မေထွေးကတော့ မေမေလက်ဆောင်ပေးတဲ့ ဂါဝန်လေးနဲ့ ဖေဖေပေးတဲ့ဖိနပ်လေးကိုချက်ချင်းဝတ်ပြီး ဟိုဘက်လျှောက်ကြည့်ဒီဘက်လျှောက်ကြည့် နှင့်ပျော်နေသော်လည်း ထုံးစံအတိုင်း ဘာဝတ်ရမှန်းမသိတဲ့ မေဦးကတော့ တိုင်ပတ်နေပြီး ဗီရိုထဲမှာ အကျီ အပြည့်ရှိပေမယ့် မျက်စိထဲမှာဝတ်ရမယ့်ဟာမတွေ့ပါ ဖြစ်ချင်ရာဖြစ်ဆို ဆွဲထုတ်လိုက်တော့ အဖြူရောင်လက်ပေါက် crop topလေး....အို ဘာဖြစ်လဲ ကြယ်သီးခြောက်လုံး jeanနဲ့တွဲဝတ်မှာပေါ့...ဘာခက်လို့လဲနော် တစ်ယောက်တည်းတွေးရင်း မေဦးကျေနပ်နေမိသည်။ထို့နောက်မေထွေးကိုခေါ်ပြီး ကားမောင်ထွက်လာခဲ့သည်။မေထွေးကမေဦးထက်၄နှစ်ကျော်ငယ်ပေမယ့် အကောင်ထွားတော့ အမြွှာလို့ထင်ရသည်။မုန့်ဆိုင်ရောက်တော့ ကားကိုparkingထိုးပြီး ညီအစ်မနှစ်ယောက်ဆိုင်ရှိရာသို့လျှောက်ရာမှ မေဦးတစ်စုံတစ်ခုကိုမေ့ခဲ့သည်ကိုသတိရသည်။
'ဟာ.....နေဦး..'
အလန့်တကြားထအော်သောမေဦးကိုကြည့်ပြီးမေထွေး မျက်လုံးလေးပြူးကာဘာဖြစ်မှန်းမသိကြောင်သွားသည်။
'မမ...ဘာဖြစ်တာလဲ '
'မေထွေး...ဆိုင်ထဲခနစောင့်နေနော် ငါကားထဲမှာလက်ဆောင်ကျန်ခဲ့လို့သွားယူဦးမယ်'
'ဟာ...လုပ်ပြီ'
နှုတ်ခမ်းလေးဆူပြီးမေထွေးကောက်သည်။ခနခနမေ့တတ်သော်မေဦးကိုမေထွေးကပင်အသည်းယားသည်။
'ခနလေးပါဟယ်...နော်...လိမ္မာတယ်...မကြာပါဖူး...ဟိုမှာလှမ်းမြင်နေရတာပဲ'
'ပြီးရော.....ပြီးရော'
မေထွေးခြေလေးနည်းနည်းဆောင့်ပြီးဆိုင်ဝကိုသွားတော့မေဦးကားဆီပြေးကာလက်ဆောင်ကိုသွားယူသည်။ရိုးရာမပျက်ဒေါက်ကချော်သေးသည်။လက်ဆောင်ယူပြီးတံခါးပိတ်ကာပြန်ထွက်တော့နောက်ကအုတ်နီခဲကိုခလုတ်တိုက်ပြီးဒေါက်ချော်ကာဟန်ချက်ပျက်သွားသည်။ဘေးတစ်စောူ်းလဲရာမှလှမ်းဆွဲစရာမရှိပါ။
'အမေ့.....'
ရုတ်တရက်ဆိုသလိုတစ်စုံတစ်ယောက်ရဲ့လက်တစ်စုံကမေဦးရဲ့လက်မောင်းလေးကိုလှမ်းဆွဲလိုက်သည်။ဟန်ချက်ပျက်နေတဲ့အရှိန်ကြောင့်သူဆွဲရာပါသွားပြီး ထိုသူ၏ရင်ခွင်ထဲဝင်သွားသည်။
'ကျေးဇူးတင်ပါတယ် '
မေဦးစကားလေးတစ်ခွန်းသာပြောပြီးရပ်ပေမယ့်ဒေါက်ကကြယ်သီးပြုတ်သွားတာကြောင့် ခြေထောက်လေးတစ်ဖက်မြှောက်ကာပြန်တပ်ရန်လုပ်သော်လည်း လူကယိမ်းထိုးနေသည်။
'ဟေး.....ဟေး...'
သူကမေဥိးလက်မောင်းနှစ်ဖက်ကိုကိုင်ကာထားပြီး
'ခန.....ခန ငြိမ်ငြိမ်လေးနေ'
ဟုဆိုပြီးမေဦးရှေ့မှာဒူးလေးတစ်ဖက်ထောက်ကာ ဖိနပ်ကြယ်သီးတပ်ပေးရန်ခှမ်းသော်လည်းမေဦးလန့်ပြီးခြေထောက်လေးနောက်ဆုတ်လိုက်သည်။
'ငြိမ်ငြိမ်နေပါ..'
သူအသံခပ်တင်းတင်းနဲ့ပြောတော့မှ မေဦးမျက်လုံးလေးအဝိုင်းသားနှင်ငြိမ်နေသည်။ဖိနပ်ကိုကြယ်သီးပြီးတော့သူပြန်မတ်တပ်ရပ်သည်။
'ကျေးဇူးတင်ပါတယ် '
မေဦးခပ်သွက်သွက်လေးကျေးဇူးတက်စကားပြောလိုက်သည်။
'မင်းဒီစကားတစ်ခွန်းပဲတတ်တာလား'
'ရှင်...'
'ထားပါတော့..လမ်းကိုသတိထားလျှောက်'
ဟုဆိုကာသူမေဦးကိုကျောခိုင်းပြီးထွက်သွားသည်။မေဦးလည်းလက်ဆောင်ကိုကိုင်ကာမေထွေးဆီကိုသွားတော့
'မမ....ဘယ်သူလဲဟင်'
'ဟီး...ငါလဲမသိဖူး'
'ဟင်..'
'မဟင်နဲ့ သွားမယ်လာ..'
မေထွေးကိုလက်ကလေးဆွဲကာဆိုင်ထဲသို့သာဝင်လာသည်။ဆိုင်ထဲရောက်တော့ထောင့်ကဝိုင်းလေးမှာကိုနဲ့အတူသော်တာ့ထိုင်နေသည်ကိုတွေ့ရတော့မေဦးအံ့သြသွားသည်။
'ဟင်...ကိုကိုခန့်နိုင်ပဲထင်တာ မမသော်တာကပါရောက်နေတာလား'
'ဟုတ်တယ် နင်ဘယ်လိုရောက်လာတာလဲ'
မေထွေး၏အမေးကိုမေဦးကပါထပ်တိုးမေးလိုက်သည်။
'ဟဲ့...အရင်ထိုင်ကြပါဦး ငါ့ကိုတွေ့တာဝမ်းမသာကြဖူးလား'
'မဟုတ်ပါဖူး အံ့သြလို့ပါ'
မေဦးကပုံမှန်လေးပဲဖြေပြီးညီအစ်မနှစ်ယောက်ဝင်ထိုင်လိုက်ကြပေမယ့်မေထွေးကတော့နားမလည်သယောင်ကြည့်နေသည်။
'မမသော်တာကမေထွေးမွေးနေ့လာတာလား
လမ်းကြုံတာလား?'
မေထွေးကအငယ်မို့တစ်ဇွတ်ထိုးဆန်သည်။သိချင်၊လိုချင်တဲ့အရာရှိလည်း သိရ၊ပိုင်ရသည်အထိတတွတ်တွတ်ပြောတတ်သည်။မေထွေးရဲ့မေခွန်းကြောင့်သော်တာကသက်ပြင်းချကာခန့်နိုင်ကိုကြည့်သည်။ခန့်နိုင်ကတော့နည်းနည်း အိန္ဒြေပျက်ပြီးချွေးပျံနေသည်။သော်တာကခေါင်းလေးခါကာ
'ငါက..ဒီမုန့်ဆိုင်ရှေ့မှာခန့်နိုင်နဲ့တွေ့တာ အဲ့ဒါနဲ့မေးတော့ မေထွေးမွေးနေ့ဆိုလို့ ငါပါအတူပါမယ်ဆိုပြီးလာတာ ရပြီလား?'
ဟုခနဲ့တော့မှမေထွေးကခေါင်းလေးညိတ်သည်။
'ကိုယ်cakeသွားယူပေးမယ်...'
ခန့်နိုင်တစ်ယောက်cakeယူမယ်ဆိုကာ service center မှာရပ်နေတဲ့ကောင်မလေးတစ်ယောက်နှင့်လက်ဟန်ခြေဟန်နဲ့စကားပြောနေသောကြောင့် cakeအကြောင်းကသိသာသွားသည်။ခနနေတော့သော်တာကလည်း Toilet ဆိုပြီး ထထွက်သည်။ Vibration သံလေးကြားတော့ ခန့်နိုင်ဖုန်းက။မေဦးယူပြီးဖွင့်ကြည့်တော့။မေထွေးကခေါင်းလေးစောင်းပြီးလိုက်ကြည့်သည်။
'နိုင့်ကိုအရမ်းချစ်တယ်'
အခြားဘာစကားမှမပါပါ။မေဦးမျက်ရည်ဝဲတက်လာသည်။'ဘယ်သူလဲ၊ဘာတွေလဲ မေးခွန်းများက ခေါင်းထဲတွင် တစ်ခုပြီးတစ်ခုပေါ်လာသည်။ငါ သစ္စာဖောက်ခံရတာလား?အတွေးများနှင့်မျက်ရည်ဝဲနေသောမေဦးအခြေအနေကိုကြည့်ပြီး မေထွေးကလြေထောက်ကိုလှမ်းကန်ကာ မျက်စနှင့် ခန့်နိုင်cakeယူပြီးပြန်လာသည်ကိုပြတော့ မေဦးမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးထိန်းလိုက်သည်။နောက်စာကိုလည်းဖျက်လိုက်သည်။ဖုန်းကိုလည်းခန့်နိုင်ဘက်မှာပြန်ထားလိုက်သည်။ခန့်နိုင်လာပြီးမကြာမီသော်တာလည်းရောက်လာပြီးနောက်ကိတ်မုန့်ခဲဲကြ၊လက်ဆောင်ပေးကြနှင့်ကျင်းပပေမယ့် မေဦးကတော့စိတ်နဲ့လူသိပ်မကပ်တော့ပါ။အခြေအနေသိသောမေထွေးကအားလုံးပြီးလုနီးနီးမှာ
'မမ မေမေကစောစောပြန်လာခိုင်းတယ်လေ'
'ဟင်'
အလိုက်မသိသောမေဦးကမျက်လုံးအဝိုင်းသားနှင့်မေထွေးကိုကြည့်တော့မေးလေးငေါ့ပြသည်။
'သြော်..အင်း..ဟုတ်တယ် မေ့နေတာ'
'မေပြန်တော့မလို့လား?' 'ကိုယ်လိုက်ပို့ရမလား?'
'ဟင့်အင်း..မေ မေထွေးနဲ့ပြန်လိုက်မယ် ကိုကသော်တာ့ကိုသာပြန်လိုက်ပို့လိုက်ပါ'
မေဦးဟန်မပျက်ပြုံးနေပေမယ့် စကားတွေကကပေါက်တကပေါက်ချာနှင့်ပါ မေထွေးလက်ကိုဆွဲပြီးထွက်လာပေမယ့် လက်ဖာျးများကအေးစက်နေသည်။သူတို့ကြည့်နေလို့ဟန်မပျက် ကားမောင်းထွက်လာပေမယ့် ဟန်ချက်မထိန်းနိုင်ပါ အနီးတစ်နေရာမှာကားထိုးပြီးမေဦး ရှုံးပွဲချငိုတော့သည်။မေထွေးကတော့မျက်နှာသေလေးနှင့်သာကြည့်နေသည်။သို့သော် အစ်မဖြစ်သူအတွက်စိတ်မကောင်းမှုကမျက်ဝန်းမှာပေါ်လွင်နေသည်။ခနလောက်ငိုပြီးတော့ မေဦးcushionပေါ်မှီပြီးငြိမ်နေသည်။မေထွေးကပဲလေသံတိုးတိုးလေးနှင့် မေခွန်းများမေးတော့သည်။
'မမ...အခုမှသိတာလား?'
မေဦးဘာမှမပြောပဲမျက်လုံးများသာမှိတ်ထားသည်။
'မမ ထင်နေတဲ့သူရှိသလား?'
ခေါင်းလေးတစ်ချက်ညိတ်ပြသည်။
'မမသော်တာလား?'
မေဦးမျက်လုံးအဝိုင်းသားနှင့်မေထွေးကိုကြည့်သည်။
'မှန်နေတာပဲ'
မေထွေးကတော့ခပ်ငြိမ်ငြိမ်နှင့်ပြောသည်။
'ကိုကိုခန့်နိုင် facebook account ရောသိလား?'
'ဟင့်အင်း...မယူထားဘူး'
မေဦးခေါင်းလေးခါသည်။မေထွေးကတော့သက်ပြင်းချကာ
'အိမ်ပြန်ရအောင် မေထွေး မမကိုကူညီမယ်...နော်'
မျက်ရည်အဝိုင်းသားနှင်ကြည့်နေသောမေဦးကိုမေထွေးကပဲနှစ်သိမ့်ပေးနေသည်။
သူငယ်ချင်းချင်းကိုမလုပ််သင့်ဖူး တော်တော်ယုတ်မာတယ်
replyFighting
replyသော်တာနဲ့ မေဦးက အရင်တုန်းက တစ်ခုခုဖြစ်ခဲ့ကြတာလား။ သော်တာက မေဦးကို သက်သက် မနာလိုနေတာလား။ မေဦးက ခန့်နိုင်အကြောင်းကို သိသွားပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်နေမှာလဲ။ တရုတ်ကပြားလေးကကော မေဦးကို ဘယ်လို လွတ်မြောက်စေမှာလဲ။ အရမ်း စိတ်ဝင်စားနေပြီ။
replyGood
reply