ပုပ္ပါးတောင်ခြေရောက်တော့ အနီးနားကစားသောက်ဆိုင်လေးမှာ မေဦးတို့ မျက်နှာသစ်ခြေလက်ဆေးကာ.. တောင်ကလပ်ပေါ်ကိုတက်ကြသည်.. လိဝေနဲ့မေဦးတို့နဲ့မလှမ်းမကမ်းမှာ သော်တာတို့အတွဲကလည်းတက်လာသည်.. သို့သော်မေဦးတို့ဂရုမစိုက်မိကြပါ... လှေကားတက်ပြီးတစ်ဆစ်ချိုးလောက်ရောက်တော့ ကောင်မလေးတစ်ယောက်ဆီမှ မေဦး စက္ကူကန်တော့လေးတွေကိုဝယ်နေသည်.. လိဝေကစိတ်ဝင်စားဟန်နှင့်ဘေးကရပ်ကြည့်နေသည်.. မေဦးလိဝေကိုကြည့်ပြီး နောက်ထပ်နှစ်ခုလောက်ထပ်ဝယ်လိုက်သည်.. ထို့နောက်ဆက်တက်ကြတော့ လိဝေကမေဦးကိုမေးသည်..
`ခုနကမင်းဘာဝယ်တာလဲ? စက္ကူလေးတွေနဲ့လေ..´
`ဪ.. ပဲစေ့တွေလေ´
`ဪ.. မင်းဗိုက်ဆာနေတာလား..´
`ဟင်..´
`ဗိုက်ဆာလို့ပဲတွေစားမလို့လားလို့´
မေဦးရယ်ချင်စိတ်လေးကိုတင်းကာ..
`ရှင်ခဏနေသိမှာပါ..´
လိဝေခေါင်းညိတ်ကာ ဆက်တက်တော့ ကလေးလေးတွေကလာကာ အကြွေလဲရန်လာကြသည်.. မေဦးအိတ်ထဲက တစ်သောင်းတန်လေးထုတ်ကာ လာတဲ့ကလေး ၅ယောက်ရှေ့ထိုင်လိုက်သည်..
`အမ တစ်ယောက်စီက 2000စီယူမယ်.. မင်းတို့ခွဲယူကြမှာလား..´
ကလေးတွေမျက်နှာမှာ အပြုံးများစွာနှင့် ခေါင်းညိတ်ကြသည်.. မေဦးမျက်နှာလေးလည်းရွှင်ပြနေသည်..
`ဒါဖြင့် မင်းတို့မှာထောင်တန်အလုံအလောက်ရှိလို့လား..´
ကလေးများကခေါင်းခါကြသည်.. မေဦးရယ်သည်.. နောက်တစ်သောင်းတန်လေးကိုအိတ်ထဲထည်ပြီး ထောင်တန်တစ်သောင်းအုပ်လေးကို ထုတ်လိုက်ပြီး..
`အမကို ၁၀၀တန်လေးတွေပေး.. အသစ်များတာပေးနော်..´
ကလေးတွေကရယ်ကာမြူးကာ တန်းစီပေးကြသည်.. မေဦးကသူတို့တစ်ယောက်ချင်းစီက ပိုက်ဆံအုပ်လေးတွေယူပြီး တစ်ယောက်ကိုနှစ်ထောင်ဆီပေးလိုက်သည်.. လိဝေပြုံးကာကြည့်နေသည်.. မေဦးပိုက်ဆံပေးပြီးနောက် ကလေးများကပြေးထွက်သွားကြသည်.. လိဝေကမေဦးနားတိုးကာ.. ဆက်တက်ရင်း
`အဲကလေးတွေကဘာလုပ်တာလဲဟင်..´
`အကြွေလဲပေးတာလေ.. သူတို့ကတစ်ထောင်ကိုလဲရင် တစ်ရာရတယ် တစ်ရာတန်ဆို.. ဆယ်ယောက်ဆို တစ်ထောင်ရတယ်.. သူတို့မုန့်ဖိုးသူတို့ရှာကြတဲ့ကလေးတွေပေါ့..´
`ဪ.. မင်းအခု တစ်သောင်းတောင်လဲတာဆိုတော့တစ်ရာတန်အရွက်၉၀ရမှာပေါ့..´
`တော်တယ်..´
ပြောနေတုန်းပင်မျောက်တွေဆင်းလာသံကိုမေဦးကြားလိုက်သည်.. လိဝေကိုကြည့်တော့ လိဝေကအသံကိုလိုက်ရှာနေသည်..
`အယ်.. ရှင်ခုနက ပဲတွေဘာလုပ်ဖို့လဲသိချင်တယ်မလား..´
`အင်း..´
မေဦးကိုကြည့်ကာခေါင်းညိတ်သည်..
`ဒါဆို.... ရှင်... ဟိုမှာကြည့်..´
လှေကားပေါ်ကနေပြေးဆင်းလာတဲ့ မျောက်အုပ်စုကြီးကိုလက်ညှိုးထိုးပြသည်.. အများကြီး တကယ့်ကိုအများကြီး အကောင် ၆၀လောက်ရှိမည်... ဘေးတွေတွယ်လို့တွယ် ပြေးလို့ပြေးနဲ့ ကျွန်တော်ကြောက်လန့်တကြားအော်ကာ ထွက်ပြေးတော့ မေဦးလိုက်ဆွဲရသည်..
`လိဝေ.. လိဝေ.. နေပါဦး.. ဘာမှမဖြစ်ပါဘူး.. ဘာမှမဖြစ်ဘူး ဟုတ်ပြီလား.. ဒီမှာခဏလေးငြိမ်ငြိမ်လေးရပ်နေ..´
မေဦးကျွန်တော့လက်များကိုဆုပ်ကိုင်ကာ အရှေ့ကနေကာရပ်ထားသည်.. ခဏနေတော့ မျောက်တွေကအောက်ကိုဆင်းသွားကြပြီ.. အနည်းအကျင်း ၅ကောင်လောက်သာကျန်တော့သည်.. မေဦးက ကျွန်တော့ကိုကြည့်ကာ လက်ကိုလွှတ်လိုက်သည်.. နောက်တစ်လှမ်းဆုတ်ကာ..
`ရှင်ငြိမ်ငြိမ်လေးရပ်နေနော်.. မကြောက်နဲ့.. ´
သူမအဲလိုပြောပြီးဟိုဘက်ကိုလှည့်ကာ ခုနကဝယ်ထားတဲ့ စက္ကူကန်တော့ကိုထုတ်ပြီးဖြဲလိုက်တော့ အထဲမှာကန်တော့သေးသေးလေးတွေ.. သူမမျောက်နားကိုလမ်းလျှောက်သွားသည်..
`မေ.. မသွားနဲ့..´
လိဝေလှမ်းအော်သည်.. မေဦးကလက်လေးကာပြကာ ပုံမှန်သာဆက်လျှောက်သွားသည်.. မျောက်နားရောက်တော့ မျောက်ကြီးကို သူမကန်တော့သေးလေးတစ်ခုလှမ်းပေးသည်.. မျောက်ကလှမ်းယူကာ နှစ်လမ်းလောက်လျှောက်သွားပြီး.. ကန်တော့ကိုဖြဲကာ ပဲစေ့များကိုစားသည်.. မေဦးကျွန်တော့ဆီပြန်ပြေးလာကာ..
`တွေ့ပြီလား ဘာအတွက်လဲဆိုတာ..´
`မင်းမကြောက်ဘူးလား တစ်ခုခုထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ..´
`ဘာမှမဖြစ်ပါဘူး.. ရှင်ကြည့်လေ.. သူတို့တစ်နေ့ကိုလူအယောက်ရာနဲ့ချီပြီးတွေ့ရတာ.. ဘယ်လိုလုပ်ရန်မူနိုင်မှာလဲ.. ရှင်သာသွားမခြောက်ရင်သူတို့လဲပြန်ရန်မူမှာမဟုတ်ဘူး..´
`တကယ်လား..´
`အင်း..´
မေဦးခေါင်းညိတ်သည်..
`ဒါပေမယ့် ရှင်သိပ်ကြောက်ပြရင်လည်းသူတို့ကလိုက်ခြောက်လိမ့်မယ်.. ရှင်ပစ္စည်းတွေကိုသေချာသိမ်း သူတို့ကဆွဲယူသွားတတ်တယ်.. သဘောကျရင်..´
လိဝေအိတ်ကိုသေချာလွယ်ကာ ဇစ်တွေသေချာပ်တ်သည်.. မေဦးက လိဝေလက်ကိုဆွဲကိုင်လိုက်သည်.
`လာ.. ကျွန်မတို့အတူသွားရအောင်..´
`အင်း..´
ကျွန်တော်အားရှိသွားသလိုခံစားရသည်.. သူမလက်ဆွဲခေါ်ရာနောက် ကျွန်တော်လိုက်သွားမိသည်... မေဦးကမျောက်တစ်ကောင်နားရောက်တိုင်း ကန်တော့ထုတ်လေးတွေပေးသည်.. ကန်တော့အထုတ်ကြီးတစ်ခုကို ကျွန်တော့အားလှမ်းပေးသည်..
`အဲထဲမှာ ၅ခုပါတယ်.. ရှင်ကျွေးလို့ရအောင်..´
ပြောပြီးအပေါ်ကိုဆက်တက်သည်.. မျောက်လေးတစ်ကောင်က ကျွန်တော့ခြေထောက်နားမှာ ခြေထောက်ကိုလှမ်းကိုင်လိုက်သည်.. အစကတော့ကြောက်ပေမယ့် မေဦးကိုကြည့်တော့ သူမကပြုံးကာ..
`ရှင့်ဆီကအစာတောင်းတာ.. တစ်ခုပေးလိုက်လေ..´
လိဝေလှမ်းပေးသော မျောက်လေးကလှမ်းယူကာ ဘေးဘက်ကိုထွက်ပြေးသွားသည်.. ကျွန်တော်ပျော်မိသွားသည် ပျော်ဖို့ကောင်းလာသည်.. မေဦးက ကျွန်တော့ကိုပြုံးကြည့်ကာ..
`ဘယ်လိုလဲ.. ပျော်ဖို့ကောင်းလား..´
ကျွန်တော်ခေါင်းညိတ်ကာ သူမနဲ့တွဲထားတဲ့လက်ကို ကျွန်တော်တင်းကျပ်စွာဆုပ်ကိုင်ပြီး.. ကျွန်တော်ဦးဆောင်ပြီးလှေကားကိုပြေးတက်လိုက်သည်.. သူမလည်းကျွန်တော်ဆွဲခေါ်ရာကိုပြေးလိုက်လာသည်.. လှေကားတစ်ဆစ်ချိုးလေးမှာ အခန်းကြီးကြီးတစ်ခုရှိသည်.. မေဦးက လက်လေးဖြုတ်ကာ..
`လိဝေ.. ဖိနပ်ချွတ်..´
ကျွန်တော်ဖိနပ်များချွတ်လိုက်သည်..
`လိဝေ.. ခြေအိတ်ရော..´
`ဪ.. အင်းအင်း.. ´
သူမလည်းသူမရဲ့ဖိနပ်များကိုချွတ်ကာ.. အနားကအကန့်တွေနဲ့သစ်သား lockerထဲကိုထည့်လိုက်သည်.. ကျွန်တော်လည်းဖိနပ်များကိုကောက်ယူကာ.. သူမနားကတစ်ခုမှာထည့်မယ်လုပ်တော့..
`လိဝေ.. အတူထည့်လိုက်လေ..´
`အင်း..´
သူမနဲ့အတူထည့်ပြီးတော့ သူမကအဲဒီအကန့်လေးထဲက ပလတ်စတစ်လောင်းထားတဲ့ ကတ်လေးကိုယူလိုက်သည်.. 32တဲ့..
သူမခုနကအခန်းကြီးထဲမဝင်ခင်.. အနားကအဒေါ်ကြီးဆီမှ ပန်းနှစ်စည်းကိုဝယ်လိုက်သည်.. နောက်သူမအခန်းကြီးထဲဝင်သွားသည်.. အခန်းထဲမှာရုပ်ထုတော်တော်များများရှိသည်.. အလယ်မှာ အမျိုးသမီးအရုပ်ကခပ်ကြီးကြီးတစ်ရုပ်ရှိသည်.. ခေါင်းပေါ်မှာအစွယ်များနဲ့ခေါင်းဆောင်းကိုဆောင်းထားသည့်ပုံထုထားသည်..
`လိဝေ.. ဒါကပုပ္ပါးမယ်တော်လို့ခေါ်တယ်.. ဒီတောင်ကြီးတစ်ခုလုံးကို စောင့်ရှောက်တယ်.. ကန်တော့ပြီး ဆုတောင်းလေ..´
ကျွန်တော်လက်အုပ်ချီပြီးကန်တော့ရန်ပြင်တော့ သူမဒူးလေးခွေကာထိုင်ချလိုက်သည်.. ကျွန်တော်သူမဘေးလိုက်ထိုင်လိုက်သည်.. ကျွန်တော်တစ်ခုကိုပြန်အမှတ်ရသည်.. အမေအဲလိုထိုင်ပြီးကန်တော့တာကို ကျွန်တော်မြင်ဖူးသည်.. ထို့ကြောင့်သူမဘေးမှာ သူမနှင့်အတူထိုင်ပြီးကန်တော့သည်.. `ဆုတောင်း´ သူမစကားလေးကိုပြန်ကြားလိုက်ရသည်.. သူမကိုခိုးကြည့်ပြီးတိုးတိုးလေးဆုတောင်းလိုက်သည်..
`သူမနဲ့အတူခရီးတွေအများကြီးသွားရပါစေ..´
အရမ်းပျော်ဖို့ကောင်းလှသည်.. ထို့နောက်ကျွန်တော်တို့ဆက်ကာအပေါ်ကိုတတ်ကြသည်.. လှေကားသေးသေးလေးကိုရောက်တော့
`ဒါပြီးရင်ဘုရားပေါ်ရောက်ပါပြီ တက်ရအောင်´
မေဦးကျွန်တော့ကိုအားပေးနေပေမယ့် သူမကိုယ်တိုင်ကမောနေသည်.. ကျွန်တော်မသိချင်ယောင်ဆောင်ကာ..
`ဟုတ်လား.. ဒါဖြင့်တက်မယ်လေ မြန်မြန်လာ´ ဟုဆိုကာသူမကိုလက်ဆွဲပြီး ပြေးတက်လိုက်သည်.. ဘုရားပေါ်ရောက်တော့ သူမအပြုံးများစွာနှင့် သူမလမ်းနည်းနည်းလျှောက်ပြီး စေတီတော်ဘေးမှာထိုင်ချလိုက်ကာ လက်အုပ်ချီရှိခိုးသည်.. ကျွန်တော်လည်းသူမဘေးကထိုင်ကာ သူမအတိုင်းရှိခိုးသည်.. သူမပြီးတော့ကျွန်တော့်ကိုလက်ဆွဲကာ
`မြန်မြန်လာ..´ ဆိုပြီးလမ်းကျဥ်းလေးထဲခေါ်သွားသည်.. ကြည့်လိုက်ရင်မျက်စိရှေ့မှာတင်တောင်ကြီးတစ်ခုကခပ်နီးနီးနှင့်
`လန်းဆန်းသွားသလိုမခံစားရဘူးလား..´
`အင်း.. အရမ်းကိုလန်းဆန်းတယ်..လေရေမြေက အရမ်းကောင်းတယ်´
ကျွန်တော် ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်.. နောက် သူမဘက်လှည့်ကာ လျပ်တပျက်ရိုက်လိုက်သည်... သူမမျက်လုံးမှိတ်ပြီးလေညှင်းခံနေတုန်းလေး..
`မေ..´
`ဟင်..´
`ဓာတ်ပုံအတူရိုက်ရအောင်..´
`အင်း..´
သူမကျွန်တော့်နားတိုးလာပြီး လက်လေးနှစ်ချောင်းထောင်ထားသည် ကျွန်တော်သူမပုခုံးကိုဖက်လိုက်ပြီး သူမနားအနည်းငယ်စောင်းကာရိုက်လိုက်သည်... ထို့နောက်သူမကျွန်တော့်အား လှေကားသေးသေးလေးတွေစီကနေ ကျောက်ပျဥ်အကြီးကြီးရှိတဲ့ဆီခေါ်သွားသည်.. အမေပြဖူးလို့ဘာလုပ်ရတာလဲဆိုတာတော့ ကျွန်တော်သိသည်..
`လိဝေ... လာ..´
သူမအရှေ့ကဝင်သွားကာ.. ကျွန်တော့ကိုခေါ်သည်.. နောက်ကျောက်ပြင်ပေါ်ကသနပ်ခါးယူကာ သူမလက်ကောက်ဝတ်ကိုလိမ်းသည်..
`လိဝေ.. ဒါကဆေးကျောက်ပျဥ်လို့ခေါ်တယ်.. ရှေးအယူတစ်ခုအရဒီကျောက်ပျဥ်ကသနပ်ခါးကို ကိုယ်နာကျင်ကိုက်ခဲတဲ့နေရာကိုလိမ်းရင် နာကျင်ကိုက်ခဲတာတွေပျောက်တယ်တဲ့..´
`တကယ်လား..´
`အင်း.. အမြန်လိမ်းကြည့်လေ..´
ကျွန်တော်ယူကာ ရုပ်ရှငိရိုက်ရင်းထိထားတဲ့ခါးကိုလိမ်းလိုက်သည်..
`ဘယ်လိုလဲ?´
`နေလို့ကောင်းသွားသလိုပဲ...´
မေဦးရယ်ကာပြန်ထွက်သွားသည်.. ကျွန်တော်သူမနောက်လိုက်သွားသည်.. ကျွန်တော်တို့ဘုရားတွေလိုက်ဖူးပြီးနောက် တောင်အောက်ပြန်ဆင်းကြသည်.. အောက်ရောက်တော့ မေဦးကနောက်ပြန်မော့ကြည်သြည်..
`မင်းတစ်ခုခုကျန်ခဲ့လို့လား..´ ကျွန်တော်မေးတော့သူမခေါင်းခါကာ လက်လေးညွှန်ပြသည်..
`ဟိုမှာကြည့် ခုနကကျွန်မတို့သွားတဲ့ ဘုရားက အပေါ်ဆုံးမှာတွေ့လား.. ကျွန်မတို့ဒီတောင်ကြီးကိုတက်ပြီးသွားဖူးခဲ့ကြတာ.. ကျွန်မအခုလိုကြည့်ရင်အမြဲ ကိစ္စကြီးတစ်ခုကိုလုပ်နိုင်ခဲ့သလိုခံစားရတယ်..´
`ကိုယ်ကတော့သေချာတယ် ကိစ္စကြီးတစ်ခုကိုလုပ်နေတာ..´
မေဦးကျွန်တော့ကိုလှည့်ကြည့်သည်..
`မင်းနဲ့အတူခရီးထွက်နေရတာလေ..´
မေဦးပြုံးကာထွက်သွားသည်.. နောက်ကျွန်တော်တို့မနက်စာစားပြီး.. ကားဆီပြန်လာတော့ သူမက ကျွန်တော်ဖွင့်ပေးတဲ့ကားပေါ်ကိုမတက်ပဲ မောင်းတဲ့ဘက်ကတက်လိုက်သည်.. နောက် ကျွန်တော့်ကိုကြည့်ကာ..
`မလိုက်ဘူးလား..´
ကျွန်တော်ကားပေါ်တက်တော့ သူမကခါးပတ်ပတ်နေသည်..
`ခါးပတ်ပတ်ဦး ပြီးရင်အိပ်တော့.. ´
သူမပြောသည်..
`ဟင်.. မင်းမောင်းမလို့လား..´
`လိဝေ.. ရှင်တစ်ညလုံးမအိပ်ထားဘူး.. မနေ့ကလည်းအရမ်းပင်ပန်းထားတာ အိပ်လိုက်ပါ.. တစ်နာရီခွဲလောက်တော့ ရှင်အိပ်လို့ရသေးတယ် အဲဒါပြီးရင် ဟိုတယ်ရောက်ပြီ.. ရှင်နားလို့ရပြီ.. ညနေမှ ပြန်ထွက်မှာဆိုတော့ ရှင့်မှာနားချိန်ရှိပါတယ်.. လိမ္မာတယ်.. အိပ်တော့..´
သူမပြောပြီး ကားစက်နှိုးလိုက်သည်.. ကျွန်တော်သူမစကားနားထောင်ပြီးမျက်လုံးမှိတ်ထားပြပေမယ့် ခဏအကြာမှာတကယ်အိပ်ပျော်သွားခဲ့သည်..