book

Index 215

အခန်း (၂၁၅) : အင်မော်တယ် တည်နေရာ မြေပုံ

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五

မီးဖိုချောင်ထဲ စစ်ဆေးပြီးနောက်တွင် လူအုပ်ကြီးက သင်္ဘော၏ အကျယ်ဆုံးအခန်းဆီ ပြန်ရောက်လာကြသည်။ သင်္ဘောပေါ်တွင် လူတစ်ယောက်မျှ မရှိသော်လည်း အခန်းတိုင်းက သေသပ်နေကာ တစ်ယောက်မှ အထဲဝင်ကြည့်ဖို့ မပြောကြချေ။

ကျန်းရှားပိုင်က ဦးစွာ ပြောလိုက်သည်

မိတ်ဆွေတို့ ကျုပ်တို့ သင်္ဘောအနှံ့လိုက်ရှာပြီးသွားပြီ။ ဘာအန္တရာယ်မှတော့ မတွေ့ဘူး ပြီးတော့ အခန်းတွေအများကြီး ရှိတယ်။ သင်္ဘောပေါ်လာတာ နည်းနည်း ထူးဆန်းနေပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ တွေးကြည့်ကြပါဦး ဒီသင်္ဘောကို ကမ်းကပ်ပြီးတော့မှ  လှိုင်းလုံးကြောင့် ပြန်ပါလာတာ ဖြစ်နိင်တာပဲလေ ...  ”

ကျန်းရှားပိုင်က သူ့ကိုယ်သူ ထပ်၍ မပြောနိုင်တော့ပေ။ သူပြောသလို ဖြစ်နိုင်ချေက အလွန်နည်းပါးလှရာ မဖြစ်နိင်သည့်ဘက်သို့ ရောက်နေလေပြီ။

အော်မိသော်ဖော ...  ကိုယ်တော် ထင်တာတော့ ဒီသင်္ဘောက ကောင်းကင်ပင်လယ်ထဲ ရည်ရွယ်ချက်ရှိရှိ ရောက်လာတာပဲ နေမယ် ..  

ဘုန်းကြီးက မျက်နှာထားတည်တည် ဖြင့် ပြောလိုက်သည်။

ကိုယ်တော် စကားပြောတဲ့အခါ ရှေ့နောက် ဖြစ်နိုင်ချေလေး တွေးပါဦး။ အခုလေးတင် အစ်ကိုကျန်းရဲ့ ဇာတ်ကြောင်းက မဖြစ်နိင်တဲ့ဘက် ရောက်နေပေမဲ့  ဖြစ်နိုင်ချေ နည်းနည်းတော့ ရှိသေးတယ်။ ဒါပေမဲ့ ကိုယ်တော်ပြောတာက လုံးဝကို အဓိပ္ပါယ်မရှိတာကြီးပဲ ... အဲဒီလူရဲ့ ဦးနှောက် ပျက်သွားပြီလို့များ ထင်နေတာလား။ သူက ဘာရည်ရွယ်ချက်နဲ့ သင်္ဘောအလွတ်ကြီးကို ကောင်းကင်ပင်လယ်ထဲ လွတ်ရမှာလဲ ..  

လူသန်ကြီး ဖူချန်းက ထေ့ငေါ့ကာ ဝင်ပြောလိုက်သည်။

ဘုန်းကြီးက ဖူချန်းကို အံ့ဩတကြီး ကြည့်ကာ

တမင်လား ..  ပုံမှန်ဆိုရင် သူက ကိုယ်တော်တို့ကို ခြောက်လန့်ဖို့ လုပ်တာလေ။ ဒကာက မကြောက်ဘူးလား ။ သေချာတွေးကြည့်ပါဦး။ ကောင်းကင်ပင်လယ်ဆီ သင်္ဘောပို့လိုက်တဲ့သူက ကိုယ်တော်တို့ရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရုပ်တွေကို မြင်ပြီးတော့ သူက အားရပါးရ ရယ်မောမနေနိုင်ဘူးလား ... 

မိုဝူကျီက ထိုဘုန်းကြီးသည် အမှန်ပင် လူပြောင်ဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူက လေးလေးနက်နက် ဖြစ်နေကာ သူက အမှန်တရာများကို ပြောနေသကဲ့သို့ ထင်ရသော်လည်း အမှန်မှာ အားလုံး အရေးမပါတာချည်း ဖြစ်နေသည်။

ဖူချန်းက ဘုန်းကြီးကို စိုက်ကြည့်ရင်း ပြောလိုက်သည်

ဟုတ်တာပေါ့ ကျုပ်နည်းနည်းတော့ လန့်သွားမိတယ် .. 

ဘုန်းကြီးက လက်ခုပ်တီးရင်း ပြောလိုက်သည်

တွေ့လား .. ကိုယ်တော်‌ ပြောတာမှန်ပါတယ်။ သင်္ဘောကို လွတ်လိုက်တဲ့သူက သူ့ရည်ရွယ်ချက် အထမြောက်သွားလောက်ပြီ။ ဘယ်လောက်တောင် ကြံစည်ရတာလဲ ..  ကိုယ်တော်နဲ့ တွေိ့လို့ကတော့ သူ့အရိုးတွေကို အပိုင်းပိုင်းဖြတ်ပစ်မယ် ..  အော်မိသော်ဖော  ခွင့်လွတ်ပေးကြပါ  လောဘ၊‌ ဒေါသ၊ မောဟ ပညတ်ချက်ထဲမှာ ကိုယ်တော် အပြစ်ကျုးလွန်မိသွားတယ်။  အများဆုံး သူ့အရိုးကို အပိုင်းပိုင်းဖြတ်သင့်တယ်ဆိုပေမဲ့လည်း ကြင်နာသနားတတ်ရဦးမယ်လေ ...  ကိုယ်တော်  ဆက်ပြီး မပြောသင့်တော့ဘူး ... 

မိုဝူကျီက ဘုန်းကြီး ဆက်ပြောရာမှ တားဆီးရန် ဝင်ပြောလိုက်သည်

အားလုံးက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာကြတာလဲ ...  ပြီးတော့ အားလုံးက ပင်လယ်ထဲမှာ ဒုက္ခတွေ့ပြီးတော့ ဒီမှာအတူတူ လာဆုံနေကြတယ် .. 

အဖွဲ့က ချက်ချင်းပင် တိတ်ဆိတ်သွားကာ တစ်ယောက်မှ မိုဝူကျီ မေးခွန်းကို မဖြေကြချေ။ အကြည့်နှင့်တင် အားလုံးက သူတို့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိပြီး မျှဝေမပေးချင်မှန်း သိသာလှသည်။

မိုဝူကျီက တည့်တိုးသာ ပြောလိုက်သည် 

ကျုပ်က ပင်လယ်မြေပုံကြောင့် ရောက်လာတာ။ ဒီမြေပုံမှာ အင်မော်တယ် တည်နေရာပါတယ် ...

မိုဝူကျီက တိုက်ရိုက်ပြောလိုက်သည့် အကြောင်းအရင်းကား ထိုကိစ္စကို  သံသယဝင်နေသည်မှာ ကြာလှပြီ ဖြစ်လေ၏။ ပင်လယ်သည် ကြီးမားကျယ်ပြောလွန်းသော်လည်း ကံဆိုးစွာဖြင့် သူတို့က အတူတကွ လာဆုံစည်းနေကြသေးရာ မထူးဆန်းပေဘူးလား ...  ထိုသည်က ရိုးရိုးရှင်းရှင်း တိုက်ဆိုင်တာ မဖြစ်နိုင်ပေ။

အာ ... 

ကျောင်းယန်က ဦးစွာ ပထမဆုံးတုံ့ပြန်သူ ဖြစ်ရာ 

ကျွန်မတို့လည်း အင်မော်တယ် တည်နေရာပြထားတဲ့ မြေပုံကို တွေ့ခဲ့တာ ..

ချီဝမ်ရွမ်က ကျောင်းယန်ကို တားဆီးချင်သော်လည်း မမှီလိုက်ပေ။ ထို့ကြောင့် သူက ကျောင်းယန်စကားများကို ထောက်ခံပေးရုံသာ ရှိတော့သည်

ဟုတ်တယ် .. ကျုပ်တို့လည်း ကောင်းကင်ပင်လယ်ထဲ ထွက်လာတာက အဲဒီမြေပုံကြောင့်ပဲ .. 

အားလုံး၏ မျက်နှာများတွင် ထူးဆန်းသော အမူအယာ ဖြစ်ပေါ်နေလေ၏။ မျက်နှာမည်း လူသန်ကြီးက ရုတ်တရက် မြေပုံကို ကြမ်းပြင်ပေါ် ပစ်ချကာ

အဖွားကြီး ကျုပ်ကို အရူးလုပ်လိုက်သေးတယ် .. 

