Zawgyi
Part-6.3
အေဖကေတာင္ အရိုအေသေပးရေသာ နတ္ဘုရားႏွစ္ပါးအား.. ဟုန္ဟူ တစ္ခ်က္မွ် ေမာ့ၾကည့္လုိက္ျပီး.. ကပ်ာကယာ အရိုအေသေပးလိုက္သည္။ ပိုင္ေဒသ၏ ဆက္ခံသူ မင္းသမီးႏွင့္ မင္းသား ျဖစ္သျဖင့္.. တျခားေသာ ပင္လယ္မ်ားသို႔ သြားလွ်င္ပင္ အေဖအေနာက္မွ ဆိုလွ်င္ အရိုအေသေပးရန္ မလိုခဲ့ဖူးေသာေၾကာင့္ ဟုန္ရြယ္က ယခုကဲ့သို႔ အရိုအေသေပးရျခင္းကို မႏွစ္သက္ဟန္ ျဖစ္ေနသည္။
အိမ္ေရွ႕မင္းသားဆိုသည့္ နတ္ဘုရားက အေဖ့အား.. တစ္ခ်က္မွ် ေခါင္းညိတ္ကာ အသိအမွတ္ျပဳေၾကာင္း ေဖာ္ျပေသာ္လည္း သူ႔ေဘးနားရွိ ဆံႏြယ္ေတြ ခရမ္းေရာင္ သန္းေနေသာ နတ္ဘုရားမကမူ အေဖ့အား ရွိသည္ဟုပင္ မသတ္မွတ္ပဲ ေရယာဥ္က နန္းေတာ္သို႔ ဆိုက္ေရာက္သည္ႏွင့္ ေက်ာခိုင္း ထြက္ခြာသြား၏။ ဒါဟာ အလြန္မာနၾကီးျပီး ေမာက္မာေသာ အျပဳအမူမွန္း သိနားလည္လိုက္ေသာ္လည္း အေဖက အျပစ္တင္ စကား တစ္ခြန္းမွ ထြက္မလာေပ။
ဟုန္ဟူ အေဖ့အား ေမးလုိက္ဖို႔ ျပင္လိုက္ေသာ္လည္း.. ဟုန္ရြယ္က သူ႔ထက္ကို ပိုျပီး.. လ်င္ျမန္စြာျဖင့္..
“အေဖ့.. အေဖ့ကိုေတာင္မွ အသိအမွတ္မျပဳခ်င္တာ သူက ဘယ္သူမို႔လဲ.. သိပ္လြန္လြန္းတယ္..”
“သူမကို မရိုမေသ မျပဳမိေစနဲ႔.. ျပီးေတာ့ မင္းတို႔ ျပသနာ ရွာခ်င္တယ္ဆို က်ိဳးရင္း နတ္ဘုရားမနဲ႔ ေဝးေဝးမွာ သြားရွာ..”
“အေဖက နယ္ပယ္ ငါးခုရဲ႕ ဘုရင္ပဲေလ.. သူက ဘယ္လုိပဲ ဂုဏ္ရွိန္ၾကီးမားတယ္ ဆိုေပမယ့္.. ဒီလိုမ်ိဳးေတာ့..”
“ေတာ္ေတာ့.. ဟုန္ရြယ္.. မင္းတို႔ နတ္ေတြ သမိုင္းကို ေသခ်ာ သင္ၾကားဖို႔ လုိတယ္.. ရွင္သန္ျခင္း ေက်ာင္းကို သြားကို သြားသင့္ေနျပီ..”
အေဖက ဆူေငါက္လုိက္၍သာ.. ဟုန္ရြယ္က စူပုတ္ပုတ္ႏွင့္ ျငိမ္သက္သြားရေသာ္လည္း ႏွစ္တစ္ေထာင္မွ် အတူတူ ၾကီးျပင္းလာေသာ အေတြ႔အၾကံဳအရ ဟုန္ရြယ္ ဘယ္လိုမွ ျငိမ္သက္သြားမွာ မဟုတ္ဘူး ဆုိတာကို ဟုန္ဟူ သိႏွင့္ေန၏။ အေဖ့ကို ၾကည့္ရတာကလည္း.. လံုးဝ လုပ္လို႔ မရတာကို တားျမစ္လိုေသာ မ်က္ႏွာႏွင့္မို႔.. ဟုန္ဟူ အၾကံအိုက္သြားမိ၏။
@@@@@@@@@@@
ေတာင္ပိုင္း ေရနန္းေတာ္၏ အျပင္အဆင္က လြန္ခဲ့ေသာ ႏွစ္တစ္ေထာင္ေက်ာ္ခန္႔က မဂၤလာပြဲသို႔ တက္ေရာက္ေသာ အခ်ိန္ကအတိုင္း ျဖစ္သည္။ က်ိဳးရင္းနတ္ဘုရားမ တက္ေရာက္မည္ ဆိုေသာ သတင္းေၾကာင့္.. ေရနန္းေတာ္ တစ္ခုလံုးအား.. ေတာင္ပိုင္း ေရဘုရင္ ေရွာင္လုခ်ီက ကေလးဆံုးရံႈးထားေသာ သူငယ္ခ်င္းကို စိတ္ေျဖသာ ေစလိုေသာ ဆႏၵတို႔ျဖင့္.. ေရျပာေရာင္ ေက်ာက္တို႔ျဖင့္ ေရနန္းေတာ္ တစ္ခုလံုးအား စီျခယ္ထားသည္။
သို႔ေသာ္ အျပာေရာင္ခ်ည္းပဲ ျဖစ္ေနျခင္းကို မႏွစ္သက္ေသာ.. အေရာင္ ျဖစ္ေနသျဖင့္.. ေမြးေန႔ရွင္ မင္းသမီးငယ္၏ မ်က္ႏွာက မလိုလားဟန္ အထင္းသား ျဖစ္ေနသည္။ ဖခင္ျဖစ္သူ ကိုယ္တုိင္က မိန္႔ၾကားထားသျဖင့္သာ လက္ခံထားရေသာ္လည္း ဘယ္လိုပဲ ျဖစ္ျဖစ္ ေျပာင္းပစ္မည္ဟု အေတြးတြင္ ေတြးထားလုိက္သည္။
“အိမ္ေရွ႕မင္းသားနဲ႔ က်ိဳးရင္း နတ္ဘုရားမ ၾကြခ်ီလာပါျပီ..”
ခန္းမ၏ ဦးေဆာင္သူမွ ေအာ္လုိက္ေသာ အခါတြင္ အသက္ၾကီးေသာ နတ္မ်ားအားလံုးက အရိုအေသေပးလ်က္ ရပ္ၾကသည္။ ထိုအခါတြင္မွ သူမ တစ္ခါမွ မျမင္ဖူးေသာ က်ိဳးရင္းဆုိသည့္ နတ္ဘုရားမအား ေရွာင္ဇီအာ လွမ္းၾကည့္လုိက္မိသည္။
~~လွလုိက္တာ ငါ ေျမျပင္ေဒသေတြ ဒီေလာက္ အႏွံ႔ လည္ပတ္ ျပီးတာေတာင္မွ.. ဒီေလာက္လွတဲ့ နတ္ တစ္ခါမွ မေတြ႔ဖူးဘူး..~~
က်ိဳးရင္း ဟူသည့္ နတ္ဘုရားမက ရိုးစင္းလြန္းစြာေသာ သစ္ခက္ တစ္ခက္ႏွင့္ ဆံထံုးကို ထံုးထားေသာ္လည္း သူမ ခန္းမအတြင္းသို႔ ေျခလွမ္းခ်လုိက္သည္ႏွင့္ လွပေသသပ္စြာ ျပင္ဆင္ထားၾကသည့္ နတ္သမီးမ်ား အားလံုး ေမွးမွိန္ သြားသည္ဟု ဇီအာ ေတြးထင္မိသည္။ ခရမ္းျပာေရာင္ ဝတ္စံုက သူမႏွင့္ က်မွ ပိုျပီး အသက္ဝင္ေနသည္ဟု ဇီအာေတြးမိသည္။ ျပံဳးျခင္း ရယ္ျခင္းကင္းေသာ မ်က္ႏွာထားေလးက ပူပန္မႈ တစ္ခုခုကို ဖံုးကြယ္ ထားသည္ဟုလည္း ခံစားမိေစသည္။
အစကေတာ့ မႏွစ္သက္ေသာ စိတ္တို႔ႏွင့္ ျဖစ္ေသာ္လည္း.. မ်က္ႏွာကို ေတြ႔လိုက္ကာမွ ခ်က္ခ်င္းပင္ ခင္မင္ ႏွစ္လိုသြားေသာ ဆႏၵတို႔ျဖင့္ ဇီအာ ထုိင္ေနရာမွ ထရပ္လုိက္ျပီး..
