book

Index 3

‏အခန်း (၃) : သေမျိုးဝိညာဉ်ကြော

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五

‏မိုဝူကျီသည် ဟူဖေးကို တည်ငြိမ်စွာ ပြောလိုက်သည်

“ငါက အခုထိ မြောက်ဖက်ပိုင်း ချင်စီရင်စု တော်ဝင်မျိုးနွယ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပဲ..... အရိုက်အရာကို မဆက်ခံနိုင်ခဲ့ပေမဲ့ မင်းမျိုးနွယ်အဆင့်တန်းရှိနေဆဲ ရှိသေးတယ်...... နိုဘယ်ဖြစ်တဲ့ ငါ့ကို နာကျင်အောင်လုပ်ရဲတယ်လား..... ဟူဖေး .... ငါ မင်းကို သတိပေးနေတာ.... မြင်းကောင်နဲ့ ဆွဲပြီး မင်းခန္ဓာကိုယ်ကနေ နံရိုးတွေတစ်ချောင်းပြီး တစ်ချောင်းဆုတ်ဖြဲလိုက်ရင် ဒါမှမဟုတ် ဓားချက်တစ်ထောင်ဖြင့် ဖြတ်တောက်ခြင်းက မင်းအတွက် ပြစ်ဒဏ်က အရမ်းများ ပေါ့လျော့နေမလား....”‏

‏ဟူဖေးသည် မိုဝူကျီကဲ့သို့ အားနည်းလှသည့် နယ်စားတစ်ယောက်သည် တော်ဝင်မျိုးနွယ်တွင်ပါဝင်ဆဲ ဖြစ်ကြောင်းကို စတင်၍ သတိပြုမိသွားခဲ့သည်။ ဟူဖေးကဲ့သို့ အဆင့်တန်းနိမ့်သည့် လူက သွားနှောင့်ယှက်သင့်သည့် သူမဟုတ်ပေ။‏

‏မိုဝူကျီသည် တော်ဝင်မျိုးနွယ်စုအဖြစ် သတ်မှတ်ထားဆဲဖြစ်ခြင်း မဖြစ်ခြင်းက ဟူဖေးကဲ့သို့ လူမျိုးက ရှာတွေ့မည် မဟုတ်ချေ။ သို့သော်လည်း မိုဝူကျီသည် ပြောလိုက်သည့် နိုဘယ်တစ်ယောက်ကို နာကျင်အောင်ပြုလုပ်ခဲ့လျှင် ပြစ်ဒဏ်သည် မြင်းငါးကောင်ဖြင့် ဆွဲကာ အသတ်ခံရလိမ့်မည်ဖြစ်ပြီး အပြစ်သားအပေါ်တွင် ညှာတာခြင်းမရှိချေ။‏

‏ဟူဖေးသည် နိုဘယ်တစ်ယောက်ကို နာကျင်အောင်လုပ်ခြင်း၏ အကျိုးဆက်ကို သတိပြုမိပြီး လျှင်မြန်စွာ ပြောလိုက်သည်

“ဘုရင်ကြီး....ကျွန်တော်က စနောက်နေတာပါ..... ဘယ်လိုလုပ် အရှင့်အပေါ် လက်တစ်ချောင်းတောင် တင်ဝံ့မှာလဲ......”‏

‏မိုဝူကျီကို ဖယ်ရှားရန် အလျှင်မလိုပေ။ ဟူဖေးသည် ဘာမှမရှိသော်လည်း သူ့တွင် မိုဝူကျီ၏ အဆင့်တန်းက အခုထိ လက်ဝယ်ပိုင်သေးလားဆိုတာ စုံစမ်းရန် အချိန်ရှိသေး၏။‏

‏မိုဝူကျီသည် ဟူဖေးဆီ တည်ငြိမ်စွာ လမ်းလျှောက်လာပြီး သူ့လက်မှ ဓားကိုယူလိုက်သည်။‏

‏“ကောင်းလိုက်တဲ့ ဓား....” မိုဝူကျီသည် သူ့ကိုင်လိုက်သည်နှင့် ဤဓားက အလွန်ချွန်ထက်လှကြောင်း သိရှိလိုက်၏။‏

