book

Index 16

Part-6.2

Zawgyi

Part-6.2


“အာမ္.. ရွင္သန္ျခင္း နယ္ေျမက ေက်ာင္းမွာ ဆိုေတာ့.. လူသားေတြနဲ႔ အတူတူ သင္ရမွာေပါ့.. မသြားခ်င္ဘူး..”


ရွင္သန္ျခင္း နယ္ေျမက ေက်ာင္းက အထက္လမ္းသို႔ တက္ေရာက္လိုေသာ ေမွာ္အစြမ္းကို တတ္ေျမာက္သည့္ လူသားမ်ားႏွင့္ အတူတူ ပညာသင္ၾကားရေသာ ေက်ာင္း ျဖစ္သည္။ အရင္က ေျမျပင္မွ နတ္မ်ိဳးႏြယ္စုတို႔၏ အသက္ႏွင့္စြမ္းရည္သည္ အကန္႔အသတ္ရွိသည္မို႔ လူသားတို႔ႏွင့္ ေရာေႏွာကာ ပညာသင္ရေသာ္လည္း သူမသာ ကိုယ္မသာ အဆင့္မွာသာ ရွိ၏။


သို႔ေသာ္ အသက္ဓာတ္ ထိန္းညွိေသာ ေနရာကို ဖ်က္စီးျပီး ေျမျပင္မွ နတ္မ်ိဳး အားလံုးအား အသက္ဓာတ္ကို ကိုယ္ပိုင္ ထိန္းခ်ဳပ္ခြင့္ ေပးလုိက္သည္မွ စ၍ ေျမျပင္မွ နတ္မ်ား အားလံုးသည္ အသက္ၾကီးရင့္ျခင္း မရွိေတာ့ျခင္းေၾကာင့္ စြမ္းအားကလည္း အရင္ကထက္ ေလ့က်င္လွ်င္ ေလ့က်င့္သေလာက္ တိုးပြားခြင့္ ရွိလာ၏။


ထို႔ေၾကာင့္ ေျမျပင္နတ္တို႔သည္လည္း လူသားမ်ားႏွင့္ ကြာဟမႈ မ်ားစြာ ရွိသြားျပီ ျဖစ္သျဖင့္ ဟုန္ရြယ္က ရွင္သန္ျခင္း ေက်ာင္းသို႔ တက္ေရာက္ရန္ ျငင္းဆန္ေလသည္။


“မရဘူး.. မင္းတုိ႔ ႏွစ္တစ္ေထာင္ ျပည့္ျပီဆိုရင္ ပညာသင္ဖို႔ အရြယ္ေရာက္ေတာ့မွာ..”


“ဟုန္ရြယ္ ႏွစ္တစ္ေထာင္ မျပည့္ေသးပါဘူး..”


“ႏွစ္ႏွစ္ပဲ က်န္ေတာ့တာေလ.. တျခားေက်ာင္းသားေတြထက္ ႏွစ္ႏွစ္ေလာက္ ငယ္လည္း ကိစၥမရွိပါဘူး..”


“အေဖ.. သမီးတို႔ မရွိရင္.. အေမနဲ႔ အေဖ ပ်င္းေနမွာေပါ့..”


ထိုစကားကိုေတာ့ ပိုင္ထင္က လက္ကာျပလုိက္ကာ..


“ဘာလဲ မင္းတို႔ ႏွစ္ေယာက္ေပါင္းျပီး.. သူမ်ား သစ္ပင္ေတြကို တစ္ေတာလံုး မီးရိႈ႕လိုက္လို႔ မေျဖရွင္းရေတာ့ရင္ ငါတို႔က ပ်င္းေနမွာလား..”


ဟုန္ရြယ္ ေခါင္းေလး ပုဝင္သြားသည္။ ဟုန္ဟူက မ်က္ႏွာကို ဟုိလြဲ ဒီလြဲ..၊ ပိုင္ထင္ကပင္ ဆက္၍..


“ဒါမွမဟုတ္.. မင္းတို႔ ႏွစ္ေယာက္ေပါင္းျပီး ေျမြေဒသမွာ ရွိသမွ် ေျမြတြင္းေတြ အကုန္လုိက္တူးလို႔ ငါတို႔ လင္မယား မေတာင္းပန္ရေတာ့ရင္ ငါတို႔က ပ်င္းေနမွာ ထင္တယ္..”


အစ္ကို ျဖစ္သူက ေျပာေနေတာ့ ပိုင္လင္ ရယ္ခ်င္ေသာ မ်က္ႏွာျဖင့္ မ်က္ႏွာလြဲ၏။ ဒီအျမႊာေလး ႏွစ္ဦး ေမြးလာျပီး ကတည္းက အတူတူဟု အားလံုးက သိထားေသာ္လည္း.. ပိုင္လင္ တစ္ဦးတည္းသာ ထိုေျမေခြးနီေလးက ေကာင္းကင္နတ္ ဆိုတာကို သိထားသျဖင့္ ေသခ်ာ ေစာင့္ၾကည့္တတ္သည္။


သို႔ေသာ္ သူတို႔ ႏွစ္ဦး အတူတူ ၾကီးပ်င္းလာျပီးေနာက္ တစ္ေယာက္လက္ တစ္ေယာက္တြဲကာ.. ရွာသမွ် ျပသနာကို အစ္ကိုႏွင့္ အစ္မက ဒိုင္ခံ ေျဖရွင္းေနျခင္းအား ေတြ႔လုိက္ရျပီးမွ.. ပိုင္ဟုန္ဟူက ေကာင္းကင္နတ္ႏွင့္ မတူပဲ နတ္ေျမေခြးႏွင့္သာ တူေနသျဖင့္ စိတ္ခ်လုိက္ျခင္း ျဖစ္ေလသည္။


“အဲ့တာက အေဖ သမီးတို႔က မသိလို႔ တစ္ခါမုိက္..”


“ရို႕.. ငါတူမ ေျပာတာ ဟုတ္သားပဲ မသိလို႔ တစ္ခါမိုက္တာ.. ကေန စျပီးေတာ့ မုိက္ရတာကို သေဘာက်ျပီး ထပ္ခါ ထပ္ခါ မုိက္သြားေတာ့တာ..”


ပိုင္လင္က သားအဖေတြ ၾကားသို႔ ဝင္ျပီး အခၽြန္ႏွင့္ မေပးသည္။ ဟုန္ဟူက တစ္ခြန္းမွ မေျပာေသးပဲ.. ဂူေပါက္ဝကို လက္ညိဳးထိုးလုိက္ျပီး..


“ေဒၚေလး လာျပီ..”


စကားဆံုးသည္ႏွင့္ ပိုင္လင္က ထိုေနရာမွ ျဖတ္ခနဲ ေပ်ာက္သြားေတာ့၏။ ဟုန္ဟူ အပါအဝင္ အေဖႏွင့္ အေမပါ ရယ္ေမာလုိက္ၾကျပီး..


“ဒီနည္းလမ္းက ပိုင္လင္ ထြက္ေျပးဖို႔ အသံုးအဝင္ဆံုးပဲ..”


“မနက္ျဖန္ သြားမွာ ဆိုေတာ့ မင္းတို႔ ႏွစ္ေယာက္ လိုက္မွာလား မလုိက္ဘူးလား.. ေသခ်ာ ေတြးလုိက္ပါအံုး..”


“ေကာင္းပါျပီ..”


ဟုန္ရြယ္က မ်က္ႏွာငယ္ေလးႏွင့္ ျဖစ္ေသာ္လည္း ဟုန္ဟူက သူ႔မွာ အၾကံရွိတယ္ ဆုိေသာ အမူအယာႏွင့္ ျဖစ္၏။ ထို႔ေၾကာင့္..


“ဟူအာ.. မင္းမွာ အၾကံ တစ္ခုခု ရွိတယ္ မဟုတ္လား..”


“ရွိတယ္..”


“ရွိတယ္.. ဟုတ္လား.. ဘယ္လုိ အၾကံမ်ိဳးလဲ..”


“ငါတို႔ ေက်ာင္းသြားတက္ၾကမယ္..”


ဟုန္ရြယ္က ခ်က္ခ်င္းပင္ ေခါင္းခါသည္။


“ငါ ေသမ်ိဳးေတြနဲ႔ အတူတူ ပညာမသင္ခ်င္ဘူး..”


“ေသမ်ိဳးေတြနဲ႔ အတူတူ သင္ဖို႔က ခဏေလးပဲ သူတို႔က ဘယ္ေလာက္ ပညာတတ္မွာ မို႔လဲ.. အဲ့တာေၾကာင့္.. ငါတို႔ ပညာသင္ယူျပီးတာနဲ႔ ျပန္လာခဲ့ၾကမယ္.. ျပီးေတာ့ ရွင္သန္ျခင္း ေတာင္ေပၚမွာက ထာဝရနတ္ေတြ လည္း ရွိတယ္ေလ.. ငါတို႔ ေကာင္းကင္နတ္ေတြကို ျမင္ေတြ႔ႏုိင္တယ္..”


ဟုန္ရြယ္ ျဖစ္ခ်င္ေသာ ဆႏၵကို ေျပာလုိက္တာမို႔ ဟုန္ရြယ္က ခ်က္ခ်င္းပဲ ေခါင္းေလး ေထာင္လာျပီး..


“ဟုတ္သားပဲ.. ငါတို႔ ေကာင္းကင္နတ္ေတြကို ေတြ႔ျမင္ႏုိင္တယ္.. ဒါေပမယ့္ ဘယ္သူကမ်ား သူတို႔ သားသမီးကို ေကာင္းကင္ကေန ဒီအထိ ပညာသင္ေစမွာလဲ.. ေကာင္းကင္နဲ႔ ရွင္သန္ျခင္း ေတာင္က ဒီေလာက္ေတာင္ ေဝးတာကို..”


“ငါတို႔ သြားမၾကည့္ေသးပဲနဲ႔ အဲ့တာကို ဘယ္လို သိႏုိင္မွာလဲ..”


ဟုန္ရြယ္က အနားသို႔ တိုးလ်က္ ငံု႔လာျပီးလွ်င္.. တိုးတိတ္ေသာ ေလသံျဖင့္..


“ငါတို႔ အစမ္းသြားၾကည့္မယ္.. အဆင္ေျပျပီ ဆိုမွ.. ေက်ာင္းကို တကယ္တက္မယ္..”


“ငါ လက္ခံမယ္..”


ႏွစ္ေယာက္သား ေဆြးေႏြးတိုင္ပင္၍ ျပီးသြားျပီ ဆိုမွ.. အေဖႏွင့္အေမေရွ႕သို႔ ေရာက္လာကာ..


“အေဖ အေမ ကၽြန္ေတာ္တို႔ ရွင္သန္ျခင္း ေတာင္မွာ ပညာသြားသင္မယ္..”


“ေကာင္းတယ္.. မင္းတို႔ ျပန္ျပီး မေျပးလာဖို႔ လိုတယ္ေနာ္..”


ဒီစကားတြင္ တစ္ေယာက္ႏွင့္တစ္ေယာင္ မ်က္ႏွာခ်င္း ဆိုင္မိသြားၾကျပန္သည္။ ျပီးမွ.. ဟုန္ဟူက ေခါင္းညိတ္လုိက္ျပီး..


“ေသခ်ာေပါက္ ျပန္မေျပးလာဘူးလို႔ ကတိေပးပါတယ္..”


ဟူအာေျပာလုိက္တာကို ဟုန္ရြယ္က အနည္းငယ္ မေက်နပ္ဟန္ ျဖစ္ေနေသာ္လည္း ေခါင္းညိတ္ လက္ခံလုိက္၏။ ထို႔ေနာက္ ေရွာင္ဇီအာဟု ေခၚေသာ ေရသူမင္းသမီး အတြက္ ေမြးေန႔လက္ေဆာင္အား.. ပိုင္ထင္က ျပင္ဆင္ဖို႔ ေစခိုင္းလုိက္သည္။


ဟူအာ ေရသူမင္းသမီးအတြက္ ပိုင္ေဒသရွိ တန္ဖိုးၾကီးေသာ အဆင္တန္ဆာမ်ားကို ေတြးေတာလိုက္သည္။ ပိုင္ေဒသက လူသားမ်ားကဲ့သို႔ ေနထိုင္ခြင့္ ရေသာ ေဒသ ျဖစ္သျဖင့္.. သယံဇတ ေပါမ်ားသည္ဟု ဆိုရမည္။ သို႔ေသာ္ ဒါေတြက ေကာင္းကင္နတ္ေတြ အတြက္ အသံုးဝင္ပါ့မလားဟု ေတြးမိေသးသည္။


ေရွာင္ဇီအာက ေကာင္းကင္နတ္ စစ္စစ္ မဟုတ္တာေၾကာင့္.. ေျမေခြးေဒသရွိ ဝိဉာဥ္ပန္းျဖင့္ ျပဳလုပ္ထားေသာ ေသရည္အိုးေတြကို သတိရကာ ယူလာဖို႔ ဟုန္ဟူ ဆံုးျဖတ္လိုက္သည္။ ျပီးေနာက္.. ပိုင္ေဒသတြင္ ရွိေသာ ေက်ာက္တံုးတစ္ခုကို ယူလာရန္လည္း ဆံုးျဖတ္လုိက္သည္။


ပိုင္ေဒသရွိ ေက်ာက္တံုးမ်ားက တန္ဖိုးၾကီးေသာ ေက်ာက္တံုးမ်ားသာ ျဖစ္၏။ နတ္စြမ္းအားအားျဖင့္ မျပည့္ဝသည္မွာ မွန္ေသာ္လည္း မိန္းကေလး တစ္ဦးအတြက္မူ တလက္လက္ ေတာက္ပေနေသာ လွပသည့္ အဖိုးတန္ ေက်ာက္တံုးကသာ ေမြးေန႔လက္ေဆာင္ ျဖစ္သင့္သည္ဟု ဟုန္ဟူ ေတြးထင္လုိက္သည္။


“ဟူအာ.. ျပီးျပီလား.. ငါတို႔ သြားၾကမယ္..”


အေဖက အေရွ႕မွ သြားကာ.. ဟုန္ဟူႏွင့္ ဟုန္ရြယ္ ႏွစ္ဦးက အေနာက္မွ လိုက္လာ၏။ ေရနန္းေတာ္သို႔ မဆင္းခင္တြင္ သူတို႔က ေျမေခြးေတြမို႔ ေရကို ျဖတ္သြားရန္ အတြက္ သလင္းေက်ာက္ျဖင့္ အလံုပိတ္ ျပဳလုပ္ထားေသာ သံုးေျမွာင့္သ႑ာန္ ေရယာဥ္ကို စီးနင္းရ၏။ ထိုေရယာဥ္အတြင္းဝယ္.. အရွိန္အဝါ ၾကီးမားဟန္တူသည့္ နတ္ဘုရား လင္မယားအား အေဖက ဂါရဝျပဳလုိက္ရင္း..


“အိမ္ေရွ႕မင္းသားနဲ႔ က်ိဳးရင္း နတ္ဘုရားမကို ပိုင္ထင္ အရိုအေသေပးပါတယ္..”


Uni

Part-6.2


“အာမ်.. ရှင်သန်ခြင်း နယ်မြေက ကျောင်းမှာ ဆိုတော့.. လူသားတွေနဲ့ အတူတူ သင်ရမှာပေါ့.. မသွားချင်ဘူး..”


ရှင်သန်ခြင်း နယ်မြေက ကျောင်းက အထက်လမ်းသို့ တက်ရောက်လိုသော မှော်အစွမ်းကို တတ်မြောက်သည့် လူသားများနှင့် အတူတူ ပညာသင်ကြားရသော ကျောင်း ဖြစ်သည်။ အရင်က မြေပြင်မှ နတ်မျိုးနွယ်စုတို့၏ အသက်နှင့်စွမ်းရည်သည် အကန့်အသတ်ရှိသည်မို့ လူသားတို့နှင့် ရောနှောကာ ပညာသင်ရသော်လည်း သူမသာ ကိုယ်မသာ အဆင့်မှာသာ ရှိ၏။


သို့သော် အသက်ဓာတ် ထိန်းညှိသော နေရာကို ဖျက်စီးပြီး မြေပြင်မှ နတ်မျိုး အားလုံးအား အသက်ဓာတ်ကို ကိုယ်ပိုင် ထိန်းချုပ်ခွင့် ပေးလိုက်သည်မှ စ၍ မြေပြင်မှ နတ်များ အားလုံးသည် အသက်ကြီးရင့်ခြင်း မရှိတော့ခြင်းကြောင့် စွမ်းအားကလည်း အရင်ကထက် လေ့ကျင်လျှင် လေ့ကျင့်သလောက် တိုးပွားခွင့် ရှိလာ၏။


ထို့ကြောင့် မြေပြင်နတ်တို့သည်လည်း လူသားများနှင့် ကွာဟမှု များစွာ ရှိသွားပြီ ဖြစ်သဖြင့် ဟုန်ရွယ်က ရှင်သန်ခြင်း ကျောင်းသို့ တက်ရောက်ရန် ငြင်းဆန်လေသည်။


“မရဘူး.. မင်းတို့ နှစ်တစ်ထောင် ပြည့်ပြီဆိုရင် ပညာသင်ဖို့ အရွယ်ရောက်တော့မှာ..”


“ဟုန်ရွယ် နှစ်တစ်ထောင် မပြည့်သေးပါဘူး..”


“နှစ်နှစ်ပဲ ကျန်တော့တာလေ.. တခြားကျောင်းသားတွေထက် နှစ်နှစ်လောက် ငယ်လည်း ကိစ္စမရှိပါဘူး..”


“အဖေ.. သမီးတို့ မရှိရင်.. အမေနဲ့ အဖေ ပျင်းနေမှာပေါ့..”


ထိုစကားကိုတော့ ပိုင်ထင်က လက်ကာပြလိုက်ကာ..


“ဘာလဲ မင်းတို့ နှစ်ယောက်ပေါင်းပြီး.. သူများ သစ်ပင်တွေကို တစ်တောလုံး မီးရှို့လိုက်လို့ မဖြေရှင်းရတော့ရင် ငါတို့က ပျင်းနေမှာလား..”


ဟုန်ရွယ် ခေါင်းလေး ပုဝင်သွားသည်။ ဟုန်ဟူက မျက်နှာကို ဟိုလွဲ ဒီလွဲ..၊ ပိုင်ထင်ကပင် ဆက်၍..


“ဒါမှမဟုတ်.. မင်းတို့ နှစ်ယောက်ပေါင်းပြီး မြွေဒေသမှာ ရှိသမျှ မြွေတွင်းတွေ အကုန်လိုက်တူးလို့ ငါတို့ လင်မယား မတောင်းပန်ရတော့ရင် ငါတို့က ပျင်းနေမှာ ထင်တယ်..”


အစ်ကို ဖြစ်သူက ပြောနေတော့ ပိုင်လင် ရယ်ချင်သော မျက်နှာဖြင့် မျက်နှာလွဲ၏။ ဒီအမြွှာလေး နှစ်ဦး မွေးလာပြီး ကတည်းက အတူတူဟု အားလုံးက သိထားသော်လည်း.. ပိုင်လင် တစ်ဦးတည်းသာ ထိုမြေခွေးနီလေးက ကောင်းကင်နတ် ဆိုတာကို သိထားသဖြင့် သေချာ စောင့်ကြည့်တတ်သည်။


သို့သော် သူတို့ နှစ်ဦး အတူတူ ကြီးပျင်းလာပြီးနောက် တစ်ယောက်လက် တစ်ယောက်တွဲကာ.. ရှာသမျှ ပြသနာကို အစ်ကိုနှင့် အစ်မက ဒိုင်ခံ ဖြေရှင်းနေခြင်းအား တွေ့လိုက်ရပြီးမှ.. ပိုင်ဟုန်ဟူက ကောင်းကင်နတ်နှင့် မတူပဲ နတ်မြေခွေးနှင့်သာ တူနေသဖြင့် စိတ်ချလိုက်ခြင်း ဖြစ်လေသည်။


“အဲ့တာက အဖေ သမီးတို့က မသိလို့ တစ်ခါမိုက်..”


“ရို့.. ငါတူမ ပြောတာ ဟုတ်သားပဲ မသိလို့ တစ်ခါမိုက်တာ.. ကနေ စပြီးတော့ မိုက်ရတာကို သဘောကျပြီး ထပ်ခါ ထပ်ခါ မိုက်သွားတော့တာ..”


ပိုင်လင်က သားအဖတွေ ကြားသို့ ဝင်ပြီး အချွန်နှင့် မပေးသည်။ ဟုန်ဟူက တစ်ခွန်းမှ မပြောသေးပဲ.. ဂူပေါက်ဝကို လက်ညိုးထိုးလိုက်ပြီး..