“ေတာင္ပိုင္း ေရဘုရင္ရဲ႕ သမီး ေရွာင္ဇီအာ.. အိမ္ေရွ႕မင္းသားနဲ႔ က်ိဳးရင္း နတ္ဘုရားမကို အရိုအေသေပးပါတယ္..”
အိမ္ေရွ႕မင္းသားက သူမအား တစ္ခ်က္မွ် ေခါင္းညိတ္ျပသည္။ က်ိဳးရင္း နတ္ဘုရားမက မ်က္ႏွာလြဲသြား၏။ ဇီအာ စိတ္ထဲတြင္ အနည္းငယ္ ေအာင့္သက္သက္ ျဖစ္သြားျပီး.. ေရွ႕သို႔ တစ္လွမ္းတိုးလုိက္ကာ..
“အေဖက ေျပာတယ္.. က်ိဳးရင္း နတ္ဘုရားမ လာမွာမို႔လို႔ နန္းေတာ္ တစ္ခုလံုးကို ေရျပာေက်ာက္နဲ႔ စီျခယ္ထားရမယ္တဲ့.. ဒါေပမယ့္.. ဇီအာက အျပာေရာင္ကို မၾကိဳက္ဘူး..”
“ရတယ္..”
က်ိဳးရင္း နတ္ဘုရားမ၏ လက္ေဝွ႔ယမ္းလုိက္ေသာ တစ္ခ်က္တြင္ ေရျပာေရာင္ ေက်ာက္မ်ား၏ သဘာဝ အေရာင္သည္ အနီေရာင္သို႔ ကူးေျပာင္းသြားေတာ့၏။ ခ်က္ခ်င္းပင္ ေျပာင္းလဲသြားေသာ အေရာင္တို႔ေၾကာင့္.. နတ္မ်ား၏ အံ့အားသင့္ေသာ အသံတို႔က တိုးတိုး တိုးတိုး ထြက္ေပၚလာသည္။ ဇီအာအနားသို႔ အေဖက ခ်က္ခ်င္း ေရာက္လာျပီး..
“ဇီအာ ေနာက္ဆုတ္.. နတ္ဘုရားမကို အေႏွာင့္အယွက္ မေပးနဲ႔..”
အေဖ့၏ ဆူလိုက္ေသာ အသံေၾကာင့္ ဇီအာ အေနာက္သို႔ ဆုတ္လုိက္ရသည္။ သူမက ဇီအာကို တည့္တည့္ စိုက္ၾကည့္လာျပီးမွ..
“ေရွာင္ဇီအာ.. သူက ေမြးေန႔ရွင္ပဲ သူ႔စိတ္တိုင္းက် ျဖစ္ပါေစ လုခ်ီ..”
လုခ်ီ..၊ ေနာက္ထပ္တစ္ၾကိမ္ အံ့ၾသျခင္းက ဇီအာ မ်က္ဝန္းေတြကို ဝိုင္းစက္သြားေစသည္။ အေဖ့ကို ဒီနတ္ဘုရားမက အေဒၚေတြ ေခၚသလို လုခ်ီလို႔ ေခၚလိုက္တာလား..၊ သူတို႔ ရင္းႏွီးဖူးတာလား..၊
“ငါက မင္းကို အေႏွာင့္အယွက္ ေပးမိမွာ စိုးတာပါ.. မင္းရဲ႕ ႏွစ္တစ္ေထာင္အျပီး အျပင္ထြက္တဲ့ ခရီးမွာ.. မင္းကို စိတ္ေက်နပ္ေစခ်င္တာ..”