‏လက်မှ ဓားကို လွှတ်ချလိုက်ပြီး ဟူဖေးသည် နောက်အနည်းငယ်ဆုတ်ကာ မိုဝူကျီကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။‏

‏ယန်အာသည် နှစ်ယောက်သားကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်၏။ ယခု ဓားသည် မိုဝူကျီလက်ထဲတွင် ကျရောက်နေသော်လည်း ယန်အာသည် စိတ်မပူဘဲ မနေနိုင်ချေ။ မိုဝူကျီကို အချိန်အကြာကြီး အလုပ်အကျွေးပြုလာသည့်နောက်တွင် သူမသည် မိုဝူကျီက အခြားလူများကဲ့သို့ သာမာန်အရပ်သားဖြစ်ပြီး မည်သည့်အဆင့်တန်းမှ မပိုင်ဆိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိလာလေသည်။‏

‏တစ်နည်းအားဖြင့်ဆိုလျှင် မိုဝူကျီသည် ဟူဖေးကို အရင်တိုက်ခိုက်ခဲ့သည့်အတွက် ဟူဖေးက မိုဝူကျီကို သတ်လျှင်ပင် ဟူဖေးသည် အများဆုံး သေးငယ်သည့် ဒဏ်ကြေးပေးဆောင်ရန်သာ လိုအပ်လေသည်။‏

‏သူ့လက်ထဲမှ ဓားကိုကြည့်ပြီး မိုဝူကျီသည် ဟူဖေးမျက်လုံးကို ကြည့်ကာ ပြောလိုက်၏

“ဟူဖေး.... ငါက အဆင့်တန်းသုံပြီး မင်းကို အကျပ်ကိုင်နေတာ မဟုတ်ဘူးနော်..... ငါ တော်ဝင်မျိုးနွယ်စုမှာ မဟုတ်တော့ရင်တောင် ငါ့အကြီးအကဲတွေက တချိန်က နယ်စားတွေဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ မျိုးဆက်ကို နာကျင်အောင်လုပ်ရင် လွယ်လွယ်နဲ့တော့ ပြီးမသွားနိုင်ဘူး..... တော်ဝင်မျိုးဆက်ကို နာကျင်အောင်လုပ်တာက ချင်ယွီပြည်နယ်ကို မလေးစားတာနဲ့ အတူတူပဲ....”‏

‏မိုဝူကျီသည် စကားဆုံးသည်နှင့် အေးစက်စွာ လှောင်ပြုံးပြုံးလိုက်၏။‏

‏ဟူဖေးသည် မိုဝူကျီသည် တော်ဝင်မျိုးနွယ်ဟုတ်သေးလားဟု ဆက်တိုက်စဉ်းစားနေခဲ့သည်။ အကြောင်းရင်းက သူသာ မဟုတ်ခဲ့ဘူးဆိုလျှင် ဓားက မိုဝူကျီဆီရှိနေပေမဲ့လည်း သူသည် အပြတ်ရှင်းပစ်နိုင်မည်ဟု ယုံကြည်ချက်ရှိ၏။ မိုဝူကျီပြောသည်ကို ကြားပြီးသည့်နောက်တွင် ထိုအတွေးများသည် ခြေရာလက်ရာမကျန် ပျောက်ပျက်သွားပြီး ပြန်ပြောလိုက်သည်

“ဘုရင်ကြီး.... ကျွန်တော့်လို အဆင့်နိမ့်တဲ့ အမှုထမ်းက စောစောက စနောက်နေခဲ့တာပါ.....”‏

‏ဟူဖေးသည် မိုဝူကျီ၏ သဘောထား ပြင်းပြင်းထန်ထန် ပြောင်းလဲမှုကို တအံ့တသြဖြစ်နေခဲ့သည်။‏

‏“ငါက အခု ဘုရင်မဟုတ်တော့ဘူး....ငါစိတ်မပြောင်းခင် မြန်မြန်ထွက်သွားစမ်း.....”

