ဘုရားပေါ်ကပြန်ထွက်လာတော့ မေဦးမျက်နှာလေးကြည်လင်သွားပြီကို ကျွန်တော်သတိထားမိသည်.. နောက်ဘုရားတွေဆက်ဖူးတော့လည်းသူ ကျွန်တော့်အားအသေးစိတ်ကအစရှင်းပြသည်.. အရှေ့ကဂိုက်ကအချိန်တစ်နာရီဓာတ်ပုံရိုက်ဖို့ပေးသည်ဟုဆိုသည်ကို ကြားရသောကြောင့်ကျွန်တော်ပျော်သွားသည်.. မေဦးလက်ကိုဆွဲကာ ကင်မရာလေးကိုင်ပြီးဘုရားတွင်းပြင်မှာ ဓာတ်ပုံတွေရိုက်ပေးသည်.. မေဦးအစကကြောင်ကာမရိုက်တတ်ပေမယ့် နောက်တော့ရယ်ကာ မောကာနဲ့ရိုက်လေသည်.. သူမပြုံးပျော်နေသည်ကိုမြင်နေရသည်မှာ ကျွန်တော့ကိုအလိုလိုပြုံးပျော်ရွှင်စေသည်.. ရှေ့ကကားကထွက်သည်နှင့် ကျွန်တော်တို့လည်းလိုက်ထွက်လာတော့ သူမက
`အခုနေဝင်တာသွားကြည့်တော့မှာထင်တယ်..´
`နေဝင်တာသွားကြည့်မှာ?´
`ရှင်တွေ့ရမှာပါ..´
သူမပြောပြီးမကြာခင်မှာပဲ ရှေ့ကားရပ်သဖြင့် ကျွန်တော်လည်းရပ်လိုက်သည်.. သူမကားပေါ်ကဆင်းကာကျွန်တော့်ကိုစောင့်နေဟန်လှည့်ကြည့်သည်.. ကျွန်တော်သူမနားရောက်တော့ အတူလျှောက်ကာ လေထန်ကုန်းလိုနေရာလေးကိုတက်ရသည်.. သူမက
`ရှင်သေချာမြင်ချင်ရင်ဟိုအပေါ်ဆုံးကိုတက်လေ..´
ကျွန်တော်သူမလက်ကိုဆွဲကာအပေါ်ပြေးတက်တော့ သူမပါလိုက်ပြေးတက်သည်.. သူမကျွန်တော့်လက်ကိုပြန်ဆုပ်ကိုင်ထားခြင်းတော့မရှိပါ.. အမြင့်ဆုံးထင်ရတဲ့နေရာလေးကိုရောက်တော့ သူမလက်လေးကိုမသိမသာရုန်းသွားသည်.. ကျွန်တော်လက်ရန်းကိုမှီကာ ပတ်ဝန်းကျင်ကိုကြည့်တော့ အတော်ကိုလှသည်.. ဘုရားတွေ လယ်ကွင်းပြင်နှင့် သန့်ရှင်းတဲ့လေ.. အရာရာကပြည့်စုံလှသည်.. ခဏနေတော့နေလုံးနီနီက ဘုရားတွေဘက်ကိုစရောက်လာသည်.. ကျွန်တော်ဓာတ်ပုံရိုက်ဖို့လုပ်တော့ မေဦးက ကင်မရာကိုလက်နှင့်လှမ်းပိတ်သည်..
`ခဏလေး.. နှစ်မိနစ်ပဲ..´ သူမတားတော့ ကျွန်တော်ကင်မရာကိုအောက်ချလိုက်သည်.. သူမကလက်ရန်းကိုကျောမှီကာရပ်နေသည်.. ကျွန်တော်သူမကိုကြည့်နေရင်းပင်သူမပြုံးသွားသည်..
`လာကြပြီ..´
`ဘာလာတာလဲ..´
`နားထောင်ရှင်ဘာသံကြားရလဲ..´
ကျွန်တော်နားစွင့်တော့ ခပ်သဲ့သဲ့သောခြူသံများက တဖြည်းဖြည်းကျယ်လောင်လာသည်.. ကျွန်တော်အံဩစွာဖြင့်သူမကိုကြည့်တော့ သူမက နေလုံးကိုလှည့်ကာလက်ညှိုးထိုးပြသည်..
`နေကလည်းအရမ်းလှနေပြီ.. ပြီးတော့..´
သူမတခြားတစ်ဖက်ကိုလက်ညှိုးထိုးသည်..
`သူတို့လည်းလာပြီ..´
မေဦးညွှန်ပြရာကိုကြည့်နေရင်းပင် ဖြူဖွေးနေသောနွားများကဒီဘက်ကိုပြေးလာကြသည်.. အကောင်ရာနဲ့ချီလိမ့်မည် အကုန်လုံးကအဖြူတွေသာ ခြူသံများလည်းဆူညံေနသည်..
`ကင်မရာချိန်ပြီးရိုက်တော့လေ..´
ကျွန်တော်ခေါင်းညိတ်ကာရိုက်လိုက်သည်.. အရမ်းလှသည့်သဘာဝတစ်ခုဖြစ်သည်..
`ဘယ်လိုလဲ perfectဖြစ်တယ်မလား..´
ကျွန်တော်သူမပါအောင်နောက်တစ်ခါထပ်ရိုက်လိုက်သည်.. နောက်သူမကိုပြကာ..
`ဒါမှ perfectဖြစ်တာ..´
သူမရှက်သွေးဖြာကာခေါင်းလေးငုံသွားသည်..
`မင်းကဒီလေထန်ကုန်းလေးရဲ့အလှဆုံးအချိန်က်ုသိတယ်.. ကိုယ်ကတော့ လေထန်ကုန်းလေးတွေရဲ့စကားပုံကိုသိတယ်..´
`ဟင်..´
သူမကျွန်တော့်ကိုကြည့်ကာမယုံသလိုနဲ့ကြည့်သည်..
`လေထန်ကုန်းမှာချစ်သူနှစ်ဦးနမ်းခဲ့ရင် သူတို့ကဘယ်တော့မှမခွဲရတော့ဘူးတဲ့..´
မေဦးရှက်သွေးဖြာကာခေါင်းငုံသွားသည်ကို ကျွန်တော်သိသည်.. ကျွန်တော်ခါးကိုင်းကာသူမငုံထားတဲ့မျက်နှာနားကနေသူမကိုကြည့်တော့ သူမပိုပြီးမျက်နှာပန်းရောင်သမ်းသွားသည်..
`မင်းမျက်နှာအရမ်းနီနေပုံထောက်ရင် မင်းငါ့ကိုနမ်းဖို့ကြံစည်နေတာမလား..´
`လဲသေလိုက်.. ´
သူမစိတ်ကောက်ပြီးပြောပေမယ့် မျက်နှာများကနီနေဆဲ.. သူမကျွန်တော့်ဘက်မလှည့်တော့ဘဲ လက်ရန်းကိုလက်တင်ကာ အရှေ့ကိုသာကြည့်တော့သည်.. ရှုခင်းတစ်ဆုံးကိုသူမကြည့်ကာ
`လှလိုက်တာ..´
သူမကို ကျွန်တော်ငေးကြည့်နေရင်းပင်ပြောလိုက်သည်..
`ဟုတ်တယ်.. အရမ်းလှတယ်..´
ကျွန်တော်တို့လေထန်ကုန်းလေးကဆင်းပြီးဖြည်းဖြည်းချင်းလျှောက်ကြရသည်.. သိပ်မမြင့်ပေမယ့် ကုန်းလျှောမို့သတိထားလျှောက်ရသည်.. ရုတ်တရက်ကလေးတစ်ယောက်ကပြေးရင်းမေဦးကိုအရှိန်နဲ့ဝင်တိုက်သွားသောကြောင့်မေဥိးခြေထောက်ခွေကာလျှောကျသွားသည်.. ဘေးတိုက်လျှောသွားသည်မို့ချောက်လိုဖြစ်နေသည့်ဘေးဘက်ကိုကျသွား၍ ကျွန်တော်လိုက်လျှောဆင်းကာဆွဲလိုက်တော့ အရှိန်သတ်သွားသလိုပေမယ့် လျှောနေဆဲ ကံကောင်းသည်ကအနားကသစ်ပင်ကို အားပြုကာကျွန်တော်ကန်ထားတော့အရှိန်လျော့ကာ သစ်ပင်နှင့်ကပ်ရုံသာဖြစ်သွားသည်.. သို့သော်ကျွန်တော်နှင့်သူမအတွက်တော့ ပထမဆုံးအနမ်းတစ်ခုဖြစ်သွားခဲ့သည်.. ရပ်သွားတော့မှ.. အားယူကာပြန်တက်လာတော့ ကလေးရဲ့အမေကအတင်းတောင်းပန်သည်.. မေဦးကတော့ ဘာမှမဖြစ်ဘူးဟုဆိုကာ.. ကားဆီကိုသာ ဦးတည်သွားတော့သည်.. ကျွန်တော်လည်းပူထူကာ သူမနောက်ကနေလိုက်သွားလိုက်သည်.. ကားပေါ်ရောက်တော့ရှေ့ကားကမထွက်သေးလို့စောင့်နေရသည်.. သူမကျွန်တော့်ကိုတစ်ချက်မှမကြည့်တော့ပဲ ခေါင်းငုံထားသည်.. ကျွန်တော်လည်းသူမကိုစွေသာကြည့်ရဲသည်.. ကျွန်တော်ကိုယ်တိုင်ပင်အရမ်းရင်ခုန်နေသည်.. သူမနှုတ်ခမ်းများကိုထပ်ထိတွေ့ချင်သည်.. ဒါပေမယ့်သူမအခုလိုနှုတ်ဆိတ်ပြီး ကြည့်တောင်မကြည့်တော့မှာကိုပိုကြောက်သည်.. ကျွန်တော်စွေကြည့်နေတုန်းသူမရုတ်တရက် ကျွန်တော့်ကိုကြည့်ကာ တအံတဩဖြစ်နေသည်..
`မေ..ဘာဖြစ်လို့လဲ ´
ကျွန်တော်မေးတော့သူမကျွန်တော့်ခြေထောက်ကိုလက်ညှိုးထိုးပြကာ..
`သွေးထွက်နေတယ်..´
အမှန်ပင်ကျွန်တော့်ခြေထောက်မှာသွေးထွက်နေသည်.. ကိုယ့်ကိုယ်ကိုပင်နာကျင်မှုကိုသတိမထားမိလောက်အောင်စိတ်ထဲသူမကိုသာမြင်နေသည်ကအံဩစရာပင်.. သူမအိတ်ထဲကနေပလာစတာနဲ့ အနာလိမ်းဆေးများကိုထုတ်ပေးသည်.. သို့သော်အနာကပလာစတာထပ်ကြီးနေသည်.. သူမစိုးရိမ်နေသောမျက်လုံးများနှင့်ကျွန်တော့်ကိုစိတ်ပူနေသည်ကိုတွေ့ရသည်က အနာရဲ့နာကျင်မှုကိုတောင်လိုလိုလားလား ကျေနပ်နေမိသည်.. သူမစိုးရိမ်လွန်ပြီးမျက်ရည်ဝဲလာတော့ကျွန်တော်မနေနိုင်တော့ပါ..
