book

Index 223

အခန်း (၂၂၃) : ရေအောက် အင်မော်တယ် အမွေအနှစ်

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五

မိုဝူကျီနှင့် အခြားလူများက အဝင်ဝသို့ ရောက်သည့်အခါ ကျောက်ပြားကြီးကို သတိပြုမိလိုက်ကြသည်။ ကျောက်ပြားရှေ့ မီတာအနည်းငယ်အကွာတွင် အမည်မသိပစ္စည်းနှင့် ပြုလုပ်ထားသည့် တံခါးအမည်းကြီး ရှိနေလေသည်။

ရေအောက်တွင် ဖူချန်းနှင့် တခြားလူများက ထိုတံခါးကား ကျောက်တုံးကြီး ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သို့သော်လည်း မိုဝူကျီ၏ စိတ်စွမ်းအားက တံခါးအလယ်မှ အက်ကြောင်း အသေးလေးရှိကြောင်း ခံစားမိလိုက်သည်။

မိုဝူကျီက ဖူချန်းနှင့် တခြားလူများကို စောင့်ရန် လက်ဟန် ပြလိုက်သည်။ သူက တံခါးဆီ သွားပြီး ဖြည်းဖြည်းချင်းစီ တွန်းလိုက်လေသည်။ ထို့နောက် မိုဝူကျီက သဘာဝစွမ်းအားများကို စုစည်းပြီးတော့ တံခါးကို တဖြေးဖြေးဖွင့်လိုက်တော့သည်။

ရွှေရောင်အလင်းတန်း ထွက်လာသောကြောင့် မိုဝူကျီနှင့် အခြားလူများက ကြောင်သွားကြသည်။ သူတို့မြင်လိုက်ရသည်က ရွှေများမြှပ်ထားကာ ကောင်းကောင်း ပြင်ဆင်ထားသော နံရံများနှင့်ခန်းမကျယ် ဖြစ်၏။

မိုဝူကျီက တံခါးအတွင်းသို့ မဝင်ခင် စန်ယီပင်းနှင့် ကျန်လူများကို လက်ပြလိုက်လေသည်။

တံခါးပွင့်လာသည့် အခိုက်အတန့်တွင် သူတို့ခံစားနေရသည့် ပြင်းထန်လှသည့် ရေဖိအားများက တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။ ထိုမျှတင် မဟုတ်ချေ။ သူတို့ရှေ့တွင် ရေတစ်စက်မှ မရှိသည့်အတွက် ယုံတမ်းပုံပြင်ထဲမှ နဂါးနန်းတော် ရောက်နေသည့်အလား ခံစားနေရသည်။ ရေများက အပြင်ဘက်တွင်သာ စီးဆင်းနေပြီး တံခါးကို ဖြတ်၍ မဝင်နိုင်ကြချေ။

နောက်အခိုက်အတန့်တွင် စန်ယီပင်းနှင့်ကျန်လူများက တံခါးအတွင်းသို့ ဝင်လိုက်သောကြောင့် ဖိအားက သိသိသာသာ လျော့နည်းသွားလေသည်။ သူမက တံခါးထိပ်တွင် စီတန်းထားသော ပုလဲများကို ကြည့်ပြီး 

ဒါက ပင်လယ် ရေတွေကို တားဆီးပေးထားတဲ့ ရေလွင့်ပြယ်ပုလဲတွေ ဖြစ်ရမယ်။

ကျန်ရှိနေသာ သူများမှာ ထိုပုလဲများကို စိတ်အားတက်ကြွစွာ ကြည့်နေရင်း ထိုပုလဲ တစ်လုံးက မည်မျှ ကုန်ကျမည်နည်းဟု တွေးတောနေကြသည်။ ထိပ်တန်း ဝိညာဉ်ပစ္စည်းပင် ထိုပုလဲလောက် အဖိုးတန်မည် မဟုတ်ချေ။

ဖြစ်နိုင်တာ ဒီနေရာမှာ အင်မော်တယ် အမွေအနှစ် ရှိနေတာလား ..  

စန်ယီပင်းက အဝင်ဝတွင် ပုလဲများကို တွေ့လိုက်ရသည့်အတွက် ဦးဆုံးတုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ အင်မော်တယ် အမွေအနှစ်ကလွဲ၍ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။

ဝိညာဉ်စွမ်းအားတွေ သိပ်သည်းနေတာဆိုတော့ ဖြစ်နိုင်တယ် …” 

ဖူချန်းလည်း စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်လေသည်။ အကြောင်းမှာ သူဝင်လိုက်သည့် အခိုက်အတန့် သူက ဝိညာဉ်စွမ်းအား သိပ်သည်းမှုကို အာရုံခံမိလေသည်။ သူက ကျင့်ကြံစဉ်မှ စ၍ ထိုသို့သော နေရာမျိုးတွင် တစ်ခါမှ မကျင့်ကြံဖူးပေ။ ထို့အပြင် အဝင်ဝတွင် ရွေရောင်များ တောက်ပနေသည့်အတွက် အထဲတွင် မည်မျှပင် ကြွယ်ဝနေမည်ကို စိတ်ကူးမကြည့်နိုင်ပေ။

စန်ယီပင်း မျက်နှာတွင် မျှော်လင့်ချက် အပြည့်ဖြင့် မိုဝူကျီကို ကြည့်ကာ ပြောလိုက်သည် 

စီနီယာခေါင်းဆောင် အစ်ကို ကျွန်မတို့ အခု ဘာလုပ်ကြမလဲ … ”

မိုဝူကျီက စိတ်စွမ်းအားဖြင့် တစ်နေရာလုံးကို စစ်ဆေးကြည့်ပြီးလေပြီ 

အင်မော်တယ် အမွေအနှစ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ငါတို့တွေ သွားကြည့်ရင် သိလိမ့်မယ်။ ဒါပေမဲ့လည်း အဝင်ဝက ပုလဲက ရေလွင့်ပြယ်ပုလဲတော့ မဟုတ်ဘူး။ သာမာန်ပုံရိပ်ယောင်အစီအရင်ပဲ ဖြစ်လိမ့်မယ်။ ရေတွင် မဝင်နိုင်တာက ပုလဲနဲ့ မဆိုင်ဘူး။ အကြောင်းက ဒီနေရာမှာ ရွေလွင့်ပြယ်အစီအရင်ရှိနေလို့ပဲ … ” မိုဝူကျီ စကားကို ကြားပြီးနောက် အားလုံးက စိတ်ပျက်သွားကြသည်။

မိုဝူကျီက ရယ်မောလိုက်ပြီး 

တကယ်လို့ ဘာမှမရှိရင်တောင် ဝိညာဉ်စွမ်းအားတွေ သိပ်သည်းနေတာဆိုတော့ ကျင့်ကြံဖို့ နေရာကောင်း တစ်ခုပဲ ။ ဘာဖြစ်ဖြစ် အရင်ကြည့်ကြည့်ကြတာပေါ့ .. 

ခန်းမအရှေ့ပိုင်းကို ဖြတ်ကျော်လာပြီးနောက် သူတို့သည် တန်ဖိုးကြီးအခန်း အလယ်ပိုင်းသို့ ရောက်ရှိလာကြ၏။

အခန်းရှေ့ပိုင်းတွင် သူတို့အာရုံကို ဖမ်းစားနိုင်သည့် စာလုံးများရှိနေလေသည်

မင်းက အင်မော်တယ် အမွေအနှစ်ကို ရတော့ ဘာဖြစ်လဲ .. ဘာဖြစ်လဲ .. ဘာဖြစ်လဲ…”

ဘာဖြစ်လဲ 

ဟု သုံးခါဆက်တိုက် ရေးထားသည့်အတွက် သူ့အဓိပ္ပါယ်ကို အားလုံး နားရှုပ်သွားကြလေသည်။

ဒါက တကယ့် အင်မော်တယ် အမွေအနှစ် ပဲလား .. ကျွန်မတို့ အင်မော်တယ် အမွေအနှစ် နယ်မြေထဲ ရောက်လာတာလား …” 

စန်ယီပင်းက တအံ့တဩ မေးလိုက်သည်။

စကားနည်းလှသည့် နှဲ့ကျန်းနွန်ပင် အလွန်တရာ စိတ်လှုပ်ရှားနေလေသည်။ သူက မိုဝူကျီနှင့် တွေ့ဆုံခဲ့ပြီး အင်မော်တယ် အမွေအနှစ် နယ်မြေအထိ ရောက်သွားသည့် ကိစ္စနှင့် ပတ်သတ်၍ သူ့ကံတရားကို အံ့ဩနေမိသည်။

မိုဝူကျီက သက်ပြင်းချလိုက်ကာ

သူတို့တွေ အင်မော်တယ် အမွေအနှစ် ရသွားတဲ့ နေရာ ဖြစ်လိမ့်မယ်။ ငါတို့က အင်မော်တယ် အမွေအနှစ်နယ်မြေထဲ ရပ်နေပေမဲ့ နှမြောစရာကောင်းတာက ငါတို့ပဲ ရောက်လာတာ မဟုတ်ဘူး။ တကယ့် အမွေအနှစ်က ပါသွားပြီ။ အားလုံးကြည့်ကြည့် … ”

သူက ပြောရင်း အခန်းရှေ့ပိုင်း နေရာမှ ခြေရာများကို ညွှန်ပြလိုက်သည်။ ထိုခြေရာများက စက်ဝိုင်းပုံ ပေါ်နေပြီး  မီတာ အနည်းငယ်ကျယ်ဝန်းကာ အလယ်တွင် ခြေရာများ မရှိချေ။

စီနီယာခေါင်းဆောင် အစ်ကိုကြီးပြောချင်တာက အလယ်မှာ အမွေအနှစ်ရှိပြီးတော့ လူတချို့ ရောက်လာပြီး လှည့်ပတ်ကြည့်ပြီးတေ့ာ ပါသွားတာလား .. ဒါပေမဲ့ အဲဆို အင်မော်တယ်နယ်မြေက ဘယ်မှာလဲ ..  

စန်ယီပင်းက သိချင်စွာ မေးလိုက်သည်။

ဘေးတွင် ရပ်နေသည့် ဖူချန်းက ထပ်ပြောလိုက်သည် 

အရင်တုန်းက မှတ်စုတွေထဲမှာ ဖတ်ဖူးတယ်။ ထိပ်တန်းရတနာတွေမှာ အသိစိတ်ရှိတယ်တဲ့။ သူတို့က သူတို့ပိုင်ရှင်ကို အသိမှတ်ပြုနိုင်ကြပြီးတော့ သူတို့ဘာသာလည်း ထွက်သွားနိုင်တယ်။ ဖြစ်နိုင်တာက ဒီအင်မော်တယ် အမွေအနှစ်ကို ဆက်ခံပြီးတဲ့နောက် ပိုင်ရှင်အသစ်ဆီ လိုက်သွားတာ နေမယ် … ”

မိုဝူကျီက အင်မော်တယ် အမွေအနှစ် မည်သို့ အလုပ်လုပ်ပုံကို အတိအကျ မသိသည့်အတွက် ဖူချန်းစကားများမှ တဆင့်နားလည်သွားလေသည်။

ဟူး ..  နှမြောဖို့ကောင်းတာက ငါတို့တွေ အင်မော်တယ် အမွေအနှစ်နယ်မြေထဲ ဝင်လာပြီးတော့ လက်ဗလာနဲ့ အဆုံးသတ်သွားတယ်။ ပြီးတော့ ဒီအခန်းက အရောင်အဝါတောက်ပနေတာလည်း ပုံရိပ်ယောင်အစီအရင်ကြောင့်ဆိုတော့ စိတ်ပျက်စရာပဲ .. 

မိုဝူကျီက ကြမ်းပြင်ပေါ်မှ ခြေရာများကို ဆန်းစစ်နေကာ နောက်ဆုံးတွင် လူနှစ်ယောက်ဖြစ်ကြောင်း နိဂုန်းချုပ်လိုက်တော့သည်။ သို့သော်လည်း သူက မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့နှင့် ခြေရာမှတ်မိနေလောက်အောင်အထိ မရင်းနှီးခဲ့ပေ။ သူ့စိတ်ထဲတွင် မိုဝူကျီက ထိုခြေရာများသည် သူတို့ ဖြစ်ပါစေဟုသာ ဆုတောင်းနေမိသည်။

ငါတို့တွေ လက်ဗလာ မပြန်ရပါဘူး။ ကြည့်လိုက် ဒီမှာ တံခါးတစ်ချပ် ရှိသေးတယ် …”

မိုဝူကျီက မတ်တပ်ရပ်ကာ အခန်းညာဘက်မှ တံခါးဆီ သွားလိုက်တော့သည်။

မူလ အမှတ်အသားမရှိသော  နံရံတွင် နောက်တံခါးအသေးတစ်ချပ် ပွင့်လာလေသည်။

သူတို့က တံခါးအသေးလေးထဲ ဝင်သွားသည့်အခါ သူတို့အားလုံး မှင်တက်မိသွားသည်။ ထိုအခန်းလေးမှာ အိပ်ခန်းအသေးလေး ဖြစ်နေသည်။ ကုတင်ပါရှိပြီး ကုတင်ပေါ်တွင် ခြောက်ကပ်နေသည့် လူသေလောင်း ရှိနေသည်။ အလောင်းရှေ့တွင် သားရေစာလိပ်ရှိနေပြီး ထိုစာလိပ်ပေါ်တွင် ကြည်လင်နေသည့် ကျောက်စိမ်းအမှတ်အသားပြား ရှိနေသည်။

ထိုအရာမှလွဲ၍ ကုတင်ဘေးတွင် အမည်မသိ ပစ္စည်းနှင့် ပြုလုပ်ထားသည့် စင်ရှိလေသည်။ ထိုစင်ပေါ်တွင်  ကျောက်စိမ်းပုလင်း အမျိုးမျိုး ရှိနေသည်။

အားလုံးက နားမလည်စွာ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ဤအလောင်းက ဤနေရာတွင် ကျင့်ကြံနေတာများလား 

မိုဝူကျီက သွားပြီး စာလိပ်၊ လက်စွပ်နှင့် ကျောက်စိမ်းအမှတ်အသားပြားကို ယူလိုက်သည်။ သားရေစာလိပ်ပေါ်တွင် ရေးထားသော စာလုံးများမှာ ရှင်းလင်းလှ၍ အားလုံးက သေချာဖတ်နိုင်ကြလေသည်။

မနိုင်ဝန်ထမ်းရင်း ကောင်းကင်ပင်လယ်မှ မပျောက်ဆုံသွားခင် ကျင်းကုမူက အင်မော်တယ် အမွေအနှစ် ခြောက်ခုအတွက် ကျန်းမိုပျောက်ဆုံးနယ်မြေက ထိပ်တန်း ကျင့်ကြံသူ ဆယ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ ကောင်းကင်ဘူးသီးကျွန်းမှာ သူ့အခြေအနေ ပြန်ကောင်းအောင်အတွက် ဆင်းသက်ခဲ့ရတယ်။ ပြန်ကောင်းပြီးနောက်မှာ အင်မော်တယ် အမွေအနှစ် ခြောက်ခုက သူ့အတွက် အကူအညီမဖြစ်ဘူး။ အဲဒါကြောင့် ဒီအင်မော်တယ် အမွေအနှစ်အတွက် ဘာလို့ ခက်ခက်ခဲခဲ တိုက်ခိုက်နေဦးမလဲ 

နှစ်များစွာ တံခါးပိတ် ကျင့်ကြံပြီးနောက် နောက်ဆုံးကန့်သတ်ချက်ကို ရောက်လာခဲ့တယ်။ ကုန်ဆုံးခဲ့တဲ့ နှစ်တွေကို ကြည့်ပြီးတော့ စိတ်ဓာတ်ကျ သက်ပြင်းချရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။ ကျုပ်မှာ အမွေအနှစ်ခြောက်ခုနဲ့ ရေစက်မပါဘူး။ ရေစက်ပါတဲ့သူအတွက် ထားခဲ့ပါတယ်။ ဒီအခန်းထဲ ဝင်လာတဲ့သူတွေက အားလုံးကို ယူသွားကြပါ။ ကျောက်စိမ်းအမှတ်အသားပြားက အင်မော်တယ် အမွေအနှစ်ကို အသက်သွင်းဖို့ပါ။ သွေးတစ်စက်နဲ့ ပိုင်ရှင်အဖြစ် အသိမှတ်ပြုပါလိမ့်မယ်။ ကျန်ရှိနေတဲ့အရာတွေကို ဒီအတိုင်း ထားထားပေးကြပါ …  ”

ကျွန်မ ကျင်းကုမူကို သိတယ် ..

စာလိပ်ကို ဖတ်ရှုပြီးနောက် စန်ယီပင်းက ရုတ်တရက် ထပြောလိုက်လေသည်။

မိုဝူကျီက စန်ယီပင်းကို ကြည့်ကာ မေးလိုက်သည် 

ဘယ်သူများလဲ …”

သူက ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ ။ သူက မိုးမြေတစ်ခွင်လိုက်ပြီးတော့ ရတနာတွေကို စုဆောင်းရတာ နှစ်သက်တယ်လို့ ကြားဖူးတယ်။ အဖိုးတန်သ‌ရွေ့ သူက သွားပြီးတော့ စုဆောင်းတတ်တယ် .. 

အာ .. ကျင်းကုမူလား ..  

ဖူချန်းက စန်ယီပင်းဆီက ကြားသည်နှင့် ထရေရွတ်လိုက်သည်။

မိုဝူကျီက နောက်တစ်ကြိမ် ထပ်မေးလိုက်သည်

ကျင်းကုမူက တော်တော် ကျော်ကြားတယ်လား။ ဘာလို့ တစ်ခါမှ မကြားဖူးပါ့လိမ့် .. 

စန်ယီပင်းက ပြန်ဖြေလိုက်သည်

အရင်တုန်းက ကောင်းကင်ဂိုဏ်းက အင်ပါယာငါးခုလုံးမှာ အကြီးဆုံးဂိုဏ်းပဲ။ လက်ရှိကောင်းကင်ဖွေရှာနန်းတော်တောင် ကောင်းကင်ဂိုဏ်းကို ကျော်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျင်းကုမူက ကောင်းကင်နယ်ပင် နောက်ဆုံးအဆင့် ရောက်နေပြီလို့ ပြောကြတယ်။ အင်ပါယာငါးခုထဲမှာ ဒီအဆင့်ထိ ရောက်ဖူးတာ သူတစ်ယောက်ပဲ ရှိတာ။ ဒါပေမဲ့လည်း ကျင်းကုမူက လူအများနှင့် ပေါင်းသင်းဆက်ဆံရတာ မကြိုက်ဘူး။ အတော်လေးလည်း အထက်စီးဆန်တယ်။ အဲဒါကြောင့် ကောင်းကင်ဂိုဏ်းသားတွေက အမြဲတမ်း တခြားသူတွေရဲ့အပေါ်မှာချည်းပဲ။ လွန်ခဲ့တဲ နှစ်များစွာက ဂိုဏ်းချုပ် ရုတ်တရက် ပျောက်သွားခဲ့တယ် 

သူတို့ဂိုဏ်းချုပ်မရှိတော့ အရင်က ပြဿနာတွေက တစ်ခါတည်း စုပြုံပြီး ရောက်လာတယ်။ တပည့်အချင်းချင်းကြားက ရှုပ်ထွေးမှုတွေကြောင့် ဂိုဏ်းလည်း ပြိုလဲသွားခဲ့တယ်။ အဲဒီမှာ ကောင်းကင်ဖွေရှာနန်းတော်က နေရာရလာပြီးတော့ သူ့တို့နာမည်ကိုပျောက်ဆုံးနယ်မြေတစ်ခုလုံးကနေ ဖယ်ရှားလိုက်တယ် 

ရှင်းဟန် အင်ပါယာထဲက ကောင်းကင်ဂိုဏ်းသုံးခုဖြစ်တဲ့ ကောင်းကင်ဓားကျွန်း၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ကောင်းကင်တေးသီဂိုဏ်းတို့ကို ကောင်းကင်ဂိုဏ်းရဲ့ မျိုးဆက်တွေက ထူထောင်ထားတာ။ ကျွန်မတို့ ထျန်းဂျီဂိုဏ်းလည်း ကောင်းကင်ဂိုဏ်းနဲ့ ဆက်နွယ်နေတယ်။ ပြီးတော့ ကောင်းကင်ဖွေရှာနန်းတော်ကို တည်ထောင်ခဲ့တဲ့ အကြီးအကဲတစ်ဦးက ကောင်းကင်ဂိုဏ်းရဲ့ အပြင်စည်းတပည့်လေ။ ဒါပေမဲ့လည်း ကျွန်မတို့ ထျန်းဂျီဂိုဏ်းက အဆင့်နိမ့်နေတော့ ဘယ်သူကမှ ဂရုမစိုက်ကြပါဘူး … ”

ကောင်းကင်ဖွေရှာနန်းတော်က ကောင်းကင်ဂိုဏ်းကို ဘာလို့ ဖယ်ရှားချင်နေတာလဲ …” 

မိုဝူကျီက မေးကြည့်လိုက်သည်။

ကောင်းကင်ဂိုဏ်းနာမည်ကို မပြောဖို့ ကောင်းကင်ဖွေရှာနန်းတော်မှာ တားမြစ်ထားတယ်လို့ ကြားဖူးတယ်။ တစ်ခုက ကောင်းကင်ဖြစ်နေတုန်း နောက်တစ်ခုက ကောင်းကင်ဖွေရှာ ဖြစ်နေတော့ တဆင့် နိမ့်နေတာပေါ့။ ကျင်းကုမူသာရှိရင် ကောင်းကင်ဖွေရှာနန်းတော်က ဘာမှ ပြောရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူပျောက်ဆုံးသွားတော့ ကောင်းကင်ဖွေရှာနန်းတော်က ဒီအတိုင်း ကြည့်မနေတော့ဘူး …” 

စန်ယီပင်းက ရှင်းပြလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ပစ္စည်းများကို ယခင်နေရာအတိုင်း ပြန်ထားလိုက်ကာ

  “ အပြင်မှာ ဆက်ပြောကြတာပေါ့ .. 

လေးယောက်သား မိုဝူကျီက ဆေးပုလင်းများကို စင်ပေါ်မှာ ထားခဲ့ရုံသာမက အားလုံးကို ထားခဲ့သည်ကို တွေ့လိုက်ရသည်။ ထို့နောက် အခန်းအထဲမှ ထွက်လာလေသည်။

အားလုံး အခန်းမှ ထွက်လာပြီးနောက်တွင် မိုဝူကျီက ပြောလိုက်သည်

ကောင်းကင်ဂိုဏ်းချုပ် ချန်ထားခဲ့တဲ့ သတင်းအရ နည်းနည်း သိလိုက်ရတယ်။ ပထမဆုံးက ကောင်းကင်ပင်လယ်ကို ဆက်သွားရင် ကျန်းမို နယ်မြေရှိလိမ့်မယ်။ ဒုတိယအချက်က ကျင်းကုမူက စစ်မှန်ခြင်းနတ်ဘုရားအဆင့် နောက်ဆုံးရောက်တာတောင် ကျန်းမိုနယ်မြေထဲမှာ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ အဲဒါက ကျန်းမိုနယ်မြေမှာ ထိပ်တန်းကျင့်ကြံသူတွေ အများကြီးရှိတယ်လို့ ပြောတာပဲ။

တတိယအချက်က အပြင်ဘက်မှာရှိနေတဲ့ အင်မော်တယ် အမွေအနှစ်တွေကို ကျင်းကူမူထားထားတာ ဖြစ်ရမယ်။ နောက်ဆုံးအချက်က ကောင်းကင်ဘူးသီးကျွန်း မြှပ်သွားတာက တစ်ယောက်ယောက်က အင်မော်တယ် အမွေအနှစ်ကို ယူသွားလို့ပဲ။ ပြီးတော့ အပြင်ဘက်မှာ ထားထားတာက တစ်ယောက်မှ သူ့ကို မနှောင့်ယှက်အောင်လို့ ဖြစ်နိုင်တယ် … ”

ဒီလိုလဲ ဖြစ်နိုင်တာပဲ .. 

ဖူချန်းက မိုဝူကျီ စကားများကို ထောက်ခံလိုက်လေသည်။

ထိုသို့ဆိုလျှင်ပင် မိုဝူကျီက မျက်မှောင်ကျုတ်လျက် ထပ်မေးလိုက်သည်

ဒါပေမဲ့ ကြားထဲက ပြဿနာတွေကို သတိထားမိကြလား ….”

ဘာပြဿနာများလဲ .. 

စန်ယီပင်းနှင့် အခြားလူများက ဆက်တိုက် မေးလိုက်တော့သည်။

မိုဝူကျီက အနောက်ဘက်မှ အခန်းကို ညွှန်ပြပြီးတော့ 

ပထမဆုံး ကျင်းကုမူပြောထားတဲ့ ကျောက်စိမ်းပြားက အင်မော်တယ် အမွေအနှစ်တွေကို အသက်သွင်းနိုင်တယ်ဆိုပေမဲ့ အင်မော်တယ် အမွေအနှစ်တွေက မရှိတော့ဘူး။ တကယ်လို့ အင်မော်တယ် အမွေအနှစ်တွေကို အသက်မသွင်းရင် ဘယ်လိုလုပ် ပျောက်သွားမှာလဲ။ ဒုတိယအချက်က ကျင်းကုမူက ကောင်းကင်ပင်လယ်ကနေ ထွက်ပြေးလာပြီး ဒီနေရာကို ရွေးချယ်ခဲ့တယ်။ သူ့စကားတွေအရ သူက ဒဏ်ရာအပြင်းအထန် ရနေတယ်ဆိုတာ ပြောနိုင်တယ်။ အဲဆိုရင် မြေပုံတွေကို ဘယ်သူက ပေးခဲ့တာလဲ 

နောက်ပြဿနာတစ်ခုက လူတွေက အင်မော်တယ် အမွေအနှစ်ကို ရှာနိုင်မှတော့ ဘာလို့ ကျင်းကုမူ နေတဲ့ အခန်းကို ဘယ်လိုလုပ် မရှာဘဲ နေပါ့မလဲ … ”

သူက နောက်ဆုံးအချက်ကို ပြောလိုက်သည့်အခါ မိုဝူကျီစိတ်ထဲတွင် စိုးရိမ်မိသွားသည်။ အကြောင်းမှာ အင်မော်တယ် အမွေအနှစ်များကို ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ ယူသွားခဲ့သည်ဆိုလျှင် သူတို့က ကျင်းကုမူအခန်းကို ရှာမတွေ့သည်မှာ ဖြစ်နိုင်လေသည်။ နှစ်ယောက်လုံးက မကျင့်ကြံဖူးသည့်အတွက် ကျင့်ကြံသူ တံခါးတာအိုကို သတိပြုမိမည် မဟုတ်ချေ။ မည်သို့ပင် ဖြစ်နေပါစေ ကျောက်စိမ်းပြားက ရှိနေသေးသည့်အတွက် သူတို့နှစ်ယောက်က အင်မော်တယ် အမွေအနှစ်ကို မည်သို့ ယူဆောင်သွားသနည်း။

 

 


rate now: