book

Index 15

Part-6.1

Zawgyi

ေျမေခြးေလး၏ခ်စ္ျခင္းဒ႑ာရီ


Part-6.1


ရင္းအာ ေခတၱမွ် ေတြေဝေနမိေသး၏။ ယီမင္ သူမကို ၾကည့္ေနျပီး ရူးေတာ့မလို ျဖစ္ေနျပီလား ဆိုေသာ အေတြးက ရင္ထဲဝယ္ ျဖတ္ခနဲ ေျပးဝင္သြားသျဖင့္ သူ အၾကံေပးေနေသာ အရာမ်ားထဲမွ တစ္ခုကို လုပ္ေဆာင္ရန္ ေခါင္းညိတ္လိုက္ျပီး..


“ေကာင္းျပီ.. ငါသြားမယ္..”


သူမက တိုးတိတ္စြာသာ သြားမည္ဟု ေျပာသည္။ မေန႔ကေကာ မေန႔ကရဲ႕ မေန႔ကေရာ ျပီးေတာ့ ေနာက္ထပ္ အေရွ႕တစ္ရက္ကေရာ.. သူမ မအိပ္တာ ဘယ္ေလာက္ ၾကာေနျပီ ဆုိတာကို ယီမင္ သူမအား ေျပာလိုသည္။ သို႔ေသာ္.. ဘာမွ ထပ္မေျပာေတာ့ပဲ သူမ၏ အိပ္ရာေဘးမွ ေခါင္းျဖီးႏွင့္ ဆံထိုးကို ဆင့္ေခၚလုိက္ကာ.. သူမကို ေပြ႔ဖက္ထားျခင္းအား ေျဖလႊတ္လိုက္ျပီး..


“ငါ မင္းကို ဆံထံုးလွလွေလး ထံုးေပးမယ္.. ပြဲတစ္ခုခု တက္ေရာက္တယ္ ဆိုေတာ့ မင္းရဲ႕ အလွအပ ဂုဏ္သတင္းကို က်ဆင္းေစလို႔ မျဖစ္ဘူး..”


သူမ၏ ဆံပင္ အနက္ေတြ ၾကားမွာ ခရမ္းေရာင္ သန္းေနေသာ ဆံပင္ေတြ ေရာပါေနတာကို ေတြ႔ရသည္။ ထိုခရမ္းေရာင္ ဆံႏြယ္မ်ားက ဒီႏွစ္ပိုင္းမွာ ပိုျပီး တိုးပြားလာတာကိုလည္း သတိထားမိသည္။ ယီမင္ ဆံပင္ေတြကို ယုယစြာ ကိုင္တြယ္လုိက္ျပီးမွ.. ေခါင္းျဖီးျဖင့္ ျဖီးခ်လိုက္သည္။


သူမဆံပင္ေတြက အရင္ ႏွစ္တစ္သိန္းတုန္းကလိုပဲ ႏူးညံ့ေခ်ာေမြ႔ေနဆဲ ျဖစ္သည္။ သူမက အရမ္းကို လွပျပီး ရႈပ္ေထြးေသာ ဆံထံုးမ်ား ထံုးဖြဲ႔ျခင္းကို မႏွစ္သက္မွန္း သိေနတာေၾကာင့္.. ေဇာက္ထိုးသစ္ပင္မွ သစ္ခက္ေလး တစ္ခက္ကို ခ်ိဳးယူလိုက္ျပီး သူမ ဆံပင္ေတြႏွင့္ ရစ္ေႏွာင္ကာ ရိုးရွင္းျပီး တင့္တယ္ေသာ ဆံထံုးကို ထံုးေပးလုိက္သည္။


သူ လုပ္လို႔ ျပီးသြားတဲ့အထိ သူမက ျငိမ္သက္စြာ ရွိေနဆဲ ျဖစ္၏။ ထို႔ေၾကာင့္ သူမ ဝတ္ထားေသာ အျဖဴေရာင္သန္းလုနီးပါး အက်ႌအား ခရမ္းေရာင္ေတာက္ေတာက္ အက်ႌျဖင့္ လွဲလွယ္ေပးလုိက္သည္။


“ရင္းအာ.. ငါတို႔ သြားလို႔ ရျပီ..”


