္အေစခံေတြ အားလံုးက သူ႔အား သူရူးဆိုသည့္ အေတြးတို႔ျဖင့္ ၾကည့္ေနၾကမွန္း နားလည္၏။ သို႔ေသာ္ သူ ထိုေနရာမွ ထရပ္ဖို႔ ဆႏၵနည္းနည္းမွ်ပင္ မရွိေပ။ ထိုနန္းေဆာင္အတြင္းမွ သူသာ ဟုန္ရြယ္ကို ကယ္တင္ ႏိုင္မည္။ ထိုသူ လက္ခံလာဖို႔သာ လိုသည္။
@@@@@@@@@
ဆစ္က်ီ ေကာင္းကင္ အကာအကြယ္ နန္းေဆာင္၏ အေရွ႕တြင္ ခုႏွစ္ရက္ေလာက္ ဒူးေထာက္ေနေသာ ထိုကေလးကို ဆစ္က်ီ ေတြ႔ေနရသည္။ ထိုျမင္ကြင္းက သူ႔နန္းေဆာင္တြင္ သံုးရက္တိတိ မစားမေသာက္ပဲ ဟန္ရင္းရင္းအတြက္ လာျပီး ထိုင္ေနေသာ ယီမင္ကို သတိတရ ျဖစ္ေစသည္။
ထို႔ျပင္ ယီမင္က ရင္းအာကို ေသြးထြက္ေအာင္ လုပ္ေစခဲ့ေသာ သူကို.. ဘယ္လိုမွ ခြင့္မလႊတ္ႏုိင္မွန္း ဆစ္က်ီ ေသခ်ာသိေန၏။ ကိုယ္တုိင္ မကူညီခ်င္ဘူး ဆိုလွ်င္ေတာင္မွ.. အၾကံဉာဏ္တစ္ခုေတာ့ ေပးသင့္သည္ဟု ေတြးလိုက္မိတာမို႔.. ထိုေျမေခြးေလး ရွိရာသို႔ သြားလုိက္ျပီး..
“ပိုင္.. ဟုန္.. ဟူ..”
ထိုေျမေခြးေလးက မိုးေရထဲတြင္ အေနမ်ား၍ မ်က္ႏွာပင္ နီရဲကာ.. မ်က္လံုးက နီရဲေနျပီ ျဖစ္၏။ ဆစ္က်ီ သူ႔အေရွ႕တြင္ ရပ္လိုက္ေတာ့.. ေမာ့ၾကည့္လာသည္။
“ခင္ဗ်ား ဘာလာလုပ္တာလဲ..”
“မင္းကို အၾကံဉာဏ္ေလး တစ္ခု ေပးခ်င္လို႔ပါ..”
“မင္းဒီမွာ ႏွစ္တစ္ေထာင္ တစ္ေသာင္း ၾကာသြားရင္ေတာင္ ရင္းအာက မင္းကို ထြက္ေတြ႔မွာ မဟုတ္ဘူး.. တစ္ခုရွိတယ္.. အရင္ကတည္းက က်ိဳးမ်ိဳးႏြယ္နတ္ေတြမွာ ကိစၥတစ္ခုကို ဆံခ်ည္မွ်င္ တစ္ခုေပးျပီး ေတာင္းဆိုခိုင္းတယ္.. လက္ရွိမွာ ရင္းအာက ေတာင္ပုိင္း ေရမင္းသမီး ေရွာင္ဇီအာကို ေမြးေန႔လက္ေဆာင္ ေပးခဲ့တယ္လို႔ ေျပာတယ္..”
ထိုအခါမွ ထိုေျမေခြးေလးက သူ႔အား မ်က္လံုးလွန္ၾကည့္လာျပီး ထိုေနရာမွ ခ်က္ခ်င္းပင္ ေျပးထြက္သြားေတာ့၏။
@@@@@@@@@@
ဟုန္ဟူ ေရနန္းေတာ္ထိ ျပန္ေျပးလာျပီးမွ.. ပိုင္ထင္က စိုးရိမ္ စိတ္ပူေနေသာ မ်က္ႏွာျဖင့္ ေျပးကပ္လာကာ..
“ဟူအာ.. မင္း အဆင္ေျပခဲ့လား..”
သူ ေခါင္းယမ္း လိုက္ျပီးမွ.. အေဖ့အား.. လက္ဆြဲလ်က္..
