မိုဝူကျီသည် ရှေ့တက်လိုက်ပြီး အမျိုးသားနှင့် အမျိုးသမီးကို လေးစားစွာ နှုတ်ခွန်းဆက်လိုက်သည်
“ကျွန်တော်တို့ နှစ်ယောက်က သိချင်ရုံသပ်သပ်ပါ.... စိတ်ဝိညာဉ်ကို ဖွင့်ဖို့ ရွှေပြားအမြောက်အမြားလိုတယ်လို့ ကြားဖူးတယ်..... ကျွန်တော်တို့မှာ စားဖို့ရန် ဆန်တောင် အနိုင်နိုင်ပါ.... ငွေပြားတောင်မရှိတာ..... ဘယ်ကနေ ရွှေပြားသွားရှာရမှာလဲ..... ကျွန်တော်တို့ နှစ်ယောက် အခုထွက်သွားပါ့မယ်.....”
မုတ်ဆိတ်ဖြူနှင့်လူကြီးတွင် ကြောက်စရာကောင်းသည့် အကြည့်များရှိ၏။ မိုဝူကျီသည် ဒီနေရာတွင် ဆက်၍ မနေသင့်ကြောင်း ပြောမပြတတ်သည့် ခံစားချက်မှုမျိုး ရနေသည်။
အမျိုးသမီးသည် မိုဝူကျီ လက်ထဲရှိသော အဝတ်အိတ်ငယ်ကိုကြည့်ပြီး အေးစက်စွာ နှာခေါင်းရှုံလိုက်ပြီး သူမမျက်လုံးတွင် မသတီမှုအချို့ ဖြတ်ပြေးသွားလေသည်။ သိသာစွာပင် သူမသည် ထိုအဝတ်အိတ်ငယ်အတွင်း ရွှေပြားများရှိကြောင်း သိနေပြီး လိမ်ညာနေသည့် မိုဝူကျီအပေါ်တွင် အထင်သေးခြင်းနှင့် မသတီမှု နှစ်ခုလုံးခံစားမိလေသည်။
မိုဝူကျီသည် အတွေ့ကြုံရှိသည်ဟု ယူဆ၍ ရသည်။ သူသည် သူမ၏ မျက်လုံးထဲမှ သတီမှုကို ပြောနိုင်လေသည်။ သူသည် အဝတ်အိတ်တွင် အပေါက်များရှိနေလားဟု သံသယဝင်မိလေသည်။ မဟုတ်လျှင် ဤအမျိုးသမီးသည် သူ့အိတ်ကို ဖြတ်၍ မည်သို့ မြင်နိုင်မည်နည်း။
“ထွက်သွားဖို့ အလျှင် မလိုပါနဲ့..... ဒီရောက်လာပြီးတော့မှ စိတ်ဝိညာဉ်ကြောကို မစမ်းသပ်သွားတာလဲ......”
မုတ်ဆိတ်ဖြူနှင့် လူသည် ထပ်၍ ပြောလိုက်သည်။
မိုဝူကျီသည် စိတ်ငြိမ်အောင် ထားလိုက်သည်။ သူသည် မုတ်ဆိတ်ဖြူနှင့်လူသည် သူ့အား ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ သူ့ဘေးရှိ ယန်အာအား ရည်ရွယ်နေကြောင်း ခံစားမိလိုက်သည်။ သို့ပေမဲ့ ယန်အာတွင် ဝိညာဉ်ကြောရှိနေသည်ဆိုလျှင် သူတို့သည် စမ်းသပ်ခြင်းမရှိဘဲ ဝိညာဉ်ကြောများကို မြင်နိုင်သည်များလား...... အကယ်၍ သူသည် ယန်အာကြောင့် ရောက်လာခြင်းမဟုတ်လျှင် သူ့ရည်ရွယ်ချက်သည် ဘာအတွက်များလဲ...... မိုဝူကျီသည် ယန်အာအား သူ့နောက်ဆွဲပို့လိုက်ရင်း ဂရုတစိုက်ပြောလိုက်သည်
“ဆရာနှင့် မဒမ်.... ကျွန်တော်တို့ မောင်နှမတွေက ရွှေပြားမရှိပါဘူး..... ပြီးတော့ စိတ်ဝိညာဉ်ဖွင့်ဖို့လည်း မရည်ရွယ်ထားပါဘူး....... အခုပဲ ထွက်သွားပါ့မယ်.....”
မုတ်ဆိတ်ဖြူနှင့် လူကြီးသည် ပြုံး၍ ပြောလိုက်သည်
“ငါက မင်းစိတ်ဝိညာဉ်ကို ဖွင့်ဖို့ ပြောနေတာမဟုတ်ဘူး..... ပြီးတော့ စမ်းသပ်မှုကလည်း သိပ်မကုန်ပါဘူး..... ဝင်သွား......”
စမ်းသပ်မှုက သိပ်မကုန်ဘူးတဲ့လား..... မိုဝူကျီသည် သံသယအချို့ရှိလေသည်။ စိတ်ဝိညာဉ်စမ်းသပ်ခြင်းက အနည်းဆုံး ရွှေပြားရာဂဏန်းလောက် ကုန်ကျသည် မဟုတ်ဘူးလား...
“စီနီယာ..... စမ်းသပ်မှုတစ်ခုတည်းက ရွှေပြားငါးရာ ကုန်ကျတယ်လို့ ကျွန်တော် ကြားဖူးတယ်.... သေမျိုးဝိညာဉ်ကြောနဲ့လူတွေဆိုရင် စိတ်ဝိညာဉ်ကို ဖွင့်ဖို့ ရွှေပြားထောင်ချီအသုံးပြုတယ်.....ပြီးတော့ အဆိုးရွားဆုံး သက်စောင့်ဆေးတွေလည်း မှီဝဲကြတယ်.....”
ထိုသူနှစ်ယောက်၏ ပုံမှန်မဟုတ်သည့် တည်ရှိမှုကြောင့်သာလျှင် မဟုတ်ပါက မိုဝူကျီသည် သူတို့နှစ်ယောက်အား လူကုန်ကူးသူဟု ထင်မှတ်မိမှာ ဖြစ်သည်။
မုတ်ဆိတ်ဖြူနှင့်လူကြီးသည် ရယ်မောလိုက်ပြီး
“ပုံမှန်အားဖြင့် လူတွေက သူတို့ဝိညာဉ်ကြောရှိမရှိ ဆုံးဖြတ်ပြီးတဲ့အခါမှာ စိတ်ဝိညာဉ်ဖွင့်ရန် လုပ်လေ့ရှိကြတယ်.... ဒါပေမဲ့ သူတို့မှာ သေမျိုးဝိညာဉ်ကြောရှိတဲ့အခါ သူတို့က စိတ်ဝိညာဉ်ဖွင့်မျှော်စင်က ဝိညာဉ်ကြောအားလုံးကို ခွဲခြားမပေးနိုင်ဘူးလို့ ပြောကြတယ်.....ပြီးတော့ စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖွင့်ဖို့ လုပ်ဆောင်ကြတယ်....ဘယ်နည်းလမ်းပဲဖြစ်ဖြစ်..... သေမျိုးဝိညာဉ်ကြောနဲ့လူတွေပဲ နစ်နာမှာ...”
မိုဝူကျီသည် အလုံးစုံနားလည်သွားလေပြီ။ စိတ်ဝိညာဉ်ဖွင့်သည်က ရွှေပြားမီလီယံနှင့်ချီ၍ ကုန်ကျသည်လား..... အားလုံးသည် စိတ်ဝိညာဉ်ဖွင့်မျှော်စင်က သတ်မှတ်ထားသည်သာ ဖြစ်သည်။ သူတို့သည် ဝိညာဉ်ကြောအားလုံးကို မခွဲခြားနိုင်ဘူးဟု ဆိုကာ သေမျိုးဝိညာဉ်ကြောနှင့် လူတွေအား သေချာသိရှိဖို့ စိတ်ဝိညာဉ်ဖွင့်ရန် သိမ်းသွင်းစည်းရုံလေသည်။
ထို့အပြင် စိတ်ဝိညာဉ်ဖွင့်သည်က ရွှေပြားများလိုအပ်လေသည်။ တချို့လူများသည် သူတို့နှင့် အတွေးတူကာ ပထမဆုံးအကြိမ်သုံးသည့် သက်စောင့်ဆေးသည် သူတို့၏ “မခွဲခြားနိုင်သော ဝိညာဉ်ကြော” ကို ပိုင်းခြားရန် ကောင်းမွန်ခြင်းမရှိဟု ယူဆကာ ဒုတိယအကြိမ် ပိုက်ဆံအမြောက်အမြားသုံး၍ စိတ်ဝိညာဉ်ဖွင့်ရန် ကြိုးပမ်းကြလိမ့်မည်။
ထိုအခိုက်အတန့်တွင် မိုဝူကျီသည် သူ့၏ ဆင်းရဲသည့်ဖခင်သည်လည်း ပထမဆုံးအကြိမ်က အလိမ်အညာမိခဲ့ခြင်း ဖြစ်မည်ဟု ၁၀၀ရာခိုင်နှုန်းသေချာသွားလေသည်။
သူ့တွင် ဝိညာဉ်ကြောမရှိပေ။ စိတ်ဝိညာဉ်ဖွင့်မျှော်စင်ရှိ အကြံသမားများသည် စိတ်ဝိညာဉ်ဖွင့်ကြေးရရန် ပြုလုပ်ခဲ့ခြင်း ဖြစ်ရမည်။ ထို့အပြင် မိုဂေါင်ယွမ်၏ မိုဝူကျီကျင့်ကြံနိုင်ရေး ဆန္ဒသည်နှင့် ထင်ရာဆိုင်းမိပြီး စိတ်ဝိညာဉ်ဖွင့်ရန် ပိုက်ဆံအမြောက်အမြား အသုံးပြုခဲ့လိမ့်မည်။ ဟုတ်တာပေါ့...... သူကဲ့သို့ အလိမ်ခံရသည့်သူ အားလုံးသည်လည်း ချမ်းသာသည့် သခင်များဖြစ်ကြသည်။
“ရပ်စမ်း...”
မျှော်စင်ရှိအစောင့်သည် အမျိုးသားနှင့် အမျိုးသမီးကို မသိသည့်အတွက် တားဆီးလိုက်သည်။
မုတ်ဆိတ်ဖြူနှင့် လူသည် နှာခေါင်းရှုံ၍ ပြောလိုက်သည်
“တာဝန်ရှိသူ ဘယ်မှာလဲ.... အခုထွက်ခဲ့စမ်း....”
မုတ်ဆိတ်ဖြူနှင့် လူ၏ အသံသည် မကျယ်ပေမဲ့ မိုဝူကျီသည် သူ့နားစည် ပေါက်ကွဲသွားပြီး နှလုံးသားအထိ အထိတ်တလန့်ဖြစ်စေသည်ဟု ခံစားလိုက်ရ၏။
စက္ကန့်အနည်းငယ်အကြာတွင် အလွန်ဝသည့် လူလတ်အမျိုးသားသည် ပြေးထွက်လာခဲ့သည်။ သူသည် မျှော်စင်ဝင်ပေါက်ကို ဖွင့်ရန် သွားရင်း အမျိးသားနှင့် အမျိုးသမီးကို တွေးရခက်စွာ ကြည့်လိုက်သည်။ ထင်ရှားစွာပင် သူသည် သူတို့အား မမှတ်မိနိုင်ပေ။
မုတ်ဆိတ်ဖြူနှင့်လူသည် ကျောက်စိမ်းတံဆိပ်ကို ပြကာ ပြောလိုက်သည်
“ဒီမှာရှိတဲ့ အကောင်းဆုံး ဝိညာဉ်ကြော စမ်းသပ်ခန်းကို ခေါ်သွား.....”
လူဝတုတ်ကြီးသည် ကျောက်စိမ်းတံဆိပ်မြင်သည့်အခါ လက်သည် အနည်းငယ် တုန်ယင်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည်
“ဟုတ်ကဲ့....ဟုတ်ကဲ့..... ကျွန်တော်က တာဝန်ရှိ လုချွင်းရှန်းပါ..... ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ....”
မိုဝူကျီသည် သူ့ကိုဆွဲခေါ်နေသည့် ပြင်းထန်သည့် အင်အားတစ်ခုကို ခံစားမိပြီး အမျိုးသားနှင့် အမျိုးသမီးနောက်မှ မျှော်စင်အတွင်း လိုက်ပါဝင်ရောက်သွားခဲ့သည်။
မိုဝူကျီ၏ မျက်နှာသည် မည်းနက်လာလေသည်။ သူသည် သူ့၏ စိတ်ဝိညာဉ်ကြောကို မစမ်းသပ်ချင်ပေ။ သို့သော် ခုခံနိုင်ခြင်းမရှိစွာ အတင်းဖိအားပေးခံရသည်က သူ့အား အလွန်အမင်း သက်တောင့်သက်သာ မဖြစ်စေပေ။
စိတ်ဝိညာဉ်ဖွင့်မျှော်စင်သည် နေရာကျယ်ဝန်းသည်ဟု ယူဆ၍ ရသည်။ မိုဝူကျီသည် တချို့လူများသည် ရွှေပြားများပေးချေ၍ သူတို့၏ စိတ်ဝိညာဉ်ကြောကို စမ်းသပ်ရန် သို့မဟုတ် ဖွင့်ရန် ရောက်ရှိနေကြခြင်း ဖြစ်၏။
မကြာခင်တွင် လုချွင်းရှန်းသည် သူတို့အား ဒုတိယအလွှာသို့ ခေါ်ဆောင်လာလေသည်။ ဒုတိယအလွှာတွင် မိုဝူကျီသည် ဆယ်ပေလောက်ကျယ်ဝန်းသည့် ပုံဆောင်ခဲကျောက်တိုင်ကို တွေ့လိုက်သည်။
“မင်းအရင်ဝင်ပြီး စမ်းသပ်လိုက်.... ဒီဟာရဲ့ နောက်မှာ ရပ်နေ.....”
မုတ်ဆိတ်ဖြူနှင့်လူသည် ပုံဆောင်ခဲကျောက်တိုင်၏ နောက်မှ နေရာကို ညွှန်ပြရင်း စိတ်မပါလက်မပါ ပြောလိုက်သည်။
မိုဝူကျီသည် သူရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်း သိရှိလေသည်။ မိုဝူကျီကို စမ်းသပ်ခိုင်းသည်က ယန်အာအတွက်ကြောင့်သာ ဖြစ်၏။ ထိုအချိန်တွင် မိုဝူကျီအနေနှင့် မုတ်ဆိတ်ဖြူနှင့်လူသည် ယန်အာ၏ ဝိညာဉ်ကြောအကြောင်း ယုံကြည်စိတ်ချမှုကို မှန်းဆနိုင်သည်။ မုတ်ဆိတ်ဖြူနှင့်လူ မည်သို့သိရှိသည်ကို သူ့အနေနှင့် မသိပေ။
အရင်က သူစမ်းသပ်ဖူးပြီး သူ့တွင် ဝိညာဉ်ကြောမပါရှိသည်ကို သိရှိပေမဲ့လည်း မိုဝူကျီသည် ပူပင်နေဆဲဖြစ်၏။ သူသည် အရင်စမ်းသပ်မှုများသည် မှားယွင်းပြီး သူ့တွင် ဝိညာဉ်ကြောရှိနေရန် မျှော်လင့်မိသည်။ ထိုအခိုက်အတန့်တွင် သူသည် ဒုတိယအကြိမ်စမ်းသပ်ရာတွင် အကြံသမားများက သူ့ဖခင်ကို လိမ်ညာခဲ့ခြင်းဖြစ်ရန် ဆုတောင်းမိသည်။
မိုဝူကျီသည် ဖြစ်နိုင်ချေနည်းပါးကြောင်းကို ရှင်းရှင်းလင်းလင်း သိပေသည်။
“သခင်လေး.... သွားပြီး စမ်းသပ်ကြည့်လေ.....”
