book

Index 10

အခန်း၁၀

  • Author : Athena
  • Genres : Romance, Drama

နာရီကိုကြည့်တော့ ၆နာရီခွဲ ခြံထဲကဒန်းလေးမှာ မေဦးထိုင်နေသည်.. ဒန်းပေါ်မှာကျောပိုးအိတ်လေးတစ်လုံး ဒန်းဘေးမှာ ခရီးဆောင်အိတ်လေးတစ်လုံးကိုချထားသည်..  taxi driverမှ ဖုန်းဆက်သည်နှင့် မေဦးခြံတံခါးကိုထဖွင့်ပေးသည်.. driverကြီးက မေဦးကိုအိတ်တွေ ကားပေါ်ကူတင်ပေးသည် မေဦးကားထဲဝင်ထိုင်လိူက်တော့ driverက နောက်ကြည့်မှန်ထဲကမေဦးကို တစ်ချက်ကြည့်ကာ..

`အောင်ဆန်းကွင်းနော်သမီး...´

`ဟူတ် အောင်ဆန်းကွင်းကားဂိတ်ပါ..´

`အေး အေး...´

ထို့နောက်မေဦးလည်း ယာဉ်မောင်းနဲ့စကားမပြောဖြစ်တော့ပါ သိပ်ကြာကြာမမောင်းရသေးခင်ပင် ကားဂိတ်သို့ရောက်လာသည်.. ခန့်နိုင်နှင့်သော်တာကိုတော့ တန်းမြင်ရသည်..

`ဦးလေး.. ဟိုနားလေးချထားပေးပါ..´

`အေး.. အေးသမီး..´

ယာဥ်မောင်းကြီးက သော်တာတို့နားမှာရပ်ပြီး.. အထုတ်တွေချပေးသည်.. မေဦးကားခကိုလှမ်းပေးပြီးနောက် ကားသမားကြီးလည်းထွက်သွားပြီ..  လှည့်ကြည့်လိုက်တဲ့အခါတော့ မေဦးအရမ်းကိုစိတ်ပျက်သွားရသည်.. ကားကို mini express လုံးချင်းငှားထားသည်သာကြားသည်.. တကယ်ဆ်ိုင်မှာရှိတာက အရောင်းဝန်ထမ်းမလေး သုံး ဦး.. ငွေကိုင် တစ်ဦး.. စာရင်းကိုင်တစ်ဦးနှင့် delivery နှစ်ဦး ပေါင်း ၇ဦးသာ.. ကျွန်မတို့သုံးယောက်ပေါင်းမှ ၁၀ဦးဟုသိထားပေမယ့် ယခုတော့ ခန့်နိုင်မိဘတွေရော သော်တာ့အဒေါ်မိသားစုတွေပါ ကားအနားမှာအထုတ်တွေကိုင်လျက်.. မိသားစုတင်မက.. ခန့်နိုင်၏သူငယ်ချင်းအုပ်စုပါပါသေး မရှိဘူးဆို ဒါတင်ပဲ အယောက်နှစ်ဆယ်ကျော်လောက်.. သော်တာကအောင်နိုင်သူလိုရိပြုံးပြုံးကာ မေဦးဆီလျှောက်လာသည်.. 

`မေဦးကိုပြောဖို့မေ့နေတာ.. မေမေတို့ကလည်းပုဂံသွားချင်နေတာနဲ့.. တစ်ခါတည်း ကားစင်းလုံးငှားလိုက်တာလေ.. ပြီးတော့ အန်တီမူ တို့ကိုလည်း နိုင့်ရဲ့မိဘတွေနဲ့တွေ့ပေးဖို့တစ်ခါတည်းခေါ်လာတာ.. ´

`ဒါဖြင့် စုံပြီလား..´

`ဟင့်အင်း.. နိုင့်သူငယ်ချင်း ဝါသွေးတို့မိသားစုကျန်သေးတယ်.. မေဦးမှတ်မိတယ်မလား ပြီးခဲ့တဲ့နှစ်ကမှ အမွှာမွေးထားတာလေ..´

`အားလုံးဘယ်နှယ်ယောက်လဲ အမွှာလေးနှစ်ယောက်ပါပါရင် အယောက်သုံးဆယ်.. နောက် ကားdriverနှစ်ယောက်နဲ့ guide ထမင်းချက်နှစ်ယောက်ဆို သုံးဆယ့်ငါးယောက်လေ ကားနဲ့ကွက်တိပေါ့.. ဟော ဟိုမှာ ဝါသွေးတို့လာပြီ..´ သော်တာပြရာကိုလှမ်းကြည့်တော့ ပြုတ်စပြင်းတောင်းနဲ့ မိသားစု ကလေးတွေကလည်းငိုနေသေး ကလေးနှစ်ယောက်ကိုအမေကချီ အဖေကအထုတ်တွေဆွဲလာတာမှအများကြီး.. မေဦးအရမ်းကိုစိတ်ပျက်နေပြီ.. ဒီခရီးကိုသွားချင်စိတ်မရှိတော့ပါ.. ခဏအကြာ ကားတံခါးဖွင့်သည်နှင့် မေဦးတတ်ကာရှေ့ဆုံးခုံအတွင်းဘက်မှာထိုင်လိူက်သည်... ကျောပိုးအိတ်ကိုမေဦးအရှေ့တွင်သာချထားလိုက်သည်.. ခဏနေတော့လူတွေနေရာယူကြဟန် ဆူဆူညံညံကြားရသည်..

`ရှိုင်း.. နေရာမရှိရင်ရှေ့မှာတစ်ခုံလွတ်တယ်လေ.. ထိုင်လိုက်ပေါ့´

သော်တာ့စကားနဲ့အတူ ရှိုင်းဝဏ္ဏ မေဦးဘေးရောက်လာသည်.. မော်ဒယ်ပေါက်စဖြစ်ပြီး စကားပြောမတတ် ကြွားလုံးထုတ်တတ်တဲ့သူမျိုးမို့ မေဦးနှင့်တော့မကိုက်ပါ မေဦးမျက်လုံးများမှိတ်ကာသာမသိသလိုနေလိုက်သည်..ကားကစထွက်ခွာလာပြီ မျက်လုံးဖွင့်တော့ မေဦးချထားသည့်ကျောပိုးအိတ်မရှိတော့ ဘေးက သကောင့်သားကခပ်ရိရိပြုံးကာကြည့်နေသည်.. 

`မင်းကိုကူပြီးမင်းအိတ်လေးကိုအပေါ်မှာတင်ပေးထားတယ် မင်းအရမ်းကျေးဇူးတင်သွားမှန်းသိပေမယ့် ကိုယ့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး လုပ်သင့်လို့ပါ´

ဘုရားရေ.. သူ့ဘာသူလုပ်ချင်တာလုပ်ပြီးစကားကလည်း အထက်စီးနဲ့ပြောသေး မေဦးစိတ်ထဲကသာတွေးပြီးခေါင်းလေးခါကာ လာကမ်းထားတဲ့ရေဘူးလေးကိုသာ ဖောက်သောက်လိုက်သည်..  ကားကအရှိန်မှန်မှန်သာမောင်းနှင်နေသည်.. ကားအဲယားကွန်းကြောင့်မေဦးချမ်းဘာပေမယ့် အနွေးထည်ကအပေါ်မှာ ယူရင်လည်း ဘေးကအမွှေစိန်နဲ့စကားပြောရမှာမို့ လက်လေးသာပိုက်ပြီးကွေးနေလိုက်သည်.. ဘေးကလူကတော့ စကားကြီးစကားကျယ်ပြောပြီး အနွေးထည်နဲ့ကွေးနေလေရဲ့ ကားလေးက  ​လေးနာရီလောက် မောင်းပြီးသွားတဲ့အခါမှာတော့ အနောက်ကအမွှာနှစ်ယောက်က ကားထဲကလူတွေအိပ်မရအောင်ကိုငိုတော့သည်.. မေဦးချမ်းသည့်ကြားမှ နားကလည်းငြီးနေသည့်အတွက် အရမ်းကိုဒေါသထွက်နေပြီ..  

`ဟာ.. ခင်ဗျားတို့ကလေးတွေကိုသေချာထိန်းလေ ဒီမှာကျန်တဲ့သူတွေကအိပ်ရေးပျက်တယ် ဒါအနားယူချိန်လေ ဒါလေးတောင်နားမလည်ဘူးလား´

ဘေးကကိုစွာကျယ်ကထအော်သည်.. မေဦးနောက်မှာသော်တာနဲ့ခန့်နိုင်ကထိုင်ပြီး အရမ်းကိုချစ်ကြောင်းတွေကတဖွဖွပြောနေသေး မေဦးဒေါသကိုစွနေသလိုပင် ဒီကားပေါ်ကအမြန်ဆုံးသာပြေးဆင်းချင်တော့သည်..

ခဏနေတော့ ၃၉မိုင်မို့ ကားကခေတ္တရပ်နားသည် တစ်ကားလုံးဆင်းကာအပေါ့အပါးသွားကြ စားကြသောက်ကြနှင့်ပင် မေဦးလည်းဘေစင်မှာလက်ဆေးပြီးထွက်လာတော့ သော်တာကလှမ်းခေါ်သည်..

`မေဦးလာလေ.. ဒီမှာပဲတူတူထိုင်ရအောင် ဝိုင်းလွတ်မရှိတော့ဘူး´

မေဦးဘေးပတ်ပတ်လည်ကြည့်တော့ တကယ်ပဲစားပွဲဝိုင်းအလွတ်မရှိတော့ပါ.. မေဦးသော်တာတို့ဝိုင်းကိုပဲဝင်ထိုင်လိုက်သည်.. သော်တာကခန့်နိုင်အနားကိုပိုကပ်ကာထိုင်လိုက်သည်.. 

`နိုင်.. ဘာစားမလဲ.. ထမင်းစားမလား မုန့်ဟင်းခါးစားမလား ´

ခဏနေတော့ စားပွဲထိုးကောင်လေး​ရောက်လာသည်..`အမတို့ဘာစားမလဲ..´

`ထမင်းကြော်ကြက်ဥနဲ့တစ်ပွဲ မုန့်ဟင်းခါးတစ်ပွဲ မေဦးရောဘာစားမလဲ´

`ထမင်းကြော်ပဲပေးပါ..´

`ကြက်ဥထည့်မလားအမ´

`အင်း..´

စားပွဲထိုးကောင်လေးလှည့်သွားကာ မှာထားတာတွေကိုအော်မှာတော့သည်.. 

သော်တာအရှေ့ကနေ ခန့်နိုင်ကို တစ်နိုင်တည်းနိုင်ပြီး အကဲပိုပြနေတာတွေကိုမြင်ပေမယ့် မေဦးမသိချင်ယောင်ဆောင်ထားလိုက်သည်.. အရမ်းကိုလည်းစိတ်ရှုပ်နေမိသည်.. လိုက်လာမိတာအမှားပဲဟုသာ အကြိမ်ကြိမ်ပြောမိတော့သည်.. ပိုဆိုးသည်က.. မော်ဒယ်စွာကျယ် ရှိုင်းဝဏ္ဏကဝိုင်းပြောင်းကာ မေဦးဘေးနားမှာလာထိုင်သည်..

`ကျွန်တော်ဝင်ထိုင်မယ်နော်.. ကိုခန့်နိုင်နဲ့ သော်တာတို့က တကယ်ကိုလိုက်ဖက်တာနော်´

`ရှိုင်းကအရမ်းအ​ေကာင်းမြင်တတ်တာပဲ.. တို့သူငယ်ချင်းလို့မပြောရဘူး..´

`ဒါပေါ့ ဒါနဲ့ ဒီဘက်ကကိုယ်နဲ့ထိုင်တဲ့သူလေးက.. ´

မေဦးဘာမှပြန်မပြောပဲ ထမင်းကိုသာဆက်စားနေသည်..  

`မေက အဲလေ.. မေဦးက မင်းနဲ့ typeမတူဘူးရှိုင်း မလုပ်ပါနဲ့.. ´

`နိုင်ကလည်း ကြည့်ပါဦး သူတို့တွဲရင်ကြည်နူးစရာလေးဖြစ်မှာပါ.. ရန်ဖြစ်လိုက်ပြန်ချစ်လိုက်လေ.. ´

မေဦးအိတ်ထဲကထောင်တန်နှစ်ရွက်ကိုထုတ်ကာ စားပွဲပေါ်တင်ပြီး ထထွက်သွားသည်.. 

`အို.. မာနကြီးတာပဲ.. ကိုယ့်အကြိုက်ပဲ..´

`ရှိုင်း.. သူ့ဘာသူအေးဆေးနေပါစေကွာ..´

`နိုင်ကလည်း.. ဒါသူ့လွတ်လပ်ခွင့်ကို.. ´

`That's right..´

လက်ဖျောက်တစ်ချက်တီးကာရှိုင်းဝဏ္ဏပြောပြီး ထွက်သွားသည်..

`သော်တာ.. ရှိုင်းဘယ်လိုလူလည်းသိသားနဲ့ မေဦးဆ်ိအရောက်မပို့ပါနဲ့..´

`နိုင်.. သော်တာစကားအဖြစ်ပဲပြောတာ.. ပြီးတော့နိုင်က မေဦးကိုသိပ်စိတ်ပူနေတာလား.. ခရီးကအခုမှစတာနော်နိုင်.. ပြီးတော့ဟိုမှာကြည့် နိုင့်မိဘတွေနဲ့ သော်တာတို့အဒေါ်မိသားစုအဆင်ပြေနေတာ နိုင်အဟောင်းကိုပြန်မစွနဲ့နော်.. နိုင်သိပါတယ် သော်တာဘာလုပ်နိုင်လဲဆိုတာ..´

`မဟုတ်ပါဘူးကွာ.. သော်တာ ခရီးကိုအေးဆေးသွားရအောင်ပါ.. မင်းပြသနာမရှာစမ်းပါနဲ... ´

`နိုင်လည်းကင်းကင်းရှင်းရှင်းနေ...´

နှစ်လပိုင်းမို့နွေစချင်နေပြီဆိုပေမယ့် ကားထဲမှာအနွေးထည်မပါပဲကျိတ်ထိုင်ခဲ့လို့လားမသိ မေဦးချမ်းစိမ့်စိမ့်ဖြစ်နေသည်.. ကားကလည်းမထွက်သေးတာမို့ကားနားမှာဟိုဘက်ဒီဘက်လျှောက်နေသည်.. ရှိုင်းဝဏ္ဏကလည်း သိပ်မလှမ်းမကမ်းကနေ ရပ်ကြည့်နေခဲ့သည်.. သော်တာစိတ်ပျက်လက်ပျက်နှင့်နောက်လှည့်ပြန်လျှောက်တော့ အနောက်ကနေတစ်စုံတစ်ယောက်က အနွေးထည်ခြုံပေးလိုက်သည်.. ကြည့်တော့ coatအပါးလေး.. မေဦးနောက်ကိုရင်ခုန်စွာလှည့်ကြည့်လိုက်သည်..

`လိဝေ.....´

ပါးစပ်မှတိုးတိုးလေးရေရွတ်လိုက်မိသည်..

တကယ်ပဲသူ... လိဝေကအကျီခြုံပေးပြီး.. မေဦးလက်မောင်းနှစ်ဖက်ကို ကိုင်ထားသည်.. မေဦးလိဝေလက်များကိုပြန်ကိုင်ကာ.. 

`ရှင်ဒီကိုဘယ်လိုရောက်လာတာလဲ..´

`ဒါနဲ့လာတာလေ..´

ဂျစ်ကားအနက်ရောင်လေးကိုသူလက်ညှိုးထိုးပြသည်..

မေဦးအရမ်းကိုပျော်သွားသည်.. 

`ရှင်ကျွန်မကိုပြန်လာခေါ်ပေးတာလား..´

`ဟင့်အင်း.. ကိုယ်မင်းနဲ့အတူခရီးသွားမှာ..´

မေဦးပြုံးသွားသည်.. ဒီအပြုံးဟာတကယ့်ကို အရမ်းပျော်လို့ပြုံးမိတဲ့အပြုံးတစ်ခုပါ.. 

`ရှင်ဘယ်တုန်းကတည်းကလိုက်လာတာလဲ´

`ကိုယ်မင်းကိုလာခေါ်မလို့ထွက်လာတော့ မင်းကို taxiပေါ်မှာလှမ်းမြင်လိုက်တယ် အဲဒါကြောင့်အဲတည်းကလာတာ..´

`ဪ.. ရှင်ကားငှားလာတာလား..´

`ကိုယ့်အမေကားပါ.. ပြန်ပြင်ပြီးယူလာတာ..´

`ဪ...´

အနားမှချောင်းဟန့်သံကြောင့် မေဦးလိဝေကို ကိုင်ထားတဲ့လက်လေးဖြုတ်လိုက်ပြီး ချောင်းဟန့်ရာဘက်သို့ကြည့်လိုက်တော့ ခန့်နိုင်နဲ့သော်တာက သိပ်သဘောမကျဟန်နှင့်ရပ်နေသည်..


rate now:

2 Reviews
  • reader Kyaw min htun 21.01.2020, 01:26 5

    ဇာတ်လမ်းကတော့စပြီ

    reply

  • reader သစ်​ခတ်​စိမ်း 07.01.2020, 00:43 5

    ခရီးအတူသွားကြမှာလား ရင်ခုန်စရာကြီး

    reply