book

Index 17

Part-7.1

ေမွာ္ဝင္ညရဲ႕ကေဝပ်ိဳတမ္းခ်င္း


Part-7.1


“ေမဗယ္လ္!!”


ပင့္ခ္၏ ထိတ္လန္႔တၾကားေအာ္ေခၚသံက ေတာအနီးတစ္ဝိုက္တြင္ လႊင့္ပ်ံ႕သြား၏။ ပင့္ခ္ကို စမ္းေခ်ာင္းအတြင္းမွ ဆက္တုိက္ ဆြဲခ်သြားျပီး ေအးစက္ေသာေရက ပင့္ခ္၏ ခါးလည္ထိ ေရာက္ေတာ့ ေမဗယ္လ္က ပင့္ခ္လက္ကို အားျဖင့္ ဆြဲမလုိက္ျပီးေနာက္၊ 


“ေအာ္စဂန္ဒီးလာ!!”


မီးခိုးေရာင္လက္အစြပ္ငယ္ေလးမွ အလင္းတန္းတစ္ခ်က္ ေတာက္ပသြားျပီးေနာက္ ပင့္ခ္ကို ကုတ္တြယ္ထားေသာ တစ္စံုတစ္ရာက စမ္းေခ်ာင္းအတြင္းမွ ေဘးနားတြင္ ဖုတ္ခနဲ က်သြားေလသည္။ ေမဗယ္လ္က ပင့္ခ္ကို ဆြဲလိုက္ျပီးေနာက္ အေနာက္တြင္ ပို႔ထားလုိက္ျပီး၊


“မူမမွန္တာကို မခံစားတတ္ဘူးလား”


ပင့္ခ္ေၾကာက္ရြံ႕ထိတ္လန္႔ေနေပမယ့္ ေမဗယ္လ္၏အျပစ္တင္စကားကို ျပန္တုန္႔ျပန္ဖို႔လည္း မေမ့၊


“ဖန္တီးမႈေတာအုပ္အစကတည္းက မူမမွန္တာေလ၊ အခုမွ မူမမွန္တာမွမဟုတ္တာ”


ေမဗယ္လ္က စိတ္မရွည္ေသာ အၾကည့္တစ္ခ်က္ျဖင့္ ငဲ့ေစာင္းၾကည့္လာေသာ္လည္း၊ ထိုျပဳတ္က်၍ ျငိမ္သက္ေနေသာ အရာကို လက္ညိဳးျဖင့္ ထိုးခ်ိန္ထားရင္းက၊


“ေဟ့ ထလာစမ္း၊ အခု”


ထိုအရာက တုတ္တုတ္မွ်မလႈပ္ပဲ ျငိမ္သက္ေနဆဲ၊ ပင့္ခ္ ေမဗယ္လ္၏ပုခံုးမွ ေက်ာ္သြားေအာင္ ေျခဖ်ားေထာက္၍ ေက်ာ္ၾကည့္လိုက္ျပီးမွ၊


“သူ ေသသြားျပီလားမွ မသိတာ”


“ေအာ္စဂန္ဒီးလာက ေမွာ္အစြမ္းနဲ႔ ကြယ္ဝွက္ထားတာကို ေျဖရံုပဲ ထိခုိက္ေစတာ မဟုတ္ဘူး၊ မင္းမထလာဘူးဆိုရင္ က်ဴးရီးယက္ဖိုင္းနဲ႔ မင္းကို အခြံႏြာပစ္မယ္”


“အဲ့ဒါက ပန္းသီးအခြံႏြာတဲ့ က်ိန္စာ မဟုတ္လား”


“ဆႏၵရွိရင္ အဲ့ဒီဂါထာနဲ႔ လူတစ္ေယာက္ရဲ႕ အေရခြံကို ခြာပစ္လို႔ ရတယ္ဆုိတာ မၾကားဖူးဘူးလား”


“ဟင့္အင္း ငါ မၾကားဖူးဘူး”


“မင္း မၾကားဖူးရင္ မင္း ျငိမ္ျငိမ္ေနလိုက္ေတာ့”


ေမဗယ္လ္က ပင့္ခ္နဲ႔ ျပိဳင္မျငင္းခ်င္ဟန္ပါပဲ၊ သူက စကားေျပာရတာကို မႏွစ္သက္မွန္း သိေနတာမို႔ အခုေလာေလာဆယ္မွာလည္း ပင့္ခ္ကိုယ္တုိင္က အကူအညီလုိအပ္ေနတာမို႔ ျငိမ္သက္လုိက္ဖို႔သာ ေတြးလုိက္သည္။ 


ေမဗယ္လ္၏ျခိမ္းေျခာက္မႈက အရာထင္ပံုရေလသည္။ ထိုပုလံုးလံုး မဲေကြးေကြး အရာက လံုးလံုးတစ္တစ္ျဖင့္ ေျမေပၚကေန လူးလြန္႔လာသည္။ ျပီးေနာက္ ေရဘဝဲကဲ့သို႔ ေခါင္းေလးေပၚလာျပီး ေျခတံလက္တံေတြပါ ရွည္ထြက္လာျပီး မ်က္လံုးေလး ပုတ္ခတ္ ပုတ္ခတ္ျဖင့္၊ 


“ငါ ဒီေနရာတစ္ဝုိက္ကို အေငြ႔နဲ႔ တားဆီးထားျပီးေတာ့ ညိဳ႕ယူထားတာ မင္းက ဘယ္လုိလုပ္ျပီးေတာ့”


ပင့္ခ္ ထိုအေကာင္၏ စကားသံကို အေသအခ်ာၾကားလုိက္ရသည္။ ေမဗယ္လ္က ထိုအေကာင္ကို အေသအခ်ာ ၾကည့္လိုက္ျပီးမွ၊ 


“မင္း လူသားေတြ စကားကို ေကာင္းေကာင္းေျပာတတ္တာပဲ၊ သိပ္ျပီးလည္း ရင္းႏွီးကၽြမ္းဝင္တဲ့ ပံုစံပဲ၊ မင္း လူေတြနဲ႔ ေနဖူးတာလား”


ထိုအခါတြင္ ေမဗယ္လ္၏ အေမးစကားအဆံုး၍ ထိုအေကာင္ငယ္ေလး၏ မ်က္ဝန္းမွ ဝါက်င္က်င္ အရည္တို႔က ျပိဳစီးက်လာေလေတာ့၏။ ထိုအေကာင္ငယ္ေလးက သူ႔၏လက္တံတို႔ႏွင့္ ထိုဝါက်င္က်င္အရည္တို႔ကို ပြတ္သုတ္လုိက္ေတာ့ မဲမဲလံုးလံုး ျဖစ္ေနေသာ သူ၏ ေခါင္းလံုးလံုးတြင္ ထိုဝါက်င္က်င္ အရည္ေတြက ေပက်ံကုန္ေတာ့ ပို၍ ရုပ္ဆိုးကုန္ေလသည္။ 


“ငါက အရင္တုန္းက သခင္ရွိပါတယ္၊ ငါ့ကို ေမွာ္ဝင္သားရိုင္း စာရင္းထဲကို ထည့္လုိက္ေတာ့ ငါ့သခင္က ငါ့ကို ေမြးထားလို႔ မရေတာ့လုိ႔ ဒီထဲမွာ လာျပီးေတာ့ ပစ္ထားတာပါ”


“ေကာင္းျပီ၊ အဲ့ဒါနဲ႔ပဲ မင္းက ငါတို႔ကို လွည့္စားရဲတာလား”


“မင္းမွာ အေမွာင္မ်က္လံုးရွိမွန္း ငါမွမသိတာ”


