ရှုပ်ထွေးလှသော ခံစားချက်များကို ခက်ခက်ခဲခဲမျိုချရင်း ရှီမာယူူယူ အိပ်ရာပေါ်လှဲနေသော ခံစားချက်ကို မည်သည့် စကားလုံးနှင့်မျှမဖော်ပြနိုင်ပါ။
“ဟင်း”
နှစ်ဆယ့် ရှစ်ကြိမ်မြောက်သက်ပြင်းချပြီးသည့်နောက်မှာတော့ သူမ ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊ သူမ၏ အသုံးမကျသော ခန္ဒာကိုယ် အသစ်ကိုပါ လက်ခံလိုက်ရတော့သည်။ သို့ပေမယ့် သူမအကြောင်းကို နောက်ကြောင်းပြန်ကြည့်ရရင်တော့ ၂၁ရာစု၏ ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူအနေနှင့် ဒီကလူတွေ နည်းလမ်းအတိုင်း မလေ့ကျင့်နိုင်သည့်တိုင်အောင် ကိုယ်ပိုင်လမ်းကို မဖောက်လုပ်နိုင်ဘူးဟု မယုံကြည်ချေ။
သို့ပေမယ့် သူမ ခန္ဒာကိုယ် ပိုင်ရှင်ဟောင်း၏ အကျင့်စရိုက်နှင့် သူမ အသတ်ခံလိုက်ရသည့် အကြောင်းအရင်းကို သတိပြုမိချိန်မှာတော့ သူမရုတ်တရက် အားလျော့လာသည်။
အဲဒါဟာ သူမ ခန္ဒာကိုယ် ပိုင်ရှင်ဟောင်းဟာ အလွန်အားနည်းမှုကြောင့်လဲ ဖြစ်နိုင်သည်။
သူမ မြို့တော်၏ အရည်အချင်းအပြည့်မှီဆုံးသော သခင်လေးမူရုန်ုအန်း ဆီသို့ စားစရာအချို့ယူဆောင်သွားရုံပင်။ မူရုန်ုအန်း၏ လူယုံတော် သည် သူမအား အဖျက်ကောင်ကဲ့သို့ပင် ရိုက်နှက်ပြီး လှောင်ပြောင် သရော်မှုနှင့်အတူ အော်ငေါက်နေတော့သည်။
အခံ့ညားဆုံး အယဉ်ကျေးဆုံး အရွေးချယ်သင့်ဆုံး မြို့တော်၏သခင်လေးသည် သူမ ဆိုးရွားစွာ ဆက်ဆံခံနေရသည်ကို စောင့်ကြည့်ရုံ ကြည့်လိုက်ပြီး သူ၏ပတ်ဝန်းကျင်မှ အလှပဂေးများနှင့် ဆက်လက်ပျော်ရွှင်နေလေသည်။
သူ့ခန္ဒာကိုယ် ပိုင်ရှင်ဟောင်းသည် သူမဘဝတွင် အရိုက်ခံနေရပုံရသည်။ သူမ စစ်သူကြီး အိမ်တော်ရောက်တဲ့အခါမှာတော့ သူမ အဘိုး ရှီမာလိုင် ကိုတွေ့လိုက်ပြီး သူမ မသေခင် လက်စားချေမှုကို ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။
သူမ အလျင်လူ အတွက် လက်စားချေမှုကို ကတိပေးလိုက်ပေမယ့် မင်းကြည့်လိုက်ပါ ဒါတွေအားလုံးဟာ သူမ၏ အပြုအမူကပင် စတင်ခဲ့သည်။ သူတို့ အလွန်ပင်ပန်းပြီး မွန်းကျပ်မှု မတိုင်ခင်မှာတော့ လူတွေကို အနှောင့်အယှက်ပေးတဲ့ ရှီမာယူယူကို ဘယ်သူကမေးမလဲ။ မင်းကို မဆုတ်မနစ် အနှောင့်အယှက်ပေးနေသူရဲ့ ရှေ့ကို ပေါ်လာပြီးနောက်မှာတော့ ထိုသူတွေကို ဘာမှမလုပ်တာဟာ ထူးဆန်းနေတယ်။
“ဒါပေမယ့် အဲဒီ မူရုန်အန်းက သူတို့ကို မတားဘဲ ဘေးကနေရပ်ကြည့်ခဲ့တယ်။ ကောင်းပြီ မစိုးရိမ်ပါနဲ့။ အဲလူတွေကို လက်တုန့်ပြန်ဖို့ ငါမင်းကို ကူညီပါမယ်” ရှီမာယူယူ ကတိပေးလိုက်သည်။ “ဒါပေမယ့် မင်းရဲ့ ခန္ဒာကိုယ်ဟာ တကယ်လိုပဲ ကျင့်ကြံလို့မရဘူးလား။ အဲဒီလူတွေဟာ အင်ပါယာကျောင်းရဲ့ လက်ရွေးစဉ်တွေပဲ။ တကယ်လို့ ငါ မကျင့်ကြံနိုင်ဘူးဆိုရင် လက်စားချေဖို့ဟာ အရမ်းအခက်တွေ့လိမ့်မယ်။ ငါမင်းရဲ့ ခန္ဒာကိုယ်ကို စစ်ဆေးလို့တောင်မရဘူး၊ သေစမ်း ဒီ ဒဏ်ရာတွေဟာ တကယ်စိတ်အနှောက်အယှက်ဖြစ်စရာပဲ။ ပြန်ကောင်းဖို့ ဘယ်လောက်ထိအချိန်ယူရဦးမှာလဲ။” သူမစိတ်တိုစွာနှင့် ရေရွတ်လိုက်သည်။
သူမ ဒဏ်ရာတွေဟာ အရမ်းပြင်းထန်လွန်းတဲ့ အတွက် ခဏတာမျှ ညည်းညူပြီးတဲ့နောက်မှာတော့ ပင်ပန်းလွန်းသဖြင့် အိပ်မောကျသွားတော့သည်။ သို့ပေမယ့် သူမကောင်းကောင်းအိပ်မပျော်ပါ။ သူမ၏ မျက်ခုံးများသည် မကြာခဏ မျက်မှောင်ကျုံသွားပြီး ခန္ဒာကိုယ်မှာလည်း ချွေးအေးအေးတွေနှင့် စိုရွဲသွားတော့သည်။
“ရှီမန်ယူယူ မင်းဟာ ဂမ္ဘီရလောကမှာ ပြိုင်ဘက်ကင်းနေတော့ရော ဘာဖြစ်လဲ။ အခုတော့ မင်းဟာ ငါ့လက်ထဲမှာပဲ သေဆုံးခဲ့ပြီ ပြီးတော့ မင်းရဲ့ ရှီမန် မိသားစုအားလုံး ငရဲကိုသွားပြီး အဲဒီမှာ ပြန်ဆုံတွေ့လိုက်ကြ”
“ရှီမန်ယူယူ မင်းဒါဘာလဲဆိုတာ သိရဲ့လား၊ ဒါဟာ အဆင့်မြင့်တဲ့ ဝိညာဉ်ချုပ် မီးအိမ်ပဲ။ မင်းရဲ့ ဝိညာဉ်ဟာ အထဲမှာဝင်ပြီးရင် မင်း ဘယ်တော့မှ ပြန်ဝင်စားလို့မရဘူး။ မင်းရဲ့ ဝိညာဉ်ကို မင်းကိုယ်တိုင်ဖျက်ဆီးတာတောင်မှ မင်းလုပ်လို့မရဘူး။ မင်းရောက်တဲ့နေရာတိုင်းမှာ ငါ့ကို အမြဲ ဖိနှိပ်လို့မရပါဘူး။ အခုတော့ ငါမင်းအတွက် အထူးပြင်ဆင်ထားတဲ့ ဝိညာဉ်ချုပ်မီးအိမ်နဲ့ အတူ ပျော်ရွှင်နေလိုက်ပါဦး ဟား ဟား ဟား…”
ရုတ်တရက် သူမခေါင်းထဲတွင် စူးရှတဲ့ မိန်းကလေးတစ်ယောက်၏ အသံကြားလိုက်ရပြီး သူမ၏ စူးရှရှအသံသည် တဖြည်းဖြည်း တိမ်ဝင်သွားသည်။ ထူထပ်သော မြူများအကြားတွင် ရှီမာယူယူ မီးအိမ်ကိုင်ထားသော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။
“မင်း မင်းရဲ့ ဝိညာဉ်အစိတ်အပိုင်းကို ပျောက်ဆုံးနေတာလား။ မင်း ပြန်ဝင်စားတယ်ဆိုရင်တောင် ဒီဘဝက ဘာမှကို မင်းမှတ်မိမှာမဟုတ်ဘူး။ မင်းရဲ့ အားတောင် ပြန်ပြည့်ဝမှာမဟုတ်ဘူး။ မင်းရဲ့ ဝိညာဉ်ကို ပြင်ဆင်ဖို့ ကြိုးစားလိုက်ပါ၊ မင်းဘယ်လို အံ့သြမှုမျိုးဖန်တီးနိုင်မလဲ ကြည့်ရတာပေါ့” တခြားအသံတစ်ခု ပဲ့တင်ထွက်လာသည်။
“ရှီမာယူယူ ဘယ်သူကများမင်းကို ပြောင်မြောက်တယ်လို့ အသိအမှတ်ပြုလိုက်တာပါလိမ့်။ အခုချိန်မှာတော့ ဆရာကြီးဆိုတာမရှိတော့ဘူး မင်း စောဒကတတ်ချင်ရင်တော့ ငရဲမင်းကြီးဆီသာ တိုက်ရိုက်သွား တက်လိုက်တော့၊ ဒါဟာ အကျိုးအသက်ရောက်ဆုံး ပေါက်ကွဲမှုပဲ၊ သူတို့ကြောင့်သေရတာဟာ မင်းအတွက် အကောင်းအဆုံး ကံလို့ပြောရမှာပဲ”
“ရှီမာယူယူ သေစမ်း”
“အား…”
ရှီမာယူယူ လန့်ဖျပ်စွာနဲ့ နိုးလာပြီး လေကို အားပါးတရ ရှုရှိုက်လိုက်သည်။ သူမ၏ နောက်ကျော တစ်ပြင်လုံးဟာ ချွေးများစိုရွဲနေပြီး သူမ၏ စိုစွတ်နေသော ဆံနွယ်များသည် သူမပါးရိုးများတွင် ကပ်တွယ်နေကြပြီး သူမခန္ဒာကိုယ် တစ်ခုလုံး တုန်ယင်နေသည်မှာ ကြောက်ရွံ့မှုကြောင့်လား ဒေါသကြောင့် ဖြစ်ပေါ်နေတာလားတော့ သေချာမသိပါ။
“သခင်လေး အဆင်ပြေရဲ့လား” အစေခံကောင်မလေးက တံခါးကိုခေါက်လိုက်ပြီး အပြင်မှ မေးလိုက်သည်။
ရှီမာယူယူ သူမကိုယ်သူမ တည်ငြိမ်အောင် အသက်ဝအောင်ရှုလိုက်ပြီး ပြန်ဖြေလိုက်သည် “ငါအဆင်ပြေတယ် မင်းသွားလို့ရပြီ”
“ဟုတ်ကဲ့ပါ သခင်လေး” အစေခံသည် ပြန်ဖြေပြီးသည့်နောက်မှာတော့ အခန်းအပြင် ထွက်သွားသောလှုပ်ရှားမှုမျိုးမဟုတ်ဘဲနှင့် ခြေတစ်လှမ်းဆုတ်လိုက်သည်။
အသက်ဝအောင် ရှုသွင်းပြီးတဲ့အချိန်မှာတော့ ရှီမာယူယူ နာကျင်မှုကို အံကြိတ်ခံလိုက်ပြီး ရေ ငှဲ့သောက်ရန် ကြိုးပမ်းလိုက်ပြီး ဖြေးဖြေးချင်း ချဉ်းကပ်သွားလိုက်သည်။ ရေကရားမှာတည်ငြိမ်နေသလောက် သူမလက်များမှာ တုန်ယင်နေသည်။ ရေသုံးခွက်သောက်အပြီးမှာတော့ သူမ တည်ငြိမ်သွားတော့သည်။
သူမ အိမ်မက်ကိုပြန်စဉ်းစားတဲ့အခါမှာတော့ ဘာကြောင့် နာမည်နှစ်ခုဖြစ်နေရသလဲ။
“ရှီမာယူယူ ရှီမန်ယူယူ” သူမ နာမည်နှစ်ခုကို ရေရွတ်လိုက်သည်။ “ရှီမန်ယူယူက ဘယ်သူလဲ”
အဲနာမည်ကိုခေါ်လိုက်တာနဲ့ ဘာလို့ စိတ်ထဲမှာ နာကျင်စွာ ဝမ်းနည်းသွားရတာလဲ။
အိမ်ရာပေါ်သို့ ကြိုးစားပမ်းစားသွားပြီးတဲ့နောက်မှာတော့ ရှီမာယူယူ တိတ်ဆိတ်စွာပင် သက်တမ်းကြာနေပြီ ဖြစ်သော ခြင်ထောင်ကို သူမ၏ မျက်ဝန်းများနှင့် စိုက်ကြည့်လိုက်ပြီး သူမ မြင်မက်ခဲ့သော အိမ်မက်၏ မှတ်ဉာဏ်များကို ပြန်တွေးမိနေတော့သည်။ ပြီးတော့ အဲဒီ ထူးဆန်းတဲ့ အသံရဲ့ အဓိပ္ပယ်ကဘာလဲ ပြီးတော့ အဲအမျိုးသမီးက ဘယ်သူလဲ။ ရှီမန်ယူယူကရော ဘယ်သူလဲ။
အစေခံများ၏ အသံဟာ သူမ၏အခန်းကိုဖြတ်ကျော်၍ ကျယ်လောင်စွာထွက်ပေါ်လာသည်။
“စစ်သူကြီး”
“ငါးယောက်မြောက်သခင်လေး နိုးပြီလား” အနည်းငယ် ခြစ်သံပါသော အိုမင်းသော အသံကို ကြားနေရသည်။
“စစ်သူကြီး အစောက သခင်လေးအော်လိုက်ပြီး ကျွန်မ မေးတဲ့အချိန်မှာတော့ သခင်လေးက အဆင်ပြေပါတယ်လို့ပြောပါတယ် ပြီးတော့ ကျွန်မကို ပြန်ခိုင်းပါတယ်။ အခုတော့ အထဲက ဘာသံမှ မကြားရတော့ပါဘူး သူပြန်အိပ်ပျော်သွားပြီထင်ပါတယ်” အစေခံ ကောင်မလေး ပြန်ပြောလိုက်သည်။
“ကောင်းပါပြီ မင်းတို့နှစ်ယောက်သွားလို့ ရပြီ”
“ဟုတ်ကဲ့ပါ စစ်သူကြီး”
တံခါးကျွီခနဲ ပွင့်သွားပြီး ရှီမာယူယူ သူမ၏မျက်လုံးများကို အလျင်အမြန်ပိတ်လိုက်သည်။ သူမဆီသို့ လျှောက်လာသော ခြေသံကိုသာကြားရပြီး သူမအိပ်ရာဘေးတွင် ရပ်တန့်သွားတော့သည်။
“ကောင်းပြီ ဟန်ဆောင်မနေနဲ့တော့၊ မင်းနိုးနေတာ ငါသိတယ်” ရှီမာလိုင် အိပ်ရာပေါ်တွင်လှဲကာ မျက်လုံးမှိတ်ထားသော လူကို ကြည့်လိုက်သည်။
သူမမိသွားသည်။
ရှီမာယူယူ သူမမျက်လုံးကို ဖြေးညင်းစွာဖွင့်လိုက်ပြီး သူမအိပ်ရာဘေးတွင် ရပ်နေသော သူမနှင့် အဆင့်အတန်းတူသူ လူကြီးလူကောင်းတစ်ယောက်ကို တိတ်ဆိတ်စွာကြည့်နေလိုက်သည်။
သူဟာ ဒုံချန်းနိုင်ငံ၏ အားအကောင်းဆုံးလူ သူမမှတ်ဉာဏ်ထဲကအတိုင်း ဖျတ်လတ်သော တည်ဆောက်ပုံ အားမာန်အပြည့်နှင့် မျက်လုံး မီးခိုးရောင်ဆံပင်နှင့်ပင်။ သူ၏ မျက်လုံးများသည် မည်သို့ပင် စိတ်သောကများ ထင်ဟပ်နေစေကာမူ သူမကို ကြင်နာစွာကြည့်လိုက်သည်။
“ထိခိုက်မိတာ တော်တော်ဆိုးလား” ယူယူ တိတ်ဆိတ်နေပုံကို တွေ့လိုက်တဲ့နောက် သူမ အိပ်ရာဘေးသို့ နူးညံစွာ ချဉ်းကပ်လာပြီး စိတ်ပူသော အသံဖြင့် မေးလိုက်သည်။
ရှီမာယူယူ သူမ ခေါင်းကို ညိမ့်လိုက်သည်။ အမှန်တကယ်ပင် နာကျင်သည်။ ထိုနာကျင်မှုသည် သူမ၏ အရိုးများကို ရိုက်ချိုးပြီး အမှုန့်များအဖြစ် ချေလိုက်သကဲ့သို့ပင်။
မျက်လှည့်ပြလိုက်သလိုပင် ရှီစီမာလိုင် သူ၏လက်ကို လှန်လိုက်သည်နှင့် ကျောက်စိမ်းပုလင်း တစ်လုံးဟာ သူ့လက်တွင်ပေါ်လာသည်။ ရှီမာယူယူ လန့်သွားသည်။ သူမ ကမ္ဘာပေါ်တွင် မှော်ဝင်လက်စွပ်တည်ရှိမှုကို သိထားပေမယ့်လည်း လုပ်ဆောင်မှုကို မြင်တွေ့ရချိန်မှာတော့ လန့်သွားမိတုန်းပဲ။
ရှီမာလိုင်လက်ထဲမှ ကျောက်စိမ်းပုလင်း သည် သူ၏ မှော်ဝင်လက်စွပ်မှ ရရှိခြင်းဖြစ်သည်။
“ဒီဆေးက သခင်ရှီဖော်စပ်တဲ့ ဒုတိယအဆင့်ရှိတဲ့ဆေးပဲ။ မင်း ပြန်ကောင်းဖို့ မြန်စေမှာပဲ မြန်မြန် သောက်လိုက် နောက်ထပ်နာတော့မှာမဟုတ်ဘူး” ရှီမာလိုင် ချော့လိုက်ပြီး အနက်ရောင် ဆေးလုံးကို ထုတ်လိုက်သည်။ ပြီးနောက် ရှီမာယူယူ၏ ပါးစပ်ထဲသို့ ညင်သာသော အပြုအမူဖြင့် ခွံ့ကျွေးလိုက်သည်။
သူမ အနက်ရောင်ဆေးလုံးကို ဝါးလိုက်သည်နှင့် အလွန်ခါးသက်သော အရသာကို ခံစားလိုက်ရသည်။ သူမ ဘာမှမပြောရသေးခင်ပင် ရှီမာလိုင်သည် သူမပါးစပ်ထဲသို့ ချိုချဉ်ကို ထပ်ထည့်လိုက်သည်။
“သခင်လေးရှီ ဒီဆေးလုံးဟာ ခါးလိမ့်မယ် ဒါပေမယ့် တကယ်ကောင်းတယ်၊ ဒုတိယအဆင့်ရှိတဲ့ ဆေးလုံးပဲ ဒါကြောင့် အင်းမကြာခင်ပြန်ကောင်းဖို့ တာဝန်ယူတယ်”
ရှီမာယူယူ ကမ္ဘာပေါ်မှာ အံ့သြလောက်သော အစွမ်းသတ္တိရှိတဲ့ သက်စောင့်ဆေး၏ တည်ရှိမှုကို အမှတ်ရလိုက်သည်။ သူမ အရင်ဘဝမှ အနောက်တိုင်းဆေးများနှင့်ဆင်တူသည်။ သို့ပေမယ့် ထိုဆေးများထက် အဆပေါင်းများစွာ အကျိုးသက်ရောက်မှုရှိသည်။ အသုံးပြုပုံနှင့် အမျိုးအစားများသည် မရေတွက်နိုင်အောင် အမြောက်အမြားရှိသည်။ ဥပမာအနေနှင့် သူမသောက်လိုက်သော ဆေးသည် ဒဏ်ရာများကို ကုသပေးပြီး စိတ်စွမ်းအင်များ တိုးတက်မှုကို အထောက်အကူပြုပြီး ခံနိုင်ရည်အားလည်းပြန်လည် တိုးပွားလာစေသည့် အကျိုးသက်ရောက်မှုများစွာရှိသည်။
သက်စောင့်ဆေးများသည် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဟူ၍ အဆင့်များခွဲခြားထားသည်။ ပထမအဆင့်မှ တတိယအဆင့် သည် သာမာန်ဆေးများ၊ စတုတ္ထအဆင့်မှ ခြောက်ဆင့်မြောက်အထိ အလယ်အလတ်အဆင့်၊ ခုနှစ်ဆင့်မြောက်မှ ကိုးဆင့်မြောက်အထိ သည် အဆင့်မြင့်ဆေးများဖြစ်သည်။ အဂ္ဂိရတ်ဆရာသည် ခပ်ဆင်ဆင်ပင် အဆင့်သုံးဆင့် ခွဲခြားထားသည်-အခြေခံအဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့် အဆင့်တို့ဖြစ်ကြသည်။
ဆေးများ၏ သက်ရောက်မှုမှာလည်း အဆင့်အလိုက်ပင် အနိမ့်ဆုံး၊ အလယ်အလတ်နှင့် အမြင့်ဆုံးအဆင့်ဟူ၍ ပိုင်းခြားထားသည်။
အမြင့်ဆုံးဆေးသည် အမြင့်ဆုံးသက်ရောက်မှုရှိပြီး ဈေးနှုန်းမှာလည်းအမြင့်ဆုံးရှိသည်ကို ပြောစရာပင်မလိုပေ။
ဟင်း၊ အရင်ဝိညာဉ်ကတော့ သူမစိတ်က ချောမော တဲ့ယောက်ျားလေး တွေရဲ့မျက်နှာတွေနဲ့ ပြည့်နက်နေတယ်ဆိုတာကို သိမှာမဟုတ်ဘူး။ သူမ မကျင့်ကြံနိုင်သည့်တိုင်အောင် သူမ ယောက်ျားများ အကြောင်းကိုတွေးတောရင်းအချိန်ကုန်ဆုံးခဲ့သည်။ သူမ အင်ပါယာကျောင်းတွင် အတန်းတက်သည်မှာ ၂ရက်သာရှိသေးသော်လည်း နောင်တွင် ဆက်မတက်တော့ပါ။ ရှီမာလိုင်ဟာ သူမကို အရမ်းချစ်သည် သူမ၏ မိုက်မဲမှုကို ဖျက်ဆီးပေးသည်။ ကျောင်းတက်ရာတွင်ပင် သူမကိုယ်တိုင်ဆုံးဖြတ်စေသည်။ ဘယ်တော့မှ သူ့စိတ်တိုင်းကျ ဖိအားမပေးပါ။ သူမကျောင်းမတက်ချင်သော်လည်း သူမအားဖိအားမပေးပါ။ သို့သော် ထိုအရာသည် သူမအား စာတတ်မြောက်ခြင်းနှင့် အခြေခံ အသိပညာရခြင်းကို ဖြစ်စေခဲ့သည်။