book

Index 1

Part-1.1

မြေခွေးလေး၏ ချစ်ခြင်းဒဏ္ဍာရီ (အပိုင်း-၁)


@@@@@@@@@@@@@@@@@


 အရှေ့မြောက်ပိုင်းရေနန်းတော်၊ 


 မင်္ဂလာပွဲ အပြင်အဆင်တွေ အားလုံးက ခရုကမာများနှင့် ဖြစ်ကာ လီလီပန်းများက နေရာအနှံ့ တွဲလျောင်း ကျနေကြသည်။ ရေပြာရောင် ကျောက်များဖြင့် စီခြယ်ထားသော မင်္ဂလာခန်းမအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ယီမင် တစ်ချက်မျှ ပြုံးလိုက်မိသည်။ ဘေးသို့ မကြည့်လျှင်ပင် ဘေးနားတွင် ပါလာသော ဇနီးသည် ကျိုးရင်း မျက်နှာပေါ်က အပြုံးတွေကို ကြိုပြီး သိနှင့်နေပြီးသား ဖြစ်၏။ 


 ‘ရင်းအာ မင်းပြုံးနေတာ ကြည့်စမ်း မင်းကို တကယ်တမ်းကျ သဘာဝလွန် နတ်ဘုရားလို့ မခေါ်ပဲ အပြာရောင် နတ်ဘုရားလို့ ခေါ်သင့်တယ်’


 ‘မင်းက စပြီး ခေါ်လိုက်လေ အဲ့တာ ငါ့နာမည် ဖြစ်သွားနိုင်တာပဲ’


 အခါတိုင်း လိုပဲ သူမက အသည်းယားစဖွယ် အပြုံးတို့နှင့် ထိုသို့ ပြန်ပြော၏။ 


 ‘ရင်းအာ မင်းငါ့ကို ကလေး တစ်ယောက်လောက် မွေးပေးဖို့ ငါ တောင်းဆိုထားတာ မေ့နေတာလား’


 ‘မလိုဘူး ငါတို့ ဒီလောက် ချစ်နေကြသေးတာပဲ ကလေး ဆိုတာက အပို ဖြစ်နေမှာ ငါက စိုးတာပါ’


 ‘မဟုတ်သေးဘူးလေ ငါတို့ မင်္ဂလာ သက်တမ်း တစ်သိန်း မပြည့်ခင် ငါတို့ ကလေး တစ်ယောက်တော့ အပိုင်ရသင့်တယ်လို့ မင်းမထင်ဘူးလား ရင်းအာ’


 ‘မထင်ဘူး’


 သူများ မင်္ဂလာဆောင်တွင် တိုးတိုး ကျိတ်ကျိတ်ဖြင့် ပြောဆိုနေကြသော်လည်း ပြုံးရယ်နေခြင်းကတော့ မျက်နှာပေါ်တွင် ရှိနေကြဆဲ ဖြစ်၏။ သတို့သား ရေမင်းသား ရှောင်လုချီနှင့် ကျိုးရင်းက သူငယ်ချင်း အရင်းတွေမို့ မင်္ဂလာပွဲသို့ ကျိုးရင်းကော ယီမင်ပါ တက်ရောက်ခြင်း ဖြစ်သော်လည်း သတို့သမီးကိုတော့ သိပ်မရင်းနှီးကြပေ။ 


 အနောက်တောင်ပင်လယ်မှ ရေသူမ မျိုးဆက် နှင့် အရှေ့မြောက်ပိုင်း ရေမင်းသားတို့ တွေ့ဆုံခြင်းအား ကျိုးရင်းကို လာပြီး ဆွေးနွေးဖူးသဖြင့် ကျိုးရင်းမှ ရေသူမလေးအား ကမ်းလှမ်းစာ ပေးပို့ပြီး လုချီ၏ မင်္ဂလာကိစ္စ အထမြောက်အောင် ကူညီဖူးသည်။ 


 


 ‘ရင်းရင်း မင်းလာတာပဲ ငါထင်တာ မင်း ခဏနေပြီး ပြန်သွားမယ် ထင်နေတာ’


 အနီရောင် ခေါင်းဆောင်းကို ဆောင်းထဲဆဲ သတို့သမီးအား အဝတ်စကို ထွင်းဖောက်၍ ကြည့်လိုက်တော့ နှုတ်ခမ်းတွဲတွဲ နှာတံစင်းစင်း မျက်ဝန်း ဝိုင်းဝိုင်းနှင့် ထိုရေသူ မင်းသမီးက သိပ်လှသည်ဟု ရင်းအော် သတ်မှတ်ပေးလိုက်မိသည်။ 


 ‘ရေသူမလေးတွေ သိပ်လှတယ်လို့ ငါ ကျိုးရင်း လုံးဝ လက်ခံသွားပြီ လုချီ မင်းရဲ့ ဇနီးက သိပ်လှတယ်’


 ‘မင်းကိုယ်တိုင်က လှတယ်လို့ သတ်မှတ်မှတော့ ငါ့ရဲ့ ယွီအာက လုံးဝကို လှပမှာ သေချာသွားပြီပေါ့ အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်’


 တစ်ဦးက သူငယ်ချင်း ဖြစ်သော်လည်း တစ်ဦးက ကောင်းကင်က အိမ်ရှေ့မင်းသားမို့ မပျက်မကွက် ဂါရဝပြုရ၏။


 


 ‘ရေမင်းသား အားနာလွန်းပါပြီ ဒီမင်္ဂလာ ခန်းမပုံစံကို ရင်းအာက အရမ်းကို သဘောကျနေတယ် ငါပြန်သွားရင် ရေပြာရောင် ကျောက်တွေ နည်းနည်းလောက် ပေးလိုက်ဖို့ တောင်းလို့ ရမလား ငါ့ရဲ့ ကောင်းကင် အကာကွယ ်နန်းဆောင်မှာ အလှဆင် ထားချင်လို့ပါ’


 လုချီက ချက်ချင်းပင် အပြာရောင်ကို သဘောကျတတ်သော ကျိုးရင်းအား လှမ်းကြည့်လိုက်မိ၏။ သို့သော် သူမက မင်္ဂလာ ခန်းမ၏ အပြင်ဆင်ကို တမေ့တမော ငေးမောနေသည်။ 


 ‘ကောင်းပါပြီ အိမ်ရှေ့မင်းသား သဘောပါ’


 ‘မင်္ဂလာ လက်ဖွဲ့တွေ ငါမြင်သလောက် ပြောရရင် ကောင်းကင်မင်းကြီး တလီချင်းယွင် ပေးလိုက်တဲ့ တောင်ပိုင်းနယ်ကို အုပ်ချုပ်ခွင့် ပေးလိုက်တာထက် ပိုကောင်းတာကို ငါမမြင်မိဘူး’


 ရင်းအာက အနားသို့ ရောက်လာပြီး ထိုသို့ ပြောတော့ လုချီက တစ်ချက်မျှသာ ပြုံးလိုက်ပြီးမှ


 ‘တောင်ပိုင်းနယ်မှာက သားမွေးရိုး ထုံးစံမရှိဘူး အဲ့တာကြောင့် သားမက်တွေက တာဝန်ယူပေးရတယ် ပထမ သားမက် ရန်ချင့် ထက်စာရင် ငါက ပိုပြီး အဆင်ပြေမယ်လို့ ကောင်းကင်မင်းကြီးက တွေးမိလို့နဲ့ တူပါတယ်’


 ထိုသို့ သေချာ ပြောပြနေတာကို ကျိုးရင်းက လက်ကာလိုက်ပြီးမှ


 ‘အဲ့ဒီ အုပ်ချုပ်ရေး အပိုင်းတွေကို ငါ့ကို မပြောပြနဲ့ ငါမသိချင်ဘူး ငါက မင်းကို သူငယ်ချင်း အရင်းလို သဘောထားလို့ ငါပေးတဲ့ မင်္ဂလာ လက်ဖွဲ့ထက် ပိုသာတာကို ဘယ်သူမှ ပေးတာကို မနှစ်သက်ဘူး လုချီ ငါမင်းကို စိမ့်စမ်းပြာက နှစ်နှစ်သိန်းလောက် အခဲခံထားတဲ့ ရေခဲ တစ်စ ပေးမယ်’


 ယီမင်က သိနှင့်နေပြီးသား ဖြစ်ဟန်ဖြင့် တစ်ချက်မျှသာ ပြုံး၏။ ရင်းအာက စားပွဲပေါ်သို့ လက်ကို ဝှေ့ယမ်းလိုက်တော့ စားပွဲပေါ်တွင် ခရမ်းရောင်နှင့် အဖြူရောင် ရောနှောနေသော ရေခဲတုံး တစ်ပေပတ်လည် တစ်ခုက အရောင်တလက်လက်နှင့် ပေါ်လာသည်။ မင်္ဂလာပွဲသို့ ရောက်လာသူတွေက ထိုစားပွဲသို့ လှမ်းကြည့်လာကြသည်။ ရင်းအာက ထိုရေခဲတုံး အနီးသို့ သွားလိုက်ပြီး ထိတွေ့လိုက်ပြီးမှ


 ‘ငါ ဒါကို သုံးရက်တိတိ ပြင်ဆင်ခဲ့ရတာ ငါ့ရဲ့ သဘာလွန်း စွမ်းအားနဲ့ ဒါကို အေးခဲနေတဲ့ဆီက မပျော်သွားအောင် ငါထိန်းသိမ်းထားတယ် ငါသေသွားရင်တောင် ဒါက အရည်ပျော်မှာ မဟုတ်ဘူး ပြီးတော့ ယီမင်ဆီက ကောင်းကင် အလင်းတန်းကို ခဏငှားပြီးတော့ အဲ့ဒီက စွမ်းအား နှစ်ခု ပူးပေါင်းထားတာ တကယ်လို့ မင်းသေသွားရင်တောင် မင်းခန္ဓာကိုယ်မှာ ဒီစိမ့်စမ်းပြာရေခဲကို တင်ထားလိုက်ရင် မင်းရဲ့ ဝိဉာဉ်ကို မကြွေလွင့်စေဘူး ဒါပေမယ့် မင်းရဲ့ ဝိဉာဉ်ကို အသက်သွင်းဖို့ ဆိုရင်တော့ ငါ့ဆီလာမှပဲ ရမှာ အဓိကက ဘယ်နတ်တွေရဲ့ ခန္ဓာကိုယ်မှာ မဆို နတ်ဝိဉာဉ် မလွင့်သွားအောင် ဒီရေခဲက ကာကွယ်ပေးနိုင်တယ်’


 ‘ဒီလောက် အစွမ်းထက်တဲ့ ရေခဲကို မင်းနာမည်ပေးထားသေးလား’


 ရင်းအာက ခေါင်းယမ်းလိုက်ပြီးမှ ယီမင်အား တစ်ချက် လှမ်းကြည့်သည်။ သူမ ဘယ်တုန်းကမှ ဝေါဟာရတွေ မကြွယ်ဝဖူးသဖြင့် နာမည်တစ်ခုကို လှပသေသပ်စွာ မပေးနိုင်မှန်း ယီမင် သိပြီးသား ဖြစ်သည်။ 


 ‘ရင်းအာကို ကူညီပြီးတော့ ငါက နာမည် တစ်ခု ပေးထားတယ် နတ်သက်ကယ်ရေခဲ’


 ‘အဓိပ္ပါယ် ရှိတယ် ရင်းရင်း ဒါကို ငါ ခွဲပြီး သုံးလို့ ရလား’


 လုချီက စားပွဲရှိ ရေခဲတုံးအား သိမ်းယူလိုက်ရင်း မေးတော့ ရင်းအာက လုချီအား တစ်ချက်မျှ စူးစိုက်ကြည့်လိုက်ပြီးမှ ညစ်ကျယ်ကျယ်လေး ပြုံးလိုက်ကာ မင်္ဂလာမောင်နှံ နှစ်ဦးအနားသို့ တိုးကပ်လိုက်ပြီးမှ ခပ်တိုးတိုးဖြင့်


 ‘မင်းမှာ အစွမ်းရှိရင် ခွဲလေ မင်းမှာ လုံလောက်တဲ့ စွမ်းအား ရှိရင် ဒါက ကွဲမှာပဲ ငါသွားပြီ ရေသူမလေး တကယ်လို့ မင်းမှာ လိုအပ်တယ် ဆိုရင် ငါ့ရဲ့ စိမ့်စမ်းပြာကို လာခဲ့ပါ မင်းသိလား အဲ့ရေက ကိုယ်ဝန်ဆောင်တွေ အတွက် ကောင်းတယ်’


 ထိုသို့ စကားမှာတော့ လုချီ ဘာမှမစား မသောက်ရသေးပဲ နင်သွားတော့၏။ 


 ‘အဟွတ် အဟွတ် အဟွတ်’


 ယီမင်က အစအဆုံး ကြားသိခဲ့တာမို့ ပြုံးနေမိရင်းဖြင့် ရင်းအာ၏ အနောက်သို့ လိုက်လာပြီး 


 ‘ရင်းအာ မင်း ငါ့ရဲ့ကောင်းကင် အလင်းတန်းကို အသုံးပြုလိုက်တာ မင်းရဲ့ ရေခဲတွေ ဘယ်လို ဖြစ်သွားတာလဲ’


 ‘ကောင်းကင် အလင်းတန်းက ထိန်းညှိ စွမ်းအား ပြင်းထန်တယ် တစ်ချက်လေး ထုတ်ယူလိုက်တာနဲ့ ရေခဲတွေ အားလုံးထဲကို စိမ့်ဝင်သွားတယ် ငါနည်းနည်းမှတောင် မတားလိုက်နိုင်ဘူး’


 ဒီလိုပဲ ဖြစ်မယ် ဆိုတာ သိနှင့်ပြီးသားမို့ ယီမင် ထပ်မမေးတော့ပဲ သူ့ထက် အသက် တစ်သိန်းမက ကြီးသော ချစ်ဇနီးကိုသာ အမြတ်တနိုးနိုင်သော မျက်ဝန်းတို့ဖြင့် ကြည့်နေမိတော့သည်။ 


 ရင်းအာ မရောက်တာကြာပြီ ဖြစ်သော စိမ့်စမ်းပြာသို့ ဆင်းသက်လိုက်ကာ ပတ်ဝန်းကျင်အား လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ နတ်စွမ်းအင်ကို ပိတ်ဆို့ ထားလိုက်ခြင်း ဖြစ်ကာ ပတ်ဝန်းကျင်အား ပြန်လည် ရှင်းသန့်စေလျက် အပင်တွေ ပန်းတွေ အားလုံးအား အပြာရောင် အဖြစ်သို့ ကူးပြောင်းစေလိုက်ခြင်းလည်း ဖြစ်၏။ 


 ‘ရင်းအာ မင်း မြေပြင်ဒေသကို အလည်သွားမယ် ပြောပြီး မသွားတာ နှစ်တစ်သိန်း ပြည့်တော့မယ် မင်းသိလား’


 ‘ဟုတ်လား ငါနည်းနည်းမှ သတိမထားမိဘူး ကြည့်ရတာ ငါ ကောင်းကင်မှာ တော်တော် နေသားကျသွားပြီ ထင်တယ်’


 ‘နောက်နှစ်နှစ် ဆိုရင် ငါတို့ မင်္ဂလာ သက်တမ်း တစ်သိန်းပြည့်ပြီ မင်းသိလား’


 ‘ငါက အတွက်အချက် ပညာမှာ အားနည်းတာ မင်းသိပါတယ် ယီမင်’


 ‘မင်း အရင်သုံးရက် တုန်းကမှ မင်္ဂလာ သက်တမ်း တစ်သိန်းပြည့်အတွက် ငါ့ရဲ့ ကောင်းကင်အလင်းတန်းကို လာငှားသွားတာလေ’


 ထိုအတွက် ရင်းအာက ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီးမှ


 ‘ဟုတ်သားပဲ ဒါပေမယ့် အဲ့တာကို ငါ သိပ်ပြီး မသုံးလိုက်ရဘူးလေ ငါ့အတွက် မင်္ဂလာ လက်ဆောင်က ဒါပဲလား’


 ကောင်းကင် အလင်းတန်း ဆိုတာကို ယီမင် တစ်ဦးတည်းသာ ပိုင်ဆိုင်ပြီး တခြားတစ်ခု အပိုမရှိနိုင်သော တန်ဖိုးကြီးသည့် အသုံးအဆောင်မှန်း သိလျက်နှင့် ရင်းအာက တမင်ထိုသို့ ပြောသည်။ 


 ‘မင်းနောက်ထပ် လိုချင်တာ ရှိသေးလို့လား’


 ‘ရှိတယ်’


 ‘ကောင်းပြီ မင်းပြောပါ’


 ‘ငါတို့ မင်္ဂလာ သက်တမ်း တစ်သိန်းမှာ ပွဲလုပ်မှာပဲ အဲ့ကျရင် ငါ ကောင်းကင် တစ်ခုလုံးကို သီချင်းဆိုပြီး ဖျော်ဖြေမလို့ ငါ့အစ်ကိုနှစ်ကို တီးခတ်ပေးအောင် ပြောပေးပါ’


 ကျိုးလျန် နတ်မင်းက ရင်းအာ၏ သီချင်းဆိုသံသည် တူရိယာများကို ပျက်စီးစေသည်ဟု ပြောထားခြင်းမို့ သူမ၏ တောင်းဆို စကားအား လက်ခံလိုက်ဖို့ ခက်ခဲနေသည်။ ထို့ကြောင့်


 ‘တကယ် ဒါပဲလား တခြားတစ်ခု မရှိတော့ဘူးလား’


 ‘တကယ်လို့ ဒီတစ်ကြိမ် ငါသီချင်းဆိုတာကို ငါ့အစ်ကိုနှစ် တီးခတ်ပေးရင် မင်းတောင်းဆိုတာလည်း ငါ လိုက်လျောပေးမယ်’


 ‘ကောင်းပြီ ငါ့ရဲ့ တောင်းဆိုမှုက’


 သူ ပြောလိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ သူမက ရေပြာအိုင် အတွင်းမှ ရေတစ်ခွက်ကို သောက်လိုက်ပြီး


 ‘ငါသိတယ် အခါတိုင်း လိုပဲ တစ်ထောင်မကသော တောင်းဆိုမှု ဖြစ်တဲ့ ငါတို့ ကလေးယူသင့်ပြီ ဆိုတာပဲ မဟုတ်လား’


 ‘ငါတို့က မအိုမင်းသွားဘူး ဆိုတာတော့ ဟုတ်တယ် ဒါပေမယ့် မျိုးဆက်တော့ ရှိထားရမယ်လေ’


 ‘မင်းအစ်ကိုနှစ်ကို စည်းရုံးနိုင်ရင် ငါကလည်း မင်းအတွက် ပြင်ဆင်ထားမယ်’


 ‘ကောင်းပြီ ဒါဆို ငါ ရေအေးချောက်ကို သွားမယ် ငါ့မှာ နည်းလမ်း ရှိတယ် ခုနတုန်းက ပြောထားတာ မပြီးသေးဘူး မနက်ဖြန် မင်းတူမ ကျိုးလော့အော်ရဲ့ မင်္ဂလာပွဲ ရှိတယ် သူက နတ်မြေခွေးဖြူနဲ့ အိမ်ထောင်ပြုမှာ’


 ‘နတ်မြေခွေးဖြူ ဟုတ်လား’


 ‘ဟုတ်တယ် သူတို့တွေက မင်း သက်တမ်း ထိန်းညှိတဲ့နေရာကို ဖျက်စီးလိုက်ကတည်းက အင်အား ကြီးမားလာတာ သူတို့မှာ ကိုယ်ပိုင် သက်တမ်း ရှိသွားကတည်းက သူတို့နယ်မြေကို သေချာ ထိန်းချုပ် တတ်လာတယ် မြေနတ်တွေတောင် သူတို့ကို ကြောက်နေရပြီ မင်း အဲ့မင်္ဂလာပွဲကို သွားသင့်တယ်’


 ‘ကောင်းပြီ ယီမင် မင်း လော့အော်ကို သိပ်ပြီး မကြည်ဘူး ဆိုတော့ မင်းက မသွားပါနဲ့ ငါပဲ သွားမယ်’


 ‘အဲ့တာဆိုလည်း မင်းသေချာပေါက် သတိထား’


 ‘ငါက လောကမှာ နှစ်ယောက်မရှိနိုင်တဲ့ ကျိုးရင်းပါ မင်း ပူပန်တာ များလွန်းနေပြီ’


 ‘အဲ့တာဆို ငါ မင်းအစ်ကိုနှစ်ကို နားချလိုက်မယ် ငါတို့ ကလေးအတွက်’


 ‘ငါတို့ရဲ့ ကလေး’


 ထိုစကားလေးကို ခပ်တိုးတိုး ရေရွတ်လိုက်မိပြီးမှ ရင်းအာ ရှက်ရွံ့သလို ခံစားလိုက်မိ၏။ 


 ~~မင်းမှာ နည်းလမ်း တစ်ရာ ရှိရင်တောင် အစ်ကိုနှစ်က ငါ့သီချင်းအတွက် သူ့နာမည် အပျက်ခံပြီး တီးခတ်ပေးမှာ မဟုတ်ဘူး~~


rate now:

10 Reviews
  • reader Lwin mar oo 21.01.2020, 07:06 5

    Good

    reply

  • reader Htet Ko Ko Aung 19.01.2020, 16:02 5

    အရမ်းကောင်းပါတယ် အရမ်းကြိုက်တယ်

    reply

  • reader NyeinMinSoe 28.12.2019, 13:54 5

    Good

    reply

  • reader MayMyatMoeMyint 28.12.2019, 11:32 4.9

    Gg

    reply

  • reader Linn lou 17.12.2019, 16:28 5

    Unicodeမရ😢

    reply

  • reader ThuKa 14.12.2019, 06:23 1.7

    ရင်းအာရဲ့ကလေးလေး

    reply

  • reader MayMyatMoeMyint 12.12.2019, 04:18 5

    good

    reply

  • reader So pyay 01.12.2019, 06:36 5

    Chapter ရွေးလို့ရမယ့် index လေး

    reply

  • reader KhaingThitsar 30.11.2019, 06:55 5

    Good

    reply

  • reader Min noon 30.11.2019, 01:11 4.8

    မမစွဲညှို့ရဲ့စာအရေးအသား တွေကိုအရမ်းကြိုက်တယ်

    reply