သူမက ေခါင္းကိုသာ တစ္ခ်က္မွ် ညိတ္လိုက္၏။


@@@@@@@@@@


ေျမေခြးဂူအတြင္းဝယ္..၊ ပိုင္ထင္က ဇနီးျဖစ္သူႏွင့္ အတူတူ ထုိင္ေနျပီး အျမႊာေမာင္ႏွမကို ၾကည့္ေနသည္။  ေမႊးလာတုန္းက အေရာင္အဝါ ေတာက္ပစြာ ေမႊးဖြားလာေသာ္လည္း ဟုန္ဟူက ဟုန္းရြယ္ေလာက္ မသြက္ပဲ ျငိမ္သက္လြန္းသည္။ သို႔ေသာ္ သူ၏ ျငိမ္သက္မႈကို ပိုင္ထင္က ပိုျပီး သေဘာက်ေလသည္။


တစ္ခုရွိေသာ အရာက ဟုန္ဟူက သာမာန္ နတ္ေျမေခြးျဖဴတို႔ႏွင့္ မတူညီပဲ သင္မွ်ကို တတ္လြယ္သည္။ မႏၱာန္ အသံုးခ်မႈတြင္ အသက္မဝင္သည္မွ လြဲ၍ ဟုန္ဟူက တျခားေသာ အရာမ်ားကို မွတ္မိႏုိင္ေသာ ဉာဏ္ရည္မ်ိဳးကို ပိုင္ဆိုင္သည္။ ေအးစက္လြန္းတာမ်ိဳး မဟုတ္ေသာ္လည္း.. ႏွစ္တစ္ေထာင္မွ်သာ ရွိသည္ဟု မထင္ရပဲ တည္ျငိမ္လြန္းသည္။


“ဟုန္ဟူ.. ဒီမွာၾကည့္ ဒီေန႔ မမ ငါးဖမ္းလာတယ္..”


“ငါး..”


ငါး ဆိုတာကိုေတာ့ ဟုန္ဟူက ႏွစ္သက္သေဘာက်ေလသည္။ ငါးဖမ္းလာျပီး ေျမာက္ျပေနေသာ ဟုန္ရြယ္အနားသို႔ တိုးသြားကာ.. ဟုန္ဟူက.. ငါးကို ဆြဲယူလုိက္ျပီး..


“ငါတို႔ ငါးခ်က္စားၾကမလား..”


ေမာင္ႏွမ ႏွစ္ဦး တီးတိုးတိုင္ပင္လုိက္ရံု ရွိေသးသည္။ အေဖက မတ္တပ္ရပ္လုိက္ျပီး..


“မင္းတို႔ ႏွစ္ေယာက္.. ငါးခ်က္စားတာ ႏွစ္ခါ ရွိျပီ.. ျပီးေတာ့ ငါတို႔ ဂူအေရွ႕က ေညာင္ပင္လည္း မီးေလာင္တာ ႏွစ္ခါ ရွိျပီ..”


ပိုင္ထင္၏ အေျပာကို ဝူရြယ္က မ်က္စိေတြ မွိတ္လာတဲ့အထိ ရယ္သည္။ ဟုန္ရြယ္က တစ္ခုခုေျပာရန္ ေတြးေတာ လိုက္ေသာ္လည္း.. ဟုန္ဟူက..


“ငါးဟင္းခ်က္ေပမယ့္ မီးကို မမက ကိုင္တာ အေဖ..”


ဟုန္ဟူ ေျပာလုိက္ေသာ စကားေၾကာင့္ ဟုန္ရြယ္က သူ႔လက္အတြင္းမွ ငါးကို ျဖတ္ခနဲ ျပန္လုသြားျပီး..


“ငါမင္းကို မေကၽြးေတာ့ဘူး..”


“ကၽြန္ေတာ္လည္း ငါးအစိမ္း စားရတာကို မၾကိဳက္ပါဘူး..”


ဟုန္ဟူ ေျပာလုိက္တာက အခုမေကၽြးလည္း ရတယ္.. ခုနေန က်က္မွ စားမယ္ ဆိုတဲ့ သေဘာသက္ေရာက္ေနသျဖင့္ ပိုင္ထင္က ရယ္ေမာရင္း.. ဟုန္ဟူ၏ အနားသို႔ တိုးလာျပီး..


“ဟူအာ မင္းက မင္းအေမနဲ႔တူလို႔ ဉာဏ္ထက္တယ္..”


ထိုစကားကို ေျပာလုိက္ေတာ့ ဟုန္ဟူ သက္ျပင္းခ်လိုက္မိသည္။ သူမ်ားကို ေခ်ပႏုိင္တာက ဘာလုပ္ရမွာလဲ..၊ သူ႔မွာ အခုထိ နတ္ေျမေခြးတို႔၏ မႏၱာန္ေတြကို အသက္မသြင္းႏုိင္ေသးေပ။ ယုတ္ဆြဆံုး အလြယ္ကူဆံုး ျဖစ္သည့္ တျခားေသာ နတ္ေျမေခြးမ်ား အားလံုး တတ္ေျမာက္သည့္ ညိဳ႕ယူဖမ္းစားေသာ မႏၱာန္ေတာင္ သူ ရြတ္လွ်င္ အသက္မဝင္ေပ။


သို႔ေသာ္ အေဖနဲ႔ အေမက ဒါက ပါရမီနည္းေသးလို႔ဟု ေျပာသည္။ သူကေတာ့ သူ၏ ကံမထိုက္မႈကိုသာ အျပစ္တင္ေတာ့မည္။ ျပီးေတာ့ နတ္ေျမေခြးေတြ အားလံုးက ဆင္စြယ္ေရာင္ စြမ္းအားကို အသံုးျပဳႏုိင္ၾကေသာ္လည္း သူ႔စြမ္းအားက အနီေရာင္သာ ျဖစ္ျပီး ဟုတ္တိပတ္တိ လုပ္ႏုိင္တာကလည္း ဘာမွ သိပ္မရွိေပ။


အစ္မျဖစ္သူ ဟုန္ရြယ္က နတ္သူငယ္ အျဖစ္ႏွင့္ ေမြးလာျပီး သူကေတာ့ ထာဝရနတ္ အဆင့္ျဖင့္ ေမြးလာေသာ္လည္း.. ယခုထိ လုပ္ႏိုင္တာ ဘာမွ မရွိေသးေပ။


“အစ္ကိုၾကီး.. ေတာင္ပိုင္း ေရနန္းေတာ္က ဖိတ္စာရထားတယ္.. သြားမွာလား..”


“သြားရမွာေပါ့..”


ဂူအတြင္းသို႔ ပိုင္လင္က လွမ္းဝင္လာျပီး ေမးေတာ့ ပိုင္ထင္က ေရေႏြးငဲ့လုိက္ျပီး ေခါင္းညိတ္ကာ ေျဖသည္။ ထိုအခါ ဟုန္ရြယ္က


“ေတာင္ပိုင္းေရနန္းေတာ္ကို တစ္ခါမွ မေရာက္ဖူးဘူး..”


“ေတာင္ပိုင္း ေရနန္းေတာ္က လြန္ခဲ့တဲ့ ႏွစ္ႏွစ္သိန္းေက်ာ္ ေလာက္ကေတာ့ နဂါးမ်ိဳးႏြယ္ေတြရဲ႕ နန္းေတာ္ပဲ ဒါေပမယ့္ ေရသူမ်ိဳးႏြယ္ေတြ မ်ားျပားလာတာရယ္.. ျပီးေတာ့.. အေရွ႕ေျမာက္ပိုင္းမွာ ေရနဂါးမ်ိဳးႏြယ္ေတြက မရွိေတာ့တာရယ္ေၾကာင့္ ေတာင္ပိုင္း နန္းေတာ္ကို အေရွ႕ေျမာက္ပိုင္းကို ေရြ႔ပစ္လုိက္ျပီးေတာ့ ေရသူမ်ိဳးႏြယ္ေတြကို ေပးအပ္ခဲ့တယ္”


“အဲ့တာဆို အခု ရွိေနတာက ေရသူမ်ိဳးႏြယ္ေတြလား..”


“ဟုတ္တယ္ ဒါေပမယ့္ အရင္ကတည္းက ေတာင္ပိုင္းမွာက ေရသူမ်ိဳးႏြယ္နဲ႔ နဂါးမ်ိဳးႏြယ္က ေရာေႏွာေနထိုင္ၾကတာ.. သန္႔စင္လုိက္တာ မၾကာေသးဘူး..”


“သန္႔စင္လုိက္တယ္ ဆိုတာက..”


“ခြဲျခားလုိက္တာကို ေျပာတာ..”


“ဟုန္ရြယ္လည္း လုိက္ခ်င္တယ္.. အေဖ..”


“ဒါေတာ့ မျဖစ္ဘူး.. မင္းရဲ႕သမီးက ေရနန္းေတာ္ကို လက္သည္းနဲ႔ သြားမကုတ္ဘူးလို႔ မေျပာႏိုင္ဘူး..”


ပိုင္လင္က ထေျပာေတာ့.. ဟုန္ရြယ္က အေမျဖစ္သူ အနားသို႔ တိုးလုိက္ကာ..


“ဟုန္ရြယ္လည္း လုိက္ခ်င္တယ္..”


“မျဖစ္ဘူး.. မင္းရဲ႕ လက္သည္းေတြကို တစ္ခုခု ျဖစ္ေစလို႔ မရဘူး..”


“အာ!!.. ေအမ့..”


ဟုန္ရြယ္က မ်က္ႏွာေလး ရံႈ႕ရင္း ေျပာေတာ့.. ပိုင္ထင္က ေခါင္းညိတ္လိုက္ျပီး..


“ေကာင္းျပီ မင္းတို႔ ႏွစ္ေယာက္ လုိက္လို႔ ရတယ္.. ဒါေပမယ့္ ေတာင္ပိုင္း ေရနန္းေတာ္က အျပန္မွာ ရွင္သန္ျခင္း နယ္ေျမက ေက်ာင္းမွာ သြားေနရမယ္..”


Uni

မြေခွေးလေး၏ချစ်ခြင်းဒဏ္ဍာရီ


Part-6.1


ရင်းအာ ခေတ္တမျှ တွေဝေနေမိသေး၏။ ယီမင် သူမကို ကြည့်နေပြီး ရူးတော့မလို ဖြစ်နေပြီလား ဆိုသော အတွေးက ရင်ထဲဝယ် ဖြတ်ခနဲ ပြေးဝင်သွားသဖြင့် သူ အကြံပေးနေသော အရာများထဲမှ တစ်ခုကို လုပ်ဆောင်ရန် ခေါင်းညိတ်လိုက်ပြီး..


“ကောင်းပြီ.. ငါသွားမယ်..”


သူမက တိုးတိတ်စွာသာ သွားမည်ဟု ပြောသည်။ မနေ့ကကော မနေ့ကရဲ့ မနေ့ကရော ပြီးတော့ နောက်ထပ် အရှေ့တစ်ရက်ကရော.. သူမ မအိပ်တာ ဘယ်လောက် ကြာနေပြီ ဆိုတာကို ယီမင် သူမအား ပြောလိုသည်။ သို့သော်.. ဘာမှ ထပ်မပြောတော့ပဲ သူမ၏ အိပ်ရာဘေးမှ ခေါင်းဖြီးနှင့် ဆံထိုးကို ဆင့်ခေါ်လိုက်ကာ.. သူမကို ပွေ့ဖက်ထားခြင်းအား ဖြေလွှတ်လိုက်ပြီး..


“ငါ မင်းကို ဆံထုံးလှလှလေး ထုံးပေးမယ်.. ပွဲတစ်ခုခု တက်ရောက်တယ် ဆိုတော့ မင်းရဲ့ အလှအပ ဂုဏ်သတင်းကို ကျဆင်းစေလို့ မဖြစ်ဘူး..”


သူမ၏ ဆံပင် အနက်တွေ ကြားမှာ ခရမ်းရောင် သန်းနေသော ဆံပင်တွေ ရောပါနေတာကို တွေ့ရသည်။ ထိုခရမ်းရောင် ဆံနွယ်များက ဒီနှစ်ပိုင်းမှာ ပိုပြီး တိုးပွားလာတာကိုလည်း သတိထားမိသည်။ ယီမင် ဆံပင်တွေကို ယုယစွာ ကိုင်တွယ်လိုက်ပြီးမှ.. ခေါင်းဖြီးဖြင့် ဖြီးချလိုက်သည်။


သူမဆံပင်တွေက အရင် နှစ်တစ်သိန်းတုန်းကလိုပဲ နူးညံ့ချောမွေ့နေဆဲ ဖြစ်သည်။ သူမက အရမ်းကို လှပပြီး ရှုပ်ထွေးသော ဆံထုံးများ ထုံးဖွဲ့ခြင်းကို မနှစ်သက်မှန်း သိနေတာကြောင့်.. ဇောက်ထိုးသစ်ပင်မှ သစ်ခက်လေး တစ်ခက်ကို ချိုးယူလိုက်ပြီး သူမ ဆံပင်တွေနှင့် ရစ်နှောင်ကာ ရိုးရှင်းပြီး တင့်တယ်သော ဆံထုံးကို ထုံးပေးလိုက်သည်။


သူ လုပ်လို့ ပြီးသွားတဲ့အထိ သူမက ငြိမ်သက်စွာ ရှိနေဆဲ ဖြစ်၏။ ထို့ကြောင့် သူမ ဝတ်ထားသော အဖြူရောင်သန်းလုနီးပါး အကျႌအား ခရမ်းရောင်တောက်တောက် အကျႌဖြင့် လှဲလှယ်ပေးလိုက်သည်။


“ရင်းအာ.. ငါတို့ သွားလို့ ရပြီ..”


သူမက ခေါင်းကိုသာ တစ်ချက်မျှ ညိတ်လိုက်၏။


@@@@@@@@@@


မြေခွေးဂူအတွင်းဝယ်..၊ ပိုင်ထင်က ဇနီးဖြစ်သူနှင့် အတူတူ ထိုင်နေပြီး အမြွှာမောင်နှမကို ကြည့်နေသည်။  မွှေးလာတုန်းက အရောင်အဝါ တောက်ပစွာ မွှေးဖွားလာသော်လည်း ဟုန်ဟူက ဟုန်းရွယ်လောက် မသွက်ပဲ ငြိမ်သက်လွန်းသည်။ သို့သော် သူ၏ ငြိမ်သက်မှုကို ပိုင်ထင်က ပိုပြီး သဘောကျလေသည်။


တစ်ခုရှိသော အရာက ဟုန်ဟူက သာမာန် နတ်မြေခွေးဖြူတို့နှင့် မတူညီပဲ သင်မျှကို တတ်လွယ်သည်။ မန္တာန် အသုံးချမှုတွင် အသက်မဝင်သည်မှ လွဲ၍ ဟုန်ဟူက တခြားသော အရာများကို မှတ်မိနိုင်သော ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်သည်။ အေးစက်လွန်းတာမျိုး မဟုတ်သော်လည်း.. နှစ်တစ်ထောင်မျှသာ ရှိသည်ဟု မထင်ရပဲ တည်ငြိမ်လွန်းသည်။


“ဟုန်ဟူ.. ဒီမှာကြည့် ဒီနေ့ မမ ငါးဖမ်းလာတယ်..”


“ငါး..”


ငါး ဆိုတာကိုတော့ ဟုန်ဟူက နှစ်သက်သဘောကျလေသည်။ ငါးဖမ်းလာပြီး မြောက်ပြနေသော ဟုန်ရွယ်အနားသို့ တိုးသွားကာ.. ဟုန်ဟူက.. ငါးကို ဆွဲယူလိုက်ပြီး..


“ငါတို့ ငါးချက်စားကြမလား..”


မောင်နှမ နှစ်ဦး တီးတိုးတိုင်ပင်လိုက်ရုံ ရှိသေးသည်။ အဖေက မတ်တပ်ရပ်လိုက်ပြီး..


“မင်းတို့ နှစ်ယောက်.. ငါးချက်စားတာ နှစ်ခါ ရှိပြီ.. ပြီးတော့ ငါတို့ ဂူအရှေ့က ညောင်ပင်လည်း မီးလောင်တာ နှစ်ခါ ရှိပြီ..”


ပိုင်ထင်၏ အပြောကို ဝူရွယ်က မျက်စိတွေ မှိတ်လာတဲ့အထိ ရယ်သည်။ ဟုန်ရွယ်က တစ်ခုခုပြောရန် တွေးတော လိုက်သော်လည်း.. ဟုန်ဟူက..


“ငါးဟင်းချက်ပေမယ့် မီးကို မမက ကိုင်တာ အဖေ..”


ဟုန်ဟူ ပြောလိုက်သော စကားကြောင့် ဟုန်ရွယ်က သူ့လက်အတွင်းမှ ငါးကို ဖြတ်ခနဲ ပြန်လုသွားပြီး..


“ငါမင်းကို မကျွေးတော့ဘူး..”


“ကျွန်တော်လည်း ငါးအစိမ်း စားရတာကို မကြိုက်ပါဘူး..”


ဟုန်ဟူ ပြောလိုက်တာက အခုမကျွေးလည်း ရတယ်.. ခုနနေ ကျက်မှ စားမယ် ဆိုတဲ့ သဘောသက်ရောက်နေသဖြင့် ပိုင်ထင်က ရယ်မောရင်း.. ဟုန်ဟူ၏ အနားသို့ တိုးလာပြီး..


“ဟူအာ မင်းက မင်းအမေနဲ့တူလို့ ဉာဏ်ထက်တယ်..”


ထိုစကားကို ပြောလိုက်တော့ ဟုန်ဟူ သက်ပြင်းချလိုက်မိသည်။ သူများကို ချေပနိုင်တာက ဘာလုပ်ရမှာလဲ..၊ သူ့မှာ အခုထိ နတ်မြေခွေးတို့၏ မန္တာန်တွေကို အသက်မသွင်းနိုင်သေးပေ။ ယုတ်ဆွဆုံး အလွယ်ကူဆုံး ဖြစ်သည့် တခြားသော နတ်မြေခွေးများ အားလုံး တတ်မြောက်သည့် ညို့ယူဖမ်းစားသော မန္တာန်တောင် သူ ရွတ်လျှင် အသက်မဝင်ပေ။


သို့သော် အဖေနဲ့ အမေက ဒါက ပါရမီနည်းသေးလို့ဟု ပြောသည်။ သူကတော့ သူ၏ ကံမထိုက်မှုကိုသာ အပြစ်တင်တော့မည်။ ပြီးတော့ နတ်မြေခွေးတွေ အားလုံးက ဆင်စွယ်ရောင် စွမ်းအားကို အသုံးပြုနိုင်ကြသော်လည်း သူ့စွမ်းအားက အနီရောင်သာ ဖြစ်ပြီး ဟုတ်တိပတ်တိ လုပ်နိုင်တာကလည်း ဘာမှ သိပ်မရှိပေ။


အစ်မဖြစ်သူ ဟုန်ရွယ်က နတ်သူငယ် အဖြစ်နှင့် မွေးလာပြီး သူကတော့ ထာဝရနတ် အဆင့်ဖြင့် မွေးလာသော်လည်း.. ယခုထိ လုပ်နိုင်တာ ဘာမှ မရှိသေးပေ။


“အစ်ကိုကြီး.. တောင်ပိုင်း ရေနန်းတော်က ဖိတ်စာရထားတယ်.. သွားမှာလား..”


“သွားရမှာပေါ့..”


ဂူအတွင်းသို့ ပိုင်လင်က လှမ်းဝင်လာပြီး မေးတော့ ပိုင်ထင်က ရေနွေးငဲ့လိုက်ပြီး ခေါင်းညိတ်ကာ ဖြေသည်။ ထိုအခါ ဟုန်ရွယ်က


“တောင်ပိုင်းရေနန်းတော်ကို တစ်ခါမှ မရောက်ဖူးဘူး..”


“တောင်ပိုင်း ရေနန်းတော်က လွန်ခဲ့တဲ့ နှစ်နှစ်သိန်းကျော် လောက်ကတော့ နဂါးမျိုးနွယ်တွေရဲ့ နန်းတော်ပဲ ဒါပေမယ့် ရေသူမျိုးနွယ်တွေ များပြားလာတာရယ်.. ပြီးတော့.. အရှေ့မြောက်ပိုင်းမှာ ရေနဂါးမျိုးနွယ်တွေက မရှိတော့တာရယ်ကြောင့် တောင်ပိုင်း နန်းတော်ကို အရှေ့မြောက်ပိုင်းကို ရွေ့ပစ်လိုက်ပြီးတော့ ရေသူမျိုးနွယ်တွေကို ပေးအပ်ခဲ့တယ်”


“အဲ့တာဆို အခု ရှိနေတာက ရေသူမျိုးနွယ်တွေလား..”


“ဟုတ်တယ် ဒါပေမယ့် အရင်ကတည်းက တောင်ပိုင်းမှာက ရေသူမျိုးနွယ်နဲ့ နဂါးမျိုးနွယ်က ရောနှောနေထိုင်ကြတာ.. သန့်စင်လိုက်တာ မကြာသေးဘူး..”


“သန့်စင်လိုက်တယ် ဆိုတာက..”


“ခွဲခြားလိုက်တာကို ပြောတာ..”


“ဟုန်ရွယ်လည်း လိုက်ချင်တယ်.. အဖေ..”


“ဒါတော့ မဖြစ်ဘူး.. မင်းရဲ့သမီးက ရေနန်းတော်ကို လက်သည်းနဲ့ သွားမကုတ်ဘူးလို့ မပြောနိုင်ဘူး..”


ပိုင်လင်က ထပြောတော့.. ဟုန်ရွယ်က အမေဖြစ်သူ အနားသို့ တိုးလိုက်ကာ..


“ဟုန်ရွယ်လည်း လိုက်ချင်တယ်..”


“မဖြစ်ဘူး.. မင်းရဲ့ လက်သည်းတွေကို တစ်ခုခု ဖြစ်စေလို့ မရဘူး..”


“အာ!!.. အေမ့..”


ဟုန်ရွယ်က မျက်နှာလေး ရှုံ့ရင်း ပြောတော့.. ပိုင်ထင်က ခေါင်းညိတ်လိုက်ပြီး..


“ကောင်းပြီ မင်းတို့ နှစ်ယောက် လိုက်လို့ ရတယ်.. ဒါပေမယ့် တောင်ပိုင်း ရေနန်းတော်က အပြန်မှာ ရှင်သန်ခြင်း နယ်မြေက ကျောင်းမှာ သွားနေရမယ်..”


rate now:

3 Reviews
  • reader KhaingThitsar 20.01.2020, 05:51 5

    Good

    reply

  • reader MayMyatMoeMyint 12.12.2019, 04:27 5

    good

    reply

  • reader JuliusJulius 29.11.2019, 13:05 5

    So good

    reply