မနက်ရောက်တော့.. လီဝေကမနေ့ကတွေ့တဲ့နေရာမှာပဲစောင့်နေသည်.. ကျွန်မသူ့နားကိုလျှောက်သွားလိုက်သည်..
`မင်းလာပြီလား..´
`မေဦးပြုံးကာခေါင်းညိတ်သည်..´
`လာ.. ငါမင်းကိုတစ်နေရာခေါ်သွားမယ်..´
ပြောပြောဆိုဆိုနှင့်ပန်းခြံထဲကိုလျှောက်သွားသည်.. ကျွန်မအနောက်မှလိုက်လျှောက်တော့ သူကမြောင်းငယ်လေးနားမှာရပ်လိုက်သည်.. ရေဆင်းမြောင်းလေးမို့ မိုးကုန်သည်နှင့် ဘာရေမှမရှိပါအနက်တစ်ပေတောင်မပြည့်.. ကျွန်မသူရပ်ရာနေရာဘေးမှာရပ်လိုက်သည်..
`ရှင်.. ဒီမှာဘာလုပ်မလို့လဲ´
လီဝေ ဘာကိုမှပြန်မပြောဘဲ မေဦးရှေ့ဒူးထောက်လိုက်ပြီး မေဦးဝတ်လာတဲ့ walking shoes ကြိုးတွေကိုပြန်ချည်ပေးသည်.. မေဦးမျက်လုံးအဝိုင်းသားနှင့်ကြည့်နေသည်.. လိဝေပြန်ထပြီးနောက် မေဦးရှေ့ရပ်ကာ..
`ဖိနပ်ကြိုးကိုသေချာချည်မှမင်းမပြုတ်ကျမှာပေါ့ ငါမင်းကိုကယ်ဖို့အမြဲမရှိနိုင်ဘူးနော်´
`ဘယ်သူကရော အမြဲကယ်ခိုင်းလို့လဲ´
မေဦးနှုတ်ခမ်းဆူကာပြောတော့ လိဝေခေါင်းလေးတစ်ချက်ပုတ်ကာ..
`လာ.. ဒီပေါ်တတ်..´
`ဟင်..´
`တတ်ပါ.. ငါမင်းကိုမထိခိုက်စေရဘူးပြောပြီးပြီလေ..´
အုတ်တခဲစာလေးသာရှိတဲ့မြောင်းနှုတ်ခမ်းလေး.. မေဦးသက်ပြင်းလေးချကာတတ်လိုက်သည်..
`မင်းရှေ့ကိုကြည့်.. ဒီလမ်းကြောင်းလေးဆုံးသွားတဲ့နေရာကိုတွေ့လား´
`အင်း´
`ဒီပေါ်ကနေပဲအဲကိုလျှောက်သွား..´
`ဟင်..´
ရယ်စရာပါလား.. သူကျွန်မကောင်းဖို့ကူညီတာက ဒီမြောင်းနှုတ်ခမ်းပေါ်မှာ.. ကျွန်မကိုလှောင်များလှောင်နေတာလား.. အို.. ဒီပေါ်လျှောက်တာက ဘာများခက်ခဲလို့လဲ ငယ်ငယ်ကလည်းဆော့ဖူးသားပဲ.. သူကဆော့ချင်မှတော့ဆော့တာပေါ့..
မေဦးခြေလှမ်းစလှမ်းပြီးလျှောက်တော့ ငါးလှမ်းပင်မပြည့်ပဲ ခြေချော်သွားသည်.. သို့သော်လိဝေကမေဦးကိုခါးကကိုင်ပြီးထိန်းလိုက်သောကြောင့် မလဲဘဲ လမ်းလေးပေါ်သာပြန်ရှိနေသည်.. မေဦး လိဝေကိုလှည့်ကြည့်သည်... လိဝေကတော့တည်တည်ငြိမ်ငြိမ်နှင့်ပြန်ကြည့်ကာ..
`ဆက်လျှောက်..´ တစ်ခွန်းတည်းသာပြောပြီး မေဦးနောက်ကနေမေဦးလက်မောင်းနှစ်ဖက်ကိုကိုင်ကာပြောသည်.. နောက်မေဦးလျှောက်သည့်လမ်းကိုထိန်းပေးသည်.. လိဝေထိန်းပေးထါးသောကြောင့် မေဦးဘယ်လောက်ခြေချော်ချော်ပြုတ်မကျခဲ့ပါ.. ဒီလိုနဲ့လမ်းလေးဆုံးသွားတော့..
`ပြန်လျှောက်ရအောင်..´
`ဟင်..´
လိဝေကမေဦးကိုတစ်ချက်ကြည့်ကာ..
` လျှောက်ရမယ်လေ.. မင်းခြေချော်နေတုန်းမလား´
`ဒါပေမယ့်လိုလို့လား..´
`လိုအပ်တယ်´
မေဦးတို့တစ်ခေါက်ပြန်လျှောက်ကြပြန်သည်.. ဒီလိုနဲ့သုံးခေါက်လောက်ပြီးတော့ မေဦးမြောင်းနှုတ်ခမ်းပေါ်မှဆင်းလိုက်ပြီး..
`ဟုတ်ပါပြီ.. ကျွန်မသိပါပြီ နောက်ခြေချော်မလဲအောင်လျှောက်မယ်ဟုတ်ပြီလား.. ဒီလိုကြီးထပ်မလျှောက်ပါနဲ့တော့´
`မင်းဘာကိုပြောတာလဲ´
`ကျွန်မခဏခဏခြေချော်လို့ဒီလိုလေ့ကျင်ခိုင်းတာမဟုတ်ဘူးလား´
`လုံးဝမဟုတ်ဘူး..´
`ဟင်´
`မင်းဖိနပ်ခြေချော်တာက.. မင်းဒေါက်မြင့်တွေစီးလို့လေ.. အခုငါလျှောက်ခိုင်းတာက.. မင်းဘဝအတွက်´
`ဘယ်လို´
`မင်းဒီလမ်းမှာလျှောက်နေတာ.. လမ်းတစ်လျှောက်မှာ သစ်ကိုင်းလေးခံတိုင်း မြက်ပင်လေးတွေ့တိုင်း.. မင်းခြေချော်တယ်´
`အဲဒါနဲ့ကျွန်မဘဝက ဘာဆိုင်လို့လဲ´
`ဆိုင်တယ်လေ.. အခုမင်းကအဲအတိုင်းပဲ.. အနှောက်အယှက်နည်းနည်းလေးနဲ့ ခြေချော်နေတယ်မလား..´
မေဦးဘာမှမပြောပါ ခေါင်းလေးငုံထားသည်.. လိဝေကမေဦးပုခုံးလေးကိုကိုင်ကာ
`ကိစ္စမရှိပါဘူး မင်းမသိလိုက်လို့လေ.. အခုမင်းသိသွားပြီမလား.. ဒီအနှောင့်အယှက်လေးကိုမင်းဖြတ်သွားရင်မင်းခြေချော်တော့မှာမဟုတ်ဘူး.. မင်းကြိုးစားလို့ရပါတယ်.. ပြီးတော့ငါအမြဲအနောက်ကမထိန်းပေးနိုင်ဘူး..´
`ရှင်ဘာလို့ အမြဲမရှိပေးနိုင်ဘူးပဲပြောနေတာလဲ´
`မင်းမကြာခင်သိရမှာပါ..´
`ဘာလဲ တရုတ်မှာရှင့်မိန်းမနဲ့ကလေးကျန်ခဲ့လို့လား´
`မင်း..´
မေဦးစသောကြောင့် လိဝေမေဦးပါးကိုဆွဲလိုက်သည်.. မေဦးကတော့လက်ကိုဖယ်ပြီး လိဝေကိုပြန်ထုသည်..
`တော်ပြီ.. လာပြန်လျှောက်မယ်..´
လိဝေကပြောပြောဆိုဆိုနှင့် မေဦးကိုမြောင်းနှုတ်ခမ်းလေးပေါ်ကိုတတ်စေခဲ့သည်.. မေဦးလည်းထပ်လျှောက်ခဲ့သည်.. ဒီတစ်ခါတော့သိပ်ခြေမချော်တော့ပါ.. ခြေချော်တိုင်းလည်းလိဝေအနောက်ကထိန်းပေးထားသည်.. တစ်ခေါက်အသွားအပြန်လျှောက်ပြီးတော့.. မေဦးရပ်ကာမြက်ခင်းဆီပြန်ဆင်းကာထိုင်လိုက်သည်.. လိဝေလည်းဘေးမှာလာထိုင်သည်..
`ဘာဖြစ်ပြန်ပြီလဲ´
`ဘာမှမဖြစ်ပါဘူး.. ကျွန်မစဥ်းစားနေတာ.. အနှောင့်အယှက်တွေကိုဖြတ်ကျော်ရမယ်ဆိုရင် ကျွန်မအတွက်ဘယ်တရားပါ့မလဲ.. ဖယ်ထုတ်ပစ်ရမှာပေါ့..
`ဟား.. ဟားး.. မင်းတကယ်အငြိုးကြီးတာပဲ´
လိဝေရယ်ကာပြောသည်.. မေဦးကတော့မျက်စောင်းလေးထိုးလိုက်သည်..
`ကောင်းပါပြီ.. မင်းပြောသလိုဖယ်ထုတ်မယ်ပဲထား.. မင်းရဲ့ဘဝလမ်းကဒီလိုပြန်လာရမှာမဟုတ်ဘူး.. မင်းဖယ်သည်ဖြစ်စေ.. ကျော်ဖြတ်သည်ဖြစ်စေ.. ဘာမှမကွာခြားဘူး.. မင်းပြန်လှည့်စရာမှမလိုတာ.. ရှေ့ကိုပဲဆက်လျှောက်ရမှာလေ.. မင်းဖယ်ထုတ်ဖို့ကြိုးစားတာကပဲ မင်းကိုဒီနေရာကရှေ့ဆက်လို့မရအောင် ဆွဲထားမှာ.. မင်းနားလည်ရဲ့လား´
`ဒါဆိုကျွန်မကဘာမှမလုပ်ရဘူးလား ´
`မင်းသူတို့ကိုနင်းချေကျော်ဖြတ်လိုက်ပေါ့.. ဒါဆိုမင်းလျှောက်တဲ့လမ်းကိုလည်း မနှောင့်နှေးဘူး.. မင်းရဲ့ဒေါသအတွက်လည်း ဖြေစရာရတာပေါ့´
မေဦးခဏငြိမ်ပြီးမှခေါင်းလေးငြိတ်သည် ... ပြောဆိုနေရင်းပင် ခန့်နိုင်ဆီမှဖုန်းဝင်လာသည်.. မေဦးလိဝေကိုမော့ကြည့်သည်.. လိဝေကခေါင်းလေးညိတ်ပြတော့ မေဦးဖုန်းကိုင်လိုက်သည်..
`ဟယ်လို..´
`မေ.. နိုးပြီလား´
`အင်း.. ´
`မေ.. နေရောကောင်းလား.. တစ်ပတ်လောက်တောင်ရှိတော့မယ် မတွေ့ဖြစ်ကျတာ.. မေက အလုပ်တွေရှုပ်နေသေးတာလား..´
`အင်း.. နည်းနည်း..´
`မေ... မနက်ဖြန်တော့ အလုပ်မရှုပ်နဲ့နော်.. ဘာနေ့လဲသိတယ်မလား´
`မနက်ဖြန်?´
`ဟာ... မေ မေ့နေတာလား.. မနက်ဖြန် 27ရက်နေ့လေ..´
`အဲလောက်တောင်ရောက်သွားပြီလား´
`မေ.. အလုပ်များနေတာ ရက်တွေတောင်မသိတော့ဘူးလား´
မေဦးငြိမ်သက်သွားသည်.. အဲလောက်တောင်မြန်တယ်လား.. အချိန်တွေက.. ကျွန်မသတိမထားမိခင်မှာပြောင်းလဲသွားတယ်.. အကယ်၍သာ ဒီလို ကိစ္စမျိုးတွေမဖြစ်ခဲ့ရင် ကျွန်မတို့ ပျော်စရာနှစ်ပတ်လည်လေးရနိုင်မှာ..
`ဟယ်လို... ဟယ်လို မေ... ကြားရရဲ့လား´
`အင်း´
`မေ.. မနက်ဖြန်ဘာလုပ်ချင်လဲ?.. ဘာစားမလဲ ဘယ်သွားမလဲ´
`မနက်ဖြန်...´
`အင်း.. ဘယ်သွားမလဲ´
မေဦး လိဝေကိုကြည့်သည်.. လိဝေကတော့ ပုံမှန်အတိုင်းလေးသာ မေဦးကိုကြည့်နေသည်.. မေဦးလိဝေကိုပြုံးပြကာ သက်ပြင်းလေးချလိုက်သည်..