ထိုအေကာင္ေလး ေျပာလာတဲ့ အေမွာင္မ်က္ဝန္းဆိုတာကို ငါ သိသည္။ အေမွာင္မ်က္ဝန္း ဆိုတာက ဟိုးဒ႑ာရီလာ ေမွာ္ဆရာမဂီဂီ ပိုင္ဆိုင္တဲ့ ကြယ္ဝွက္ျခင္းမဲ့ မ်က္ဝန္းကို ေခၚတာ ျဖစ္သည္။ သိသေလာက္ ေမွာ္စက္ကြင္းေတြ အားလံုးကို ထြင္းေဖာက္ ျမင္ႏုိင္စြမ္း ရွိသည္ဟုသာ သိရသည္။ တျခားေသာ အသံုးဝင္ပံုေတြကိုေတာ့ ပင့္ခ္က စာေတြ သိပ္ျပီး မေလ့လာခဲ့သူမို႔ မသိခဲ့ေပ။


“အေမွာင္မ်က္လံုး ဆိုတာက”


ထိုအေကာင္ငယ္ေလးက ပင့္ခ္ကို မင္းမသိတာ အံ့ၾသတယ္ ဟူေသာ အၾကည့္ျဖင့္ ၾကည့္လာျပီးေနာက္၊ 


“အေမွာင္မ်က္လံုး ဆိုတာက ေလာကမွာရွိတဲ့ ဘယ္လို အေရာင္ကိုမွ ျမင္ႏိုင္ခြင့္မရွိပဲ အျဖဴနဲ႔အနက္ေရာင္ကိုပဲ ျမင္ရတဲ့ မ်က္လံုးမ်ိဳးကို ေျပာတာ၊ ဒါေပမယ့္ ေမွာ္စည္းေတြ ညိဳ႕စက္ကြင္းေတြ ျပီးေတာ့ မျမင္ရေအာင္ ကာဆီးထားတာေတြ အားလံုးကို ထြင္းေဖာက္ ျမင္ႏုိင္တယ္၊ အထူးတလည္ စြမ္းအားက အေမွာင္မ်က္ဝန္းပိုင္ရွင္ေတြက သူတို႔ရဲ႕ပါရမီေတြကို မ်က္ဝန္းနဲ႔ ေစခိုင္းလို႔ ရတဲ့အထိ ေလ့က်င့္ႏုိင္တယ္”


“ဝါး၊ မုိက္လုိက္တာ”


ပင့္ခ္ လက္ဖဝါးႏွစ္ဖက္ျဖင့္ လက္ခုတ္တီးလုိက္မိသည္။ သို႔ေသာ္ ေမဗယ္လ္က မ်က္ေမွာင္ကုတ္လုိက္ျပီးေနာက္ ထိုအေကာင္ေလးကို လက္ညိဳးအစြပ္ျဖင့္ ခ်ိန္ရြယ္လုိက္ကာ၊


“မင္းသိေနတာေတြ မ်ားလြန္းေနျပီ”


ထို အေကာင္ေလးက ေမဗယ္လ္၏ အၾကည့္ေအာက္မွာတင္ ခိုက္ခုိက္တုန္မလို ျဖစ္လာျပီး တုန္တုန္ရင္ရင္ျဖင့္ ေမးခြန္းတစ္ခု ေမးလာသည္။ 


“မင္းက လူသတ္ႏႈတ္ပိတ္မလုိ႔လား”


“မင္းက လူမဟုတ္ဘူး”


ပင့္ခ္ ေမဗယ္၏လက္ညိဳးေရွ႕တြင္ လက္ႏွစ္ဖက္ကို ျဖန္႔ကားလုိက္ျပီးမွ၊


“သူက လူမဟုတ္ေပမယ့္ အသိတရားေတြ ရွိေနတာေလ၊ ဒီလိုမ်ိဳး သတ္ပစ္တာကို မလုပ္သင့္ပါဘူး”


ေမဗယ္လ္က ထိုအေကာင္ငယ္ေလးကို လက္ျဖင့္ ခ်ိန္ထားရာမွ ပင့္ခ္ကို ေဘးသို႔ တြန္းဖယ္လုိက္သည္တြင္၊


“မလုပ္ပါနဲ႔ ငါက မင္းတို႔ကို ထိခုိက္ေစခ်င္လို႔ မဟုတ္ပါဘူး၊ ငါ့မွာ ကေလးတစ္ေယာက္ ရွိေနလုိ႔၊ ငါက အဲ့ကေလးကို တစ္ခုခု ေကၽြးခ်င္လို႔ပါ၊ သူ႔အေမက သူ႔ကို လာျပီးေတာ့ ပစ္ထားခဲ့တာ၊ မင္းတို႔ဆီမွာ ကေလးစားလို႔ ရတာမ်ိဳး ရွိမလားဆိုျပီးေတာ့ ငါက ယူခ်င္ရံုေလးပါ”


“ကေလး၊ လူသားလား”


“လူသား မဟုတ္ဘူး၊ ဒါေပမယ့္ သူက လူသားအနံ႔အသက္ေတြ ျပည့္ေနတာ၊ သူ႔အေမကေတာ့ လူသားစစ္ပါပဲ”


ေမဗယ္လ္ လက္ကို ခ်လုိက္ေတာ့မွ ပင့္ခ္ စိတ္ဝင္စားသြားတာကို လုပ္လို႔ ေမးမိသြားသည္။ 


“အဲ့ဒီကေလး ဘယ္နားေလးမွာလဲ ဆုိတာကို ျပေပးႏုိင္မလား”


ပင့္ခ္၏ အေမးစကားအဆံုးတြင္ ထုိအေကာင္ေလးက လ်င္ျမန္စြာျဖင့္ ေလ်ာခနဲ သစ္ပင္တစ္ပင္၏ အေနာက္သို႔ ေျပးဝင္သြား၏။ ပင့္ခ္ ခ်က္ခ်င္းပင္ ေမဗယ္လ္၏လက္ကို ဆြဲကာ သြားၾကည့္လုိက္ေတာ့ ျမင္လုိက္ရေသာ ျမင္ကြင္းက ျဖဴျဖဴအုအု ေျမေခြးေပါက္ေလး၊


ေျမေခြးေပါက္ေလးက ပင့္ခ္တုိ႔ကို ျမင္ေတာ့ စတင္တုန္ရင္လာ၏။ ဝိုင္းစက္ေနေသာ မ်က္ဝန္းေလးမ်ား၊ ႏွာတံနီနီႏုႏုေလး၊ ေသးေသးေကြးေကြး ေျခလက္ေလးမ်ားႏွင့္ ထိုအေကာင္ငယ္ေလးက အားနည္းေနသည့္ဟန္ ခ်ိနဲ႔ေနေသး၏။ ပင့္ခ္ႏွလံုးသားေတြ အရည္ေပ်ာ္သြားသလိုျဖင့္ အဲ့ဒီအေကာင္ေလးအနားတြင္ ဝင္ထုိင္လုိက္မိသည္။


Uni

မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


Part-7.1


“မေဗယ်လ်!!”


ပင့်ခ်၏ ထိတ်လန့်တကြားအော်ခေါ်သံက တောအနီးတစ်ဝိုက်တွင် လွှင့်ပျံ့သွား၏။ ပင့်ခ်ကို စမ်းချောင်းအတွင်းမှ ဆက်တိုက် ဆွဲချသွားပြီး အေးစက်သောရေက ပင့်ခ်၏ ခါးလည်ထိ ရောက်တော့ မေဗယ်လ်က ပင့်ခ်လက်ကို အားဖြင့် ဆွဲမလိုက်ပြီးနောက်၊ 


“အော်စဂန်ဒီးလာ!!”


မီးခိုးရောင်လက်အစွပ်ငယ်လေးမှ အလင်းတန်းတစ်ချက် တောက်ပသွားပြီးနောက် ပင့်ခ်ကို ကုတ်တွယ်ထားသော တစ်စုံတစ်ရာက စမ်းချောင်းအတွင်းမှ ဘေးနားတွင် ဖုတ်ခနဲ ကျသွားလေသည်။ မေဗယ်လ်က ပင့်ခ်ကို ဆွဲလိုက်ပြီးနောက် အနောက်တွင် ပို့ထားလိုက်ပြီး၊


“မူမမှန်တာကို မခံစားတတ်ဘူးလား”


ပင့်ခ်ကြောက်ရွံ့ထိတ်လန့်နေပေမယ့် မေဗယ်လ်၏အပြစ်တင်စကားကို ပြန်တုန့်ပြန်ဖို့လည်း မမေ့၊


“ဖန်တီးမှုတောအုပ်အစကတည်းက မူမမှန်တာလေ၊ အခုမှ မူမမှန်တာမှမဟုတ်တာ”


မေဗယ်လ်က စိတ်မရှည်သော အကြည့်တစ်ချက်ဖြင့် ငဲ့စောင်းကြည့်လာသော်လည်း၊ ထိုပြုတ်ကျ၍ ငြိမ်သက်နေသော အရာကို လက်ညိုးဖြင့် ထိုးချိန်ထားရင်းက၊


“ဟေ့ ထလာစမ်း၊ အခု”


ထိုအရာက တုတ်တုတ်မျှမလှုပ်ပဲ ငြိမ်သက်နေဆဲ၊ ပင့်ခ် မေဗယ်လ်၏ပုခုံးမှ ကျော်သွားအောင် ခြေဖျားထောက်၍ ကျော်ကြည့်လိုက်ပြီးမှ၊


“သူ သေသွားပြီလားမှ မသိတာ”


“အော်စဂန်ဒီးလာက မှော်အစွမ်းနဲ့ ကွယ်ဝှက်ထားတာကို ဖြေရုံပဲ ထိခိုက်စေတာ မဟုတ်ဘူး၊ မင်းမထလာဘူးဆိုရင် ကျူးရီးယက်ဖိုင်းနဲ့ မင်းကို အခွံနွာပစ်မယ်”


“အဲ့ဒါက ပန်းသီးအခွံနွာတဲ့ ကျိန်စာ မဟုတ်လား”


“ဆန္ဒရှိရင် အဲ့ဒီဂါထာနဲ့ လူတစ်ယောက်ရဲ့ အရေခွံကို ခွာပစ်လို့ ရတယ်ဆိုတာ မကြားဖူးဘူးလား”


“ဟင့်အင်း ငါ မကြားဖူးဘူး”


“မင်း မကြားဖူးရင် မင်း ငြိမ်ငြိမ်နေလိုက်တော့”


မေဗယ်လ်က ပင့်ခ်နဲ့ ပြိုင်မငြင်းချင်ဟန်ပါပဲ၊ သူက စကားပြောရတာကို မနှစ်သက်မှန်း သိနေတာမို့ အခုလောလောဆယ်မှာလည်း ပင့်ခ်ကိုယ်တိုင်က အကူအညီလိုအပ်နေတာမို့ ငြိမ်သက်လိုက်ဖို့သာ တွေးလိုက်သည်။ 


မေဗယ်လ်၏ခြိမ်းခြောက်မှုက အရာထင်ပုံရလေသည်။ ထိုပုလုံးလုံး မဲကွေးကွေး အရာက လုံးလုံးတစ်တစ်ဖြင့် မြေပေါ်ကနေ လူးလွန့်လာသည်။ ပြီးနောက် ရေဘဝဲကဲ့သို့ ခေါင်းလေးပေါ်လာပြီး ခြေတံလက်တံတွေပါ ရှည်ထွက်လာပြီး မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်ဖြင့်၊ 


“ငါ ဒီနေရာတစ်ဝိုက်ကို အငွေ့နဲ့ တားဆီးထားပြီးတော့ ညို့ယူထားတာ မင်းက ဘယ်လိုလုပ်ပြီးတော့”


ပင့်ခ် ထိုအကောင်၏ စကားသံကို အသေအချာကြားလိုက်ရသည်။ မေဗယ်လ်က ထိုအကောင်ကို အသေအချာ ကြည့်လိုက်ပြီးမှ၊ 