မနေ့က မိုဝူကျီပြောခဲ့သော စကားများမှ ယန်အာသည် သူမ၏ သခင်လေးတွင် ဝိညာဉ်ကြောရှိရန် ထက်သန်နေကြောင်း ရိပ်မိလေသည်။
မိုဝူကျီသည် ခေါင်းညိတ်လိုက်ပြီး အသက်ဝအောင်ရှုကာ စမ်းသပ်ရေးနေရာသို့ သွားပြီး ခြေချလိုက်သည်။
ပုံဆောင်ခဲကျောက်တိုင်သည် မီးခိုးရောင်အဖျော့လေးလင်းလာပြီး လှုပ်ရှားမှု ရပ်သွားလေသည်။
မိုဝူကျီသည် ထိုတုံ့ပြန်မှုသည် မည်သည့်အရာဖြစ်ကြောင်း မသိပေ။ သို့သော် ပုံဆောင်ခဲကျောက်တိုင် အနည်းငယ်တုံ့ပြန့်မှုကို ကြည့်ပြီး သူသည် ဝိညာဉ်ကြောနှင့်လူမြင်ရမည့်အရာ မဟုတ်ကြောင်း သေချာပေါက်သိလိုက်သည်။
လုံလောက်သွားချေပြီ...... မုတ်ဆိတ်ဖြူနှင့်လူသည် စိတ်မရှည်စွာ ပြောလိုက်သည်
“အများဆုံးတွေ့ရတဲ့ သေမျိုးဝိညာဉ်ကြောပဲ.... မင်းက သေမျိူးဖြစ်ဖို့ ကံတရားက ဖန်ထားပြီးသား... ဆင်းလာခဲ့တော့....”
မိုဝူကျီ၏ တစ်ကိုယ်လုံးအေးစက်သွားပြီး လဲကျတော့မတတ် ဖြစ်သွားခဲ့သည်။ မိမိဘာသာ ပြန်လည်ထိန်းချုပ်လိုက်ပြီး စမ်းသပ်မှုနေရာမှ ဘာမှ မဖြစ်သကဲ့သို့ ဆင်းလာခဲ့သည်။ သူ့၏ တုန်ယင်နေသည့် လက်သည် ဤအခိုက်အတန့်တွင် မည်မျှစိတ်ပျက်သွားကြောင်း ပြသနေသည်။ အနိမ့်ဆုံးဝိညာဉ်ကြောရှိရင်တောင် အဆင်ပြေပါသည်။ ဘာကြောင့်များ သေမျိုးဝိညာဉ်ကြော ရှိနေရသနည်း။
“သခင်လေး.... ဝိညာဉ်ကြောမရှိတာလည်း အဆင်ပြေပါတယ်.....အရင်သခင်ကြီးလည်း မရှိခဲ့ဘူး....”
ယန်အာသည် မိုဝူကျီကို ဖက်ကာ ပြောလိုက်သည်။
မိုဝူကျီသည် တည်ငြိမ်နေသကဲ့သို့ ဟန်ဆောင်ကာ ပြုံး၍ ပြောလိုက်သည်
“ကိစ္စမရှိပါဘူး.... ဝိညာဉ်ကြောမရှိရင်တောင်..... လက်တွေရှိပါသေးတယ်... အနာဂတ်မှာ ငါတို့ဝဝလင်လင် စားရမှာပါ....”
သူသည် စကားတစ်ခွန်းမျှ မပြောဘဲ စိတ်ထဲတွင် လေးလံစွာ သက်ပြင်းချလိုက်သည်။ အကြောင်းရင်းမှာ သူ့ဖခင် ဝိညာဉ်မရှိသည်မှာ ယောင်ကျိုးမြို့တွင် လူလိမ်များ၏ ရိုက်စားခဏတိုင်း မိခြင်းကြောင့် ဖြစ်၏။
လှပသည့် အမျိုးသမီးသည် မိုဝူကျီကို သရော်ဖို့ပင် ပျင်းရိနေလေသည်။ စားဖို့ပဲတွေးတောနေသည်က ပုရွက်ဆိတ်များကဲ့သို့ သေမျိုးများသာ ထိုသို့တွေးခြင်းဖြစ်၏။
မုတ်ဆိတ်ဖြူနှင့်လူသည် မိုဝူကျီကို ဂရုစိုက်ခြင်းမရှိဘဲ ပြုံး၍ ပြောလိုက်သည်
“မိန်းကလေး.......အခု မင်းအလှည့်ပဲ...”
ယန်အာသည် ခေါင်းကိုခါကာ
“ကျွန်မကို စမ်းသပ်ဖို့ မလိုပါဘူး.... ကျွန်မက မကျင့်ကြံချင်ဘူး..... သခင်လေးနဲ့ အတူတူ ထွက်သွားချင်တယ်....”
“ဒီရောက်လာမှတော့ စမ်းသပ်ကြည့်ပေါ့.....”
အမျိုးသား၏ စကားများနောက်လိုက်ပြီး ယန်အာသည် စမ်းသပ်ရေးနေရာသို့ ရောက်ရှိသွားခဲ့သည်။
မိုဝူကျီသည် တိတ်တဆိတ် လက်သီးဆုပ်ထားလိုက်သည်။ သူသည် ယန်အာက စမ်းသပ်မှုမပြုလုပ်ချင်သော်လည်း ဖိအားပေးအတင်းလုပ်ဆောင်သည်ကို မြင်သောအခါ မသက်မသာမှုကို ခံစားလိုက်ရသည်။ မိုဝူကျီသည် သက်ပြင်းချလိုက်သည်။ သူအဆင်မပြေပေမဲ့လည်း သူ့ရှေ့ရှိ အမျိုးသား၊ အမျိုးသမီးနှင့် ယှဉ်လျှင် သူသည် ပုရွတ်ဆိတ်သာသာ ရှိ၏။
ယန်အာ စမ်းသပ်မှုနေရာရောက်သည်နှင့် စက္ကန့်အနည်းငယ်အတွင်း ပုံဆောင်ခဲကျောက်တိုင်သည် အစိမ်းရောင် ဟုန်းခနဲ တောက်ပလာခဲ့သည်။ မကြာခင်တွင် အစိမ်းရောင်အလင်းသည် ပုံဆောင်ခဲကျောက်တိုင်၏ ထိပ်ဆုံးသို့ တက်ရောက်သွားခဲ့သည်။ ခြေတစ်လှမ်းစာအလိုတွင် ထိပ်ဆုံးသို့ရောက်ရှိလိမ့်မည်။ နူးညံ့သည့် အစိမ်းရောင်လေးသည် သက်တန့်ရောင်မှ အစိမ်းနုလေးနှင့် တူ၏။
“အသာလွန်ဆုံး ဝိညာဉ်ကြောပဲ...”
မုတ်ဆိတ်ဖြူနှင့် မိန်းမလှတို့သည် တစ်ပြိုင်နက် ရေရွတ်လိုက်ကြသည်။ မိုဝူကျီသည် သူတို့မျက်လုံးထဲရှိ အရူးအမူးဖြစ်နေသည့်ပုံကို မြင်လေသည်။
လုံလောက်သွားချေပြီ။ သူတို့သည် ယန်အာအတွက် ရောက်ရှိလာတာ ဖြစ်သည်။ မိုဝူကျီသည် အစွမ်းအစမဲ့သည်ဟု ခံစားရလေသည်။