book

Index 18

Part-7.1

Zawgyi

Part-7.1


ေရွာင္ဇီအာ ဆုိတာက ေျမျပင္ေဒသမွ နတ္မ်ားအားလံုးက သတ္မွတ္ထားေသာ အလွဆံုး မိန္းကေလး ျဖစ္သည္။ ေျမာက္ပိုင္း ေရနဂါးမ်ိဳးႏြယ္ႏွင့္ ေတာင္ပိုင္း ေရသူမ်ိဳးႏြယ္တို႔၏ သမီးျဖစ္သည့္ သူမက တစ္ေလာကလံုး၏ အလွဆံုးဟူေသာ ေနရာကို ရယူႏုိင္မည္ဟု ထင္ေနခဲ့ျခင္းက လက္ရွိ က်ိဳးရင္း နတ္ဘုရားမကို ျမင္ေတြ႔လုိက္ျခင္းက ထိုရည္ရြယ္ခ်က္ကို ပ်က္ျပားေစ၏။


သူမ သတိတရျဖင့္ လွမ္းၾကည့္လုိက္ေသာ အိမ္ေရွ႕မင္းသားက အေဖႏွင့္ စကားေျပာေနျပီး.. က်ိဳးရင္း နတ္ဘုရားမကေတာ့ ခန္းမအတြင္းတြင္ မရွိေတာ့ေပ။ ~~ဘယ္သြားလုိက္ပါလိမ့္..~~


@@@@@@@@@@@


သိပ္ျပီး မေတြ႔ျဖစ္ၾကေသာ နတ္ေတြ ေျပာဆိုစရာ ဂါရဝျပဳစရာေတြ ရွိေနသျဖင့္ ယီမင္က မအားမလပ္တာမို႔ ရင္းအာ တစ္ဦးတည္း ေတာင္ပိုင္း ေရနန္းေတာ္ အေနာက္ရွိ ဥယ်ာဥ္သို႔ ဝင္လာခဲ့လိုက္သည္။ လက္ရွိတြင္ မူးေဝေဝ ျဖစ္ခ်င္ေသာ ခံစားခ်က္တို႔က ရုန္းၾကြေနသည္။


ကိုယ္ဝန္ ရွိျပီဟု စျပီး သိကတည္းက ေသရည္ကို ေရွာင္ရွားလာခဲ့ျခင္းတြင္ ဆံုးရံႈးသြားေသာ ကေလးငယ္ အတြက္ ပူေဆြးေနမိျခင္းတို႔ေၾကာင့္.. ရင္းအာ ေသရည္ မေသာက္တာပင္ အေတာ္ၾကာျပီ မဟုတ္လား..၊


ထို႔အတြက္ ေသရည္ တစ္မ်ိဳးမ်ိဳးကို တမ္းတမိသည္။ အေနာက္ဥယ်ာဥ္ရွိ စားပြဲတြင္ ဝင္ထိုင္လိုက္ျပီးမွ.. စိမ့္စမ္းျပာမွ ႏွစ္ေထာင္ႏွင့္ခ်ီေနျပီ ျဖစ္ေသာ.. ေသရည္အိုးငယ္ တစ္အိုးအား ဆင့္ေခၚလုိက္ျပီး လက္ထဲတြင္ ဆုပ္ကိုင္လိုက္မိ၏။ ျပီးမွ သေဘာတက်ႏွင့္ လွည့္၍ ၾကည့္လုိက္မိေသးသည္။


သတိတရျဖင့္ ေမြးေန႔လက္ေဆာင္မ်ား အတြင္းဝယ္.. ေသရည္အိုးငယ္ ေလးအိုးကို ေတြ႔လုိက္ရေတာ့ ထိုေနရာသို႔ သြားကာ လက္ကေလးျဖင့္ ေခါက္ၾကည့္လုိက္မိသည္။ လက္တြင္ ၾကည့္ေသခ်ာေအာင္ ၾကည့္လုိက္ျပီးမွ အတြင္းမွ အနံ႔ကို နမ္းမိသည္။ သို႔ေပမယ့္ သူမက ေကာင္းကင္နတ္ တစ္ပါးသာမို႔ အနံ႔ကို ေသခ်ာစြာ မခံႏုိင္ပဲ ျပန္ခ်လိုက္ကာ.. စိမ့္စမ္းျပာမွ ေသရည္ကိုသာ.. ေမာ့ေသာက္ လုိက္မိသည္။


“အစ္ကိုႏွစ္ရဲ႕ လက္ရာက ႏွစ္ႏွစ္သိန္းမွာ ပိုပိုျပီး ျပင္းလာတယ္..”


အစ္ကိုႏွစ္ မၾကားႏုိင္မွန္း သိေသာ္လည္း.. ခ်ီးက်ဴးလုိက္မိသည္။ ျပီးမွ ထိုင္ခံုတစ္ခုေပၚတြင္ ေျခခ်ိတ္လိုက္ ထိုင္လုိက္ျပီးမွ ေသရည္ကို လက္တြင္းဝယ္ ေဆာ့ကစားလုိက္ရင္းျဖင့္ မထုတ္ျဖစ္တာ ၾကာျပီ ျဖစ္ေသာ.. ေကာင္းကင္ နဂါးပန္းအား.. ထုတ္လိုက္ကာ.. ပန္းအိုးငယ္ အသြင္ျဖင့္.. ေဘးနားရွိ စားပြဲေပၚတြင္ တင္ထားျပီး ေငးၾကည့္ေနမိသည္။  ~~ငါက တစ္ေလာကလံုးမွာ အေခ်ာလွဆံုး.. ငါက တစ္ေလာကလံုးမွာ ေမာက္မာခြင့္ အရွိဆံုး.. ျပီးေတာ့ ငါက တစ္ေလာကလံုးမွာ စည္းမ်ဥ္းကို ေဖာက္ဖ်က္ခြင့္ ရွိေသာ တစ္ပါးတည္းေသာနတ္.. ဒါေပမယ့္.. ငါက ငါ့ကေလးကိုေတာင္မွ မကာကြယ္ ႏုိင္တဲ့ နတ္ပဲ..~~


ေသရည္ေတြက ခ်ိဳစိမ့္စြာ ျပင္းရွစြာျဖင့္ လည္ေခ်ာင္းအတြင္းသို႔ စီးဝင္သြားျပီးသည္ႏွင့္ ဆက္တုိက္ ဆက္တိုက္ ေမာ့ေသာက္ေနမိသည္။ အိုးတစ္ဝက္ က်ိဳးသြားေတာ့မွ ေသရည္ေတြကို ႏွစ္သိန္းနဲ႔ခ်ီျပီး.. ျပဳလုပ္ထားျခင္းေၾကာင့္.. အရမ္းျပင္းတာကို သတိထားမိကာ မ်က္ဝန္းေတြက မူးရိပ္ရိပ္ပင္ ျဖစ္ေနျပီ။ ~သြားျပီ.. ငါ့ရဲ႕ ေသရည္ ခံႏုိင္ရည္က အရင္ကနဲ႔ လံုးဝမတူေတာ့ဘူး..~


@@@@@@@@@@


ေမြးေန႔ဟု ဆိုေသာ္လည္း နတ္မင္းမ်ား ခ်ိန္းဆိုကာ စကားစျမည္ေျပာေသာ ေနရာႏွင့္သာ ပိုျပီး တူေနသျဖင့္ ဟုန္ရြယ္ ဟုန္ဟူကို လက္ဆြဲကာ ေမြးေန႔ လက္ေဆာင္မ်ား ထားေသာ အေနာက္ဥယ်ာဥ္သို႔ လာခဲ့လုိက္သည္။  အေနာက္ဥယ်ာဥ္တြင္ ျမင္လုိက္ရေသာ ျမင္ကြင္းေၾကာင့္ ဟုန္ရြယ္ ထိုေနရာသို႔ အေျပးသြားကာ..


“ရွင္က နတ္ဘုရားမ တစ္ပါး ျဖစ္တာနဲ႔ပဲ သူမ်ားကို ေမြးေန႔ လက္ေဆာင္ေပးထားတဲ့ ေသရည္ကို ေသာက္ရဲတယ္..”


ဟုန္ရြယ္ ေအာ္ဟစ္လိုက္ေသာ ထုိဆီသို႔ ဟုန္ဟူ ေျပးသြားလုိက္ကာ.. ေသရည္အိုးေတြကို ေသခ်ာေအာင္ တစ္ခ်က္ ၾကည့္လုိက္မိေတာ့ ဟုန္ရြယ္ မွားေနတာကို သတိေပးမလို႔ ျဖစ္ေသာ္လည္း.. ထိုနတ္ဘုရားမက လက္ျဖင့္ တစ္ခ်က္မွ် ေဝ့ယမ္းလိုက္ကာ..


“မဆူနဲ႔..”


သူမက လက္ကေလးကိုသာ ေဝွ႔ယမ္းလုိက္ေသာ္လည္း.. ခရမ္းေရာင္ အလင္းတန္းေလးက ဝင္းခနဲ လက္ခနဲ ထြက္လာျပီး ဟုန္ရြယ္က အေနာက္သို႔ လြင့္စင္သြားျပီး ေရျပာေရာင္ ေက်ာက္တံုးျဖင့္ ဝင္တိုက္မိျပီး ေျခလြတ္ လက္လြတ္ ျပန္ျပဳတ္က်လာေတာ့၏။


“ဝုန္း!!.”


“ဘုတ္!!..”


ပထမဦးဆံုး ဟုန္ရြယ္ထံသို႔ ေျပးသြားကာ.. ဆြဲထူလိုက္ေတာ့ ဟုန္ရြယ္ႏႈတ္ခမ္းမွ ေသြးတစ္ပြက္က အန္ထြက္လာ၏။ ~~ၾကမ္းတမ္းလုိက္တာ..~~ ဟုန္ဟူ၏ စိတ္အတြင္းဝယ္ ထိုနတ္ဘုရားမအား.. မေက်မနပ္ ျဖစ္သြားေတာ့၏။  သို႔ေသာ္ ဟုန္ရြယ္က ဒဏ္ရာရသြားတာကို မမႈပဲ.. ထိုနတ္ဘုရားမအနီးသို႔ ေျပးသြားကာ.. အနီးတြင္ ရွိေသာ.. ပန္းအိုးငယ္ေလးကို ေျမာက္ကုိင္ကာ ေပါက္ပစ္လုိက္ေတာ့၏။


ႏွစ္သိန္းနဲ႔ခ်ီေအာင္ ေရျပာအိုင္ထဲတြင္ ထည့္စိမ္ထားေသာ ေသရည္က တစ္ဝက္က်ိဳးေတာ့ ရင္းအာ၏ အျမင္ႏွင့္ စြမ္းအား ထိန္းခ်ဳပ္ႏုိင္မႈကို မႈန္ဝါးေနေစသည္။ ~~ငါကပဲ ေသရည္ ေသာက္ႏုိင္တဲ့ စြမ္းရည္ က်သြားတာလား..၊ ဒါမွမဟုတ္ အစ္ကိုႏွစ္ရဲ႕ ေသရည္က အရမ္းကို ျပင္းေနတာလား..~~


ျမင္ေနရေသာ ျမင္ကြင္းေတြက မသဲမကြဲ ျဖစ္ကာ.. ထိုင္လ်က္ပင္ ၾကည့္ေနမိဆဲ ျဖစ္၏။ မ်က္ဝန္းေထာင့္မွ ရိပ္ခနဲ ျမင္လုိက္ရေသာ အရာကို လက္ျဖင့္ ကာလုိက္ေသာ္လည္း..


“ဒုတ္!!.. အ..”


လက္ကာလုိက္ေသာ ေနရာက လြဲသြားျပီး.. နဖူးဆီသို႔ တည့္မတ္စြာသာ.. ထိမိသြားေတာ့၏။ နဖူးမွ ေသြးစမ်ားက ျဖာခနဲ ဆင္းလာသည္။ ဟုန္ဟူ အစ္မျဖစ္သူ၏ လက္ကိုဆြဲကာ.. သူ႔အေနာက္တြင္ ထားလုိက္သည္။ ခုနတုန္းက လက္ကေလး တစ္ခ်က္ႏွင့္ပင္ နတ္စြမ္းအား ဘယ္ေလာက္ ၾကီးမားတာလဲ ဆုိတာကို သိရွိျပီး ျဖစ္၍.. ဟုန္ရြယ္အား ဖြက္ထားလိုက္ျခင္း ျဖစ္၏။


သို႔ေသာ္.. ဟုန္ရြယ္ ကိုင္ေပါက္လိုက္ေသာ ပန္းအိုးေလးက ၾကာပြတ္ သ႑ာန္သို႔ ေျပာင္းလဲသြားျပီး.. ဟုန္ရြယ္ကို လာျပီး ရစ္ပတ္ေလသည္။ ထိုနတ္ဘုရားမက ေသရည္ေသာက္ျပီး မူးေနတာလား.. ဒဏ္ရာေၾကာင့္ မူးေနတာလား မေသခ်ာေသးပဲ.. ဒယိမ္းဒယိုင္ျဖင့္ ထရပ္လုိက္ျပီး.. အနားတြင္ ေခြခနဲ လဲက်သြားျပီး လက္အတြင္းမွ ေသရည္အိုးက ေအာက္သို႔ ျပဳတ္က်ကာ.. ခြမ္းခနဲ က်ကြဲသြားေတာ့၏။


“ခြမ္း!!..”


ထိုက်ကြဲသံႏွင့္အတူ အစိုးရိမ္ ၾကီးေသာ ေျခလွမ္းတို႔ႏွင့္ အိမ္ေရွ႕မင္းသားက ေရာက္လာျပီး.. ထိုနတ္ဘုရားမကို ေပြ႔ယူလိုက္ေတာ့.. နဖူးမွ ေသြးေတြကို ေတြ႔ရွိကာ.. သူတို႔ရွိရာသို႔ လွမ္းၾကည့္လာသည္။ ျပီးမွ ေပြ႔ခ်ီလုိက္ျပီး သူတို႔ထံသို႔ ေဒါသၾကီးမားေသာ မ်က္ဝန္းတို႔ျဖင့္ တိုးကပ္လာ၏။


အလြန္တရာ ေအးစိမ့္ေသာ ခံစားခ်က္တို႔က အိမ္ေရွ႕မင္းသား ထံတြင္ ျဖစ္တည္ေနသည္။ ဟုန္ရြယ္၏ ကိုယ္တြင္ ရစ္ပတ္ေနေသာ.. ထို ၾကာပြတ္က ပိုျပီး ရစ္ပတ္လ်က္.. ဟုန္ရြယ္က လူးလြန္႔ေနသည္။ ထိုမင္းသားက ေအးစက္ေသာ ေလသံျဖင့္..


“မင္းတို႔က ရင္းအာကို ဒဏ္ရာရေအာင္ လုပ္ရဲတယ္..”


အလြန္အမင္း ထိန္းခ်ဳပ္ထားေသာ ထိုေလသံအဆံုးတြင္ အေဖက သူတို႔ အေရွ႕သို႔ ေရာက္လာျပီး..


“အိမ္ေရွ႕မင္းသား သူတို႔က ႏွစ္တစ္ေထာင္ေတာင္မွ မျပည့္ေသးတဲ့ ကေလးေတြမို႔ ခြင့္လြတ္ေပးပါ..”


ဟုန္ရြယ္က ႏႈတ္ခမ္းမွ အဆက္မျပတ္ ေသြးမ်ား အန္က်လာျပီး အဟြတ္ အဟြတ္ျဖင့္ ေခ်ာင္းဆိုေနသည္။ မ်က္ႏွာကလည္း ျဖဴေဖ်ာ့ေနျပီး.. ခ်က္ခ်င္းပဲ အသက္ရွင္သန္ျခင္း ရပ္တန္႔သြားမလို ျဖစ္လာသည္။


“လံုးဝ ခြင့္မလြတ္ႏုိင္ဘူး..”


အလြန္တရာ ေအးစိမ့္လြန္းေသာ ေလသံေၾကာင့္ ဟုန္ရြယ္၏ ခႏၶာကိုယ္ေလး တြန္႔ခနဲပင္ ျဖစ္သြား၏။ ပိုင္ထင္က ထိတ္လန္႔စြာ ဒူးေထာက္ခ်လိုက္သည္။ ဟူအာ မဆိုင္းမတြပဲ မတ္တပ္ရပ္လုိက္၏။


“အဲ့တာ ကၽြန္ေတာ္ လုပ္မိတာ.. အေဖနဲ႔ေကာ အစ္မနဲ႔ပါ မဆုိင္ဘူး.. ကၽြန္ေတာ္ အျပစ္ကို ကၽြန္ေတာ္ ခံယူမယ္..”


ထိုစကားက ယီမင္အား ပိုျပီး ေဒါသထြက္ကာ စိတ္ဆိုးေစသည္။ ရင္းအာ အသိစိတ္မဲ့သြားပါသည္ ဆိုလွ်င္ေတာင္ ရင္းအာအား ဒဏ္ရာရေစသူကို ေကာင္းကင္နဂါးပန္းက ထိန္းခ်ဳပ္ထားႏုိင္သည္။ တုိက္ခိုက္ႏိုင္သည္။ ေကာင္းကင္နဂါးပန္း ဆိုတာက ထိုသို႔ေသာ သခင္ကို သိနားလည္ႏုိင္သည့္ ေကာင္းကင္၏ ဒုတိယေျမာက္ အဆင့္ရွိသည့္ နတ္လက္နက္ တစ္မ်ိဳး ျဖစ္သည္။ ယခုက်ေတာ့ ေကာင္းကင္နဂါးပန္း ထိန္းခ်ဳပ္ထားသူက တျခား ဝန္ခံသူက တျခား ျဖစ္ေန၏။


“မင္းက ငါ့ကို လိမ္ညာရဲတယ္..”


စကားတစ္ခြန္း ေျပာလုိက္တိုင္း ေအးစက္မႈက ပတ္ဝန္းက်င္တြင္ ၾကီးစိုးသြားသလို ခံစားရ၏။ သို႔ေသာ္ ရင္ခြင္အတြင္းမွ ရင္းအာက လူးလြန္႔လာျပီး.. ခပ္တိုးတိုး ေျပာသည္။


“မဆူနဲ႔.. အိပ္ခ်င္တယ္..”


Uni


Part-7.1


ရှောင်ဇီအာ ဆိုတာက မြေပြင်ဒေသမှ နတ်များအားလုံးက သတ်မှတ်ထားသော အလှဆုံး မိန်းကလေး ဖြစ်သည်။ မြောက်ပိုင်း ရေနဂါးမျိုးနွယ်နှင့် တောင်ပိုင်း ရေသူမျိုးနွယ်တို့၏ သမီးဖြစ်သည့် သူမက တစ်လောကလုံး၏ အလှဆုံးဟူသော နေရာကို ရယူနိုင်မည်ဟု ထင်နေခဲ့ခြင်းက လက်ရှိ ကျိုးရင်း နတ်ဘုရားမကို မြင်တွေ့လိုက်ခြင်းက ထိုရည်ရွယ်ချက်ကို ပျက်ပြားစေ၏။


သူမ သတိတရဖြင့် လှမ်းကြည့်လိုက်သော အိမ်ရှေ့မင်းသားက အဖေနှင့် စကားပြောနေပြီး.. ကျိုးရင်း နတ်ဘုရားမကတော့ ခန်းမအတွင်းတွင် မရှိတော့ပေ။ ~~ဘယ်သွားလိုက်ပါလိမ့်..~~


@@@@@@@@@@@


သိပ်ပြီး မတွေ့ဖြစ်ကြသော နတ်တွေ ပြောဆိုစရာ ဂါရဝပြုစရာတွေ ရှိနေသဖြင့် ယီမင်က မအားမလပ်တာမို့ ရင်းအာ တစ်ဦးတည်း တောင်ပိုင်း ရေနန်းတော် အနောက်ရှိ ဥယျာဉ်သို့ ဝင်လာခဲ့လိုက်သည်။ လက်ရှိတွင် မူးဝေဝေ ဖြစ်ချင်သော ခံစားချက်တို့က ရုန်းကြွနေသည်။


ကိုယ်ဝန် ရှိပြီဟု စပြီး သိကတည်းက သေရည်ကို ရှောင်ရှားလာခဲ့ခြင်းတွင် ဆုံးရှုံးသွားသော ကလေးငယ် အတွက် ပူဆွေးနေမိခြင်းတို့ကြောင့်.. ရင်းအာ သေရည် မသောက်တာပင် အတော်ကြာပြီ မဟုတ်လား..၊


ထို့အတွက် သေရည် တစ်မျိုးမျိုးကို တမ်းတမိသည်။ အနောက်ဥယျာဉ်ရှိ စားပွဲတွင် ဝင်ထိုင်လိုက်ပြီးမှ.. စိမ့်စမ်းပြာမှ နှစ်ထောင်နှင့်ချီနေပြီ ဖြစ်သော.. သေရည်အိုးငယ် တစ်အိုးအား ဆင့်ခေါ်လိုက်ပြီး လက်ထဲတွင် ဆုပ်ကိုင်လိုက်မိ၏။ ပြီးမှ သဘောတကျနှင့် လှည့်၍ ကြည့်လိုက်မိသေးသည်။


သတိတရဖြင့် မွေးနေ့လက်ဆောင်များ အတွင်းဝယ်.. သေရည်အိုးငယ် လေးအိုးကို တွေ့လိုက်ရတော့ ထိုနေရာသို့ သွားကာ လက်ကလေးဖြင့် ခေါက်ကြည့်လိုက်မိသည်။ လက်တွင် ကြည့်သေချာအောင် ကြည့်လိုက်ပြီးမှ အတွင်းမှ အနံ့ကို နမ်းမိသည်။ သို့ပေမယ့် သူမက ကောင်းကင်နတ် တစ်ပါးသာမို့ အနံ့ကို သေချာစွာ မခံနိုင်ပဲ ပြန်ချလိုက်ကာ.. စိမ့်စမ်းပြာမှ သေရည်ကိုသာ.. မော့သောက် လိုက်မိသည်။


“အစ်ကိုနှစ်ရဲ့ လက်ရာက နှစ်နှစ်သိန်းမှာ ပိုပိုပြီး ပြင်းလာတယ်..”


အစ်ကိုနှစ် မကြားနိုင်မှန်း သိသော်လည်း.. ချီးကျူးလိုက်မိသည်။ ပြီးမှ ထိုင်ခုံတစ်ခုပေါ်တွင် ခြေချိတ်လိုက် ထိုင်လိုက်ပြီးမှ သေရည်ကို လက်တွင်းဝယ် ဆော့ကစားလိုက်ရင်းဖြင့် မထုတ်ဖြစ်တာ ကြာပြီ ဖြစ်သော.. ကောင်းကင် နဂါးပန်းအား.. ထုတ်လိုက်ကာ.. ပန်းအိုးငယ် အသွင်ဖြင့်.. ဘေးနားရှိ စားပွဲပေါ်တွင် တင်ထားပြီး ငေးကြည့်နေမိသည်။  ~~ငါက တစ်လောကလုံးမှာ အချောလှဆုံး.. ငါက တစ်လောကလုံးမှာ မောက်မာခွင့် အရှိဆုံး.. ပြီးတော့ ငါက တစ်လောကလုံးမှာ စည်းမျဉ်းကို ဖောက်ဖျက်ခွင့် ရှိသော တစ်ပါးတည်းသောနတ်.. ဒါပေမယ့်.. ငါက ငါ့ကလေးကိုတောင်မှ မကာကွယ် နိုင်တဲ့ နတ်ပဲ..~~


သေရည်တွေက ချိုစိမ့်စွာ ပြင်းရှစွာဖြင့် လည်ချောင်းအတွင်းသို့ စီးဝင်သွားပြီးသည်နှင့် ဆက်တိုက် ဆက်တိုက် မော့သောက်နေမိသည်။ အိုးတစ်ဝက် ကျိုးသွားတော့မှ သေရည်တွေကို နှစ်သိန်းနဲ့ချီပြီး.. ပြုလုပ်ထားခြင်းကြောင့်.. အရမ်းပြင်းတာကို သတိထားမိကာ မျက်ဝန်းတွေက မူးရိပ်ရိပ်ပင် ဖြစ်နေပြီ။ ~သွားပြီ.. ငါ့ရဲ့ သေရည် ခံနိုင်ရည်က အရင်ကနဲ့ လုံးဝမတူတော့ဘူး..~


@@@@@@@@@@


မွေးနေ့ဟု ဆိုသော်လည်း နတ်မင်းများ ချိန်းဆိုကာ စကားစမြည်ပြောသော နေရာနှင့်သာ ပိုပြီး တူနေသဖြင့် ဟုန်ရွယ် ဟုန်ဟူကို လက်ဆွဲကာ မွေးနေ့ လက်ဆောင်များ ထားသော အနောက်ဥယျာဉ်သို့ လာခဲ့လိုက်သည်။  အနောက်ဥယျာဉ်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ဟုန်ရွယ် ထိုနေရာသို့ အပြေးသွားကာ..


“ရှင်က နတ်ဘုရားမ တစ်ပါး ဖြစ်တာနဲ့ပဲ သူများကို မွေးနေ့ လက်ဆောင်ပေးထားတဲ့ သေရည်ကို သောက်ရဲတယ်..”


ဟုန်ရွယ် အော်ဟစ်လိုက်သော ထိုဆီသို့ ဟုန်ဟူ ပြေးသွားလိုက်ကာ.. သေရည်အိုးတွေကို သေချာအောင် တစ်ချက် ကြည့်လိုက်မိတော့ ဟုန်ရွယ် မှားနေတာကို သတိပေးမလို့ ဖြစ်သော်လည်း.. ထိုနတ်ဘုရားမက လက်ဖြင့် တစ်ချက်မျှ ဝေ့ယမ်းလိုက်ကာ..


“မဆူနဲ့..”


သူမက လက်ကလေးကိုသာ ဝှေ့ယမ်းလိုက်သော်လည်း.. ခရမ်းရောင် အလင်းတန်းလေးက ဝင်းခနဲ လက်ခနဲ ထွက်လာပြီး ဟုန်ရွယ်က အနောက်သို့ လွင့်စင်သွားပြီး ရေပြာရောင် ကျောက်တုံးဖြင့် ဝင်တိုက်မိပြီး ခြေလွတ် လက်လွတ် ပြန်ပြုတ်ကျလာတော့၏။


“ဝုန်း!!.”


“ဘုတ်!!..”


ပထမဦးဆုံး ဟုန်ရွယ်ထံသို့ ပြေးသွားကာ.. ဆွဲထူလိုက်တော့ ဟုန်ရွယ်နှုတ်ခမ်းမှ သွေးတစ်ပွက်က အန်ထွက်လာ၏။ ~~ကြမ်းတမ်းလိုက်တာ..~~ ဟုန်ဟူ၏ စိတ်အတွင်းဝယ် ထိုနတ်ဘုရားမအား.. မကျေမနပ် ဖြစ်သွားတော့၏။  သို့သော် ဟုန်ရွယ်က ဒဏ်ရာရသွားတာကို မမှုပဲ.. ထိုနတ်ဘုရားမအနီးသို့ ပြေးသွားကာ.. အနီးတွင် ရှိသော.. ပန်းအိုးငယ်လေးကို မြောက်ကိုင်ကာ ပေါက်ပစ်လိုက်တော့၏။


နှစ်သိန်းနဲ့ချီအောင် ရေပြာအိုင်ထဲတွင် ထည့်စိမ်ထားသော သေရည်က တစ်ဝက်ကျိုးတော့ ရင်းအာ၏ အမြင်နှင့် စွမ်းအား ထိန်းချုပ်နိုင်မှုကို မှုန်ဝါးနေစေသည်။ ~~ငါကပဲ သေရည် သောက်နိုင်တဲ့ စွမ်းရည် ကျသွားတာလား..၊ ဒါမှမဟုတ် အစ်ကိုနှစ်ရဲ့ သေရည်က အရမ်းကို ပြင်းနေတာလား..~~


မြင်နေရသော မြင်ကွင်းတွေက မသဲမကွဲ ဖြစ်ကာ.. ထိုင်လျက်ပင် ကြည့်နေမိဆဲ ဖြစ်၏။ မျက်ဝန်းထောင့်မှ ရိပ်ခနဲ မြင်လိုက်ရသော အရာကို လက်ဖြင့် ကာလိုက်သော်လည်း..


“ဒုတ်!!.. အ..”


လက်ကာလိုက်သော နေရာက လွဲသွားပြီး.. နဖူးဆီသို့ တည့်မတ်စွာသာ.. ထိမိသွားတော့၏။ နဖူးမှ သွေးစများက ဖြာခနဲ ဆင်းလာသည်။ ဟုန်ဟူ အစ်မဖြစ်သူ၏ လက်ကိုဆွဲကာ.. သူ့အနောက်တွင် ထားလိုက်သည်။ ခုနတုန်းက လက်ကလေး တစ်ချက်နှင့်ပင် နတ်စွမ်းအား ဘယ်လောက် ကြီးမားတာလဲ ဆိုတာကို သိရှိပြီး ဖြစ်၍.. ဟုန်ရွယ်အား ဖွက်ထားလိုက်ခြင်း ဖြစ်၏။


သို့သော်.. ဟုန်ရွယ် ကိုင်ပေါက်လိုက်သော ပန်းအိုးလေးက ကြာပွတ် သဏ္ဍာန်သို့ ပြောင်းလဲသွားပြီး.. ဟုန်ရွယ်ကို လာပြီး ရစ်ပတ်လေသည်။ ထိုနတ်ဘုရားမက သေရည်သောက်ပြီး မူးနေတာလား.. ဒဏ်ရာကြောင့် မူးနေတာလား မသေချာသေးပဲ.. ဒယိမ်းဒယိုင်ဖြင့် ထရပ်လိုက်ပြီး.. အနားတွင် ခွေခနဲ လဲကျသွားပြီး လက်အတွင်းမှ သေရည်အိုးက အောက်သို့ ပြုတ်ကျကာ.. ခွမ်းခနဲ ကျကွဲသွားတော့၏။


“ခွမ်း!!..”


ထိုကျကွဲသံနှင့်အတူ အစိုးရိမ် ကြီးသော ခြေလှမ်းတို့နှင့် အိမ်ရှေ့မင်းသားက ရောက်လာပြီး.. ထိုနတ်ဘုရားမကို ပွေ့ယူလိုက်တော့.. နဖူးမှ သွေးတွေကို တွေ့ရှိကာ.. သူတို့ရှိရာသို့ လှမ်းကြည့်လာသည်။ ပြီးမှ ပွေ့ချီလိုက်ပြီး သူတို့ထံသို့ ဒေါသကြီးမားသော မျက်ဝန်းတို့ဖြင့် တိုးကပ်လာ၏။


အလွန်တရာ အေးစိမ့်သော ခံစားချက်တို့က အိမ်ရှေ့မင်းသား ထံတွင် ဖြစ်တည်နေသည်။ ဟုန်ရွယ်၏ ကိုယ်တွင် ရစ်ပတ်နေသော.. ထို ကြာပွတ်က ပိုပြီး ရစ်ပတ်လျက်.. ဟုန်ရွယ်က လူးလွန့်နေသည်။ ထိုမင်းသားက အေးစက်သော လေသံဖြင့်..


“မင်းတို့က ရင်းအာကို ဒဏ်ရာရအောင် လုပ်ရဲတယ်..”


အလွန်အမင်း ထိန်းချုပ်ထားသော ထိုလေသံအဆုံးတွင် အဖေက သူတို့ အရှေ့သို့ ရောက်လာပြီး..


“အိမ်ရှေ့မင်းသား သူတို့က နှစ်တစ်ထောင်တောင်မှ မပြည့်သေးတဲ့ ကလေးတွေမို့ ခွင့်လွတ်ပေးပါ..”


ဟုန်ရွယ်က နှုတ်ခမ်းမှ အဆက်မပြတ် သွေးများ အန်ကျလာပြီး အဟွတ် အဟွတ်ဖြင့် ချောင်းဆိုနေသည်။ မျက်နှာကလည်း ဖြူဖျော့နေပြီး.. ချက်ချင်းပဲ အသက်ရှင်သန်ခြင်း ရပ်တန့်သွားမလို ဖြစ်လာသည်။


“လုံးဝ ခွင့်မလွတ်နိုင်ဘူး..”


အလွန်တရာ အေးစိမ့်လွန်းသော လေသံကြောင့် ဟုန်ရွယ်၏ ခန္ဓာကိုယ်လေး တွန့်ခနဲပင် ဖြစ်သွား၏။ ပိုင်ထင်က ထိတ်လန့်စွာ ဒူးထောက်ချလိုက်သည်။ ဟူအာ မဆိုင်းမတွပဲ မတ်တပ်ရပ်လိုက်၏။


“အဲ့တာ ကျွန်တော် လုပ်မိတာ.. အဖေနဲ့ကော အစ်မနဲ့ပါ မဆိုင်ဘူး.. ကျွန်တော် အပြစ်ကို ကျွန်တော် ခံယူမယ်..”


ထိုစကားက ယီမင်အား ပိုပြီး ဒေါသထွက်ကာ စိတ်ဆိုးစေသည်။ ရင်းအာ အသိစိတ်မဲ့သွားပါသည် ဆိုလျှင်တောင် ရင်းအာအား ဒဏ်ရာရစေသူကို ကောင်းကင်နဂါးပန်းက ထိန်းချုပ်ထားနိုင်သည်။ တိုက်ခိုက်နိုင်သည်။ ကောင်းကင်နဂါးပန်း ဆိုတာက ထိုသို့သော သခင်ကို သိနားလည်နိုင်သည့် ကောင်းကင်၏ ဒုတိယမြောက် အဆင့်ရှိသည့် နတ်လက်နက် တစ်မျိုး ဖြစ်သည်။ ယခုကျတော့ ကောင်းကင်နဂါးပန်း ထိန်းချုပ်ထားသူက တခြား ဝန်ခံသူက တခြား ဖြစ်နေ၏။


“မင်းက ငါ့ကို လိမ်ညာရဲတယ်..”


စကားတစ်ခွန်း ပြောလိုက်တိုင်း အေးစက်မှုက ပတ်ဝန်းကျင်တွင် ကြီးစိုးသွားသလို ခံစားရ၏။ သို့သော် ရင်ခွင်အတွင်းမှ ရင်းအာက လူးလွန့်လာပြီး.. ခပ်တိုးတိုး ပြောသည်။


“မဆူနဲ့.. အိပ်ချင်တယ်..”



rate now:

4 Reviews
  • reader KhaingThitsar 20.01.2020, 05:54 5

    Good

    reply

  • reader KhaingThitsar 20.01.2020, 05:52 5

    Goo

    reply

  • reader MayMyatMoeMyint 12.12.2019, 04:28 5

    good

    reply

  • reader JuliusJulius 29.11.2019, 12:45 5

    So good

    reply