ကျွန်မတို့အစီအစဥ်လေးအတိုင်း ဘွဲ့ရပြီးတော့ သော်တာရယ် ကျွန်မရယ် ကိုရယ် mini fashion house လေးတစ်ခုကိုဝယ်လိုက်ကြသည်။ မူဆည်ကစက်ရုံကနေ အကျီ တိုက်ရိုက်မှာယူဖို့ချိတ်ဆက်ပြီးသားမို့ အားလုံးကအဆင်သင့်ဖြစ်နေပါပြီ ကျွန်မတို့စုံးယောက်ဆိုင်ထဲက ပစ္စည်းတွေကို နေရာရွေ့ကြ ပစ္စည်းတွေရှင်းကြနှင့် အလုပ်ရှုပ်နေကြသည်။ အလုပ်ဝင်မယ့်မိန်းကလေးတွေလည်းအသင့်၊ ရောက်မယ့် ပစ္စည်းတွေလဲအသင့်မို့ နောက်အပတ်ကနေစဖွင့်လို့ရလေပြီ marketing ပိုင်းနဲ့လည်းဆက်သွယ်ပြီး လက်ကမ်းစာစောင်တွေ ကြော်ငြာလေးတွေဝေခိုင်းထားသည်။သတင်းစာ ဂျာနယ်တွေမှာလည်းဖွင့်မည့်နေ့ကိုကြေငြာပြီးပြီမို့ ဆိုင်ဖွင့်ဖို့သာကျန်တော့သည်။ 'Dream land'ကျွန်မတို့ရဲ့အိပ်မက် မိန်းကလေးတိုင်းရဲ့အိပ်မက်ထဲကနေရာလေးဖြစ်အောင်သေချာအပြင်အဆင်ကိုဂရုစိုက်ထားသည်။နံရာများကိုအပြာနုလေးထားပြီး မီးအဖြူနဲ့အဝါကိုဆင်ထားသည် ဇာလိုက်ကာများကိုနံရံတိုင်းကိုကာထားသည်။ နံရံတစ်ခုကိုမှန်အပြည့်ကပ်ထားသည်။အခန်းတစ်ခုကိုလှည့်လည်စစ်ဆေးပြီး ကျွန်မတို့ပြန်လာကြသည်။သော်တာကတော့ဝယ်စရာရှိသည်ဟုဆိုကာအရင်ထွက်သွားသည်။ကိုနှင့်ကျွန်မကတော့တနေရာဝင်ပြီးမုန့်စားကြသည်။
'မေ....ဘာထပ်စားဦးမလဲ?'
ကိုကကျွန်မကို ငြင်ငြင်သာသာနဲ့မေးသည်။ကျွန်မခေါင်းလေးယမ်းပြရင်း
'ဒါအရင်ကုန်အောင်စားဦးမယ်'
'မေ...ကိုတို့ဆိုင်လေးလဲ ဖွင့်ကြတော့မယ် မေ.....ဘာဆက်လုပ်ချင်လဲ' 'ဘာကိုလဲဟင်'
'ကိုယ်တို့ရှေ့ဆက်ဖို့လေ.....'မေမျက်လုံးလေးများအဝိုင်းသားနှင့်ရှက်သွေးဖြာသွားသည်။'ကိုနော်...လျှောက်ပြောနေတယ် ဘာကိုရှေ့ဆက်မှာလဲ မေကအခုမှ၂၁နှစ်ပြည့်ထားတာ ငယ်ငယ်လေးရှိသေး..။ပြီးတော့ဆိုင်ကလည်းမဖွင့်ရသေးဘူးလေ အမြတ်ကလဲ 100% sure မဖြစ်သေးဖူး လျှောက်မတွေးနဲ့ ' 'ဟုတ်ပါပြီဗျာ။မေ့သဘောပါ ဒါပေမယ့် ကိုယ့်သတို့သမီးကတော့ ဒီက မေသစ္စာဦးဆိုတဲ့သူပဲ ဖြစ်ရမယ်...ဟုတ်ပြီလား'
'တော်ပြီ ။Toilet ခနသွားဦးမယ်'အမှန်တော့ မေရှက်ရမ်းရမ်းပြီးထွက်ပြေးတာပါ။
ကျွန်တော်စားနေတဲ့ pizzaအချဥ် အကျီပေါ်ကျသွားလို့ toiletထဲမှာဝင်ဆေးခဲ့သည်။Lady, Gent မခွဲထားပေမယ့် toiletကနှစ်ခုမို့တော်သေးသည်။သို့သော် နှစ်ခုလုံးကလူရှိနေ၍ ဘေစင်လေးမှာပဲ အကျီကိုဆေးပြီးထွက်လာတော့ မနေ့ကအပျော်လွန်နေတဲ့မိန်းကလေးကိုတွေ့လိုက်သည်။မျက်နှာလေးကပြုံး၍ပင် ဒါကသူမရဲ့ပင်ကိုနေတတ်တဲ့သဘာဝများလားမသိပါ။သို့သော်တူညီသောအချက်ကတော့သူမလျှောက်လာတဲ့လမ်းမှာကျနေတဲ့ plastic အိတ်လေးကိုမမြင်ပဲနင်းပြီးခြေချော်သွားခြင်းပင်ကျွန်တော်လျင်လျင်မြန်မြန်နဲ့သာလက်မောင်းကိုဖမ်းဆွဲပေးလိုက်သည်။' ကျေးဇူးတင်ပါတယ် 'နောက်ထပ်တစ်ခေါက် သူမဒီစကားလေးပဲပြောပြီးပြုံးကာ ထွက်ပြေးသွားပြန်သည်။ကျွန်တော်ပြုံးမိသည်။သူ့အပြုံးကကူးစက်ခြင်းများလားဟုတွေးရင်းခေါင်းလေးခါကာ ကိုယ့်စားပွဲကိုယ်ပြန်ထိုင်ပြီးPizzaကိုသာဆက်စားနေတုန်း အရှေ့ဝိုင်းက ကောင်လေးပြောနေတဲ့ ဖုန်းသံသဲ့သဲ့လေးကိုကြားရသည်။'ကိုယ်အခုမေနဲ့ စားနေတာ ဘယ်လိုထွက်လာရမှာလဲ မေရိပ်မိသွားမယ်..မင်းနောက်တစ်နာရီလောက်တော့စောင့်....မေလာနေပြီ....နောက်မှပြန်ခေါ်မယ်'သေချာနားမလည်ပေမယ့် သူ့ကောင်မလေးကို သစ္စာဖောက်မှန်းသာသိသည်။ကိုယ့်ကိစ္စမဟုတ်လို့ မသိသလိုသာနေလိုက်ပေမယ့် သူ့ဝိုင်းမှာပြန်လာထိုင်တဲ့မိန်းကလေးက ခုနကအပြုံးချိုချိုနဲ့မိန်းကလေး.....စိတ်မကောင်းတော့ဖြစ်မိသည်။ဒီကိစ္စတွေသူသိသွားရင် အခုလိုပြုံးနိုင်မည်မထင်ပါ။ ကျွန်တော်လည်း ယောင်္ကျားတစ်ယောက်ဖြစ်ပေမယ့် သစ္စာဖောက်မှုကိုတော့အလွန်ကိုရွံမုန်းသည်။'ဟူး'သက်ပြင်းလေးချ ခေါင်းလေးခါကာ ဆိုင်ထဲမှသာထွက်လာခဲ့သည်။
'မေ.....'
'ကိုယ်ခနနေရင်အပြင်ခနသွားမယ်'
'ဟင်......'
'ကိုယ့်သူငယ်ချင်း ပစ္စည်းဝယ်ပြီးမှ ပိုက်ဆံအိတ်ပျောက်တာသိလို့တဲ့ကိုယ်သွားပေးမလို့ ပြီးတော့သူနဲ့ခနတော့ စကားပြောဖြစ်ကြမယ်ထင်တယ် စိတ်မဆိုးနဲ့နော် '
နားမလည်ဟန်နဲ့ကြည့်နေသောမေ့လက်ကလေးအားဆုပ်ကိုင်ပြီးပြောသည်။
'အင်းပါ...ပြန်ရောက်ရင်ဖုန်းဆက်ဦး'
'ဟုတ်ပါပြီ...မေကလိမ္မာတယ်'
'ကို နက်ဖြန်မေထွးမွေးနေ့နော်....မမေ့နဲ့အုံး'
'အင်းပါ ကိုမေတို့ကိုလာကြိုမယ် ညနေလောက် ဟုတ်ပြီလား?'ဟုဆိုကာစားသောက်ဖွယ်ရာတွေကိုလက်စသတ် ပြီးသူထွက်သွားသည်။မေလည်းမေမေ့အတွက် စပျစ်သီးcakeလေးဝယ်ပြီးပြန်လာခဲ့သည်။အပြန်လမ်းမှာမေထွေးအတွက် sony bluetooth headset အနီရောင်လေးလဲဝယ်ခဲ့သည်။တကယ်ကမေထွေးအနီရောင်ကြိုက်လို့မဟုတ်ပါ ကိုယ်ကသာအနီရောင်ကြိုက်လို့ဝင်ဝယ်ရင်း ဝယ်ခဲ့တာ.....
ကျွန်တော်ကားအမြန်မောင်းပြီး ပြန်လာတော့သော်တာကအိမ်ရှေ့မှာရပ်နေသည်။ကျွန်တော့်ကားအိမ်ရှေ့နားရောက်တော့သူမကားရှေ့မှာလက်နှင့်ကာပြီးရပ်လိုက်သည်။ရုတ်တရက်မို့ ကျွန်တော်ဘရိတ်အမြန်နင်းလိုက်ရသည်။သူမကတော့ကားထဲပြေးဝင်ပြီး ကျွန်တော့ကိုဆီးကာဖက်သည်။ကျွန်တော်သူ့လက်များကိုဖယ်ကာ 'သော်တာ.....ဘာလုပ်တာလဲ တစ်ယောက်ယောက်မြင်သွားမယ် ဖယ်..လက်တွေကို...'
'မြင်ပေါ့ ဘာဖြစ်လဲ သော်တာဂရုမစိုက်ဖူး သော်တာ..ဒါသော်တာ့အမျိုးတွေ မေနဲ့လဲအသိတွေလေ..မြင်ရင်မကောင်းဖူး..လွှတ် '
'မြင်ပါစေကွာ'
'သော်တာမဆိုးနဲ့ကွာ..မေသိသွားမယ်'
'ဟာ တမေတည်းမေနေတယ်..တော်ပြီ။ဖက်ချင်စရာမကောင်းတော့ဘူး..'
သော်တာနှုတ်ခမ်းဆူပြီး ကားနောက်ကိုမှီထိုင်လိုက်သည်။ကျွန်တော်ကတော့ ကားကိုအမြန်မောင်းကာရပ်ကွက်ထဲမှထွက်လာပြီး လမ်းပေါ်ရောက်မှ အရှိန်လျော့ခဲ့သည်။
'သော်တာ ဘယ်သွားချင်လို့လဲ '
'မသွားဖူး။လာမမေးနဲ့'
'သော်တာသွားချင်လို့ လှမ်းခေါ်တာမဟုတ်ဖူးလား ကိုယ်မေနဲ့ မုန့်စားနေတာတောင် အရေးကြီးတယ်ဆိုလှမ်းခေါ်ပြီးတော့ ..'
' ဟာ...မကြားချင်ဖူး အဲ့နာမည်မကြားချင်ဘူး နားငြီးတယ်'
'ကဲ....အဲ့ဒါဆို ဘယ်သွားမှာလဲ '
'ကန်တော်ကြီးသွားမယ်'
'ဟုတ်ပါပြီဗျာ'
ကားလေးကိုအရှိန်မှန်မှန်နဲ့သာထွက်ခဲ့ကြသည်။ ကရဝိတ်ကြီးနားကသစ်ပင်အောက်မှာကားကိုရပ်ထားသည်။ ကန်လေးနှင့်လေတအေးအေးမို့ နေလို့ကောင်းနေသည်။ညနေလဲဖြစ်ပြီမို့ နေမပူတော့ပါ။သစ်ပင်အောက်မှာရပ်ရင်း လေအေးအေးကိုသာခံစားမိနေသည်။
'နိုင်.....'
'ဟင်.....'
'သော်တာ့ကိုချစ်လား..?'
'အင်း..ချစ်ပါတယ်'
'နိုင်.....'
'ဟင်.....'
'ဘယ်လောက်ချစ်လဲ ?'
'အများကြီးပေါ့'
သော်တာခနဲ့ပြီးခပ်တိုးတိုးလေးရယ်လိုက်သည်။
'လူလိမ်'
'ဟင်....ဘာလို့?'
'နိုင်...သော်တာ့ကိုချစ်တယ်ရင်မှန်မှန်ဖြေနော်'
'အင်း'
'သော်နဲ့မေဦးနဲ့ဘယ်သူ့ကိုပိုချစ်လဲ?'
ခန့်နိုင်ရုပ်ကလေးတည်သွားသည်။ပြိးတော့သော်တာ့ကိုကျော်ပြီးနှစ်လှမ်းလောက်လျှောက်ကာ..
'သော်တာကလည်းကွာ.....သော်တာကသော်တာ၊မေကမေလေ၊ဆိုင်မှမဆိုင်တာ'
'နိုင်....မဖြေဖူးပေါ့'
'ကဲ ဟုတ်ပါပြီ။သော်တာ့ကိုပိုချစ်ပါတယ်'
သော်တာအောင်နိုင်သူအပြုံလေးနှင့်ခန့်နိုင်အနားသွားကာခန့်နိုင်ကိုအနောက်ကနေဖက်လိုက်သည်။
'နိုင်...ဒါဆိုသူ့ကိုဖွင့်ပြောဖို့စဥ်းစားပါဦး'
'ဟင်'
'မဟင်နဲ့နိုင်...သော်တာလည်းမိန်းကလေးနော် နိုင်နဲ့သူ့ကိုမြင်ရတာမခံစားနိုင်တော့ဖူး။နိုင်သိလား...မေသစ္စာဦးဆိုတာနိုင်နဲ့အရင်စချစ်ခဲ့ယုံပါ သော်တာ့လောက်ချစ်လို့လား..သော်တယ့လောက်အလိုလိုက်လို့လားသော်တာ့လောက်နိုင့်အပေါ်နီးနီးကပ်ကပ်ချစ်လို့လား'
'ဒါကတော့ သော်တာရယ်..မေကရှေးရိုးဆန်တာ သော်တာအသိပဲကို'
'နိုင်...နိုင်ကအခုအဲလို သော်တာနဲ့ပြတ်ချင်နေတာလား?...သော်တာ့ကိုသွေးတိုးမစမ်းနဲ့နော်'
'မဟုတ်ပါဖူးကွာ'
'ဒါဆိုပြော...ဘယ်တော့သူ့ကိုပြောမှာလဲ?
သူနဲ့ဘယ်တော့လမ်းခွဲမှာလဲ.?'
'သော်တာရယ်.....'
ခန့်နိုင်နှုတ်ဆိတ်နေသည်။သော်တာဒေါသနှင့်ခန့်နိုင်ကိုတွန်းပြီးကားထဲမှဖုန်းကိုယူကာခန့်နိုင်ဘက်လှည့်ပြီးခြိမ်းခြောက်တော့သည်။
'နိုင် သော်တာ့ကိုတိကျတဲ့ရက်မပြောရင် သော်တာအခုဖုန်းဆက်ပြီးပြောမယ်'
'သော်တာ....သော်တာ....မလုပ်ပါနဲ့ ကိုယ်ပြောပါ့မယ်ကွာ ...တကယ်ပါ'ပြောပြောဆိုဆိုနှင့် ဖုန်းကိုလုကာအတင်းတားရသည်။သော်တာကတော့နှုတ်ခမ်းဆူကာကြည့်နေသည်။
'နိုင်....ပြော ဘယ်တော့လဲအတိအကျ'
'ဆိုင်ဖွင့်ပြီးအခြေကျတဲ့အချိန်ကျပြောပါ့မယ်ကွာနော်...စိတ်လျော့ပါ'
'နိုင် ကတိပေးတယ်နော်'
'ပေးပါတယ်ကွာ...ပေးပါတယ် ဒီကြားထဲဘာမှမလုပ်ပါနဲ့နော်'
'နိုင်.....'
သော်တာဒေါသနှင့်အကျယ်ကြီးအော်လိုက်သည်။
'အဲ့လောက်တောင် ချစ်တယ်ပေါ့ဟုတ်လား? ဒါဆို နိုင်နဲ့သော်တာရဲ့အခြေအနေကိုသိရင်ရော...သူချစ်မယ်ထင်သေးလား'
'မဟုတ်ပါဖူးကွာ...ကဲ ပြော...သော်တာကျေနပ်အောင်ဘာလုပ်ပေးရမလဲ?'
'နက်ဖြန်မေဦး ညီမ မေထွေးမွေးနေ့ နိုင်နဲ့အတူသွားချင်တယ်'
'ဘာ...'
'သော်တာ မဆိုးပါနဲ့ကွာ သိသွားမယ်.....'
'နိုင့်ကိုပြောပြီးပြီ ဘာလိုချင်လဲဆိုတာကို သော်တာ့ကိိုစိတ်ကျေနပ်စေချင်ရင် နိုင်လုပ်ကိုလုပ်ပေးရမှာပဲ နိုင်စဥ်းစားပေါ့'
ပြောပြောဆိုဆိုနှင့် သော်တာဆောင့်ကာအောင့်ကာနှင့် ကားထဲဝင်ထိုင်လိုက်သည်။ ခန့်နိုင်တစ်ယောက်စိတ်ပျက်လက်ပျက်နှင့်ဘေးကသစ်ပင်ကိုတစ်ချက်ရိုက်ပြီး ခနရပ်နေပြီးမှ ကားထဲသို့ပြန်ဝင်ကာမောင်းထွက်သွားသည်။
ဒီအဖြစ်အပျက်ကိုအစအဆုံးမြင်လိုက်ရသော ဝမ်လီဝေမှာ ရင်မောနေမိသည်။ထိုမိန်းကလေးရဲ့အပြုံးတွေမကြာခင်ပျောက်သွားတော့မည်။စိတ်မကောင်းဖြစ်မိသည်။ ကိုယ်နဲ့မသိပေမယ့် သူမကို ဒီလိုအဖြစ်မျိုးတော့မကြုံစေချင်ပါ။...။...။