ရှင်...မေမေ bangkok ကိုသွားရမယ်'
မေဥိးမျက်လုံးအဝိုင်းသားနှင့် ဖေဖေ့ကိုကြည့်ရင်းမေးလိုက်သည်။မေဦးကအံ့သဥလိုမေထွေးကလည်းပါးစပ်အဟောင်းသားပါ။မေမေနှလုံးသွေးကြောကျဥ်းတာကိုခွဲစိပ်ဖို့စီစဥ်ထားပေမယ့် ဒီလောက်မြန်ဆန်မယ်လို့မထင်ခဲ့ပါ။အခုလို မေဦးအတွက်ခက်ခဲတဲ့အချိန်မှာ မေမေနဲ့ဖေဖေ့အနားရှိစေချင်မိသည်။သို့သော် ကျန်းမာရေးလေ မေဦးဘာများတတ်နိုင်မှာလဲ?
'မေမေတို့ကဘယ်တော့သွားမှာလဲ?'
မေထွေးကတအံ့တသြဝင်မေးသည်။
'သဘက်ခါမနက်စောစောသွားကြမယ်လေ'
'သြော်...ဟုတ် ဟုတ် '
မေဦးဘာမှဝင်မပြောနိုင်ပါ။မှိုင်နေသည်။မေထွေးကပဲအခြေအနေကြည့်ပြီးလှုပ်ရှားပေးခဲ့သည်။ညကအတော်မှောင်နေသည်။ပြတင်းတခါးမှလေများကမေဦးဆံနွယ်များကိုတိုးဝှေ့နေသည်။နောက်မှီထိုင်ခုံလေးပေါ်ဒူးလေးကွေးထိုင်ကာလက်နှစ်ဘက်ကကွေးထားတဲ့ဒူးလေးပေါ်ယှက်ကာကိုင်ထားသည်။ကွေးကွေးလေးထိုင်နေရင်းနဲ့အပြင်ကောင်းကင်ယံကိုသာငေးနေမိသည်။နှင်းဆီရောင်သွေးနေတဲ့ပါးမို့မို့လေးပေါ်လည်းမျက်ရည်စီးကြောင်းများကတသွင်သွင်စီးနေသည်။မေဦးတစ်ညလုံးမအိပ်နိုင်ပါ။ငါတည့်တည့်မေးပြီးဘယ်သူလဲဆိုရှင်းရမလား?မသိသလိုနေပြီးပဲအငိုက်ဖမ်းပြီးပဲဲကြမ်းရမလား?အမျိုးမျိုးတွေးနေပေမယ့် မေဦးကြောက်သည်။ သစ္စာဖောက်ခံရတာထက်အချစ်ဆုံးသူငယ်ချင်းနှင့် သစ္စာဖောက်ခံရတာကအနာကျင်ရဆုံး။မဖြစ်နိုင်ပါဖူးလို့တွေးသော်လည်းစိတ်ထဲကအလိုလိုဟုတ်တယ်လို့ပြောနေသလို ခေါင်းတွေကတဆစ်ဆစ်နဲ့သာကိုက်နေသည်။
မနက်ရောင်နီလေးလင်းလာသည်။အရောင်မဲ့သောညအခါမှ မျက်စိတဆုံးသစ်ပင်ရဲ့အရွက်အစိမ်းလေးများကိုလှမ်းမြင်ရပြီ။သဲသဲကွဲကွဲမမြင်ရပေမယ့် ဝိုးတဝါးအရောင်များမြင်နေရပြီ။ငှက်ကလေးတွေရဲ့ တေးသီသံလေးကိုလည်းကြားနေရပြီ။
သြော် ငါးနာရီလောက်ရှိနေပြီပဲ
မိမိမှာတော့တရေးမှမအိပ်နိုင်သေးပါ။သို့သော် ကမ္ဘာလောကြီးကတော့တခါထပ်မံနိုးထလာလေပြီ
'ဒေါက်....ဒေါက်....ဒေါက်'
တံခါးခေါက်သံကိုကြား၍ကျွန်မကုတင်ပေါ်အမြန်ပြေးတက်ပြီးစောင်ခြုံကာအိပ်ချင်ယောင်ဆောင်နေလိုက်သည်။တံခါးဖွင့်သံနှင့်အတူမေမေနှင့် မေထွေးဝင်လာသည်ကိုသိလိုက်သည်။
'ဟယ်...ထူးထူးခြားခြား မေဦးခုထိအိပ်လို့ပါလား ဒီကလေး'
မေမေနှိုးဖို့ပြင်သည်ကို မေထွေးကလက်နှင့်ဝင်တားကာ
'မေမေရယ်...မမကဘွဲ့ယူဖို့လုပ်လိုက် ဆိုင်ဖွင့်ဖို့ပြင်လိုက်နဲ့ အတော်ပင်ပန်းနေမှာ အိပ်ပါစေလား ဘာမှလဲထွေထွေထူးထူးလုပ်စရာမရှိပါဖူး'
'ဒီကလေး အရမ်းကိုဇွဲကောင်းလွန်းတာ သူလိုချင်တဲ့အခြေအနေရောက်တဲ့ထိရပ်တာမဟုတ်ဖူး လူပင်ပန်း၊စိတ်ပင်ပန်းတာ မကြည့်ဘဲလုပ်ချင်တယ်ဆို ဖြစ်အောင်လုပ်ရမှ၊အစွဲအလမ်းကလည်းကြီးသေား ငါ့အရွယ်မရောက်ခင် နှလုံးရောဂါရလာမှာကိုပဲ ပူနေရတယ်၊အေးလေ....နားပါစေဦး မနှိုးနဲ့တော့ ဒီဒေါသအိုးကိုအိပ်ခိုင်းလိုက် နိုးမှပဲထမင်းထစားပါစေတော့။'
မေမေက မေဦးခေါင်းလေးကိုပုတ်ပြီးပြောကာထွက်သွားတော့ မေထွေးကတံခါးလေးပိတ်ကာ မေဦးအနားသို့ပြန်လာသည်။
'မမ မအိပ်တာသိတယ် မေထွေးပဲရှိတာ ထပါ။'
မေဦးမျက်လုံးလေးများဖွင့်သည်။သို့သော်ငိုထားသောကြောင့် မျက်လုံးလေးများမို့မောက်နေသည်။နှာခေါင်းလေးများရဲနေသည်။ အရမ်းကိုနုန်းချိနေတဲ့ပုံစံပေါ်လွင်နေသည်။မေထွေးကုတင်လေးဘေးမှာကပ်ထိုင်ကာမသက်မသာနှင့်ကြည့်ပြီး
'မေထွေးကူမယ်ပြောခဲ့တယ်မလား မမရယ် မသေချာသေးပါဖူး ပြီးတော့မေထွေးတစ်ယောက်လုံးရှိပါသေးတယ်။ကိုယ့်ကိုကိုယ် အာ့လောက်မနှိပ်စက်ပါနဲ့နော်။'
မေဦးမျက်ရည်များထပ်မံစီးကျလာသည်။မေထွေးကမေဦးလက်လေးများကိုကိုင်ကာ
'မမ ရှင်းသွားချင်တယ်မလား? ထ....ရေချိုး ပြီးတော့ မျက်လုံးကိုရေခဲဝတ်လေးကပ် အရမ်းမအစ်အောင် အလှပြင်ထား မေထွေးနောက်နှစ်နာရီလောက်နေရင်လာခေါ်မယ်နော်'
'ဘာလုပ်မလို့လဲ'
'မမ ဘယ်လိုရှေ့ဆက်ရမလဲသိအောင်လို့ စိတ်ချပါ သူတို့နဲ့သွားမတွေ့ဖူး ပြင်ထားနော်'
မေထွေးပြောပြောဆိုဆိုနှင့်ထွက်သွားသည်။
'ကိုအောင်ရေ....ရှင့်သမီးတွေလူကြီးဖြစ်ကုန်ပြီတော့'
'ဟေ...အစမရှိ အဆုံးမရှိ '
'သြော် ရှင့်သမီးတွေကိုပြောတာ ကြည့်ရင် ဘယမှမဖြစ်သလိုနေတတ်ကြပြီး'
'ကဲ ဥမ္မာရယ် ရှင်းအောင်ပြောစမ်းပါ သမီးတွေဘာဖြစ်လို့လဲ'
'ကြည့်ရတာ မေဦးမှာ ပြသနာရှိနေပုံပဲ။ပြီးတော့ မေထွေးကကျွန်မမေဦးကိိုမေးဖို့လုပ်တော့ လှမ်းတားတယ်။ကြည့်ရတာမေထွေးလည်းသိသလိုပဲ။သူတို့ကလူကြီးကိုတောင်မလိုတော့ဖူး'
ဦးအောင်နိုင်ဦးဖတ်လက်စသတင်းစာလေးကိုချကာ ဒေါ်ဥမ္မာနိုင်လာပေးသော ကော်ဖီခွက်လေးကိုကိုင်ကာမှုတ်ရင်း
'အင်းလေ သူတို့လဲ ကျောင်းပြီးတဲ့သူနဲ့ တက္ကသိုလ် တက်မယ့်သူနဲ့ဖြစ်နေပြီ လူငယ်တွေဖြစ်ကုန်ပြီပေါ့ ကလေးဘယ်ဟုတ်တော့မလဲ?'
'ကျွန်မကတော့စိတ်ပူတယ် ကိုအောင်ရယ် သမီးနှစ်ယောက်ကတစ်မျိုးစီရယ်'
'ဟုတ်ပါရဲ့။မေဦးကဒေါသကြီးတယ် မာနကြီးတယ် ပြသနာတခုခုဖြစ်ရင် အရင်ပေါက်ကွဲတတ်တယ် ဒါပေမယ့် သူ့ပြသနာတွေကိုတော့အမြဲအကောင်းဆုံးရှင်းတတ်တယ် မေထွေးလေးကစိတ်အေးအေးထားတတ်တယ် ခွင့်လွှတ်တတ်တယ် သနားတတ်လွန်းတယ် ကိုယ်ကတော့မေထွေးကိုတခြားသူအခွင့်ကောင်းယူမှာစိုးတယ် ဥမ္မာရဲ့'
'ကျွန်မကတော့ မေဦးကိုပိုပူတယ် ကိုအောင်ရဲ့ မေဦးကပျော်ပျော်နေတတ်တယ်။ကြင်နာတယ် ဒေါသ မာနကြီးတယ်ဆိုပေမယ့် အစွဲအလမ်းကြီးတယ် ခွင့်မလွှတ်တတ်ဖူး အမြဲခေါင်းမော့နေတဲ့သူပြိုလဲမှာကိုသိပ်ကြောက်တတ်တာလေ။မေထွေးလေးကလူတိုင်းနဲ့တည့်အောင်ပေါင်းတတ်တယ်။သူငယ်ချင်းများတယ် မေဦးကသော်တာနဲ့ခန့်နိုင်ဆိုတဲ့ကောင်လေးကလွဲပြီးအပေါင်းအသင်းမရှိဖူး'
'ဟူး....'
ဦးအောင်နိုင်ဦးလည်းသက်ပြင်းလေးချကာကော်ဖီခွက်စားပွဲပေါ်တင်လိုက်သည်။
'မေဦးဆိုတဲ့ကလေးဟာလေ ကြင်နာတတ်ပေမယ့် ခွင့်မလွှတ်တတ်ဖူး၊ရက်စက်သလားဆိုတော့လဲ အချစ်ကြီး အစွဲအလမ်းကြီးတယ်'
'ပြသနာကိုရှင်ဆိုင်တတ် သတ္တိရှိရှိရှင်းတတ်ပေမယ့် နောက်ကွယ်မှာတစ်ယောက်တည်းခံစားနေမှာ'
'ကဲ ဥမ္မာရေ...မင်းပြောသလိုပဲ သးတို့လးကြီးဖြစ်ကြပြီလေကွယ် လောဿလဲသူတို့ကိုသင်ခန်းစာပေးတဲ့အခါ ရှိမှာပေါ့ သိပ်မတွေးနဲ့ မင်းကမနက်ဖြန်bangkokကိုသွားရမှာ'
ဒေါ်ဥမ္မာနိုင်ကတော့ ဦးအောင်နိုင်ဦးကိုမျက်စောင်းထိုးကာစားပွဲပေါ်ကကိတ်မုန့်လေးယူစားနေသည်။
မေထွေးနှင့်မေဦးနှစ်ယောက်သားကားလေးမောင်းကာ မေထွေးလမ်းညွှန်ရာကိုထွက်လာခဲ့ကြတယ်..
`ရပြီ.. ဒီမှာရပ်မမ.´
မေထွေးပြောသည်နှင့်ကားကိုအရှိန်သတ်ပေးလိုက်သည်. မေထွေးကကားပေါ်ကဆင်းပြီးခြံတံခါးဝက ခေါင်းလောင်းလေးသွားတီးသည်. ခြံထဲကခပ်ဝဝမိန်းမကြီးက မေထွေးကိုတွေ့တော့အပြေးလေးလာကာတံခါးဖွင့်ပေးသည်.မေထွေးကလက်လေးနှင့်ဝင်လာခဲ့ဆိုတဲ့ပုံလေးလုပ်ပြတော့မေဦးကကားလေးကိုမောင်းပြီး ခြံထဲဝင်လာခဲ့သည်..အိမ်နှင့်ခြံလေးကသိပ်ပြီးမကျယ်ပေမယ့် သူ့ဟာနှင့်သူချစ်စရာကောင်းပါသည်..မေဦးဆင်းလာတော့အိမ်ထဲကကောင်မလေးတစ်ယောက်ထွက်လာကာမေထွေးကိုပြေးဖက် စကားပြောပြီးနောက်မေဦးဆီသို့လျှောက်လာကြသည်..
`မမ.. ဒါမေထွေးသူငယ်ချင်းလေ. နဒီတဲ့ သူက ITပိုင်းအရမ်းတော်တာ. ကိုကိုခန့်နိုင် accကိုဝင်ကြည့်ရင်အဖြေရှင်းသွားမှာပဲလေ မမတို့က password ချင်းမှလဲမထားကြတာသူဖျက်မှာမဟုတ်ဘူး နဒီ့ကို account hackခိုင်းလိုက်ရင် သူတို့ပြောသမျှကိုမြင်ရပြီလေ..´
မေဦးမျက်နှာလေးညှိုးငယ်သွားသည်.. နောက်မေထွေးကိုအားကိုးပြီးကြည့်သည် အခြေအနေကိုသိသောနဒီက
`အိမ်ထဲဝင်ပါဦး ထိုင်ပါ နဒီအအေးသွားယူမယ်နော်´ဟု ဆိုကာထွက်သွားပေးသည် မေထွေးကမေဦးလက်ကိုကိုင်ကာ
`ဘာဖြစ်လို့လဲမမရယ်´
`မလုပ်သင့်ဘူးမလား ပြီးတော့သိသွားရင်မကောင်းဘူး တခြားသူကိုလည်းမသိစေချင်ဘူး´
`မမရယ် အဲလိုမှမဟုတ်ရင်မသေချာနိုင်ဘူးလေ နဒီကလည်းသူစိမ်းမဟုတ်ပါဘူး ဒီအထိရောက်ပြီးမှမမရယ် လက်ဗလာနဲ့မပြန်ရအောင်ပါနော်´
မေဦးထပ်ငြိမ်ကျသွားသည် ခဏနေတော့မှမျက်ရည်ဝဲကာနှင့် ခေါင်းလေးညိတ်ပြသည်. နဒီကအအေးလာချရင်းနှင့် အခြေအနေကိုကြည့်ပြီးမှ
`စကြမလား?´
`အင်း´
`account နာမည်လေးပြောပါဦးအမ´
`Khant Naing´
`ဒါလားအမ?´
နဒီ laptopလေးကိုလှည့်ကာပြသည်..
`ဟင့်အင်း အောက်ကဟာ´
`ဟုတ် ခဏလေးပါနော်´
မေဦးခေါင်းလေးတစ်ချက်ညိတ်ပြသည်.. နဒီကတော့ laptopကိုလက်ကွက်မြန်မြန်နှင့်အဆက်မပြတ်နှိပ်နေသည်.. မေထွေးကမေဦးကိုလှမ်းကြည့်တော့ အကြောက်လွန်ပြီးတုန်နေတဲ့လက်လေးကိုလှမ်းကိုင်ထားသည်.. နဒီကတစ်ချက်ချက်နှိပ်နေရာမှ လက်များရပ်တန့်သွားသည် မေထွေးကခပ်မြန်မြန်ပဲနဒီ့ဘေးသွားကြည့်လိုက်ပြီး အရမ်းအားနာတဲ့အကြည့်မျိုးနဲ့မေဦးကိုလှမ်းကြည့်သည်.. မေဦးရင်တွေခုန်နေသည် ရင်တွေလည်းတလှပ်လှပ်တုန်နေသည် ရင်ခုန်တာရင်တုန်တာမသည်းကွဲတော့ပါ ချွေးစီးများကလည်းစီးကျလာသည် တုန်ရီနေသောလက်လေးများကို ကမ်းကာ
`မေဦးကြည့်ကြည့်ပါရစေ...´ အသံကနာကျင်မှုများပါနေသည် မေထွေးနှင့်နဒီတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာလုပ်ရမှန်းမသိပါ.
မေဦးတုန်ရီနေသောလက်များနှင့်နဒီ့ဆီက laptopကိုဆွဲယူလိုက်သည် မေဦးမျက်လုံးအစုံပြူးခဲ့ရသည်.. အမှန်ပဲသော်တာ... ဒီထပ်ပိုဆိုးတာကဖောက်ပြန်တွဲရုံမဟုတ်ပဲ Hotelတွေမှာ အတူနေခဲ့ကြောင်းတွေပါ အခါခါတွေ့ရတယ် ချိန်းတဲ့ hotelတွေ သွားပြီးဘယ်လောက်ပျော်ကြောင်းတွေ အို...မတွေးရဲစရာပါ သူတို့စာတွေဖတ်နေရင်းပင် မေဦးမျက်ရည်များစီးကျလာသည် လက်ဖျားတွေလည်းပိုပြီးတုန်ရီလာသည် မျက်နှာလေးကိုလက်နှင့်အုပ်ကာ ရှုံးပွဲချငိုတော့သည် မေထွေးတို့ဘာလုပ်ရမှန်းမသိခင်ပင် messenger ကနေစာဝင်လာသည်..
`နိုင်.. မနက်ဖြန်ဘာလုပ်စရာရှိလဲ?´
မေဦးကြည့်သာကြည့်နေသည် ဘာလုပ်ရမှန်းမသိပါ ရှက်စိတ် နာကျဥ်းစိတ်နဲ့စာပြန်ရိုက်မည်လုပ်တော့ မေထွေးကလက်လှမ်းဆွဲသည်..
`မမ မလုပ်နဲ့´
မေဦးကလက်များကိုရုန်းနေတုန်းပဲကိုယ့်ဘက်ကစာပြန်ပို့လိုက်သည်
`သော်တာကဘာလုပ်ချင်လို့လဲ?´
သဘောမှာ သူလည်း onlineဖြစ်နေပြီးသော်တာနှင့်စကားပြောနေသည်ပေါ့ မေဦးရုန်းနေသောအားများလျော့သွားပြီး ထိုင်သာကြည့်နေသည်.. မေထွေးလည်းမေဦးအခြေအနေကိုကြည့်ပြီး ဆွဲထားသောလက်များကိုလွှတ်လိုက်သည် မေဦးမျက်ရည်များစီးကျနေသည်ကို လက်နှင့်ပွတ်ကာသုတ်လိုက်သည် laptopကိုသာကြည့်နေသည်
`နိုင်.. မနက်ဖြန်သော်တာတို့ ထပ်သွားကြမယ်နော်´
`ဘယ်ကိုလဲ သော်တာ?´
`ဟာ.. ဘယ်ကမှာလဲ နိုင်ရဲ့.. Grace Hotelကိုလေ´
`သော်တာက ကိုယ့်ကိုလွမ်းနေတယ်ပေါ့´
`ဟုတ်တယ် ဟုတ်တယ်.. လွမ်းလို့ မပေးနိုင်တော့လို့ အပိုင်သိမ်းမလို့သိလား..သွားမှာလား မသွားဘူးလားပဲပြော´
`ဟုတ်ပါပြီ ဒါပေမယ့် မေကဘယ်လိုလုပ်မလဲ သူ့မနက်ကဖုန်းဆက်တာမကိုင်ဘူး´
`ဟာ.. မမေ နဲ့နော် မုန်းတယ်.. အချိန်တိုင်းဒါပဲကြားနေရတာ´
မေဦးမျက်ရည်များကျနေပေမယ့် လက်များပိုတုန်ရီလာပြီး အသက်ရှူသံများပြင်းလာသည်.. ဝမ်းနည်းနေပုံမှ ဒေါသထွက်နေပုံသို့ပြောင်းလာသည်.. မေထွေးနှင့် နဒီတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးမေဦးကိုအကဲခက်နေသည်..
`မမ....´
`Grace Hotelက နဒီ့ဖေဖေရဲ့ Hotelမလား´
မေဦးကအသံခပ်မာမာဖြစ်နေပြီ.. နဒီကမေထွေးကိုတချက်ကြည့်ပြီး
`ဟုတ်ပါတယ် မမဘာလုပ်ချင်လို့လဲ´
`တစ်ခုလောက်ထပ်ပြီးကူညီပေးပါ အမ သူတို့ကိုဖမ်းချင်တယ်´
နဒီခဏငြိမ်သွားပြီးမှ ခေါင်းညိတ်သည်..
`မမလိုတာရစေရမယ်´
`နဒီ....´
မေထွေးကနဒီ့ကိုမလုပ်ဖို့တားရန်ပြင်သော်လည်း နဒီကလက်လေးကာပြကာ တားပြီး
`သူတို့နဲ့ထိုက်တန်တယ်..´ဟု ခပ်ငြိမ်ငြိမ်လေးပြောသည်.. မေထွေးကတော့ မေဦးကိုစိုးရိမ်စွာကြည့်နေသည်..
Lap top screenမှာတော့ မသတီစရာကောင်းလှတဲ့ သူတို့ရဲ့စကားတွေကမေဦးရဲ့ ဒေါသမီးကိုပိုပြင်းစေသည်.. မေဦးဒေါသတကြီးနှင့် အိတ်ကိုဆွဲကာထွက်ပြေးသွားပြီး ကားကိုအရှိန်နဲ့မောင်းထွက်သွားသည်.. မေထွေးနှင့် နဒီပြေးလိုက်သော်လည်းမမှီလိုက်ပါ...
မေဦးကားကိုအရှိန်ကုန်မောင်းပြီး ကမ်းနားတစ်ခုကိုမောင်းသွားခဲ့သည်.. ကမ်းနားရောက်တော့ ကားပေါ်ပစ္စည်းအကုန်ထားပြီး ကမ်းစပ်လေးတစ်ခုမှာထိုင်ငိုနေသည်.. မေဦးကားအရှိန်ကုန်မောင်းလာသည်ကိုတွေ့လိုက်တဲ့ လီဝေကတော့ ကမ်းနားကမပြန်ပဲ အထဲကိုသာပြန်ဝင်လာခဲ့သည်.. လီဝေမေဦးကားကိုရှာတွေ့တော့ မေဦးကမလှမ်းမကမ်းမှာရှိုက်ကြီးတငင်နှင့် ငိုနေသည်
`ဪ.. ဒီကောင်မလေးသိသွားပြီ´ လီဝေတိတ်တိတ်လေးသာပြောပြီး ကားနှင့်မလှမ်းမကမ်းမှာစက်ဘီးလေးရပ်ကာ ကြည့်နေမိသည်.. ဒီမိန်းကလေးခုန်များချတော့မှာလား.. ဆိုတဲ့စိုးရိမ်စိတ်လေးကလီဝေကိုစိုးမိုးနေသည်..
မေဦးကတော့ ပတ်ဝန်းကျင်ကိုတောင်သတိမရတော့အောင် ရှိုက်ကြီးတငင်ငိုကြွေးနေခဲ့သည်... ခေါင်းထဲမှာလဲ ဘာလို့လဲဆိုတဲ့မေးခွန်းများသာအထပ်ထပ်ပေါ်လာတော့သည်.. မေဦးတကယ်ကိုမသိပါ..ဒီအကြောက်ဆုံးဖြစ်ရပ်ကိုဘယ်လိုရင်ဆိုင်ရမလဲ ရင်မဆိုင်နိုင်ပါ ထွက်ပြေးလို့လဲမလွတ်နိုင်ပါ.. သေမယ်... သေမယ့်နည်းတစ်ခုတည်းကသာမေဦးအတွက်လွတ်လမ်းတစ်ခု ဖြစ်လိမ့်မယ်.. ဒါပေမယ့်သေရင်ရော သူတို့လုပ်တာတွေကိုသူတို့ဘယ်လိုအပြစ်ပြန်ယူမလဲ ဒီတိုင်းတော့မလွှတ်ပေးနိုင်ပါ.. မေဦးတစ်ယောက်ဆောက်တည်ရာမရဖြစ်နေစဥ် ခေါင်းကလည်းထိုးပြီးကိုက်လာသည်.. မူးဝေလာပြီးအရာရာကဝေဝါးလာသည် လူကဟန်ချက်မထိန်းနိုင်ပဲယိုင်လာသည်ကိုခံစားမိသည်.. အားတင်းပြီးမတ်တပ်ရပ်လိုက်သော်လည်း ခေါင်းကိုက်တဲ့ဒဏ်ကိုမခံစားနိုင်တော့ပါ လက်များနှင့်ဖိထားလည်းခေါင်းမူးလာသည်ကပျောက်မသွားပါ အမြင်ပင်မရှင်းတော့... မျက်ခွံများအရမ်းကိုလေးလာသည်.. မဖွင့်နိုင်တော့ မတ်မတ်ရပ်ဖို့ကြိုးစားလည်းအရာမထင်တော့ပါ ယိုင်ထိုးနေပြီ မေဦးလက်လျှော့လိုက်ပြီ.. မျက်လုံးများကိုမှိတ်ချလိုက်သည်.. ယိုင်ထိုးနေသာခန္ဓာကိုယ် ကိုလွှတ်ပေးလိုက်သည်.. ယိုင်ကာခွေကျသွားပေမယ့် မေဦးကိုတစ်စုံတစ်ခုကလှမ်းဆွဲလိုက်သည်.. သို့သော်မေဦးမျက်လုံးများမဖွင့်နိုင်တော့ပါ.. နွေးထွေးမှုနည်းနည်းလေးခံစားမိပြီးနောက်ပိုင်း ဘာကိုမှမသိတော့ပါ....