book

Index 19

Part-7.3

Zawgyi

ေမွာ္ဝင္တမ္းခ်င္း


Part-7.3


ေမဗယ္လ္က ပင့္ခ္ကိုပါ ၾကည့္လာေတာ့၊ ပင့္ခ္ ကမန္းကတမ္း ရွင္းျပလိုက္ရသည္။


“ငါ ဘယ္သူ႔ကိုမွ မေျပာပါဘူး၊ ေသခ်ာပါတယ္”


“မင္း ေျပာရင္လည္း မင္းကို ဘယ္သူကမွ ယံုမွာ မဟုတ္ဘူး”


ထိုသို႔ ေျပာလုိက္ျပီးေနာက္ ေမဗယ္လ္က အေရွ႕မွ ထြက္သြားသည္။ ပင့္ခ္ ေျခလွမ္းက်ဲက်ဲႏွင့္ လွမ္းေနေသာ ေမဗယ္လ္အေနာက္မွ လုိက္လာျပီးေနာက္ တစ္ေနရာ အေရာက္တြင္ ေမဗယ္လ္က ေျခလွမ္း ရပ္လုိက္ေလသည္။


“ဒီနားမွာ ေမွာ္ညိဳ႕စက္ကြင္းတစ္ခု ရွိတယ္”


“ဟုတ္လား မင္း ဘယ္လို သိတာလဲ၊ ဘယ္လုိမ်ိဳး ပံုစံအတုိင္း ျမင္ရတာလဲ”


“ဘယ္သားရဲေကာင္က လုပ္ထားတာလဲ မသိေပမယ့္ အားျပင္းတယ္၊ ငါတို႔ ေကြ႕သြားတာပဲ ေကာင္းမယ္”


“ငါတို႔ ဘယ္လို သားေကာင္ကို ဖမ္းသြားမလို႔လဲ”


“အဲ့ဒါက အေရးမၾကီးဘူး”


ေျပာတတ္လုိက္တာ၊ အဲ့ဒါက အေရးမၾကီးဘူးလို႔မ်ား၊ ဖန္တီးမႈ ေတာအုပ္ကို ေရာက္လာတဲ့ တိက်ေသခ်ာတဲ့ အေၾကာင္းျပခ်က္ကို သူက ေမ့သြားျပီလား၊ ငါတို႔ ေမွာ္ဝင္သားရဲတစ္ေကာင္ လာဖမ္းတာ မဟုတ္လား၊


“ေမဗယ္လ္ ငါတို႔ သူ႔ကို ဘယ္လိုနာမည္ေပးမလဲ”


ပင့္ခ္လက္ထဲက အေကာင္ေပါက္ေလးက သူ႔အေၾကာင္း ေျပာသည္ကို သိဟန္ျဖင့္ ေခါင္းေထာင္လာသည္တြင္ ေမဗယ္လ္က တစ္ခ်က္မွ်သာ လွည့္ၾကည့္လုိက္ျပီးေနာက္၊


“သူက ဇယ္ရာပဲ၊ ဇယ္ရာလုိ႔ပဲေခၚလုိက္”


“ဒါက မ်ိဳးႏြယ္နာမည္ မဟုတ္ဘူးလား”


“ဇယ္ရာဇိုးဒန္လို႔ ေပးလိုက္”


“အုအု”


ပင့္ခ္လက္ကို ႏႈတ္သီးျဖင့္ ထိုးရင္း သူ ေက်နပ္ေၾကာင္း ျပလာေသာ ဝံပုေလြေပါက္ေလးက လူစကားကို အတန္အသင့္ နားလည္ေနမွန္း သိသာသည္။


“ဒါနဲ႔ သူက ေမြးကင္းစေလး မဟုတ္ဘူး ထင္တယ္ေနာ္”


“သူက ဘယ္လို ေမြးကင္းစ ျဖစ္မလဲ၊ အနည္းဆံုး သူက ေလးလေလာက္ ရွိျပီ၊ စကားေတာင္ နားလည္ေနျပီ ဆိုမွေတာ့ သူက ႏွစ္ႏွစ္သားေလာက္ေတာင္ ရွိျပီ ထင္တယ္”


“ဒါေပမယ့္ သူက ေသးေသးေလးပဲ ရွိေသးတယ္ေလ”


“သူက ႏွစ္ႏွစ္ ဆိုရင္ေတာင္ သမန္းဝံပုေလြနဲ႔ စပ္ထားေတာ့ လူသားမ်ိဳးစိတ္ဘက္ကို လိုက္မယ္ ဆိုရင္ ျဖစ္ႏုိင္တာက သူက သိပ္မၾကီးထြားဘူး ထင္တယ္”


“ၾကားဖူးတာက ဇယ္ရာေတြက တစ္ႏွစ္ေက်ာ္တာနဲ႔ လူအသြင္နဲ႔ဝံပုေလြအသြင္ကို ကူးေျပာင္းႏုိင္ၾကျပီဆို”


“အင္း”


“သူလည္း ကူးေျပာင္းႏုိင္ေလာက္ျပီေပါ့”


“မင္းရဲ႕ေမးခြန္းေတြ မျပီးေသးဘူးလား”


“သမန္းဝံပုေလြေတြက သူတို႔ စက္ဝန္းကာလ ဆိုတာ ရွိတယ္လို႔ ၾကားတယ္”


“အင္း”


“အဲ့ဒီကာလအတြင္းပဲ သူတုိ႔က မိတ္လုိက္ၾကတာလို႔လည္း ၾကားတယ္”


“အင္း”


“ဒါနဲ႔ ဒီအေကာင္ေလးကို သူတို႔က ဘာလို႔ စြန္႔ပစ္လိုက္တာလဲ မသိဘူးေနာ္၊ သူတို႔ေလာက္ မ်ိဳးႏြယ္ကို ခ်စ္ၾကတာ သူတို႔ပဲ ရွိတာ မဟုတ္လား”


“ရႈး တိုးတိုး”


ေမဗယ္လ္က သစ္ပင္တစ္ပင္မွာ ေက်ာမွီကပ္လုိက္ျပီး ပင့္ခ္ကိုပါ ဆြဲကပ္လုိက္ကာ အသံမထြက္ဖို႔ အခ်က္ျပေလသည္။ ပင့္ခ္ လွ်ာရွည္ျပီး ေခ်ာင္းၾကည့္လုိက္မိေတာ့၊ ယုန္တစ္ေကာင္က အစြယ္မ်ားႏွင့္ သမင္တစ္ေကာင္၏ အရိုးမ်ားကို ကိုက္ကာ ေသြးသံရဲရဲ စားေသာက္ေန၏။


“အား!”


“ေျပး!!”


ေမဗယ္လ္က သတိေပးသည္ႏွင့္ အေရွ႕မွာ ရွိတဲ့ သစ္တံုးကို ခုန္ေက်ာ္လိုက္ျပီး အေနာက္သို႔ လွည့္မၾကည့္တမ္း ေျပးလႊားေလေတာ့သည္။ အေနာက္တြင္ ေမဗယ္လ္မပါလာမွန္း သိလုိက္မွ ေနာက္လွည့္ၾကည့္ေတာ့ ေမဗယ္လ္က ပင့္ခ္ႏွင့္ ဆန္႔က်င္ဖက္သို႔ ေျပးသြားျပီး တစ္ေနရာအေရာက္တြင္ ရိပ္ခနဲ ထိုအနီးအနား ရွိသစ္ပင္ေပၚသို႔ နာမ္ေရြ႕လုိက္ေလသည္။


ထိုအေနာက္မွ ေျပးလိုက္လာေသာ ေမွာ္သားရဲယုန္က ေမဗယ္လ္ေပ်ာက္သြားေတာ့ မတ္တပ္ရပ္လက္စ ပင့္ခ္အား ျမင္ေတြ႔သြားျပီး ေျပးလာရန္ ျပင္ေလသည္။ ထိုတြင္ ေမဗယ္လ္က သစ္ပင္ေပၚမွ နာမ္ေရြ႕လာရင္းမွ၊


“အီဆီးဒီးယက္စ္!”


