book

Index 6

Part-3.2


ဇက်ခ်က အရိုက်ခံလိုက်ရတာကို မျက်မှောင်ကုတ်ရင်းဖြင့်


"အမှန်တကယ်ဆိုရင် ငါလည်း အဲ့တာကို မလုပ်ရဲပါဘူး တကယ်က ငါမေးချင်နေတာ နင်ဒီကြွက်ကလေးကို ဘာကြောင့် မွေးတာလဲလို့''


ကန်ဆယ်လ်က အလယ်တွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နှင့် မှော်စည်းမျဉ်းတချို့ကို စတင် ပြောဆိုနေသည်။ အားလုံးသော ဆက်ခံသူများက ကန်ဆယ်လ်၏ သင်ကြားမှုကို ချီးမြောက်သည့် အနေနှင့် ငေးငိုင်နေသောသူနှင့် ပြတင်းပေါက်မှ အပြင်သို့ ထက်သန်စွာ ကြည့်နေသူနှင့် ပင့်ခ်ကတော့ မျက်လုံးတွေ စင်းလာပြီ ဖြစ်သည်။


'ဒီကြွက်က ငါမွေးတာ မဟုတ်ဘူး သူက ငါ့ကိုရွေးချယ်တာ’


ဇက်ခ်သည် မှော်ပစ္စည်းများက သခင်ရွေးချယ်သည်ကို ကြားဖူးမြင်ဖူးသော်လည်း ကြွက်က သခင်ရွေးချယ်သည်ဟုတော့ မကြားဖူးပေ။ ထပ်မေးရန် ပြင်လိုက်သော်လည်း ပင့်ခ်က စားပွဲပေါ်တွင် လက်ကို တင်လိုက်ပြီးမှ ခေါင်းလေးပါ တင်လိုက်ရင်း


'နင်သိချင်ရင် နောက်မှ ပြောပြမယ် သင်လို့ ပြီးသွားရင် ငါ့ကိုနိုးလိုက် အိပ်အုံးမယ်'


ဟုတ်စ! သင်ကြားသူကိုမှ အားမနာ လျှာမကျိုးဖြင့် သူမက မျက်လုံးတွေပင် မှေးမှိတ်သွားလေပြီ။ နိမ်းလက်စ်၊ ဖီးယားလက်စ်၊ ခဲလက်စ်၊ ရိုးလ်၊ အိုဗာဝါးတား (ရေပေါ်ကျောင်း) စသည့် ကျောင်းတို့သည် မှော်လောက၏ ထိပ်တန်း ပြိုင်ဘက်ကင်းသည့် ကျောင်းများ ဖြစ်ကြပြီး ဆက်ခံသူများသည် ထိုကျောင်းများမှ သင်ယူခဲ့ကြသည်။ ထို့ကြောင့် စွမ်းအင်ကိုအသုံးပြုပုံ အသုံးပြုနည်းများ သင်ပေးရန်မလို၊ မိမိစွမ်းအင်ကိုလည်း နားလည်ပြီး ကိုယ်စီကိုယ်စီက ကျောင်းများတွင် ကျောင်းသားအနေနှင့် တဖက်ကမ်းခတ် တော်လွန်းသူများ ဖြစ်ကြသည်။


“မှော်ပညာ သင်ယူမှုမှာ လောဘမရှိရဘူး၊ လောဘနဲ့ သင်ယူရင် သွေးစွန်းမှော်စွမ်းအား ခြေလှမ်းစလိုက်တာ ဖြစ်သွားနိုင်တယ်၊ သွေးစွန်းမှော် ဆိုတာက မင်းတို့ သိသင့်သလောက် သိရှိပြီးသား ဖြစ်နိုင်တယ် အဲ့လို လောဘတကြီးနဲ့ အလျှင်စလို သင်ယူတာက အန္တရာယ်များတယ်၊ မင်းတို့ရဲ့ ကိုယ်ပိုင်မှော်စွမ်းအားကို မင်းတို့ မပိုင်မနိုင် မနိုင်နင်းနိုင်ဘူး ဖြစ်ပြီးတော့ မင်းတို့ရဲ့ အမိန့်ကို မင်းတို့ရဲ့ မှော်စွမ်းအားက မနာခံတော့ပဲ အာခံလာနိုင်တယ်” (မှော်ဒိုင်းမှော်ဒိုင်းမှာအယ့်လဲ့ x'D)


မှော်ဆရာ ကန်ဆယ်လ်က များပြားလှသော စကားလုံးများကို ဆက်လက် ရေရွတ်နေသည်ကို ပင့်ခ်မှာ မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေပြီ ဖြစ်သည်။


“မင်းတို့က နောင်တစ်ချိန်မှာ မျိုးနွယ်စုတွေရဲ့ ဆက်ခံသူတွေ ကိုယ်စီ ဖြစ်လာမှာ မင်းတို့ သင်ယူခဲ့တဲ့ ပုံစံခြင်းကလည်း တူချင်မှာ တူမှာ ပေမယ့် မှော်စည်းမျဉ်း ချမှတ်ထားမှု ကတော့ တစ်ခုတည်းပဲ ဖြစ်တယ် မှော်ပညာများကို အကုန်လုံး သင်ယူဖို့ မလိုဘူး၊ ဒါကို မင်းတို့ သိပြီးသား ဖြစ်မှာပါ၊ ကိုယ့်ရဲ့ မှော်စွမ်းအားနဲ့ သက်ဆိုင်တဲ့ ပညာကိုပဲ သင်ယူတာက မင်းတို့အတွက် ပိုပြီး ပေါက်ရောက်နိုင်တယ်၊”


“မှော်ပစ္စည်းတွေ ဖန်တီးတာ အသုံးချတာကိုလည်း မှော်မဲ့တွေ သုံးခွင့် ရှိတဲ့ ပစ္စည်း သုံးခွင့် မရှိတဲ့ ပစ္စည်းဆိုပြီး ကန့်သတ်ထားတယ်၊ မင်းတို့တွေ မှော်မဲ့တွေ သုံးခွင့် မရှိတာကို မှော်မဲ့တွေ လက်ထဲကို အရောက်မပို့မိစေနဲ့ အဲ့ဒီ မှော်ပစ္စည်းက မှော်မဲ့တွေ လက်ထဲမှာ စွမ်းအားပိုကြီးလာပြီး မှော်ဆရာတွေ မထိန်းချုပ်နိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်၊”


“တကယ်လို့သာ မင်းတို့ ဒီလို ပြစ်မှုတွေကို ကျူးလွန် မိမယ် ဆိုရင် နောက်ဆုံး သတ်မှတ်ထားတဲ့ မှော်လောကနဲ့ မှော်မဲ့လောက ပေါင်းစည်းရေး ဥပဒေ စည်းမျဉ်းရ မှော်စွမ်းအင်ဖျက်ခြင်းဖြင့် အမှားကို သုံးသပ်ရမှာ ဖြစ်တယ်”


“နောက်ပြီးတော့ စည်းမျဉ်းနဲ့ မညီတဲ့ မှော်ပညာအား အသုံးချမှုကို မင်းတို့ ပိုပြီးတော့ သတိထားသင့်တယ်၊ မှော်မဲ့တွေကို ထိခိုက်စေခဲ့မယ် ဆိုရင် မင်းက အကျဉ်းထောင်ထဲကို ရောက်ရှိသွားမှာပဲ ဖြစ်တယ်၊”


ပင့်ခ် အိပ်ဖို့ ကြိုးစားလိုက်သော်လည်း သင်ကြားသူ မှော်ဆရာ၏ အောင်မြင်လှသော အသံကြောင့် မျက်လုံးတွေ ပြန်ပွင့်လာရသည်။ ပြီးနောက် ခေါင်းစောင်းထားသော ဘက်သို့ မေဗယ်လ်ဆီသို့ အကြည့်ပို့မိသည်။ ခန္ဓာကိုယ်ကို မတ်ထားရင်း ဘယ်ခြေပေါ်တွင် ညာခြေထောက် ချိတ်တင်ကာ လက်ကိုပိုက်လျက်ဖြင့် မှော်ဆရာ ကန်ဆယ်လ်အား သေချာ ကြည့်နေသည်။ လွန်ခဲ့သောနာရီ အနည်းငယ်တည်းက သည်ပုံစံနှင့်ပင် ဖြစ်သည်။


အိပ်ချင်စိတ်ကို ချိုးနှိမ်ထားရသည်မှာ ခက်ခဲလှသည်။ ငယ်ငယ်က သူငယ်ချင်းများနှင့် ပဟေဠိ ဖွက်ရင်း သူငယ်ချင်းမလေးက ကမ္ဘာပေါ်မှာ အလေးဆုံးက ဘာလဲဟု မေးခဲ့သည်။ ပင့်ခ်က ကျောက်တုံးတွေလို့ ဖြေခဲ့သော်လည်း မှားခဲ့သည်။ အဖြေသည် မျက်ခွံဟူ၍ ပြောသောကြောင့် ရန်ဖြစ်အငြင်းပွား ခဲ့ဖူးသေးသည်။ အမှန်တကယ် ကြုံရသည့်အခါ သူငယ်ချင်းမလေး မှန်ပါလား ထိုင်ပါ ကန်တော့ချင်သွားသည်။ အိပ်ချင်နေ၍ ပိတ်ကျနေသော မျက်ခွံအား မနဲ ပြူးထားရသည်။


ထိုမှော်ဆရာ ကန်ဆယ်လ်က သူ၏ သင်ကြားမှုအား မည်သူမျှ အာရုံဝင်စားမှု မရှိသည်ကို တွေ့ရှိသွားပြီးနောက်


"မင်းတို့ သင်ကြားရေးမှာ အသင်းအဖွဲ့ မရှိသေးဘူး ထင်တယ် တက်ကြွမှု နည်းနည်းတောင် မရှိဘူး ကောင်းပြီ ဒီလရဲ့ သင်ခန်းစာ မှော်လောကနဲ့ မှော်မဲ့ လောကကြားက စည်းမျဉ်းအတွက် မင်းတို့ကို အဖွဲ့ နှစ်ဖွဲ့ခွဲပြီး သင်ကြားမယ်”


ပင့်ခ်ပင် အူလည်လည်နှင့် ခေါင်းမတ်လာရသည်။ မေဗယ်လ်ကတော့ ထိုနည်းလည်းကောင်း ထိတ်လန့်ခြင်း အလျဉ်းမရှိ၊ တောင့်တင်းနေသော ကျောက်ရုပ်အလားပင် ဖြစ်သည်။


“တစ်ဖွဲ့ကို ခေါင်းဆောင်နှစ်ယောက် ထားပြီး အဖွဲ့သားတွေရဲ့ လေ့လာ သင်ယူမှုနဲ့ တခြားသော ကိစ္စတွေကို တာဝန်ယူရမယ်''


သင်ကြားရေး ဆရာကန်ဆယ်ကပင် ဆက်၍


“မျိုးနွယ် တစ်ခုစီမှာ နှစ်ယောက်စီ လာတာ ဆိုတော့ နှစ်ဖွဲ့ဆို အလွယ်တကူပဲ မျိုးနွယ်တစ်ခုမှာ တစ်ယောက်စီ ခွဲလိုက်”


ပင့်ခ်က မေဗယ်လ်နှင့် အတူတူ ကျမလားဟု ခေါင်းလေး ထောင်ကာ လည်ပင်းလေး လိမ်မိသော်လည်း သင်ကြားရေး ဆရာကန်ဆယ်လ်က လူငယ်တွေကို အကဲခတ်ပြီးနောက်


“အဖွဲ့ခေါင်းဆောင်ကို ပင့်ခ်ကီ စနိုးဖလိတ်နဲ့ မေဗယ်လ်ဇိုးဒန်လို့ သတ်မှတ်မယ် လက်ထောက် အဖွဲ့ခေါင်းဆောင်ကို ဘယ်သူတွေကို ခေါ်မလဲ ခေါင်းဆောင်တွေက ရွေးချယ်ပါ”


ဘုရားရေ၊ ပင့်ခ်က မေဗယ်လ် ထပြီး ငြင်းဆန်လိမ့်မည်ဟု တွေးထင်ထားပြီး သူမ မျက်နှာအား အကဲခတ်လိုက်သော်လည်း သူမက ခေါင်းညိတ် ပြလိုက်ခြင်းဖြင့် ပြီးဆုံးသွားသည်။ မေဗယ်လ်က သူမနှင့် မျက်နှာချင်းဆိုင်မှ ယောကျ်ားလေး တစ်ယောက်ကို လက်ညိုးထိုး ရွေးချယ်လိုက်ခြင်းဖြင့် မေဗယ်လ်တို့ အဖွဲ့၏ လက်ထောက်ခေါင်းဆောင်ကို ရရှိသွားသည်။


ပင့်ခ် မည်သူ့ကို ရွေးရမလဲ ဆိုတာ တစ်ချက် ဝေ့ကြည့်တော့ ပင့်ခ်အား အသားဖြူဖြူ ခပ်ချောချော ကောင်လေးက လက်ထောင်ပြလာသည်။ ဇယ်ရာမျိုးနွယ်က ထိုလက်ထောင်ပြထားသော ကောင်လေးကို ကျော်လိုက်ပြီးမှ နောက်ဆုံးတွင် ပင့်ခ်အနီးဆုံးမှာ ရှိသော ဇက်ခ်ကို ရွေးချယ်လိုက်သ်ည။


“ဇက်ခ်”


ဇက်ခ်က ပင့်ခ်အား မေးဆတ်ပြရင်း ဘာလို့ ရွေးလိုက်တာလဲ ဆိုတာကို အသံတိတ်လျက် မေးသည်။ ပင့်ခ်ကတော့ ရှင်းပါသည်။ ပါရာဒိုက်သည် ဇက်ခ်တို့ မျိုးနွယ်ပိုင်သော ရဲတိုက် ဖြစ်ပြီး ကိစ္စအဝ အထိုထိုကို သိနိုင်သူမှာ ဇက်ခ်သာ ရှိမည်။ ထို့ကြောင့် အထူးတလည်ပင် ဇက်ခ်အား ရွေးလိုက်ခြင်း ဖြစ်၏။


“မင်းတို့ ကိုယ်စီ အသင်းနာမည်တွေကို မရွေးကြတော့ဘူးလား”


သင်ကြားရေး ဆရာ၏ လောဆော်မှုဖြင့် ယခုမှ သင်ကြားရေး ခန်းမအတွင်း သင်ကြားသူတွေ ခေါင်းထောင် လာကြတော့သည်။


“ပင့်ခ်လို့ပဲ နာမည်ပေးလိုက်မယ် လွယ်သွားအောင်”


ပင့်ခ် ပြောလိုက်ပြီးမှ မေဗယ်လ်ကို ကြည့်လိုက်တော့ မေဗယ်လ်က မျက်နှာလွဲသွားပြီး သူမ၏ လက်ထောက်ဆိုပြီး ရွေးလိုက်သူကို ကြည့်သည်။ ထိုသူသည် မေဗယ်လ်ထံမှ အကြည့်ကို ရသွားတော့ လက်ထောင်ပြလာပြီး


“မေ လို့ပဲ ပေးလိုက်မယ်”


ပင့်ခ်အဖွဲ့နှင့်မေအဖွဲ့ ဟူ၍သာ အလွယ်တကူ သတ်မှတ် လိုက်ကြသည်။


“ကောင်းပြီ မင်းတို့ အဖွဲ့ခေါင်းဆောင် အပြောင်းအလဲ လုပ်ချင်တယ် ဆိုရင် အခုတည်းက လုပ်လို့ ရသေးတယ်”


ကန်ဆယ်လ်က ထိုသို့ ပြောသော်လည်း မည်သူမျှ တုတ်တုတ်မျှ မလှုပ်ကြပေ။ ခေါင်းဆောင် ဆိုပါက တာဝန်ကြီးသည်မှာ ထုံးစံပင် ဖြစ်သည်။


“ကောင်းပြီ ဒါဆို သင်ခန်းစာကို ပြန်စမယ် မင်းတို့ အပေါ်ယံ သိထားတဲ့ ကိစ္စတချို့ကို ပြန်ပြီး သင်ပေးမယ် မင်းတို့ကိုပဲ အဓိက သင်ပေးရတဲ့ ရည်ရွယ်ချက်က မင်းတို့တွေက နောင်တစ်ချိန်မှာ မှော်လောကရဲ့ ဦးဆောင်သူတွေ ဖြစ်လာမှာ မို့လို့ပဲ၊”


“ဆက်မယ် မှော်လောကနှင့် မှော်မဲ့လောကဆိုတာ ရှေးကတည်းက ကွာခြားချက် အများကြီး ရှိတယ် အတူတကွ နေထိုင်ဖို့ ကြိုးစားတာမှာ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတယ် မျိုးနွယ်စုတွေ တည်ထောင်ခဲ့ရတယ်၊ တာဝန်ယူမှုတွေ ခွဲနိုင်စေဖို့ ကြိုးစားခဲ့ရတယ်၊ တန်းတူညီဖို့ ကြိုးစားခဲ့ရတယ်၊ မှော်မဲ့လောကသားတွေ ဆိုတာက သိပ်ပြီး ကြောက်တတ် ကြတဲ့ ဆီကနေ မှော်ပညာကို ပါရမီ ရှိသူတိုင်း သင်ယူနိုင်ရေး စနစ်တွေကို ရှာဖွေခဲ့ရတယ်၊ စည်းမျဉ်းတွေ ချမှတ်တယ်၊ လိုက်လျောညီထွေ ဖြစ်ဖို့ ပြောင်းလဲ နှစ်ဖက်လုံး ပြောင်းလဲ ကြရတယ်၊ မည်သူမဆို ကြိုက်နှစ်သက်သလို ဝတ်ဆင်ခွင့်ကိုလည်း ချမှတ်ခဲ့ပြီးတော့ အဆောင်အယောင်တွေကို အဝတ်အစားတွေကနေ မခွဲခြားနိုင်အောင် သတ်မှတ်ခဲ့တယ်၊ တချို့သော မှော်ပညာရှင် မျိုးနွယ်တွေက မကန့်ကွက်ပေမယ့် လိုက်မလုပ်နိုင်ကြတာလည်း ရှိကြတာပေါ့”


ဒါက သေချာပေါက် ဘယ်သူတွေကို ပြောတာလဲ ဆိုတာ အတိအကျ သိနိုင်သည်။ ဇိုးဒန်မျိုးနွယ်စုတွေက မှော်မဲ့တွေနဲ့ မရင်းနှီးချင်ဟု အကြောင်းပြကာ မှော်မဲ့လောကအတွင်းဝယ် မနေထိုင်ပဲနှင့် မှော်လောကတွင် နေထိုငဆဲ ဖြစ်၏။ ထို့ကြောင့် ဇိုးဒန်များကို ကနဦးမျိုးနွယ်ဟု သတ်မှတ်ဆဲ ဖြစ်သည်။ အဝတ်အစားတွေ လိုက်ပါ ပြောင်းလဲပြီး ဖြစ်သော်လည်း အပြုအမူနှင့် အနေအထိုင်ကား ပြောင်းလဲခြင်း မရှိသေးပေ။



rate now:

3 Reviews
  • reader KhinWin 01.12.2019, 04:01 5

    Good

    reply

  • reader JuliusJulius 25.11.2019, 05:01 5

    အရမ်းကောင်းတယ်

    reply

  • reader NangKhinWin 24.11.2019, 15:15 5

    Very good

    reply