ပုဂံကိုရောက်တော့ ဟိုတယ်ကားပါကင်မှာ ကားရပ်ပြီး လိဝေကိုနှိုးရန်ကြည့်တော့ သူအိပ်နေပုံလေးကိုကျွန်မမနှိုးရက်တော့ပါ.. အပစ်ကင်းကင်းနဲ့အိပ်နေသည် ကျွန်မပင်မသိလိုက်ပဲကျွန်မသူ့ပါးလေးကိုကိုင်ကာ ပွတ်ပေးမိသည်.. သူသည်.. ကျွန်မနှင့်ဘယ်လိုမှမသက်ဆိုင်သောသူ လူချင်းမပြောနဲ့ နိုင်ငံချင်းတောင်ဝေးကွာတဲ့သူ ဒါပေမယ့်ကျွန်မအနားအမြဲရှိပေးသည်.. အားပေးခဲ့သည်.. ထွေးပွေ့ခဲ့သည်.. ဂရုစိုက်ပေးခဲ့သည်.. သူ့အနားမှာရှိချိန်ကျွန်မပျော်ရွှင်ရသည်.. ကားပါကင်မှာရပ်ထားပေမယ့် နေထိုးလာတာကြောင့် ကျွန်မသူ့ဘေးကမိုးကာလိုက်ကာကိုချပေးလိုက်သည်.. ကျွန်မဒီဘက်လှည့်တော့ အိပ်နေတဲ့သူမျက်လုံးများဟာ ၃စင်တီမီလာလောက်သာကျွန်မမျက်ဝန်းများနှင့်ကွာတော့သည်.. သူ့နှုတ်ခမ်းများကို ကျွန်မငေးကြည့်မိသည်..အသားဖြူသူမို့နှုတ်ခမ်းလေးက ပန်းသွေးရောင်ထနေသည်..
`နမ်းချင်စရာလေး..´
ကျွန်မပြောမိတဲ့စကားကိုကျွန်မပင်မယုံနိုင် ကျွန်မရှက်ရှက်နဲ့ကားပေါ်ကပြေးဆင်းလာမိသည်..
မေဦးနင်ရူးနေလား.. သူကငါ့ကိုကူညီတဲ့သူ သူ့လိုနာမည်ကျော်တစ်ယောက်ကနင့်ကိုချစ်မတဲ့လား သူ့နားမှာမိန်းမတွေများဝိုင်းလို့ အားလုံးနင့်ထပ်သာတဲ့သူကြီးပဲ နင်ကဘာမို့သူကြိုက်မှာလဲ ခန့်နိုင်လိုဘာမဟုတ်တဲ့သူတောင် သစ္စာဖောက်တာ သူသစ္စာမဖောက်ဘူးလို့နင်ယုံနေတာလား.. နင်ကချစ်ရဲသေးတယ်လား..
ကျွန်မကိုယ့်ကိုယ်ကိုယ်အပြစ်တင်ပြောဆိုနေမိသည်..
မေဦးကားရပ်တည်းကကျွန်တော်နိုးနေခဲ့သည်.. မေဦးပြောသမျှ လုပ်သမျှကိုသိရသောကြောင့် ကျွန်တော်အရမ်းပျော်နေခဲ့သည်.. သူရှက်ပြီးကားပေါ်ကဆင်းပြေးကာ ရပ်နေသည့်နောက်ကျောလေးကို ကျွန်တော်ပြုံးကာကြည့်နေမိသည်.. သူမပြန်လှည့်ကြည့်သောကြောင့် ကျွန်တော်အိပ်ချင်ယောင်ပြန်ဆောင်လိုက်သည်.. သူမကျွန်တော့်ဆီလျှောက်လာတဲ့ခြေသံဖွဖွလေးကိုကြားရသည်.. ကျွန်တော့်ပုခုံးလေးကိုလှုပ်ကာ..
`လိဝေ.. လိဝေ.. ရှင်ထဦးလေ.. ဟိုတယ်ရောက်ပြီ.. အားလုံးလည်းဝင်သွားကြပြီ.. ရှင်အထဲရောက်မှဆက်အိပ်လေ.. ´
ကျွန်တော်အခုမှနိုးသလိုမျက်လုံးများဖွင့်တော့ သူမရှက်သွေးဖြာနေသောပါးနီနီလေးနဲ့ ကျွန်တော့်ကိုကြည့်နေသည်..
`ရှင်နိုးပြီလား..´
သူမေးသည်ကို ကျွန်တော်ခေါင်းညိတ်ကာဖြေလိုက်ပြီးထကာ ကားပေါ်ကဆင်းတော့
`အထုတ်တွေ ဝန်ထမ်းလာယူသွားပြီ.. ဝင်ရအောင်´
သူမပြောသည်ကိုခေါင်းညိတ်ကာဝင်လာတော့ မထင်မှတ်ထားတဲ့အရာကဖြစ်လာသည်.. သော်တာက ကျွန်တော်တို့အတွက်နှစ်ယောက်ခန်းကိုယူထားသည်..
`တစ်ယောက်ခန်းပဲယူမှာ ငါသွားပြန်လဲလိုက်မယ်..´
မေဦးပြောသည်ကို သော်တာကရယ်သည်..
`နင်သိလား.. ဒီဟိုတယ်မှာအဲအခန်းပဲလွတ်တော့တာ.. နဂိုတည်းကလူပြည့်တဲ့အပြင် လင်မယညးတွေပဲ နှစ်ယောက်ခန်းယူတာ ကျန်တာတွေကတစ်ယောက်တစ်ခန်းယူထားကြတာလေ..´
`ဒါဖြင့်ငါတို့တခြားဟိုတယ်မှာပဲတည်းလိုက်မယ် ကျေးဇူးပဲ..´
`ငါတို့ကခရီးတစ်ခုတည်းထွက်လာတာ ကားမတူရင်တောင်အချိန်အတူပဲထွက်ရမှာ.. နင်မပြောင်းလဲဘူးပဲ မေဦး.. မယုံတတ်သေးဘူးပဲ.. နင်ကလိဝေရဲ့ကိုယ်ကျင့်သိက္ခာကိုမယုံဘူးလေ.. ဒါကြောင့်မို့နင်ကြောက်တာမလား..´
`နင်..´
ကျွန်မစကားမပြောခင် လိဝေကပုခုံးကိုကိုင်ကာသူ့ဘက်ကိုလှည့်လိုကိသည်.. နောက်ခါးနည်းနည်းကိုင်းကာ ကျွန်မမျက်နှာရှေ့တည့်တည့်မှာ သူ့မျက်နှာထားပြီးတည်တည်ငြိမ်ငြိမ်ကြည့်သည် ကျွန်မရင်တွေပင်ခုန်နေခဲ့သည်..
`မေ.. မင်းကိုယ့်ကို ယုံလား..´
ယုံတာပေါ့လိဝေရယ် ရှင့်ကိုယုံတာပေါ့ ကျွန်မကိုယ်ကျွန်မသာမယုံတာ.. ရှင့်ရဲ့မေးခွန်းကို ကျွန်မဘယ်လိုဖြေရမှာလဲ.. ကျွန်မစိတ်ထဲကကျိတ်တွေးနေပေမယ့် ခန္ဓာကိုယ်ကတော့ ခပ်မြန်မြန်ပဲခေါင်းငြိတ်ခဲ့သည်. လိဝေက သော်တာ့လက်ထဲကသော့ကိုယူကာ ကျွန်မကိုလက်ဆွဲခေါ်သွားသည်.. ဘာစကားမှမပြောတော့ပါ.. ကျွန်မလည်းသူလက်ဆွဲရာကိုသာလိုက်လာခဲ့မိသည်.. သူအခန်းတံခါးဖွင့်ပေးတော့ ကျွန်မဝင်လိုက်သည်.. သူတံခါးပိတ်လိုက်သည်က ကျွန်မရင်ခုန်သံကိုပိုကျယ်လောင်စေခဲ့သည်.. ကျွန်မကုတင်မှာထိုင်နေတုန်းသူကဘေးမှာလာထိုင်သည်.. ကျွန်မမျက်လုံးအဝိုင်းသားနှင့်သူ့ကိုကြည့်တော့ သူကပြုံးကာ ခေါင်းကိုပုတ်လိုက်သည်..
`မင်းကုတင်မှာအိပ်ပါ.. ကိုယ်ဒီမှာအိပ်လိုက်မယ်.. စိတ်ချပါ.. မင်းဘာမှမဖြစ်စေရဘူး..´
သူ့စကားကြောင့်နည်းနည်းစိတ်အေးရပေမယ့် လက်ဖျားများကရေခဲအလား အေးစက်နေသည်.. ကျွန်မခေါင်းညိတ်တုန်း တံခါးခေါက်လို့သူသွားဖွင့်သည်.. ဝန်ထမ်းကောင်လေးက အထုတ်အပိုးတွေလာပို့ရင်း..
`အမတို့ ဟိုတယ်ကနေ ဒီနေ့လည် ၃နာရီပြန်ထွက်မယ်ပြောခိုင်းလိုက်ပါတယ်.. လိုအပ်တာရှိရင်ပြောပါနော်..´
`အင်း သိပြီ.. မင်းသွားလို့ရပြီ..´
လိဝေအသံကတည်ကြည်နေလွန်းလှသည်.. သူကျွန်မဘက်ပြန်လှည့်ကာ ကျွန်မဆီလျှောက်လာပြီး..
`မင်းဘာလုပ်မလဲအခု..´
`ဟင်..´
`မင်းမအိပ်ဘူးဆို ကိုယ်ခဏအိပ်ချင်လို့..´
`ဪ ကျွန်မမအိပ်ပါဘူး.. နေ့လည်မအိပ်တတ်ဘူး ရှင်နားလေ..ကုတင်ပေါ်မှာပဲအိပ်လိုက်ပါ.. ´
`မင်းကိုယ့်ကို ဘာမှမလုပ်နဲ့နော်..´
`ရှင်.... ရှင်..´
သူကျွန်မကိုနောက်လိုက်ပေမယ့် ကျွန်မအနာပေါ်တုတ်ကျသလို အရှိုက်ထိသွားသလိုနှင့် မချိမဆန့်သူ့ကိုလက်ညှိုးထိုးပြီးပြောတော့ သူကဟက်ဟက်ပက်ပက်ရယ်သည်.. ကျွန်မဒေါသထွက်ကာ အနားကခေါင်းအုံးနဲ့ရိုက်တော့သူကခေါင်းအုံးကိုကာပြီးရယ်တာမရပ်ပါ ကျွန်မအကြိမ်ကြိမ်ထပ်ရိုက်တော့သူရယ်လျက် ခေါင်းအုံးကိုဆွဲလုသည်.. ကျွန်မကလည်းမခံချင်စိတ်နဲ့ရိုက်တော့သူခေါင်းအုံးကိုဆွဲပေမယ့် ကျွန်မပါ ကုတင်ပေါ်ပါသွားသည်.. ခေါင်းအုံးကိုနှစ်ယောင်ပြိုင်လုကြသည်.. ကျွန်မလက်လွှတ်ကာ ဘေးကခေါင်းအုံးကိုထပ်ယူပြီးရိုက်တော့ သူက ပထမခေါင်းအုံးနှင့်ကာသည်.. ကျွန်မအဆက်မပြတ်ရိုက်သည့်ခေါင်းအုံးကိုထပ်ဆွဲလိုက်တော့ သူ့အားများသွားသည်ထင်သည် ကျွန်မသူ့ဆီပါသွားသည်.. သူက ကျွန်မပါသွားသောကြောင့် အရှိန်လျော့ကာတားပြီး ပြန်ထိန်းပေမယ့် ကျွန်မအပေါ်ကမိုးပြီးသားအနေနှင့်ရှိနေသည်.. ကျွန်မရုတ်တရက် အရာအားလုံးရပ်တန့်သွားသလိုခံစားရသည်.. သူ့မျက်ဝန်းထဲကချစ်ခြင်းအရိပ်အယောင်များကိုကျွန်မခံစားရသည်.. သူ့ရင်ခုန်သံကိုနားကပင်ကျွန်မကြားနေရသည်.. ကျွန်မရင်ခုန်သံဟာလည်းသူ့ထပ်မလျော့ပါ သူကျွန်မနှုတ်ခမ်းများကိုကြည့်တော့ ကျွန်မသူ့နှုတ်ခမ်းများကိုပြန်ကြည့်မိသည်.. ဒီအဓိပ္ပါယ်က အနမ်းတစ်ပွင့်ကိုတောင်းဆိုခြင်းဆိုတာကို ကျွန်မတို့ကောင်းကောင်းသိသည်.. သူ့နှုတ်ခမ်းတစ်စုံ အသာအယာကျွန်မနှုတ်ခမ်းဖျားဆီနီးကပ်လာသောကြောင့် ကျွန်မမျက်လုံးများမှိတ်ထားမိသည်.. သို့သော်တစ်စုံတစ်ရာက ကျွန်မနားတိုးတိုးလေးကပ်ပြောသလိုကိုကြားရသည်..
`မဖြစ်ဘူး..´
ကျွန်မ မျက်လုံးများဖွင့်ကာလိဝေကိုတွန်းဖယ်ပြီးကုတင်ပေါ်ကဆင်းလိုက်သည်... လိဝေအံဩစွာကျွန်မကိုကြည့်နေသည်.. သူ့မျက်နှာများလည်းနီမြန်းနေသည်.. ကျွန်မလည်းမျက်နှာပူနေလှသည်..
`ကျွန်မ.. ကျွန်မ toiletသွားမလို့.. ရှင်.. ရှင်.. နားတော့နော်..´
လိဝေ ကျွန်မနားလျှောက်လာပေမယ့် ကျွန်မအိမ်သာထဲအမြန်ပြေးဝင်ကာ..တံခါးကိုလော့ခ်ချလိုက်သည်.. လိဝေအပြင်ကနေတံခါးကိုထုကာ
`မေ.. မင်းဘာမှမဖြစ်ပါဘူးနော်... ကိုယ့်ကိုစိတ်ဆိုးသွားတာလား.. မေ.. တစ်ခုခုပြောပါ..´
ကျွန်မတံခါးကိုမှီကာရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်သည်..
`ဘာမှမဖြစ်ဘူး ရှင်အိပ်တော့နော်..´
ကျွန်မပြောတော့သူဘာမှဆက်မပြောပါ.. အသံပင်သိပ်မကြားရတော့ ကျွန်မဘိုထိုင်အိမ်သာကိုအဖုံးချကာ ထိုင်လိုက်သည်.. မျက်ရည်များပင်ဝဲလာသည်.. ကျွန်မကြောက်သည်.. လိဝေကခန့်နိုင်လိုလူမျိုးမဟုတ်ဘူးယုံပေမယ့် တစ်ဖက်ကလည်းခန့်နိုင်နဲ့တွဲတုန်းကလည်းအဲလိုပဲတွေးခဲ့တာမလားဆိုတဲ့မေးခွန်းကခေါင်းထဲမှာဝဲနေသည်.. ကျွန်မလက်ဖျားတွေအေးကာ တစ်ကိုယ်လုံးတုန်လာသည်.. ဘာရယ်မသိဝမ်းနည်းမှုတစ်ခုကို ကျွန်မရှိုက်ကြီးတငင်ငိုချမိသည်..
အိမ်သာထဲမှသူမရှိုက်သံများကို တံခါးမှီထိုင်နေတဲ့ကျွန်တော်ရှင်းရှင်းလင်းလင်းကြားရသည်.. ကျွန်တော်ဝမ်းနည်းမိသည်.. သူမကိုအရမ်းမပြိုလဲလို့ဝမ်းသာမိပေမယ့် သူမစိတ်ထဲမှာဒဏ်ရာတစ်ခုကျန်ခဲ့ဖို့ကိုတွေးမထားခဲ့ပါ.. ဒီဘာမဟုတ်တဲ့ကောင်က သူမရဲ့ဖြူစင်တဲ့နှလုံးသားကိုနာကျင်ခဲ့တယ်လို့တွေးမိတိုင်း ခန့်နိုင်ဆိုတဲ့သူကိုမုန်းမိသည်.. အခန်းထဲမှသူမရေဖွင့်သံကြားတော့ သူမထွက်လာတော့မည်ဆိုတာသိလိုက်သဖြင့် ကျွန်တော်ကုတင်ပေါ်ပြေးတက်ကာ အိပ်ချင်ယောင်ဆောင်နေလိုက်သည်.. ခဏနေသူမထွက်လာတော့ ကျွန်တော့နားမှာလာထိုင်နေသည်.. တော်တော်ကြီးကြာမှ သူမထွက်ကာပြတင်းပေါက်နားမှာခုံလေးယူကာထိုင်နေသည်.. သူမထိုင်တာကိုခိုးကြည့်ရင်းပင် ကျွန်တော်ဘယ်လိုအိပ်သွားမှန်းမသိလိုက်ပါ.. ကျွန်တော်ပြန်နိုးလာတော့ သူမကအလှပြင်ပြီးနေပြီ အကျီအဝါရောင်အနု ပခုံးပျောက်လေးကို အောက်ကအဝါရောင်တောက်တောက်စကတ်အကားလေးဝတ်ကာ ခေါင်းဖြီးနေသည်.. ကျွန်တော်နိုးလာသည်ကိုသတိထားမိတော့ သူမကျွန်တော့်ကိုလှည့်ကြည့်ကာ..
`ရှင်နိုးပြီလား.. နာရီဝက်လောက်နေရင်အောက်ဆင်းရတော့မှာ မြန်မြန်လုပ်နော်..´
ကျွန်တော်ခေါင်းညိတ်ကာရေမိုးချိုးပြီးအဝတ်အိတ်ကိုဖွင့်တော့အကျီတွေက ရှပ်အကျီများနှင့် တီရှပ်များသာ အဝါရောင်တီရှပ်ကိုအောက်က စတိုင်ပန် အဖြူနှင့်တွဲဝတ်လိုက်သည်.. နောက်ကျွန်တော်တို့ထွက်လာကြတော့ ဟိုတစ်စု ဒီတစ်စုနှင့်အုပ်စုများကအပြိုင်အဆိုင်ဝတ်ထားကြသည်.. ကားဆရာကြီးကအချက်ပြပြီးကားပေါ်တတ်သွားသည်နှင့် ကျွန်တော်တို့လည်းကားပေါ်တက်ကြသည်.. သူမနေ့ပိုင်းမောင်းမယ်ပြောပေမယ့် ကျွန်တော်သာမောင်းခဲ့သည်.. သူမစကားသိပ်မပြောပဲ တစ်လမ်းလုံးတိတ်ဆိတ်နေသည်.. ကျွန်တော်တို့အနီးနားရှိ ဘုရားတွေဖူးမည်ကိုသာသိတာ ကျွန်တော်မမှတ်မိပါ ပုံစံဆင်သောစေတီများကလမ်းတစ်လျှောက်လုံး အပြည့်ပင်ရှိသည်.. တချို့နေရာများကသစ်ပင်များမှာ ရုပ်သေးရုပ်များချိတ်ထားသည်... တစ်ချို့နေရာများမှာခုံနဲ့လူနှစ်ယောက်လောက်ထိုင်နေသည်.. တချို့နေရာကျတော့ ရုပ်သေးတင်မဟုတ်ပဲရှေးဟောင်းထီးတွေ ဒန်းတွေပါရှိသည်.. ရှေ့ကကားရပ်သည်နှင့် ကျွန်တော်တို့လည်းရပ်ကာ လိုက်ဆင်းကြသည်.. နောက်သူတို့အုပ်စုကြီးသွားတဲ့နေရာကို ကျွန်တော်လိုက်လျှောက်သွားသည်.. ဘုရားတစ်ဆူရောက်တော့ သူတို့အထဲဝင်သွားသည်နှင့်ကြည့်လိုက်တော့ ဆိုင်းဘုတ်မှာရေးထားသည်က မဟာငှက်ပစ်တောင်ဘုရား.. နာမည်ကစိတ်ဝင်စားဖို့ကောင်းလှသည် နားထောင်လိုသောကြောင့်ဂိုက်ကိုနားစွင့်ပေမယ့် အရှေ့ကလူတွေရဲ့စကားသံများကိုမကျော်နိုင်ပေ.. တစ်လမ်းလုံးစကားမပြောတဲ့မေဦး ကျွန်တော့အကျီစလေးကိုလှမ်းဆွဲသည်..
`ဒီနေရာကိုငှက်ပစ်တောင်လို့ခေါ်တယ်.. ဒီဘုရားကိုမဟာငှက်ပစ်တောင်ဘုရားလို့ခေါ်တာ.. ဟိုးအရင်တုန်းက ပုဂံပြည်ကြီးဆိုပြီးမတည်ရှိခင်က.. ဒီတိုင်းပြည်မှာအရှေ့ဘက်မှာဝက်.. အနောက်မှာငှက်.. တောင်မှာကျား မြောက်မှာရှုးပျံဆိုပြီး.. မိစ္ဆာရန်သူလေးမျိုးရှိခဲ့တယ်..တစ်ကောင်ချင်းစီမှာဖျက်ဆီးနိုင်တဲ့အစွမ်းတွေပိုင်ဆိုင်ထားတာကြောင့် ဘုရင်ကြီးဟာ သူတို့လိုသမျှကိုဆက်သရတယ်.. ဝက်ကြီးဆိုရင် ထမင်း.. ဖရုံသီး.. ဆန် ဆန်ဖွဲတွေကို တင်းနဲ့ချီပြီးဆက်သရတယ်.. ဒါပေမယ့်အားလုံးထဲမှာအထူးခြားဆုံးက ဒီငှက်ပေါ့.. သူကအစားအစာအနေနဲ့ ခြောက်ပြစ်ကင်းသဲလဲစင်လို့ပြောတဲ့ အပျိုစင်ခုနှစ်ယောက်ကိုစားသောက်တယ်လေ.. ဒီလိုနဲ့ ၁၂နှစ်ကျော်ကြာဖြင့်လာတော့ အပျိုစင်တွေပါရှားပါးလာခဲ့တယ်.. ဒါကိုပျူစောထီးလို့ခေါ်တဲ့လုလင်က ဒီရန်သူလေးပါးကိုနှိမ်နင်းပေးခဲ့တာပေါ့..´
သူမကျွန်တော့်ကိုရှင်းပြရင်း.. ကျွန်တော်တို့လမ်းလျှောက်လာတော့ ဂူထဲကိုရောက်လာသည်..
`ဒါကမိစ္ဆာငှက် ဒါမှမဟုတ် နတ်ငှက်ဆိုးကို ပျူစောထီးမင်းက မြှားနဲ့ပစ်ခွင်းနေတဲ့ပုံလေ..´
သူမညွှန်ပြရာမှာ လုလင်တစ်ဦးမြှားကိုချိန်ရွယ်ထားပြီး အရှေ့မှာငှက်ကြီးတစ်ကောင်ပုံပြထားသည်.. အနားမှာမိန်းမငယ် ခုနှစ်ဦးကိုလည်းဆွဲထားသေးသည်.. ကျွန်တော်တို့ဆက်လျှောက်သွားတော့ တွင်းကြီးတစ်ခုကိုရောက်သွားသည်..
သူမကကျွန်တော့်ကိုဖုန်းမီးဖွင့်ခိုင်းသည်.. သို့သော်တွင်းကအရမ်းနက်သောကြောင့် မီးရောင်ပင်အဆုံးထိမရောက်ပါ..
`ရေတွင်းလား..´
ကျွန်တော်မေးတော့သူမခေါင်းခါသည်..
`ဒါပျူစောထီးမင်း ငှက်ကြီးကိုမြှားနဲ့ပစ်လိုက်လို့ နာကျင်ပြီးဒေါသထွက်ပြီး နှုတ်သီးနဲ့ပေါက်သတ်ခဲ့တာ ပျူစောထီးမင်းကိုမထိပေမယ့် အတောင် ၇၀အနက်ကိုပေါက်သွားတယ်.. သူရဲ့နာကျင်မှုတွေနဲ့ထပျံပြီး ပါးစပ်ထဲကမြေကြီးတွေကိုပြန်အန်တဲ့အခါမှာတော့ ငှက်အန်တောင်ဆိုပြီး ဟိုးနားမှာရှိတယ်.. နောက်ငှက်ကြီးလဲကျသွားတော့ ငှက်တောင်ပံကျရာနေရာတွေမှာလည်းဘုရားတည်ခဲ့တယ်လေ.. ဒီနေရာကငှက်ကြီးကိုပစ်ခွင်းတဲ့နေရာ.. ငှက်ကြီးကနှုတ်သီးနဲ့ပေါက်တဲ့နေရာ.. နောက်ငှက်တောင်ပံကျတဲ့နေရာတွေစုံတဲ့နေရာလေ..´
သူမရှင်းပြပုံကဒီနေရာဟာအရမ်းကိုမြင့်မြတ်တယ်ဆိုတဲ့ခံစားချက်ကိုခံစားစေသည်.. သို့သော်သံသယတော့ဖြစ်မိသည်.. အဲလောက်ကြီးတဲ့ငှက်ရှိပါ့မလား.. သူမကျွန်တော့်ကိုကြည့်ကာ..
`လိဝေ.. ရှင်ဒီနေရာမှာ မယုံဘူးတို့.. ဒီနေရာကိုညှိုးငယ်စေမယ့်စကားတွေလုံးဝမပြောပါနဲ့ ဆဲရေးတဲ့စကားမျိုးတွေးတောင်မတွေးပါနဲ့.. ပုဂံပြည်ဆိုတာ လူတစ်ဝက်နတ်တစ်ဝက်တည်ခဲ့တာလို့တောင်ပြောလို့ရတယ်.. အပြစ်ပြုမိရင် အပြစ်ပေးတာကိုချက်ချင်းခံရတတ်တယ်..´
`မင်းကိုကြည့်ရတာ ဒီနေရာကိုအရမ်းတန်ဖိုးထားတယ်ထင်တယ်..´
ကျွန်တော်ပြောတော့သူမပြုံးကာ ခေါင်းညိတ်ပြီး..
`ဒီနေရာကိုရောက်ရင် ဒီနေရာရဲ့မြင့်မြတ်မှုတွေကြောင့်... ပျော်ရွှင်မှုကိုခံစားရတယ်.. ကြီးမြတ်မှုတွေကိုခံစားရတယ်.. အရှိန်အဝါတွေကိုရော..´
သူမပြောကာဆက်လက်လမ်းလျှောက်ရင်း ပြန်ထွက်လာခဲ့ကြသည်..