book

Index 19

Part-7.2

Zawgyi

Part-7.2


ရင္းအာ လံုးဝ မအိပ္ထားတာ သိပ္ျပီး ၾကာေနျပီ ျဖစ္တာေၾကာင့္.. ယီမင္ အျပစ္တင္လုိတာကို အေနာက္သို႔ ေရြ႔လုိက္ဖို႔ ဆံုးျဖတ္လိုက္ျပီး.. လက္ကို ေဝွ႔ယမ္းလုိက္၏။ ရင္းအာ၏ ေကာင္းကင္ နဂါးပန္းကို လက္ျဖင့္ ခံယူလုိက္ကာ.. ထိုေနရာမွ ခ်က္ခ်င္းပင္ ထြက္လာခဲ့ေတာ့၏။


ေကာင္းကင္ အကာကြယ္ အတြင္းသို႔ ေရာက္မွ.. ရင္းအာကုိ သလြန္ေပၚသို႔ တင္ေပးလုိက္ကာ.. အစတစ္စကို လုိက္ရွာလုိက္ျပီး.. နဖူးရွိ.. ေသြးစမ်ားကို ညင္သာစြာ သုတ္ေပးလုိက္မိသည္။ သူမထံမွ ေသရည္နံ႔ကို ရေတာ့မွ ရင္းအာ ဘာေၾကာင့္မို႔ အခုလို ဒဏ္ရာရသြားတာလဲ ဆိုတာကို နားလည္သလို ရွိသြား၏။


ေသရည္..၊ သူမ ေသရည္ မေသာက္တာ အရမ္းၾကာလို႔ ခံႏုိင္ရည္ မရွိေတာ့တာလား..၊ ဘာေၾကာင့္မို႔ မေသာက္ေတာ့တာလဲ ဆုိတာကို ေတြးမိေတာ့ သူမကိုယ္စား ထပ္ဆင့္ ရင္နာမိျပန္သည္။


@@@@@@@@@@@


“ရြယ္အာ.. ရြယ္အာ..”


ပုိင္ထင္ ေရနန္းေတာ္မွ မျပန္သြားႏိုင္ေသးပဲ ပူပန္ေနမိသည္။ ေတာင္ပုိင္း ေရဘုရင္ လုခ်ီပင္လွ်င္ ဟုန္ရြယ္အား အခန္းတစ္ခန္း ေပးကာ.. ေနေစ၏။ ေရနန္းေတာ္မွ သမားေတာ္မ်ားကို ေခၚယူကာ ကုသေစေသာ္လည္း ဟုန္ရြယ္၏ ေသြးအန္ေနမႈက ရပ္တန္႔သြားျခင္း မရွိေပ။ တစ္ရက္တစ္ျခား ပိုျပီး ဆိုးလာကာ ေနာက္ဆံုးတြင္ ေရဘုရင္ လုခ်ီက နတ္ေျမေခြးဘုရင္အား ေခၚယူျပီးေနာက္..


“ဒီဒဏ္ရာကို သမားေတာ္ေတြက ကုသလို႔ မရႏုိင္ဘူး ေျပာတယ္.. ဒါက ေကာင္းကင္နဂါးပန္းေၾကာင့္ ရတဲ့ ဒဏ္ရာ ဆုိေတာ့ သိပ္ျပီး ျပင္းထန္လြန္းတယ္.. တစ္လမျပည့္ခင္မွာပဲ အတြင္းကေန ေလာင္ကၽြမ္းလိုက္စားေနတဲ့ ဒဏ္ရာေၾကာင့္ ေသဆံုးသြားႏုိင္တယ္လို႔ ေျပာတယ္..”


ပိုင္ထင္ ထိုေနရာမွာတင္ မူးေဝေဝ ျဖစ္သြားခ်င္၏။ ႏွစ္တစ္ေထာင္ေတာင္မွ မျပည့္ေသးေသာ သမီးေလးက အခုလို ေသဆံုးသြားရေတာ့မလား..၊


“အဲ့တာကို ကုသႏုိင္သူက က်ိဳးမ်ိဳးႏြယ္ နတ္ေတြပဲ ရွိတာ.. ဒါေတာင္မွ ရင္းရင္းပဲ ကုသႏိုင္မယ္လို႔ ၾကားဖူးတယ္..”


“ကၽြန္ေတာ္ သြားေတာင္းဆိုမယ္..”


အဲ့ဒီေန႔က အျဖစ္အပ်က္အား.. ေရသလင္းတြင္ ျပန္ၾကည့္ျပီး ျဖစ္၍ လြန္ေသာသူက သူ႔သမီး ပိုင္ဟုန္ရြယ္ ျဖစ္ေနသျဖင့္ ေကာင္းကင္ကို အျပစ္လုပ္မိျပီလားဟုပင္ ပိုင္ထင္ စိုးရိမ္ေနသည္ ျဖစ္ရာ.. ဒဏ္ရာရေအာင္ လုပ္ထားျပီးေသာ က်ိဳးရင္း နတ္ဘုရားမအား ျပန္ျပီး ကုသေပးဖို႔ ေတာင္းဆိုျခင္းက မျဖစ္ႏုိင္ဟု ပိုင္ထင္ ထင္ျမင္မိသည္။  ေရဘုရင္ ေရွာင္လုခ်ီက ေခါင္းကို အသာေလး ယမ္းခါလိုက္ျပီးမွ..


“ရင္းရင္းက အခုခ်ိန္မွာ စိတ္ေတြ မတည္ျငိမ္ဘူး.. လြယ္လြယ္နဲ႔ ေတာင္းဆိုလို႔လည္း ရႏုိင္မွာ မဟုတ္ဘူး.. တစ္ခု အၾကံေပးလို႔ ရတာက သလင္းနန္းေဆာင္ရွင္ ဆစ္က်ီနတ္မင္းက က်ိဳးရင္းရဲ႕ဆရာလည္း ဟုတ္တယ္ ဦးေလးလည္း ဟုတ္တယ္.. သူ႔ဆီကို သြားျပီး ေတာင္းဆိုလို႔ ရတယ္ ဆိုရင္.. က်ိဳးရင္းက မင္းတို႔ကို မ်က္ႏွာသာ ေပးေကာင္းရဲ႕..”


“အေဖ အေဖက ပိုင္ေဒသရဲ႕ ဘုရင္မို႔လို႔ မသင့္ေတာ္ေပမယ့္ ကၽြန္ေတာ္က ဘုရင္ မဟုတ္ဘူး.. အဲ့တာကို လုပ္ဖို႔ သင့္ေတာ္တယ္..”


ေရွာင္လုခ်ီ အနီေရာင္ ေျမေခြးငယ္ေလး ေျပာလုိက္တာကို ေခါင္းညိတ္လုိက္ျပီးမွ..


“ကၽြန္ေတာ္ သူ႔ကို ေကာင္းကင္ကို လုိက္ပို႔ေပးပါ့မယ္.. ပိုင္အစ္ကိုၾကီးက ဒီမွာပဲ နားေနလိုက္ပါအံုး..”


ေရဘုရင္ လုခ်ီ ေခၚလာေသာ လမ္းအတိုင္း လုိက္လာျပီးမွ နန္းေဆာင္ တစ္ခုလံုးကို သလင္းေက်ာက္ျဖင့္ စီျခယ္ထားသည့္ ေနရာသို႔ ေရာက္ေတာ့ ေရွာင္လုခ်ီက..


“ဆစ္က်ီ နတ္မင္းကို ဂါရဝျပဳဖို႔ လူငယ္ တစ္ဦးကို ေခၚလာပါတယ္..”


“လာခဲ့..”


အိမ္ေရွ႕မင္းသား၏ အသံအား ၾကားဖူးသမွ် အသံေတြထဲတြင္ ေအးစက္သည္ဟု ထင္ျမင္မိျခင္းက မွားယြင္းေလျပီ။ ယခု ၾကားလုိက္ရေသာ အသံက ပိုင္ေဒသ တစ္ခုလံုးကို ေအးခဲသြားေစႏုိင္သည္ဟု ဟူအာမွတ္ထင္မိသည္။ အတြင္းသို႔ လွမ္းဝင္လာျပီး ျမင္လုိက္ေတာ့မွ.. ထိုေအးခဲမႈက ပိုျပီ ဆိုးဝါးေနေလေတာ့၏။ ရွည္လ်ားျဖဴေဖြးေနေသာ ေငြမွင္ေရာင္ ဆံႏြယ္တို႔ျဖင့္ မ်က္ဝန္းေတြမွအစ လႈပ္ရွားမႈေတြ အဆံုး ေအးစက္ေနသည့္ နတ္မင္း တစ္ပါးက နန္းေဆာင္ အလယ္ရွိ ၾကာပန္းေရကန္ အတြင္းသို႔ ငါးမ်ားကို အစားေကၽြးရင္း.. လက္ကို ေနာက္သို႔ ပစ္ထားကာ သူ၏ ဆံပင္ေတြကို စမ္းသပ္ေနသည္။


“ဆစ္က်ီ နတ္မင္း..”


“ေအာ္.. ေရဘုရင္ ေရွာင္လုခ်ီ ငါ့နန္းေဆာင္ကို လာတာ ဆိုေတာ့ ထူးျခားတာ ရွိလို႔လား..”


“ဒါက ပိုင္ေဒသရဲ႕ မင္းသားပါ.. ပိုင္ဟုန္ဟူ..”


“ေအာ္.. ရင္းအာကို ဒဏ္ရာရေစခဲ့တဲ့ ေျမေခြးေမာင္ႏွမလား..”


ထိုအထိလည္း ဟူအာ တိတ္ဆိတ္ေနမိဆဲ ျဖစ္၏။ ထိုခံစားခ်က္ နည္းနည္းမွ မရွိေသာ နတ္မင္းထံတြင္ ဟုန္ရြယ္၏ အသက္ကို ျပန္ေတာင္းဆိုဖို႔ ျဖစ္ႏိုင္မွာလားဟု သံသယ ျဖစ္ဖြယ္အျပည့္ ရွိသည္။  ေရွာင္လုခ်ီက အနည္းငယ္ အမ္းသြားေသာ မ်က္ႏွာျဖင့္ ျဖစ္ေသာ္လည္း.. ဆစ္က်ီ နတ္မင္းကပဲ ဆက္၍..


“ယီမင္က မင္းတို႔ကို အျပစ္မေပးပဲ ျပန္လာခဲ့တယ္လို႔ ၾကားတယ္.. အဲ့တာဆို လံုေလာက္ျပီေလ.. ဘာလို႔ ေကာင္းကင္ထိ တက္လာျပီး ျပသနာ ရွာဖို႔ လိုမွာလဲ..”


“ဟုန္ရြယ္ရဲ႕ ဒဏ္ရာကို ေျမျပင္ေဒသက ဘယ္နတ္မွ ကုလို႔ မေပ်ာက္ဘူးလို႔ ေျပာတယ္..”


ဟုန္ဟူ အရဲစြန္႔လ်က္ ေျပာလုိက္ရ၏။ သို႔ေသာ္ ထိုနတ္မင္းက ပိုျပီး ေအးစိမ့္သြားေစႏုိင္ေသာ အၾကည့္တို႔ျဖင့္..


“ေသသင့္တယ္.. ရင္းအာကို ဒဏ္ရာရေအာင္ လုပ္ရဲတဲ့ နတ္ဆုိရင္ ကိုယ့္ျဖစ္တာကို ကိုယ့္ဖာသာ ခံယူဖို႔လည္း မေမ့နဲ႔ေလ.. အဲ့ဒီကိစၥနဲ႔ မင္းတို႔ ငါ့ဆီမွာ အကူညီလာေတာင္းတာ ဆိုရင္ေတာ့ မင္းတို႔ အေရြးမွားျပီ.. ငါက သမာသမတ္က်တဲ့နတ္ မဟုတ္ဘူး.. တစ္ေလာကလံုးက နတ္ေတြ ေသေနမွ ငါ့ရဲ႕ရင္းအာ ေပ်ာ္မယ္ ဆိုရင္ သူမေပ်ာ္ပါေစ..”


“ခင္ဗ်ားက ဘာနတ္မင္းလဲ ဘယ္လုိ နတ္မင္းမို႔လို႔.. ဒီလို စကားကို ေျပာရဲရတာလဲ.. အဲ့ဒီ က်ိဳးရင္း.. သူက နဖူးမွာ ဒဏ္ရာအနည္းငယ္ပဲ ရသြားတာ.. ကၽြန္ေတာ္ အစ္မက ေသေတာ့မလို ျဖစ္ေနတာ.. အဲ့တာကို..”


“သူက ေသသင့္လို႔ေလ.. ေရွာင္ေရာင္း.. ေရဘုရင္ကို လုိက္ပို႔လိုက္ပါ..”


ေရွာင္လုခ်ီက ဘာမွမတတ္ႏုိင္ေသာ ကိစၥအျဖစ္ သတ္မွတ္လိုက္ကာ.. ဆစ္က်ီ နတ္မင္း ေျပာတဲ့အတိုင္း.. သလင္းနန္းေဆာင္မွ ထြက္ရန္ ျပင္လုိက္သည္။ သို႔ေသာ္ ဟုန္ဟူဆိုေသာ အနီေရာင္ေျမေခြးကေတာ့ ထိုသို႔ မေတြးမိပဲ ဆစ္က်ီ နတ္မင္းထံသို႔ ေျပးဝင္သြားကာ.. လမ္းကို ပိတ္ရပ္လိုက္၏။


ဒါက ဆစ္က်ီ နတ္မင္းအား ႏွစ္သိန္းေပါင္းမ်ားစြာ အတြင္းမွာ ဘယ္နတ္မွ မခန္႔ေလးစား မျပဳရဲဟူေသာ မူကို ခ်ိဳးေဖာက္လုိက္ျခင္း ျဖစ္ေသာေၾကာင့္ ေရွာင္လုခ်ီပင္ တအံ့တၾသ ျဖစ္သြားေစ၏။ သို႔ေသာ္ ဆစ္က်ီ နတ္မင္းက ဟုန္ဟူအား.. လက္ျဖင့္ တစ္ခ်က္မွ်သာ ေဝွ႔ယမ္းလုိက္ျပီး.. နန္းေဆာင္အျပင္သို႔ လႊင့္စင္ထုတ္လိုက္ေလ၏။ ျပီးမွ..


“ေရွာင္ေရာင္း.. နန္းေဆာင္တံခါးကို ရိုင္းစိုင္းတဲ့နတ္ေတြ အတြက္ လံုးဝ မဖြင့္ေပးနဲ႔..”


“ငါ့အစ္မက ေသေတာ့မယ္.. မင္းတို႔ ေကာင္းကင္က နတ္ေတြက သူ႔ကို ျငဴစူေနတုန္းလား.. သူက အခုမွ အသက္ ႏွစ္တစ္ေထာင္ပဲ ရွိေသးတာ.. သူ နည္းနည္းေလာက္ မေတာ္တဆ ျဖစ္မိတာကို မင္းတို႔ ေကာင္းကင္က နတ္ေတြက သေဘာထား မၾကီးႏိုင္ၾကဘူးလား..”


ဟုန္ဟူ ေအာ္ဟစ္ေနတာကို နန္းေဆာင္ေရွ႕မွ ျဖတ္သြားေသာ နတ္အေစခံငယ္ေလးမ်ားက လွည့္ၾကည့္သြားၾက၏။ ဟုန္ဟူ ေဒါသတၾကီး အတြင္းသို႔ ျပန္ဝင္ဖုိ႔ ျပင္လုိက္ေသာ္လည္း.. ေရွာင္လုခ်ီက လွမ္းဆြဲလုိက္ရင္း..


“မလုပ္နဲ႔!!.. မင္း ဆစ္က်ီ နတ္မင္းကို ဘာထင္ေနတာလဲ.. လာခဲ့ မင္း အိမ္ေရွ႕မင္းသားကို ေနာက္ဆံုးအဆင့္အေနနဲ႔ ေတာင္းဆိုၾကည့္လုိ႔ ရႏုိင္တယ္..”


ေရွာင္လုခ်ီက သူ႔အား တိမ္ခိုးေတြ ေဝ့သိုင္းေနေသာ နန္းေဆာင္တစ္ခုသို႔ ေခၚေဆာင္လာသည္။ ထိုနန္းေဆာင္၏ ထူးျခားခ်က္မွာ.. နန္းေဆာင္၏ အေပၚတြင္ ပ်ံသန္းေနေသာ နဂါးႏွစ္ေကာင္ႏွင့္ ျငိမ္သက္ေနေသာ နဂါးတစ္ေကာင္ကို ေတြ႔ရ၏။


သူ နန္းေဆာင္အျပင္တြင္ ေစာင့္က်ပ္သူ မရွိေသာေၾကာင့္.. အတြင္းသို႔ လွမ္းဝင္ရန္ ျပင္လုိက္သည္။ သို႔ေသာ္ ပ်ံေနေသာ နဂါးတစ္ေကာင္က ဆင္းလာျပီး သူ႔အေရွ႕တြင္ ပိတ္ကာလုိက္ကာ..


“ေကာင္းကင္ အကာကြယ္ နန္းေဆာင္ ဆိုတာ ဝင္ခ်င္တိုင္း ဝင္လို႔ မရဘူး ကေလး..”


Uni

Part-7.2


ရင်းအာ လုံးဝ မအိပ်ထားတာ သိပ်ပြီး ကြာနေပြီ ဖြစ်တာကြောင့်.. ယီမင် အပြစ်တင်လိုတာကို အနောက်သို့ ရွေ့လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး.. လက်ကို ဝှေ့ယမ်းလိုက်၏။ ရင်းအာ၏ ကောင်းကင် နဂါးပန်းကို လက်ဖြင့် ခံယူလိုက်ကာ.. ထိုနေရာမှ ချက်ချင်းပင် ထွက်လာခဲ့တော့၏။


ကောင်းကင် အကာကွယ် အတွင်းသို့ ရောက်မှ.. ရင်းအာကို သလွန်ပေါ်သို့ တင်ပေးလိုက်ကာ.. အစတစ်စကို လိုက်ရှာလိုက်ပြီး.. နဖူးရှိ.. သွေးစများကို ညင်သာစွာ သုတ်ပေးလိုက်မိသည်။ သူမထံမှ သေရည်နံ့ကို ရတော့မှ ရင်းအာ ဘာကြောင့်မို့ အခုလို ဒဏ်ရာရသွားတာလဲ ဆိုတာကို နားလည်သလို ရှိသွား၏။


သေရည်..၊ သူမ သေရည် မသောက်တာ အရမ်းကြာလို့ ခံနိုင်ရည် မရှိတော့တာလား..၊ ဘာကြောင့်မို့ မသောက်တော့တာလဲ ဆိုတာကို တွေးမိတော့ သူမကိုယ်စား ထပ်ဆင့် ရင်နာမိပြန်သည်။


@@@@@@@@@@@


“ရွယ်အာ.. ရွယ်အာ..”


ပိုင်ထင် ရေနန်းတော်မှ မပြန်သွားနိုင်သေးပဲ ပူပန်နေမိသည်။ တောင်ပိုင်း ရေဘုရင် လုချီပင်လျှင် ဟုန်ရွယ်အား အခန်းတစ်ခန်း ပေးကာ.. နေစေ၏။ ရေနန်းတော်မှ သမားတော်များကို ခေါ်ယူကာ ကုသစေသော်လည်း ဟုန်ရွယ်၏ သွေးအန်နေမှုက ရပ်တန့်သွားခြင်း မရှိပေ။ တစ်ရက်တစ်ခြား ပိုပြီး ဆိုးလာကာ နောက်ဆုံးတွင် ရေဘုရင် လုချီက နတ်မြေခွေးဘုရင်အား ခေါ်ယူပြီးနောက်..


“ဒီဒဏ်ရာကို သမားတော်တွေက ကုသလို့ မရနိုင်ဘူး ပြောတယ်.. ဒါက ကောင်းကင်နဂါးပန်းကြောင့် ရတဲ့ ဒဏ်ရာ ဆိုတော့ သိပ်ပြီး ပြင်းထန်လွန်းတယ်.. တစ်လမပြည့်ခင်မှာပဲ အတွင်းကနေ လောင်ကျွမ်းလိုက်စားနေတဲ့ ဒဏ်ရာကြောင့် သေဆုံးသွားနိုင်တယ်လို့ ပြောတယ်..”


ပိုင်ထင် ထိုနေရာမှာတင် မူးဝေဝေ ဖြစ်သွားချင်၏။ နှစ်တစ်ထောင်တောင်မှ မပြည့်သေးသော သမီးလေးက အခုလို သေဆုံးသွားရတော့မလား..၊


“အဲ့တာကို ကုသနိုင်သူက ကျိုးမျိုးနွယ် နတ်တွေပဲ ရှိတာ.. ဒါတောင်မှ ရင်းရင်းပဲ ကုသနိုင်မယ်လို့ ကြားဖူးတယ်..”


“ကျွန်တော် သွားတောင်းဆိုမယ်..”


အဲ့ဒီနေ့က အဖြစ်အပျက်အား.. ရေသလင်းတွင် ပြန်ကြည့်ပြီး ဖြစ်၍ လွန်သောသူက သူ့သမီး ပိုင်ဟုန်ရွယ် ဖြစ်နေသဖြင့် ကောင်းကင်ကို အပြစ်လုပ်မိပြီလားဟုပင် ပိုင်ထင် စိုးရိမ်နေသည် ဖြစ်ရာ.. ဒဏ်ရာရအောင် လုပ်ထားပြီးသော ကျိုးရင်း နတ်ဘုရားမအား ပြန်ပြီး ကုသပေးဖို့ တောင်းဆိုခြင်းက မဖြစ်နိုင်ဟု ပိုင်ထင် ထင်မြင်မိသည်။  ရေဘုရင် ရှောင်လုချီက ခေါင်းကို အသာလေး ယမ်းခါလိုက်ပြီးမှ..


“ရင်းရင်းက အခုချိန်မှာ စိတ်တွေ မတည်ငြိမ်ဘူး.. လွယ်လွယ်နဲ့ တောင်းဆိုလို့လည်း ရနိုင်မှာ မဟုတ်ဘူး.. တစ်ခု အကြံပေးလို့ ရတာက သလင်းနန်းဆောင်ရှင် ဆစ်ကျီနတ်မင်းက ကျိုးရင်းရဲ့ဆရာလည်း ဟုတ်တယ် ဦးလေးလည်း ဟုတ်တယ်.. သူ့ဆီကို သွားပြီး တောင်းဆိုလို့ ရတယ် ဆိုရင်.. ကျိုးရင်းက မင်းတို့ကို မျက်နှာသာ ပေးကောင်းရဲ့..”


“အဖေ အဖေက ပိုင်ဒေသရဲ့ ဘုရင်မို့လို့ မသင့်တော်ပေမယ့် ကျွန်တော်က ဘုရင် မဟုတ်ဘူး.. အဲ့တာကို လုပ်ဖို့ သင့်တော်တယ်..”


ရှောင်လုချီ အနီရောင် မြေခွေးငယ်လေး ပြောလိုက်တာကို ခေါင်းညိတ်လိုက်ပြီးမှ..


“ကျွန်တော် သူ့ကို ကောင်းကင်ကို လိုက်ပို့ပေးပါ့မယ်.. ပိုင်အစ်ကိုကြီးက ဒီမှာပဲ နားနေလိုက်ပါအုံး..”


ရေဘုရင် လုချီ ခေါ်လာသော လမ်းအတိုင်း လိုက်လာပြီးမှ နန်းဆောင် တစ်ခုလုံးကို သလင်းကျောက်ဖြင့် စီခြယ်ထားသည့် နေရာသို့ ရောက်တော့ ရှောင်လုချီက..


“ဆစ်ကျီ နတ်မင်းကို ဂါရဝပြုဖို့ လူငယ် တစ်ဦးကို ခေါ်လာပါတယ်..”


“လာခဲ့..”


အိမ်ရှေ့မင်းသား၏ အသံအား ကြားဖူးသမျှ အသံတွေထဲတွင် အေးစက်သည်ဟု ထင်မြင်မိခြင်းက မှားယွင်းလေပြီ။ ယခု ကြားလိုက်ရသော အသံက ပိုင်ဒေသ တစ်ခုလုံးကို အေးခဲသွားစေနိုင်သည်ဟု ဟူအာမှတ်ထင်မိသည်။ အတွင်းသို့ လှမ်းဝင်လာပြီး မြင်လိုက်တော့မှ.. ထိုအေးခဲမှုက ပိုပြီ ဆိုးဝါးနေလေတော့၏။ ရှည်လျားဖြူဖွေးနေသော ငွေမှင်ရောင် ဆံနွယ်တို့ဖြင့် မျက်ဝန်းတွေမှအစ လှုပ်ရှားမှုတွေ အဆုံး အေးစက်နေသည့် နတ်မင်း တစ်ပါးက နန်းဆောင် အလယ်ရှိ ကြာပန်းရေကန် အတွင်းသို့ ငါးများကို အစားကျွေးရင်း.. လက်ကို နောက်သို့ ပစ်ထားကာ သူ၏ ဆံပင်တွေကို စမ်းသပ်နေသည်။


“ဆစ်ကျီ နတ်မင်း..”


“အော်.. ရေဘုရင် ရှောင်လုချီ ငါ့နန်းဆောင်ကို လာတာ ဆိုတော့ ထူးခြားတာ ရှိလို့လား..”


“ဒါက ပိုင်ဒေသရဲ့ မင်းသားပါ.. ပိုင်ဟုန်ဟူ..”


“အော်.. ရင်းအာကို ဒဏ်ရာရစေခဲ့တဲ့ မြေခွေးမောင်နှမလား..”


ထိုအထိလည်း ဟူအာ တိတ်ဆိတ်နေမိဆဲ ဖြစ်၏။ ထိုခံစားချက် နည်းနည်းမှ မရှိသော နတ်မင်းထံတွင် ဟုန်ရွယ်၏ အသက်ကို ပြန်တောင်းဆိုဖို့ ဖြစ်နိုင်မှာလားဟု သံသယ ဖြစ်ဖွယ်အပြည့် ရှိသည်။  ရှောင်လုချီက အနည်းငယ် အမ်းသွားသော မျက်နှာဖြင့် ဖြစ်သော်လည်း.. ဆစ်ကျီ နတ်မင်းကပဲ ဆက်၍..


“ယီမင်က မင်းတို့ကို အပြစ်မပေးပဲ ပြန်လာခဲ့တယ်လို့ ကြားတယ်.. အဲ့တာဆို လုံလောက်ပြီလေ.. ဘာလို့ ကောင်းကင်ထိ တက်လာပြီး ပြသနာ ရှာဖို့ လိုမှာလဲ..”


“ဟုန်ရွယ်ရဲ့ ဒဏ်ရာကို မြေပြင်ဒေသက ဘယ်နတ်မှ ကုလို့ မပျောက်ဘူးလို့ ပြောတယ်..”


ဟုန်ဟူ အရဲစွန့်လျက် ပြောလိုက်ရ၏။ သို့သော် ထိုနတ်မင်းက ပိုပြီး အေးစိမ့်သွားစေနိုင်သော အကြည့်တို့ဖြင့်..


“သေသင့်တယ်.. ရင်းအာကို ဒဏ်ရာရအောင် လုပ်ရဲတဲ့ နတ်ဆိုရင် ကိုယ့်ဖြစ်တာကို ကိုယ့်ဖာသာ ခံယူဖို့လည်း မမေ့နဲ့လေ.. အဲ့ဒီကိစ္စနဲ့ မင်းတို့ ငါ့ဆီမှာ အကူညီလာတောင်းတာ ဆိုရင်တော့ မင်းတို့ အရွေးမှားပြီ.. ငါက သမာသမတ်ကျတဲ့နတ် မဟုတ်ဘူး.. တစ်လောကလုံးက နတ်တွေ သေနေမှ ငါ့ရဲ့ရင်းအာ ပျော်မယ် ဆိုရင် သူမပျော်ပါစေ..”


“ခင်ဗျားက ဘာနတ်မင်းလဲ ဘယ်လို နတ်မင်းမို့လို့.. ဒီလို စကားကို ပြောရဲရတာလဲ.. အဲ့ဒီ ကျိုးရင်း.. သူက နဖူးမှာ ဒဏ်ရာအနည်းငယ်ပဲ ရသွားတာ.. ကျွန်တော် အစ်မက သေတော့မလို ဖြစ်နေတာ.. အဲ့တာကို..”


“သူက သေသင့်လို့လေ.. ရှောင်ရောင်း.. ရေဘုရင်ကို လိုက်ပို့လိုက်ပါ..”


ရှောင်လုချီက ဘာမှမတတ်နိုင်သော ကိစ္စအဖြစ် သတ်မှတ်လိုက်ကာ.. ဆစ်ကျီ နတ်မင်း ပြောတဲ့အတိုင်း.. သလင်းနန်းဆောင်မှ ထွက်ရန် ပြင်လိုက်သည်။ သို့သော် ဟုန်ဟူဆိုသော အနီရောင်မြေခွေးကတော့ ထိုသို့ မတွေးမိပဲ ဆစ်ကျီ နတ်မင်းထံသို့ ပြေးဝင်သွားကာ.. လမ်းကို ပိတ်ရပ်လိုက်၏။


ဒါက ဆစ်ကျီ နတ်မင်းအား နှစ်သိန်းပေါင်းများစွာ အတွင်းမှာ ဘယ်နတ်မှ မခန့်လေးစား မပြုရဲဟူသော မူကို ချိုးဖောက်လိုက်ခြင်း ဖြစ်သောကြောင့် ရှောင်လုချီပင် တအံ့တသြ ဖြစ်သွားစေ၏။ သို့သော် ဆစ်ကျီ နတ်မင်းက ဟုန်ဟူအား.. လက်ဖြင့် တစ်ချက်မျှသာ ဝှေ့ယမ်းလိုက်ပြီး.. နန်းဆောင်အပြင်သို့ လွှင့်စင်ထုတ်လိုက်လေ၏။ ပြီးမှ..


“ရှောင်ရောင်း.. နန်းဆောင်တံခါးကို ရိုင်းစိုင်းတဲ့နတ်တွေ အတွက် လုံးဝ မဖွင့်ပေးနဲ့..”


“ငါ့အစ်မက သေတော့မယ်.. မင်းတို့ ကောင်းကင်က နတ်တွေက သူ့ကို ငြူစူနေတုန်းလား.. သူက အခုမှ အသက် နှစ်တစ်ထောင်ပဲ ရှိသေးတာ.. သူ နည်းနည်းလောက် မတော်တဆ ဖြစ်မိတာကို မင်းတို့ ကောင်းကင်က နတ်တွေက သဘောထား မကြီးနိုင်ကြဘူးလား..”


ဟုန်ဟူ အော်ဟစ်နေတာကို နန်းဆောင်ရှေ့မှ ဖြတ်သွားသော နတ်အစေခံငယ်လေးများက လှည့်ကြည့်သွားကြ၏။ ဟုန်ဟူ ဒေါသတကြီး အတွင်းသို့ ပြန်ဝင်ဖို့ ပြင်လိုက်သော်လည်း.. ရှောင်လုချီက လှမ်းဆွဲလိုက်ရင်း..


“မလုပ်နဲ့!!.. မင်း ဆစ်ကျီ နတ်မင်းကို ဘာထင်နေတာလဲ.. လာခဲ့ မင်း အိမ်ရှေ့မင်းသားကို နောက်ဆုံးအဆင့်အနေနဲ့ တောင်းဆိုကြည့်လို့ ရနိုင်တယ်..”


ရှောင်လုချီက သူ့အား တိမ်ခိုးတွေ ဝေ့သိုင်းနေသော နန်းဆောင်တစ်ခုသို့ ခေါ်ဆောင်လာသည်။ ထိုနန်းဆောင်၏ ထူးခြားချက်မှာ.. နန်းဆောင်၏ အပေါ်တွင် ပျံသန်းနေသော နဂါးနှစ်ကောင်နှင့် ငြိမ်သက်နေသော နဂါးတစ်ကောင်ကို တွေ့ရ၏။


သူ နန်းဆောင်အပြင်တွင် စောင့်ကျပ်သူ မရှိသောကြောင့်.. အတွင်းသို့ လှမ်းဝင်ရန် ပြင်လိုက်သည်။ သို့သော် ပျံနေသော နဂါးတစ်ကောင်က ဆင်းလာပြီး သူ့အရှေ့တွင် ပိတ်ကာလိုက်ကာ..


“ကောင်းကင် အကာကွယ် နန်းဆောင် ဆိုတာ ဝင်ချင်တိုင်း ဝင်လို့ မရဘူး ကလေး..”



rate now:

3 Reviews
  • reader KhaingThitsar 20.01.2020, 05:55 5

    Good

    reply

  • reader MayMyatMoeMyint 12.12.2019, 04:28 5

    good

    reply

  • reader JuliusJulius 29.11.2019, 12:47 5

    So.good

    reply