ေထာင္ေခ်ာက္ က်ိန္စာ ရြတ္ဆိုသံ အဆံုးတြင္ ထိုယုန္သားရဲက ပင့္ခ္အနား မေရာက္မွီတြင္ ေဆာင့္ခနဲ ျပန္ဆြဲခံလုိက္ရသလို ျဖစ္ျပီးေနာက္ ပင့္ခ္ကေတာ့ ထိုေနရာတြင္ ေနာက္ျပန္လွန္ လဲက်သြားေတာ့သည္။ ထုိယုန္သားရဲအနီးတြင္ ေထာက္ေခ်ာက္သ႑ာန္ ျဖစ္ေပၚလာျပီးေနာက္ အဆံုးတြင္ ေသသပ္လွပေသာ ေထာင္ေခ်ာက္တစ္ခုက ထိုယုန္ေမွာ္သားရိုင္းအား ခ်ဳပ္ေႏွာင္ႏွင့္ျပီး ျဖစ္သြားေလေတာ့သည္။


ထိုအခါတြင္မွ ပင့္ခ္ ထိတ္ထိတ္လန္႔လန္႔ျဖင့္ ထရပ္လုိက္ျပီး နားရြက္ေတြ ေထာင္ထေနေသာ ဝံပုေလြငယ္ေလးအား ပြတ္သပ္ေပးလုိက္မိသည္။ ထိုဝံပုေလြငယ္ေလးက ေခြးၾကီးတစ္ေကာင္စာမွ် ရွိေသာ ေမွာ္သားရိုင္းေကာင္ ယုန္အား ၾကည့္ကာ သြားေတြေပၚလာေတာ့မလိုပင္ ရန္မူခ်င္ေနေသး၏။


ေမဗယ္လ္က ထိုယုန္သားရဲကို ေထာင္ေခ်ာက္ဆင္လိုက္ျပီးေနာက္ ေနာက္သို႔ပင္ တစ္ခ်က္မွ လွည့္မၾကည့္ေတာ့ပဲႏွင့္၊


“သြားမယ္”


“ငါတို႔ ဒီယုန္ကို ဖမ္းသြားမလား”


“ငါ့အမွတ္မနည္းခ်င္ဘူး”


ေမဗယ္လ္က ပင့္ခ္လက္ေပၚမွာ ထိုယုန္ကို ရန္မူခ်င္ေနေသာ ဝံပုေလြေပါက္အား ငံု႔ၾကည့္ေလသည္။ ထိုတြင္ ေမဗယ္လ္၏ အၾကည့္ေၾကာင့္ ဝံပုေလြေပါက္ေလးက၊


“အုအု”


ပင့္ခ္လက္ကို တြန္းထိုးလာျပီး ပုန္းခိုရန္ ေနရာရွာေလေတာ့၏။


“မိုးေမွာင္ေတာ့မယ္ အသံမထြက္နဲ႔”


ေမဗယ္လ္၏အာဏာ ဘယ္ေလာက္ေတာင္ ထိေရာက္သလဲ ဆိုရင္ ဝံပုေလြငယ္ေလးက ေမဗယ္လ္စကားေနာက္တြင္ အုအုဆိုျပီး အီသံက ခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားျပီး နားရြက္ေတြ စြင့္ကားလာေတာ့သည္။


“ဒီည ငါတို႔ နားမွရေတာ့မယ္”


@@@@@@@@


ဆက္ရန္--


Uni

မှော်ဝင်တမ်းချင်း


Part-7.3


မေဗယ်လ်က ပင့်ခ်ကိုပါ ကြည့်လာတော့၊ ပင့်ခ် ကမန်းကတမ်း ရှင်းပြလိုက်ရသည်။


“ငါ ဘယ်သူ့ကိုမှ မပြောပါဘူး၊ သေချာပါတယ်”


“မင်း ပြောရင်လည်း မင်းကို ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး”


ထိုသို့ ပြောလိုက်ပြီးနောက် မေဗယ်လ်က အရှေ့မှ ထွက်သွားသည်။ ပင့်ခ် ခြေလှမ်းကျဲကျဲနှင့် လှမ်းနေသော မေဗယ်လ်အနောက်မှ လိုက်လာပြီးနောက် တစ်နေရာ အရောက်တွင် မေဗယ်လ်က ခြေလှမ်း ရပ်လိုက်လေသည်။


“ဒီနားမှာ မှော်ညို့စက်ကွင်းတစ်ခု ရှိတယ်”


“ဟုတ်လား မင်း ဘယ်လို သိတာလဲ၊ ဘယ်လိုမျိုး ပုံစံအတိုင်း မြင်ရတာလဲ”


“ဘယ်သားရဲကောင်က လုပ်ထားတာလဲ မသိပေမယ့် အားပြင်းတယ်၊ ငါတို့ ကွေ့သွားတာပဲ ကောင်းမယ်”


“ငါတို့ ဘယ်လို သားကောင်ကို ဖမ်းသွားမလို့လဲ”


“အဲ့ဒါက အရေးမကြီးဘူး”