မိုဝူကျီသည် ဟူဖေး၏ဓားကို သူ့ဖိနပ်အတွင်း သိမ်းဆည်းထားလိုက်၏။‏

‏“ဟုတ်ကဲ့.... ဟုတ်ကဲ့ပါ.... သခင်မို... ကျေးဇူးပြု၍ ဂရုစိုက်ပါ......”

ဟူဖေးနှလုံးသားသည် မိုဝူကျီ သူ့ဓားကို သိမ်းဆည်းလိုက်သည်ကို မြင်ရသည့်အခါ နာကျင်ရလေ၏။ ထို့နောက် သူထွက်သွားခဲ့သည်။‏

‏ထိုဓားသည် ဟူဖေးနှင့် အမြဲအတူတူရှိနေသည့်အရာဖြစ်ပြီး ဒီနေ့တွင် တစ်ယောက်ယောက်က သူ့ဆီမှ ယူသွားလိမ့်မည်ဟု နည်းနည်းလေးပင် မမျှော်လင့်မိခဲ့ပေ။ သူနှလုံးသား မနာကျင်ဘူးဟု ဆိုလျှင် သေချာပေါက် လိမ်ညာနေခြင်းဖြစ်၏။‏

‏“သခင်....သခင် နောက်ထပ်.....”

ဟူဖေးထွက်သွားသည်နှင့် ယန်အာသည် မိုဝူကျီထံ သိချင်ဇောဖြင့် လျှောက်လာကာ တီးတိုးမေးလိုက်၏။‏

‏မိုဝူကျီသည် ဖြတ်ပြောလိူက်သည်

“အင်း ငါသိတယ်..... ငါတို့ပြန်ရောက်တဲ့အခါ စကားပြောရအောင်....”‏

‏ယန်အာ၏ သတိပေးချက်မပါလျှင်ပင် မိုဝူကျီသည် သူက တော်ဝင်မျိုးနွယ်မဟုတ်တော့ကြောင်း မှန်းဆမိပြီးသား ဖြစ်၏။‏

‏သူတို့သည် ကျည်းကျည်းကျုတ်ကျုတ်နေရာတွင် နေထိုင်ကြပြီး အိုဟောင်းနေသည့် အဝတ်ဖြင့် ကာထားသည့် သစ်သားကုတင်နှစ်လုံးသာ ရှိလေ၏။ အိမ်ထဲတွင် အဖိုးတန်သည့်အရာ မရှိပေ။ မိုဝူကျီသည် ငွေကြေးတန်သည့်အရာများသည် ယန်အာက သူ့အတွက် ကလေးများနှင့် ကစားရန် အချိုများ ဝယ်ရန်သုံးလိုက်ပြီ ဖြစ်ကြောင်း သိရှိ၏။‏

‏မိုဝူကျီသည် အိပ်ယာထိပ်တွင် ချိတ်ဆွဲထားသည့် ခြစ်ရာများဖြင့်မှန်မှ မိမိပုံရိပ်ကို ပြန်မြင်လိုက်ရသည်။ သူသည် အရင်ဘဝက သူနှင့် ဆင်တူလှပြီး သူ့ဆံပင်ရှည်များသည် ယန်အာမှ သေသပ်စွာ ချည်နှောင်ထားပေ၏။ သူ့မျက်နှာသည် ဖြူဖျော့နေပေမဲ့ ယန်အာ၏ အဝါရောင်အသားရည်ဖြင့်ယှဉ်လျှင် တော်တော်ကောင်းသေးလေသည်။ နွမ်းလျှနေသည့် မျက်လုံးများမှလွဲ၍ မျက်ခုံးကောင်းကောင်းနှင့် ချွန်နေသည့် နှာခေါင်းသည် ရည်ရည်မွန်မွန် ခန့်ညားသည့်ပုံပေါ်နေလေသည်။‏

‏“သခင်..... အန်တီလုဆီ သွားပြီး ဆန် သွားချေးလိုက်ဦးမယ်....”

