“သူဌေးလု….. ခင်ဗျား ကျွန်တော့်ကို အလုပ်ခန့်တဲ့အကြောင်းက ဒန်းဟန်ဆေးလုပ်ငန်းမှာ ဆေးအသစ်ဖော်ဖို့ လိုအပ်လို့များလား….”
မိုဝူကျီသည် သက်ပြင်းချလိုက်ပြီး ထိုအပေါ်တွင် အလောင်းအစား ပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ သူလိုအပ်နေသည့် ရွှေပြားပမာဏသည် အလွန်များပြားနေသည့်အတွက် ဆယ်ဂဏန်း၊ ရာဂဏန်းလောက်သည် ထိုကိစ္စများကို ဖြေရှင်းရန် မလုံလောက်ချေ။
လုကျိုးကျွင်းသည် တွေဝေသွားပြီး
“မင်းကို ဆေးအသစ်ဖော်ဖို့ လိုအပ်တာက အတိအကျတော့ မဟုတ်ဘူး...... ဒန်းဟန်ဆေးလုပ်ငန်းကျရှုံးရခြင်း အကြောင်းက ဆေးအသစ်ဖော်ဖို့ အရင်းနှီးတွေ အမြောက်အမြား အသုံးပြုခဲ့လို့ပဲ......ဆေးအသစ်ထုတ်တာက မအောင်မြင်ခဲ့ဘူး....... အချိန်မှီမထုတ်လိုက်နိုင်တဲ့အတွက် ပြိုက်ဖက်ဘက်က အခွင့်အရေးရသွားခဲ့တယ်......ငါတို့ရဲ့ မူလဖန်တီးမှုကို အုတ်မြစ်အနေနဲ့ ယူပြီး စတင်လို့ရတယ်....အဲဒါက အချိန်နဲ့ လုပ်အားလည်း ချွေတာပြီးသားဖြစ်မယ်....”
လုကျိုးကျွင်း ပြောသည်က မှားယွင်းသည့်အရာတော့ မဟုတ်ပေ။ မိုထင်းချန် ပျောက်ဆုံးသွားပြီးသည့်နောက်တွင် ဒန်းဟန်ဆေးလုပ်ငန်းသည် အသားတင်အမြတ် ကျန်ရှိလေသေး၏။ လုကျိုးကျွင်းသည် သာမာန်အဆင့်အတန်းမဟုတ်သည့်အတွက် သူသည် ချက်ချင်း နာမည်ကျော်ကြားသည့် ဆေးဖော်စပ်သူများကို ဌားရမ်းကာ ဆေးအသစ်ထုတ်ရန် ကြိုးစားခဲ့လေသည်။ သနားစရာကောင်းသည်က မိုထင်းချန်သည် ဒန်းဟန် အမြတ်အများစုကို ယူသွားပြီးနောက်တွင် ကျန်ရှိသည့်ပမာဏဖြင့် ဆေးအသစ်ဖော်ရန် မလုံလောက်တော့ချေ။ အဆုံးသတ်တွင် အားထုတ်မှုအားလုံး သေထဲရေသွန်ဖြစ်သွားခဲ့ရပြီး ဆေးအသစ်သည်လည်း ဒန်းဟန်ဆေးလုပ်ငန်းမှ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ကျရှုံးသွားရ၏။
အများစုသည် လုကျိုးကျွင်း၏ မိုက်မဲသောဆုံးဖြတ်ချက်များကြောင့် ဒန်းဟန်ဆေးလုပ်ငန်း ကျရှုံးသွားရသည်ဟု ထင်မှတ်ကြလေသည်။ သို့သော်လည်း လုကျိုးကျွင်းတစ်ယောက်သာလျှင် သူဆေးအသစ်ထုတ်လုပ်နိုင်လျှင်တောင် ဒန်းဟန်ဆေးလုပ်ငန်းသည် မကြာခင် ပိတ်သွားရမည် ဖြစ်ကြောင်း သိရှိ၏။
မိုဝူကျီ ဂရုစိုက်သည်က ဒန်းဟန်ဆေးလုပ်ငန်းသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ပြိုင်ဖက်လုပ်ငန်းကြောင့် ထုတ်ကုန်များ ကျရှုံးသွားသည့် ကိစ္စမဟုတ်ပေ။ ချန်လင်းဆေးလုပ်ငန်း၏ ဆေးသည် တူညီသောအကျိုးသက်ရောက်မှုနှင့် ဈေးနှုန်းသည်လည်း အပြိုင်အဆိုင်ရှိလှသည်။ သူတွေးနေသည်က မည်သို့ပြန်လည်တိုက်ခိုက်ရမည်ကို ဖြစ်၏။
“ကျွန်တော်က ဒီဆေးအသစ်ဖော်စပ်ရာမှာ အဓိကသုတေသီအဖြစ် ပါဝင်ပေးရမယ်ဆိုလျှင် ဒီဆေးဝင်ငွေရဲ့ အမြတ်ငွေ ၇၀ ရာခိုင်နှုန်းကို လိုချင်တယ်.....”
မိုဝူကျီသည် သူလိုအပ်သည့် ရွှေပြားပမာဏကို သတိပြုမိပြီးနောက် တိုက်ရိုက်တောင်းဆိုလိုက်၏။ သူသည် ဒန်းဟန်အရင်ဖော်စပ်ထားသည့် ဆေးမှ စတင်ရန် စိတ်ကူးမရှိချေ။
“မဖြစ်နိုင်ဘူး..... မင်းမှာ ဘာအရည်ချင်း အသိမှတ်ပြုလက်မှတ်လည်းမရှိဘဲနဲ့..... အမြတ်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို တောင်းရဲတယ်လား..... ဘယ်လို များတွေးရဲတာလဲ.... အပြင်က ဆေးဖော်စပ်သူကို ခန့်ရင်တောင် အလွန်ဆုံး တစ်လကို ရွှေပြား ၂၀၀၊ ၃၀၀ ပေးရုံပဲ......”
လုကျိုးကျွင်းသည် အနည်းငယ် ဒေါသထွက်သည့် အမူအယာဖြင့် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
မိုဝူကျီသည် လုံးဝနောက်မဆုတ်ပေ။ အရင်ဘဝက သူသည် ညှိနှိုင်းချက်များစွာကို ဖြတ်ကျော်ဖူး၍ ထိုသို့သော စကားမျိုးသည် သူ့အတွက် ကြောက်စရာမကောင်းချေ။ “သူဌေးလု....ရွှေပြား ၂၀၀၊ ၃၀၀ ပေးပြီး ခန့်တဲ့သူတွေက ဆေးအသစ်ဖော်စပ်နိုင်မှာ ခင်ဗျားသေချာရဲ့လား...... ပြီးတော့ သူက ဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်တယ်ဆိုဦးတော့ သူက အလုပ်ထွက်ပြီး အဲဒီဆေးနဲ့ တခြားဆေးလုပ်ငန်းတွေဆီ သွားရင်ရော.... အမြတ်ရဦးမယ်လို့ သေချာသေးရဲ့လား..... ကောင်းပြီလေ.... ခင်ဗျားက သူနဲ့ စာချုပ်ချုပ်ဆိုထားရင်တောင် ထုတ်လုပ်ဖို့ အချိန်ကြာမြင့်လာတာနှင့်အမျှ သူ့လစာပေးချေဖို့ ရွှေပြားအလုံအလောက်ရှိရဲ့လား......ကျွန်တော်က မတူဘူး..... ဆေးအသစ်မထုတ်ခင် ခင်ဗျားဆီက တစ်လကို ရွှေဆယ်ပြားပဲ ယူမယ်.....”
မိုဝူကျီသည် လုကျိုးကျွင်းသည် သင့်တော်သည့် ဆေးဖော်စပ်သူကို ခန့်အပ်ရန် ရွှေပြားအလုံအလောက်မရှိကြောင်း သတိပြုမိလိုက်ပြီး ကံကိုပုံအော၍ လောင်းကြေးထပ်ကြည့်ခဲ့ခြင်း ဖြစ်သည်။
“ဆေးအသစ်ရဲ့ အမြတ်ကို ခွဲပေးရမယ့်အပြင် ငါ့ကို တစ်လ ရွှေဆယ်ပြား ပေးခိုင်းချင်သေးတာလား.....”
လုကျိုးကျွင်းသည် သူ့စကားများသည် ပျော့ပျောင်းလာကြောင်း သတိထားမိလိုက်သည်။
“သေချာအောင်လို့ပါ....သူဌေးလုရဲ့..... ခင်ဗျား ကျွန်တော့်ကို ရှာတွေ့တယ်ဆိုတဲ့ အချက်ကိုက ခင်ဗျားရဲ့ အမြော်အမြင်ကို သက်သေပြနေတာပဲ..... အဲလိုသာဆိုရင် ကျွန်တော်ရောက်နေတဲ့ အခြေအနေကို နားလည်မှာပါ..... ကျွန်တော်က ဆေးအသစ်ကို ဗိုက်ဟောင်းလောင်းနဲ့တော့ မဖော်စပ်နိုင်ဘူးလေ...... အဲဒီအပြင် ကျွန်တော် ဆေးဖော်သပ်ရာမှာ ကျရှုံးသွားရင်တောင် ခင်ဗျားအရှုံးက ပြောပလောက်မှာ မဟုတ်ဘူး...... ဒါပေမဲ့လည်း ခင်ဗျားသာ ရွှေပြားရာဂဏန်း ပေးရတဲ့ ဆေးဖော်စပ်သူရှာပြီး ခန့်ခဲ့မယ်ဆိုရင် သူသာကျရှုံးသွားရင် .....ဟားဟား.....ခင်ဗျားနဲ့ကျွန်တော် အိမ်နီးနားချင်းဖြစ်လာမှာကို စိုးရိမ်မိပါ့ဗျာ.... ”
မိုဝူကျီသည် ပြောရင်း ရယ်မောလိုက်သည်။
လုကျိုးကျွင်းသည် မိုဝူကျီ၏ ရယ်မောမှုတွင် ဒေါသထွက်လာခဲ့ပြီး မည်သူက ထိုလူက ရူးသွပ်၍ ဝေဒနာခံစားနေရပါစေ ပြောစေကာမူ သူသည် သွား၍ ကန်ကျောက်ပစ်လိုက်ချင်မိသည်။ အကြောင်းရင်းသည် ထိုလူက သူတို့တွေးထင်နေသကဲ့သို့ မဟုတ်ပေ။
“မဖြစ်နိုင်ဘူး.... အများဆုံး ၅၀ရာခိုင်နှုန်းပဲ ပေးနိုင်မယ်.....”
လုကျိုးကျွင်းသည် ရှင်းရှင်းလင်းလင်း မပြောခင်အထိ ခဏတာ တွေဝေသွားခဲ့၏။
မိုဝူကျီ ပြောသည်က အဓိပ္ပါယ်ရှိလှသည်။ အကယ်၍ သူသည် ဆေးအသစ် ဖော်ထုတ်မှု ကျရှုံးသွားခဲ့ပါက လုကျိုးကျွင်းအနေဖြင့် ရွှေဆယ်ဂဏန်းသာ ဆုံးရှုံးလိမ့်မည်။ သို့သော်လည်း တကယ့် ဆေးဖော်စပ်သူ မအောင်မြင်ပါက သူ့အနေဖြင့် ရွှေပြားထောင်ချီ၍ ဆုံးရှုံးရလိမ့်မည်။ ထိုအခိုက်အတန့်တွင် လုကျိုးကျွင်းသည် ထိုအရိုက်အကျမင်းသားနှင့် အိမ်နီးနားချင်း ဖြစ်လာခြင်းနှင့် အဆုံးသတ်ရလိမ့်မည်။
မိုဝူကျီသည် မေးကိုပွတ်လိုက်ပြီး ပြောလိုက်သည်
“၅၀ ရာခိုင်နှုန်းက အဆင်ပြေပါတယ်..... ဒါပေမဲ့ အမြတ်ငွေရဲ့ ၅၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး.... ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်း လိုချင်တယ်......ခင်ဗျားသဘောတူမယ်ဆိုရင် အခုပဲ စာချုပ်ချုပ်လို့ရတယ်...... ခင်ဗျားသဘောမတူရင်တော့..... ကျွန်တော် ဆေးဖော်စပ်ရေး စစ်ဆေးမှုကို သွားဖြေဆိုပြီး လက်မှတ်သွားယူလိုက်မယ်........ဘွဲ့လက်မှတ်မပါဘဲ ကျွန်တော်က စစ်ဆေးမှုကို ဖြေလို့မရဘူးလို့တော့ မပြောနဲ့.....ကျွန်တော်က ဒါလုပ်ရုံအပြင် တခြားဘာမှမရှိဘူး..... လက်မှတ်ရတာနဲ့..... ဟီးဟီး....”
လုကျိုးကျွင်းသည် သက်ပြင်းချလိုက်ပြီး မိုဝူကျီသည် သူ့အားနည်းချက်ကို သိရှိနေသည်။ သူသည် မိုဝူကျီကို မရှာတွေ့လျှင်ပင် တခြားဆေးဖော်စပ်သူအား ရှာ၍ အမြတ်ငွေ၏ ၈၀ရာခိုင်နှုန်းပေးဖို့ရန် ကြံစည်ထားသည်ဆိုပါက တစ်ယောက်မှ ယုံလိမ့်မည်မဟုတ်ပေ။
“ကောင်းပြီ..... ကျွန်တော် သဘောတူတယ်.... မင်းသားမို..... မင်းလည်း လက်ရှိ ဒန်းဟန်ဆေးလုပ်ငန်းက မင်းအပေါ်မူတည်နေပြီဆိုတာ ကောင်းကောင်းမှတ်ထားပြီး အမြဲနှလုံးသွင်းထားပါ...... ဒီနေ့ကစပြီး မင်းက ဒန်းဟန်ဆေးလုပ်ငန်းရဲ့ ဆေးဖော်စပ်ရေး အကြီးအကဲဖြစ်လာလိမ့်မယ်......”
လုကျိုးကျွင်းသည် ထပ်၍ မငြင်းခုံချင်တော့ပေ။ ဒန်းဟန်၏ ဆေးအသစ်ထွက်လာသည်နှင့် ဆေးအသစ်ရောင်းနှုန်းသည် ဒန်းဟန်၏ အမြတ်ငွေတစ်ခုလုံးဖြစ်လာလိမ့်မည်။ ထို့ကြောင့် ဒန်းဟန်ဆေးလုပ်ငန်း၏ ရှယ်ယာနှင့် ဆေးအသစ်၏ ရှယ်ယာသည် အတူတူပင်ဖြစ်လိမ့်မည်။ ဆေးအသစ်၏ ရှယ်ယာသည် ပို၍ပင် များနိုင်ချေ ရှိ၏။
မိုဝူကျီသည် လုကျိုးကျွင်း၏ ပခုံးကို ပုတ်လိုက်ပြီး
“အစ်ကိုကြီး..... ခင်ဗျားက တကယ်တော်တဲ့သူပါ...... ကျွန်တော် ဒန်းဟန်ဆေးလုပ်ငန်းကို ဘယ်လိုကံကောင်းမှုမျိုးတွေ ဆောင်ယူလာမလဲဆိုတာ စောင့်ကြည့်နေပါ........ အကိုလု ကျွန်တော့်ကို ရွှေဆယ်ပြားအရင်ချေးပါ့လား..... အိမ်မှာ ဆန်ပြတ်လပ်နေပြီ......”
လုကျိုးကျွင်းပါးစပ်သည် တွန့်ချိုးသွားပြီး အဝတ်အိတ်ငယ်လေးကို ထုတ်ယူကာ မိုဝူကျီအားပေးရင်း ပြောလိုက်သည်
“ညီလေးမို.... ကျွန်တော်တို့က မကြာခင် မိသားစုတစ်ခုတည်း ဖြစ်တော့မှာပဲလေ.....ယဉ်ကျေးဖို့ မလိုပါဘူး..... မင်းမှာ ရွှေပြားမလုံလောက်ရင် လစာကိုကြိုထုတ်ထားလို့ ရတယ်လေ.... ပြန်ပြီး ပြင်ဆင်ထားပေးမယ်..... မနက်ဖြန်ကျရင် စာချုပ်မှာ လက်မှတ်လာထိုးဖို့ အလုပ်ရုံကိုလာခဲ့လေ....”
မိုဝူကျီသည် အိတ်ကို ယူလိုက်ပြီး ဤအိတ်ထဲတွင် ရွှေဆယ်ပြားအတိအကျပါကြောင်း ခံစားလိုက်ရ၏။ သူအူမြူးနေသည့် အခိုက်အတန့်တွင် အဖွဲ့အစည်းရှိလူအားလုံးက စိုးရိမ်နေသည့် ယန်အာ အား ဝိုင်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ယန်အာသည် သူ့ကို စိတ်ပူနေတာ ဖြစ်ရမည်။ ထို့ကြောင့်သာ သူမသည် အဖွဲ့အစည်းကို နောက်တစ်ကြိမ်လာခဲ့ခြင်း ဖြစ်ရမည်။
“ကောင်းပြီ ကောင်းပြီ..... မနက်ဖြန်ကျ ဒန်းဟန်ဆေးလုပ်ငန်းကို လာခဲ့မယ်.....”
မိုဝူကျီသည် လက်ဖက်ရည်အခန်းမှ ထွက်လာပြီး လက်ပြရင်း ပြောလိုက်သည်
“မိန်းကလေး....”
မိုဝူကျီနှင့် လုကျိုးကျွင်းတို့၏ ပထမအကြိမ် တွေ့ဆုံမှုနှင့် ငြင်းခုံမှုများပြီးသည့်နောက်တွင် မိုဝူကျီသည် သူ့၏နဂိုအတိုင်း တည်ငြိမ်အေးဆေးသွားလေသည်။
“သခင်လေး...”
ယန်အာသည် မိုဝူကျီကို မြင်ပြီး မြန်မြန်လာခဲ့လိုက်သည်။
“လာလေ.... အိမ်ပြန်ပြီး လမ်းမှာ တစ်ခုခုဝယ်စားရအောင်လေ.....”
မိုဝူကျီသည် ယန်အာကို ဆွဲခေါ်လိုက်ပြီး လုကျိုးကျွင်းအား နှုတ်ဆက်လိုက်ပြီး အဆောက်အဦးမှ ထွက်လာလိုက်သည်။
ရိုးသားစွာပြောရလျှင် မနက်ခင်းက ထမင်းတဝက်သည် သူ့အစာအိမ်ကို မဖြည့်တင်းနိုင်ချေ။ သူ့မှာရှိနေသည့် ရွှေပြားများဖြင့် သူ့အစာအိမ်ကို ဗလာကျင်းအောင် မထားတော့ချေ။
“ချန်လင်းဝိညာဉ်ကြောဖွင့် မျှော်စင်လား.....”
မိုဝူကျီသည် အဆောက်အဦးမှ ထွက်လာပြီးနောက်တွင် လမ်းမျက်နှာချင်းဆိုင်တွင် ရွှေဝါရောင်သုတ်ထားသည့် မြင့်မားသည့် မျှော်စင်ရှိ ချန်လင်းဝိညာဉ်ကြောဖွင့် မျှော်စင်ဟု စာလုံးအကြီးဖြင့် ရေးထားသည်ကို မြင်လိုက်ရသည်။
သူ ပထမဆုံး အလုပ်လာရှာသည့်အခါ သူသည် ယောင်ကျိုးအဖွဲ့အစည်းကိုသာ တွေ့ခဲ့ပြီး သူ့နောက်မှာရှိနေသည့် ချန်လင်းဝိညာဉ်ကြောဖွင့် မျှော်စင်ကို သတိမပြုမိခဲ့ပေ။
ယန်အာသည် မိုဝူကျီက ချန်လင်းစိတ်ဝိညာဉ်ဖွင့်မျှော်စင်ရှေ့တွင် ရပ်သည်ကို မြင်လိုက်သည့်အခါ သက်ပြင်းချ၍ ပြောလိုက်သည်
“သခင်လေး.... ဒါက သခင်လေး အရင်က စိတ်ဝိညာဉ်ဖွင့်တဲ့နေရာပါ.... အရင်က လာခဲ့ဖူးတယ်.....”
ယန်အာသည် ပါးနပ်စွာ သူ့တွင် သေမျိုးဝိညာဉ်ကြောရှိကြောင်း သတိပေးနေခြင်းဖြစ်၏။ မိုဝူကျီသည်လည်း ယန်အာ၏ ရည်ရွယ်ချက်ကို နားလည်ပေမဲ့ ဆက်၍ ပြောလိုက်သည်
“ယန်အာ...... စားတာက စောင့်လို့ရတယ်..... အရင် စိတ်ဝိညာဉ်ဖွင့်မျှော်စင်ကို သွားကြည့်ကြစို့.....”
မိုဝူကျီအတွက် အရေးကြီးဆုံးအရာသည် ဝိညာဉ်ကြောရရှိ၍ ကျင့်ကြံနိုင်ရေးဖြစ်၏။ လုကျိုးကျွင်းနှင့် ငြင်းခုံ၍ ဆွေးနွေးသည်က ကျင့်ကြံနိုင်ခြင်းအတွက် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်၏။ ထိုသို့မဟုတ်ပါက သူ့အရည်ချင်းဖြင့် အသက်ရှင်ဖို့ရန် ပိုက်ဆံရှာခြင်းက အလွန်လွယ်ကူလှပေသည်။
“အမ်.....”
ယန်အာသည် မိုဝူကျီမှ လမ်းတစ်ဖက်ရှိ စိတ်ဝိညာဉ်မျှော်စင်အတွင်းသို့ ဆွဲမခေါ်ခင်အထိ ငိုမဲ့မဲ့ဖြစ်နေခဲ့သည်။
“ရပ်စမ်း..... ဒီနေရာက လူတွေသူတို့ဝိညာဉ်ကို တိုင်းတာပြီး ဖွင့်ဖို့ရန်အတွက်ပဲ..... မသက်ဆိုင်တဲ့သူတွေကို ဝင်ခွင့်မပြုဘူး.....”
မိုဝူကျီနှင့် ယန်အာတို့ မျှော်စင်အတွင်း ဝင်လိုက်သည်နှင့် တားဆီးခံလိုက်ရသည်။
“သခင်လေး....စိတ်ဝိညာဉ်ကိုဖွင့်ဖို့က ပထမဆုံးအရင် စာရင်းပေးထားပြီး......ပြီးတော့ လိုအပ်တဲ့ရွှေပြားတွေ ပေးချေပြီးမှ ဝင်ခွင့်ရတာ...... လိမ်လည်လှည့်ဖျားတာ ဖမ်းမိခဲ့ရင် ပြစ်ဒဏ်က အလွန်ပြင်းထန်တယ်......”
ယန်အာသည် မိုဝူကျီက တစ်ခုခု မိုက်မဲစွာလုပ်မည်ကို စိုးရိမ်၍ နားဖျား နားကပ်ကာ သတိပေးလိုက်သည်။
မိုဝူကျီသည် သူသည် ဒီနေရာတွင် ဗြောင်းဆန်အောင်ပြုလုပ်၍ မရကြောင်း အသက်ကို စတေးထားရသကဲ့သို့ အရေးကြီးကြောင်း မှတ်ယူထားလိုက်သည်။ သူသည် စိတ်ဝိညာဉ်ဖွင့်ရန် လုပ်ထုံးလုပ်စဉ်နှင့် ရွှေပြား မည်မျှလိုအပ်ကြောင်း လာရောက်စုံစမ်းရုံသာ ဖြစ်၏။
“ဟမ်.....”
မိုဝူကျီ ဘာမှမပြောခင် တစ်ယောက်မှ ဝင်ပြောလိုက်သည်။
“မိန်းကလေး....ဒီကိုလာပြီး စိတ်ဝိညာဉ်လာဖွင့်တာလား.....”
အသံသြသြနှင့် လူတစ်ယောက်က မေးလိုက်သည်။မိုဝူကျီနှင့် ယန်အာသည်လည်း သူတို့အပြင် တခြားလူနှစ်ယောက်ရှိကြောင်းကို သတိပြုမိလိုက်၏။ အဖြူရောင်မုတ်ဆိတ်နှင့် အမျိုးသားသည် အားလုံးနှင့် ခြားနားနေပုံပေါ်လေသည်။ အမျိုးသမီးသည် လှပသည့်မျက်နှာရှိပြီး သူမပတ်ဝန်းကျင်တွင် သူမအား ငေးမကြည့်ရဲနိုင်သည့် နိုဘယ်အရှိန်အဝါတွေ လွှမ်းခြုံထားလေသည်။ စကားပြောလိုက်သည်က အမျိုးသား ဖြစ်၏။
ယန်အာသည် နောက်ဆုတ်လိုက်ပြီး ခေါင်းကို ခါယမ်းလိုက်၏။