book

Index 6

အခန်း၆

  • Author : Athena
  • Genres : Romance, Drama

ညရဲ့မှော်ဆန်တဲ့ပြာရီညိုမှိုင်းမှုတွေတဖြည်းဖြည်းနဲ့ပျောက်ကွယ်လာစပြုပြီ.. ကျီးငှက်များရဲ့အော်သံများကတဖြည်းဖြည်းနဲ့ကျယ်လောင်လာသည်.. ကောင်းကင်ကြီးပိုမိုလင်းလာသည်နှင့် ကျီးငှက်သံများအပြင် စာကလေးများရဲ့နိုးထသံ ကျေးငှက်လေးများတေးသီသံကိုကြားရသည်.. မေဦးတစ်ယောက်အိပ်မရသည်နှင့်မျက်နှာထသစ်ကာ မှန်တင်ခုံရှေ့ထိုင်လိုက်သည်.. မေထွေးရှင်းပြလို့black cardကိစ္စကိုတော့သိခဲ့ပြီးပြီ black cardကလည်း ကိုယ့်လက်ထဲမှာမို့ ကိုယ့်ကိုယ်ကိုမှန်ထဲမှာကြည့်ရင်း ရွေးချယ်ရခက်လာသည်.. လုံးဝမသွားဘူးလို့တင်းထားတယ် လက်ထဲမှာ cardကိုကျစ်ကျစ်ပါအောင်စုပ်ကိုင်ထားသည် သို့သော်သွားချင်သည်.. သိချင်သည်... ဘာလို့သူကကူညီချင်ရတာလဲ ကူညီတယ် ကူညီရအောင်သူနဲ့ငါကမှမသိတဲ့သူတွေ.. မယုံကြည်ပါ.. မေထွေးပြောတဲ့စကားကိုသာ နားထဲဲကြားယောင်နေသည်..

`မမ ပြိုလဲမှာကိုအကြောက်ဆုံးမလား.. မယုံလည်းအသုံးချကြည့်ပေါ့ မမရယ် အခုထပ်ပိုဆိုးနိုင်ဦးမှာလား.. မရှုံးပါဘူး စွန့်စားကြည့်ပါ မပြိုလဲဖို့ကိုပဲအာရုံစိုက်ပြီးတွေ့ကြည့်ပါလား´

အသုံးချရမယ်... သူ့ကိုအသုံးချရင်ရော မပြိုလဲဘူးတဲ့လား... စမ်းသပ်ရမယ်... ထပ်ပြီးကျရှုံးရင်ရော ပြန်ထနိုင်မှာလား... မေဦးဘီရိုလေးဖွင့်ကာ ဟူဒီအနွေးထည်လေးကိုထုတ်လိုက်သည်.. နောက်အကျီလဲဖို့ စွပ်ကျယ်လက်ပြတ်ကိုထုတ်လိုက်သည်.. ခဏတာစဥ်းစားမိသည် မရှုံးဘူး.... ငါရှုံးရင်ရော... ထုတ်ထားတဲ့အဝတ်အစားများကိုဘီရိုထဲပြန်ပစ်ထည့်လိုက်သည်.. ဘီရိုတံခါးပိတ်သည့်လက်များလေးလံနေသည်.. ခပ်မြန်မြန်ပဲပြန်ဖွင့်ကာ အဝတ်အစားများပြန်ယူသည်.. ကုတင်ပေါ်တင်ပြီးလဲရန်ကြိုးစားပေမယ့် မေဦးခေါင်းလေးခါကာပြန်ထည့်ပြီး မှန်တင်ခုံရှေ့သွားထိုင်လိုက်သည်...

ကျွန်တော်သူမကိုစောင့်နေတာတစ်နာရီကျော်ပြီ ပန်းခြံကသေးတော့ တံခါးမကိုသာပိတ်ထားပြီးလူဝင်ရန်အပေါက်ကတော့တံခါးမရှိ မနက် လေးနာရီခွဲထဲကဝင်ထိုင်နေခဲ့တာ အခု ငါးနာရီလေးဆယ့်ငါး... သူမလာမှာမဟုတ်ဘူးတွေးတိုင်း လာရင်လွဲနေပါမယ်ဆိုဆက်ထိုင်နေခဲ့မိသည်... အခုတော့ဆက်မထိုင်နိုင်တော့ပါ.. တစ်နာရီကျော်နေပြီသူမ မလာတာကသေချာနေပြီ.. ထိုင်ရာမှထကာအကြောဆန့်လိုက်သည်.. သူ့ကိုယ့်အကူအညီမလိုတာပဲ.. ကိုယ့်လိုအခြေအနေနဲ့သူ့ကို ကူညီဖို့လုပ်တာ ကိုယ်ကရူးမိုက်တာပဲ ကျွန်တော်သက်ပြင်းတစ်ချက်ပြင်းပြင်းချကာ အ​ပေါက်ဝဆီလမ်းလျှောက်လာတော့ ပန်းခြံအဝမရောက်ခင် သူမအနွေးထည်ခဲရောင်လေးနဲ့ ဆံပင်လေးစည်းကာပြေးဝင်လာသည်.. ကျွန်တော်ခြေလှမ်းများရပ်တန့်သွားသည်.. သူမလည်းကျွန်တော့်ကိုကြည့်ရင်းပြေးလာတာရပ်သွားသည်.. သူမနှင့်ကျွန်တော်ရပ်နေတာသုံးပေလောက်ပဲကွာသည်.. သို့သော်နှစ်ယောက်လုံးရှေ့ဆက်တိုးမလာကြပါ.. ရပ်မြဲရပ်ရင်းသာကြည့်နေသည်... စကားလည်းတစ်ခွန်းမှမပြောကြပါ.. တိုးဝှေ့လာတဲ့လေကသူမဆီသို့ဦးတည်တိုက်ခတ်နေသည်.. သူမကတော့အနွေးထည်စလေးကိုဆွဲကာ လက်လေးတင်းတင်းကျပ်ကျပ်ပိုက်ထားသည်.. ဟုတ်သားပဲ သူမခုထိအားနည်းနေတုန်း နှုတ်ခမ်းများလည်းခပ်ဖြူဖြူ အသားဖြူဖြူပင်မယ့် ရုပ်လေးကနွမ်းနေသည်.. သူ့ကိုကျွန်မတွေ့ရတော့ဘာဆက်လုပ်ရမှန်းမသိပါပြန်လှည့်ရမလား ဆက်သွားရမလား အထင်သေးခံရမလား.. ငါဘာလို့လာမိပါလိမ့် မျက်ရည်များပင်ဝဲချင်လာသည် သူကလည်းရှေ့မတိုးလာခဲ့ပါ ကျွန်မလည်းသူ့ဆီလျှောက်မသွားချင်ပါ.. လှည့်ပြန်ရန်သာဆုံးဖြတ်ခဲ့သည်.. ခြေလှမ်းများလှည့်ရန်ပြင်စဥ်ပဲ ဖုန်းလေးကဝင်လာသည်.. နာမည်ကြည့်တော့ `ကို´တဲ့....

မေဦးမျက်နှာညှိုးကျသွားသည် ထိုဆက်တဲ့သူက သူမရဲ့သစ္စာဖောက်သွားတဲ့ချစ်သူဆိုတာ မလွဲနိုင်ပါ မေဦးကလီဝေကိုတစ်ချက်ကြည့်ပြီး ဖုန်းကိုင်လိုက်သည်..

`ဟယ်လို´

`ဟယ်လို... မေ.... နိုးနေတာလား အိပ်နေတဲ့အသံမဟုတ်ဘူး..´

`အင်း.. နိုးနေတာ´

`ကောင်းတာပေါ့.. ကိုကမေ့ကိုသိပ်တွေ့ချင်နေတာ လွမ်းလွန်းလို့ အခုတောင်မေနဲ့ဘုရားသွားရင်ကောင်းမလားလို့ စဥ်းစားပြီးဆက်လိုက်တာ မေနိုးနေတယ်ဆိုရင် ကိုအခုလာခေါ်မယ် ဘုရားသွားရအောင်လေ´

မေဦးမျက်ရည်များဝဲလာသည် ဖြူဖျော့နေတဲ့မျက်နှာလေးမှာ မျက်လုံးများမျက်ရည်များရွှဲပြီး နီလာသည်ကအဝေးကပင်မြင်ရသည်.. အံလေးကျိတ်ကာမငိုအောင်အားတင်းထားသည်မှာလည်း သိသာသည်..

`ဟယ်လို´

ခန့်နိုင်အသံကြားမှမေဦးနည်းနည်းပိုအားတင်းကာ အသံကိုပြင်လိုက်သည်

`အင်း.. မေမအားဘူး ကို..´

`မေရယ် ကိုယ်သိပါတယ် မေထွေးအတွက်လုပ်ပေးနေတာ အန်တီတို့မရှိလို့မေလုပ်ပေးနေတာ မေထွေးပြောပြတယ်.. မေကလည်းကွာ UFL chinese ကဆရာက ကိုယ့်သူငယ်ချင်းပါ.. ကိုယ်ကူညီမှာပေါ့. သွားရအောင်လေ´

ဪ... မေထွေးလိမ်ပေးထါးတာပဲ...

မေဦးဘာမှမရှင်းချင်ပါအားတင်းထားတဲ့ကြားကပါးပြင်ပေါ်ကိုမျက်ရည်များစီးကျလာသည်.. 

`မေ ဒီတစ်ခုတည်းမဟုတ်လို့ပါ.. နောက်နေ့မှတွေ့တာပေါ့ မေတကယ်မအားတာ.. အခုတောင်မအားဘူး ကိုရဲ့.. ဒါပဲနော်´

`ဟာ.. မေ... မေ...´

ခန့်နိုင်စကားမစခင်ပဲမေဦးဖုန်းချလိုက်သည် နောက်မျက်ရည်ကိုသုတ်ကာအရှေ့ကိုကြည့်တော့ လီဝေကနည်းနည်းမှမလှုပ်ပဲရပ်မြဲရပ်နေသည်.. မေဦးအရမ်းကိုရှက်သွားသည်.. မျက်ရည်များကမတားနိုင်အောင်စီးကျလာသည်.. မျက်နှာကိုလက်နဲ့သာအုပ်ပြီးမေဦးနောက်လှည့်ကာ ပြန်လျှောက်သွားသည်.. လီဝေရပ်မကြည့်နိုင်တော့ပါ.. သူမကိုကြည့်ပြီးအမေခံစားခဲ့တာက ကိုယ်သိတာထပ်ပိုမည်ကိုသာသေချာခဲ့သည်.. လီဝေသူမနောက်အမြန်လျှောက်ကာ လက်ကိုဆွဲပြီးခေါ်သွားခဲ့သည်.. 

`ရှင်.. ဘာလုပ်တာလဲ.. လွှတ်.. အခုလွှတ်နော် လွှတ်...´ မေဦးလီဝေကိုထုကာရုန်းနေသည် မျက်ရည်များလဲမဆဲပါ.. လီဝေကသူ့စက်ဘီးဆီဦးတည်ကာခေါ်သွားသည်.. မေဦးရုန်းနေပေမယ့် လီဝေဂရုမစိုက်ခဲ့ပါ.. လီဝေရဲ့မျက်နှာအနေအထားက အရမ်းကိုမာန်ပါပါနှင့်တည်ကြည်နေသည်.. မျက်လုံးများကဒေါသကိုမြင်စေသည်... မေဦးကိုစက်ဘီးဆီရောက်တော့ဆွဲထားတဲ့လက်တစ်ဖက်ကိုလွှတ်ကာ လက်မောင်းနှစ်ဖက်ကိုကျပ်နေအောင် တင်းတင်းကိုင်ပြီးဆွဲလှုပ်ကာ မေဦးမျက်လုံးများကိုတည့်တည့်ကြည့်ပြီး အသံမာမာနှင့်

`မင်းကိုလုံးဝမထိခိုက်စေရဘူး.. မင်းမရုန်းနေနဲ့ အပိုပဲ.. စကားမပြောနဲ့ ငါမင်းကိုသတ်မပစ်ဘူး.. အေးအေးဆေးဆေးလိုက်ခဲ့.. ငါ့စက်ဘီးမှာနောက်ခုံမပါဘူးမင်းရှေ့ကတန်းကပဲ စီးလို့ရမှာ မင်းအေးအေးဆေးဆေးစီးပါ ငါမင်းရည်းစားလိုလူမဟုတ်ဘူး.. နားလည်လား´ ​ပြောလိုက်သည်.. မေဦးအနည်းငယ်လန့်သွားမိသည်.. မရုန်းတော့ပါ သူပြောသလိုပဲသူ့စက်ဘီးပေါ်ပါလာခဲ့သည်.. စက်ဘီးရှေ့တန်းမှာထိုင်နေတော့ သူစက်ဘီးနင်းနေသည်က မေဦးကိုဖက်ထားသလိုပင်.. ပျော့ခွေနေသောမေဦးကိုထိန်းထားတဲ့အဟန့်အတား တစ်ခုဖြစ်ခဲ့သည်.. သူစက်ဘီးကနင်းလာတာအတော်ကိုဝေးနေပြီ သာကေတ.ရှုခင်းသာကိုပင်ကျော်လာပြီ သူဘယ်ကိုဦးတည်နေလဲ မေဦးမသိပါ.... မေးလည်းမမေးနိုင်ပါ.. ခဏနေတော့ သန်လျင်မြစ်ကူးတံတားကိုတွေ့ရပြီ.. သန်လျင်... သူကသန်လျင်ကိုသွားနေတာလား.. သန်လျင်ကိုဘာလို့လဲ.. သို့သော်တံတားအတတ်လမ်းရောက်တော့ သူဘယ်ကိုချိုးချသွားသည်.. လမ်းကျဥ်းလေးအတိုင်းဝင်သွားတော့ တိုင်းရင်းသားကျေးရွာရဲ့မုခ်ဦးကိုတွေ့ရသည်..  အနောက်ကနန်းမြင့်မျှော်စင်ကလည်း ကောင်းကင်ကိုနောက်ခံထားကာ ခန့်ခန့်ညားညားရှိနေသည်.. တဖြည်းဖြည်းနဲ့နီးကပ်လာပြီးလီဝေကမေဦးလက်ကိုဆွဲကာ မုခ်ဝမှာလက်မှတ်ဝယ်သည် တစ်ဖက်ကလည်းစက်ဘီးကိုတွန်းလာသည်.. မုခ်ကျော်ပြီးပန်းခြံထဲရောက်တော့ရပ်ကာ.. မေဦးကိုစက်ဘီးပေါ်တက်ရန်မေးငေါ့ပြီးပြသည်.. မေဦးမငြင်းပဲတတ်လိုက်သည်.. လီဝေစက်ဘီးကိုအရှိန်ပြင်းပြင်းနင်းကာ မျှော်စင်အောက်မှာရပ်ပြီးသော့ခတ်လိုက်သည်.. နောက်မေဦးလက်ကိုဆွဲပြီး မျှော်စင်ပေါ်တတ်တော့ မေဦးတစ်ချက်ရုန်းလိုက်သည်..

`ဘာဖြစ်လို့လဲ´ လီဝေမေဦးကိုလှည့်ကြည့်ကာမေးသည်..

`ကျွန်မ မတတ်နိုင်ဘူး´ လီဝေတက်နေတဲ့လှေခါးထစ်လေးကနေပြန်ဆင်းကာ မေဦးရဲ့မျက်လုံးများကိုစိုက်ကြည့်လိုက်သည်..

`မင်းလုပ်နိုင်တယ်... ဒီကမ္ဘာကြီးမှာမင်းမလုပ်နိုင်တာဘာမှမရှိဘူး´

ပြောလို့ပြီးသည်နှင့်မေဦးလက်ကိုဆွဲကာ လှေကားထစ်များကိုတက်သွားသည်.. မေဦးမောဟိုက်ပြီးချွေးများပျံလာသည်.. လက်ကိုရုန်းပေမယ့် သူလုံးဝမလွှတ်ပါ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်.. လှေကားထစ်တစ်ဝက်လောက်ရောက်တော့မေဦးဆက်မထိန်းနိုင်ပါ ခြေချော်ကာလဲတော့သည်.. လီဝေဆွဲထားတာကြောင့်အောက်ပြုတ်မကျပေမယ့် ခြေထောက်တော်တော်နာသွားသည်.. နာကျင်မှုရော.. လီဝေအပေါ်မကျေနပ်မှုရောပေါင်းကာ မေဦးငိုတော့သည်.. လီဝေဆက်မသွားတော့ဘဲမေဦးအောက်တစ်ထစ်ဆင်းပြီး မေဥိးနှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်... မေဦးရဲ့စီးကျနေသောမျက်ရည်များကိုသုတ်ပေးတော့ သူမမျက်နှာလွှဲလိုက်သည်.. လီဝေနောက်ပါးတစ်ဖက်ကိုသုတ်ပြီးခြေထောက်​ကိုကြည့်တော့ ညို့သူကြီးမှာပွန်းရာလေးများသွေးစို့နေသည်.. 

`မင်းလျှောက်နိုင်သေးလား?´

``မ​​ေလျှာက်နိုင်ဘူး.. အောက်လည်းမဆင်းနိုင်ဘူး အပေါ်လည်းမတတ်နိုင်ဘူး´

မေဦးဆောင့်ဆောင့်အောင့်အောင့်နှင့်ဖြေသည်.. လီဝေသက်ပြင်းတစ်ချက်ချကာ မတ်တပ်ပြန်ရပ်လိုက်သည်..

`ထကြည့်..  ရပ်နိုင်လား´ ပြောပြောဆိုဆိုနဲ့လီဝေလက်ကိုမကာပြောတော့ မေဦးကြိုးစားပြီးထလိုက်သည်.. သို့သော်ရုတ်တရက်လီဝေက မေဦးကိုပွေ့ချီလိုက်သည်.. မေဦးလေထဲမြောက်သွားသလိုခံစားရသည်.. လေကလည်းပိုမြင့်လေတိုက်လေ.. အောက်ကြည့်တော့လည်းအမြင့်ကမသေးပါ.. မေဦးမရုန်းရဲတော့ပဲ လီဝေရဲ့အကျီကိုသာကျစ်နေအောင်ဆုပ်ကိုင်ထားသည်.. ကြောက်လို့လက်ဖျားများလည်းအေးစက်နေပြီ.. 

အရူးပဲ... သူတကယ်အရူးပဲ ပြုတ်ကျရင်နှစ်ယောက်လုံးသေမှာ.. သူနည်းနည်းလေးတောင်မတွေးမိဘူးလား.. သူနဲ့အတူမသေချင်ပါဘူး ကိုယ့်ဘာသာရူးရင်လည်းခုန်ချပါလား ဘာလို့ငါ့ကိုချီထားတာလဲ.. ငါနဲ့အတူများသေမလို့လုပ်နေတာလား တကယ်အရူးများလား.. မေဦးအတွေးများနဲ့ခြာခြာလည်အောင်ကြောက်တိုင်းလီဝေကိုတင်းတင်းဖက်ထားသည် အကျီစများကိုဆူပ်ကိုင်ထားသည့်လက်များအေးသထက်အေးလာသည်.. မျှော်စင်ပေါ်ရောက်တော့ တိုင်တစ်ခုနားတွင်လီ​ဝေမေဦးကိုအောက်ချပေးသည် မေဦးတိုင်ကိုအားပြုကာမတ်တပ်ရပ်ထားတုန်း လီဝေမေဦးရှေ့မှာဒူးတစ်ချောင်းထောက်ပြီး ပုဝါနဲ့ထွက်နေတဲ့သွေးစများကိုသုတ်ပေးသည်..

`နာနေသေးလား´ မေဦးဘာတစ်ခွန်းမှမဖြေပါ.. လီဝေဆက်သုတ်ပေးပြီး ထကာမေဦးကိုကြည့်တော့ မေဥိးမျက်နှာလွှဲထားသည်.. မျက်နှာကဒေါသထွက်နေသည်ကိုသိသာအောင် တင်းနေသည်.. လီဝေတစ်ချက်ပြုံးကာ.. မေဦးခေါင်းကိုပုတ်လိုက်သည်..

`မင်းငါ့ကိုစိတ်ဆိုးနေတာလား´

`တခြားသူရှိသေးလို့လား´

`မင်းစိတ်ဆိုးတာကောင်းတယ်´

`ဘာ..´

`အနည်းဆုံးတော့မင်းခုနကလိုအားနည်းနေတဲ့ပုံမဟုတ်ဘူးလေ´

ဪ..ပြောတဲ့ပုံကသူ့ကိုပဲကျေးဇူးတင်ရမယ့်ပုံ.. မေဦးဒေါသပိုထွက်လာသည်..

`ရှင်ရူးနေတာလား´

`မင်းပြော​ကြည့်လေ´

`ရှင် အရူးပဲ... တကယ့်အရူး... ရှင့်ကိုယ်ရှင်ဘာထင်နေလဲ´

`ဝမ်လိဝေ´

လီဝေသူ့နာမည်တစ်ခွန်းထဲသာပြောလိုက်သည်..

`ကောင်းပြီ... ဝမ်လိဝေ.. ဒါတရုတ်မဟုတ်ဘူး ရှင့် black cardလည်းသုံးလို့မရဘူး နားလည်ရဲ့လား.. ရှင်ဘာလိုချင်နေတာလဲ´

လီဝေသဘောကျစွာရယ်လိုက်သည်..

`မင်းဒေါသထွက်တာအရမ်းချစ်ဖို့ကောင်းတယ်´

`ရှင်ဘာပြောတယ်´

`ဒါပေမယ့်မင်းဒေါသထွက်ရမယ့်သူမှားနေတယ်´

`ရှင့်ကိုယ်ရှင် ဘာထင်နေလဲ´

`ငါမင်းကိုကူညီနေတာလေ မင်းဘာထင်လို့လဲ´

`ဘယ်သူကကူညီခိုင်းလို့လဲ ရှင်ပြောတဲ့ကူညီတာကမျှော်စင်ပေါ်ချီတင်တာလား.. ရှင်ပြောစမ်းပါဦး.. ဘာလို့ကူညီတာလဲ´

မေဦးဒေါသနှင့်ပြောပေမယ့် လီဝေကတော့ခပ်ရိရိနဲ့မေဦးကိုပိုဒေါသထွက်အောင် ဆွပေးနေသည်..

`ကောင်းပြီ.. ငါပြောမယ် ဒါပေမယ့်မင်းအရင်ဖြေ ဘာလို့ပန်းခြံလာတာလဲ´

`ဘာလို့လာလာရှင်နဲ့ဘာဆိုင်လဲ´

`ကိုယ်လည်းဘာလို့ကူကူလေ ဘာလို့မေးနေလဲ´

`ဘာ...´ မေဦးဒေါသတကြီးနှင့် အော်လိုက်သည် လီဝေမေဦးကိုကြည့်ကာနှစ်နှစ်ခြိုက်ခြိုက်ရယ်သည်.. မေဦးကတော့လီဝေကိုကုတ်ဖဲ့ချင်လောက်အောင်ဒေါသထွက်နေပြီ...

`ကောင်းပါပြီ ကောင်းပါပြီ.. မင်းရဲ့နဂါးမျက်စောင်းကိုလျှော့ ငါပြောပြမယ်.. ဘာလို့လဲဆိုတာကို ဟုတ်ပြီလား စိတ်အေးအေးနဲ့နားထောင်.´ မေဦးဘာမှမပြောပါ မျက်နှာသာလွှဲနေသည်.. လီဝေမေဦးအနားခပ်လှမ်းလှမ်းကတိုင်လေးမှာမှီရင်းသူမကိုလှမ်းကြည့်သည်.. နောက်ခဏနှုတ်ဆိတ်ပြီးသက်ပြင်းလေးချကာတိုင်မှာခေါင်းကိုမှီပြီး ခပ်တိုးတိုးကြားရရုံသာပြောလိုက်သည်..

`မင်းကို ငါ့အမေလိုမဖြစ်စေချင်လို့´

`ဘာ..´

လီဝေဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ နှိပ်ပြီးနောက်ဖုန်းကိုမေဦးဆီထိုးပေးသည်.. မေဦးဆောင့်အောင့်ကာဖုန်းကိုယူပြီးကြည့်တော့ လူလတ်အရွယ်အမျိုးသမီးတစ်ဦး ရင်ဖုံး ထဘီလေးနဲ့ ရှင်းရှင်းလေးခုံမှာထိုင်နေသည်.. မျက်လုံးနှာတံများက ဝမ်လိဝေနဲ့ချွတ်စွပ် သားအမိဆိုတာငြင်းစရာမရှိပါ..

`ကိုယ့်အမေနောက်ဆုံးရယ်ခဲ့တဲ့ပုံလေ´

မေဦးဘာမှမပြောပဲလိဝေကိုတစ်ချက်ကြည့်ပြီးဖုန်းထဲကအမျိုးသမီးကိုသာ ပြန်ကြည့်သည်..

`သူကမြန်မာလူမျိုးတစ်ယောက်.. ငါဒီမှာရှိရတဲ့တစ်ခုတည်းသောအကြောင်းအရင်းပေါ့´

`ရှင့်အမေကမြန်မာလူမျိုးလား´

`အင်း.. သူမကအရမ်းကိုသစ္စာရှိပြီးချစ်တတ်တဲ့အမျိုးသမီးတစ်ယောက်ပါ အခုဆိုသူဆုံးသွားတာ ၇နှစ်ရှိပြီ´

`ဆုံးသွားပြီ... ?´

`ဘာကြောင့်လို့ထင်လဲ?´

မေဦးဖုန်းလေးပြန်ပေးရင်း ခေါင်းခါပြသည်..

`သူ သစ္စာဖောက်ခံရလို့လေ´

`ဟင်... သတ်သေသွားတာလား´

`မဟုတ်ပါဘူး.. အိပ်ရာထဲလဲသွားခဲ့တာပါ နောက်ကြာလာတော့နှလုံးရောဂါကိုမကုခဲ့တာက အဲလိုတွေဖြစ်ကုန်တာ´

မေဦးခေါင်းလေးငုံပြီးသာနားထောင်နေသည်..

လီဝေကလမ်းလျှောက်ရင်းသက်ပြင်းချကာ အကြောင်းစုံကိုရှင်းပြသည်..

`ကိုယ့်အမေက မြန်မာလူမျိုးတစ်ယောက်. ပြီးတော့စကော်လာကျောင်းသူတစ်ယောက်. ကျောင်းပြီးတော့အဖေတို့လုပ်ငန်းမှာအလုပ်ဝင်ရင်း အဖေနဲ့ချစ်ပြီး အရာရာကိုဖြတ်ကျော်ပြီးလက်ထပ်ခဲ့ကြတယ် ကိုယ်တို့မိသားစုကမျိုးရိုးစဥ်ဆက်ချမ်းသာကြတယ် လုပ်ငန်းကြီးတွေပိုင်ကြတယ် အဲအချိန်မှာမြန်မာနိုင်ငံကလုပ်ငန်းရှင်တစ်ဦးရင်းနှီးမြှုပ်နှံ့လို့အမေနဲ့လက်ထပ်တာကို အဘိုးကခွင့်ပြုခဲ့တယ် ဒီလိုနဲ့ကိုယ်တို့ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြပြီး ကိုယ် ၁၅နှစ်သားအရွယ်မှာ အဖေကမိန်းကလေးတစ်ယောက်ကိုအိမ်ခေါ်လာခဲ့တယ် ဘယ်သူ့ကိုမှကြိုမပြောထားခဲ့ပဲ အားလုံးအရှေ့မှာ သူကအဲဒီမိန်းကလေးကိုလက်ထပ်မယ်လို့ကြေညာခဲ့တယ် အားလုံးကသဘောမတူငြင်းခဲ့ပေမယ့် အမေကတော့ ဘာလို့လဲပဲမေးခဲ့တယ်.. ကိုယ့်အဖေဘာပြောလဲသိလား´

မေဦးခေါင်းလေးခါပြီး လိဝေအနားကိုလျှောက်လာသည်.. 

`ကိုယ့်အဖေပြောတာက အဲမိန်းကလေးကသူ့ရင်သွေးကိုလွယ်ထားရတယ်တဲ့ အားလုံးအထိတ်တလန့်ဖြစ်ကုန်တယ် အမေကဘယ်ကတည်းကလဲဆက်မေးတော့ အဖေကဖြေတယ် တစ်နှစ်လောက်ရှိပြီတဲ့ အဲအချိန်မှာအမေမျက်ရည်တွေစီးကျနေပြီ.. ဒါပေမယ့်အမေကအဖေ့ကိုအခွင့်အရေးတစ်ခုပေးခဲ့တယ် တကယ်လို့အဲမိန်းကလေးကိုထိုက်တန်တဲ့လျော်ကြေးပေးပြီး ပြန်လွှတ်လိုက်ရင်အခုဖြစ်နေတာတွေမေ့ပေးမယ်လို့ အဲအချိန်မှာအဲမိန်းကလေးကဘာဝင်ပြောလဲသိလား ဒီရင်သွေးရဲ့အဖေကကျွန်မရဲ့ယောကျ်ားဖြစ်တဲ့ ဝမ်ကျန်းချန်ပါ အဖေဖြစ်တဲ့သူကကလေးကိုတာဝန်မယူစေမယ့်စကားမျိုးမပြောပါနဲ့တဲ့ နောက်ပြီးတာဝန်မယူရင်တရားစွဲဆိုမယ်လို့လည်းခြိမ်းခြောက်ခဲ့တယ် ကိုယ့်အဖေကကိုယ့်အမေကိုတောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းသာပြောခဲ့တယ် ဒါပေမယ့်သူတို့လည်းလက်မထပ်ဖြစ်ခဲ့ဘူး အဘိုးကသတင်းတွေအပြင်ထွက်မှာစိုးလို့ သူမကိုလက်ထပ်ပွဲမလုပ်ခိုင်းခဲ့ဘူး ဒါပေမယ့်ဇနီးတစ်ယောက်ရဲ့အခွင့်အရေးအကုန်လိုက်လျောခဲ့တယ် ကိုယ့်အမေကတော့အဲအချိန်ကစပြီးအခန်းထဲကထွက်မလာတော့ဘူး´

`ရှင့်အဖေကရှင့်အမေအတွက်ဘာမှမလုပ်ပေးဘူးလား´

လီဝေတစ်ချက်ပြုံးသည်

`သူတစ်ပတ်လုံးလုံးညတိုင်းအခန်းတံခါးလာခေါက်ခဲ့တယ်.. အမေကြိုက်တဲ့အစားအစာတွေပို့ခိုင်းတယ် ဒါပေမယ့်သူတစ်ခါမှသေချာမကြိုးစားခဲ့ဘူး... အမေကတစ်နေ့ထပ်တစ်နေ့အားနည်းလာတယ် အဲနေရာမှာဆက်မနေနိုင်လို့ အဘိုးကိုမြန်မာနိုင်ငံကိုပြန်ခွင့်ပေးဖို့တောင်းဆိုခဲ့တယ် အဘိုးကလူတွေရိပ်မိမှာစိုးလို့ငြင်းခဲ့တယ် နောက်တော့ ခြံထဲမှာပဲအိမ်တစ်လုံးထပ်ဆောက်ပေးခဲ့တယ် အမေအဲဒီကိုပြောင်းတော့ ကိုယ်ရယ် အကူအဒေါ်နန်းရယ်ပဲပါတယ် တခြားအကူတွေအားလုံးကို အဖေကဟိုမိန်းမအတွက်ထားခဲ့တယ် ကိုယ်နဲ့အမေအဲအိမ်လေးမှာပဲနေခဲ့ကြတယ် အမေကအဲဒီကစပြီးငယ်ငယ်ကသင်ပေးတဲ့မြန်မာစာတွေကိုပြန်လုပ်စေတယ် အိမ်ထဲမှာဆိုမြန်မာလိုပဲပြောစေတယ် အဲအချိန်မှာဟိုမိန်းမက ကိုယ်ဝန်ပျက်ကျခဲ့တယ် အားလုံးကအမေ့ကိုအပြစ်ရှာချင်ပေမယ့် အမေကအခန်းက တစ်ခါမှအပြင်မထွက်ဘူးလေ.. ကလေးပျက်ကျတော့ အဖေကအမေ့ကိုပြန်လာဖို့လာခေါ်တယ် အမေကနှင်ထုတ်လိုက်တယ် အခွင့်အရေးကုန်ပြီဆိုပြီး အဖေနဲ့ပြသနာတွေတတ်ကြတယ် အမေကအရမ်းသစ္စာရှိပြီး အရမ်းခေါင်းမာတဲ့သူ.. ပြသနာအကြီးအကျယ်တတ်ပြီးနောက်အဖေအမေ့ဆီထပ်မလာခဲ့ဘူး သူ့မိန်းမနောက်တစ်ကြိမ်ကိုယ်ဝန်မရခင်အထိ သူမကိုယ်ဝန်ထပ်ရတဲ့အချိန်မှာအမေကနှလုံးရောဂါကျွမ်းနေပြီ ကိုယ်အဖေ့ကိုအမေ့ကိုဂရုစိုက်ပေးဖို့သွားပြောတော့ သူကကိုယ်ရင်အနာဆုံးစကားတစ်ခွန်းကိုပြောခဲ့တယ် ငါ့ရင်သွေးကအရေးအကြီးဆုံးပဲမင်းအမေကိုဟန်မ​ဆောင်နေနဲ့လို့ပြောလိုက်တဲ့.. ဒါပေမယ့်သူ့မိန်းမကကိုယ်ဝန်မဟုတ်ပဲ သားအိမ်ရေအိတ်တည်တာဖြစ်နေတယ် အမေကတော့အိပ်ရာထဲကမထနိုင်တော့ဘူး ကိုယ်အသက်၂၀မှာအမေဆုံးသွားတယ်´