ယန်အာသည် အိမ်မှ ထွက်ထွက်ချင်း ပြောလိုက်သည်။ သူမသည် မိုဝူကျီက ဟူဖေးဆီမှ ဓားအစား ဝက်သားထုပ်ကို သိမ်းထားသင့်သည်ဟု ခံစားနေရဆဲ ဖြစ်၏။‏

‏“ခဏစောင့်ဦး.....”

မိုဝူကျီသည် ယန်အာကို ရပ်တန့်လိုက်လေ၏။‏

‏မိုဝူကျီသည် ယန်အာက သိချင်စိတ်ဖြင့် လှည့်ကြည့်လာသည့်အခါ မေးလိုက်၏

“ယန်အာ...... ဟူဖေးက သိုင်းပညာလေ့ကျင့်ထားတဲ့ပုံပဲ.... သူက ငါ့ထက်အရမ်းသန်မာတယ်.... သူက လူရမ်းကားဖြစ်ပေမဲ့ ဘယ်ကနေ သင်ယူထားတာလဲ....”‏

‏မိုဝူကျီမှတ်မိသလောက် ဤကမ္ဘာက သိုင်းပညာရှင်များနှင့် ပြည့်နေသည့် နေရာမဟုတ်ပေ။ မှန်နေသည်က ဟူဖေးသည် သိုင်းပညာသင်နေသည့်အချိန်တွင် သူကဲ့သို့ နိုဘယ်မျိုးဆက်တစ်ယောက်က မလုပ်နိုင်ဘူးလား....‏

‏ယန်အာသည် မတူမတန်သည့်အမူအယာဖြင့် ပြောလိုက်သည် “ဟူဖေးက တခြားလူတွေဆီက နည်းနည်း သင်ထားတာ.....သူက စိတ်ဝိညာဉ်ကိုတောင် မဖွင့်နိုင်ဘူး...... ဘယ်လိုလုပ် တကယ့်သိုင်းပညာရှင်အဖြစ် ယူဆလို့ရမှာလဲ..... သခင့်အဖိုးဆီက ကြားဖူးတာရှိတယ်.... သခင့်ဘေးက တကယ့်စစ်မှန်တဲ့ သိုင်းသမားတဲ့”‏

‏“စိတ်ဝိညာဉ်ဖွင့်တာက ဘာလဲ....”

မိုဝူကျီသည် စိတ်ပူစွာ မေးလိုက်သည်။ အကြောင်းရင်းက သူ့မှတ်ဉာဏ်ထဲတွင် သူ့အရင်နိုင်ငံမှလွဲလျှင် တခြားသော အကြောင်းအရာများမရှိပေ။‏

‏ထိုအခိုက်အတန့်တွင် သူသည် စိတ်လှုပ်ရှားလာပြီး အခုချိန်ဖြစ်နိုင်မယ်ဆိုလျှင် သိုင်းပညာကို သွားလေ့လာချင်သည်။ သူကမ္ဘာမြေသို့ ပြန်ရမည့်နေ့က ကွာဝေးလွန်းလှပေသည်။ သူသည် သူမကို မေးလိုက်၏

“ဘာကြောင့်လဲ......”‏

‏ယန်အာသည် မိုဝူကျီ စိတ်ဝိညာဉ်ဖွင့်ခြင်း မသိရှိကြောင်းကို မအံ့သြပေ။ ယန်အာကို အံ့သြစေသည်က သခင်လေးသည် အရင်က ထိုသို့ကိစ္စများကို စိတ်မဝင်စားခဲ့ချေ။ အခုမှ အဘယ်ကြောင့် သိချင်နေရသနည်း....‏

‏သူမသည် သူမ သိသမျှ ပြောပြရန် ဆုံးဖြတ်ထား၏        

“စိတ်ဝိညာဉ်ဖွင့်ခြင်းဆိုတာက စိတ်ဝိညာဉ်ကြောရှိတဲ့သူကို ကူပြီး သူတို့ရဲ့ ဝိညာဉ်ကြောကို လှုပ်နိုးပြီး ဝိညာဉ်ကြောလမ်းကြောင်းကို ဖွင့်ပေးတာ.......နိုးထလာသည့် ဝိညာဉ်ကြောနှင့် သွေးကြောတွေပွင့်သွားတဲ့လူတွေက ကျင့်ကြံနိုင်ပြီး ဆရာသခင်အဆင့် သိုင်းသမာတွေ ဖြစ်လာနိုင်တယ်..... ပထမဆုံးအကြိမ်မှာ လမ်းကြောင်းများများဖွင့်နိုင်ခြင်းက ဝိညာဉ်ကြောရဲ့ အမျိုးအစားပိုကောင်းတာကို ညွှန်ပြနေတာတဲ့.....”‏

‏မိုဝူကျီသည် ယန်အာပြောသည့် အဓိကနှစ်ချက်ကို ချက်ချင်းဖမ်းဆုပ်မိသွား၏။ ပထမအချက်က ဝိညာဉ်ကြောရှိတဲ့သူတွေသည် သိုင်းပညာသင်ရန်ဖြစ်ပြီး ဒုတိယအချက်က သူတို့၏ ဝိညာဉ်ကြော လမ်းကြောင်းကွန်ယက် ဖွင့်နိုင်ရန်ဖြစ်၏။‏

‏“ယန်အာ.....ဘာလို့အရင်သခင်ကြီးက ငါ့ကို ဝိညာဉ်ကြောဖွင့်ဖို့ ခေါ်မသွားခဲ့တာလဲ...”

မိုဝူကျီသည် စိတ်လှုပ်ရှားစွာ မေးလိုက်၏။‏

‏ယန်အာအသံသည် ပိုလေးနက်လာပြီး ပြောလိုက်သည်

“သခင်ကြီး ယောင်ကျိုးမြို့ရောက်တဲ့အခါ အရိုက်အရာဆက်ခံဖို့ရာ အလုပ်အရမ်းရှုပ်နေခဲ့တယ်..... မဖြစ်နိုင်မှန်းသိတဲ့အခါမှာ သူက ရှင့်ကို သိုင်းပညာသင်စေချင်ခဲ့တယ်..... သခင်ကြီးက သခင်လေး ဝိညာဉ်ကြောစမ်းသပ်ဖို့နဲ့ စိတ်ဝိညာဉ်ဖွင့်ဖို့ ပိုက်ဆံအမြောက်အမြား စုဆောင်းခဲ့တယ်..... ဒါပေမဲ့လည်း စစ်ဆေးမှုအပြီးမှာ သခင်လေးက သေမျိုးဝိညာဉ်ကြောပိုင်ဆိုင်တာ သိလိုက်ရတယ်..... သေမျိုးဝိညာဉ်ကြောနဲ့လူတွေက သာမာန်အခြေအနေအောက်မှာ သူတို့ဝိညာဉ်ကြောကို မနှိုးဆွနိုင်ဘူး....အဲဒီကြောင့်မို့ သိုင်းပညာကို မသင်ယူနိုင်ကြဘူး...”‏

‏“သေမျိုးဝိညာဉ်ကြောက ဘာလဲ....”

မိုဝူကျီနှလုံးသားသည် လေးလံနေပေမဲ့ မေးလိုက်သည်။‏

‏သေခြင်းကို ဖြတ်ကျော်ပြီးနောက် ဘယ်အရာကများ လက်မခံနိုင်တာ ရှိပါ့ဦးမလဲ....‏

‏ယန်အာသည် မိုဝူကျီ၏ စိတ်ပျက်မှုကို ခံစားမိ၍ သက်ပြင်းချကာ ပြောလိုက်သည်

“သခင်ကြီးဆီက ကြားဖူးတယ်.... ဝိညာဉ်ကြောရှိတဲ့သူတွေက အနာဂတ်မှာ သိုင်းပညာကို ထိရောက်မှုရှိလိမ့်မယ်တဲ့...... ဝိညာဉ်ကြောမပါတဲ့သူတွေကို သေမျိုးဝိညာဉ်ကြောလို့ခေါ်ပြီး အသုံးမဝင်တဲ့ ဝိညာဉ်ကြောအဖြစ် သိကြတယ်.... ဝိညာဉ်ကြောမပါတဲ့လူတွေက အားလုံးလိုပဲ.....ဝိညာဉ်ကြောနဲ့လူများသည် ကျင့်ကြံနိုင်ကြပြီး သူတို့ရဲ့ ဝိညာဉ်ကြော အဆင့်အတန်းကို အဆင့်မျိုးစုံဖြင့် ပြန်ခွဲခြားထားတယ်...... ထိုအရာတွေက အဆင့်နိမ့်....အလယ်အလတ်အဆင့်...အဆင့်မြင့်နှင့် ထိပ်တန်းအဆင့်တို့ ဖြစ်တယ်...... လူတွေ ပြောတာ ကြားဖူးတာတစ်ခုရှိတယ်.... အဆင့်တွေက ထိပ်တန်းအဆင့်ထက် ပိုမြင့်တာရှိသေးတယ်တဲ့.....ဒါပေမဲ့ ကျွန်မလည်း အဲဒီအဆင့်တွေကို သေချာမသိဘူး.....”‏

‏“အဲဆို ....... ငါက သေမျိုးဝိညာဉ်ကြောရှိတာပေါ့......”

မိုဝူကျီသည် ယန်အာစကားကြားပြီးသည့်နောက်တွင် သူ့စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ပေ။‏

‏ယန်အာသည် မိုဝူကျီကို နှစ်သိမ့်ရန် ကြိုးစားပြီး ပြောလိုက်သည်

“သခင်လေး.... ချင်ယွီပြည်နယ်မှာတောင် ဝိညာဉ်ကြောနဲ့လူ အနည်းငယ်ပဲ ရှိတယ်..... ကျန်တဲ့သူအားလုံးက ကျွန်မတို့လို သေမျိုးဝိညာဉ်ကြောနဲ့ လူတွေချည်းပဲ..... ဒါပေမဲ့ သူတို့အားလုံး အဆင်ပြေကြပါတယ်.... ကျွန်မတို့လည်း အဆင်ပြေမှာပါ....”‏

‏မိုဝူကျီသည် လက်သီးဆုပ်ရင်း ပြောလိုက်သည်

“ယန်အာ... မနက်ဖြန် ငါအလုပ်သွားရှာတော့မယ်..... ငါပိုက်ဆံများများရှာပြီး စိတ်ဝိညာဉ်ကို နောက်တစ်ခေါက် ထပ်ဖွင့်ကြည့်ချင်တယ်....”‏

‏“အာ....”

ယန်အာသည် မိုဝူကျီ၏ တုန့်ပြန်မှုကြောင့် တုန်လှုပ်အံ့သြသွားခဲ့ပေမဲ့ သူအဘယ်ကြောင့် ကြိုးစားနေသည်ကို နားလည်လေ၏။

“သခင်လေး.... ကျေးဇူးပြုပြီး မလုပ်ပါနဲ့လား.... အရင်တုန်းက သခင်ကြီးလည်း သခင်လေးမှာ သေမျိုးဝိညာဉ်ကြောရှိတာ သိရက်သားနဲ့ ပိုက်ဆံတွေစုဆောင်းပြီး ထပ်ကာ ထပ်ကာ ဖွင့်ဖို့ကြိုးစားပေးခဲ့တယ်..... သေမျိုး ဝိညာဉ်ကြောက ဝိညာဉ်ကြောဘယ်တော့မှ ပြောင်းလဲမသွားနိုင်တာ သိသိရက်နဲ့ ...... အဲဒီကိစ္စအပြီးမှာ သခင်ကြီးလည်း ဖျားနာမှုကြောင့် သိပ်မကြာခင်မှာပဲ ဆုံးပါးသွားခဲ့တယ်.....”‏

‏ယန်အာစကားလုံးများသည် မရှင်းမရှင်းဖြစ်နေပေမဲ့ မိုဝူကျီသည် သူမက ထောက်ပြရန်ကြိုးစားနေကြောင်း သိ၏။ အရင်တုန်းက သခင်ကြီးသည် မည်မျှပင် ဆင်းရဲနေပါစေ မိုဝူကျီ၏ ဝိညာဉ်ကြောကို ဖွင့်ဖို့ မကြိုးစားခဲ့လျှင်ပင် ဖျားနာမှုကြောင့် မသေနိုင်ခဲ့လောက်ပေ။ ထိုအရာက လိုအပ်သောပိုက်ဆံပမာဏမှာ မနည်းကြောင်း သက်သေပြနေ၏။ သို့သော်လည်း မတူညီကွဲပြားသော ကမ္ဘာနှစ်ခုတွင် ကျင်လည်လာသည့်အခါ မိုဝူကျီသည် ယန်အာကဲ့သို့ မလည်မဝယ်မဟုတ်ပေ။ မိုဝူကျီ၏ ဝိညာဉ်ကြောဖွင့်ရန် ကြိုးစားပြီးနောက် တိုက်ဆိုင်စွာ မိုဂေါင်ယွမ် သေဆုံးခြင်းက ဖျားနာမှုကဲ့သို့ ရိုးရှင်းလှသည့် ကိစ္စရပ်မဟုတ်ပေ။ ထိုအရာကိုကြည့်ခြင်းဖြင့် သူဝိညာဉ်ကြောဖွင့်သည့်အခါ အလွန်ဂရုစိုက်ရလိမ့်မည်။‏

‏“မစိုးရိမ်နဲ့တော့ ....ယန်အာ.... ငါငွေရှာနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်.... မနက်ဖြန်ကစပြီး မင်းလည်း အန်တီလုဆီက ဆန်သွားချေးဖို့ မလိုတော့ဘူး.... ဘာလို့ဆိုတော့ ငါက မင်းကို စောင့်ရှောက်ပေးမယ်...”

မိုဝူကျီသည် ယန်အာဆီ လျှောက်လှမ်းလာရင်း သူမ၏ ဝါကျင်ကျင်ဆံပင်ကို ညင်သာစွာ သပ်ပေးကာ ပြောလိုက်၏။‏

‏ယန်အာသည် အလွန်ငယ်သေးသည်။ မိုရှင်းဟယ်မိဘများ ကွယ်လွန်သွားသည့်အခါ ရူးသွပ်နေသည့် မိုရှင်းဟယ်ကို စောင့်ရှောက်ရန် မည်မျှသော စတေးမှုများကို ပြုလုပ်ခဲ့ရသနည်း....‏

‏အန်တီလုသည် သူတို့၏ အိမ်ရှင်ဖြစ်ပြီး သူမသည် သူတို့ကို အရာအားလုံးလိုက်လျောပေးလေ့ရှိ၏။ အန်တီလုသည် မုဆိုးမဖြစ်သောကြောင့် သူမဘဝသည်လည်း အကောင်းချည်းတော့ မဟုတ်ပေ။ ထို့ကြောင့် သူမဆီမှ အမြဲတမ်း ဆန်တောင်းခံခြင်းက အန်တီလုအတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေနိုင်သည်။‏

‏မိုဝူကျီသည် ဤထက် တိုးတက်သော နိုင်ငံတွင် ထိပ်တန်းအဆင့် ရုက္ခဗေဒပညာရှင်ဖြစ်ပြီး တစ်ရက်သုံးနပ်ထောက်ပံ့ခြင်းက သူ့အတွက် အတားအဆီး မည်သို့ဖြစ်နိုင်မည်နည်း.....‏


rate now: