book

Index 8

အခန်း ၈

  • Author : Athena
  • Genres : Romance, Drama

လိဝေနှင့်မေဦးကားကိုရပ်ထားကာ ကားထဲ၌ထိုင်နေသည်.. အန်ထားသည်မို့မေဦးငြိမ်သွားသည်.. ကားထဲဖွင့်ထားတဲ့ အဲယားကွန်းအေးအေးနှင့်ခဏလောက်မှီပြီးငြိမ်နေရသည်.. ခဏနေတော့ မျက်လုံးလေးဖွင့်ကာသက်ပြင်းချသည်.. အဲဒီတော့မှလိဝေမေဦးဘက်လေးစောင်းထိုင်ကာ..

`မင်းသက်သာသွားပြီလား..´

`အင်း..´

`မင်းမစားနိုင်ပဲဘာလို့အဲလောက်စားရတာလဲ..´

`စားချင်လို့​.. အရင်ကလည်းစားဖူးပါတယ်´

`မင်း.. ကိုယ့်ရှေ့မှာဟန်ဆောင်စရာမလိုပါဘူး.. မင်းခံစားချက်အတိုင်းနေပါ..´

`ရှင်..´

`မင်းအခုလိုစားတာ ဗိုက်ဆာလို့လည်းမဟုတ်ဘူး... စားချင်လို့လဲမဟုတ်ဘူး... မင်းငိုမိမှာစိုးလို့လေ.. ပြီးတော့မင်းမပြိုလဲချင်လို့..မင်းရှက်နေတာ.. ဝမ်းနည်းနေတာတွေကို ဒေါသနဲဖုံးပစ်ချင်နေတာလေ..´

မေဦးဘာမှမပြောပဲ ခေါင်းလေးသာငုံထားသည်.. ရင်ထဲမှာလှိုက်ပြီးဝမ်းနည်းလာသည်.. မျက်ရည်များဝဲလာသည်..

`မင်းအမှားမဟုတ်ဘူးလေ.. သူကမကောင်းတဲ့သူမှန်းသိအောင်မျက်နှာမှာစာရေးထားတာမှမဟုတ်တာ မင်းမှာလူရွေးမှားပိုင်ခွင့်ရှိပါတယ်.. ဒါမှမင်းအမှန်ပြင်နိုင်မှာလေ.. မင်းအော်ငိုလို့ရတယ်.. အသည်းကွဲလို့ရတယ်.. ဒါပေမယ့်ကိုယ့်ကိုယ်ကိုအဒီထဲမှာမပိတ်​လှောင်စေနဲ့ သူတို့ကမင်းနဲ့မထိုက်တန်တာပါ..´

မေဦးပါးပေါ်စီးကျလာသောမျက်ရည်များကိုမသုတ်ပဲ.. လိဝေကိုမော့ကြည့်သည်..

`ရှင်နဲ့ကျွန်မသိတာ တစ်ပတ်မပြည့်သေးဘူး.. ရှင်ဘာလို့ကျွန်မအကြောင်းအရမ်းသိတာလဲ.. ဘာလို့ကျွန်မအပေါ်ကောင်းတာလဲ.. ဘာလို့ကျွန်မကိုနားလည်နေတာလဲ..´

လိဝေဘာမှမပြောဘဲ မေဦးကိုသာကြည့်နေသည်.. မေဦးငိုရင်းအရှေ့ကိုလှည့်ကာ..

`ရှင်သိလား.. ကျွန်မလေ.. ခန့်နိုင်က ကျွန်မအပေါ်လိုအပ်တာတွေကိုဂရုစိုက်ပေးခဲ့တုန်းက သူကျွန်မသိပ်ချစ်လို့... သိပ်ကိုအလေးထားတယ်ထင်ခဲ့တာ..ဒါပေမယ့် အဲဒါတွေအားလုံးက သူ့မှာသစ္စာမရှိတာကိုဖုံးထားချင်ခဲ့တာလေ.. ကျွန်မအရူးဖြစ်ခဲ့တာရှင့်..´

မေဦးမျက်ရည်များသုတ်ကာပြောသည်.. သို့သော် စီးကျလာသောမျက်ရည်များကမရပ်ဆဲသွားပါ.. လိဝေမေဦးခေါင်းလေးပုတ်ကာ အနားတိုးလာသည်..

`ငါမင်းကိုပုခုံးတစ်ဖက်ငှားပေးမယ်..မင်းငိုလို့ရအောင်ပေါ့.. ´

`ဘယ်သူကလိုချင်လို့လဲ..´

မေဥိးငိုရင်းရန်တွေ့သည်.. ခဏကြာတော့မေဦးလိဝေပုခုံးကို ခေါင်းနှင့်တိုက်ကာငိုတော့သည်.. လိဝေကတော့ ခေါင်းလေးကိုပုတ်ပြီးသာ..ချော့သည်..

ညရောက်တော့... မေထွေးနဲ့မေဦး အပေါ်ထပ်ဝရံတာလေးမှာထိုင်ကာစကားပြောကြသည်.. မေဦးကဖြစ်ကြောင်းကုန်စင်ကိုပြောပြသည်..

`ဟာ.. မမ အရမ်းကိုမိုက်တယ်.. အဲလိုလုပ်သင့်တာ.. သစ္စာမရှိတဲ့သူတွေကို..´ နောက်ပြောပြရင်းနဲ့ လိဝေအကြောင်းကိုရောက်သွားခဲ့သည်.. မေထွေးက နားထောင်ပြီးနောက်...

`မမ.. လိဝေကိုဘယ်လိုမြင်လဲ..´

`ဘာကိုလဲ´

`သူကမမအပေါ်အရမ်းကောင်းတယ်.. မမအကြောင်းမသိဘဲနဲ့တောင် ကောင်းစေချင်တဲ့စိတ်နဲ့ သိန်းသောင်းချီ အကုန်ခံနိုင်တယ်လေ.. ပြီးတော့ မမ imageထိခိုက်နေတဲ့အချိန်တောင်​ ဘေးမှာပဲနေခဲ့တာ.. သူမမကို ကူညီချင်ရုံဆိုရင်တောင် အဲလောက်လိုအပ်လို့လား...´

`ငါ့အထင်တော့ လိဝေကသူ့အမေနဲ့ပက်သက်ပြီး psychoနည်းနည်းများရှိလားမသိဘူး..ငါသူ့ကိုမေးတော့ သူ့အမေလိုမဖြစ်စေချင်ဘူးပြောတယ်..´

`ဒါပေမယ့် သူကမမကို အမြဲစိုးရိမ်တယ်.. ´

`မေထွေး.... နင်ဘာကိုပြောချင်တာလဲ..´

`မမကို စိတ်ဝင်စားတယ်ထင်တယ်...´

`ဟား... ဟား...´ မေဦးထရယ်တယ်  

`မဖြစ်နိုင်ဘူး.. ဘာလို့လဲသိလား.. ငါသူ့ကိုတွေ့ပြီးတည်းက သူ့အကြောင်းရှာခဲ့တယ်.. black cardကိုင်နိုင်သူလေ.. သိပ်ရှာစရာမလိုပါဘူး.. သူကမင်းသား.. မော်ဒယ်.. နောက်ပြီး သူ့ရည်းစားဟောင်း ကျောင်းရှန်းရှန်း... သူတို့သတင်းတွေကခုထိနာမည်ကြီးတုန်း.. ပရိတ်သတ်ကလည်း သန်းနဲ့ချီရှိတာ.. နင်ပြောကြည့် ငါ့လိုဘာမဟုတ်တဲ့သူကိုသဘောကျမှာလား..ရုပ်ရှင်ရိုက်နေတာမှမဟုတ်တာဟာ...´

မေထွေးဘာမှမပြောဘဲငြိမ်နေသည်.. ဒါပေမယ့်စိတ်ထဲမှာတော့သေချာခဲ့သည်.. မေဦးနဲ့လိဝေ ဆက်ဆံရေးဟာ သာမာန်တော့မဟုတ်ပါ... မေဦးကို လိဝေလိုလူမျိုးနဲ့ပဲ တွေ့စေချင်မိသည်..

....

မနက်ရောက်တော့ မေဦးပန်းခြံလေးကိုထွက်လာခဲ့သည်.. လိဝေကရောက်နေကျနေရာလေးမှာပင်.. မေဦးလိဝေဆီသို့အပြေးသွားသည်..

`ကိုယ်က မင်းနေမကောင်းလို့ မလာတော့ဘူးထင်နေတာ..မင်းလာတာပဲ.. သက်သာရဲ့လား´

`အင်း.. ဘာမှမဖြစ်ဘူးပြောသားပဲ..´

`မင်းအဆင်ပြေရင်ပြီးတာပါပဲ..´

မေဦးပြုံးကာသာကြည့်နေသည် လိဝေကခေါင်းတစ်ချက်ပုတ်ပြီး အရှေ့ကနေမနေ့ကလျှောက်တဲ့နေရာလေးဆီဦးတည်သွားသည်.. မေဦးလည်းအနောက်ကသာလိုက်လာသည်.. နောက်ပြီးလျှောက်နေကျအတိုင်းလေးပဲလျှောက်သည်.. သို့သော်ခပ်များများမလျှောက်ပဲလိဝေက နားလိုက်သည်.. 

`ဒီနေ့ဘာလို့ လေးခေါက်ပဲလျှောက်တာလဲ.. ´

`မင်းအားနည်းနေလို့..´

`ရပါတယ်.. ကျွန်မလျှောက်နိုင်တယ်..´

`ဒီတိုင်းစကားပဲပြောရအောင်.. မင်းအကြောင်းပေါ့...´

မေဦးခေါင်းလေးငြိတ်ပြသည်.. နောက်သူတို့နှစ်ဦး.. အနားကသစ်ပင်တန်းတွေရှိတဲ့မြက်ခင်းပေါ်မှာထိုင်လိုက်ကြသည်... မေဥိးသက်ပြင်းလေးချကာ လိဝေဘက်ကိုလှည့်ပြီးသက်တောင့်သက်သာထိုင်ပြီး..

`ရှင်.. ကျွန်မအကြောင်းဘာသိချင်တာလဲ?´

`မင်း သူတို့နဲ့ပက်သက်စရာရှိသေးလား..´

မေဦးမှိုင်ကျသွားကာ ခေါင်းညိတ်သည်..

`ကျွန်မတို့ လာမည့်အပတ်မှာ fashion houseဖွင့်မှာ...´

`မင်းဘယ်လိုလုပ်မလဲ...´

`ကျွန်မ မသိဘူး... ကျွန်မ အဲဆိုင်လေးကိုဖွင့်နိုင်ဖို့ ကျွန်မချွေးနဲ့ရင်းခဲ့ရတာ...မစွန့်လွှတ်နိုင်ဘူး.. သူတို့ကိုလည်းမတွေ့ချင်ဘူး..´

မေဦးမျက်ရည်များဝဲကာ လိဝေကိုအားကိုးတကြီးပြောသည်..

`မင်းပြောတာစိတ်ဝင်စားစရာပဲ.. ကိုယ့်ကို အဲဆိုင်လေးအကြောင်းပြောပြ..´

`အဲဲဆိုင်လေးက.. ကျွန်မကိုယ်ပိုင်ပိုက်ဆံရှာခဲ့ပြီးဖွင့်ဖို့ကြိုးစားတာ.. ဆိုင်ခန်းက ခန့်နိုင်ရဲ့အိမ်လေ.. ပြီးတော့ သူက အခန်းခကို ရှယ်ယာလိုထားပြီး 25%ယူမယ်လို့သဘောတူထားတာ.. ကျွန်မတစ်ယောက်တည်းပိုက်ဆံက ဆိုင်ဖွင့်ဖို့လုံလောက်ရုံပဲရှိခဲ့တာ သော်တာက ကျွန်မကို သူ့ဆွေမျိုးခပ်ဝေးဝေးက ကောင်မလေးတွေငှားပေးထါးတယ်.. အဲအတွက်ရှယ်ယာ 30%ယူခဲ့တယ် ကျန်တဲ့ အဝတ်အစားမှာတာ ယူတာတွေ onlineရော.. offlineရောမို့ delivery တွေပါ ကျွန်မပြင်ထားခဲ့တာ.. သူတို့ပြောသလို ရှယ်ယာအရဆိုရင်.. သူတို့နှစ်ယောက်က 55% ကျွန်မက 45%ရမယ်.. တစ်ယောက်ချင်းကြည့်ရင်တော့ ကျွန်မကအများဆုံးပေါ့.. ဒီတော့ သူတို့ကိုရှောင်ဖို့မလွယ်တော့ဘူး.. ပြီးတော့ဆိုင်ဖွင့်ပွဲအတွက် ဖိတ်စာတွေကဝေလိုက်ပြီးပြီ.. ´

`မင်းသာဆန္ဒရှိရင် သူတို့ကိုသာမာန်အတိုင်းပိုက်ဆံပေးပြီး ဆိုင်ကိုမင်းတစ်ယောက်တည်းပိုင်အောင်လုပ်လို့ရတယ်.. ကိုယ်ကူညီမယ်..´

မေဦးခေါင်းလေးခါပြီး သက်ပြင်းထပ်ချသည်..

`မရတော့ဘူး..အဲဒီတုန်းက ကျွန်မသူတို့ကိုအားနာလို့ဆိုပြီး စာချုပ်လုပ်ပေးခဲ့တယ်.. အခုအတည်ဖြစ်သွားပြီ..သူတို့နှစ်ယောက်လုံးလက်လျှော့ကြမှာမဟုတ်ဘူး..´

`မင်းပိုပြီး ကြံခိုင်ရတော့မယ်.. ကိုယ်လည်းမင်းကိုအချိန်တိုင်းမကယ်နိုင်တော့ဘူး..´

`ရှင်..´

`ကိုယ်နောက်အပတ်တရုတ်ကိုပြန်ရတော့မှာ.. ကိုယ့်မှာချုပ်ထားတဲ့စာချုပ်တွေအများကြီးပဲ.. နှစ်နှစ်လောက်ကြာမှာ.. ကိုယ်မင်းကိုစိတ်မချဘူး..´

မှိုင်တွေနေသောမေဦး မျက်နှာလေး ဝမ်းနည်းရောင်သမ်းသွားသည်.. စီးကျလာသောမျက်ရည်များကိုမသိမသာသုတ်ရင်း..

`ရှင်ကလည်း ကျွန်မဘဝလမ်းမှာတွေ့ရတဲ့ အရာတစ်ခုနေမှာပါ.. အရမ်းကောင်းတဲ့အရာပေါ့.. ရှင်သိလား.. ကျွန်မလူတစ်ယောက်ကို တစ်ခါမှလွယ်လွယ်မယုံဖူးဘူး.. ဒါပေမယ့်ရှင့်အနားရှိ​နေရင် ကျွန်မသက်တောင့်သက်သာရှိတယ်.. ဒါပေမယ့် ကျွန်မတစ်ကိုယ်ကောင်းမဆန်ပါဘူး... ရှင့်မှာပြန်သွားသင့်တဲ့အကြောင်းတွေအများကြီးရှိတာ သိပါတယ်.. ကျောင်းရှန်းရှန်းရော.. အလုပ်တွေရော..´

`မင်း ရှန်းရှန်းကိုဘယ်လိုသိလဲ´

`ရှင်ကနာမည်ကြီးတစ်ယောက်လေ.. ရှင်တို့သတင်းတွေကသိရလွယ်ပါတယ်..´

`ကိုယ်နဲ့ ရှန်းရှန်းကပြီးသွားပါပြီ..´

`ဒါပေမယ့်ပရိတ်သတ်တွေက ရှင်တို့ကိုမျှော်လင့်တုန်းပဲ..´

`သူ.. ကိုယ့်ကိုသစ္စာဖောက်ခဲ့တယ်.. ကိုယ်နဲ့လမ်းခွဲခဲ့တယ်.. နောက်တော့ လာပြန်တောင်းပန်တယ် ဇွဲရှိရှိနဲ့.. ကိုယ်သူ့ကိုခွင့်လွှတ်ပေးလိုက်တယ်.. ဒါပေမယ့် ပြန်ချစ်မှာမဟုတ်ဘူး..´

`တောင်းပန်ပါတယ် ကျွန်မစပ်စုမိပြီ..´

လိဝေပြုံးကာ ခေါင်းလေးခါပြီး မေဦးကို ခေါင်းလေးပုတ်ပေးသည်..

`မင်းဆိုင်ဖွင့်ပွဲကဘယ်တော့လဲ..´

`3ရက်နေ့...´

လီဝေသက်ပြင်းတစ်ချက်ချကာ မေဦးကိုအားနာသလိုကြည့်သည်..

`ကိုယ် 3ရက်နေ့ပြန်မှာ...´

မေဦးမှိုင်သွားပေမယ့် ဟန်ဆောင်ပြုံးကာ ဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့သည်..

လိဝေကိုအနားမှာရှိစေချင်သည်.. မေဦးဝန်မခံရင်တောင် လိဝေအနားမှာရှိနေရင်လုံခြုံသလိုခံစားရသည်.. သို့သော်မေဦးမာနထားရမည်.. တစ်ပတ်လောက်လေးတွေ့ဖူးတဲ့သူကို ယုံကြည်မှုရှိရင်တောင် ဖော်မပြနိုင်ပါ.. အထင်သေးမှာကိုကြောက်သည်.. သူ့ကိုစိတ်ဝင်စားမိလည်း မကြိုးစားနိုင်ပါ.. မေဦးနောက်တစ်ခါအသည်းခွဲမခံနိုင်တော့ပြီ.. ဒီအတိုင်းရှိနေရုံလေးသာ ကျေနပ်သည်.. 

....ဒီနေ့၃ရက်နေ့ဆိုင်ဖွင့်ပွဲ.. လိဝေတော့ပြန်​ေလာက်ပြီ.. ဒီနေ့တစ်နေ့လုံးသူ့အားမတွေ့ပါ.. မေဦးလည်းဖုန်းမဆက်ခဲ့.. နှုတ်မဆက်ချင်ပါ.. နောက်ပြီးမေဦးကြောက်သည်.. လိဝေနဲ့တွေ့တဲ့အခါမျက်ရည်ကျမိမှာကို.. ဒါကြောင့်လိဝေပြောခဲ့တဲ့စကားတွေကိုသာနားထောင်ပြီး မေဦးအကောင်းဆုံးရင်ဆိုင်သွားမည်.. မေဦးအလှပြင်ရန်မှန်တင်ခုံရှေ့ထိုင်လိုက်သည်.. မှန်ကိုကြည့်ပြီး သက်ပြင်းကြီးကြီးတစ်ချက်ချကာ..  အလှပြင်လိုက်သည်.. နောက်ဘီရိုကိုဖွင့်တော့ ဂါဝန်တွေ... မေဦးဝယ်ခဲ့ လက်ဆောင်ရခဲ့ပြီးမဝတ်ဖြစ်ခဲ့ပါ.. အဝါရောင်လေးတစ်ထည်ကောက်ယူကာ ဝတ်လိုက်သည်.. လက်ပြတ်ကေိုစကတ်ကားကားနှင့်လှပါသည်.. သို့သော်.. ပွဲနှင့်ကျနုတ်သွားမည်.. နေဗီပြာလေးကိုယူကာလဲဝတ်သည်.. အရောင်ကတင့်တယ်သော်လည်း.. ဒီဇိုင်းကရိုးလွန်းသည်.. အနက်ရောင်လေးကိုတစ်ခါလဲလိုက်သည်.. body fitဖြစ်ပြီး ရင်စီးကျောခွဲလေး မေဦးထပ်ကာမှန်ရှေ့သွားကြည့်သည်.. ဒါလေးအဆင်ပြေတယ်.. နောက်ငွေရောင်ပွဲတတ်အိတ်လေးထဲ.. မေဦး ဖုန်း နှုတ်ခမ်းနီနှငိ့ ပိုက်ဆံအိတ်လေးထည့်ကာထွက်လာသည်.. သို့သော်မထင်မှတ်ထားသည်မှာ သော်တာကလည်း အရောင်တူ ဒီဇိုင်းခပ်ဆင်ဆင်ကိုဝတ်ထားခြင်းပင်.. ဒါတင်မက.. ခန့်နိုင်ရဲ့လက်ကိုလည်းကျစ်နေအောင်တွဲထားသေးသည်.. မေဦးတကယ်ကိုစိတ်ပျက်မိသည်.. ဖြစ်နိုင်ရင်ဒီနေရာကနေအပြေးထွက်သွားချင်မိသည်.. 

`ကျေးဇူးပြုပြီး လိဝေရှိနေပေးပါ...´

မေဦးတိတ်တိတ်လေးသာဆုတောင်းမိသည်.. မထင်မှတ်ထားတဲ့ပြသနာကဖြစ်ပေါ်လာသည်.. မေဦးဒီပွဲအတွက်မှာထားခဲ့တာက ဝိုင်နီ.. အခုက ဘီယာတွေ.. ဝီစကီတွေဖြစ်နေသည်.. သာမာန်အချိန်ဆိုသည်းခံနိုင်ပေမယ့်.. အခုလိုအစာအိမ်မကောင်းတဲ့အချိန်သောက်ရန်အဆင်မပြေပါ..

တွေးနေတုန်းပင်.. ခန့်နိုင်နှင့်သော်တာကျွန်မအနားရောက်လာတယ်.. 

`မေဦး.. ဆိုင်ဖွင့်ပွဲလေးအတွက် congratulations နော်.. နင့်အိပ်မက်လေးဖြစ်သွားပြီမလား..´

အရက်ခွက်ကိုမြှောက်ကာစကားပြောနေသည်.. မေဦးခန့်နိုင်နဲ့သော်တာကိုတစ်ချက်ကြည့်ကာ လှည့်ထွက်ရန်အသွား.. ဖေဖေ့မိတ်ဆွေ ကိုမင်းအောင်တို့လင်မယားကအနားထပ်ရောက်လာသည်.. 

`သုံးယောက်လုံးကိုဂုဏ်ပြုတယ်နော်.. အထူးသဖြင့် မေဦးကိုပေါ့..´ မေဦးပြုံးပြီးခေါင်းလေးငြိတ်ပြသည်.. သို့သော်ကိုမင်းအောင်ကမကျေနပ်တဲ့ပုံနှင့်.. ဝိတ်တာကိုလှမ်းခေါ်ကာ.. အရက်ခွက်တစ်ခွက်တောင်းပြီး မေဦးလက်ထဲထည့်လိုက်သည်.. 

`ကျွန်မသောက်လို့မရဘူး..´

ပြောလို့မပြီးသေးခင်.. သော်တာက..

`မေဦး နင်ရိုင်းသွားပြီ.. ဂုဏ်ပြုတာလေ ဘာပဲဖြစ်နေနေလက်ခံရမှာပဲ´

ကိုမင်းအောင်ကလည်းခေါင်းညိတ်ပြသည်.. မေဦးမတတ်နိုင်တော့ပါ.. သောက်ရန်ပြင်တုန်း လက်တစ်စုံကခွက်ကိုယူသွားသည်.. မေဦးလှည့်ကြည့်တော့ သူသောက်လိုက်သည်.. လိဝေ... လိဝေအစစ်.. မေဦးအရမ်းပျော်သွားသည်.. မျက်နှာကအပြုံးကဖုံးဖိထားနိုင်စရာမရှိပါ..

`မင်းရိုင်းတယ်.. ဂုဏ်ပြုတာကိုမငြင်းရဘူး.. ဒါပေမယ့် မင်းအခုအစာအိမ်သိပ်မကောင်းဘူး.. ကိုယ်မင်းအစားသောက်ပေးပါ့မယ်.´

မေဦးပြုံးရာက သွားလေများပေါ်လာအောင်ရယ်ကာ လိဝေကိုကြည့်နေသည်.. ကိုမင်းအောင်ကနားမလည်ဟန်နှင့်..

`မေဦး... သူက..´

`သူကမေဦးရဲ့အထူးဧည့်သည်လေ.. ´

ဟုဆိုကာ မေဦးလိဝေဘေးမှာသွားရပ်သည်.. သော်တာနဲ့ ခန့်နိုင်ရဲ့ဒေါသနဲ့အကြည့်တွေကို မေဦးနည်းနည်းမှမကြောက်တော့ပါ.. လိဝေအနားရှိနေသည်.. ဒီလိုနဲ့ လိဝေကကျွန်မဘေးမှာရပ်ကာ မေဦးအစား သောက်ပေးသည်.. နောက်​ေတာ့ရုံးခန်းထဲမှာမေဦးတို့စကားသွားပြောကြသည်..

`လိဝေ.. ရှင်ဒီနေ့ပြန်ရမယ်ဆို.. ဘယ်လိုလုပ်ရောက်လာတာလဲ´

`မင်းကိုစ်တ်မချလိ​ု့ လေယာဥ်အချိန်ပြောင်းခဲ့တာ..´

`ဒါဆို ဘယ်အချိန်ပြန်မှာလဲ?´

`မနက်၃နာရီ..´

မေဦးခေါင်းလေးညိတ်ကာလိဝေကိုပြုံးပြီးကြည့်သည်..

`လိဝေ.. ကျေးဇူးတင်ပါတယ်.. ရှင့်ကြောင့်ကျွန်မအားရှိလာတယ်.. အခက်အခဲတိုင်းလွယ်ကူသွားတယ်.. ဒီအတောအတွင်းရှင့်ကိုကျေးဇူးအများကြီးတင်ပါတယ်...´

`မင်း နောက်လည်းဒီလိုပြုံးနေရင် ငါလုပ်ပေးရတာအတွက်ကျေနပ်ပါတယ်..´

`အင်း... ရှင်ရေမဆာဘူးလား.. ကျွန်မရေဆာတယ်.. ဒီမှာခဏစောင့်ရေဘူးသွားယူဦးမယ်..´

ပြောဆိုကာမေဦးထသွားပြီးမကြာခင်ပဲ သော်တာ လိဝေဘေးရောက်လာသည်..

`ကျွန်မထိုင်မယ်နော်..´

လိဝေတစ်ခွန်းမှမပြောဘဲ ဘေးနားကပုံဆွဲစာအုပ်လေးကိုသာယူကြည့်နေသည်.. သော်တာကမေဦးထိုင်သွားတဲ့နေရာမှာထိုင်ကာ.. လိဝေအရိပ်အကဲကြည့်နေသည်..

`အဲဒါတွေကမေဦးဆွဲထားတာတွေလေ.. သူ့အိပ်မက်တွေပေါ့´

လိဝေ ဘာမှကိုပြန်မပြောပါ..တစ်ချက်ပင်လှည့်မကြည့်....

မေဦးရေဘူးယူပြီးတတ်လာတော့.. ခန့်နိုင်ကရုံးခန်းနားမှာနံရံကိုမှီကာရပ်နေသည်.. မေဦးမသိချင်ယောင်ဆောင်ကာကျော်သွားပေမယ့်.. ခန့်နိုင်အနောက်ကလက်ကိုလှမ်းဆွဲကာ သူ့ဘက်ကိုဆွဲလှည့်လိုက်သည်..

`မေ..ကိုယ်မှားပါတယ် ဒါပေမယ့် ကိုယ့်ကိာအဲလိုမရွဲ့ပါနဲ့ကွာ.. အဲကောင်ဘယ်ကကောင်လဲ.. မေ.. သူ့ကိုမပက်သက်နဲ့ကွာ..´

`ရှင်ရူးနေလား.. လွှတ်စမ်း.. ရှင်ကဘာမို့လို့လာအမိန့်ပေးနေတာလဲ.. လွှတ် အခု..´

မေဦးအတင်းရုန်းနေသော်လည်း လိဝေကလွှတ်မပေး.. မေဦးကိုအတင်းဖက်သည်.. မေဦးရိုက်ပုတ်ကာရုန်းသော်လည်းလွှတ်မပေးပါ..

`မလွှတ်ဘူးမေ.. မလွှတ်ဘူး.. မေကိုယ့်ကိုချစ်ပါသေးတယ် ကိုယ်သိတယ်..စိတ်မဆိုးပါနဲ့တော့ကွာ..´

`ရှင်လွှတ်စမ်း..´ မေဦးအတင်းရုန်းသည်..

အပြင်မှအသံများကြားတာကြောင့်သော်တာပြောနေတာကိုဂရုမစိုက်တဲ့လိဝေတစ်ယောက်ထကာ ရုံးခန်းအပြင်ကိုကြည့်တော့ မေဦးတစ်ယောက်ရုန်းရင်းဆန်ခတ်တွေဖြစ်နေတာကိုတွေ့လိုက်ရသည်.. လိဝေခပ်မြန်မြန်ပဲ ခန့်နိုင်ကိုတွန်းကာ မေဦးကို လှမ်းဖက်လိုက်သည်..

`မင်း အဆင်ပြေရဲ့လား´

မေဦးမျက်ရည်များစီးကျလာကာခေါင်းခါသည်.. လိဝေလက်ကိုလဲတင်းနေအောင်ဆုပ်ကိုင်ထားပြီး လိဝေရင်ထဲမှာခေါင်းမှီထားသည်.. ထိုမြင်ကွင်းကခန့်နိုင်အတွက်တော့ဆိုးဝါးစေခဲ့သည်.. ခန့်နိုင်လိဝေကိုဆွဲလှည့်ကာထိုးလိုက်သည်.. ခန့်နိုင်လက်သီးကြောင့်လိဝေ လဲကျသွားသည်..

`လိဝေ....´

မေဦးအော်လိုက်သည်..

ခန့်နိုင်ကလိဝေနားသွားကာ အက်ျီစကိုဆွဲကာ..

`မင်းကဘာမို့လို့ ငါ့ချစ်သူနားကပ်နေတာလဲ´ ထပ်ထိုင်းရန်အပြင်မေဦးဝင်လာကာ လိဝေကိုကာလိုက်သည်.. ခန့်နိုင်ကဝင်ကာသောမေဦးကို တွန်းဖယ်လိုက်ရာ မေဦးလေးမှာခွေလျက်လဲသွားသည်.. ခန့်နိုင်မေဦးကိုလာထူပေမယ့် မေဦးကိုယ့်ဘာသာထကာ ခန့်နိုင်ကိုအားပါပါနဲ့ပါးရိုက်လိုက်သည်..

`ဖြန်း..´

ခန့်နိုင်အရမ်းငြိမ်ကြသွားသည်..

`ရှင်နိုးပြီလား.. ဟမ်.. ရှင့်ကိုယ်ရှင်ဘာမှတ်နေလဲ.. ရှင်နဲ့ကျွန်မပြတ်ပြီးပြီ.. အဲဒါလည်း ရှင်ကသစ္စာမရှိလို့လေ.. ဘာတွေလာလုပ်ပြနေတာလဲ.. ပြီးတော့ရှင်လိဝေကိုထိစရာလုံးဝမလိုဘူးနော်.. သူနဲ့ရှင်ကတခြားဆီပဲ.. ကိုခန့်နိုင် ကျွန်မတို့နှစ်ယောက်အနားမှာရှင့်ကိုဘယ်တော့မှမမြင်ချင်ဘူး.. ထွက်သွား.. သစ္စာမရှိတဲ့သူက အရှက်မရှိတဲ့သူနဲ့ပဲတန်တယ်.. ရှင်တို့ဘာသာရှင်တို့နေစမ်းပါ.. သော်တာနင်လည်း လိဝေကိုမပက်သက်နဲ့ နင်နဲ့သူနဲ့ကတခြားစီ.. ထွက်သွားကြ နှစ်ယောက်လုံး..´

မေဦးအော်လိုက်သည်ကြောင့် လူတွေလည်းရောက်လာကြသည်.. မေဦးဂရုမစိုက်ဘဲလိဝေကိုထူကာ ရုံးခန်းထဲသာခေါ်ခဲ့သည်..



rate now:

2 Reviews
  • reader Kyaw min htun 02.01.2020, 14:23 5

    အာ့မှာစတာပဲ

    reply

  • reader သစ်​ခတ်​စိမ်း 02.01.2020, 13:43 4.9

    အားပေးနေပါတယ်

    reply