`မနက်ဖြန် စတွေ့တဲ့ ကော်ဖီဆိုင်လေးကိုပဲ သွားကြတာပေါ့´
`ဟုတ်ပြီ.. ဘယ်အချိန်လဲ ကိုယ်လာခေါ်ရမလား´
`ဟင့်အင်း.. လက်ဆောင်ပြင်ထားတာရှိလို့ ကိုယ့်ဘာသာပဲလာမယ်..´
`ဟုတ်ပါပြီဗျာ.. သဘောပါ.. ညနေလေးနာရီလောက်စောင့်နေမယ်.. ´
`အင်း...´
မေဦးဖုန်းချသွားတော့ လိဝေကမေဦးနား လျှောက်လာကာ
`အဆင်ပြေရဲ့လား?´
`အင်း.. ပြေပါတယ်´
လိဝေကမေဦးကိုဘာမှမပြောပဲကြည့်နေသည်..
`ကျွန်မအနှောင့်အယှက်တွေကို ဖယ်ရှားရတော့မယ်ထင်တယ်.. သူမနက်ဖြန် ချိန်းထားတယ် ကော်ဖီဆိုင်လေးကို.. ´
`အဆင်ပြေရဲ့လား´
`ပြေပါတယ်... နည်းနည်းတော့ကြောက်တယ် ရှင်လာခဲ့ပါလား.. ကျွန်မချော်လဲတဲ့ဆိုင်ပဲလေ.. ရှင်လာတော့အားရှိတာပေါ့´
လိဝေ ခေါင်းခါပြသည်..
`ကိုယ်လာခဲ့ရင် သူတို့မင်းကိုပြောစရာတွေ့သွားလိမ့်မယ်.. ပြီးတော့.. မင်းကိုယ့်အကူအညီမလိုပါဘူး မင်းကရဲရင့်တဲ့မိန်းကလေးပါ.. မင်းဒီကိစ္စကိုကောင်းကောင်းကိုင်တွယ်နိုင်မှာ.. ကိုယ်ယုံတယ်´
`ကျွန်မမငိုချင်ဘူး သူတို့ရှေ့မှာမပြိုလဲချင်ဘူး´
`ဒါဆို မငိုနဲ့ မပြိုလဲနဲ့လေ.. ´
လိဝေမေဦးအနားကပ်ကာ မေဦးလက်မောင်းနှစ်ဖက်ကို ကိုင်ပြီးမျက်လုံးကိုစိုက်ကြည့်လိုက်သည်.. မေဦးကတော့ မျက်လုံးအဝိုင်းသားနှင့် အားကိုးနေဟန်ကြည့်နေသည်..
`မင်းမနက်ဖြန် အလှဆုံးပြင်သွား.. အပျော်ဆုံးနေလိုက်ပါ.. အရဲရင့်ဆုံးတိုက်ခိုက်ခဲ့.. မင်းသူတို့ကိုဒေါသထွက်လို့ရတယ်.. ဒါပေမယ့်မသောင်းကျန်းလိုက်နဲ့.. မင်းဝမ်းနည်းလို့ရတယ် ဒါပေမယ့် မငိုခဲ့နဲ့.. မင်းမုန်းလို့ရတယ် ဒါပေမယ့် မသိစေနဲ့.. အဓိကကတော့ မင်းရော မင်းရဲ့ပုံရိပ်ရော ဒီလိုလူနှစ်ယောက်ကြောင့်နဲ့ ဆွဲမချမိဖို့ပဲ.. ငါမင်းကိုယုံတယ်.. မေ....´
လိဝေ ပထမဆုံးအကြိမ် မေဦးကိုနာမည်ခေါ်ခြင်းဖြစ်သည်.. ဘာလို့မှန်းမသိ.. မေဦးပျော်သွားသည်.. နောက်အားရှိသလိုခံစားရသည်.. မျက်နှာမှာအပြုံးပန်းလေးပွင့်လာသည်.. ဒီအပြုံးက တကယ်ကိုအဖြူစင်ဆုံးပါ.. လိဝေလည်းပြန်ပြုံးကာ မေဦးကိုခေါင်းလေးပုတ်လိုက်သည်..
ညနေရောက်တော့ မေဦး သော်တာကိုဖုန်းဆက်လိုက်သည်..
`ဟယ်လို....သော်တာရေ.. ငါ့ကိုကူညီပါဦး..´
`ဘာဖြစ်လို့လဲ ´
`ငါ anniအတွက် နင်တို့နားက Handmade ဆိုင်လေးမှာ ကော်ဖီခွက်လေးမှာထားတာ မေ့သွားလို့.. ယူပေးပါလား.. ပြီးတော့ ငါထိုင်နေကျ coffeeဆိုင်ကိုလာပေးပေးပါနော်.. ငါစောင့်နေမယ်´
`အင်းပါ..´
မေဦးဖုန်းချကာ ကားမောင်းထွက်ခဲ့သည်.. ကော်ဖီဆိုင်ရောက်တော့ ဧည့်ကြိုကောင်လေးကို အချက်ပြတဲ့အချိန်မှာ ကားထဲကလက်ဆောင်ဘူးကြီးယူပေးဖို့မှာခဲ့တယ်.. နောက်ဧည့်ကြိုလေးတွေတံခါးဖွင့်ပေးတဲ့အတိုင်းသာဝင်ခဲ့သည်..
တံခါးဖွင့်တော့ အနီရောင်ဂါဝန်လေးကိုဝတ်ထားပြီး ဖြူဖွေးတဲ့အသားလေးနဲ့ နက်မှောင်တဲ့ဆံပင်များက လျှောက်ရာခြေလှမ်းကိုလိုက်ပြီး ယိမ်းနွဲ့နေသည်.. အိတ်ရွှေရောင်လေးနဲ့အတူဖိုင်တွဲတစ်ခု ကိုကိုင်ထားသည်.. သူမကြွကြွရွရွနှင့်ကျွန်တော့်အနားကိုလျှောက်လာသည်.. ကျွန်တော်ပင်မသိလိုက်ပဲ မတ်တပ်ရပ်ကာ ရေရွတ်လိုက်မိသည်..
`မေ..´
သူများနှုတ်ခမ်းရဲရဲလေးနှင့်ပြုံးပြသည်..
`မေ... မေ အရမ်းလှတာပဲကွာ.. အရမ်းကို လှနေတယ် ကိုယ်တစ်ခါမှ ဒီလိုမမြင်ဖူးဘူး.. အရမ်းလှတယ်´
မေဦးသူ့ကိုမဲ့ပြုံးပြုံးကာ.. ဝိုင်းမှာထိုင်လိုက်သည်.. ခန့်နိုင်မေဦးဘေးမှာ တအံတဩထိုင်ကာကြည့်နေသည်.. ဟုတ်လည်းဟုတ်သည်.. မေဦးဝတ်နေကျက အဖြူနဲ့ဂျင်း ဂါဝန်ဆိုလည်း ပန်းပွင့်တွေပါတဲ့ သာမာန်မျိုး အခုလိုဆိုတာရှိသာရှိသည် မဝတ်ဖူးခဲ့.. နှုတ်ခမ်းနီဆိုလည်း အသားကောင်သမ်းပြီး nudeဖြစ်တာမှဆိုးတတ်တဲ့ မေဦးဒီလိုအနီရောင်ရဲရဲဆိုးတာ သိပ်ကိုရှားသည်.. ခန့်နိုင်တစ်ယောက် ဟန်မဆောင်နိုင်အောင်တအံတဩဖြစ်နေသည်မှာ မထူးဆန်းပါ..
မေရယ်.. သော်တာကိုလှလွန်းတယ်ထင်နေတာ မေ ခုလိုသာ အမြဲပြင်ထားရင် ကိုယ်သော်တာကိုမျက်လုံးထဲမြင်ခဲ့မှာမဟုတ်ဘူး.. ခုတော့....
ခန့်နိုင် သက်ပြင်းတစ်ချက်ချကာ..
`မေ.. စားလေ မေကြိုက်တဲ့ ချောကလက်ကိတ်လေး နဲ့ စတော်ဘယ်ရီဖျော်ရည် ကိုယ်မှာထားတယ်.. ´
မေဦးခေါင်းငြိတ်ပြီး စားသောက်နေတုန်းသော်တာဆီမှ စာဝင်လာသည်ကိုသိလိုက်သည်.. သူရောက်ကြောင်း ဝင်လာရမလားဆိုတဲ့မေးခွန်း မေဦးမသိချင်ယောင်ဆောင်လိုက်ပြီး မုန့်သာဆက်စားနေခဲ့သည်.. စားနေရင်းခန့်နိုင်က မေဦးအနားတိုးကာ..
`မေ... မျက်လုံးမှိတ်ထား´
`ဘာလုပ်မလို့လဲ´
`လက်ဆောင်ပေးမလို့..´
မေဦးနှစ်မိနစ်လောက်အချိန်ဆွဲထားသည် မျက်လုံးမမှိတ်ပဲ နောက်ဆိုင်ဝတံခါးရှေ့ကို သော်တာလျှောက်လာပြီး ဝင်ခါနီးမှ မျက်လုံးကိုပတ်ပေးလိုက်သည်.. ခန့်နိုင်ကအကျီထဲက လက်စွပ်ဘူးလေးကိုဖွင့်ပြီးနောက် မေဦးကိုတိုးတိုးလေးပြောသည်..
