book

Index 9

အခန်း ၉

  • Author : Athena
  • Genres : Romance, Drama

ရုံးခန်းထဲမှာမေဦးက လိဝေကိုခန့်နိုင်ထိုးလိုက်တဲ့နေရာကိုရေခဲကပ်ပေးနေသည်.. မျက်လုံးမှာဝဲနေတဲ့မျက်ရည်များကလည်းအထင်းသား.. လိဝေကိုအားနာတဲ့အကြည့်များနှင့်ကြည့်နေသည်.. လိဝေက မေဦးလက်ထဲကရေခဲထုတ်လေးကိုယူကာ ဘေးချလိုက်သည်.. မေဦးကိုခေါင်းလေးပွတ်ပေးကာချော့သည်..

`မငိးစိတ်မကောင်းဖြစ်စရာမလိုပါဘူး.. မင်းအမှားမဟုတ်ဘူးလေ´

`တောင်းပန်ပါတယ် လိဝေ တကယ်ကိုတောင်းပန်ပါတယ်.. ကျွန်မနဲ့ပက်သက်လို့ရှင်ဒီလိုတွေဖြစ်ရတာ တောင်းပန်ပါတယ်..´

မေဦးမျက်ရည်များစီးကျလာသည်.. လိဝေကမျက်ရည်များကိုသုတ်ပေးပေမယ့် မရပ်သွားပါ.. လိဝေမေဦးကိုဖက်ထားလိုက်သည်..

`လိဝေ ရှင်သိရဲ့လား.. ရှင်နဲ့တွေ့လို့ကျွန်မအဆင်ပြေသွားပေမယ့် ရှင်အမြဲနစ်နာတယ်.. ကျွန်မဘယ်သူ့အကူအညီမှမလိုခဲ့ဘူး.. ဘယ်သူ့ကိုမှလည်းအခုလိုအားမနာခဲ့ရဘူး.. ရှင်ဘာလို့ကျွန်မအပေါ်အနစ်နာခံနေတာလဲ..´

မျက်ရည်များနှင့်လိဝေရင်ထဲကနေသာပြောနေသည်.. မျက်နှာချင်းဆိုင်ပြောရမယ့်သတ္တိ မေဦးမှာမရှိခဲ့ပါ.. လိဝေမေဦးကိုခေါင်းလေးသပ်ပေးသည်.. 

`ဘာမှမဖြစ်ဘူး ကိုယ်ဂရုမစိုက်ဘူး အပေးအယူတွေကို.. အစောကြီးတည်းက မင်းကိုကူညီလို့ပြန်ရချင်တာမျိုးမရှိခဲ့ဘူး အကောင်းဘက်ကကြည့်ရင် ကိုယ်ကမင်းအားနာရ ကျေးဇူးတင်ရတဲ့ ပထမဆုံးသူဖြစ်နေတာပဲ.. တန်ပါတယ်..  မင်းစိတ်မပူနဲ့တော့.. လာ... ကိုယ့်ကိုရေခဲပြန်ကပ်ပေး.. ´

မေဦးလိဝေရင်ထဲမှဖြည်းဖြည်းထွက်ကာရေခဲကို ယူလိုက်သည်.. နောက်ဒဏ်ရာပေါ်ကိုဖွဖွကပ်ထားသည်.. လိဝေကမျက်ရည်များသုတ်ပေးသည်.. 

`တိတ်တော့.. တော်ကြာကိုယ်တို့ကို မခွဲနိုင်လို့ငိုနေကြတယ်ထင်လိမ့်မယ်...´

မေဦးထရယ်သည်..

`ဟုတ်သားပဲ.. ရှင်ဘယ်လိုလုပ် ကျွန်မတို့ဒီမှာလုပ်တာသိလဲ..´

`မေထွေးပြောပြတာ..´

`ဪ...´

မေဦးရေခဲသာဆက်ကပ်ပေးသည်.. နောက်မေဦးကိုယ်တိုင်ကားမောင်းပြီး... လိဝေကိုလေဆိပ်လိုက်ပို့ပေးသည်.. လေယာဥ်ပေါ်မတတ်ခင်လေး မေဦးတို့ရပ်စောင့်ကြသည်..

`ကိုယ်မင်းကိုနှုတ်မဆက်ချင်ခဲ့တာ..´

`ကျွန်မရောပဲ..´

လေဆိပ်ကြီးတစ်ခုလုံးတိတ်ဆိတ်ပြီး..လွမ်းစရာကောင်းလှသည်.. မေဦးလိဝေကိုခိုးကြည့်သော်လည်း.. ဘာပြောရမှန်းမသိပါ..

`ရှင်... နောက်တစ်ခါလာရင်.. ကျွန်မဆီလာလည်ပေါ့..´

`မင်းစိတ်ချပါ.. ကိုယ်အချိန်ရတာနဲ့ မင်းကိုတွေ့ဖို့ပြန်လာပါမယ်´

မေဦးလိဝေကိုမော့ကြည့်ကာပြုံးပြသည်..

သို့ပေမယ့် လေယာဥ်ထွက်ခွာတော့မည့်ကြေငြာချက်ကြောင့် အပြုံးများပျောက်သွားရပြနိသည်.. လိဝေမေဦးအနားကပ်ကာ လက်နှစ်ဖက်နှင့်မေဦးပခုံးကိုဆုပ်ကိုင်လိုက်သည်..

`ကိုယ်မင်းကိုအချိန်တိုင်းဆက်သွယ်မယ်.. မင်းlineပေါ်မှာ အချိန်တိုင်းရှိနေပါ.. ကိုယ်အချိန်ရတာနဲ့ ဖြစ်သမျှပြောမယ်.. မင်းတစ်နေ့တာဖြစ်သမျှလည်းကိုယ့်ကိုပြောပါ.. ကိုယ်မင်းနဲ့အတူရှိသလိုမျိုး မင်းအကြောင်းအကုန်သိချင်တယ်.. နေ့တိုင်းရှိနေပေးပါ.. ကောင်းပြီလား.. ကိုယ်ပြန်ရတော့မယ်.. ကိုယ့်ကိုကတိပေး.. ´

မေဦးခေါင်းညိတ်ပြသည်.. လိဝေမေဦးခေါင်းလေးကိုပုတ်ကာနှုတ်ဆက်ပြီးနောက် လျှောက်လမ်းဆလးကနေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်....

ဒီလိုနဲ့နှစ်လလောက်ကြာခဲ့ပြီ.. Dream Land fashion houseလေးကနာမည်တော်တော်ရလာပြီး.. ရောင်းအားလည်းကောင်းလာသည်.. သို့သော် သော်တာနဲ့ခန့်နိုင်ကတော့ အခုထိကိုနှောင့်ယှက်နေကြတုန်းပါ.. ခန့်နိုင်ကပြန်လာဖို့ဆိုတဲ့ခေါင်းစဥ်နဲ့အမြဲလိုက်စကားပြောနေခဲ့သည်.. သော်တာကလည်းအဲဒါကိုမကျေနပ်တာကိုအလုပ်မှာနှောင့်ယှက်တတ်သည်.. မေဦးနဲ့လိဝေကတော့ ညတိုင်းတစ်နေ့ဖြစ်ပျက်သမျှတွေကို တစ်ယောက်နဲ့တစ်ယောက်ပြောပြကြသည်.. တစ်ယောက်နဲ့တစ်ယောက်အားပေးတတ်ကြသည်.. သော်တာရဲ့နှောင့်ယှက်ပုံတွေပြောပြရင် လိဝေကရှောင်ထွက်ပြီးဖြေရှင်းနိုင်မည့်နည်းကိုပြောပြသည်.. မေထွေးလည်းကျောင်းတတ်နေခဲ့ပြီ.. 

မေဦးဒီနေ့ဆိုင်ကိုလာတော့ သော်တာနှင့်ခန့်နိုင်က အခန့်သား ရုံးခန်းထဲမှာထိုင်နေသည်.. မေဦးလုပ်စရာတွေကိုပုံမှန်သာလုပ်ရင်း..

`ဘာကိစ္စရှိလို့လဲ?´

`မေဦး နင်သိပ်ကိုသူစိမ်းဆန်နေတာပဲ နှစ်လတောင်ရှိပြီလေ သူစိမ်းတွေလည်းမဟုတ်ဘူး အခုထိစိတ်ကောက်မပြေနိုင်သေးဘူးလား..´

မေဦးဘာကိုမှဆက်မပြောပါ စာရင်းဖိုင်တွေကိုသာပြန်စစ်နေသည်.. သော်တာကမေဦးကိုကြည့်ပြီး

`ကောင်းပါပြီ..ပြောမယ်.. လာမယ့် ၂လပိုင်းနှစ်ကူးကျရင် ခရီးထွက်ကြမယ်.. တစ်ဆိုင်လုံး ဝန်ထမ်းတွေပါ..´

`အကြောင်းအရင်းက..´

`တရုတ်နှစ်ကူးလေ.. ပြီးတော့ဝန်ထမ်းတွေနဲ့ဆက်ဆံရေးကပိုကောင်းလာအောင်လို့..´

`ဒါဆိုနင်မတွေးမိဘူးလား.. အဲဒီအချိန်ကဈေးရောင်းလို့ကောင်းတယ်ဆိုတာရော.. ´

`အာ..မေဦးကစီးပွားဆန်နေပြန်ပြီ.. တစ်ခါတလေလေးပိုက်ဆံအကြောင်းတွေးလို့မရဘူးလား´

မေဦးသူတို့နားကခုံမှာလာထိုင်လိုက်သည်..

`ဒီဆိုင်ဖြစ်ဖို့ ငါအများကြီးအားထုတ်ခဲ့ရတာ.. လွယ်လွယ်သာစွန့်လွှတ်နိုင်မယ်ဆိုရင် ငါနင်တို့နဲ့ဆက်လုပ်မှာမဟုတ်ဘူး.. အချိန်နှစ်လက နင်တို့လုပ်ထားတာတွေကိုဖျောက်ပေးသွားရအောင်.. နင်တို့ကသိပ်ဖြူစင်ကြလို့လား..´

`တော်စမ်း.. အခုနိုင်ကငါ့ချစ်သူ စေ့စပ်တော့မှာ အရင်ကဘာပဲဖြစ်ဖြစ်နင်နဲ့မဆိုင်​တော့ဘူး..´

`သစ္စာဖောက်ပြီးတွဲခဲ့တာ ငါစွန့်ပစ်လို့ရသွားတာကိုလား´

`နင် ပါးစပ်ပိတ်ထား..´

သော်တာထအော်သည်..ခန့်နိုင်သော်တာကိုတားကာ

`မေ... ဪ.. မေဦး.. ကိုယ်တို့ပြောတာ.. ကိုယ်တို့မှားခဲ့ပါတယ် ဒါပေမယ့် အခုကြည့်ပါဦး. ဒီဆိုင်လေးက onlineရော ဆိုင်အနေနဲ့ရော အရမ်းအောင်မြင်နေတာ.. ကိုယ်တို့ဝန်ထမ်းတွေလည်းကြိုးစားလို့ပင်ပန်းနေကြမှာပဲလေ.. အလုပ်အနေနဲ့ပါ.. ဒါပေမယ့်မပြောနိုင်ဘူး.. ကိုယ်တို့လည်းအရင်လိုပြန်ပြီး ခင်ခင်မင်မင်နေသွားနိုင်ပါတယ်..´

`ရှယ်ယာအနေနဲ့ဆိုရင် ရှင်တို့က နှစ်မဲတစ်မဲနိုင်ပါတယ်.. သွားချင်ရင်သွားလို့ရတာပဲ ဒါပေမယ့်ဒါကအလုပ်အနေနဲ့ပါ.. အရင်လိုဆိုတာ အတိတ်သပ်သပ်ပဲ ဘယ်တော့မှပြန်ဖြစ်လာမှာမဟုတ်ဘူး ရှင်တို့ပြောချင်တာဒါပဲဆိုရင်ပြန်လို့ရပါပြီ.. ဒီကိစ္စကိုနောက်လမှဆက်ပြောကြတာပေါ့..´

သော်တာ အိတ်ကိုကောက်ကိုင်ကာ ဆောင့်အောင့်ပြီးထွက်သွားသည်.. မေဦးသူတို့ထွက်သွားသည်ကိုကြည့်ပြီးခဏနေတော့ အလုပ်စာရင်းတွေကို laptopထဲမှာ ဇယားပြန်ချသည်.. အလုပ်လုပ်ရင်း လိဝေဆီမှ video callဝင်လာသည် မေဦးလိဝေနှင့်ပုံမှန်ဆို မနက်အစောကြီးနဲ့ ညလောက်ပဲစကားပြောဖြစ်ကျပေမယ့် ယခု လိဝေကလည်းဖုန်းခေါ်သည်.. မေဦးလည်းခရီးအကြောင်းကိုပြောပြချင်သည်မို့ ဖုန်းကိုချက်ချင်းကိုင်လိုက်မိသည်..

`Hello´

လိဝေလက်လေးယမ်းကာနှုတ်ဆက်သည်.. မေဦးလည်းလက်လေးယမ်းကာပြန်နှုတ်ဆက်ပြီး..

`ရှင်ဒီနေ့အလုပ်မရှိဘူးလား´

`ဟင့်အင်း မင်းသမီးနေမကောင်းလို့တစ်ရက်နားတော့ ကိုယ်လည်းအနားယူလိုက်တယ် ဒီနေ့တစ်ရက်လုံးမင်းနဲ့စကားပြောမယ်လေ..´

`ရှင်နားငြီးမှာနော်..´

`မဖြစ်နိုင်ပါဘူး ဒီမှာကိုယ့်ကိုမင်းလိုဒေါသထွက်ပြီး အော်တတ်တဲ့သူမရှိဘူးလေ..´

`ကောင်းပြီလေ ဒါဆိုလည်းကျွန်မကရှင့်ကိုကူညီတဲ့အနေနဲ့ များများအော်ပေးမယ်..´

လိဝေထရယ်သည်နှင့်မေဦးလည်းရယ်သည်..

`ဒါနဲ့ ကျွန်မရှင့်ကိုပြောစရာရှိတယ် ခုနကပဲ သော်တာနဲ့မေဦးလာသွားတယ်.. ´

`ဘာလာလုပ်တာလဲ´

`အဲဒါက.........´

မေဦးကလိဝေကိုအကြောင်းစုံရှင်းပြသည်..

လ်ဝေကသေချာနားထောင်ပြီးနောက် ခေါင်းလေးငြိတ်ကာမေဦးကိုနှစ်သိမ့်သည်..

`မင်းစိတ်ချပါ.. အဆင်ပြေသွားလိမ့်မယ်.. အဲဒါကိုခေါင်းထဲမထည့်နဲ့တော့.. မင်းဘာလုပ်စရာရှိသေးလဲ´

`ရှင်မအားတော့ဘူးလား´

`ကိုယ်မအားတာမဟုတ်ပါဘူး.. မင်းလုပ်စရာရှိတာလုပ်ရင်းပြောဖို့ပြောချင်တာပါ..´

`ဪ.. ကျွန်မမနေ့ကဝင်တဲ့အထည်စာရင်းလေးစစ်ဦးမယ်.. ရှင်ပြောနေလေ.. ကျွန်မနားထောင်မယ်´

`ကောင်းပြီ.. ကိုယ်ပြောပြမယ်.. ဟိုနေ့က....´

လိဝေကရုပ်ရှင်ရိုက်ရင်းလွဲခဲ့တာလေးတွေကိုပြောပြသည်.. မေဦးကအလုပ်လုပ်ရင်း တစ်ခစ်ခစ်ရယ်နေတော့သည်.. ဒီလိုနဲ့ဒီနေ့လေးဟာသူမတို့ရဲ့ ပျော်ရွှင်တဲ့နေ့လေးအဖြစ်ပြောင်းသွားတော့သည်..


rate now:

2 Reviews
  • reader Kyaw min htun 02.01.2020, 14:24 5

    ပြန်လာပါတော့

    reply

  • reader သစ်​ခတ်​စိမ်း 02.01.2020, 13:45 4.9

    လိဝေပြန်လာမှာလားဟင်

    reply