ပြောတတ်လိုက်တာ၊ အဲ့ဒါက အရေးမကြီးဘူးလို့များ၊ ဖန်တီးမှု တောအုပ်ကို ရောက်လာတဲ့ တိကျသေချာတဲ့ အကြောင်းပြချက်ကို သူက မေ့သွားပြီလား၊ ငါတို့ မှော်ဝင်သားရဲတစ်ကောင် လာဖမ်းတာ မဟုတ်လား၊


“မေဗယ်လ် ငါတို့ သူ့ကို ဘယ်လိုနာမည်ပေးမလဲ”


ပင့်ခ်လက်ထဲက အကောင်ပေါက်လေးက သူ့အကြောင်း ပြောသည်ကို သိဟန်ဖြင့် ခေါင်းထောင်လာသည်တွင် မေဗယ်လ်က တစ်ချက်မျှသာ လှည့်ကြည့်လိုက်ပြီးနောက်၊


“သူက ဇယ်ရာပဲ၊ ဇယ်ရာလို့ပဲခေါ်လိုက်”


“ဒါက မျိုးနွယ်နာမည် မဟုတ်ဘူးလား”


“ဇယ်ရာဇိုးဒန်လို့ ပေးလိုက်”


“အုအု”


ပင့်ခ်လက်ကို နှုတ်သီးဖြင့် ထိုးရင်း သူ ကျေနပ်ကြောင်း ပြလာသော ဝံပုလွေပေါက်လေးက လူစကားကို အတန်အသင့် နားလည်နေမှန်း သိသာသည်။


“ဒါနဲ့ သူက မွေးကင်းစလေး မဟုတ်ဘူး ထင်တယ်နော်”


“သူက ဘယ်လို မွေးကင်းစ ဖြစ်မလဲ၊ အနည်းဆုံး သူက လေးလလောက် ရှိပြီ၊ စကားတောင် နားလည်နေပြီ ဆိုမှတော့ သူက နှစ်နှစ်သားလောက်တောင် ရှိပြီ ထင်တယ်”


“ဒါပေမယ့် သူက သေးသေးလေးပဲ ရှိသေးတယ်လေ”


“သူက နှစ်နှစ် ဆိုရင်တောင် သမန်းဝံပုလွေနဲ့ စပ်ထားတော့ လူသားမျိုးစိတ်ဘက်ကို လိုက်မယ် ဆိုရင် ဖြစ်နိုင်တာက သူက သိပ်မကြီးထွားဘူး ထင်တယ်”


“ကြားဖူးတာက ဇယ်ရာတွေက တစ်နှစ်ကျော်တာနဲ့ လူအသွင်နဲ့ဝံပုလွေအသွင်ကို ကူးပြောင်းနိုင်ကြပြီဆို”


“အင်း”


“သူလည်း ကူးပြောင်းနိုင်လောက်ပြီပေါ့”


“မင်းရဲ့မေးခွန်းတွေ မပြီးသေးဘူးလား”


“သမန်းဝံပုလွေတွေက သူတို့ စက်ဝန်းကာလ ဆိုတာ ရှိတယ်လို့ ကြားတယ်”


“အင်း”


“အဲ့ဒီကာလအတွင်းပဲ သူတို့က မိတ်လိုက်ကြတာလို့လည်း ကြားတယ်”


“အင်း”


“ဒါနဲ့ ဒီအကောင်လေးကို သူတို့က ဘာလို့ စွန့်ပစ်လိုက်တာလဲ မသိဘူးနော်၊ သူတို့လောက် မျိုးနွယ်ကို ချစ်ကြတာ သူတို့ပဲ ရှိတာ မဟုတ်လား”


“ရှုး တိုးတိုး”


မေဗယ်လ်က သစ်ပင်တစ်ပင်မှာ ကျောမှီကပ်လိုက်ပြီး ပင့်ခ်ကိုပါ ဆွဲကပ်လိုက်ကာ အသံမထွက်ဖို့ အချက်ပြလေသည်။ ပင့်ခ် လျှာရှည်ပြီး ချောင်းကြည့်လိုက်မိတော့၊ ယုန်တစ်ကောင်က အစွယ်များနှင့် သမင်တစ်ကောင်၏ အရိုးများကို ကိုက်ကာ သွေးသံရဲရဲ စားသောက်နေ၏။


“အား!”


“ပြေး!!”