မေ.... မေ.... ဟေး... အရှေ့က boxထဲမှာဆေးထည့်ထားတယ် ပတ်တီးပါမလားမသိဘူး.. အဆင်ပြေသွားမှာ.. မငိုနဲ့ လိမ္မာတယ်.. ကိုယ်ဘာမှမဖြစ်ဘူး..´
သူမဘာမှပြန်မပြောဘဲ သေတ္တာလေးကိုအမြန်ဖွင့်ကာပတ်တီးနဲ့ဂွမ်းကိုယူပြီး ကျွန်တော့်ကိုစည်းပေးသည်.. မျက်ရည်များကတော့ မျက်ဝန်းမှာရွှန်းလက်လျက်ပင်.. ကျွန်တော်မနေနိုင်ပဲသူမပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ကာ ကျွန်တော့ဘက်လှည့်တော့ သူမကျွန်တော့်ကိုကြည့်သည်..
`မေ... ကိုယ့်ကိုကြည့် ဒီဟာကသွေးထွက်နေပေမယ့် ပွန်းတာရှည်သွားရုံလေးပဲ မင်းငိုစရာမလိုပါဘူး.. မင်းသိရဲ့လား... မင်းငိုရင်ကိုယ်ဘယ်လောက်ဒေါသထွက်လဲဆိုတာ.. ကိုယ်အနာကိုဒေါသထွက်ပြီးတစ်ခုခုလုပ်မိနိုင်တယ်´
ကျွန်တော်ရုတ်တရက်အော်လိုက်မိသောကြောင့် သူမကျွန်တော့်လက်များကိုရုန်းတော့သည်.. ကျွန်တော်လွှတ်မပေးဘဲ ဆက်ကာတင်းတင်းဆုပ်ကိုင်ထားပြီး
`မေ... ကိုယ်မင်းကိုချစ်တယ်..´
သူမရုန်းနေသောလက်များရပ်တန့်သွားသည်.. ဝမ်းနည်းသောအရိပ်ယောင်များပျောက်ကာ အံဩစွာနှင့်ကျွန်တော့်ကိုကြည့်နေသည်.. ကျွန်တော်သူမမျက်ဝန်းများကိုတည့်တည့်ကြည့်ကာ
`ကိုယ်မင်းကိုချစ်တယ်ဆိုတာ အခုမှမဟုတ်ဘူး.. မင်းကိုပထမဆုံးတက္ကသိုလ်မှာဘွဲ့ယူတုန်းစတွေ့တည်းကပဲ.. စတွေ့တည်းကမင်းကိုချစ်မိတာ မင်းရယ်တဲ့ပုံ.. ကိုယ့်ကိုတွေ့တိုင်း ကျေးဇူးတင်ပါတယ်ပဲပြောတဲ့ပုံတွေ.. မင်းကိုယ့်ကိုရန်တွေ့တာ.. ကိုယ့်ကိုဆူငေါက်ပြီးငြင်းတာ.. ကိုယ့်စကားကိုနားထောင်တာ အရာအားလုံးကို ကိုယ်ချစ်တယ်.. မင်းသိရဲ့လား´
သူမငြိမ်ကျသွားကာခေါင်းငုံသွားသည်.. ကျွန်တော်သူမပါးနှစ်ဖက်ကိုကိုင်ကာ မော့ယူလိုက်သည်.. သူမမျက်ရည်များစီးကျလာသည်.. ကျွန်တော်အနားကပ်ကာ သူမနဖူးကိုနမ်းရန်ပြင်တော့ အရှေ့ကကားက ဟွန်းကိုအကျယ်ကြီးတီးကာ.. ထွက်ရန်အချက်ပြသဖြင့်.. ကျွန်တော်ကားဆက်မောင်းလာသည်.. သူမကတော့လမ်းတစ်လျှောက် တစ်ဖက်လှည့်ကာ စကားမပြောတော့ပါ.. ကိုယ့်ကိုယ်ကို မှားသွားသည်ဟုပင်ထင်မိသည်..