book

Index 10

Part-4.3

မှော်ဝင်ည


Part-4.3


ပင့်ခ်က အနောက်နေရာသို့ ပြန်လည် ခုန် ပြောင်းလိုက်ပြီးမှ မျက်နှာသေဖြင့်


“ကောင်းပါပြီ သခင်”


ပင့်ခ် လုပ်ပြနေတာကို ဇော်ဒီယန်က ခေါင်းတွေ မော့ပြီး မျက်လုံးတွေ မှိတ်ကျလာသည်အထိ ရယ်၏။ လက်ကို ကာလျက်ဖြင့် အလွန်အမင်း ရယ်ချင်သေးသည်ကို ထိန်းချုပ်လိုက်သော မျက်နှာဖြင့်


“ဟား ဟား ဟား အဲ့ဒါ မင်းမိဘတွေလား”


ပင့်ခ်ကတော့ စိတ်ပျက်ဟန်ဖြင့် အနားတွင် ပြန်လာထိုင်သည်။ ခြေထောက်တွေကို ကနာမငြိမ်စွာ ဆော့ကစား လိုက်သေး၏။ ဒါတွေကို မကျေနပ်ဘူး ဆိုတာအား မျက်နှာတွင် ပေါ်လွင်စွာ ရှုံမဲ့သေးသည်။ နှုတ်ခမ်းလေးကို ရှုံ့ချည် မဲ့ချည် လုပ်လိုက်ပြီးမှ


“သူတို့တွေ သူတို့တွေ အားလုံး ဘာလို့ ပုံစံခွက် အတိုင်း နေကြလဲ ငါမသိဘူး ငါ့အဖေနဲ့ အမေ ဆိုရင် စစ်တုရင်ဆော့တဲ့ အရုပ်တွေ လိုပဲ ရထားက ဘယ်တော့မှ ထောင့်လိုင်းကို စည်းကျော်ပြီး သွားလို့ မရတဲ့အတိုင်း တသမတ်တည်း ကျနေတာ ပြုံးတယ် ရယ်တယ် ဆိုတာ အပိုအလုပ်တဲ့”


သေသေချာချာ ရှင်းပြပေးနေသော သူမ၏ မျက်နှာကား အလွန်အမင်းပင် မပျော်ရွှင်သလိုပင် ခံစားနေရသကဲ့သို့ ရှိ၏။ နောက်တွင် ချက်ချင်း ပြောင်းလဲ သွားသော မူဟန်ဖြင့် ထရပ်ပြီးနောက်


“အဲ့ဒီတော့ ငါက အဲ့တာကို ပြောင်းလဲဖို့ ကြိုးစားတယ် ပြောင်းလဲတယ် ဆိုတာက အစပိုင်းမှာ ဘယ်တော့မှ ကောင်းသော ပြောင်းလဲခြင်းလို့ ဘယ်သူမှ မမြင်ကြဘူး ဒါပေမယ့် နောက်ဆုံးမှာ ဒါကို အကောင်းမြင်မှာလို့ ယုံကြည်တယ်”


ဇော်ဒီယန် က ပင့်ခ် ပြောနေသမျှကို ငြိမ်သက်စွာ နားထောင်အပြီးမှ လက်ခုတ်တီးပေးသည်။


“အင်း အဲ့စကားက ငါ့အမေပြောတာနဲ့ တူတယ်”


“အနည်းဆုံးတော့ ငါက လူသားဆန်တာလေးကို လိုချင်တာပါ ဖြစ်သင့်တယ် မဟုတ်လား”


“ဒါပေါ့ သေချာပေါက် ဖြစ်သင့်တာပေါ့ အမလေး!!”


ပင့်ခ်အား အားပါးတရ ထောက်ခံခြင်း အဆုံးတွင် ဇော်ဒီယန်နှင့် ပင့်ခ် အနားသို့ ရိပ်ခနဲ အနက်ရောင် လူရိပ်က ပေါ်လာသဖြင့် ဇော်ဒီယန်က လန့်ကာ အော်ပစ်လိုက်၏။ ပြီးနောက်တွင် နဂိုရ်ဖြူသော အသားတွင် ဖျော့တော့သွားပြီးနောက် ရောက်လာသူအား ကြည့်ကာ လက်ညိုးထိုးလိုက်ရင်း


“မေဗယ်လ် ဘာလို့ ရုတ်တရက်ကြီး ပေါ်လာတာလား”


မေဗယ်လ်က လက်ညိုးကို မိုးကောင်းကင်သို့ ထိုးပြတော့ ပင့်ခ် ထိုလက်ညိုးအတိုင်း အပေါ်သို့ မော့ကြည့်သည်။ ထူးခြားချက် တစ်ခုကိုမျှ မတွေ့ရပေ။ မေဗယ်လ်က စိတ်အနှောင်ယှက် ဖြစ်သော မျက်နှာထားဖြင့် ပြောပြီး ချာခနဲ လှည့်ထွက်သွား၏။


“လထွက်လာပြီ ငါ လုပ်စရာ ရှိတယ် မင်းတို့ မဆူလို့ မရဘူးလား”


သေစမ်း၊ ဒါပြောဖို့ကို ဒီအနားထိ နာမ်ရွေ့ပြီး ရောက်လာတာလား၊ ပင့်ခ်ကတော့ သိပ်ပြီး မထိတ်လန့်သော်လည်း ဇော်ဒီယန်က အလွန်အမင်း ထိတ်လန့်သွားဟန်က မျက်နှာပင်လျှင် ဖြူဖျော့နေသည်။ ရင်ဘတ်ကို လက်ဖြင့် ဆုတ်ကိုင်ထားလိုက်ပြီးမှ


“ငါ့အမေက ပြောတယ် ငါက နှလုံးရောဂါ ရှိတယ်တဲ့ ငါရှိတဲ့နေရာကို အခုလို နာမ်ရွေ့ပြီး မလာပါနဲ့ ငါကြောက်တတ်တယ် ငါက အိုလက်စ် မြို့မှာ နေတယ် ဆိုတာလည်း မင်း သတိရပါအုံး”


“ကမ္ဘာ့အကြောက်ဆုံး မြို့တော်လား ဟား ပျော်စရာကြီး ဖြစ်မယ်”


ပင့်ခ်က အားရဝမ်းသာ အော်လိုက်သည်တွင် ပါးစပ်အတွင်းသို့ ပျော့အိအိ အရာတစ်ခုက တန်းခနဲ ဝင်လာခဲ့ပါ၏။ ပင့်ခ် ချက်ချင်းပင် ထွေးထုတ်ဖို့ ပြင်လိုက်သော်လည်း ထိုဝင်လာသော အရာအား မျိုချလိုက်မိပါချေသည်။


“ဒါဘာကြီးလဲ”


ဇော်ဒီယန်က ချက်ချင်းပင် သူ့ပါးစပ်ကို စေ့နေအောင် ပိတ်လိုက်ပါသည်။ မျက်လုံးတွေနှင့်ပင် မေဗယ်လ်အား တောင်းပန်နေသကဲ့သို့ ရှိ၏။


“မေဗယ်လ် ဘာကြီး ကျွေးလိုက်တာလဲ”


“အပင်း!! ရုပ်ထိန်းအပင်း”


သေစမ်း၊ ဒါက ဘယ်လို အခြေအနေမျိုးကြီးလဲ၊ ရုပ်ထိန်းအပင်း ဆိုတာက တစ်ပါးသူက ကိုယ့်ကို ထိန်းချုပ်၍ ခိုင်းစေနိုင်သော အရာမဟုတ်လား ဝိဉာဉ်ညို့သော ကျိန်စာလိုမျိုး သက်ရောက်မှု ရှိတာ မဟုတ်လား၊ နည်းနည်းလောက် ပိုတာ ဆိုရင် ရုပ်ထိန်းအပင်းက ကြုံသလို စေခိုင်းနိုင်စွမ်းနဲ့ သာလွန်တဲ့ အချိန်ကာလ၊ အသိစိတ်မလွတ်ပဲနှင့် ထိန်းချုပ်နိုင်စွမ်း ဆိုတာကြီးကို ပင့်ခ်ကို စေခိုင်းဖို့လား၊


“ဘာ ဒါက ဘယ်နှစ်ရက်လဲ”


“ကိုးလ”


“ဘာ ဒီလောက် အကြာကြီး”


“ဒါပြီးရင် မင်းနဲ့ငါ ထပ်တွေ့ဖို့ မရှိဘူးလေ”


မေဗယ်လ်က လကို မော့ကြည့်ပြီးမှ


“လထွက်လာပြီ ငါစွမ်းအင်းစုပ်ယူရမယ် ပြန်တော့ ဖိနပ်ချွတ်ပြီး”


ပင့်ခ်၏ ခန္ဓာကိုယ်သည် အမှန်ပင် မေဗယ်လ် ပြောလိုက်သလိုပင် ဖိနပ်ချွတ်လိုက်၏။ ပင့်ခ် ဘယ်လိုပင် ထိန်းချုပ် ထားသော်လည်း ရုပ်ထိန်းအပင်းေးကြာင့် ခန္ဓာကိုယ်ကာ ပင့်ခ်၏ အသိတရားကို အနိုင်ရနေသည်။


“မေဗယ်လ် ဒါကို အခုချက်ချင်း ဖြေပေးစမ်း မင်း ငါ မင်းကို လုံးဝ ဟေ့!”


“ငါ့ကို အနှောင့်ယှက် မပေးဘူးဆို ဖြေပေးမယ်”


ညင်သာစွာပင် နာမ်ရွေ့နိုင်သောသူ မဟုတ်သည့်အလား ထိုနေရာမှ ကိနြေ္ဒရရ ပြန်လည် ထွက်ခွာသွားတော့သည်။ ပင့်ခ်မှာသာ ဖိနပ်ကြီး ချွတ်လျက်ဖြင့် အတင်း ကုန်းကွလျက်ဖြင့် ရဲတိုက် အပေါ်သို့ တက်ရလေတော့၏။ ဇော်ဒီယန်က ပင့်ခ်၏ နဘေး ခပ်ခွာခွာမှ လိုက်လာပြီး


“ပင့်ခ် အဆင်ပြေလား”


“နင့်အမေကြီးဒေါ်ကို သွားမေးပါလား”


ဘာသောက်ကျိုနည်း အဆင်ပြေမှုလဲ၊ သွားသေလိုက်၊ ဘယ်နေရာမှာလဲ အဆင်ပြေနေမှာလဲ၊ မေဗယ်လ်၊ တစ်ရက်ရက် ငါ့အလှည့် မရောက်နိုင်ဘူးလို့ မင်းဆုတောင်းထားစမ်း၊ ဒါမှမဟုတ် ပြေးစမ်း၊ ဝေးဝေးကို ဟွန့်၊


@@@@@@@@@@


ဆက်ရန်---


rate now:

2 Reviews
  • reader KhinWin 01.12.2019, 04:04 5

    Good

    reply

  • reader JuliusJulius 25.11.2019, 05:10 5

    So good. I love u.

    reply