မေဗယ်လ်က သတိပေးသည်နှင့် အရှေ့မှာ ရှိတဲ့ သစ်တုံးကို ခုန်ကျော်လိုက်ပြီး အနောက်သို့ လှည့်မကြည့်တမ်း ပြေးလွှားလေတော့သည်။ အနောက်တွင် မေဗယ်လ်မပါလာမှန်း သိလိုက်မှ နောက်လှည့်ကြည့်တော့ မေဗယ်လ်က ပင့်ခ်နှင့် ဆန့်ကျင်ဖက်သို့ ပြေးသွားပြီး တစ်နေရာအရောက်တွင် ရိပ်ခနဲ ထိုအနီးအနား ရှိသစ်ပင်ပေါ်သို့ နာမ်ရွေ့လိုက်လေသည်။


ထိုအနောက်မှ ပြေးလိုက်လာသော မှော်သားရဲယုန်က မေဗယ်လ်ပျောက်သွားတော့ မတ်တပ်ရပ်လက်စ ပင့်ခ်အား မြင်တွေ့သွားပြီး ပြေးလာရန် ပြင်လေသည်။ ထိုတွင် မေဗယ်လ်က သစ်ပင်ပေါ်မှ နာမ်ရွေ့လာရင်းမှ၊


“အီဆီးဒီးယက်စ်!”


ထောင်ချောက် ကျိန်စာ ရွတ်ဆိုသံ အဆုံးတွင် ထိုယုန်သားရဲက ပင့်ခ်အနား မရောက်မှီတွင် ဆောင့်ခနဲ ပြန်ဆွဲခံလိုက်ရသလို ဖြစ်ပြီးနောက် ပင့်ခ်ကတော့ ထိုနေရာတွင် နောက်ပြန်လှန် လဲကျသွားတော့သည်။ ထိုယုန်သားရဲအနီးတွင် ထောက်ချောက်သဏ္ဍာန် ဖြစ်ပေါ်လာပြီးနောက် အဆုံးတွင် သေသပ်လှပသော ထောင်ချောက်တစ်ခုက ထိုယုန်မှော်သားရိုင်းအား ချုပ်နှောင်နှင့်ပြီး ဖြစ်သွားလေတော့သည်။


ထိုအခါတွင်မှ ပင့်ခ် ထိတ်ထိတ်လန့်လန့်ဖြင့် ထရပ်လိုက်ပြီး နားရွက်တွေ ထောင်ထနေသော ဝံပုလွေငယ်လေးအား ပွတ်သပ်ပေးလိုက်မိသည်။ ထိုဝံပုလွေငယ်လေးက ခွေးကြီးတစ်ကောင်စာမျှ ရှိသော မှော်သားရိုင်းကောင် ယုန်အား ကြည့်ကာ သွားတွေပေါ်လာတော့မလိုပင် ရန်မူချင်နေသေး၏။


မေဗယ်လ်က ထိုယုန်သားရဲကို ထောင်ချောက်ဆင်လိုက်ပြီးနောက် နောက်သို့ပင် တစ်ချက်မှ လှည့်မကြည့်တော့ပဲနှင့်၊


“သွားမယ်”


“ငါတို့ ဒီယုန်ကို ဖမ်းသွားမလား”


“ငါ့အမှတ်မနည်းချင်ဘူး”


မေဗယ်လ်က ပင့်ခ်လက်ပေါ်မှာ ထိုယုန်ကို ရန်မူချင်နေသော ဝံပုလွေပေါက်အား ငုံ့ကြည့်လေသည်။ ထိုတွင် မေဗယ်လ်၏ အကြည့်ကြောင့် ဝံပုလွေပေါက်လေးက၊


“အုအု”


ပင့်ခ်လက်ကို တွန်းထိုးလာပြီး ပုန်းခိုရန် နေရာရှာလေတော့၏။


“မိုးမှောင်တော့မယ် အသံမထွက်နဲ့”


မေဗယ်လ်၏အာဏာ ဘယ်လောက်တောင် ထိရောက်သလဲ ဆိုရင် ဝံပုလွေငယ်လေးက မေဗယ်လ်စကားနောက်တွင် အုအုဆိုပြီး အီသံက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး နားရွက်တွေ စွင့်ကားလာတော့သည်။


“ဒီည ငါတို့ နားမှရတော့မယ်”


@@@@@@@@


ဆက်ရန်--


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:11 5

    Good

    reply

  • reader JuliusJulius 29.11.2019, 15:23 5

    So good

    reply