book

Index 20

Part-8.1

Zawgyi

ေမွာ္ဝင္ညရဲ႕ကေဝပ်ိဳတမ္းခ်င္း


Part-8.1


“ဒီည ငါတို႔ နားမွရေတာ့မယ္”


ေမဗယ္လ္က သစ္ပင္တစ္ပင္ကို ေမာ့ၾကည့္လုိက္ျပီးေနာက္ အေပၚဘက္ သစ္ကိုင္းဖ်ားဆီသို႔ နာမ္ေရြ႕၍ ေရာက္သြားသည္။ ျပီးေနာက္ ျပန္၍ နာမ္ေရြ႕ကာ ဆင္းလာျပီးမွ၊ 


“ငါတို႔ ဒီနားမွာပဲ နားၾကတာေပါ့၊ ေမွာ္သားရဲအရိုင္းေတြက ညက်ရင္ က်က္စားတဲ့အေကာင္ ပိုမ်ားတယ္၊ သူတို႔က အေမွာင္နဲ႔က်င္လည္ေနျပီးသား၊ ငါတို႔က အသားမက်ေသးဘူး၊ တိုက္ခိုက္လို႔ ရႏုိင္တာလည္း မဟုတ္ေတာ့ ဒီနားမွာပဲ နားလုိက္တာေပါ့၊ မနက္ျဖန္ ေတာရဲ႕ေတာင္ဖက္ကို သြားၾကမယ္”


ပင့္ခ္အနားယူမွ ရေတာ့မယ္ဟု ဆိုလာသည္တြင္ ထင္းေျခာက္မ်ားကို စုစည္းလုိက္ျပီး မီးေမႊးရန္ ျပင္ဆင္လုိက္သည္။ အနည္းဆံုးေတာ့ စိမ့္စိမ့္ေအးေအးႏွင့္ ျဖစ္လာေသာ အေအးဒဏ္ႏွင့္ ေတာေကာင္မ်ားကို မီးႏွင့္ထိန္းထားႏုိင္ေစရန္ ေတြးလုိက္သည္။ သို႔ေသာ္၊


“မင္း ဒီထင္းေတြကို မီးညွိမလို႔လား”


“အင္းေလ ငါတို႔ နည္းနည္း မေအးလာဘူးလား”


“မီးညွိလုိက္တာနဲ႔ ငါတို႔ ဒီမွာ ရွိတယ္ ဆုိတာ ေဖာ္ျပသလို ျဖစ္သြားမယ္၊ မင္းေရာက္ေနတာ သာမာန္ေတာေတာင္ တစ္ခု မဟုတ္ဘူး၊ ေမွာ္သားရဲေတြကို ေဘးမဲ့ေပးထားတဲ့ ဖန္တီးမႈ ေတာအုပ္ထဲမွာ၊ မင္း ေသခ်င္တယ္ဆိုရင္ မီးေရာင္လင္းလာေအာင္ လုပ္လိုက္”


“ဒါေပမယ့္.. ငါတို႔က”


“မင္း ဘယ္လို အထက္တန္းျပီးခဲ့တာလဲ ဆုိတာကို ငါ နားမလည္ႏုိင္ဘူး၊ အေျခခံဗဟုသုတေလးေတာင္မွ မရွိတာ၊ ဒါမ်ား နိမ္းလက္စ္ ေက်ာင္းက အေတာ္ဆံုး ေက်ာင္းသူတဲ့၊ စိတ္ပ်က္စရာ”


စိတ္ပ်က္စရာ ဆုိေသာ စကားကို မၾကားေအာင္ ေရရြတ္လုိက္တာမဟုတ္၊ ပင့္ခ္အနီးအနားကို ေရာက္လာျပီး ေျပာလုိက္ျခင္းသာ ျဖစ္သည္။ ပင့္ခ္အနားကို ေရာက္လာျပီးမွ အေပၚဝတ္ေခါင္းစြပ္ ေဟာ္ဒီသားအက်ႌကို ဇစ္ဆြဲခ်ျပီး ခၽြတ္လိုက္သည္။ 


ေမွာင္ရီပ်ိဳးစ အခ်ိန္မွာေတာင္မွ ျဖဴျဖဴေဖ်ာ့ေဖ်ာ့ ေဖြးစြတ္ေနေသာ လက္ဖ်ံသား အသားအရည္က ထင္းလင္းေအာင္ ေပၚလာသည္။ တစ္ခါမွ အက်ႌရွည္ကို မခၽြတ္ဖူးတာေၾကာင့္ ပင့္ခ္ လက္ထဲကို သူ႔အက်ႌေရာက္လာတဲ့အထိ ေၾကာင္အအ ေငးၾကည့္မိေနဆဲ၊ 


“ဒါကို ေအးရင္ဝတ္ထားလုိက္၊ မဝတ္ခ်င္လည္း ပစ္ခ်ထားလိုက္”


ေမဗယ္လ္က စိတ္မရွည္လက္မရွည္ ေျပာျပီးသည္ႏွင့္ လက္ဖဝါးတခ်ိဳ႕တြင္ အေမွာင္ေငြ႔သို႔ ယွက္သိုင္းလာျပီးေနာက္ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်လုိက္ျပီးမွ ေျမျပင္ႏွင့္ ထိုလက္ဖဝါးကို ထကပ္လုိက္သည္။ ေမဗယ္လ္လက္ဖဝါးမွ အေမွာင္ျမဴခိုးတို႔က ေျမျပင္အတြင္းသို႔ ကူးလူးသြားျပီးေနာက္ ေျခာက္ေပမွ် အခ်င္းရွိေသာ စက္ဝုိင္းတစ္ခုပံုစံျဖင့္ မိုးေကာင္းကင္ယံသို႔ တိုးထြက္လာျပီး အေမွာင္ျမဴပါးပါးက ပတ္ပတ္လည္တြင္ ကာရံသြားေတာ့၏။ 


“ဒါက မင္း ဘာလုပ္လုိက္တာလဲ”


“ျမဴခိုးအကာအရံ”


“အဲ့ဒါက ဘယ္လို အသံုးဝင္တာလဲ”


“ဒီျမဴခိုးထဲကို ဝင္တဲဘယ္သူမဆို ငါဖန္တီးထားတဲ့ ျမဴေတြအလယ္ကို ေရာက္သြားမွာ သူတို႔ အဲ့ကေန ထြက္ဖို႔ၾကိဳးစားႏုိင္ျပီးမွ ငါတို႔ဆီ ေရာက္လာလိမ့္မယ္၊ ျခင္တစ္ေကာင္ေတာင္မွ ငါတို႔ဆီ မေရာက္လာႏုိင္ဘူး၊ မင္း ေကာင္းေကာင္း နားလို႔ ရျပီ”


ပင့္ခ္ ျမဴခိုးအကာအရံဆီသို႔ လက္က ေရာက္ရွိသြားလုလုတြင္ ပင့္ခ္၏အေရွ႕သို႔ ေမဗယ္လ္က ရိပ္ခနဲ ေရာက္ရွိလာျပီးမွ ပင့္ခ္လက္ကို ပုတ္ထုတ္လိုက္ကာ၊


“မင္းလည္း အျပင္ကို ထြက္သြားလို႔ မရဘူး၊ မထိမိေစနဲ႔ အထဲကို ေရာက္သြားမယ္”


“အို၊ အင္း”


ပုတ္ထုတ္လုိက္လို႔ နာသြားတဲ့ လက္ကို က်န္တဲ့လက္နဲ႔ ျပန္ပြတ္ေနရင္းက ျပန္ျပီးေတာ့  ျငိမ္သက္ေနလုိက္မိသည္။ မျငိမ္လို႔လည္း မရ၊ ေတာ္ၾကာေန ဆူလုိက္တာကြာ ဆိုျပီး ပင့္ခ္ကို ျမဴခိုးပံုရိပ္ေယာင္ထဲကို ပစ္ထည့္လိုက္မွ ဟုတ္ေပ့ ျဖစ္ေနအံုးမည္။ 