“မင်း လူသားတွေ စကားကို ကောင်းကောင်းပြောတတ်တာပဲ၊ သိပ်ပြီးလည်း ရင်းနှီးကျွမ်းဝင်တဲ့ ပုံစံပဲ၊ မင်း လူတွေနဲ့ နေဖူးတာလား”


ထိုအခါတွင် မေဗယ်လ်၏ အမေးစကားအဆုံး၍ ထိုအကောင်ငယ်လေး၏ မျက်ဝန်းမှ ဝါကျင်ကျင် အရည်တို့က ပြိုစီးကျလာလေတော့၏။ ထိုအကောင်ငယ်လေးက သူ့၏လက်တံတို့နှင့် ထိုဝါကျင်ကျင်အရည်တို့ကို ပွတ်သုတ်လိုက်တော့ မဲမဲလုံးလုံး ဖြစ်နေသော သူ၏ ခေါင်းလုံးလုံးတွင် ထိုဝါကျင်ကျင် အရည်တွေက ပေကျံကုန်တော့ ပို၍ ရုပ်ဆိုးကုန်လေသည်။ 


“ငါက အရင်တုန်းက သခင်ရှိပါတယ်၊ ငါ့ကို မှော်ဝင်သားရိုင်း စာရင်းထဲကို ထည့်လိုက်တော့ ငါ့သခင်က ငါ့ကို မွေးထားလို့ မရတော့လို့ ဒီထဲမှာ လာပြီးတော့ ပစ်ထားတာပါ”


“ကောင်းပြီ၊ အဲ့ဒါနဲ့ပဲ မင်းက ငါတို့ကို လှည့်စားရဲတာလား”


“မင်းမှာ အမှောင်မျက်လုံးရှိမှန်း ငါမှမသိတာ”


ထိုအကောင်လေး ပြောလာတဲ့ အမှောင်မျက်ဝန်းဆိုတာကို ငါ သိသည်။ အမှောင်မျက်ဝန်း ဆိုတာက ဟိုးဒဏ္ဍာရီလာ မှော်ဆရာမဂီဂီ ပိုင်ဆိုင်တဲ့ ကွယ်ဝှက်ခြင်းမဲ့ မျက်ဝန်းကို ခေါ်တာ ဖြစ်သည်။ သိသလောက် မှော်စက်ကွင်းတွေ အားလုံးကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိသည်ဟုသာ သိရသည်။ တခြားသော အသုံးဝင်ပုံတွေကိုတော့ ပင့်ခ်က စာတွေ သိပ်ပြီး မလေ့လာခဲ့သူမို့ မသိခဲ့ပေ။


“အမှောင်မျက်လုံး ဆိုတာက”


ထိုအကောင်ငယ်လေးက ပင့်ခ်ကို မင်းမသိတာ အံ့သြတယ် ဟူသော အကြည့်ဖြင့် ကြည့်လာပြီးနောက်၊ 


“အမှောင်မျက်လုံး ဆိုတာက လောကမှာရှိတဲ့ ဘယ်လို အရောင်ကိုမှ မြင်နိုင်ခွင့်မရှိပဲ အဖြူနဲ့အနက်ရောင်ကိုပဲ မြင်ရတဲ့ မျက်လုံးမျိုးကို ပြောတာ၊ ဒါပေမယ့် မှော်စည်းတွေ ညို့စက်ကွင်းတွေ ပြီးတော့ မမြင်ရအောင် ကာဆီးထားတာတွေ အားလုံးကို ထွင်းဖောက် မြင်နိုင်တယ်၊ အထူးတလည် စွမ်းအားက အမှောင်မျက်ဝန်းပိုင်ရှင်တွေက သူတို့ရဲ့ပါရမီတွေကို မျက်ဝန်းနဲ့ စေခိုင်းလို့ ရတဲ့အထိ လေ့ကျင့်နိုင်တယ်”


“ဝါး၊ မိုက်လိုက်တာ”


ပင့်ခ် လက်ဖဝါးနှစ်ဖက်ဖြင့် လက်ခုတ်တီးလိုက်မိသည်။ သို့သော် မေဗယ်လ်က မျက်မှောင်ကုတ်လိုက်ပြီးနောက် ထိုအကောင်လေးကို လက်ညိုးအစွပ်ဖြင့် ချိန်ရွယ်လိုက်ကာ၊


“မင်းသိနေတာတွေ များလွန်းနေပြီ”


ထို အကောင်လေးက မေဗယ်လ်၏ အကြည့်အောက်မှာတင် ခိုက်ခိုက်တုန်မလို ဖြစ်လာပြီး တုန်တုန်ရင်ရင်ဖြင့် မေးခွန်းတစ်ခု မေးလာသည်။ 


“မင်းက လူသတ်နှုတ်ပိတ်မလို့လား”


“မင်းက လူမဟုတ်ဘူး”


ပင့်ခ် မေဗယ်၏လက်ညိုးရှေ့တွင် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီးမှ၊


“သူက လူမဟုတ်ပေမယ့် အသိတရားတွေ ရှိနေတာလေ၊ ဒီလိုမျိုး သတ်ပစ်တာကို မလုပ်သင့်ပါဘူး”


မေဗယ်လ်က ထိုအကောင်ငယ်လေးကို လက်ဖြင့် ချိန်ထားရာမှ ပင့်ခ်ကို ဘေးသို့ တွန်းဖယ်လိုက်သည်တွင်၊


“မလုပ်ပါနဲ့ ငါက မင်းတို့ကို ထိခိုက်စေချင်လို့ မဟုတ်ပါဘူး၊ ငါ့မှာ ကလေးတစ်ယောက် ရှိနေလို့၊ ငါက အဲ့ကလေးကို တစ်ခုခု ကျွေးချင်လို့ပါ၊ သူ့အမေက သူ့ကို လာပြီးတော့ ပစ်ထားခဲ့တာ၊ မင်းတို့ဆီမှာ ကလေးစားလို့ ရတာမျိုး ရှိမလားဆိုပြီးတော့ ငါက ယူချင်ရုံလေးပါ”


“ကလေး၊ လူသားလား”


“လူသား မဟုတ်ဘူး၊ ဒါပေမယ့် သူက လူသားအနံ့အသက်တွေ ပြည့်နေတာ၊ သူ့အမေကတော့ လူသားစစ်ပါပဲ”


မေဗယ်လ် လက်ကို ချလိုက်တော့မှ ပင့်ခ် စိတ်ဝင်စားသွားတာကို လုပ်လို့ မေးမိသွားသည်။ 


“အဲ့ဒီကလေး ဘယ်နားလေးမှာလဲ ဆိုတာကို ပြပေးနိုင်မလား”


ပင့်ခ်၏ အမေးစကားအဆုံးတွင် ထိုအကောင်လေးက လျင်မြန်စွာဖြင့် လျောခနဲ သစ်ပင်တစ်ပင်၏ အနောက်သို့ ပြေးဝင်သွား၏။ ပင့်ခ် ချက်ချင်းပင် မေဗယ်လ်၏လက်ကို ဆွဲကာ သွားကြည့်လိုက်တော့ မြင်လိုက်ရသော မြင်ကွင်းက ဖြူဖြူအုအု မြေခွေးပေါက်လေး၊


မြေခွေးပေါက်လေးက ပင့်ခ်တို့ကို မြင်တော့ စတင်တုန်ရင်လာ၏။ ဝိုင်းစက်နေသော မျက်ဝန်းလေးများ၊ နှာတံနီနီနုနုလေး၊ သေးသေးကွေးကွေး ခြေလက်လေးများနှင့် ထိုအကောင်ငယ်လေးက အားနည်းနေသည့်ဟန် ချိနဲ့နေသေး၏။ ပင့်ခ်နှလုံးသားတွေ အရည်ပျော်သွားသလိုဖြင့် အဲ့ဒီအကောင်လေးအနားတွင် ဝင်ထိုင်လိုက်မိသည်။




rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:10 5

    Good

    reply

  • reader JuliusJulius 29.11.2019, 13:20 5

    So good

    reply