`မေ... မျက်လုံးဖွင့်တော့ ´
လက်စွပ်လေးကိုင်ထားတဲ့ ခန့်နိုင်.. နောက်ဝင်လာတဲ့သော်တာ..
`ဟယ်...´
မေဦး အရမ်းအံဩဟန်နှင့်အော်လိုက်သည်.. သော်တာမျက်လုံးကမေဦးတို့ဆီ တန်းရောက်လာသည်.. ခြေလှမ်းများရပ်တန့်ပြီး ဒေါသမျက်လုံးများမီးတောက်နေသည်..
`မေ... မေ လက်မထပ်ချင်သေးတာကိုယ်သိပါတယ်.. ကိုယ်တို့စေ့စပ်ရအောင်နော်..´
မေဦးခန့်နိုင်ကိုသာ ဘာမှမပြောပဲကြည့်နေသည်..
`သော်တာဝင်နှောင့်ယှက်မိပြီလား.. လက်ထပ်ခွင့်တောင်းနေတာလား ´
သော်တာအသံကြားသွားတော့ ခန့်နိုင်အတော်ကိုမျက်နှာပျက်သွားသည်..
`သော်တာ ဒီကိုဘာလာလုပ်တာလဲ´
`မေ.. လာခိုင်းလိုက်တာ မေနောက်ကျတော့ သူ့ကိုလက်ဆောင်လာပို့ခိုင်းလိုက်တာ.. ´
မေဦးက ဝင်ဖြေပေးလိုက်သည်.. သော်တာ့မျက်လုံးများ မေဦးဆီရောက်တော့ အနီရောင်နဲ့လှနေတဲ့မေဦး.. ဘာလို့မှန်းမသိသော်တာဒေါသများထွက်လာသည်..
`သော်တာ.. ထိုင်လေ.´
မေဦးလှမ်းပြောတော့ ခန့်နိုင်ရှေ့မှာထိုင်နေသည်.. ခန့်နိုင်ကတော့ ဟန်မဆောင်နိုင်လောက်အောင်ကို မျက်နှာပျက်နေသည်.. မေဦးမသိသလိုနှင့်ခန့်နိုင်ဘက်လှည့်ကာ
`ကို... လက်စွပ်ဝတ်ပေးလေ´
`မေ... ဒါဆိုမေလက်ခံလိုက်တာပေါ့.. ဝမ်းသာလိုက်တာ...´
ပြောပြောဆိုဆိုနှင့် မေဦးလက်ကိုလက်စွပ်ဝတ်ပေးသည်.. မေဦးကတော့ ပြုံးသာနေသည်.. သော်တာက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်.. မေဦးကနောက်လှည့်ပြီး အချက်ပြတော့ ကောင်လေးနှစ်ယောက် လက်ဆောင်ဘူးကြီးကိုအထဲယူလာကြသည်.. သော်တာ့ဆီကခွက်ကိုမေဦးယူလိုက်ပြီး ခန့်နိုင်ကိုပေးလိုက်သည်..
`happy Aniversaryပါ ကို.. လက်ဆောင်တွေကျန်သေးတယ်´
`ဟာ.. မေအများကြီးစီစဥ်လာတာပဲ.. ဟုဆိုကာ လက်ဆောင်ဘူးကြီးကိုခန့်နိုင်သွားဖွင့်သည်.. မေဦးကတော့ဘာမှမပြောဘဲ ကြည့်သာကြည့်နေသည်.. ခဏအကြာခန့်နိုင်ငြိမ်သွားပြီး ထိုင်ရက်လေးဖြစ်သွားသည်..
`မေ.. ဒါကဘာသဘောလဲ..?´
မေဦးပြုံးကာကြည့်နေသည်..
`ဒါလေးကိုဖွင့်ကြည့်ရင်ရှင်းသွားမှာပေါ့´
မေဦးလှမ်းပေးသည့် ဖိုင်ကို ခန့်နိုင် မြန်မြန်လေးယူကြည့်လိုက်သည်.. ခန့်နိုင် မျက်ရည်များစီးလာကာ သော်တာ့ကို တစ်ချက်လှမ်းကြည့်ပြီး မေဦးအနားတိုးကာ မဟုတ်ဘူးမေ.. မဟုတ်ဘူး ကိုယ်မှားပါတယ်...´
`သော်တာကသိချင်နေပုံပဲ..´
မေဦးခန့်နိုင်ကိုပြန်မပြောဘဲလက်ထဲက ဖိုင်ကိုသော်တာ့ဆီပေးလိုကိသည်.. သော်တာဖွင့်ကြည့်တော့ မျက်လုံးအစုံပြူးခဲ့ရသည်.. ခန့်နိုင်နှင့်သော်တာပြောထားသမျှ စကားတွေ... ဟိုတယ်ကပုံတွေ.. နမ်းနေ ဖက်နေတဲ့ ပုံတစ်ချို့ သော်တာလက်တွေတုန်ရီလာသည်.. ခန့်နိုင်ကိုအားကိုးတကြီးနှင့်ကြည့်သော်လည်း ခန့်နိုင်မျက်လုံးများကမေဦးဆီမှာ.. သော်တာဒေါသအရမ်းထွက်သွားပြီးထကာ ခန့်နိုင်ဆီလျှောက်သွားသည်.. ခန့်နိုင်လက်မောင်းကိုချိတ်ထားသည်.. ခန့်နိုင်ကမျက်ရည်များထဲမှ သော်တာ့ကိုနားမလည်ဟန်နှင့်ကြည့်နေသည်..
`ဟုတ်တယ် နင်သိမှတော့ဘာလို့ဖုံးကွယ်ထားရမှာလဲ.. ငါနဲ့ နိုင်ချစ်နေတာ တစ်နှစ်ပြည့်တော့မယ်.. အခုနင်ဘာလုပ်နိုင်လို့လဲ?´
`တော်စမ်း သော်တာ.. ´
`ဝင်မပါနဲ့ နိုင်.. နိုင့်ကိုသော်တာ ပြောခိုင်းတာကြာပြီ.. နိုင်ဂရုမစိုက်ဘူး မပြောဘူးလေ.. အခုမှတော့နိုင် ဝင်ပြောစရာမလိုဘူး.. မေဦး.. နင်လည်းမြင်ပြီးပြီ.. ငါနဲ့နိုင်အခြေအနေကို ငါတို့ဘယ်တော့မှပျက်မှာမဟုတ်ဘူး..´
မေဥိးအရမ်းဒေါသထွက်လာသည်..ရုတ်တရပ်ထကာ သူတို့ဆီဖြေးဖြေးလျှောက်သွားပြီးနောက်.. ခန့်နိုင်ရှေ့တွင်ရပ်လိုက်သည်.. နောက်ပြီး အားပြင်းပြင်းနဲ့ခန့်နိုင်ပါးကိုရိုက်လိုက်သည်..
`ဖြန်း...´
ခန့်နိုင်ရော သော်တာပါအံဩတကြီးမေဦးကိုကြည့်နေသည်.. နောက်သော်တာကပါ မေဦးကိုရိုက်ရန်ပြင်သည်..
`နင်ကများ နိုင့်ကိုရိုက်ရဲတယ်'
သို့သော်ခန့်နိုင်ကသော်တာ့ကိုတွန်းလိုက်သည်.. သော်တာခုံလေးမှာထိုင်လျက်သားဖြစ်ပြီး.. ခန့်နိုင်ကိုကြည့်ကာမျက်ရည်များစီးလာသည်..
`မေ... ကိုယ်တောင်းပန်ပါတယ်´
ခန့်နိုင် မေဦးအနားတိုးကာပြောသည် မေဦးကတော့ လှည့်ထွက်သွားကာ ခုနကခွက်လေးကိုကိုင်ပြီးခန့်နိုင်ရှေ့ရပ်လိုက်သည်..
`ကိုခန့်နိုင်.. ရှင်သေသေချာချာသိပါတယ်.. ကျွန်မက ခွင့်လွှတ်တတ်တဲ့သူမဟုတ်တာကို.. ´ ဟုဆိုကာ ခွက်လေးကိုပေါက်ခွဲလိုက်သည်.. နောက်သော်တာ့ဆီလျှောက်ကာ ခန့်နိုင်ခုနကစွပ်ပေးတဲ့လက်စွပ်ကိုချွတ်ပြီး ပစ်ချလိုက်သည်..
`နင်သိပ်လိုချင်တဲ့အရာမလား.. ငါလွှတ်ပစ်လိုက်ပြီ.. နင်ကောက်လိုက်ပေါ့´
ဟုဆိုပြီးထွက်သွားသည်.. ဆိုင်ထဲမှပြန်မထွက်ခင် အဝနားကဝိုင်းမှာ ကျောပေးပြီးထိုင်နေသည့်လိဝေကိုတွေ့လိုက်သည်.. မေဦးတစ်ချက်ပြုံးကာထွက်သွားပြီး ကားထဲဝင်လိုက်သည်... အမှန်တော့လိဝေကိုနှုတ်ဆက်ချင်ပေမယ့် အရမ်းဒေါသထွက်နေသည်.. ပြုံးမပြနိုင်အောင်ပင်.. ဒါကြောင့်ငြိမ်ငြိမ်သာထိုင်နေခြင်းပင်.. သို့ပေမယ့် တစ်စုံတစ်ယောက်က ကားမှန်တံခါးလာခေါက်သည်.. လှည့်ကြည့်တော့ လိဝေ.. မှန်တံခါးတစ်ဝက်လောက်ချလိုက်သည်..
`ကားပေါ်တတ်လေ...´
`မင်း ဟိုဘက်ကိုသွား.. ဒေါသနဲ့ကားမမောင်းနဲ့´
`ဘာမှမဖြစ်ပါဘူး မောင်းနိုင်ပါတယ်..´
`စိတ်မချဘူး ငါမသေချင်သေးဘူး ဟိုဘက်ကိုသွား´
မေဦးသက်ပြင်းကိုခပ်ပြင်းပြင်းချလိုက်သည်.. နောက်ကားထဲမှထွက်လာကာ ဟိုဘက်ကိုလျှောက်သွားတော့ လိဝေက ကားထဲဝင်လိုက်ပြီးကားစက်နှိုးလိုက်သည်.. ထို့နောက်မေဦးကဝင်ထိုင်သည်နှင့် ကားလေးမောင်းထွက်ခဲ့ကြသည်.. နောက်ခပ်လှမ်းလှမ်းကမုန့်ဆိုင်လေးမှာရပ်လိုက်သည်..
`ပီဇာတစ်ချပ်.. ဘာဂါ.. အာလူးချောင်းကြော်.. pepsi.. နောက်ပြီး....´
မေဦးဆိုင်ထဲရောက်လို့ waiterလာတာနဲ့ တောက်လျှောက်မှာတော့သည်...
`ဂဏန်းပျော့ကြော်တစ်ပွဲ.. သဘော်သီးထောင်း.. ဒါပဲအရင်ပေးဦး.. ရှင်ဘာစားမှာလဲ...´
`သံပရာရည် တစ်ခွက်ပဲပေးပါ´
ပြောပြောဆိုဆိုနှင့်waiter စာရွက်လေးမှာမှတ်ပြီးထွက်သွားသည်..
အစားအစာတွေဝိုင်းပြည့်လာချတော့ မေဦးတစ်ခုပြီးတစ်ခုစားနေသည်.. သို့သော်ဗိုက်ဆာသည်ထပ် စိတ်ညစ်လို့နင်းစားနေသည်မှာ သိသာနေသည်..
`မင်းမကုန်လည်းဘာမှမဖြစ်ဘူးနော်..´
`ဟင့်အင်း.. ကျွန်မအားလုံးကုန်အောင်စားမှာ´
လိဝေဆက်မပြောတော့ပဲ ငြိမ်သက်စွာနဲ့သာကြည့်နေသည်.. ခဏကြာတော့ ထပြီးသီးတော့သည်.. သူမ pepsiကိုသောက်ချလိုက်ပြီး အစားကိုဆက်စားသည်.. လိဝေ waiterကိုလက်ပြပြီး သံပုရာရည်တစ်ခွက်ကိုခပ်တိတ်တိတ်လေးမှာလိုက်သည်.. သိပ်မကြာခင်ပဲမေဦးဆက်မစားနိုင်တော့ပါ.. လိဝေအမြန်ပိုက်ဆံရှင်းပြီး မေဦးကိုခေါ်လာရသည်.. လမ်းတစ်ဝက်မှာပဲမနေနိုင်တော့က ဘေးကိုဆင်းအန်ရတော့သည်.. လိဝေတစ်ခွန်းမှမပြောဘဲ မေဦးကိုအကုန်လိုက်လုပ်ပေးသည်..
`ပလုတ်ကျင်းပြီးရေသောက်လိုက်..´
ရေဘူးတစ်ဘူးကိုဖောက်ကာ မေဦးဆီပေးလိုက်သည်.. မေဦးလည်းမငြင်းဘဲယူကာ ပြောသလိုလိုက်လုပ်လိုက်ရသည်..