သူမ စိတ္ေက်နပ္ေအာင္ ျပင္ဆင္ေပးဖို႔ အိမ္ေရွ႕မင္းသား ယီမင္မွ တကူးတက လာျပီး ေျပာဆိုသြားတာကိုေတာ့ မေျပာျပမိေတာ့ေပ။
“ငါ အဆင္ေျပပါတယ္.. ငါ့ရဲ႕ တစ္ဦးတည္းေသာ သူငယ္ခ်င္းရဲ႕ သမီးကို စိတ္အေႏွာင့္ယွက္ ျဖစ္ေစဖို႔ ရည္ရြယ္ခ်က္ ငါ့မွာ မရွိပါဘူး.. ျပီးေတာ့.”
ေျပာလုိက္ရင္းျဖင့္ သူမက သူမ၏ ဆံပင္ေတြကို သပ္လိုက္ေတာ့ လက္ထဲတြင္ အနက္ေရာင္ ဆံခ်ည္မွ်င္ တစ္ခုက ေရာက္လာသည္။ ျပီးမွ.. သူမက.. ဇီအာအား.. ကေလးတစ္ဦးကို ၾကည့္လိုက္ေသာ အၾကည့္တို႔ျဖင့္..
“မင္းအတြက္ ေမြးေန႔လက္ေဆာင္ မျပင္ဆင္ခဲ့ရဘူး ဆိုေတာ့.. ဒါကို ေမြးေန႔လက္ေဆာင္ အျဖစ္ေပးတယ္..”
ဇီအာ ေၾကာင္ေတာင္ေတာင္ႏွင့္ ထိုဆံခ်ည္မွ်င္ကို ယူထားလုိက္ရ၏။ သူမက ဧည့္ခံပြဲအတြက္ ခင္းက်င္းထားေသာ ေနရာတြင္ ထိုင္လုိက္ေလျပီ။
“ဘယ္လို ေမြးေန႔ လက္ေဆာင္ၾကီးလဲ..”
ဇီအာ ေရရြတ္ လုိက္တာကို အေမက ၾကားသြားျပီး.. ဆံပင္ေလးကို အိတ္ငယ္ အတြင္းသို႔ ထည့္ေပးလုိက္ျပီးမွ.. ခါးတြင္ ေသခ်ာ ခ်ိတ္ဆြဲ ေပးလုိက္ရင္း..
“ဇီအာ.. ဒီေမြးေန႔ လက္ေဆာင္က အခု ရရွိမယ့္ လက္ေဆာင္ေတြထဲမွာ တန္ဖိုးအၾကီးမားဆံုးပဲ.. က်ိဳးမ်ဳိးႏြယ္ နတ္ေတြရဲ႕ ဒ႑ာရီမွာ ဆံပင္ေပးတယ္ ဆုိတာ လိုရာဆုေတာင္းေစလို႔ ေျပာလုိက္တာနဲ႔ အတူတူပဲ ဘယ္ေလာက္ ခက္ခဲတာပဲ ျဖစ္ျဖစ္.. ေသခ်ာေပါက္ လုပ္ေပးမယ္လို႔ ဆုိလိုတာလည္း ျဖစ္တယ္..”
“သူမက နတ္ဘုရားမ တစ္ပါးပဲကို ဘာလို႔ ဒီေလာက္ ၾကီးက်ယ္ဖို႔ လိုလို႔လဲ..”
“ဟုတ္တယ္.. သူမက နတ္ဘုရားမ တစ္ပါးပဲ ဒါေပမယ့္ အသက္ႏွစ္သိန္းရွိတဲ့ နတ္ဘုရားမ မိန္းကေလး နတ္ဘုရားေတြထဲမွာ စြမ္းအား အျမင့္ဆံုးနဲ႔ အသက္အၾကီးဆံုးပဲ.. မင္း မရိုမေသ မလုပ္ရဘူး.”
ေျပာသြားသမွ်ထဲမွာ ဇီအာကို စိတ္ပါဝင္စားမႈ အျမင့္ဆံုးက..
“သူ႔အသက္က ႏွစ္ႏွစ္သိန္း ရွိျပီလို႔ ေျပာလုိက္တာလား..”
“ႏွစ္ႏွစ္သိန္းကို ေထာင္ပိုင္း စြန္းထြက္ေနေသးတယ္..”
ကျပေဖ်ာ္ေျဖေနျခင္းအား စိတ္မဝင္စားပဲ အေမ့ကို ေမြးခြန္းေတြသာ ေမးေနမိသည္။ သိခ်င္တာကို ေမးလုိက္ျပီးေတာ့မွ ေရွာင္ဇီအာ.. သူမဖာသာ ေရရြတ္လိုက္မိသည္။
“ႏွစ္ႏွစ္သိန္းေတာင္.. ဒီေလာက္ အသက္မွာ ဒီေလာက္လွေသးတယ္.. ငါ့ရဲ႕ တစ္ေလာကလံုး အလွဆံုးဆိုတဲ့ ရည္မွန္းခ်က္က သိပ္သနားစရာ ေကာင္းသြားျပီ.. တကယ္တမ္း ေရသူမင္းသမီးေတြ လွတယ္ ဆိုတာကို က်ိဳးရင္း ဆိုတဲ့ နတ္ဘုရားမက ရယ္ေနအံုးမယ္..”
Uni
Part-6.3
အဖေကတောင် အရိုအသေပေးရသော နတ်ဘုရားနှစ်ပါးအား.. ဟုန်ဟူ တစ်ချက်မျှ မော့ကြည့်လိုက်ပြီး.. ကပျာကယာ အရိုအသေပေးလိုက်သည်။ ပိုင်ဒေသ၏ ဆက်ခံသူ မင်းသမီးနှင့် မင်းသား ဖြစ်သဖြင့်.. တခြားသော ပင်လယ်များသို့ သွားလျှင်ပင် အဖေအနောက်မှ ဆိုလျှင် အရိုအသေပေးရန် မလိုခဲ့ဖူးသောကြောင့် ဟုန်ရွယ်က ယခုကဲ့သို့ အရိုအသေပေးရခြင်းကို မနှစ်သက်ဟန် ဖြစ်နေသည်။
အိမ်ရှေ့မင်းသားဆိုသည့် နတ်ဘုရားက အဖေ့အား.. တစ်ချက်မျှ ခေါင်းညိတ်ကာ အသိအမှတ်ပြုကြောင်း ဖော်ပြသော်လည်း သူ့ဘေးနားရှိ ဆံနွယ်တွေ ခရမ်းရောင် သန်းနေသော နတ်ဘုရားမကမူ အဖေ့အား ရှိသည်ဟုပင် မသတ်မှတ်ပဲ ရေယာဉ်က နန်းတော်သို့ ဆိုက်ရောက်သည်နှင့် ကျောခိုင်း ထွက်ခွာသွား၏။ ဒါဟာ အလွန်မာနကြီးပြီး မောက်မာသော အပြုအမူမှန်း သိနားလည်လိုက်သော်လည်း အဖေက အပြစ်တင် စကား တစ်ခွန်းမှ ထွက်မလာပေ။
ဟုန်ဟူ အဖေ့အား မေးလိုက်ဖို့ ပြင်လိုက်သော်လည်း.. ဟုန်ရွယ်က သူ့ထက်ကို ပိုပြီး.. လျင်မြန်စွာဖြင့်..
“အဖေ့.. အဖေ့ကိုတောင်မှ အသိအမှတ်မပြုချင်တာ သူက ဘယ်သူမို့လဲ.. သိပ်လွန်လွန်းတယ်..”
“သူမကို မရိုမသေ မပြုမိစေနဲ့.. ပြီးတော့ မင်းတို့ ပြသနာ ရှာချင်တယ်ဆို ကျိုးရင်း နတ်ဘုရားမနဲ့ ဝေးဝေးမှာ သွားရှာ..”
“အဖေက နယ်ပယ် ငါးခုရဲ့ ဘုရင်ပဲလေ.. သူက ဘယ်လိုပဲ ဂုဏ်ရှိန်ကြီးမားတယ် ဆိုပေမယ့်.. ဒီလိုမျိုးတော့..”
“တော်တော့.. ဟုန်ရွယ်.. မင်းတို့ နတ်တွေ သမိုင်းကို သေချာ သင်ကြားဖို့ လိုတယ်.. ရှင်သန်ခြင်း ကျောင်းကို သွားကို သွားသင့်နေပြီ..”
