book

Index 1

Part-1.1

မှော်ဝင်ညရဲ့ကဝေပျိုတမ်းချင်း


အပိုင်း(၁)


ညသန်းခေါင်ယံ ကာလတွင် မှော်ပညာတတ်သူ မျိုးနွယ်စု အကြီးအကဲများ ဆုံတွေ့ရာ ရဲတိုက်တစ်ခုအတွင်းမှ အတောင်ပံပါသော ကြောင်ဖြူ ရှစ်ကောင်သည် မတူညီသော နေရာ ဆီသို့ ပျံသန်းသွားလာ သွားကြသည်။ ခြေတွင် စာလိပ်များ ကိုင်ထားကာ မျိုးနွယ်ရှစ်ခု ထံသို့ ပို့၍ နေရပ်သို့ ပြန်ကြလေသည်။



ပါရာဒိုက်ဂိတ်တံခါး မဖွင့်ခဲ့သည်မှာ ရာစုနှစ်များစွာကြာခဲ့လေပြီ။ နှစ်ပေါင်းများစွာကြာမှ ဂိတ်တံခါးဖွင့်သည့် အကြောင်းရင်းက မျိုးနွယ် ရှစ်ခုမှ ဆက်ခံသူ ဆယ့်ခြောက်ယောက်အား ပညာဖလှယ်ရေး အတွက် ဆင့်ခေါ်ခဲ့ခြင်းကြောင့် ဖြစ်သည်။


ပန်ဒိုရာ မျိုးနွယ်စုကို အများက နတ်မိမယ်နှင့် လူသွေးနှောသော မျိုးနွယ်မှ ဆင်းသက်သည်ဟု သတ်မှတ်ကြသည်။ ပန်ဒိုရာမျိုးနွယ်စု၏ မှော်အတတ်ပညာကား နူးညံ့လွန်း၍ပင် ဖြစ်သည်။ ကနဦးမျိုးနွယ်စု တစ်ခု ဖြစ်ပြီး ပန်ဒိုရာမြို့ကို အပိုင်စားရထားသော မျိုးနွယ်လည်း ဖြစ်သည်။


ပန်ဒိုရာမြို့၏ အထင်ကရရဲတိုက် ပါရာဒိုက်၊ ပါရာဒိုက်ကား ရှေးယခင်ကတော့ အရှေ့အရပ်မှော်လောက သင်ကြားရာ ဌာနေတစ်ခု ဖြစ်သော်လည်း ယခုတွင်မူ လူမနေသော ရဲတိုက်အပျက်သဖွယ်ပင် ဖြစ်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မြင့်မားသော တောင်ကုန်းတစ်ခုပေါ်တွင် တည်နေပြီး ချွန်ထွက်နေသော ရဲတိုက်၏ ပုံသဏ္ဍာန်ကား လမသာသော ညများတွင် မကောင်းဆိုးဝါးတစ်ကောင် ငုတ်တုတ် ထိုင်နေသကဲ့သို့ ရှိ၏။


ကြားဖူးနားဝ လူအများ၏ ပြောကြားချက် အရ ပါရာဒိုက်သည် နာမည်နှင့် မလိုက်ဖက်စွာ နေ၍ မကောင်းသော နေရာတစ်ခု ဖြစ်လေသည်။ လူမနေတာကြာခြင်း တင်မဟုတ် နာမည်နဲ့တင် ကြက်သီးထစရာ ကောင်းလှသည်။ ပါရာဒိုက် ရဲတိုက်အား ကြားဖူးပြီး မမြင်ဖူးခဲ့သူ ဆိုသည် ကလည်း အများအပြားဖြစ်ပြီး ပျောက်ကွယ် ရဲတိုက်အဖြစ် မှတ်တမ်းတွင်သာ ရှိသော်လည်း ထိုရဲတိုက်အား ပန်ဒိုရာအကြီးအကဲ ဒေ့ဗ်မှ ပိုင်ဆိုင်လေသည်။ ခုများတော့ မျိုးဆက်သစ် မှော်လောကမျိုးနွယ်ရှစ်ခု၏ ဆက်ခံသူတွေ လက်တွေ့သင်ကြားရမည့် နေရာတစ်ခု အဖြစ် ပြန်လည် ထွက်ပေါ်လာစေရန် ပန်ဒိုရာ အကြီးအကဲမှ ဆင့်ခေါ်လိုက်ခြင်းသာ ဖြစ်၏။


ဆင့်ခေါ်စာကြောင့် မျိုးနွယ်ခေါင်းဆောင် တဖြစ်လဲ ဖေဖေမှ အတင်းနှင်လွှတ်လိုက်၍ စောစောစီးစီး ခရီးနှင်လာခဲ့ရသည်။ ပန်ဒိုရာ အကြီးအကဲဟာ သိပ်ကိုပင် အားယားနေလွန်း သလား မသိဟု သူမ တွေးမိသည်။ ပုံမှန်လူများကဲ့သို့ ရထားစီးပြီး လာရ၍ တစ်ကိုယ်လုံး ညောင်းကိုက်ခဲနေပြီ။ အချိန်က လိုသေးသည်က တစ်ကြောင်း ကိုယ်လက် လှုပ်ရှားရန် အတွက် တစ်ခါမှ မရောက်ဖူးသည့် ဒီနေရာအား လေ့လာရန် ဆုံးဖြတ်လိုက်သည်။


ပန်ဒိုရာမြို့ စည်ကားလှသည်ထက် မှော်လောကသား နည်းသောကြောင့် သိပ်ကိုအေးချမ်းနေ၏၊။ မှော်ဆန်သော အာရုံကို အနံ့အရသော လက်တွင်စွပ်ထားသော လက်ညိုးအစွပ်လေးအရပါ မခံစားမိ၍ သူမနှစ်လိုစွာ ပြုံးလိုက်မိပြီး ဆံနွယ်ပန်းနုရောင်တွေကို လက်ချောင်းအစွပ်လေးတွင် လိမ်ကျစ်လိုက်ပြီး ခြေလှမ်းကို စသည်။ သို့သော် တစ်နေရာသို့ အရောက်တွင် သူမ ခြေလှမ်းတွေ တိခနဲ ရပ်တန့်သွားပြီး လမ်းကြားအတွင်းသို့ နောက်ပြန်လှည့်ကြည့်မိသည်။ လင်ဗန်းပေါ်တွင် အသေအချာ ခင်းကျင်းထားသည်က မှော်အတတ်ဖြင့် ဖန်တီးထားသော မှော်ဝင်ပစ္စည်းတွေ၊ ဒီလို အေးချမ်းပြီး မှော်အငွေ့အသက်ကင်းစင်သော ပန်ဒိုရာမှာ မှော်ပစ္စည်းတွေ ရောင်းတယ် ဆိုတာက ဘယ်လို ဖြစ်စဉ်လဲ၊ အတွေးကို နောက်မှာထားရင်း မှော်ပစ္စည်းတွေကို အသေအချာ အသည်းအသန် ပြူးပြဲပြီး မသိမသာ လိုက်ကြည့်မိသည်။ ဒီဗန်းပေါ်က ပစ္စည်းတွေသည် မှော်မဲ့လူမျိုးတွေကို ရောင်းချခွင့် မရှိသော ပစ္စည်းများ၊ တစ်နည်းအားဖြင့် ဆိုရသော် မှော်ပစ္စည်းများအား တရားမဝင် ရောင်းချနေခြင်းသာ ဖြစ်သည်။ ထိုသည်က မှော်မဲ့များအတွက် အန္တရာယ်များလှသည်။


မှော်ဝင်ပစ္စည်းရောင်းချခြင်း ဥပဒေကို လေ့လာဖူးသော်လည်း လက်တွေ့မှာ ပြန်တွေးကြည့်တော့ ပုဒ်မ ဘယ်လောက် ဆိုတာတွေ မထွက်လာပဲ ပါးစပ်ကနေ ထွက်သွားသည်က၊


'ဒီငနဲတွေတော့ နာတော့မယ်'


မှော်ပညာတတ်သောသူ နည်းသော်လည်း ကောက်ကျစ်သောလူတွေ၏  လက်ထဲ ရောက်သွားပါက အေးချမ်းနေသည့် ပန်ဒိုရာမြို့ကြီးက မောက်ကမ ဖြစ်မှာ ကျိန်းသေပင် ဖြစ်သည်။ ဒါမျိုးတော့ သူမဖခင်က မှော်မျိုးနွယ်စု အားလုံး၏ ခေါင်းဆောင်ဖြစ်နေစဉ်တွင် မဖြစ်စေရပါ။


“လုံခြုံရေးတွေကလည်း ဘယ်ကမ္ဘာသွားသေ နေပါလိမ့်”


ရေရွတ်ရင်း ရောင်းချနေသော ငနဲ နှစ်ကောင်ဆီသို့ လျှောက်သွားကာ စကားစလိုက်သည်။


"တရားမဝင် ရောင်းချရင် ပြစ်ဒဏ်ပေးခံရတာ သိလား..''

 

ပစ္စည်းများအား အသေးစိတ်လိုက်ကြည့်ရင်း ခပ်မာမာမျက်နှာထားဖြင့် ခြောက်လိုက်သည်။ အဟိ! စိတ်ထဲ ကြိတ်ဖြီး နေသော်လည်း အပြင်တွင် ပါးစပ်အတင်းစိ ထားရသည်။ ဒီနေရာမှာ ကိုယ်သာ မပါလျှင် အရာမဝင် ဖြစ်ချေတော့မည်။


သူခိုးဖမ်းသလို ပုံစံဖြင့် ငနဲနှစ်ကောင်အား ခြိမ်းခြောက် စကားဆိုရင်း တစ်ဖက်လှည့် ရယ်မိသည်။ တယ်ဟုတ်တဲ့ငါပါလား။ တွေးရင်း မျက်လုံးအကြည့်တို့က အပင်အောက်မှ ရပ်ကြည့်နေသော နက်စွေ့နေသော အကြည့်ပိုင်ရှင် မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။ ပြင်းထန်သော မှော်ရနံ့ကိုလည်း ထိုဆီမှ ရရှိလိုက်၏။ ဝတ်ထားသော ဂျင်းဘောင်းဘီကလည်း အနက်ရောင်၊ အတွင်းဝတ်က အဖြူရောင် ဖြစ်သော်လည်း တံတောင်ဆစ်ထိ ခေါက်တင်ထားသော အပေါ်ထပ် အပါးကလည်း အနက်ရောင် ဖြစ်ကာ အနက်ရောင်ဘိနားကျပ်က နားတွင် အခန့်သား နေရာယူထားသည်။ ကျောတွင် လွယ်ပိုးထားသော ကျောပိုးအိတ်ကလည်း အနက်ရောင် ဖြစ်ကာ အနက်ရောင် ရုပ်ထုတစ်ခု ထောင်ထားသကဲ့သို့ ရှိနေသည်။ ဆံပင်ခွေခွေလိပ်လိပ် အညိုတွေသာ မပါလျှင် ထိုသူမအား တစ်ကိုယ်လုံးအနက်သာ ဖြစ်တော့မည်။ သူမအား မှော်အစွမ်းတစ်ခုခု ရှိသည်ဟု ခံစားမိသည်နှင့် ပင့်ခ် မိမိလုပ်မိသည်အား အရှက်မရှိစွာဖြင့် ထိုသူမအား ရယ်ပြမိလေသည်။ ထိုတွင် သူမက အသက်မရှိသော လူသေကဲ့သို့သော မျက်နှာထားဖြင့် အကြည့်ကို လွဲဖယ်သွားလေသည်။


~~အရေးမစိုက်ဘူး၊ အရေးမစိုက်လည်း နေပေါ့ ငါလုပ်နေတာကို ဆက်လုပ်မယ်၊~~ အတွေးထက် လက်တွေ့က ပိုသဘာဝကျသည် ဖြစ်ရာ ပင့်ခ်အရှေ့မှ အခြေအနေ မဟန်သလို လုပ်နေသော ငနဲသား နှစ်ကောင်အား ပိတ်ဟောက်လိုက်သည်။


"မင်းတို့ကို ဘယ်သူ ရောင်းခိုင်းတာလဲ ပြောစမ်း''


ပင်ခ့်ကီ၏ အသံဝယ် ငနဲနှစ်ယောက်မှာ ငရဲမှလာသော လူစီကို တွေ့သကဲ့သို့ သုတ်ခြေတင်ပြေးပါ လေတော့သည်။


"ဟိတ် မပြေးနဲ့ ရပ်စမ်း ''


ကမန်းကတမ်း ပြေးလိုက်ဖို့ ပြင်တော့ စီးထားမိသည့် ဖိနပ်က အလှလိုစွာဖြင့် ရှုးဒေါက်လေး ဖြစ်နေတော့ ပြေးလို့ မှီနိုင်မည် မထင်၊ အနီးအနားပစ်ပေါက်လို့ရမည့် အရာကို အားကြိုးမာန်တက် လိုက်ရှာမိတော့လည်း အုတ်ခဲကျိုးကအစ ဘာဆိုဘာမှမရှိ၊ ဘယ်သကောင့်သားတွေက မြို့တော်ကို ဒီအချိန်မှာ ဘာမှရှာမတွေ့အောင် သန့်ရှင်းရေးလုပ်ထားတာလဲ၊ တွေဝေမနေအား လုပ်နိုင်သည်ကိုတော့ လုပ်ရမည်။ သို့နှင့် ဝတ်ထားသော ဒေါက်ပါသည့် ရှူးဖိနပ်အား ချွတ်ကာ ပစ်ပေါက်လိုက်လေတော့သည်။


ဒေါဖိနပ်လေးက လက်အတွင်းမှ ပျံဝဲတက်သွားပြီးနောက် ပြေးထွက်သွားတော့ ငနဲသား နှစ်ကောင်ကို ကျော်သွားကာ လမ်းမထက်သို့ အတောင်ကျိုးငှက်အလား ဖုတ်ခနဲ ပြုတ်ကျလေတော့သည်။

 

ထိုအခါတွင်မှ အနီးအနားသို့ ရောက်လာသော လုံခြုံရေး နှစ်ဦးအား လက်ကိုခါကာ ဟိတ်ဟန်ဖြင့် သွားဖမ်းရန် လုပ်သောအခါ လက်တစ်ဖက် တစ်ချက်ဆီတွင် လုံခြုံရေးနှစ်ယောက်၏ ဆွဲမလိုက်ခြင်းကို ခံလိုက်ရတော့သည်။ ထိုတွင် ကြားလိုက်ရသော စကားက


"မိန်းကလေး ကလေးတွေကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုနဲ့ မင်းကို ထိန်းသိမ်းရလိမ့်မယ်''


အိုးမိုင်ဂေါ့၊ ငါဘယ်လိုတွေကံဆိုးနေရတာလဲ၊ တရားမဝင် ရောင်းချနေလို့ ငါကဖမ်းပေးတာလေ ဖိနပ်နဲ့ပစ်ပေါက်တော့မှ အနိုင်ကျင့်တယ်တဲ့လား၊


ပင့်ခ်လက်ကို ဆတ်ခနဲ ပြန်ရုန်းလိုက်ပြီးမှ စိတ်အေးအေးထားရန် လက်ဟန်ဖြင့် ပြရင်း အစအဆုံးကို ကြည့်နေသော အနက်ရောင် လူသေကောင် ကျောက်ရုပ်ကို သတိတရဖြင့်၊


"တစ်ခုခု မှားနေပြီ မဟုတ်သေးဘူး ရှင်တို့ ဖမ်းရမယ့် လူမှားနေပြီ ဟိုးမှာရပ်နေတဲ့ တစ်ယောက်ကို မေးကြည့် ဒီငနဲနှစ်ယောက်က တရားမဝင်ပစ္စည်းတွေ ရောင်းနေလို့ ကျွန်မက လိုက်ဖမ်းနေတာ''


လုံခြုံရေးနှစ်ယောက်သည် မိန်းကလေးထိုးပြသော နေရာမှလူအား ဟုတ်လား ဟူ၍ သဘောဖြင့် လက်ဟန်ဖြင့် မေးလေသည်။ ထိုသစ်ပင်အောက်မှ အစအဆုံးကို ကြည့်ရှုနေသော လူသေကောင်ကျောက်ရုပ်နက်က သူ့ကို မေးလိုက်သည်မှာ မဟုတ်သည့်အလားပင် သစ်ပင်အောက်မှ ဆန့်ကျင်ဘက်သို့ ခြေလှမ်းချကာ အေးဆေးစွာဖြင့် ထွက်ခွာတော်မူလေသည်။


“ဟေ့!!”


ပင့်ခ် အော်လိုက်မိသော်လည်း ဒီတစ်ကြိမ်တော့ ရုန်းကန်၍ မရတော့ပဲနှင့် လုံခြုံရေးဝန်ထမ်း နှစ်ဦးလက်အတွင်းသို့ ကျရောက်သွားတော့သည်။


“ခဏလေး ခဏလေး ဖိနပ် ပြန်ကောက်လိုက်အုံးမယ်”


“ဟုတ်ကဲ့ပါ မိန်းကလေး ဖိနပ်က အသက်ဆယ့်ခြောက်နှစ် မပြည့်သေးတဲ့ ကလေးတွေကို အနိုင်ကျင့်တဲ့ သက်သေအနေနဲ့ ယူလာမှာမို့ ပါလာမှာပါ စိတ်မပူပါနဲ့”


“သေစမ်း ငါ့ဖိနပ်ကတောင် သက်သေဖြစ်သွားသေးတယ်”


မှော်လောကနှင့် မှော်မဲ့လောက ပူးပေါင်း နေထိုင်ခြင်းအရ ထိုသို့သော ဥပဒေများစွာလည်း ရှိသည်တွင် လုံခြုံရေး ဝန်ထမ်းများက ပင့်ခ်အား ပြစ်ချက်ဆွဲဖို့ ကြိုးစားသည်။


“ခုနတုန်းက ကောင်လေးနှစ်ယောက်ကို ကြီးနိုင်ငယ်ညှင်းလုပ်ဖို့ ကြိုးစားတယ် ဆိုတာ ဟုတ်သလား”


“မဟုတ်ဘူး ဒါက ဒီလို ပြစ်ချက်ဆွဲလို့ မရဘူးလေ ကျွန်မက ဒါကို ဟုတ်ပါတယ်လို့ လွယ်လွယ်နဲ့ လက်သင့်ခံလိုက်လို့ မဖြစ်ဘူး အဲ့ဒါကို လက်သင့်ခံလို့ကို မရနိုင်တာ ဖြစ်စဉ်ကို အတိအကျမေးလေ ကျွန်မက ဘာကြောင့် အဲ့နားကို ရောက်သွားရတယ် ဘယ်လိုကြောင့် သူတို့ကို ခြိမ်းခြောက်ရတယ် ပြီးတော့ ဘာကြောင့် သူတို့က ပြေးပြီးတော့ ဘာကြောင့် ဖိနပ်နဲ့ပစ်လိုက်ရတယ် ဆိုတာကို အတိအကျမေးသင့်တယ်”


ပင့်ခ်ပြောလိုက်သော စကားများကို နားထောင်ရင်းဖြင့် ထိုလုံခြုံရေးများ၏ မျက်နှာကား မဲသည်ထက် မဲမှောင်လာ၏။ ဒါက သိပ်ပြီးတော့ အခြေအနေ မကောင်းဟု ခံစားမိသော်လည်း ပင့်ခ်အနေနဲ့ ဒီလိုမျိုး မှားပါသည်ဟု လွယ်လွယ်နဲ့ ဝန်ခံလိုက်ဖို့လား ဘယ်လိုဖြစ်နိုင်မှာလဲ၊


“ဒါဆို ပြန်မေးမယ်”


နောက်ဆုံးတွင် ပင့်ခ်၏ စကားများအောက်တွင် လုံခြုံရေးများက လိုက်ပါလာရသည်။


“ဘယ်ကနေစတာလဲ”


“ရထားပေါ်ကနေ ဆင်းတာက စတာ”


ပင့်ခ်ဖြေလိုက်သော စကားကို သူတို့ ထပ်မံ၍ ပြန်ပြီး လည်ထွက်သွားကြပြန်သည်။


“ခုနတုန်းက မင်းပြောတော့ ရထားအကြောင်းမပါဘူးလေ”


“ဒါပေမယ့် ကျွန်မ ဖြစ်စဉ်က ကျွန်မ ရထားပေါ်ကနေ မဆင်းလာရင် ဖြစ်မှာ မဟုတ်ဘူးလေ ဒါကြောင့် အဲ့ဒီက စတယ်”


လုံခြုံရေးတွေ ပင့်ခ်ကို လက်လွတ်စပယ် မလုပ်နိုင်တာကလည်း ပင့်ခ်လက်အတွင်းဝယ် တလက်လက် တောက်ပနေသော လက်ညိုးအစွပ်လေးကြောင့်သာ ဖြစ်မည်။ မှော်လောကနှင့် မှော်မဲ့လောက ပေါင်းစည်းခြင်းတွင် မှော်ပညာတတ်သော လူသားနှင့် မတတ်သော လူသားတို့အား ခွဲရန်မှာ လက်ညိုးအစွပ် ဝတ်ထားသလား မဝတ်ထားသလားဟု ခွဲရမည် ဖြစ်သည်။ သို့သော် ပင့်ခ်တို့လို မျိုးနွယ်ကြီးများမှ လာသော မှော်လောကသားများမှာမူ လက်အစွပ် မဝတ်ထားလျှင်တောင် မှော်ရနံ့ကို ကောင်းစွာ ရနိုင်လေသည်။


“ဘာဖြစ်တာလဲ”


ထိုအမေးကို ကြားတော့ လုံခြုံရေး ဝန်ထမ်းတွေက ဝမ်းသာအားရဖြင့် ဝင်လာသော ကောင်လေးအား မော့ကြည့်လိုက်ကြကာ


“အကိုလေး!!”


“ဘာဖြစ်တာလဲ သူ့ကို ဘာကြောင့်”


အမေးစကားက တစ်ဝက်တွင် ရပ်လိုက်ပြီးမှ ထိုကောင်လေးက ပင့်ခ်အား အကဲခတ်သလို ကြည့်လာသည်။ ပင့်ခ်ကတော့ လုံခြုံရေးတွေကို နှောင့်ယှက်၍ ဝသွားပြီ ဖြစ်ကာ ထိုကောင်လေးအား နှစ်လိုစွာပင် ရယ်ပြလိုက်တော့သည်။




rate now:

10 Reviews
  • reader Pankalay 22.01.2020, 07:28 5

    good စွဲ

    reply

  • reader ဂျီနင် 20.01.2020, 02:42 5

    အရမ်းကောင်းတယ် ဆရာမစွဲရေ အမြဲအားပေးနေပါတယ်

    reply

  • reader ဝရိန္မုိး 20.01.2020, 02:11 5

    ကောင်း

    reply

  • reader MayMyatMoeMyint 28.12.2019, 11:40 5

    Good

    reply

  • reader ကောင်မလေး 20.12.2019, 04:20 0.5

    စွဲ စာတေက ဖတ်မရဘူး zကော uနဲ့ပါ ဖတ်မရတာ

    reply

  • reader ThuKa 14.12.2019, 12:27 4

    pink

    reply

  • reader May Myat 05.12.2019, 15:42 4.9

    Wow.. I like this

    reply

  • reader KhinWin 01.12.2019, 03:56 5

    Good

    reply

  • reader ငတကျပွား 29.11.2019, 17:53 4.8

    ယေ့ ယေ့ စောင့်ဖတ်ရမယ့်အထဲ ပါနေပီ... ဖတ်ပြီလေ...

    reply

  • reader JuliusJulius 27.11.2019, 23:08 5

    So good

    reply