“ဟုန္ရြယ္ သူ သက္သာလား..”
ပိုင္ထင္က ေခါင္းခါျပ၏။ ဟုန္ဟူ အခန္းအတြင္းသို႔ ေျပးဝင္လာျပီး ငယ္ကတည္းက အတူတူ ေဆာ့ကစားလာေသာ အစ္မျဖစ္သူကို ေတြ႔လိုက္ေတာ့ မ်က္ရည္ေတြပါ လည္လာမိသည္။ တစ္ကိုယ္လံုး နီေနျပီး ေသြးေတြက လက္ေတြမွာပင္ ပ်ံ႕ႏွံ႔ေန၏။
“ဟုန္ရြယ္.. မင္း ဘယ္လို ျဖစ္ျပီး..”
သူ ေတြေဝမေနေတာ့ပဲ အခန္းအတြင္းမွ ေျပးထြက္လာကာ.. ေရမင္းသမီးအား လုိက္ရွာမိသည္။ ျဖတ္သြားေသာ အေစခံအား ေမးလိုက္ေတာ့မွ.. အေနာက္ဥယ်ာဥ္တြင္ဟု ဆိုလာသျဖင့္ လုိက္လာခဲ့ေတာ့.. ဆံပင္ေတြကို အျမင့္စည္းထားေသာ မိန္းကေလး တစ္ဦးက အစိမ္းေတာက္ေနေသာ ဝတ္စံုျဖင့္ ေျခေထာက္တြင္ ကမာေကာင္မ်ားကို တက္နင္းထား၏။
“ငါက ဇီအာ ငါ့ကို ဒီေရနန္းေတာ္မွာ ခ်ဳပ္ထားလို႔ ရမယ္ ထင္ေနတာလား.. ဟြန္႔!!..”
“ဇီအာ ဆိုေတာ့ သူမက..”
ဟုန္ဟူ ဘာမွ မေမးမိေတာ့ပဲ ထိုမိန္းကေလး အေရွ႕သို႔ ေျပးဝင္လုိက္ကာ..
“ေရွာင္ဇီအာ.. မင္းက ေရမင္းသမီး.. မဟုတ္လား..”
“ဟုတ္တယ္ ငါက ေရမင္းသမီး ေရွာင္ဇီအာ..”
ဟူအာ ကေယာင္ကတမ္းျဖင့္ ဇီအာ၏ လက္ေတြကို ဆုပ္ကိုင္လုိက္မိသည္။
“ငါ့အစ္မကို ကယ္ေပးပါ.. ငါ့အစ္မကို မေသေအာင္ ကယ္ေပးပါ..”
“အား.. အမ္.. ငါက ေဆးပညာမတတ္ဘူး.. ပိုဆုိးတာက ငါက ဒီကေနေတာင္မွ မထြက္သြားႏုိင္ဘူး..”
“ေကာင္းျပီ ငါမင္းကို ကူညီမယ္.. မင္းဘယ္သြားခ်င္လဲ ငါ ေခၚသြားေပးမယ္..”
“တကယ္လား..”
ဟုန္ဟူ ခ်က္ခ်င္းပင္ လ်င္ျမန္စြာ ေခါင္းညိတ္ျပလုိက္၏။ ေနာက္မွ ျဖစ္လာတာ ေနာက္မွ ရွင္းရံုပင္ ရွိေတာ့သည္။ သူ ေခါင္းညိတ္လုိက္သည္ႏွင့္ သူမက သူ႔ခါးစည္းၾကိဳးတြင္ အထုပ္ေလးကို ခ်ည္ေပးလာျပီး..
“ငါ့ကို ဒီကေန ထြက္သြားဖို႔ နည္းလမ္းရွာထား..”
သူ ေခါင္းကို လ်င္ျမန္စြာ ညိတ္လိုက္ျပီး ထိုေနရာမွ ထြက္ေျပး လာခဲ့ေတာ့သည္။ ေကာင္းကင္နန္းေတာ္သို႔ ေနာက္ထပ္ တစ္ေခါက္ ေရာက္ေတာ့.. သူ႔ေဘးနားတြင္ ဘယ္သူမွ မပါေပ။ ေကာင္းကင္ အကာကြယ္ နန္းေဆာင္ေရွ႕သို႔ အေျပးေရာက္လာျပီး ခါးတြင္ စည္းထားေသာ အိတ္ေလးကို ေထာင္ျပလိုက္ကာ..
“က်ိဳးရင္း နတ္ဘုရားမကို ဟူအာ ေတာင္းဆိုစရာ ရွိပါတယ္..”
@@@@@@@@@
Uni
Part-7.3
သူ့ရှေ့မှ အသက်ဘယ်လောက် ရှိပြီမှန်း မသိသော.. နဂါးမှ နတ်တစ်ပါး အသွင်သို့ ကူးသွားသော အမျိုးသမီး တစ်ဦးကို တွေ့လိုက်တော့ ဟုန်ဟူ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ရသည်။ ထိုအမျိုးသမီးက.. တံခါးဝတွင် ပိတ်ရပ်လိုက်ပြီး..
“မင်းက ဘယ်သူပဲ ဖြစ်ဖြစ် ဒီနန်းဆောင်က အိမ်ရှေ့မင်းသားရဲ့ အရှိန်အဝါတွေ ထဲက တစ်ခု ဖြစ်တဲ့အတွက် အိမ်ရှေ့မင်းသား သဘောမတူဘူး ဆိုရင် ကောင်ကင်မင်းကြီးတောင် မဝင်ရဘူး..”
“အဲ့တာဆို ခင်ဗျား သွားပြီး အကြောင်းကြားပေးပါ..”
ထိုအမျိုးသမီးက သူ့အား ငြင်သာစွာသာ ကြည့်နေသော်လည်း သူ တောင်းဆိုသလို နန်းဆောင်အတွင်းသို့ အကြောင်းမကြားပေးပါ။ ထို့ကြောင့်..
“အိမ်ရှေ့မင်းသားကို!.. ပိုင်ဒေသက ပိုင်ဟုန်ဟူ လာပြီး ဂါရဝပြုပါတယ်!!..”
ထိုအနားတွင် သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူ့အရှေ့သို့ အပြာရောင် အရိပ်တစ်ခုက ချက်ချင်း ရောက်လာ၏။ သူ ကမန်းကတမ်း ဂါရဝပြုလိုက်ပြီး..
“အိမ်ရှေ့မင်းသား.. ကျိုးရင်း နတ်ဘုရားကို ခွင့်တောင်းပါရစေ.. ကျွန်တော့် အစ်မ..”
သူ့စကား မဆုံးခင်မှာပဲ သူ့ကို အေးစက်သော စကားတစ်ခွန်းကို ထပ်ပြောခဲ့သည်။
“ရင်းအာ အိပ်နေတယ်.. မဆူနဲ့..”
ဟူအာ ထိုမာနကြီးပြီး တစ်ကိုယ်ကောင်းဆန် တတ်သော နတ်တွေကို တွေ့နေရတာ နှလုံးသားပင်လျှင် မာကြောလာပြီဟု မှတ်ထင်ရသည်။ သို့သော် တစ်ဖက်တွင် ဟုန်ရွယ်၏ အသက်အန္တာရာယ်က ရှိနေသဖြင့် သူ့ထံတွင် အများကြီး တွေးတောစေနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူ ကမန်းကတမ်း ဒူးထောက်လိုက်ရပြီး..
“ကျွန်တော့် အစ်မကို ကယ်တင်ပေးပါ..”
အိမ်ရှေ့မင်းသားက.. သူ့အားတစ်ချက်မျှသာ စောင်းလျက် ကြည့်လာပြီး.. ခုနက ဆင်းသက်လာသော အမျိုးသမီးအား..
“လုံအယ်.. နန်းဆောင်အနားမှာ အမှိုက်တွေကို မိုးရေနဲ့ ရှင်းပစ်လိုက်ပါ..”
“ကောင်းပါပြီ..”
သူ ဒူးထောက်နေသော နေရာတစ်ဝိုက်တွင် မိုးများ ရွာကျလာ၏။ အိမ်ရှေ့မင်းသား ပြောသွားသော အမှိုက် ဆိုတာကို အခုမှပင် နားလည်သွားမိ၏။ သို့သော် သူ ဒူးထောက်နေရာမှ မထမိပဲ ငြိမ်သက်စွာသာ ထိုင်နေမိ၏။ အချိန်တွေ ဘယ်လောက်ကြာသွားလည်း ဟူအာ မတွေးမိပေ။ သို့သော် တစ်ကိုယ်လုံးက အေးစိမ့်နေပြီး.. မိုးရေစက်တွေက သူ့တစ်ကိုယ်လုံးတွင် စိုစွတ်သွား၏။
သူ ခေါင်းမာမာနှင့် ဆက်ပြီး နေနေဆဲ ဖြစ်၏။ သူ့ကို အရူးလို ကြည့်နေကြသော နတ်သူငယ်တွေ နတ်အစေခံတွေ အားလုံးက သူ့အား သူရူးဆိုသည့် အတွေးတို့ဖြင့် ကြည့်နေကြမှန်း နားလည်၏။ သို့သော် သူ ထိုနေရာမှ ထရပ်ဖို့ ဆန္ဒနည်းနည်းမျှပင် မရှိပေ။ ထိုနန်းဆောင်အတွင်းမှ သူသာ ဟုန်ရွယ်ကို ကယ်တင် နိုင်မည်။ ထိုသူ လက်ခံလာဖို့သာ လိုသည်။
@@@@@@@@@
ဆစ်ကျီ ကောင်းကင် အကာအကွယ် နန်းဆောင်၏ အရှေ့တွင် ခုနှစ်ရက်လောက် ဒူးထောက်နေသော ထိုကလေးကို ဆစ်ကျီ တွေ့နေရသည်။ ထိုမြင်ကွင်းက သူ့နန်းဆောင်တွင် သုံးရက်တိတိ မစားမသောက်ပဲ ဟန်ရင်းရင်းအတွက် လာပြီး ထိုင်နေသော ယီမင်ကို သတိတရ ဖြစ်စေသည်။
ထို့ပြင် ယီမင်က ရင်းအာကို သွေးထွက်အောင် လုပ်စေခဲ့သော သူကို.. ဘယ်လိုမှ ခွင့်မလွှတ်နိုင်မှန်း ဆစ်ကျီ သေချာသိနေ၏။ ကိုယ်တိုင် မကူညီချင်ဘူး ဆိုလျှင်တောင်မှ.. အကြံဉာဏ်တစ်ခုတော့ ပေးသင့်သည်ဟု တွေးလိုက်မိတာမို့.. ထိုမြေခွေးလေး ရှိရာသို့ သွားလိုက်ပြီး..
“ပိုင်.. ဟုန်.. ဟူ..”
ထိုမြေခွေးလေးက မိုးရေထဲတွင် အနေများ၍ မျက်နှာပင် နီရဲကာ.. မျက်လုံးက နီရဲနေပြီ ဖြစ်၏။ ဆစ်ကျီ သူ့အရှေ့တွင် ရပ်လိုက်တော့.. မော့ကြည့်လာသည်။
“ခင်ဗျား ဘာလာလုပ်တာလဲ..”
“မင်းကို အကြံဉာဏ်လေး တစ်ခု ပေးချင်လို့ပါ..”
“မင်းဒီမှာ နှစ်တစ်ထောင် တစ်သောင်း ကြာသွားရင်တောင် ရင်းအာက မင်းကို ထွက်တွေ့မှာ မဟုတ်ဘူး.. တစ်ခုရှိတယ်.. အရင်ကတည်းက ကျိုးမျိုးနွယ်နတ်တွေမှာ ကိစ္စတစ်ခုကို ဆံချည်မျှင် တစ်ခုပေးပြီး တောင်းဆိုခိုင်းတယ်.. လက်ရှိမှာ ရင်းအာက တောင်ပိုင်း ရေမင်းသမီး ရှောင်ဇီအာကို မွေးနေ့လက်ဆောင် ပေးခဲ့တယ်လို့ ပြောတယ်..”
ထိုအခါမှ ထိုမြေခွေးလေးက သူ့အား မျက်လုံးလှန်ကြည့်လာပြီး ထိုနေရာမှ ချက်ချင်းပင် ပြေးထွက်သွားတော့၏။
@@@@@@@@@@
ဟုန်ဟူ ရေနန်းတော်ထိ ပြန်ပြေးလာပြီးမှ.. ပိုင်ထင်က စိုးရိမ် စိတ်ပူနေသော မျက်နှာဖြင့် ပြေးကပ်လာကာ..
“ဟူအာ.. မင်း အဆင်ပြေခဲ့လား..”
သူ ခေါင်းယမ်း လိုက်ပြီးမှ.. အဖေ့အား.. လက်ဆွဲလျက်..
“ဟုန်ရွယ် သူ သက်သာလား..”
ပိုင်ထင်က ခေါင်းခါပြ၏။ ဟုန်ဟူ အခန်းအတွင်းသို့ ပြေးဝင်လာပြီး ငယ်ကတည်းက အတူတူ ဆော့ကစားလာသော အစ်မဖြစ်သူကို တွေ့လိုက်တော့ မျက်ရည်တွေပါ လည်လာမိသည်။ တစ်ကိုယ်လုံး နီနေပြီး သွေးတွေက လက်တွေမှာပင် ပျံ့နှံ့နေ၏။
“ဟုန်ရွယ်.. မင်း ဘယ်လို ဖြစ်ပြီး..”
သူ တွေဝေမနေတော့ပဲ အခန်းအတွင်းမှ ပြေးထွက်လာကာ.. ရေမင်းသမီးအား လိုက်ရှာမိသည်။ ဖြတ်သွားသော အစေခံအား မေးလိုက်တော့မှ.. အနောက်ဥယျာဉ်တွင်ဟု ဆိုလာသဖြင့် လိုက်လာခဲ့တော့.. ဆံပင်တွေကို အမြင့်စည်းထားသော မိန်းကလေး တစ်ဦးက အစိမ်းတောက်နေသော ဝတ်စုံဖြင့် ခြေထောက်တွင် ကမာကောင်များကို တက်နင်းထား၏။
“ငါက ဇီအာ ငါ့ကို ဒီရေနန်းတော်မှာ ချုပ်ထားလို့ ရမယ် ထင်နေတာလား.. ဟွန့်!!..”
“ဇီအာ ဆိုတော့ သူမက..”
ဟုန်ဟူ ဘာမှ မမေးမိတော့ပဲ ထိုမိန်းကလေး အရှေ့သို့ ပြေးဝင်လိုက်ကာ..
“ရှောင်ဇီအာ.. မင်းက ရေမင်းသမီး.. မဟုတ်လား..”
“ဟုတ်တယ် ငါက ရေမင်းသမီး ရှောင်ဇီအာ..”
ဟူအာ ကယောင်ကတမ်းဖြင့် ဇီအာ၏ လက်တွေကို ဆုပ်ကိုင်လိုက်မိသည်။
“ငါ့အစ်မကို ကယ်ပေးပါ.. ငါ့အစ်မကို မသေအောင် ကယ်ပေးပါ..”
“အား.. အမ်.. ငါက ဆေးပညာမတတ်ဘူး.. ပိုဆိုးတာက ငါက ဒီကနေတောင်မှ မထွက်သွားနိုင်ဘူး..”
“ကောင်းပြီ ငါမင်းကို ကူညီမယ်.. မင်းဘယ်သွားချင်လဲ ငါ ခေါ်သွားပေးမယ်..”
“တကယ်လား..”
ဟုန်ဟူ ချက်ချင်းပင် လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်၏။ နောက်မှ ဖြစ်လာတာ နောက်မှ ရှင်းရုံပင် ရှိတော့သည်။ သူ ခေါင်းညိတ်လိုက်သည်နှင့် သူမက သူ့ခါးစည်းကြိုးတွင် အထုပ်လေးကို ချည်ပေးလာပြီး..
“ငါ့ကို ဒီကနေ ထွက်သွားဖို့ နည်းလမ်းရှာထား..”
သူ ခေါင်းကို လျင်မြန်စွာ ညိတ်လိုက်ပြီး ထိုနေရာမှ ထွက်ပြေး လာခဲ့တော့သည်။ ကောင်းကင်နန်းတော်သို့ နောက်ထပ် တစ်ခေါက် ရောက်တော့.. သူ့ဘေးနားတွင် ဘယ်သူမှ မပါပေ။ ကောင်းကင် အကာကွယ် နန်းဆောင်ရှေ့သို့ အပြေးရောက်လာပြီး ခါးတွင် စည်းထားသော အိတ်လေးကို ထောင်ပြလိုက်ကာ..
“ကျိုးရင်း နတ်ဘုရားမကို ဟူအာ တောင်းဆိုစရာ ရှိပါတယ်..”
@@@@@@@@@