ပင့္ခ္ သစ္ကိုင္းေတြ ခ်ိဳးခ်လာလုိက္ ခင္းလုိက္ လုပ္ေနေသာ ေမဗယ္လ့္အနားကို တိုးသြားျပီးမွ၊


“ငါ့ကို သင္ေပးပါလား”


ေမဗယ္လ္က ပင့္ခ္အား အံ့ၾသတယ္ ဟူသည့္ အၾကည့္တစ္ခ်က္ ပစ္လႊတ္လုိက္ျပီးမွ ေနာက္ဆံုးလက္က်န္ သစ္ရြက္ေတြ ပါေသာ သစ္ကိုင္းကို ပစ္ခ်လုိက္ကာ ထိုေနရာတြင္ ဝင္ထိုင္လုိက္သည္။ သစ္ပင္ကို မွီခ်လုိက္ရင္းက၊


“ငါ့ပါရမီက အေမွာင္နဲ႔ျမဴခိုးကို ထိန္းခ်ဳပ္ႏုိင္တာ၊ မင္းတို႔ နတ္သမာန္ေတာ္မ်ိဳးႏြယ္က ေရခဲနဲ႔ႏွင္းကို ထိန္းခ်ဳပ္ႏုိင္တာ ဘယ္ေနရာမွာ သြားတူေနလို႔လဲ”


ပင့္ခ္ ေမဗယ္လ္အနီးမွာ ထုိင္ခ်လုိက္ျပီးမွ၊ ဝံပုေလြေပါက္ေလးကို အလယ္မွာ ထားလိုက္ေတာ့ ထိုဝံပုေလြေပါက္စက ေမဗယ္လ္ဘက္သို႔ မရဲတရဲေလး တိုးသြားသည္။ ေမဗယ္လ္က ထိုဝံပုေလြအား ငဲ့ၾကည့္လုိက္ျပီးမွ၊


“ငါ့အနားထပ္တိုးရင္ မင္းကို ျမဴခိုးပင္လယ္ထဲ ပစ္ထည့္လုိက္မယ္”


တန္႔ခနဲ ရပ္တန္႔သြားေသာ ဝံပုေလြေပါက္ေလးက ေမဗယ္လ့္စကားကို အတိအက် နားလည္ဟန္ပန္ အျပည့္ႏွင့္ ျဖစ္သည္။ ပင့္ခ္ခုနတုန္းက ေျပာခဲ့သည္ကို လက္မေလ်ာ့ေသးပဲနဲ႔ ဆက္ေျပာမိသည္။ 


“အေမွာင္စြမ္းအား ေလ့က်င့္တာက ပါရမီမဟုတ္လည္းပဲ ရတယ္လို႔ ၾကားဖူးတယ္”


“အဲ့ဒါ ကန္႔သတ္လြန္ေမွာ္ထဲမွာ ပါသြားျပီ”


“ဒါေပမယ့္ ရတာက ရတာပဲေလ”


ပင့္ခ္မရမက ကတ္သတ္ေျပာလုိက္ေတာ့ အနက္ေရာင္ကဲေသာ မ်က္ဝန္းေတြက ျပန္ဖြင့္လာသည္။ မင္းဘာသိလုိ႔လဲ ဆိုသည့္ အၾကည့္တစ္ခ်က္ ေရာက္လာျပီးေနာက္၊ 


“ဒီေကာင္ ဗိုက္ဆာေနျပီ ေကၽြးလိုက္”


ပင့္ခ္ ဝံပုေလြငယ္ေလးကို မုန္႔တစ္ခ်က္ဖဲ့ေပးလိုက္ေတာ့ ခ်က္ခ်င္းကို မ်ိဳခ်ပစ္ေလသည္။ ပင့္ခ္ တစ္ဖဲ့စီ ေကၽြးေနတဲ့အခ်ိန္မွာ ေမဗယ္လ္က သက္ျပင္းသဲ့သဲ့ ခ်လုိက္ျပီးမွ အနည္းငယ္ တိုးေသာ ေလသံျဖင့္ ဆိုလာသည္။ 


“ပါရမီနဲ႔ ေလ့က်င့္လို႔ရတာ မတူဘူး၊ ဘယ္ဟာ ပိုသာလဲ ဆိုတာ ငါတစ္ခါမွ မၾကံဳဖူးလို႔ မသိဘူး၊ ဒါေပမယ့္ ေလ့က်င့္တာကို ကန္႔သန္နယ္လြန္ေမွာ္ထဲမွာ သြင္းထားတယ္၊ ဘယ္သူမွေလ့က်င့္ခြင့္မရွိဘူး”


“ဒါေပမယ့္ မင္းက်ေတာ့ ေလ့က်င့္ထားတာပဲ မဟုတ္လား”


“ငါက ပါရမီကို တိုးတက္ေအာင္ပဲ ေလ့က်င့္ထားတာ၊ တမင္သက္သက္ေလ့က်င့္ထားတာ မဟုတ္ဘူး”


“ဒါဆို..”


“နားေတာ့”


အသံမထြက္လာနဲ႔ေတာ့ဟု မတားရံုတင္ အသံက စီးစီးပိုးပိုး ျပတ္ျပတ္သားသား၊ ေျပာျပရင္လည္း အဆံုးထိ ေျပာျပတာ မဟုတ္ဘူး၊ ပင့္ခ္ ႏႈတ္ခမ္းေလး တြန္႔ေကြးသြားျပီး မေက်မခ်မ္းျဖင့္၊


“ငါသိခ်င္ေသးတာကို”


“မဆူနဲ႔၊ အသံထပ္ထြက္လာရင္ ငါ့အဆိုးမဆိုနဲ႔”


ေန႔တိုင္း ေန႔တိုင္း အနက္ေရာင္ ေခါင္းစြပ္ အက်ႌႏွင့္ သူ(မ)ကို ျမင္ေနက် ျဖစ္၍ အခုလို အျဖဴေရာင္တီရွပ္ေလးႏွင့္ က်ေတာ့ မထင္ရေအာင္ သန္႔ျပန္႔ေနသားပဲဟု ဆိုရမလိုပင္၊ 


ပိုနီေတးစီးထားေသာ ဆံပင္အလိပ္လိပ္တို႔က ပုခံုးထက္မွ ကပိုကရိုျဖာက်ေန၏။ တင္းတင္းေစ့ပိတ္ထားျပီး အနက္ေရာင္ကဲေသာ မ်က္ဝန္းေတြက ဖြင့္မလာေတာ့ မ်က္ႏွာက အနည္းငယ္ ေပ်ာ့ေျပာင္းေနဟန္ ဟန္ေဆာင္ထားလို႔ ရသလိုလို ျဖစ္ေနသည္။


Uni


မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


Part-8.1


“ဒီည ငါတို့ နားမှရတော့မယ်”


မေဗယ်လ်က သစ်ပင်တစ်ပင်ကို မော့ကြည့်လိုက်ပြီးနောက် အပေါ်ဘက် သစ်ကိုင်းဖျားဆီသို့ နာမ်ရွေ့၍ ရောက်သွားသည်။ ပြီးနောက် ပြန်၍ နာမ်ရွေ့ကာ ဆင်းလာပြီးမှ၊ 


“ငါတို့ ဒီနားမှာပဲ နားကြတာပေါ့၊ မှော်သားရဲအရိုင်းတွေက ညကျရင် ကျက်စားတဲ့အကောင် ပိုများတယ်၊ သူတို့က အမှောင်နဲ့ကျင်လည်နေပြီးသား၊ ငါတို့က အသားမကျသေးဘူး၊ တိုက်ခိုက်လို့ ရနိုင်တာလည်း မဟုတ်တော့ ဒီနားမှာပဲ နားလိုက်တာပေါ့၊ မနက်ဖြန် တောရဲ့တောင်ဖက်ကို သွားကြမယ်”


ပင့်ခ်အနားယူမှ ရတော့မယ်ဟု ဆိုလာသည်တွင် ထင်းခြောက်များကို စုစည်းလိုက်ပြီး မီးမွှေးရန် ပြင်ဆင်လိုက်သည်။ အနည်းဆုံးတော့ စိမ့်စိမ့်အေးအေးနှင့် ဖြစ်လာသော အအေးဒဏ်နှင့် တောကောင်များကို မီးနှင့်ထိန်းထားနိုင်စေရန် တွေးလိုက်သည်။ သို့သော်၊


“မင်း ဒီထင်းတွေကို မီးညှိမလို့လား”


“အင်းလေ ငါတို့ နည်းနည်း မအေးလာဘူးလား”


“မီးညှိလိုက်တာနဲ့ ငါတို့ ဒီမှာ ရှိတယ် ဆိုတာ ဖော်ပြသလို ဖြစ်သွားမယ်၊ မင်းရောက်နေတာ သာမာန်တောတောင် တစ်ခု မဟုတ်ဘူး၊ မှော်သားရဲတွေကို ဘေးမဲ့ပေးထားတဲ့ ဖန်တီးမှု တောအုပ်ထဲမှာ၊ မင်း သေချင်တယ်ဆိုရင် မီးရောင်လင်းလာအောင် လုပ်လိုက်”


“ဒါပေမယ့်.. ငါတို့က”


“မင်း ဘယ်လို အထက်တန်းပြီးခဲ့တာလဲ ဆိုတာကို ငါ နားမလည်နိုင်ဘူး၊ အခြေခံဗဟုသုတလေးတောင်မှ မရှိတာ၊ ဒါများ နိမ်းလက်စ် ကျောင်းက အတော်ဆုံး ကျောင်းသူတဲ့၊ စိတ်ပျက်စရာ”


စိတ်ပျက်စရာ ဆိုသော စကားကို မကြားအောင် ရေရွတ်လိုက်တာမဟုတ်၊ ပင့်ခ်အနီးအနားကို ရောက်လာပြီး ပြောလိုက်ခြင်းသာ ဖြစ်သည်။ ပင့်ခ်အနားကို ရောက်လာပြီးမှ အပေါ်ဝတ်ခေါင်းစွပ် ဟော်ဒီသားအကျႌကို ဇစ်ဆွဲချပြီး ချွတ်လိုက်သည်။ 


မှောင်ရီပျိုးစ အချိန်မှာတောင်မှ ဖြူဖြူဖျော့ဖျော့ ဖွေးစွတ်နေသော လက်ဖျံသား အသားအရည်က ထင်းလင်းအောင် ပေါ်လာသည်။ တစ်ခါမှ အကျႌရှည်ကို မချွတ်ဖူးတာကြောင့် ပင့်ခ် လက်ထဲကို သူ့အကျႌရောက်လာတဲ့အထိ ကြောင်အအ ငေးကြည့်မိနေဆဲ၊ 


“ဒါကို အေးရင်ဝတ်ထားလိုက်၊ မဝတ်ချင်လည်း ပစ်ချထားလိုက်”


မေဗယ်လ်က စိတ်မရှည်လက်မရှည် ပြောပြီးသည်နှင့် လက်ဖဝါးတချို့တွင် အမှောင်ငွေ့သို့ ယှက်သိုင်းလာပြီးနောက် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီးမှ မြေပြင်နှင့် ထိုလက်ဖဝါးကို ထကပ်လိုက်သည်။ မေဗယ်လ်လက်ဖဝါးမှ အမှောင်မြူခိုးတို့က မြေပြင်အတွင်းသို့ ကူးလူးသွားပြီးနောက် ခြောက်ပေမျှ အချင်းရှိသော စက်ဝိုင်းတစ်ခုပုံစံဖြင့် မိုးကောင်းကင်ယံသို့ တိုးထွက်လာပြီး အမှောင်မြူပါးပါးက ပတ်ပတ်လည်တွင် ကာရံသွားတော့၏။ 


“ဒါက မင်း ဘာလုပ်လိုက်တာလဲ”


“မြူခိုးအကာအရံ”


“အဲ့ဒါက ဘယ်လို အသုံးဝင်တာလဲ”


“ဒီမြူခိုးထဲကို ဝင်တဲဘယ်သူမဆို ငါဖန်တီးထားတဲ့ မြူတွေအလယ်ကို ရောက်သွားမှာ သူတို့ အဲ့ကနေ ထွက်ဖို့ကြိုးစားနိုင်ပြီးမှ ငါတို့ဆီ ရောက်လာလိမ့်မယ်၊ ခြင်တစ်ကောင်တောင်မှ ငါတို့ဆီ မရောက်လာနိုင်ဘူး၊ မင်း ကောင်းကောင်း နားလို့ ရပြီ”


ပင့်ခ် မြူခိုးအကာအရံဆီသို့ လက်က ရောက်ရှိသွားလုလုတွင် ပင့်ခ်၏အရှေ့သို့ မေဗယ်လ်က ရိပ်ခနဲ ရောက်ရှိလာပြီးမှ ပင့်ခ်လက်ကို ပုတ်ထုတ်လိုက်ကာ၊


“မင်းလည်း အပြင်ကို ထွက်သွားလို့ မရဘူး၊ မထိမိစေနဲ့ အထဲကို ရောက်သွားမယ်”


“အို၊ အင်း”


ပုတ်ထုတ်လိုက်လို့ နာသွားတဲ့ လက်ကို ကျန်တဲ့လက်နဲ့ ပြန်ပွတ်နေရင်းက ပြန်ပြီးတော့  ငြိမ်သက်နေလိုက်မိသည်။ မငြိမ်လို့လည်း မရ၊ တော်ကြာနေ ဆူလိုက်တာကွာ ဆိုပြီး ပင့်ခ်ကို မြူခိုးပုံရိပ်ယောင်ထဲကို ပစ်ထည့်လိုက်မှ ဟုတ်ပေ့ ဖြစ်နေအုံးမည်။ 


ပင့်ခ် သစ်ကိုင်းတွေ ချိုးချလာလိုက် ခင်းလိုက် လုပ်နေသော မေဗယ်လ့်အနားကို တိုးသွားပြီးမှ၊


“ငါ့ကို သင်ပေးပါလား”


မေဗယ်လ်က ပင့်ခ်အား အံ့သြတယ် ဟူသည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီးမှ နောက်ဆုံးလက်ကျန် သစ်ရွက်တွေ ပါသော သစ်ကိုင်းကို ပစ်ချလိုက်ကာ ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။ သစ်ပင်ကို မှီချလိုက်ရင်းက၊


“ငါ့ပါရမီက အမှောင်နဲ့မြူခိုးကို ထိန်းချုပ်နိုင်တာ၊ မင်းတို့ နတ်သမာန်တော်မျိုးနွယ်က ရေခဲနဲ့နှင်းကို ထိန်းချုပ်နိုင်တာ ဘယ်နေရာမှာ သွားတူနေလို့လဲ”


ပင့်ခ် မေဗယ်လ်အနီးမှာ ထိုင်ချလိုက်ပြီးမှ၊ ဝံပုလွေပေါက်လေးကို အလယ်မှာ ထားလိုက်တော့ ထိုဝံပုလွေပေါက်စက မေဗယ်လ်ဘက်သို့ မရဲတရဲလေး တိုးသွားသည်။ မေဗယ်လ်က ထိုဝံပုလွေအား ငဲ့ကြည့်လိုက်ပြီးမှ၊


“ငါ့အနားထပ်တိုးရင် မင်းကို မြူခိုးပင်လယ်ထဲ ပစ်ထည့်လိုက်မယ်”


တန့်ခနဲ ရပ်တန့်သွားသော ဝံပုလွေပေါက်လေးက မေဗယ်လ့်စကားကို အတိအကျ နားလည်ဟန်ပန် အပြည့်နှင့် ဖြစ်သည်။ ပင့်ခ်ခုနတုန်းက ပြောခဲ့သည်ကို လက်မလျော့သေးပဲနဲ့ ဆက်ပြောမိသည်။ 


“အမှောင်စွမ်းအား လေ့ကျင့်တာက ပါရမီမဟုတ်လည်းပဲ ရတယ်လို့ ကြားဖူးတယ်”


“အဲ့ဒါ ကန့်သတ်လွန်မှော်ထဲမှာ ပါသွားပြီ”


“ဒါပေမယ့် ရတာက ရတာပဲလေ”


ပင့်ခ်မရမက ကတ်သတ်ပြောလိုက်တော့ အနက်ရောင်ကဲသော မျက်ဝန်းတွေက ပြန်ဖွင့်လာသည်။ မင်းဘာသိလို့လဲ ဆိုသည့် အကြည့်တစ်ချက် ရောက်လာပြီးနောက်၊ 


“ဒီကောင် ဗိုက်ဆာနေပြီ ကျွေးလိုက်”


ပင့်ခ် ဝံပုလွေငယ်လေးကို မုန့်တစ်ချက်ဖဲ့ပေးလိုက်တော့ ချက်ချင်းကို မျိုချပစ်လေသည်။ ပင့်ခ် တစ်ဖဲ့စီ ကျွေးနေတဲ့အချိန်မှာ မေဗယ်လ်က သက်ပြင်းသဲ့သဲ့ ချလိုက်ပြီးမှ အနည်းငယ် တိုးသော လေသံဖြင့် ဆိုလာသည်။ 


“ပါရမီနဲ့ လေ့ကျင့်လို့ရတာ မတူဘူး၊ ဘယ်ဟာ ပိုသာလဲ ဆိုတာ ငါတစ်ခါမှ မကြုံဖူးလို့ မသိဘူး၊ ဒါပေမယ့် လေ့ကျင့်တာကို ကန့်သန်နယ်လွန်မှော်ထဲမှာ သွင်းထားတယ်၊ ဘယ်သူမှလေ့ကျင့်ခွင့်မရှိဘူး”


“ဒါပေမယ့် မင်းကျတော့ လေ့ကျင့်ထားတာပဲ မဟုတ်လား”


“ငါက ပါရမီကို တိုးတက်အောင်ပဲ လေ့ကျင့်ထားတာ၊ တမင်သက်သက်လေ့ကျင့်ထားတာ မဟုတ်ဘူး”


“ဒါဆို..”


“နားတော့”


အသံမထွက်လာနဲ့တော့ဟု မတားရုံတင် အသံက စီးစီးပိုးပိုး ပြတ်ပြတ်သားသား၊ ပြောပြရင်လည်း အဆုံးထိ ပြောပြတာ မဟုတ်ဘူး၊ ပင့်ခ် နှုတ်ခမ်းလေး တွန့်ကွေးသွားပြီး မကျေမချမ်းဖြင့်၊


“ငါသိချင်သေးတာကို”


“မဆူနဲ့၊ အသံထပ်ထွက်လာရင် ငါ့အဆိုးမဆိုနဲ့”


နေ့တိုင်း နေ့တိုင်း အနက်ရောင် ခေါင်းစွပ် အကျႌနှင့် သူ(မ)ကို မြင်နေကျ ဖြစ်၍ အခုလို အဖြူရောင်တီရှပ်လေးနှင့် ကျတော့ မထင်ရအောင် သန့်ပြန့်နေသားပဲဟု ဆိုရမလိုပင်၊ 


ပိုနီတေးစီးထားသော ဆံပင်အလိပ်လိပ်တို့က ပုခုံးထက်မှ ကပိုကရိုဖြာကျနေ၏။ တင်းတင်းစေ့ပိတ်ထားပြီး အနက်ရောင်ကဲသော မျက်ဝန်းတွေက ဖွင့်မလာတော့ မျက်နှာက အနည်းငယ် ပျော့ပြောင်းနေဟန် ဟန်ဆောင်ထားလို့ ရသလိုလို ဖြစ်နေသည်။



rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:12 5

    Good

    reply

  • reader JuliusJulius 29.11.2019, 06:58 5

    So good

    reply