book

Index 9

Part-4.2

Part-4.2


ပင့်ခ် စိတ်ထဲကနေ ဆဲဆိုနေမိသော်လည်း မျက်နှာတွင်မူ ပြုံးချိုစွာဖြင့်


“ဟိုင်း မေဗယ်လ် မနေ့က အဝတ်လျှော်စက် သုံးရတာ အဆင်ပြေလား”


“မရှိတော့ဘူး”


“ဟမ် ဘာ ဘာကို မရှိတာလဲ”


“မနေ့က တစ်ချိန်လုံး အော်နေလို့ ပစ်ချလိုက်ပြီ”


“ဘာ ရဲတိုက် အောက်ကိုလား”


“အင်း”


အင်းဆိုသော အသံတွင် ပင့်ခ် မျက်လုံးတွေပင် ပြူးကျယ်စွာဖြင့် သံယောင်လိုက်မိရင်း


“အော်နေလို့ ခလုတ်မပိတ်လိုက်ဘူးလား”


“ခလုတ်”


မေဗယ်လ်က ပင့်ခ် ပြန်မေးလိုက်တာကို တစ်ချက်မျှ တွေဝေသော ဟန်ပန်ဖြင့် ထပ်တိုး၍ မျက်မှောင်ကုတ်လိုက်တော့ ပင့်ခ် အားကြိုးမာန်တက် ထပ်မေးမိသည်။


“အင်း ခလုတ်လေ မပိတ်လိုက်ဘူးလား”


ခဏတာ တွေဝေစွာ တွေးတောလိုက်ဟန်ဖြင့် ငြိမ်သက်သွားသေးပေမယ့် ထပ်ပြီး အတည်ပြု ပြောကြားလိုက်တာက၊


“အင်း ပစ်ချလိုက်ပြီ”


“ဘယ်လို ပစ်ချလိုက်တာလဲ”


ထပ်ပြီးတွေးတော့လည်း ဖြစ်နိုင်စရာက ကျိန်စာသုံးပြီး ပစ်ချလိုက်ခြင်းသာမို့ ပင့်ခ် ထပ်တိုးမေးလိုက်မိသည်။


“ဂေါ်ဒီယန် အဝေး နဲ့လား”


“ဟုတ်တယ်”


ပင့်ခ် ချက်ချင်းပင် မေဗယ်လ်ကို ဘယ်ခေတ်မှာ ကျန်နေခဲ့သော လူသားလဲဟုပင် မေးရတော့မလို ဖြစ်လာသည်။ အဝတ်လျှော်စက် အသံမြည်နေတာကို မပိတ်ပဲနဲ့ အဝေးသို့ ရောက်စေသော ကျိန်စာဖြင့် အဝေးသို့ ပို့ပစ်လိုက်သည် ဆိုတော့ ပင့်ခ် တံတွေးမျိုချလိုက်မိသည်။


“ဟေး မေဗယ်လ် မင်းက လူသားစစ်သေးရဲ့လား”


မေဗယ်လ်၏ ခြေလှမ်းတွေ တန့်ခနဲ ရပ်သွားပြီးမှ


“ငါက သက်ရှိဖြစ်တယ် ဆိုရင် ရပြီ မင်း ငါ့နောက်ကို မလိုက်ခဲ့နဲ့ ဖိနပ်သံ ဆူတယ်”


ဖိနပ်သံထွက်နေတာကို မုန်းနေတတ်သော မေဗယ်လ်နှင့်တော့ ပင့်ခ်လည်း ချစ်လှစွာသော ဒေါက်ဖိနပ်တွေကို လွင့်ပစ်ရမယ့်ကိန်းပင် ဆိုက်နေပါပြီ။ မေဗယ်လ် ပြောသွားသော သက်ရှိ ဖြစ်တယ်ဆို ရပြီ ဆိုသော စကားကလည်း ဒိတ်အောက်နေပြီဟု ဆိုရမည်။ မှော်လောကတွင် များပြားလှသော မျိုးနွယ်များစွာဝယ် လူသားစစ်တွေ ရှိသလို လူသားမစစ်သော သမန်းဝံပုလွေတွေ မှင်စာတွော ဂေါ့ဖ်တွေ ဘီးဂတ်မျိုးနွယ်တွေ ဂျန်ဂယ်တွေ ရှိသဖြင့် သက်ရှိ ဆိုလျှင် ရပြီဟု ပြောခြင်းက မှန်တော့မှန်သည်ဟု ပြောရမည်။


ပင့်ခ် တစ်ဦးတည်းပင် ရဲတိုက်အပေါ်မှ အခန်းသို့ မရောက်သေးပဲ ခုနက ဇော်ဒီယန် နောက်သို့ လိုက်ပြီး အခုကျတော့ မေဗယ်လ် နောက်သို့ ပြန်လိုက်လာတော့ လှေကားပေါ်တွင်ပင် တက်လိုက် ဆင်းလိုက် ဖြစ်နေ၏။ ပင့်ခ် မေဗယ်လ်အနောက်သို့ ပြေးလိုက်ဖို့ ပြင်တော့ ပင့်ခ်အား အကျႌမှ တစ်စုံ တစ်ယောက်က ဆွဲထားသည်ကို ခံလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ဇော်ဒီယန်က ပြုံးချိုနေသော မျက်နှာထားနှင့်


“မင်း မေဗယ်လ်နောက်ကို ပြေးမလိုက်သွားတာ ပိုကောင်းမယ် မင်းသာ ရဲတိုက်ထဲက လမ်းတစ်နေရာမှာ အမှောင်စွမ်းအင်နဲ့ ချုပ်ခံထားရရင် မင်းကို ကယ်ဖို့ လူမရှိဘူးနော် ဒီအချိန်တောင် ရဲတိုက်မှာ အမှောင်စွမ်းအင်ကို ဖောက်ထွက်နိုင်သူတွေ မကျန်ခဲ့ဘူး”


“မဖြစ်နိုင်တာ”


“ငါ ငယ်တုန်းက သုံးရက်တောင်မှ မေဗယ်လ်ရဲ့ အမှောင်စွမ်းအင်ထဲ ပိတ်ခံထားဖူးတယ် ဘယ်သူမှ ငါ့ကို မမြင်ဘူး အဖေနဲ့အမေကလည်း ခရီးသွားလိုက်တာ ဆိုတော့ ငါဗိုက်ဆာပြီး အူတွေခွေနေတဲ့အထိ နေခဲ့ရဘူးတယ် မင်းသွားချင်ရင် သွားလေ မနက်မှ ဆရာတို့ ရောက်ရင် မင်းပျောက်နေတယ် ဆိုတာကို ငါပြောပေးမယ်”


“အမှောင်စွမ်းအင်ကို ငါ ကြားပဲ ကြားဖူးတာ သေချာမသိသေးဘူး မင်းပြောပြကြည့်ပါလား”


“အလကားတော့ မရဘူး”


“မင်းက လူသားပိုဆန်တယ်”


ထိုစကားတွင် ဇော်ဒီယန်က မြူးကြွစွာဖြင့်


“ငါ့အမေက လူသားစစ်စစ် ငါ့အဖေကလည်း လူသားတစ်ဝက်လေ ဒီတော့ ငါက လူသားသွေး လေးပုံသုံးပုံ ပါတယ် လူသားဆန်တယ် ဆိုတာ ဖြစ်သင့်ပါတယ်”


“အိုး မင်းက လူသားဖြစ်ရတာကို ဂုဏ်ယူနေတာလား”


“သေချာပေါက် ဂုဏ်ယူတယ်လေ မင်းမကြားဖူးဘူးလား လူသားတွေက အားလုံးထက် ပိုပြီး ဉာဏ်ကောင်းကြတယ် ဆိုတာ”


“မင်းက အဲ့တာကိုလည်း ယုံသေးတာလား”


“တကယ် ဖြစ်နိုင်တယ်လေ စမ်းကြည့်ပါလား”


“နိုး မစမ်းဘူး ငါ့အဖေက ပြောတယ် လူသားဖြစ်ဖြစ် မှင်စာဖြစ်ဖြစ် တန်းတူ ဆက်ဆံရမယ် တန်းတူ သဘောထားရမယ် တန်းတူ ကူညီပေးရမယ်တဲ့”


“မင်းအဖေက ငါ့အမေနဲ့ တူတာပဲ”


“ဒါနဲ့ မေဗယ်လ် ဘယ်သွားတယ်လို့ ထင်လဲ”


“ဒီနေ့ လပြည့်နေ့လေ ဝှိုက်ဝှစ်ချ်တွေ စွမ်းအားဖြည့်တင်းဖို့ လိုတယ် လရဲ့အရသာကို သူတို့ ခံစားမှာ ညနက်အထိ မေဗယ်လ် ပြန်လာမှာ မဟုတ်ဘူး ပြီးတော့ ဂျော်ဒန်ဇယ်ရာ ရောပဲ သူကျတော့ မင်းသိလား ဇယ်ရာမျိုးနွယ်တွေ တက်ကြွတဲ့ ဝံပုလွေတွေ လာပြီ ဆိုတဲ့ စကားကြားဖူးလား”


“မင်းက အကုန်သိနေတာပဲလား”


ပင့်ခ် မေးလိုက်တော့ ဇော်ဒီယန်က ရယ်လိုက်ပြီးမှ


“ငါ့အမေနဲ့ ငါ့အဖေက ငါ့ကို သင်ပြပေးဖို့ ပုံစံတစ်မျိုးစီပဲ ငါ့အဖေကျတော့ လေ့ကျင့်တာတွေ ဘာတွေ အတင်း လုပ်ခိုင်းတတ်တယ် ငါ့အမေကျတော့ လုပ်ချင်တာလုပ် ဆိုတာမျိုး နောက်တော့ ငါက နှစ်ခု ပေါင်းသွားတယ် ဒါပါပဲ”


ပင့်ခ် ထိုင်နေရာကနေ ရုတ်ချည် ထရပ်လိုက်ပြီးမှ အဖေ့၏ ပုံစံအတိုင်း လက်တစ်ဖက်ကို ရင်ဘတ်အနားတွင် ထားလျက်ဖြင့် ရုပ်တည်ကြီး လုပ်လိုက်ကာ မျက်နှာကို မော့လျက်ဖြင့်


“ဆွီတီ ငါတို့သမီးက ဘာလို့ ဒီပုံစံဆော့နေရတာလဲ ဒါက မဖြစ်သင့်ဘူး သူ့ကို တားလိုက်”


ထို့နောက် ပင့်ခ်က ခုနက ရပ်နေသော အနောက်နေရာသို့ ပြောင်းလိုက်ကာ မျက်နှာသေဖြင့် ခေါင်းလေး စောင်းလိုက်ပြီး


“ကောင်းပါပြီ သခင်”


အခုနက နေရာသို့ ပြန်လည် ခုန်ထွက်ပြီး ရောက်လာပြီးနောက် ရုပ်တည်ကြီး လုပ်လျက် မျက်နှာကို ပြန်မော့ထားပြီးမှ


“ဆွီတီ ငါတို့သမီးက နှင်းတွေကို ဆော့ကစားပြန်တယ် နှင်းဆိုတာက ငါတို့မျိုးနွယ်အတွက် စွမ်းအားပဲ သူ့ကိုတားလိုက်”


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:03 5

    Good

    reply

  • reader JuliusJulius 25.11.2019, 05:08 4.9

    So good.i love u.

    reply