“ဒေါ်လေး လာပြီ..”


စကားဆုံးသည်နှင့် ပိုင်လင်က ထိုနေရာမှ ဖြတ်ခနဲ ပျောက်သွားတော့၏။ ဟုန်ဟူ အပါအဝင် အဖေနှင့် အမေပါ ရယ်မောလိုက်ကြပြီး..


“ဒီနည်းလမ်းက ပိုင်လင် ထွက်ပြေးဖို့ အသုံးအဝင်ဆုံးပဲ..”


“မနက်ဖြန် သွားမှာ ဆိုတော့ မင်းတို့ နှစ်ယောက် လိုက်မှာလား မလိုက်ဘူးလား.. သေချာ တွေးလိုက်ပါအုံး..”


“ကောင်းပါပြီ..”


ဟုန်ရွယ်က မျက်နှာငယ်လေးနှင့် ဖြစ်သော်လည်း ဟုန်ဟူက သူ့မှာ အကြံရှိတယ် ဆိုသော အမူအယာနှင့် ဖြစ်၏။ ထို့ကြောင့်..


“ဟူအာ.. မင်းမှာ အကြံ တစ်ခုခု ရှိတယ် မဟုတ်လား..”


“ရှိတယ်..”


“ရှိတယ်.. ဟုတ်လား.. ဘယ်လို အကြံမျိုးလဲ..”


“ငါတို့ ကျောင်းသွားတက်ကြမယ်..”


ဟုန်ရွယ်က ချက်ချင်းပင် ခေါင်းခါသည်။


“ငါ သေမျိုးတွေနဲ့ အတူတူ ပညာမသင်ချင်ဘူး..”


“သေမျိုးတွေနဲ့ အတူတူ သင်ဖို့က ခဏလေးပဲ သူတို့က ဘယ်လောက် ပညာတတ်မှာ မို့လဲ.. အဲ့တာကြောင့်.. ငါတို့ ပညာသင်ယူပြီးတာနဲ့ ပြန်လာခဲ့ကြမယ်.. ပြီးတော့ ရှင်သန်ခြင်း တောင်ပေါ်မှာက ထာဝရနတ်တွေ လည်း ရှိတယ်လေ.. ငါတို့ ကောင်းကင်နတ်တွေကို မြင်တွေ့နိုင်တယ်..”


ဟုန်ရွယ် ဖြစ်ချင်သော ဆန္ဒကို ပြောလိုက်တာမို့ ဟုန်ရွယ်က ချက်ချင်းပဲ ခေါင်းလေး ထောင်လာပြီး..


“ဟုတ်သားပဲ.. ငါတို့ ကောင်းကင်နတ်တွေကို တွေ့မြင်နိုင်တယ်.. ဒါပေမယ့် ဘယ်သူကများ သူတို့ သားသမီးကို ကောင်းကင်ကနေ ဒီအထိ ပညာသင်စေမှာလဲ.. ကောင်းကင်နဲ့ ရှင်သန်ခြင်း တောင်က ဒီလောက်တောင် ဝေးတာကို..”


“ငါတို့ သွားမကြည့်သေးပဲနဲ့ အဲ့တာကို ဘယ်လို သိနိုင်မှာလဲ..”


ဟုန်ရွယ်က အနားသို့ တိုးလျက် ငုံ့လာပြီးလျှင်.. တိုးတိတ်သော လေသံဖြင့်..


“ငါတို့ အစမ်းသွားကြည့်မယ်.. အဆင်ပြေပြီ ဆိုမှ.. ကျောင်းကို တကယ်တက်မယ်..”


“ငါ လက်ခံမယ်..”


နှစ်ယောက်သား ဆွေးနွေးတိုင်ပင်၍ ပြီးသွားပြီ ဆိုမှ.. အဖေနှင့်အမေရှေ့သို့ ရောက်လာကာ..


“အဖေ အမေ ကျွန်တော်တို့ ရှင်သန်ခြင်း တောင်မှာ ပညာသွားသင်မယ်..”


“ကောင်းတယ်.. မင်းတို့ ပြန်ပြီး မပြေးလာဖို့ လိုတယ်နော်..”


ဒီစကားတွင် တစ်ယောက်နှင့်တစ်ယောင် မျက်နှာချင်း ဆိုင်မိသွားကြပြန်သည်။ ပြီးမှ.. ဟုန်ဟူက ခေါင်းညိတ်လိုက်ပြီး..


“သေချာပေါက် ပြန်မပြေးလာဘူးလို့ ကတိပေးပါတယ်..”


ဟူအာပြောလိုက်တာကို ဟုန်ရွယ်က အနည်းငယ် မကျေနပ်ဟန် ဖြစ်နေသော်လည်း ခေါင်းညိတ် လက်ခံလိုက်၏။ ထို့နောက် ရှောင်ဇီအာဟု ခေါ်သော ရေသူမင်းသမီး အတွက် မွေးနေ့လက်ဆောင်အား.. ပိုင်ထင်က ပြင်ဆင်ဖို့ စေခိုင်းလိုက်သည်။


ဟူအာ ရေသူမင်းသမီးအတွက် ပိုင်ဒေသရှိ တန်ဖိုးကြီးသော အဆင်တန်ဆာများကို တွေးတောလိုက်သည်။ ပိုင်ဒေသက လူသားများကဲ့သို့ နေထိုင်ခွင့် ရသော ဒေသ ဖြစ်သဖြင့်.. သယံဇတ ပေါများသည်ဟု ဆိုရမည်။ သို့သော် ဒါတွေက ကောင်းကင်နတ်တွေ အတွက် အသုံးဝင်ပါ့မလားဟု တွေးမိသေးသည်။


ရှောင်ဇီအာက ကောင်းကင်နတ် စစ်စစ် မဟုတ်တာကြောင့်.. မြေခွေးဒေသရှိ ဝိဉာဉ်ပန်းဖြင့် ပြုလုပ်ထားသော သေရည်အိုးတွေကို သတိရကာ ယူလာဖို့ ဟုန်ဟူ ဆုံးဖြတ်လိုက်သည်။ ပြီးနောက်.. ပိုင်ဒေသတွင် ရှိသော ကျောက်တုံးတစ်ခုကို ယူလာရန်လည်း ဆုံးဖြတ်လိုက်သည်။


ပိုင်ဒေသရှိ ကျောက်တုံးများက တန်ဖိုးကြီးသော ကျောက်တုံးများသာ ဖြစ်၏။ နတ်စွမ်းအားအားဖြင့် မပြည့်ဝသည်မှာ မှန်သော်လည်း မိန်းကလေး တစ်ဦးအတွက်မူ တလက်လက် တောက်ပနေသော လှပသည့် အဖိုးတန် ကျောက်တုံးကသာ မွေးနေ့လက်ဆောင် ဖြစ်သင့်သည်ဟု ဟုန်ဟူ တွေးထင်လိုက်သည်။


“ဟူအာ.. ပြီးပြီလား.. ငါတို့ သွားကြမယ်..”


အဖေက အရှေ့မှ သွားကာ.. ဟုန်ဟူနှင့် ဟုန်ရွယ် နှစ်ဦးက အနောက်မှ လိုက်လာ၏။ ရေနန်းတော်သို့ မဆင်းခင်တွင် သူတို့က မြေခွေးတွေမို့ ရေကို ဖြတ်သွားရန် အတွက် သလင်းကျောက်ဖြင့် အလုံပိတ် ပြုလုပ်ထားသော သုံးမြှောင့်သဏ္ဍာန် ရေယာဉ်ကို စီးနင်းရ၏။ ထိုရေယာဉ်အတွင်းဝယ်.. အရှိန်အဝါ ကြီးမားဟန်တူသည့် နတ်ဘုရား လင်မယားအား အဖေက ဂါရဝပြုလိုက်ရင်း..


“အိမ်ရှေ့မင်းသားနဲ့ ကျိုးရင်း နတ်ဘုရားမကို ပိုင်ထင် အရိုအသေပေးပါတယ်..”



rate now:

3 Reviews
  • reader KhaingThitsar 20.01.2020, 05:51 5

    ကြိုက်

    reply

  • reader MayMyatMoeMyint 12.12.2019, 04:30 5

    good

    reply

  • reader JuliusJulius 29.11.2019, 12:39 5

    So good.

    reply