မိုဝူကျီက ထိုမြေပုံကို ဝေ့ကြည့်လိုက်ကာ သူ့ကို ကျင်းလင်ပေး ဆွဲပေးလိုက်သည့် မြေပုံနှင့် ဆင်တူနေကြောင်း သိလိုက်ရသည်။ သို့သော် အဓိကအမှတ်အသားများက ခြားနားလှသည်။ ဥပမာအားဖြင့် အင်မော်တယ် တည်နေရာ အနေအထားမှာ ကွာခြားကာ နည်းနည်းနောနော ကွာခြားခြင်း မဟုတ်ဘဲ ကြီးကြီးမားမား ကွာခြားခြင်း ဖြစ်သည်။ မိုဝူကျီက ကျင်းလင်ပေး မှတ်ဉာဏ်က မတိကျလျှင်ပင် သူမက တည်နေရာအမှားတော့ ဆွဲလိမ့်မည် မဟုတ်ချေ။

လူသန်ကြီးက သူ့မြေပုံ ပစ်ချပြီးနောက် အခြားသော လူများလည်း သူတို့မြေပုံများကို ပြလိုက်ကြသည်။ တွေးထင်ထားသည့်အတိုင်း မြေပုံအားလုံးက အတူတူပင် ဖြစ်နေသည်။

ကျန်းရှားပိုင်က လေးလေးနက်နက် အမူအယာဖြင့်

အဲလိုဆိုရင်တော့ တယောက်ယောက်က ကျုပ်တို့ကို အဲဒီမြေပုံသုံးပြီးတော့ စွဲဆောင်ချင်နေတာပဲ ... အဲဒါ ဘယ်သူပဲ ဖြစ်ဖြစ် သူ့ရည်ရွယ်ချက်က အခုထိ မသေချာသေးဘူး ... 

မိုဝူကျီက သူ့မြေပုံကို ထုတ်မပြပေ။ တစ်ယောက်မှလည်း သူ့မြေပုံ မတောင်းကြပေ။ ကိစ္စများက ရှင်းလင်းလာလေပြီ။ မိုဝူကျီက သူ့မြေပုံ ထုတ်သည်ဖြစ်စေ၊ မထုတ်သည် ဖြစ်စေ အရေးမကြီးတော့ပေ။

ထိုသို့ ပြောလိုက်ပြီး ကျန်းရှားပိုင်က မိုဝူကျီဘက် လှည့်ကြည့်ကာ ပြောလိုက်သည်

ညီလေးမို မင်းက ပင်လယ်မြေပုံမှာ ပြဿနာရှိမှန်း သိတယ်ဆိုတော့ မင်းမြေပုံက ဘယ်မှာလဲ ... 

မိုဝူကျီက ကျန်းရှားပိုင် စကားများကို မကြားသည့်အလား ပြုမူကာ စူတန်းကျီဘက်လှည့်ကာ မေးလိုက်သည် 

ညီမလေး တန်းကျီ .. ကျုပ်တို့တွေ မီးဖိုချောင်မှာတုန်းက ဘယ်သူကမှ ဘာပြဿနာ ရှာမတွေ့ဘဲနဲ့ ဘာလို့မျက်မှောင်ကျုတ်နေရတာလဲ ... 

မည်သူကမှ မိုဝူကျီက စူတန်းကျီကို မေးလိမ့်မည်ဟု ထင်မထားကြပေ။ ပြောရလျှင် ဤနေရာတွင် ရှိနေသော လူအုပ်ထဲတွင် စူတန်းကျီကို သိပ်၍ အာရုံမရှိကြချေ။ သို့သော် မိုဝူကျီ မေးခွန်းကြောင့် အားလုံးက ကျန်းရှားပိုင်အကြောင်း မေ့သွားလေသည်။

ကျွန် ... ကျွန်မလည်း မသိဘူး .. 

စူတန်းကျီက ပြောရင်း အတွေးထဲ နစ်မြောနေဟန်ပေါ်သည်။

ကောင်းကျီက မတ်တပ်ရပ်၍ လက်နှစ်ဖက် ယှက်လျက် မိုဝူကျီကို ပြောလိုက်သည် 

တာအိုရောင်းရင်း ကျုပ်မြေးမလေးက အမြဲတမ်း ရှက်တတ်လို့ပါ ဘယ်သွားသွား သူမက ဘာမှပြောလေ့မရှိဘူး။ ဒီကရောင်းရင်း အမြင်မှားတာ နေမှာပါ .. 

မိုဝူကျီက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

ကျုပ် အမြင်မှားတာ မဟုတ်ဘူး။ ညီမလေး တန်းကျီ တကယ်လို့ မပြောချင်ရင် အတင်းတွန်းအား မပေးတော့ပါဘူး။ ပြီးတော့ ကျုပ်က ဒီမှာ မနေတော့ဘူး။ အားလုံးက သူတို့အတွေးတွေကို စိတ်ထဲမှာပဲ ထားထားရင် အားလုံးအတူနေပြီးတော့ ပူးပေါင်းလဲ အလကားပဲ ... 

ကျွန်မ...  ကျွန်မ ... 

စူတန်းကျီ အသံက တုန်တုန်ယင်ယင် ထွက်ပေါ်လာလေသည်။

ကောင်းကျီက စူတန်းကျီ တစ်ခုခု ပြောတော့မည်ကို ခံစားမိပြီး သူက တည့်တိုး ဝင်ပြောလိုက်သည်

စူတန်းကျီ ပြောစရာရှိရင် ပြောပြလိုက်ပါ .. ငါတို့အားလုံး အတူတူ ပူးပေါင်းကြမှာပဲလေ .. 

ကောင်းကျီ၏ အာမခံပေးမှုကြောင့် စူတန်းကျီသည် နောက်ဆုံးတွင် ပြောပြရန် ဆုံးဖြတ်လိုက်လေသည်

မီးဖိုချောင်ထဲက အိုးအကြီးကြီးမှာ သွေးတွေနဲ့ ပြည့်နေတယ်။ ဒါပေမဲ့ အားလုံးက သာမာန်ကိစ္စလို့ ထင်ကြတော့ ကျွန်မက ဘာမှမပြောတော့တာ .. 

အဖွဲ့ထဲမှ အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြလေသည်။ မီးဖိုချောင်ထဲတွင် အိုးတစ်ခုသာ ရှိ၍ အားလုံးက ဖွင့်ကြည့်လိုက်သည့်အခါ ဆန်ကိုသာ တွေ့ခဲ့ရသည်။

အဓိပ္ပါယ်မရှိတာတွေ .. အိုးထဲမှာ ဆန်တွေရှိနေတာပဲလေ .. ဘယ်မှာ  ....” 

ကောင်းကျီက ပြောရင်း ရပ်တန့်လိုက်လေသည်။ စူတန်းကျီသည် သူ့နောက်သို့ အမြဲတမ်းလိုက်ပါနေသည်ဖြစ်၍ သူမ ရိုးသားကြောင်း သိ၏။ သူမက ထိုသို့ကိစ္စများကို လိမ်ညာပြောဆိုမည် မဟုတ်ပေ။

မိုဝူကျီက စိတ်စွမ်းအား စေလွှတ်၍ မီးဖိုထဲမှ အိုးကို စစ်ဆေးကြည့်လိုက်သည်။ ဆန်အိုးထဲတွင် ဆန်နှင့်သာ ပြည့်နေလေသည်။ ထို့နောက် သူက စိတ်စွမ်းအားကို ဆန်အိုးထဲ အာရုံစိုက်ထားလိုက်သည်။

စိတ်စွမ်းအားဖြင့် သွေးနံ့ကို ချက်ချင်း ရလိုက်သည်။ ဆန်များက သွေးများအဖြစ် ပြောင်းလဲသွားလေသည်။ စူတန်းကျီ စကားများက မှန်ကန်နေပေသည်။

မိုဝူကျီ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီးတော့ စိတ်စွမ်းအားဖြင့် မီးဖိုထဲမှ သစ်သားချောင်းကို စစ်ဆေးကြည့်လိုက်သည်။ သူ့စွမ်းအားက အထဲဝင်ရောက်သွားသည့်အခါ သစ်သားချောင်းများက အရိုးဖြူများအဖြစ် ပြောင်းလဲသွားလေသည်။ ထို့နောက် သူက အခြားသော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည့်အခါ အခန်းများက ယခင်ကဲ့သို့ သန့်သန့်ရှင်းရှင်း မဟုတ်တော့ဘဲ ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေလေသည်။ အဝတ်များက နေရာအနှံ့ ပြန့်ကျဲနေကာ ကုတင်အောက်တွင် အရိုးခြောက်များ ရှိနေသေး၏။

ဤအခန်းကြီးထဲတွင် အတွင်းပိုင်းက ဖုန်များနှင့် ပြည့်နေလေသည်။ သူ့ဘေးတွင် သစ်သားခုံကို မှီနေသည့် အရိုးခြောက်တစ်စုံ ရှိနေသည်။ အခန်းကား ကြောက်မက်ဖွယ် ကောင်းလှသည်။

ကောင်းကျီဆီမှ အဆူခံရပြီးနောက်တွင် စူတန်းကျီက ပို၍ပင် တိတ်ဆိတ်သွားတော့သည်။

တစ်ချက်ပြန်ပြီးတော့ ကြည့်ကြည့်ရအောင် .. 

ကျန်းရှားပိုင်က မတ်တပ်ရပ်ရင်း ပြောလိုက်သည်။ သူက လက်ပြတ်ကို တက်နင်းမိလိုက်သည်ကို သတိပြုမိဟန် မပေါ်ပေ။

မိုဝူကျီက သူ့အသံ တုန်တုန်ယင်ယင် ဖြစ်နေရုံကလွဲ၍ မတတ်နိုင်ချေ။ အမှန်ပင် သူက စိုးရိမ်နေမိသည်။

ပြန်ကြည့်နေဖို့ မလိုပါဘူး။ ညီမလေးစူတန်းကျီ စကားတွေက အမှန်တွေနေမှာ။ ဒီသင်္ဘောက တကယ်ထူးဆန်းတယ်။ ကျုပ် အပေါ်သွားလိုက်ဦးမယ် ... 

မိုဝူကျီက ပြောရင်း အဓိကကုန်းပတ်သို့ တက်သွားလိုက်သည်။

အာ .. မိန်းမငယ်လေး စကားကို အမှန်လို့ ထင်နေတာလား .. ခဏစောင့်ဦး ကျုပ်သွားကြည့်ပြီးတော့ ဆန်တစ်ဆုပ်လောက် ယူခဲ့မယ်။ ဒီလောက်သတ္တိလေးနဲ့ ဘယ်လိုများ ရတနာရှာမှာလဲ ...  

တစ်ချိန်လုံး တိတ်ဆိတ်နေသည့် မန်ကျီက ရုတ်တရပ် ထရပ်ရင်း မီးဖိုချောင်ရှိရာ အောက်ထပ်ဆီ ပြေးဆင်းသွားလေသည်။

ညီလေးမန် စောင့်ဦး အားလုံးအတူတူ သွားရအောင် ... 

ကျန်းရှားပိုင်က နောက်မှ အော်ခေါ်လိုက်သော်လည်း မန်ကျီက ထွက်သွားလေပြီ။

ချီဝမ်ရွမ်နှင့် ကျောင်းယန်တို့ စုံတွဲက မိုဝူကျီနောက်မှ ကုန်းပတ်သို့ လိုက်မသွားခင် အနည်းငယ် တွေဝေနေလေသည်။ ကောင်းကျီက စူတန်းကျီစကားများကို သံသယမဖြစ်မိပေ။ ထို့ကြောင့် မိုဝူကျီနောက်သာ လိုက်သွားတော့သည်။

သင်္ဘောအလယ်ထပ်တွင် ကျန်းရှားပိုင်၊ ချီစုစု၊ ဘုန်းကြီးနှင့် မျက်နှာမည်း လူသန်ကြီးသာ ကျန်ရှိနေလေသည်။

ခင်ဗျားတို့တွေက ကျုပ်နဲ့လိုက်ပြီးတော့ ကြည့်ချင်ကြလား .. 

ကျန်းရှားပိုင်က မန်ကျီ ပျောက်ကွယ်သွားကာ သူ့ခြေလှမ်းများပင် မကြားရသည့်အခါ သူက နည်းနည်း ကြောက်ရွံ့မိလာလေသည်။

အော်မိသော်ဖော ... ကိုယ်တော် လိုက်ခဲ့ပါ့မယ်။ ကိုယ်တော်ထင်တာတော့ ဒီသင်္ဘောရဲ့ပိုင်ရှင်က အဲဒီအိုးထဲ ပုန်းနေလောက်မယ် .. 

ဘုန်းကြီးက လေးနက်စွာ ပြောလိုက်သည်။ သူ့ခန့်မှန်းချက်က ရာနှုန်းပြည့်မှန်နေသကဲ့သို့ ပြောနေခြင်း ဖြစ်၏။

မျက်နှာမည်း လူသန်ကြီးက ထရပ်ကာ ပြောလိုက်သည်

ကျုပ်တော့ မဖြစ်နိုင်တာမရှိဘူးလို့ ထင်တယ်။ အစ်ကိုကျန်းက ဒီလိုဖိတ်ကြားမှတော့ လိုက်ပါ့မယ် ... 

ထိုသို့သဘောတူလိုက်ပြီး လေးယောက်သား သင်္ဘောအတွင်းပိုင်းသို့ ဆင်းလာကာ မီးဖိုချောင်ဆီ ဦးတည်လိုက်တော့သည်။

အစ်ကိုမို ညီမလေး တန်းကျီရဲ့ စကားတွေက အမှန်ပဲလား ...

စူတန်းကျီက ဘေးတွင် ရပ်နေသော်လည်း ကျောင်းယန်က မိုဝူကျီကို ဖြူဖျော့ဖျော့မျက်နှာဖြင့် မေးလိုက်လေသည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ကာ

အမှန်တွေပဲ .. မှန်လာလိမ့်မယ် .. 

အဲဆို ဘာလို့ ကျွန်မတို့ ကျန်တဲသူတွေက မမြင်ရတာလဲ ...  

မိုဝူကျီ၏ အတည်ပြုအဖြေကို ကြားပြီး ကျောင်းယန်က ပို၍ပင် ကြောက်ရွံ့လာလေသည်။

အကြမ်းဖျင်း ရှင်းပြပြီးနောက် မိုဝူကျီက ပြောလိုက်သည်

တကယ်လို့ ကျုပ်ခန့်မှန်းတာ မမှားရင် အစစ်အမှန်ဖြစ်နေတဲ့ ဒီသင်္ဘောကလွဲရင် သင်္ဘောထဲက အရာအားလုံးက အတုအယောင်တွေပဲ ... ပုံရိပ်ယောင်အစီအရင် ဖြစ်နိုင်တယ်။ အဲဒါက ကျုပ်တို့ရဲ့ ပုံမှန်တွေးခေါ်နှုန်းတွေကို ပျောက်ဆုံးစေတယ် .. 

ထိုသည်က ဖြစ်နိုင်တာလေးမျှ မဟုတ်ပေ။ မိုဝူကျီက ဤသင်္ဘောပေါ်တွင် ပုံရိပ်ယောင်အစီအရင်ရှိကြောင်း သေချာသည်။ သူက ချူရှင်ကျီ အစီအရင်ကို တစ်ရက်၊ နှစ်ရက် လေ့လာထားရုံမျှ မကပေ။ သူက ပုံရိပ်ယောင်အစီအရင်ကို မသိသေးသော်ငြား သူက အစီအရင်အများစုကို သင်ယူပြီးလေပြီ။

ညီလေးမို စကားတွေက မှန်လောက်မယ်။ ကျုပ်တို့စူတန်းကျီက အဲလိုကိစ္စမျိုးကို လိမ်မဲ့သူ မဟုတ်ဘူး ..

ကောင်းကျီက ထပ်ပေါင်း ပြောလိုက်သည်။

မိုဝူကျီက ပြင်းထန်နေသည့် လေအားနှင့် လှိုင်းလုံးများကို ကြည့်ကာ သူက သင်္ဘောပေါ်မှ ထွက်သွားသင့်ကြောင်း စဉ်းစားနေမိသည်။ တစ်ယောက်ယောက်က သူတို့ကို မြေပုံနှင့် မြှားခေါ်ထားသည့်အတွက် ရိုးရိုးရှင်းရှင်း အလွတ်ပေးမည်လား ...

ညီလေးမို အခုဘာလုပ်ကြမလဲ .. 

ချီဝမ်ရွမ်က ကိစ္စများကို  သတိပြုမိပြီးလေပြီ။ မိုဝူကျီ စွမ်းအားက မသိသာသော်လည်း သူ့မြင်နိုင်စွမ်းက သေချာပေါက် လစ်ဟာမနေပေ။

မိုဝူကျီက ပြန်ဖြေခါနီးတွင် သူ့အမူအယာများက ရုတ်တရက် ပြောင်းလဲသွားတော့သည်။ အောက်ထပ်ရှိ လူငါးယောက်တွင် တစ်ယောက်က ပျောက်ဆုံးသွားလေပြီ။ ပထမဆုံးဆင်းသွားသည့် မန်ကျီက ပျောက်ဆုံးသွားလေ၏။ သူ့စိတ်စွမ်းအားဖြင့် သင်္ဘောတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သော်လည်း မန်ကျီကို  ရှာမတွေ့တော့ချေ။

 

 


rate now: