book

Index 2

Part-1.2

“ဟယ်လို ငါက ပင့်ခ်ကီပါ တွေ့ရတာ ဝမ်းသာပါတယ် မင်းလည်း မှော်ပညာတတ်တဲ့သူ ဖြစ်မယ် ထင်တယ် ကိစ္စလေး နည်းနည်း ရှိလို့ ဒီကို ရောက်နေတာ”


ထိုကောင်လေးက အတွင်းသို့ ဝင်ဖို့ ပြင်နေရာမှ ပင့်ခ်၏ ကျောဘက်တွင် ရပ်တန့်သွားပြီး လက်ပြတ်ဝတ်ထားမိ၍ တစ်စွန်းတစ်စ ထွက်နေသော မျိုးနွယ်စု အမှတ်အသားအား လက်ညိုးထိုးပြရင်း


“မင်းက စနိုးဖလိတ်ကလား”


ပင့်ခ်မျက်လုံးတွေ တဖြတ်ဖြတ် လက်တောက်သွားပြီးမှ လက်ညိုးထိုးထားသော လက်ညိုးကို လက်ညိုးချင်းထိလိုက်ပြီးမှ ရယ်ပြလိုက်သေး၏။ သို့သော် အတွင်းခန်းမှ လူတစ်ဦးက ခပ်တည်တည်ကြီး ထွက်လာပြီး


“အကိုလေး ဒီကလေးမက အသက်မပြည့်သူတွေကို အနိုင်ကျင့်ပြီးတော့ လုံခြုံရေး ဝန်ထမ်းတွေ အလုပ်လုပ်နေတာကို အနှောင့်အယှက်ပေးပါတယ် ဒီတိုင်းတော့ ပြန်ခေါ်သွားလို့ မရပါဘူး မနက်ကျမှပဲ”


ဇက်ခ်ခေါင်းထဲဝယ် အပြေးအလွှား လှုပ်ရှားသွားမိတော့သည်။ စနိုးဖလိတ်လို မျိုးနွယ်စုကို စိန်ခေါ်တာက ကောင်းသော လုပ်ရပ်တော့ မဟုတ်ပေ။ သို့သော် ပန်ဒိုရာမြို့၏ ဥပဒေကို ချိုးဖောက်တာကလည်း ကောင်းမွန်သော ကိစ္စရပ်တော့ မဟုတ်ပေ။


“ကောင်းပြီလေ သူ့ကို အချုပ်ထဲ ထည့်ထားလိုက်”


“နေအုံး နေအုံး ဒါက မှားယွင်းသွားပြီ မဟုတ်လား”


ခုနတုန်းကတော့ ဟိတ်ဟန်နှင့် ကလေးမသည် ချက်ချင်းပင် ကျောက်ကျောရေပက် မျက်နှာသို့ ပြောင်းသွားကာ


“ပင့်ခ်ကလေ ဒီမြို့နဲ့ မရင်းနှီးသေးလို့ အမှားအယွင်း ဖြစ်သွားတာပါ အချုပ်ခန်းထဲမှာတော့ မနေချင်ပါဘူး တော်ကြာ ဒီချစ်စရာကောင်းတဲ့ မိန်းကလေးက အချုပ်ခန်းထဲမှာ ဆိုရင် မြင်လို့လည်း မကောင်း ကြားလို့လည်း မကောင်းပါဘူး”


ခုနကနှင့် အခု မျက်နှာချင်း ကွာခြားပုံကို ဇက်ခ် အံ့သြတကြီး ဖြစ်ရပါပေသည်။ သို့သော် ပန်ဒိုရာ၏ ထိုဥပဒေအတိုင်း သူမအား အချုပ်ခန်းအတွင်း တစ်ညတာ မကုန်ဆုံး စေဖို့ ဇက်ခ် ပါရာဒိုက်တွင် ရှိနိုင်သော အဖိုးဖြစ်သူ ဒေ့ဗ်ထံသို့ ပြေးရလေတော့သည်။


ပန်ဒိုရာမြို့တော်၏ ဥပဒေအရ အသေးစား ပြစ်မှု ကျူးလွန်သူကို မြို့ဝန်မှ ခေါ်ထုတ်နိုင်သဖြင့် ပင့်ခ်ကီအား ခေါ်ထုတ်နိုင်ရန် အဘိုးကို အပြေးသွားခေါ်ရခြင်း ဖြစ်လေသည်။ အဘိုးကို ခေါ်ပြီး ပြန်လာတော့ ထိန်းသိမ်းခန်းတွင် သူမဟုတ်သလို ကျုံ့ကျုံ့လေး ထိုင်နေပြီး မျက်နှာကို ညိုးချထားသော သူမကို မြင်တော့ အဘိုးက အလောတကြီးပင် ထုတ်စေသည်။

ပန်ဒိုရာ အကြီးအကဲကို သူမက သိနေဟန်ဖြင့် အဘိုးကို မြင်သည်နှင့် မျက်ဝန်းညိုညိုတို့မှာ ပျော်ရွှင်နေဟန် ပြ၏။


ထိုအချင်းအရာကို မြင်သော ဇက်ခ်သည် မျက်နှာညိုး ထားသော်လည်း မျက်လုံးတို့မှာ မညာနိုင် တဲ့ ပင့်ခ်ကီ အား ကြည့်၍ တခုခုဖြင့် ကောက်ပေါက် ချင်လာသည်။ တတ်လည်း တတ်နိုင်တဲ့ ငတိမ!၊ ဇက်ခ်အရှေ့မှာတင် တစ်ခဏလေးကို မျက်နှာကို သုံးမျိုးလောက် ပြောင်းပြသွားတယ်။


ပန်ဒိုရာ မြို့တော်ဝန် ကျေးဇူးဖြင့် ထိန်းသိမ်းခန်းမှ ထွက်ခွင့်ရတော့ လမ်းလျှောက်ပုံက အစ မျောက်သစ်ကိုင်း လွတ်နေသော ပင့်ခ်ကီသည် စနိုးဖလိတ်ခ်၏ ဆက်ခံသူဆိုတာ မယုံကြည်စကောင်းပေ။ စနိုးဖလိတ် ဆိုတာက မျိုးနွယ်စု အားလုံးတွင် အင်အား အကြီးမားဆုံး မှော်ပညာ အသန့်စင်ဆုံးဖြစ်သည့်အပြင် စနိုးဖလိတ်၏ ဆက်ခံသူတိုင်းသည် နှင်းလွှာကို ဗဟိုရ်ပြုပြီး အေးခဲသော ဆက်ဆံရေး ရှိကြသည်ဟု သိထားသည်။ သူမနှင့် ကျမှ ဆယ့်နှစ်မျိုးဂျင်းသုတ် ကျောက်ကျောရေပက် ဘယ်လိုလုပ်ပြီး စနိုးဖလိတ်ရဲ့ ဆက်ခံသူ ဖြစ်နေရတာလဲဟု မေးဖွယ်ပင်။


သူမ၏ ပုခုံးမကျ နောက်ကျောမကျသော လက်ပြင်မှ မှော်ပညာအမှတ်အသားကြောင့်သာ မဟုတ်လျှင် သူမအား စနိုးဖလိတ်မှဟု ပြောလျှင်တောင် ယုံကြည်ကြမည် မဟုတ်ပေ။ အဘိုးကတော့ သူမအား မြင်တွေ့ဖူးပုံပေါ်၏။ ထိန်းသိမ်းရေး အချုပ်ခန်းဝယ် နေရမည်ဟု ဆိုတုန်းက မျက်နှာနှင့် အခု ပြန်ထွက်လာသော ပုံစံက လားလားမျှ မသက်ဆိုင် ခြေလှမ်းတွေက ကွေ့ကောက်ပြီး ခုန်ဆွနေ၏။ မျက်နှာကို မော့လျက် မြင်မြင်သမျှကို လိုက်ကြည့်ပြီး မျက်နှာထားက အမျိုးမျိုး ပြောင်းသွားသေး၏။ ပါရာဒိုက်ဆိုသော ခြံဝန်းရှေ့တွင် ရပ်တန့်လိုက်တော့မှ သူမက အဘိုးအား ခါးကိုင်းညွှတ်သည်အထိ အရိုအသေပေးရင်းဖြင့်


'ပန်ဒိုရာ အကြီးအကဲကို ကျေးဇူးတင်ပါတယ်နော်'


ပင့်ခ် ပါရာဒိုက် ရဲတိုက် အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် မျက်လုံးတွေ ပြူးကျယ်သွားသည်။ ဒီရဲတိုက်က ပန်ဒိုရာမြို့တွင်းနဲ့ အနည်းငယ်မျှပင် မပတ်သတ်သော သဘောတွင် ရှိသည်။ ရဲတိုက် အတွင်းတွင် မှော်ပစ္စည်းများ သပ်ရပ်စွာ အစီအရီ ရှိလေသည်။ အပြင်ပန်းပုံမှာ ကျောချမ်းစရာ ကောင်းလှသော်လည်း အတွင်းအပြင်အဆင်မှာ ရှေးဟောင်းနန်းတော်နှင့်ပင် တူနေ၏။ ရာစုတစ်နှစ်ပြီး တစ်နှစ် ကြီးအကဲ ဖြစ်ခဲ့ဟန်တူသော လူကြီးပုံများအား နံရံတွေ အစီအရီ ချိတ်ဆွဲထားသည်။ ပန်းချီကားချပ်များ အောက်တွင် ခုနှစ်များနှင့် နာမည်များ သေချာထွင်းထားသည်။ နှစ်အတော်ကြာ နေသော်လည်း ဖုန်တတ်သည်ကလွဲ၍ ပန်းချီးကားများမှာ မူလအနေအထားတိုင်းပင် ရှိသည်။


ကွေ့ပတ်နေသော လှေကားများနှင့် ရဲတိုက်ကြီးက စုစုပေါင်း ငါးထပ်ရှိသည်။ ပန်ဒိုရာ အကြီးအကဲက သင်ယူရမည့် ဘာသာရပ်များကို ပြောကြားပေးပြီး သူမတို့အား ပညာသင်ယူပြီး ဖြစ်ကြောင်း သိပြီးကြောင်းနှင့် ယခုက ပညာဖလှယ်ရန် သင်ယူရမည်များနှင့် ထိန်းသိမ်းရမည်များကို ပြောကြားသည်။ ထို့ကြောင့် မျိုးနွယ်စု တစ်ခုစီမှ တစ်လစာ လာရောင် သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် လေးလပြီးလျှင် တစ်လတာ နားရက်ပေးပြီး နောက်ထပ် လေးလကို ကျော်ဖြတ်ရမည် ဖြစ်ကြောင်း ပြောကြားသည်။ ထိုကိုးလ လွန်ပြီးလျှင် ပညာချင်းဖလှယ်ပြီးနောက် ကိုယ်စီကိုယ်စီ မျိုးနွယ်စု၏ ကြီးလေးသော တာဝန်များကို တာဝန်ယူရတော့မည် ဖြစ်ကြောင်းကို ပြောကြားနေသည်။


နားထောင်ရင်း နားထောင်ရင်းဖြင့် ညမရောက်သေးဘူးလားဟု ပင့်ခ် စတင်တွေးမိလာသည်။ ဘယ်အခန်းမှာ နေရမလဲ ဆိုတာကို တွေးမိလာပြီး ကျောခင်းလျက် အနားယူလိုက်လျှင် ကောင်းမည်ဟု တွေးမိလာသည်။ မျက်လုံးများက မှေးစင်းလာပြီး ဆက်ပြောသည့် အကြောင်းအရာများကို မကြားတစ်ချက် ကြားတစ်ချက် ဖြစ်လာသည်။ ထို့ကြောင့် အိပ်ချင်စိတ် ပျောက်ရန် ဟိုကြည့် ဒီကြည့်နှင့် တစ်နေရာသို့ အကြည့်အရောက် မျက်လုံးတွေ ပြူးခနဲ ဖြစ်သွားမိသည်။


လူသေကောင် ကျောက်ရုပ်နက် ဘယ်လိုလုပ် ဒီရောက်နေတာလဲ၊


သိချင်စိတ်ပြင်းပျသည်တွင် ပင့်ခ် အနားတွင် ရှိသော လူတစ်ဦးအား


“ဟေ့ ဟေ့ ချွတ် ချွတ်”


ထိုလူက ပင့်ခ်အား ကြည့်လာတော့ ပင့်ခ် လက်မလေးဖြင့် ထိုးပြလိုက်ပြီးမှ


“သူက ဘယ်သူလဲ သိလား”


“ဘယ်သူ့ကိုလဲ”


အရေးထဲ မေးသည့်လူက အူကြောင်ကြောင် ဖြစ်နေသေး၏။ ထို့ကြောင့်


“ဟိုမှာ ဘိနားကျပ်တပ်ထားတဲ့ တစ်ယောက်!”


ပင့်ခ်အသံထွက်သွားတဲ့ အချိန်တွင် ပန်ဒိုရာအကြီးအကဲမှ စကားပြောခြင်းကို ရပ်လိုက်ခြင်းနှင့် ကွက်တိပင် ဖြစ်နေသဖြင့် ပင့်ခ်အသံ ကျယ်လောင်စွာ ခန်းမအတွင်းဝယ် ထွက်ပေါ်လာ၏။ အားလုံးသော လူတို့၏ အကြည့်တို့က ဘိနားကျပ် တပ်ထားသော လူသေကောင် ကျောက်ရုပ်နက် ထံသို့ ကျရောက်သွားကြ၏။ ပင့်ခ် ထိုင်နေရာမှ ထရပ်လိုက်ကာ အပြစ်ကင်းစင်ပြီး ဖော်ရွှေတတ်သော မျက်နှာပေးနှင့်


“သူငယ်ချင်း အချင်းချင်း ဆိုတော့ မိတ်ဆက်ရအောင်လို့ မေးတာပါ”


“သူက ဝှိုက်ဝှစ်ချ် (စုန်းဖြူ) ရဲ့ ဆက်ခံသူ မေဗယ်လ်ဇိုးဒန် ဇိုးဒန် မျိုးနွယ်စုရဲ့ ရှားပါးတဲ့ မိန်းကလေး ဆက်ခံသူ”


သူမက အားလုံးသော လူတွေ ကြားမှာ မတ်တပ်ရပ်လိုက်ပြီးမှ ခန်းမအပြင်သို့ ထွက်သွားရန် ပြင်လိုက်ရင်းဖြင့်


“ငါ ဘယ်သူနဲ့မှ သူငယ်ချင်း မလုပ်ဘူး”

                 

@@@@@@@@@


ဆက်ရန်---



rate now:

5 Reviews
  • reader KhinWin 01.12.2019, 03:57 5

    Good

    reply

  • reader ငတက်ပြား 29.11.2019, 17:55 5

    မာနက ကြီးထာဟာ😁😁😁

    reply

  • reader JuliusJulius 25.11.2019, 04:50 4.9

    So good

    reply

  • reader NangKhinWin 24.11.2019, 08:16 4.6

    Good

    reply

  • reader hnoungeithwin 23.11.2019, 14:59 5

    စွဲရေအရမ်းဖတ်ချင်နေတာ

    reply