book

Index 18

Part-7.2

Zawgyi


ေမွာ္ဝင္ည


Part-7.2


“သူက လူသားနံ႔ရတယ္ ဆုိတာ ဟုတ္လား”


ေမဗယ္လ္၏ အသံထြက္လာေတာ့ ပင့္ခ္က ထိုအေကာင္ငယ္ေလးကို ေပြ႔ခ်ီျပီးႏွင့္ေနျပီ။


“ဟုတ္တယ္ သူဆီကေန လူသားနံ႔ရတယ္၊ ဒါေပမယ့္ သူက အဲ့လို ျဖစ္ေနတာ”


“သူ႔ကို ဘယ္သူ လာထားသြားတာလဲ”


“သမန္းဝံပုေလြ အမ်ိဳးသမီး တစ္ဦးပဲ”


“သူ ဗိုက္ဆာေနတယ္ ထင္တယ္”


ပင့္ခ္လက္ေခ်ာင္းေလး ပါးစပ္နား ေတ့ေပးလုိက္ေတာ့ ထိုအေကာင္ငယ္ေလးက ပင့္ခ္၏လက္ေခ်ာင္းေလးကို အငမ္းမရ စုပ္ယူေလသည္။


“ခ်လိုက္”


“ဘာ၊ မခ်ဘူး”


“ခ်လုိက္၊ သူက ဇယ္ရာတစ္ေကာင္ ျဖစ္ႏိုင္တယ္၊ သူ႔ကို သူ႔အေမက ဘာလို႔ မလိုခ်င္မွန္း မသိေပမယ့္ ဇယ္ရာေတြက ပတ္သတ္လို႔ ေကာင္းတာ မဟုတ္ဘူး”


“မခ်ႏုိင္ဘူး၊ သူ႔ကို ၾကည့္ပါအံုး ဖ်ားလည္း ဖ်ားေနေသးတယ္၊ လာကိုင္ၾကည့္လာ၊ ဒီအတုိင္း ဒီနားမွာ ထားခဲ့ရင္ သူေသသြားမွာေပါ့”


ပင့္ခ္ မခ်ႏိုင္စြာနဲ႔ ပိုမိုတင္းက်ပ္စြာ ေပြ႔ပိုက္လုိက္မိသည္။


“ခ်လိုက္!”


ေမဗယ္လ္က ပင့္ခ္လက္ထဲက ထိုအေကာင္ေပါက္ေလးကို ခါခ်ဖုိ႔ လုပ္သည္တြင္ ေမဗယ္လ္၏ လက္ႏွင့္ ထိမိသည္ႏွင့္ ထိုအေကာင္ငယ္ေလးက ေမဗယ္လ့္လက္ကို နဖူးထိပ္ေလးႏွင့္ ပြတ္သပ္ကာ၊


“အု.. အု.. အု”


အုအုအုျဖင့္ အီသံကို ျပဳေလ၏။ ျပီးေနာက္ ထိုလက္ကို ထိလ်က္ျဖင့္ပင္ တိုးေခြ႔ကာ မ်က္လံုးေလးမ်ားကို ေမွးစင္းေလသည္။


“ဇယ္ရာေတြမွာ ႏွင္းလို ျဖဴစြတ္ေနတာမ်ိဳး ရွိတယ္လို႔ မၾကားဖူးပါဘူး”


ပင့္ခ္၏ ဆုိစကားတြင္ ေမဗယ္လ္က ပင့္ခ္ကို ဘာမွမသိေသာ ကေလးငယ္ကို စိတ္မရွည္ေသာ အၾကည့္တို႔ျဖင့္ ၾကည့္လာျပီးေနာက္၊ သူ႔လက္ကို ျပန္ရုတ္လုိက္သည္။


“ဇယ္ရာေတြ စတင္ျဖစ္ေပၚလာတာက ႏွင္းဝံပုေလြကေန ျဖစ္လာတာ၊ ဇယ္ရာေတြက ပတ္သတ္လို႔ ေကာင္းတာ မဟုတ္ဘူး၊ သူတို႔ဖာသာ မ်ိဳးႏြယ္ကို သစၥာရွိေပမယ့္ တျခားအရာေတြကို အေရးစိုက္ၾကတာ မဟုတ္ဘူး၊ မပတ္သတ္ေလ ေကာင္းေလပဲ”


“ဒါေပမယ့္ သူ႔ကိုက သူ႔အေမေတာင္မွ စြန္႔ပစ္ခဲ့တာ မဟုတ္ဘူးလား၊ ငါတို႔ ထားခဲ့ရင္ ဒီအေကာင္ေလး ေသသြားရင္ ဘယ္လို လုပ္မလဲ”


“သူက အေကာင္ပဲ သူ႔ဖာသာသူ ေတာထဲမွာ ေနသားက်သြားမွာပဲ”


“ဒါေပမယ့္ သူ႔ကို ဂရုစိုက္ေပးမယ့္ အေမမရွိဘူးေလ”


ေမဗယ္လ္က သူ႔အက်ႌအိတ္ထဲက ဆရာဂီဒန္ေပးလုိက္တဲ့ မုန္႔ထုတ္ကို ထုတ္ယူလိုက္ကာ ထိုမဲမဲလံုးလံုး အေကာင္ေလးကို ေပးလုိက္ျပီးမွ၊


“ဒါေတြ သူ႔ကို ေကၽြးလုိက္၊ ပင့္ခ္ သြားမယ္ ထားခဲ့ေတာ့”


ေမဗယ္လ္က သူ႔လက္ကို ရုတ္လုိက္ကတည္းက ေမဗယ္လ့္ကိုသာ တစ္စိုက္မတ္မတ္ ၾကည့္ေနေသာ ထိုဝံပုေလြ ေပါက္စေလးက ေမဗယ္လ္က ထားသြားေတာ့မယ္ ဆုိတာကို နားလည္သြားဟန္ျဖင့္ ပင့္ခ္လက္ထဲကေန စတင္ရုန္းကန္ေလသည္။ ျပီးေနာက္ ဖုတ္ခနဲ ေျမျပင္ေပၚသို႔ က်သြားျပီး ေမဗယ့္လ္ထံသို႔ သြားကာ ခၽြဲႏြဲ႔ဟန္ျဖင့္ ေျခေထာက္ေတြကို တြန္းထိုးကာ ပြတ္သပ္ေလသည္။


“မင္း ဒီလုိ လုပ္လည္း ငါ မင္းကို ေခၚသြားမွာ မဟုတ္ဘူး”


ေမဗယ္လ္ေျပာတာကို သူေလးက နားလည္ဟန္ျဖင့္ ေမာ့ၾကည့္ရင္းက သလင္းကဲ့သို႔ ၾကည္လင္ေသာ မ်က္ဝန္းတို႔မွ မ်က္ရည္မ်ား ျပည့္အိုင္လာေလသည္။ ပင့္ခ္ ဘယ္လိုမွ မခံစားႏုိင္ေတာ့ပဲႏွင့္ ေကာက္ခ်ီ ေပြ႔ယူလုိက္ကာ၊


“မင္း မေခၚခ်င္ေန ငါေခၚခဲ့မွာ”


“ပင့္ခ္!”


ရွားပါးလွေသာ တုန္႔ျပန္မႈ၊ ပင့္ခ္နာမည္ကို ေခၚဆိုေသာ အၾကိမ္ေရက လက္ခ်ိဳးေရတြက္လွ်င္ေတာင္ သံုးေခ်ာင္းမျပည့္ေသာ တုန္႔ျပန္မႈ၊


“ဘာလဲ၊ သူ ဒီေလာက္ သနားဖို႔ ေကာင္းတာ၊ ငါက ဘယ္လို ႏွလံုးသားနဲ႔ ထားခဲ့မွာလဲ”


“သူ႔မွာ လူသားနံ႔ ရတယ္ ဆိုကတည္းက သူက သားရိုင္းတစ္ေကာင္ မဟုတ္ဘူး၊ ဘယ္လို ျဖစ္ေပၚလာမွန္း မသိတဲ့ အေကာင္ကို ငါတို႔ ေခၚသြားျပီး ဘာလုပ္မလို႔လဲ၊ ဇယ္ရာေတြနဲ႔ ထိတ္တိုက္စကားေျပာတာေတြ ဘာေတြ မင္း လုပ္ခ်င္ေနတာလား”


“မသိဘူး၊ သူက သိပ္သနားဖို႔ ေကာင္းတာပဲ သိတယ္”


ဝံပုေလြငယ္ေလးက ေမဗယ့္လ္ကိုသာ တစ္စိုက္မက္မက္ ေငးေနတာမ်ား မသိလွ်င္ ေရွးတုန္းကတည္းက ကြဲကြာခဲ့ျပီး အခုမွ ျပန္ဆံုေတြ႔ရတဲ့ သူေတြလိုမ်ိဳး၊ ေမဗယ္လ္ကေတာ့ အသည္းမာမာႏွင့္ ထားခဲ့ဖို႔ ဆုိရက္ေသးသည္။


“ငါတို႔ ပါရာဒိုက္ထဲမွာ တိတ္တိတ္ေလး ေမြးထားၾကမယ္ေလေနာ္၊ သူက တကယ္ သနားဖို႔ ေကာင္းလို႔ပါ၊ မင္း သူ႔ကို ေခၚဖုိ႔ ခြင့္ျပဳရင္ ငါမင္းကို အေႏွာင့္အယွက္မေပးေတာ့ဘူး”


ေမဗယ္လ္က အနည္းငယ္ ေက်နပ္ပံုမေပၚေပမယ့္ ေခါင္းညိတ္လုိက္ျပီးမွ၊


“ေကာင္းျပီ ငါ့နာမည္နဲ႔ သူ႔ကို ေမြးစားဖုိ႔ ငါလုပ္လုိက္မယ္၊ မင္း ဝင္မပါနဲ႔”


“ဒါေပမယ့္ ငါက”


“အဲ့လိုမလုပ္ခ်င္ရင္ ထားခဲ့၊”


ျပီးပါျပီ။ ပင့္ခ္ ေခၚလာခြင့္ ရခဲ့တာကိုပဲ ေက်နပ္စြာႏွင့္ ဘာပဲျဖစ္ျဖစ္ လိုက္ေလ်ာရန္ ျပင္ဆင္ႏွင့္ျပီး ျဖစ္ေနသည္။ ေမဗယ္လ္က ပင့္ခ္ ထိုဝံပုေလြေပါက္ေလးကို ေပြ႔ယူလုိက္တာကို ဘာမွမေျပာပါပဲႏွင့္ မဲမဲလံုးလံုးေလးအား၊


“က်ဴးရပ္စ္ ဘယ္နားမွာ ရွိလဲ သိလား”


“က်ဴးရပ္စ္ ဟုတ္လား၊ မင္းက က်ဴးရပ္စ္နဲ႔ သိတာလား၊ ေအာ္ ငါသိျပီ၊ က်ဴးရပ္စ္ေျပာတဲ့ မင္းက သူ႔ကယ္တင္ရွင္ ဆိုတာလား”


“သူ ဘယ္မွာ ရွိလဲ သိလား”


“ငါ လုိက္ပို႔ေပးမယ္ေလ”


“မလိုဘူး၊ သူဘယ္မွာလဲ ဆုိတာပဲ ေျပာ”


“ဖန္တီးမႈေတာ ေတာင္ဘက္ေထာင့္စြန္းနားက သူ႔အသိုက္မွာ ရွိတယ္”


“အိုေက အိုဘလီတပ္စ္!.”


မဲမဲလံုးလံုးေလးက မူးေဝေဝဟန္ျဖင့္ ေမဗယ္လ္ပစ္လြတ္လုိက္တဲ့ အတိတ္ေမ့ေစေသာ က်ိန္စာေၾကာင့္ လဲက်သြားေလသည္။ ထိုက်ိန္စာက အခုန ေမဗယ္လ္ႏွင့္ ေတြ႔ခဲ့ေသာ အျဖစ္အပ်က္အားလံုးကို ေမ့သြားလိမ့္မည္။


“သူက ေမ့သြားဖို႔ လိုလို႔လား”


“ကုန္းေနေရဘဝဲေတြက ႏႈတ္မေစာင့္တတ္ဘူး၊ ေမ့ခိုင္းလုိက္တာ ေကာင္းတယ္”


Uni


မှော်ဝင်ည


Part-7.2


“သူက လူသားနံ့ရတယ် ဆိုတာ ဟုတ်လား”


မေဗယ်လ်၏ အသံထွက်လာတော့ ပင့်ခ်က ထိုအကောင်ငယ်လေးကို ပွေ့ချီပြီးနှင့်နေပြီ။


“ဟုတ်တယ် သူဆီကနေ လူသားနံ့ရတယ်၊ ဒါပေမယ့် သူက အဲ့လို ဖြစ်နေတာ”


“သူ့ကို ဘယ်သူ လာထားသွားတာလဲ”


“သမန်းဝံပုလွေ အမျိုးသမီး တစ်ဦးပဲ”


“သူ ဗိုက်ဆာနေတယ် ထင်တယ်”


ပင့်ခ်လက်ချောင်းလေး ပါးစပ်နား တေ့ပေးလိုက်တော့ ထိုအကောင်ငယ်လေးက ပင့်ခ်၏လက်ချောင်းလေးကို အငမ်းမရ စုပ်ယူလေသည်။


“ချလိုက်”


“ဘာ၊ မချဘူး”


“ချလိုက်၊ သူက ဇယ်ရာတစ်ကောင် ဖြစ်နိုင်တယ်၊ သူ့ကို သူ့အမေက ဘာလို့ မလိုချင်မှန်း မသိပေမယ့် ဇယ်ရာတွေက ပတ်သတ်လို့ ကောင်းတာ မဟုတ်ဘူး”


“မချနိုင်ဘူး၊ သူ့ကို ကြည့်ပါအုံး ဖျားလည်း ဖျားနေသေးတယ်၊ လာကိုင်ကြည့်လာ၊ ဒီအတိုင်း ဒီနားမှာ ထားခဲ့ရင် သူသေသွားမှာပေါ့”


ပင့်ခ် မချနိုင်စွာနဲ့ ပိုမိုတင်းကျပ်စွာ ပွေ့ပိုက်လိုက်မိသည်။


“ချလိုက်!”


မေဗယ်လ်က ပင့်ခ်လက်ထဲက ထိုအကောင်ပေါက်လေးကို ခါချဖို့ လုပ်သည်တွင် မေဗယ်လ်၏ လက်နှင့် ထိမိသည်နှင့် ထိုအကောင်ငယ်လေးက မေဗယ်လ့်လက်ကို နဖူးထိပ်လေးနှင့် ပွတ်သပ်ကာ၊


“အု.. အု.. အု”


အုအုအုဖြင့် အီသံကို ပြုလေ၏။ ပြီးနောက် ထိုလက်ကို ထိလျက်ဖြင့်ပင် တိုးခွေ့ကာ မျက်လုံးလေးများကို မှေးစင်းလေသည်။


“ဇယ်ရာတွေမှာ နှင်းလို ဖြူစွတ်နေတာမျိုး ရှိတယ်လို့ မကြားဖူးပါဘူး”


ပင့်ခ်၏ ဆိုစကားတွင် မေဗယ်လ်က ပင့်ခ်ကို ဘာမှမသိသော ကလေးငယ်ကို စိတ်မရှည်သော အကြည့်တို့ဖြင့် ကြည့်လာပြီးနောက်၊ သူ့လက်ကို ပြန်ရုတ်လိုက်သည်။


“ဇယ်ရာတွေ စတင်ဖြစ်ပေါ်လာတာက နှင်းဝံပုလွေကနေ ဖြစ်လာတာ၊ ဇယ်ရာတွေက ပတ်သတ်လို့ ကောင်းတာ မဟုတ်ဘူး၊ သူတို့ဖာသာ မျိုးနွယ်ကို သစ္စာရှိပေမယ့် တခြားအရာတွေကို အရေးစိုက်ကြတာ မဟုတ်ဘူး၊ မပတ်သတ်လေ ကောင်းလေပဲ”


“ဒါပေမယ့် သူ့ကိုက သူ့အမေတောင်မှ စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလား၊ ငါတို့ ထားခဲ့ရင် ဒီအကောင်လေး သေသွားရင် ဘယ်လို လုပ်မလဲ”


“သူက အကောင်ပဲ သူ့ဖာသာသူ တောထဲမှာ နေသားကျသွားမှာပဲ”


“ဒါပေမယ့် သူ့ကို ဂရုစိုက်ပေးမယ့် အမေမရှိဘူးလေ”


မေဗယ်လ်က သူ့အကျႌအိတ်ထဲက ဆရာဂီဒန်ပေးလိုက်တဲ့ မုန့်ထုတ်ကို ထုတ်ယူလိုက်ကာ ထိုမဲမဲလုံးလုံး အကောင်လေးကို ပေးလိုက်ပြီးမှ၊


“ဒါတွေ သူ့ကို ကျွေးလိုက်၊ ပင့်ခ် သွားမယ် ထားခဲ့တော့”


မေဗယ်လ်က သူ့လက်ကို ရုတ်လိုက်ကတည်းက မေဗယ်လ့်ကိုသာ တစ်စိုက်မတ်မတ် ကြည့်နေသော ထိုဝံပုလွေ ပေါက်စလေးက မေဗယ်လ်က ထားသွားတော့မယ် ဆိုတာကို နားလည်သွားဟန်ဖြင့် ပင့်ခ်လက်ထဲကနေ စတင်ရုန်းကန်လေသည်။ ပြီးနောက် ဖုတ်ခနဲ မြေပြင်ပေါ်သို့ ကျသွားပြီး မေဗယ့်လ်ထံသို့ သွားကာ ချွဲနွဲ့ဟန်ဖြင့် ခြေထောက်တွေကို တွန်းထိုးကာ ပွတ်သပ်လေသည်။


“မင်း ဒီလို လုပ်လည်း ငါ မင်းကို ခေါ်သွားမှာ မဟုတ်ဘူး”


မေဗယ်လ်ပြောတာကို သူလေးက နားလည်ဟန်ဖြင့် မော့ကြည့်ရင်းက သလင်းကဲ့သို့ ကြည်လင်သော မျက်ဝန်းတို့မှ မျက်ရည်များ ပြည့်အိုင်လာလေသည်။ ပင့်ခ် ဘယ်လိုမှ မခံစားနိုင်တော့ပဲနှင့် ကောက်ချီ ပွေ့ယူလိုက်ကာ၊


“မင်း မခေါ်ချင်နေ ငါခေါ်ခဲ့မှာ”


“ပင့်ခ်!”


ရှားပါးလှသော တုန့်ပြန်မှု၊ ပင့်ခ်နာမည်ကို ခေါ်ဆိုသော အကြိမ်ရေက လက်ချိုးရေတွက်လျှင်တောင် သုံးချောင်းမပြည့်သော တုန့်ပြန်မှု၊


“ဘာလဲ၊ သူ ဒီလောက် သနားဖို့ ကောင်းတာ၊ ငါက ဘယ်လို နှလုံးသားနဲ့ ထားခဲ့မှာလဲ”


“သူ့မှာ လူသားနံ့ ရတယ် ဆိုကတည်းက သူက သားရိုင်းတစ်ကောင် မဟုတ်ဘူး၊ ဘယ်လို ဖြစ်ပေါ်လာမှန်း မသိတဲ့ အကောင်ကို ငါတို့ ခေါ်သွားပြီး ဘာလုပ်မလို့လဲ၊ ဇယ်ရာတွေနဲ့ ထိတ်တိုက်စကားပြောတာတွေ ဘာတွေ မင်း လုပ်ချင်နေတာလား”


“မသိဘူး၊ သူက သိပ်သနားဖို့ ကောင်းတာပဲ သိတယ်”


ဝံပုလွေငယ်လေးက မေဗယ့်လ်ကိုသာ တစ်စိုက်မက်မက် ငေးနေတာများ မသိလျှင် ရှေးတုန်းကတည်းက ကွဲကွာခဲ့ပြီး အခုမှ ပြန်ဆုံတွေ့ရတဲ့ သူတွေလိုမျိုး၊ မေဗယ်လ်ကတော့ အသည်းမာမာနှင့် ထားခဲ့ဖို့ ဆိုရက်သေးသည်။


“ငါတို့ ပါရာဒိုက်ထဲမှာ တိတ်တိတ်လေး မွေးထားကြမယ်လေနော်၊ သူက တကယ် သနားဖို့ ကောင်းလို့ပါ၊ မင်း သူ့ကို ခေါ်ဖို့ ခွင့်ပြုရင် ငါမင်းကို အနှောင့်အယှက်မပေးတော့ဘူး”


မေဗယ်လ်က အနည်းငယ် ကျေနပ်ပုံမပေါ်ပေမယ့် ခေါင်းညိတ်လိုက်ပြီးမှ၊


“ကောင်းပြီ ငါ့နာမည်နဲ့ သူ့ကို မွေးစားဖို့ ငါလုပ်လိုက်မယ်၊ မင်း ဝင်မပါနဲ့”


“ဒါပေမယ့် ငါက”


“အဲ့လိုမလုပ်ချင်ရင် ထားခဲ့၊”


ပြီးပါပြီ။ ပင့်ခ် ခေါ်လာခွင့် ရခဲ့တာကိုပဲ ကျေနပ်စွာနှင့် ဘာပဲဖြစ်ဖြစ် လိုက်လျောရန် ပြင်ဆင်နှင့်ပြီး ဖြစ်နေသည်။ မေဗယ်လ်က ပင့်ခ် ထိုဝံပုလွေပေါက်လေးကို ပွေ့ယူလိုက်တာကို ဘာမှမပြောပါပဲနှင့် မဲမဲလုံးလုံးလေးအား၊


“ကျူးရပ်စ် ဘယ်နားမှာ ရှိလဲ သိလား”


“ကျူးရပ်စ် ဟုတ်လား၊ မင်းက ကျူးရပ်စ်နဲ့ သိတာလား၊ အော် ငါသိပြီ၊ ကျူးရပ်စ်ပြောတဲ့ မင်းက သူ့ကယ်တင်ရှင် ဆိုတာလား”


“သူ ဘယ်မှာ ရှိလဲ သိလား”


“ငါ လိုက်ပို့ပေးမယ်လေ”


“မလိုဘူး၊ သူဘယ်မှာလဲ ဆိုတာပဲ ပြော”


“ဖန်တီးမှုတော တောင်ဘက်ထောင့်စွန်းနားက သူ့အသိုက်မှာ ရှိတယ်”


“အိုကေ အိုဘလီတပ်စ်!.”


မဲမဲလုံးလုံးလေးက မူးဝေဝေဟန်ဖြင့် မေဗယ်လ်ပစ်လွတ်လိုက်တဲ့ အတိတ်မေ့စေသော ကျိန်စာကြောင့် လဲကျသွားလေသည်။ ထိုကျိန်စာက အခုန မေဗယ်လ်နှင့် တွေ့ခဲ့သော အဖြစ်အပျက်အားလုံးကို မေ့သွားလိမ့်မည်။


“သူက မေ့သွားဖို့ လိုလို့လား”


“ကုန်းနေရေဘဝဲတွေက နှုတ်မစောင့်တတ်ဘူး၊ မေ့ခိုင်းလိုက်တာ ကောင်းတယ်”


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:10 4.9

    Good

    reply

  • reader JuliusJulius 29.11.2019, 13:22 5

    So hood

    reply