အဖေက ဆူငေါက်လိုက်၍သာ.. ဟုန်ရွယ်က စူပုတ်ပုတ်နှင့် ငြိမ်သက်သွားရသော်လည်း နှစ်တစ်ထောင်မျှ အတူတူ ကြီးပြင်းလာသော အတွေ့အကြုံအရ ဟုန်ရွယ် ဘယ်လိုမှ ငြိမ်သက်သွားမှာ မဟုတ်ဘူး ဆိုတာကို ဟုန်ဟူ သိနှင့်နေ၏။ အဖေ့ကို ကြည့်ရတာကလည်း.. လုံးဝ လုပ်လို့ မရတာကို တားမြစ်လိုသော မျက်နှာနှင့်မို့.. ဟုန်ဟူ အကြံအိုက်သွားမိ၏။
@@@@@@@@@@@
တောင်ပိုင်း ရေနန်းတော်၏ အပြင်အဆင်က လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က မင်္ဂလာပွဲသို့ တက်ရောက်သော အချိန်ကအတိုင်း ဖြစ်သည်။ ကျိုးရင်းနတ်ဘုရားမ တက်ရောက်မည် ဆိုသော သတင်းကြောင့်.. ရေနန်းတော် တစ်ခုလုံးအား.. တောင်ပိုင်း ရေဘုရင် ရှောင်လုချီက ကလေးဆုံးရှုံးထားသော သူငယ်ချင်းကို စိတ်ဖြေသာ စေလိုသော ဆန္ဒတို့ဖြင့်.. ရေပြာရောင် ကျောက်တို့ဖြင့် ရေနန်းတော် တစ်ခုလုံးအား စီခြယ်ထားသည်။
သို့သော် အပြာရောင်ချည်းပဲ ဖြစ်နေခြင်းကို မနှစ်သက်သော.. အရောင် ဖြစ်နေသဖြင့်.. မွေးနေ့ရှင် မင်းသမီးငယ်၏ မျက်နှာက မလိုလားဟန် အထင်းသား ဖြစ်နေသည်။ ဖခင်ဖြစ်သူ ကိုယ်တိုင်က မိန့်ကြားထားသဖြင့်သာ လက်ခံထားရသော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ် ပြောင်းပစ်မည်ဟု အတွေးတွင် တွေးထားလိုက်သည်။
“အိမ်ရှေ့မင်းသားနဲ့ ကျိုးရင်း နတ်ဘုရားမ ကြွချီလာပါပြီ..”
ခန်းမ၏ ဦးဆောင်သူမှ အော်လိုက်သော အခါတွင် အသက်ကြီးသော နတ်များအားလုံးက အရိုအသေပေးလျက် ရပ်ကြသည်။ ထိုအခါတွင်မှ သူမ တစ်ခါမှ မမြင်ဖူးသော ကျိုးရင်းဆိုသည့် နတ်ဘုရားမအား ရှောင်ဇီအာ လှမ်းကြည့်လိုက်မိသည်။
~~လှလိုက်တာ ငါ မြေပြင်ဒေသတွေ ဒီလောက် အနှံ့ လည်ပတ် ပြီးတာတောင်မှ.. ဒီလောက်လှတဲ့ နတ် တစ်ခါမှ မတွေ့ဖူးဘူး..~~
ကျိုးရင်း ဟူသည့် နတ်ဘုရားမက ရိုးစင်းလွန်းစွာသော သစ်ခက် တစ်ခက်နှင့် ဆံထုံးကို ထုံးထားသော်လည်း သူမ ခန်းမအတွင်းသို့ ခြေလှမ်းချလိုက်သည်နှင့် လှပသေသပ်စွာ ပြင်ဆင်ထားကြသည့် နတ်သမီးများ အားလုံး မှေးမှိန် သွားသည်ဟု ဇီအာ တွေးထင်မိသည်။ ခရမ်းပြာရောင် ဝတ်စုံက သူမနှင့် ကျမှ ပိုပြီး အသက်ဝင်နေသည်ဟု ဇီအာတွေးမိသည်။ ပြုံးခြင်း ရယ်ခြင်းကင်းသော မျက်နှာထားလေးက ပူပန်မှု တစ်ခုခုကို ဖုံးကွယ် ထားသည်ဟုလည်း ခံစားမိစေသည်။
အစကတော့ မနှစ်သက်သော စိတ်တို့နှင့် ဖြစ်သော်လည်း.. မျက်နှာကို တွေ့လိုက်ကာမှ ချက်ချင်းပင် ခင်မင် နှစ်လိုသွားသော ဆန္ဒတို့ဖြင့် ဇီအာ ထိုင်နေရာမှ ထရပ်လိုက်ပြီး..
“တောင်ပိုင်း ရေဘုရင်ရဲ့ သမီး ရှောင်ဇီအာ.. အိမ်ရှေ့မင်းသားနဲ့ ကျိုးရင်း နတ်ဘုရားမကို အရိုအသေပေးပါတယ်..”
အိမ်ရှေ့မင်းသားက သူမအား တစ်ချက်မျှ ခေါင်းညိတ်ပြသည်။ ကျိုးရင်း နတ်ဘုရားမက မျက်နှာလွဲသွား၏။ ဇီအာ စိတ်ထဲတွင် အနည်းငယ် အောင့်သက်သက် ဖြစ်သွားပြီး.. ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ..
“အဖေက ပြောတယ်.. ကျိုးရင်း နတ်ဘုရားမ လာမှာမို့လို့ နန်းတော် တစ်ခုလုံးကို ရေပြာကျောက်နဲ့ စီခြယ်ထားရမယ်တဲ့.. ဒါပေမယ့်.. ဇီအာက အပြာရောင်ကို မကြိုက်ဘူး..”
“ရတယ်..”
ကျိုးရင်း နတ်ဘုရားမ၏ လက်ဝှေ့ယမ်းလိုက်သော တစ်ချက်တွင် ရေပြာရောင် ကျောက်များ၏ သဘာဝ အရောင်သည် အနီရောင်သို့ ကူးပြောင်းသွားတော့၏။ ချက်ချင်းပင် ပြောင်းလဲသွားသော အရောင်တို့ကြောင့်.. နတ်များ၏ အံ့အားသင့်သော အသံတို့က တိုးတိုး တိုးတိုး ထွက်ပေါ်လာသည်။ ဇီအာအနားသို့ အဖေက ချက်ချင်း ရောက်လာပြီး..
“ဇီအာ နောက်ဆုတ်.. နတ်ဘုရားမကို အနှောင့်အယှက် မပေးနဲ့..”
အဖေ့၏ ဆူလိုက်သော အသံကြောင့် ဇီအာ အနောက်သို့ ဆုတ်လိုက်ရသည်။ သူမက ဇီအာကို တည့်တည့် စိုက်ကြည့်လာပြီးမှ..
“ရှောင်ဇီအာ.. သူက မွေးနေ့ရှင်ပဲ သူ့စိတ်တိုင်းကျ ဖြစ်ပါစေ လုချီ..”
လုချီ..၊ နောက်ထပ်တစ်ကြိမ် အံ့သြခြင်းက ဇီအာ မျက်ဝန်းတွေကို ဝိုင်းစက်သွားစေသည်။ အဖေ့ကို ဒီနတ်ဘုရားမက အဒေါ်တွေ ခေါ်သလို လုချီလို့ ခေါ်လိုက်တာလား..၊ သူတို့ ရင်းနှီးဖူးတာလား..၊
“ငါက မင်းကို အနှောင့်အယှက် ပေးမိမှာ စိုးတာပါ.. မင်းရဲ့ နှစ်တစ်ထောင်အပြီး အပြင်ထွက်တဲ့ ခရီးမှာ.. မင်းကို စိတ်ကျေနပ်စေချင်တာ..”
သူမ စိတ်ကျေနပ်အောင် ပြင်ဆင်ပေးဖို့ အိမ်ရှေ့မင်းသား ယီမင်မှ တကူးတက လာပြီး ပြောဆိုသွားတာကိုတော့ မပြောပြမိတော့ပေ။
“ငါ အဆင်ပြေပါတယ်.. ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းရဲ့ သမီးကို စိတ်အနှောင့်ယှက် ဖြစ်စေဖို့ ရည်ရွယ်ချက် ငါ့မှာ မရှိပါဘူး.. ပြီးတော့.”
ပြောလိုက်ရင်းဖြင့် သူမက သူမ၏ ဆံပင်တွေကို သပ်လိုက်တော့ လက်ထဲတွင် အနက်ရောင် ဆံချည်မျှင် တစ်ခုက ရောက်လာသည်။ ပြီးမှ.. သူမက.. ဇီအာအား.. ကလေးတစ်ဦးကို ကြည့်လိုက်သော အကြည့်တို့ဖြင့်..
“မင်းအတွက် မွေးနေ့လက်ဆောင် မပြင်ဆင်ခဲ့ရဘူး ဆိုတော့.. ဒါကို မွေးနေ့လက်ဆောင် အဖြစ်ပေးတယ်..”
ဇီအာ ကြောင်တောင်တောင်နှင့် ထိုဆံချည်မျှင်ကို ယူထားလိုက်ရ၏။ သူမက ဧည့်ခံပွဲအတွက် ခင်းကျင်းထားသော နေရာတွင် ထိုင်လိုက်လေပြီ။
“ဘယ်လို မွေးနေ့ လက်ဆောင်ကြီးလဲ..”
ဇီအာ ရေရွတ် လိုက်တာကို အမေက ကြားသွားပြီး.. ဆံပင်လေးကို အိတ်ငယ် အတွင်းသို့ ထည့်ပေးလိုက်ပြီးမှ.. ခါးတွင် သေချာ ချိတ်ဆွဲ ပေးလိုက်ရင်း..
“ဇီအာ.. ဒီမွေးနေ့ လက်ဆောင်က အခု ရရှိမယ့် လက်ဆောင်တွေထဲမှာ တန်ဖိုးအကြီးမားဆုံးပဲ.. ကျိုးမျိုးနွယ် နတ်တွေရဲ့ ဒဏ္ဍာရီမှာ ဆံပင်ပေးတယ် ဆိုတာ လိုရာဆုတောင်းစေလို့ ပြောလိုက်တာနဲ့ အတူတူပဲ ဘယ်လောက် ခက်ခဲတာပဲ ဖြစ်ဖြစ်.. သေချာပေါက် လုပ်ပေးမယ်လို့ ဆိုလိုတာလည်း ဖြစ်တယ်..”
“သူမက နတ်ဘုရားမ တစ်ပါးပဲကို ဘာလို့ ဒီလောက် ကြီးကျယ်ဖို့ လိုလို့လဲ..”
“ဟုတ်တယ်.. သူမက နတ်ဘုရားမ တစ်ပါးပဲ ဒါပေမယ့် အသက်နှစ်သိန်းရှိတဲ့ နတ်ဘုရားမ မိန်းကလေး နတ်ဘုရားတွေထဲမှာ စွမ်းအား အမြင့်ဆုံးနဲ့ အသက်အကြီးဆုံးပဲ.. မင်း မရိုမသေ မလုပ်ရဘူး.”
ပြောသွားသမျှထဲမှာ ဇီအာကို စိတ်ပါဝင်စားမှု အမြင့်ဆုံးက..
“သူ့အသက်က နှစ်နှစ်သိန်း ရှိပြီလို့ ပြောလိုက်တာလား..”
“နှစ်နှစ်သိန်းကို ထောင်ပိုင်း စွန်းထွက်နေသေးတယ်..”
ကပြဖျော်ဖြေနေခြင်းအား စိတ်မဝင်စားပဲ အမေ့ကို မွေးခွန်းတွေသာ မေးနေမိသည်။ သိချင်တာကို မေးလိုက်ပြီးတော့မှ ရှောင်ဇီအာ.. သူမဖာသာ ရေရွတ်လိုက်မိသည်။
“နှစ်နှစ်သိန်းတောင်.. ဒီလောက် အသက်မှာ ဒီလောက်လှသေးတယ်.. ငါ့ရဲ့ တစ်လောကလုံး အလှဆုံးဆိုတဲ့ ရည်မှန်းချက်က သိပ်သနားစရာ ကောင်းသွားပြီ.. တကယ်တမ်း ရေသူမင်းသမီးတွေ လှတယ် ဆိုတာကို ကျိုးရင်း ဆိုတဲ့ နတ်ဘုရားမက ရယ်နေအုံးမယ်..”