လီဝေမျက်ရည်သုတ်ရင်းပြောသည်.. မေဦးလည်းနားထောင်ရင်းမျက်ရည်ဝဲခဲ့ရသည်.. လီဝေမေဦးအနားပြန်လျှောက်လာကာ မေဦးခေါင်းလေးကိုပုတ်လိုက်သည်..

`မင်းကိုအဲလိုမဖြစ်စေချင်ဘူး.. သစ္စာမရှိတဲ့ယောကျ်ားတွေအတွက်မင်းတို့လိုကောင်းတဲ့မိန်းကလေးတွေကမတန်ပါဘူး မပြိုလဲပါနဲ့´ 

မေဦးသက်ပြင်းလေးချကာစဥ်းစားသည်.. ဪ ယောကျာ်းတွေများမကောင်းပါလား.. ဝမ်လိဝေ ရှင်ကရောဘယ်လိုလူစားမျိုးလဲ မေဦးမစဥ်းစားတော့ပါ.. စွန့်စားလိုက်မည်.. မေထွေးပြောသလိုစွန့်စားလိုက်မည်.. မေဦးမျက်လုံးများမှိတ်ကာ တိုက်ခေတ်နေတဲ့လေပြင်းပြင်းကိုခံစားလိုက်သည် နောက်သက်ပြင်းတစ်ချက်ချပြီး လီဝေဆီလျှောက်သွားပြီးနောက်.. black cardလေးကို လီဝေလက်ထဲပြန်ထည့်ပေးလိုက်သည်.. 

`မနက်ဖြန်ကျွန်မဘယ်ကိုလာရမလဲ´

လီဝေအံဩစွာကြည့်နေသည်.. မျက်နှာတွင်ခုနကလိုရိတာ မာန်ကြီးတာ ဝမ်းနည်းတာတွေ မရှိတော့ပဲအပြုံးကိုတွေ့လိုက်ရသည်..

`ဒီနေ့လိုပဲလာပါ.. စောစောလာခဲ့ လူများရင်မင်းစိတ်ရှုပ်မယ်´

မေဦးခေါင်းလေးငြိတ်ပြသည်..

`ဒါဖြင့်ပြန်ရအောင်.. ကားခေါ်လိုက်မယ် ခြေထောက်သက်သာပြီလား´

`သိပ်မနာတော့ဘူး´

`ကိုယ်မင်းကိုအိမ်လိုက်ပို့ပေးမယ် ကောင်းကောင်းအနားယူပြီး. အစားမှန်မှန်စားနော်.. ကိုယ့်စကားနားထောင်ပါ´


rate now:

3 Reviews
  • reader Kyaw min htun 02.01.2020, 14:22 5

    ဂရုစိုက်မယ့်သူရှိနေပြီပဲ ပြတ်သားလိုက်ပါတော့...

    reply

  • reader သစ်​ခတ်​စိမ်း 02.01.2020, 13:42 4.9

    အားပေးနေတယ်

    reply

  • reader သစ်​ခတ်​စိမ်း 07.12.2019, 12:45 4.9

    ဆက်​​ရေးပါ

    reply