book

Index 2

Part-1.2

ကောင်းကင်ပြည်၊ ဆစ်ကျီနတ်ဘုရား၏ သလင်းနန်းဆောင်၊


ဆစ်ကျီ နတ်မင်းက နက္ခတာရာ နန်းဆောင်မှ ပြန်လာပြီး တပည့်မ၏ ကံတရားကို တွက်ချက်မိသည်။ လက်ချောင်းလေးများကို ထိတွေ့ရင်း တွက်ချက်နေရာမှ တုန့်ခနဲ ရပ်တန့်သွားပြီး မျက်နှာက ပျက်ယွင်းသွား၏။


‘ရင်းအာ သူ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ တွေ့ရမှာလား ရင်းအာ နောက်ထပ် နှစ်တွေ အကြာကြီး အိပ်အုံးမှာလား’


ထိုစကားကို ဆစ်ကျီက အေးဆေးစွာ တစ်လုံးချင်း ပြောလိုက်၏။ ပြီးနောက်တွင် ကောင်းကင် အကာကွယ် နန်းဆောင်ရှေ့သို့ သွားလိုက်ပြီး


‘အိမ်ရှေ့မင်းသား မရှိဘူးလား’


လုံစမ်းက နန်းဆောင်အပေါ်မှ ဆင်းသက်လာပြီးနောက်


‘ဆစ်ကျီ နတ်မင်း အိမ်ရှေ့မင်းသားက အရှေ့မြောက်ပိုင်းက ရေမင်းသား လုချီရဲ့ မင်္ဂလာပွဲကို သွား ချီးမြှင့်ပါတယ် စိမ့်စမ်းပြာမှာ ရက်အနည်းငယ် နေမယ်လို့ ပြောသွားပါတယ် ကျိုးရင်း နတ်ဘုရားမ ပါပါတော့ သူတို့ စိမ့်စမ်းပြာမှာ ရက်ကြာချင် ကြာနိုင်ပါတယ်’


‘သိပြီ’


ကောင်းကင် အကာကွယ် နန်းဆောင်မှ ထွက်လာတော့ ဆစ်ကျီ ဒီကံတရားကို ဘယ်လိုမှ တားဆီးလို့ မရနိုင်ဘူး ဆိုတာကို နားလည်ချင်သလို ဖြစ်သွား၏။ ရင်းအာက နတ်ဘုရား ဖြစ်လာပြီး ကတည်းက ခက်ခဲမှု ဆိုတာကို ခံစားရတာ သိပ်နည်းလွန်းလို့ နောက်ထပ် အခက်ခဲ တစ်ခုနှင့် ရင်ဆိုင်ခိုင်းခြင်းလား။


‘ဆရာ ဆရာ’


အနားသို့ ပြေးလာသော ကျိုးယွီကို တစ်ချက် လှမ်းကြည့်လိုက်ကာ


‘ကျိုးယွီ မင်း ဘယ်လိုလဲ ကြယ်တာရာ ဒေသမှာ ထူးခြားမှုတွေ တွေ့ခဲ့လား’


ကျိုးယွီ ဆိုတာက ဆစ်ကျီ နတ်မင်းထံတွင် နှစ်ပေါင်းသုံးသောင်းတိုင်အောင် တပည့်ခံဖို့ ကြိုးစားခြင်းကြောင့် ခေါင်းမာသော ဆစ်ကျီ ကိုယ်တိုင် ခွင့်ပြုပေးခဲ့ရသည့် လက်ရှိတွင် အငယ်ဆုံး တပည့် ဖြစ်သည့်အပြင် ကျိုးလျန် နတ်မင်း၏ ချစ်လှစွာသော ဒုတိယသား ဖြစ်သည်။


ကျိုးယွီက သေဆုံးပြီးသည့် နတ်မင်းသားကိုးနှင့် ဆင်တူသည်ဟု အားလုံးသော နတ်တွေက ယူဆထားကြသော နတ်တစ်ပါး ဖြစ်သည်။ နတ်မင်းသားကိုးကဲ့သို့ အပြာရောင် မျက်ဝန်းများနှင့် စင်းကျနေသော ဆံနွယ်များက ဖြောင့်စင်းနေ၏။ နူးညံ့သော နတ်တစ်ပါး ဖြစ်သည့်အပြင် သိမ်မွေ့သော ပညာရပ်တွေကိုသာ သင်ကြားလို၏။ ထိုအချက်များကြောင့် နတ်မင်းသားကိုးဟု ထင်မြင်ကြသော်လည်း ကျိုးယွီက ဆစ်ကျီ နတ်မင်းကဲ့သို့ပင် ဝိဉာဉ်ခြောက်ပါးနှင့် မွေးဖွားထားသော စွမ်းအား မပြည့်ဝသည့် ကျိုးမျိုးနွယ် နတ်သာ ဖြစ်သည်။


‘မတွေ့ခဲ့ဘူး ဒါပေမယ့် ကြယ်တာရာ ဒေသကနေ ဦးလေးယီမင်ကို မင်းသမီး တစ်ပါး ဆက်သမယ်လို့ ကြားတယ်’


ဆစ်ကျီ ဖြတ်ခနဲ ဒေါသထွက်ကာ မျက်နှာနီနေမည့် ရင်းအာကို ပြေးမြင်လိုက်မိသည်။ ထိုပြသနာက သေချာပေါက် သူ့ထံ ရောက်လာအုံးမည် ဆိုတာကို သိနှင့်လိုက်၏။ လွန်ခဲ့သော နှစ်သန်းများစွာ ကတည်းက မိဖုရားတစ်ပါးတည်း ရှိသော အိမ်ရှေ့မင်းသားကို ညွှန်ပြပါ ဆိုလျှင် ယီမင်အား ပြသရမည် ထင်သည်။ လက်ရှိမင်းကြီး တလီချင်းယွင်က အသက်ငယ်ငယ်နှင့် ကောင်းကင် ထီးနန်းကို ပိုင်ဆိုင်ခဲ့သူမို့ မပြောလိုပေ။ သို့သော် တလီချင်းယွင်ပင်လျှင် မြတ်နိုးလွန်းလှသော နတ်မိဖုရား ဖူချန့်ကို ဘေးမှာထားပြီး တခြားသော နတ်မင်းသမီးတွေကို လက်ခံရသည်သာ၊


ရင်းအာက ထိုသို့ ခွင့်မပြုပဲ ကောင်းကင် အကာကွယ် နန်းဆောင်အတွင်းသို့ မိန်းကလေး ဆိုပါက နတ်အစေခံပင် ခြေတစ်လှမ်းချခွင့် မပြုခဲ့တာ နှစ်တစ်သိန်းပင် ကျော်လေပြီ။


ကျိုးယွီကပင် ဆက်၍


‘ကျွန်တော့် အထင် အဲ့ဒီ မင်းသမီး ဦးလေး ယီမင်နဲ့ မတွေ့ခင် နတ်ပြည် မီးလောင်တော့မှာ မဟုတ်လား’


‘ဟုတ်တယ် နတ်ပြည် မီးလောင်သွားနိုင်တယ် အရင်ဆုံး အဲ့မင်းသမီးကို ယီမင်ဆီ မရောက်အောင် လုပ်ဖို့ မင်းတာဝန် ယူလိုက်တော့’


‘ဆရာ’


‘ဆစ်ကျီ နတ်မင်း!! ဆစ်ကျီ နတ်မင်း!!’


ကျိုးယွီအား တာဝန်ပေးပြီး လှည့်ထွက်ကာမှ ငြိမ်းချမ်းရေး နတ်မင်း ဖြစ်သော နတ်မင်းသားနှစ်က ပြေးလာသဖြင့် ခြေလှမ်းတွေ ရပ်သွား၏။


‘နတ်မင်းသားနှစ်’


‘ငါ မင်းကို အရမ်းကို အရေးကြီးပြီးတော့ ကြောက်စရာ ကောင်းတဲ့ ကိစ္စတစ်ခု ပြောဖို့ ရှိတယ်’


‘အဲ့တာကို ငါ ဝင်ပါမှာ မဟုတ်ဘူး ချင်းရန် မင်းကိုယ့်ဖာသာ ဖြေရှင်းလိုက်ပါ ကြယ်တာရာ ဒေသက အင်အားနည်းနေလို့ ကြောက်ရွံ့ပြီးတော့ မင်းသမီး ပို့ပေးချင်တာက အရေးမကြီးဘူး ဒါပေမယ့် တလီယီမင် ဖြစ်နေတာကတော့ သူတို့ ကံဆိုးသွားတာပဲ ရင်းအာ သူမက သေချာပေါက် ကြယ်တာရာ ဒေသကို ခွင့်လွတ်မှာ မဟုတ်ဘူး မင်းပဲ ကြည့်ပြီး ဖြေရှင်းလိုက်ပါ ငါ သွားပြီ’


ဆစ်ကျီ နတ်မင်း ထွက်သွားပြီ ဆိုမှ ချင်းရန် နတ်မင်းသား လက်အတွင်းမှ ဒေါင်းမွှေး ယပ်တောင်ကို ခပ်မြန်မြန် ခပ်ရင်း ကျန်နေရစ်တော့၏။ ပြီးနောက်တွင်မူ


‘ဆစ်ကျီ နတ်မင်း ဆစ်ကျီ နတ်မင်း ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ် ဒါပေမယ့် ကျွန်တော်မျိုး ဖြေရှင်းမယ့် ကိစ္စကို ကျွန်တော့်ဖာသာ လုပ်ဆောင်မှာမို့လို့ ဆစ်ကျီ နတ်မင်းက ခွင့်ပြုပေးပါ’


‘ကောင်းပြီ မင်းအဆင်ပြေတယ်ဆို ပြီးတာပါပဲ’


ဆစ်ကျီ ဘာမှ မပြောတော့ပဲ အေးစက်စွာ လှည့်ထွက်လာခဲ့တော့၏။ နန်းဆောင်အတွင်းသို့ ရောက်တော့ ရင်းအာ၏ ကံတရားကို ပြန်ပြီး တွက်ချက်မိပြန်သည်။ မပြောင်းလဲသေးသော ကံဆိုးခြင်းကို တွေ့ရှိပြီးမှ ဆစ်ကျီ သက်ပြင်းချလိုက်မိတော့၏။


ထို့နောက်တွင်မှ သူ့ကံတရားကို သူ့ဖာသာ ပြန်တွက်လိုက်သည်။ ~~ချစ်ခြင်း နက္ခ၊ ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ကံဇာတာမှာ ချစ်ခြင်း နက္ခက ရောက်နေရတာလဲ၊ ပြီးတော့ ချစ်ခြင်းနက္ခက အားကောင်းနေတယ် မဖြစ်နိုင်လိုက်တာ ငါက ခံစားချက်မဲ့ ဂါထာကို စီးမြောအနိုင်ဆုံး နတ်မင်း တစ်ပါး တစ်ခါတစ်လေ ကံတရားကို ကြည့်တဲ့ နက္ခက အမှားအယွင်း ရှိတတ်တယ် ထင်တယ်~~


@@@@@@@@@@


နတ်မင်းသားနှစ် ချင်းရန် ဆစ်ကျီ နတ်မင်း၏ ပုံပန်းသဏ္ဍာန် ဖန်ဆင်းလိုက်ပြီးမှ ကြယ်တာရာ ဒေသနှင့် ကောင်းကင်၏ လမ်းကြောင်းတွင် စောင့်နေလိုက်သည်။


ဆံပင်အဖြူတွေ အရှည်ကြီးနှင့် အေးစက်သော နတ်မင်း၏ ပုံစံကို ခဏမျှ ယူသုံးရတာ လုံးဝ မလွယ်ကူတဲ့အပြင် နဖူးမှ ချွေးတောင် ကျချင်လာသည်။ ထို့ကြောင့် နဖူးရှိ ချွေးတို့ကို အသာတို့သုတ် လိုက်ပြီးမှ အရှေ့သို့ မျှော်ကြည့်လိုက်သည်။


သိပ်မကြာခင်မှာပဲ ကြယ်တာရာ ဒေသမှ ဆက်သခံ သတို့သမီး၏ လှည်းယဉ်က နတ်သူငယ် လေးပါး ထမ်းလျက် ရောက်လာ၏။ ချင်းရန် လက်ကို ပင့်မလိုက်ပြီးမှ လေပေါ်တွင် ပျံတက်လိုက်ကာ


‘ကြယ်တာရာ ဒေသ နတ်မင်းသမီးကို ကောင်းကင်ပြည်က အိမ်ရှေ့မင်းသား အတွက် ဆက်သလိုက်တယ်လို့ သိရတယ်’


နတ်သူငယ် တချို့က ထိတ်လန့်စွာဖြင့် လှမ်းကြည့်လာပြီးလျှင်


‘ဆစ်ကျီ နတ်မင်းကို တင်လျှောက်ပါတယ် ကြယ်တာရာ ဒေသမှာ နတ်မျိုးနွယ်တွေ စွမ်းအား လျော့နည်းနေတာ နှစ်တစ်သိန်းဝန်းကျင် ရှိပါပြီ တချို့ နတ်တွေ ဆိုရင် အသက်ရွယ် ကြီးရင့်မှုတောင် ဖြစ်ပျက်နေပါတယ် အဲ့တာတွေကို ဖြေရှင်းပေးဖို့ ကောင်းကင်မင်းကြီး ဆီမှာ ခွင့်တောင်းဖို့ မဝံ့ရဲလို့ ကျွန်တော်တို့ ဒေသက ကျန်ရှိနေတဲ့ နတ်မင်းသမီးကို အိမ်ရှေ့မင်းသားထံသို့ ဆက်သရခြင်းပါ’


‘ကောင်းပြီ ဒီကိစ္စကို ငါ ဆစ်ကျီ မင်းတို့ အတွက် ကူညီပေးလိုက်မယ် ဒါပေမယ့် ဒီမင်းသမီးကို အိမ်ရှေ့မင်းသားဆီ ဆက်သဖို့ ငါ ဆစ်ကျီ ခွင့်မပြုနိုင်ဘူး မင်းတို့ ငါ့တူမကို မထေမဲ့မြင် ပြုဖို့ ကြိုးစားနေတာလား’


‘မလုပ်ရဲပါဘူး ဒါပေမယ့် နတ်မင်း ဒီမင်းသမီးလေးက’


‘ငါသူ့ကို တပည့်အဖြစ် ခေါ်သွားပေးမယ် တခြားသူတွေ ပြန်တော့’


ပြန်တော့ဟု ဆိုသဖြင့် တခြားသော နတ်သူငယ်များက လှည်းကို ထားရစ်ကာ ပြန်သွားကြ၏။ ချင်းရန် ဆစ်ကျီ၏ ပုံသဏ္ဍာန်ကို ဖျောက်လိုက်ပြီး လှည်းပေါ်တွင် ကာထားသော လိုက်ကာကို ဆွဲဖယ်လိုက်တော့ တစ်ခဏမျှ မှင်တက်သွားမိ၏။


~~သူမက ကြယ်နတ်သမီး ဆိုတဲ့အလိုက် လရောင်လို ကြည်လင်တဲ့ အသားအရေနဲ့ လှလိုက်တာ~~


နဖူးလေးက ဝိုင်းဝန်းနေပြီး နှာတံလုံးလုံးလေးနဲ့ နှင်းဆီဖျော့ရောင် နှုတ်ခမ်းဝိုင်းဝိုင်းလေးရယ် မျက်နှာကျပုံလေးက ဘဲဥပုံလေး ဖြစ်လျက် လှနိုင်လွန်း၏။ သို့သော် သူမက မျက်လုံးတွေကို ပုဝါဖြင့် စည်းနှောင်ထားခြင်းကြောင့် ချင်းရန် စိတ်ထဲဝယ် တစ်မျိုးလေး ဖြစ်သွားသည်။


‘မင်း နာမည်က ဘာတဲ့လဲ ကြယ်တာရာ ဒေသမှာ ဘာရာထူး ရှိတာလား’


‘ကျွန်မက ကြယ်တာရာ ဒေသ ရှင်းမျိုးနွယ်မှာ ကျန်ရှိတဲ့ နောက်ဆုံး မင်းသမီးငယ်လေးပါ နာမည်က ရှင်းရောင်း’


‘ရောင်း ဟုတ်လား နာမည်က မတင့်တယ်လိုက်တာ’


‘ကျွန်မ အမေက မိစ္ဆာမျိုးနွယ်မို့ ကျွန်မကို ဒီနာမည် ပေးထားတာပါ’


‘ထားလိုက်ပါ ငါက ဆစ်ကျီ နတ်မင်းရဲ့ အမိန့်အရ လာတားတာ ဆိုပေမယ့် ဆစ်ကျီ နတ်မင်းက မင်းကို တပည့်အဖြစ်လိုချင်မှ လိုချင်မှာ’


‘ဒါနဲ့ မင်းက ဘာလို့ မျက်လုံးတွေကို ကာကွယ် ထားတာလဲ’


‘ကျွန်မတို့ ရှင်းမျိုးနွယ်က ကောင်းကင်ကို အမှားကြီး လုပ်မိတယ်လို့ ကြယ်တာရာ ဒေသက နတ်တွေက ပြောပါတယ် အဲ့တာကြောင့် ကျွန်မက ကောင်းကင်က နတ်တွေကို မတွေ့ဖူးသင့်တဲ့ နတ်သမီးလို့ ဆိုပါတယ် တကယ်လို့ အိမ်ရှေ့မင်းသားက ခွင့်ပြုမှသာလျှင် ဒီ ပုဝါကို ဖြေရမယ်လို့ ပြောပါတယ်’


‘အဲ့တာက အဲ့လောက် မလိုပါဘူး မင်း ဒီလောက် မပြင်းထန်ပါနဲ့ တစ်ခါလေ ဘိုးဘေးတွေ လုပ်သွားတာကို အဲ့လောက်ထိ ပေးဆပ်ဖို့ မလိုပါဘူး ရှင်းရောင်း’


‘ဒါပေမယ့် ကျွန်မက ဆန္ဒရှိပါတယ် အခုလို အိမ်ရှေ့မင်းသားကလည်း ငြင်းပယ်ပြီး ဆစ်ကျီ နတ်မင်းကလည်း လက်မခံချင်ဘူး ဆိုတော့ ကျွန်မ ဘယ်သွားရမလဲ’


‘ငါ မင်းကို နေရာတစ်ခု လိုက်ပို့ပေးမယ် မင်းအဲ့မှာပဲ နေ’


‘ကောင်းပါပြီ’


~~ဆစ်ကျီ နတ်မင်း ကျွန်တော်တော့ အခုလို ဖြေရှင်းလာခဲ့ပြီ အဆင်ပြေသလိုသာ ကြည့်လုပ်ပေတော့~~


နတ်မင်းသားနှစ် ချင်းရန်က ရှင်းရောင်း နတ်မင်းသမီးအား ခေါ်ယူလာခဲ့ပြီး ဆစ်ကျီ နတ်မင်း၏ နန်းဆောင်ရှေ့တွင် ထားရစ်ခဲ့ပြီး ပြန်ထွက်လာခဲ့တော့၏။ ~~ဆစ်ကျီ နတ်မင်းက လက်ခံမလား လက်မခံ ဘူးလား ဆိုတာကတော့ ရှင်းရောင်းရေ မင်းရဲ့ ကံတရားအတိုင်းပဲ စီရင်ပေတော့~~


rate now:

8 Reviews
  • reader Maythuzar 26.02.2020, 02:39 5

    မျော်နေပါပီနော်မမစွဲ

    reply

  • reader Lwin mar oo 21.01.2020, 07:06 4.9

    Good

    reply

  • reader Pankalay 20.01.2020, 05:58 5

    အရမ်းကောင်းတယ်စွဲရေ

    reply

  • reader KhaingThitsar 20.01.2020, 05:40 4.9

    Good

    reply

  • reader Pankalay 19.01.2020, 17:03 5

    Good swae

    reply

  • reader Thet Thet Hlaing 19.01.2020, 17:01 5

    unicode ဖတ္မရ

    reply

  • reader MayMyatMoeMyint 12.12.2019, 04:18 5

    good

    reply

  • reader JuliusJulius 25.11.2019, 05:17 5

    Very good. I love u.

    reply