book

Index 4

Part-2.2

Part-2.2


မေဗယ်လ် အခန်းနားတစ်ဝိုက်ကို အမှောင်စည်း ချထားလိုက်ပြီးမှ အခန်းအတွင်းမှ အပြင်အဆင်ကို ဝေ့ဝဲ ကြည့်ရှု မိသည်။ စားပွဲခုံပေါ်တွင် မရှိတော့သည့် မေမေ၏ ရုပ်ပုံကို ထောင်ထားလိုက်ပြီး ဘေးနားတွင် ဖေဖေက မေဗယ်လ်ကို ပွေ့ချီထားသော ပုံကို ထောင်ထားသည်။


အိပ်မက်ဖမ်းသော အဆောင်တစ်ခုကို ကုတင်နားတွင် ချိတ်ဆွဲ ထားလိုက်ပြီး အိပ်ရာခင်းကို အဝါနုရောင်လေး ခင်းထားသည်။ အိပ်ရာမှ လွဲ၍ တခြားသော တခြားသော အသုံးအဆောင်အားလုံးက မေဗယ်လ် အဖြူမဟုတ်ရင် အနက်ကိုသာ သုံးလေ့ ရှိသည်။ လည်ပင်းတွင် အနက်ရောင် ကြိုးခပ်တုတ်တုတ်ကို ပန်ဆင်ထားသည်ကို အရှေ့သို့ ထုတ်လိုက်တော့ ကြိုးတန်းပေါ်တွင် ထိုင်လျက်သားဖြင့် အစိမ်းရောင်သစ်ပင်ငယ်လေးက ပါလာသည်။


“မေဗယ်လ် မင်းအသက် အခုဆို ဆယ့်ရှစ်နှစ်ရှိပြီ မင်းဒီပုံစံအတိုင်းဆို လူနေမှု ဘောင်ထဲကနေ ထွက်ခွာသွားရလိမ့်မယ်”


“ဟုတ်လား”


“လုံးဝ အသေအချာပဲ မင်းငယ်တော့တာလည်း မဟုတ်ပဲနဲ့ ဘာလို့ သူငယ်ချင်းမထားချင်ရတာလဲ တကယ်ဆို မင်းမှာ သူငယ်ချင်း တစ်ယောက်လောက်တော့ ရှိသင့်တယ်”


“ဟုတ်လား”


“မင်း တကယ်ကို လူသားမြောက်သင့်ပြီ”


“ဟုတ်လား”


မေးမြန်းအကြံပေးချက်က အများကြီး ဖြစ်ပြီး ပြန်ဖြေသည်က တစ်ခွန်းတည်းသာ၊ စကားကို အသိအမှတ်ပြုသည်ဟု ဆိုခြင်းမျှသာမို့ အနှီးသစ်ပင်လေးက ခေါင်းယမ်းပြီး လွမ်းဆွတ်သံဖြင့် ဆိုသည်။


“ငါ့ကို ဒါဒါလေးက ဘာကြောင့် မင်းဆီကို ပေးလိုက်တယ် ဆိုတာ လုံးဝ နားမလည်ဘူး မင်းက တကယ်တမ်းကျ ကျောက်ရုပ်ကြီးပါကွာ”


“ဟုတ်လား”


ထိုဟုတ်လား ဆိုတာကို ကြားရပေါင်းများနေသော်လည်း စလစ်က ဒေါသတကြီးဖြင့်


“မင်း ဟုတ်လား ဆိုတာကို ထပ်ပြောရင် ငါမင်းဆီကနေ ထွက်သွားမယ်”


စလစ်က ထိုသို့ ခြိမ်းခြောက်စကား ဆိုလိုက်တော့ မေဗယ်လ် အဝတ်တွေကို ချိတ်တွေနဲ့ ဆင်နေရာမှ အနောက်သို့ တစ်ချက်လှည့်ကြည့်လာပြီး ခပ်တိုးတိုးဆိုလိုက်သည်။


“ဟုတ်လား”


“သေစမ်း မင်းက ဝှိုက်ဝှစ်ချ်ရဲ့ ဆက်ခံသူလို့ မပြောနဲ့ ဒါက သိပ်ပြီး မဖြစ်နိုင်စရာပဲ ဝှိုက်ဝှစ်ချ်တွေက သိပ်ပြီး ဖြူစင်ကြတယ် ပြီးတော့ သဘောကောင်းပြီးတော့ ဖော်ရွေတတ်ကြတယ် မင်းနဲ့များ တခြားစီပဲ”


ထိုတွင်တော့ မေဗယ်လ်က အပေါ်မှ လရောင်ဝင်သာသော နေရာအား မှန်ကို ကြည်နေအောင် တိုက်နေရာမှ စကားတစ်ခွန်းမှ ဟမလာတော့ပေ။


“မင်း ဘယ်လိုတောင်မှ ကျောက်ရုပ်လို အမူအကျင့် ရှိရတာလဲ မတရားတာတွေ တရားတာတွေလည်း မင်း စိတ်မဝင်စားဘူးလား တခြားရော မင်းစိတ်ဝင်စားတာ မရှိဘူးလား”


“မင်း အခု ဘာလုပ်နေတာလဲ”


“မင်း ဒါပြီးရင် ဘာလုပ်ဖို့ ရှိလဲ”


“အခု မင်းငါ့ကို လျစ်လျူ ရှုထားတာပဲ မေဗယ်လ် ငါက အသက်ရှိတဲ့ သစ်ပင်ပါ ငါ စကားလည်း ပြောနိုင်ပါတယ် ငါ တကယ်အသက်ရှိပါတယ်”


စလစ်က မေဗယ်လုပ်နေသော နေရာအနီးသို့ သွားကာ လက်ကလေးကိုပါ ယမ်းလျက် ပြောသော်လည်း မေဗယ်လ်က လုပ်စရာတွေကိုသာ လုပ်သွားသည်။ နောက်ဆုံးတွင် တစ်ခန်းလုံး ပြီးဆုံးသွားပြီ ဆိုမှ မေဗယ်လ်က အဝတ်လျှော်ရန် နေရာသို့ သွားရန် အဝတ်ထည့်ထားသော ခြင်းတောင်းကို မယူလိုက်ပြီးမှ အခန်းအပြင်သို့ ထွက်လာသည်။


“ဘုတ် အ”


မေဗယ်လ် အခန်းအပြင်သို့ ထွက်ထွက်ခြင်းတွင် မျက်နှာချင်းဆိုင် အခန်းရှေ့ ဝရန်တာမှ ပန်းရောင်ဆံနွယ်တွေ ဝဲခနဲ ခုန်ပျံလာသော လူပျံ၊ ကိုင်ထားသော အဝတ်တောင်းပြုတ်ကျအောင် သူမက မေဗယ်လ်ကို ဝင်တိုက်လေသည်။ သို့သော် မေဗယ်လ်က ပုခုံးလေးတိမ်းလျက် ရှောင်လိုက်တော့ ဝရန်တာပေါ်သို့ ပစ်စလတ်ခတ် သူမဖာသာ ပြုတ်ကျသွားတော့သည်။


သူမက အမှန်တကယ်ပင် အရှက်မရှိစွာဖြင့် လူးလဲ ထရပ်လာပြီး လက်ထဲမှ ခြူလုံးလေးကို ခါယမ်းပြလာရင်း


“ဒါလေး လာပေးချင်တာ ဒါကလေ ပါရာဒိုက်ထဲမှာ တစ်ခုခု ဖြစ်ခဲ့မယ် ဆိုရင် မင်းကို အကူအညီ ဖြစ်စေမှာပါ”


“ယူလိုက် မေဗယ်လ် ယူလိုက်”


ပင့်ခ် အသံသေးသေးလေး ရှိရာသို့ ငုံ့ကြည့်မိတော့ အစိမ်းရောင် ရွက်ကျပင်ပေါက်လေးက လက်သေးသေးလေးတွေ ယမ်းလျက် ပင့်ခ်အား နှုတ်ဆက်နေသည်။


“ဟိုင်း ငါ့နာမည်က စလစ်ပါ”


“ငါ့နာမည်က ပင့်ခ်ကီပါ တွေ့ရတာ ဝမ်းသာပါတယ်”


ပင့်ခ် လက်ချောင်းလေးတွေနဲ့ မယူလိုက်တော့ ပင့်ခ်လက်ထဲက သစ်ပင်လေးက ဆတ်ခနဲ အခန်းအတွင်းသို့ လွင့်ပစ်ခံလိုက်ရပြီး


“မထွက်လာနဲ့”


ပင့်ခ် ထိုအဖြစ်အပျက်မှာ အမ်းသွားသော်လည်း ချက်ချင်းပင် ဟဲခနဲ ရယ်ပြလိုက်မိသည်။ ပြီးမှ လက်ထဲမှ ခြူလုံးလေးကို ကမ်းပေးလိုက်ရင်း


“ရော့ ဒါလေးတော့ ယူထားလိုက် ဘယ်လိုပဲ ဖြစ်ဖြစ်”


ပင့်ခ်စကားတောင် မဆုံးလိုက်သေးပဲနှင့် မေဗယ်လ်က ပြုတ်ကျသွားသော အဝတ်တွေကို ပြန်ကောက်ထည့်လိုက်ပြီးမှ


“မလိုဘူး”


ခပ်ပြတ်ပြတ်ပြောကြာ ဝရန်တာမှ ထွက်ဖို့ ပြင်သည်။ သို့သော် သတိတရဖြင့် မီးခိုးရောင်လက်အစွပ်လေးကို ဝှေ့ယမ်းလိုက်သည်။ ဝရန်တာ ပတ်ပတ်လည် အားလုံး စည်းတားလိုက်သည့် သဘော၊ ပင့်ခ်ရှေ့သို့ ပြန်ရောက်လာပြီး လက်ကလေးကို ဆွဲကာ စည်းတားထားသော နေရာ အပြင်သို့ တွန်းထုတ်လိုက်ပြီး


“မင်း နောက်တစ်ခါ ခုန်ပျံပြီး ဝင်လာရင် မင်းကို အမှောင်စည်းထဲကနေ မထုတ်ပေးတော့ဘူး”


ပင့်ခ် ပစ်လဲကျနေရာအား ကျော်ခွ၍ ရဲတိုက်အောက်သို့ ဆင်းသွား၏။ ပင့်ခ် အသာအယာ လူးလဲ ထရပ်လိုက်ပြီးမှ


“အဝတ်တွေ လျှော်မလို့လား”


ရဲတိုက် တစ်ဝက်ထိ ဆင်းချလာပြီးမှ ခြေလှမ်းကို တိခနဲ ရပ်လိုက်တော့ ပင့်ခ် ဆက်ပြောရန် စကားတို့ ပျောက်သွားသလို ဖြစ်သွားသည်။ သူမက ပင့်ခ်လက်ထဲမှ ခြူလုံးလေးကို လှမ်းယူလိုက်ပြီးမှ သူမလက်အတွင်းမှာပင် အမှောင်ငွေ့တို့ဖြင့် ကြေမွစေလိုက်ပြီးမှ


“ရပြီလား မင်းရှိနေတာ ဆူညံတယ်”


ပင့်ခ် နှုတ်ခမ်းလေးကို ဖောင်းလိုက်ပြီးမှ


“အော် အဝတ်လျှော်စက် သုံးလို့ ရတယ်လို့ ပြောမလို့ပါ ရေချိုးခန်းထဲမှာ ရှိတဲ့ အဝတ်လျှော်စက်လေ အဲ့တာကို သုံးလို့ ရတယ် ခလုတ်နှိပ်တာနဲ့ အဆင်ပြေတယ် အဲ့တာကို မှော်မဲ့တွေက ဖန်တီးထားတာ အချိန်လည်း မကုန်ဘူး မှော်စွမ်းအားမလိုဘူး ပြီးတော့”


မေဗယ်လ်က ခပ်တည်တည်နှင့် ရဲတိုက် အပေါ်သို့ တက်လာသည်။ သို့သော် မျက်မှောင်ကုတ်ထား၍ မျက်ခုံးများက တွန့်ကွေးနေကြ၏။ ပင်ခ့် အခြေအနေကို အကဲခတ်မိတော့ တစ်ခစ်ခစ် ရယ်ရင်း အနောက်ကနေ လိုက်လာမိသည်။


“ဇိုးဒန် မျိုးနွယ်တွေက အရင်တုန်းက မှော်လောကဒေသမှာပဲ နေကြတာ မဟုတ်လား ပြောရရင် မှော်မဲ့တွေနဲ့ ရောနှောမနေဖူးဘူး မဟုတ်လား အဲ့တာကြောင့် မှော်မဲ့တွေ တီထွင်ထားတဲ့ ပစ္စည်းတွေကို သုံးဖူးလို့လား”


သုံးဖူးလား မသုံးဖူးလား ပြောဖို့ကို မလိုတာ အသေအချာ ဖြစ်လောက်သည်။ ရဲတိုက်အား မှော်မဲ့နည်းရော မှော်နည်းရောဖြင့် မွန်းမံ ထားသည်မှာ ကိုယ်ပိုင်အခန်းအတွင်း၍ အဝတ်လျှော်စက် ရှိသည်ကိုပင် မသိသော ဇိုးဒန်မျိုးနွယ်၏ ဆက်ခံသူအား ပင့်ခ် ရယ်မော၍ပင် မဆုံးတော့ပေ။


ဒီတစ်ကြိမ် ပင့်ခ် သူမအနောက်မှ ကပ်လိုက်သွားတော့ အမှောင်စည်းကို အသာတကြည်ပင် ကျော်ဖြတ်၍ ရသည်။ သူမကလည်း ဘာမှလှည့်မပြောပေ။


အခန်းအတွင်းသို့ ဝင်လာခဲ့တော့ ဝါးနံ့သင်းသင်းကို ရရှိလိုက်၏ သေချာ ကြည့်တော့မှ အသုံးအဆောင်တွေ အားလုံးကို ဝါးကနေ ဖန်တီးထားသည်ချည်း ဖြစ်နေသည်ကို တွေ့ရသည်။ ဇိုးဒန် မျိုးနွယ်တွေက ဒီလောက် ရှေ့ရိုးဆန်တာလား၊ အတွေးထဲမှာ ပြောမိသော်လည်း အပြင်တွင် ပင့်ခ်မျက်နှာက အလွန်အမင်း ကူညီချင်နေသော မျက်နှာထားဖြင့်


“ရေချိုးခန်းထဲမှာ ထောင်ထားတဲ့ ပုံးကို တွေ့လား”


မေဗယ်လ်က လာကြည့် ဆိုတာကို စကားနှင့် မပြောပဲနှင့် မျက်မှောင်ကုတ်ပြသည်။ ပင့်ခ် ရေချိုးခန်းအတွင်းသို့ ဝင်သွားကြည့်တော့ အဝတ်လျှော်စက်အပေါ်တွင် ပစ္စည်းတချို့ကို တင်ထားပြီးမှ ပင့်ခ် အဖုံးကို ဆွဲဖွင့်လိုက်တော့ မေဗယ်လ်က အသေအချာပင် စူးစိုက်ကြည့်နေသည်။


“အဝတ်တွေကို ဒီလိုထည့် ပြီးရင် ဒါကို နှိပ်”


“တီးတောင်”


“ရေပိုက်က တစ်ခါတည်း ဆက်ထားလို့ ထကြည့်စရာ မလိုဘူး ခုနတုန်းက မြည်သွားတဲ့ အသံမြည်လာရင် အဝတ်လှမ်းရုံပဲ”


ပြောပြီးသည်နှင့် မေဗယ်လ်က ပင့်ခ်ပုခုံးအား လှမ်းကိုင်လိုက်ကာ ချက်ချင်းပင် ပင့်ခ်၏ အခန်းရှေ့သို့ ရောက်လာသည်။


“ဟိုဘက်ကို မလာခဲ့နဲ့”


ဘာ၊ ဒါက ဘယ်လို ကျေးဇူးတင်နည်းလဲ၊ အပြောင်းအလဲ မရှိတဲ့ ပုံစံနဲ့ ကျေးဇူးတင်နည်းက ဘာကြီးလဲ၊ အခု ပင့်ခ်က သူ့ကို ကူညီလိုက်တာလေ၊ ဒါကို ဘယ်လိုနည်းနဲ့ ကျေးဇူးတင်တာလဲ၊ လုံးဝ မယုံနိုင်စရာ လူမှုရေး မရှိတဲ့ လူသားပဲ၊ အံ့ချီဖွယ် လူသားပဲ၊


@@@@@@@@@@


rate now:

5 Reviews
  • reader May Myat 05.12.2019, 15:45 5

    Oh

    reply

  • reader KhinWin 01.12.2019, 04:00 5

    Good

    reply

  • reader JuliusJulius 25.11.2019, 04:58 5

    Very good.i love u.

    reply

  • reader NangKhinWin 24.11.2019, 08:33 4.9

    Very good

    reply

  • reader hnoungeithwin 23.11.2019, 15:06 4.9

    ကောင်း

    reply