book

Index 209

အခန်း (၂၀၉) : ငြီးငွေ့တောအုပ်အတွင်း မြေကွက်လပ်

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五

ဒါဆို ရှင်က ဂိုဏ်းထဲ ဝင်သွားတယ်ဆိုတဲ့ မိုဝူကျီလား ... 

ဟွားရွမ်က အံ့ဩတကြီး မေးလိုက်တော့သည်။

မိုဝူကျီက ဤနေရာတွင် ဒေါ်လေဆယ့်တစ်နှင့် မိုရှင်းထောင်အကြောင်း ကြားရလိမ့်မည်ဟု ထင်မထားသဖြင့် အတော်လေး ပီတိဖြစ်သွားလေသည်။

ဟုတ်ပါတယ် ကျုပ်က မိုဝူကျီပါ .. အခု ဒေါ်လေးဆယ့်တစ်နဲ မိုရှင်းထောင်နဲ့ တွေ့ဖို့ ခေါ်သွားပေးနိုင်မလား ... 

မိုဝူကျီက ရယ်မောရင်း ပြောလိုက်တော့သည်။

မိုဝူကျီက သူတို့နှင့် လမ်းခွဲပြီးနောက်တွင် သူတို့က သိမ်မွေ့အမဲလိုက်သုံးဖော်ဟု အဖွဲ့ဖွဲ့ထားလိမ့်မည်ဟု ထင်မထားမိပေ။ ယုံကြည်စရာ မကောင်းဆုံးကိစ္စရပ်မှာ သူက ထိုအဖွဲ့ဝင်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

သူတို့၏ တတိယအစ်မသည် မိုဝူကျီ၏ ဒေါ်လေး ဖြစ်နေကြောင်း အတည်ပြုပြီးနောက် ဟွားရွှမ်က စိတ်လှုပ်ရှားလာ၍ လက်များပင် တုန်ယင်လာလေသည်။ ဟွားရွမ်က စိတ်ကို ငြိမ်ငြိမ်ထားကာ မိုဝူကျီကို ပြန်ဖြေမည့်အစား သူမက နောက်မှ မြင်းစီးသမားကို မကာ နောက်မှ သေဆုံးသူတွေအကြား ပစ်လွတ်လိုက်တော့သည်။

မြင်းစီးသူ ခန္ဓာကိုယ်ကို ဟွားရွမ်က အလွယ်တကူ မယူနိုင်ကာ လေပေါ်တွင် ဝှေ့ယမ်းရင်း အနောက်သို့ ပစ်ချလိုက်လေသည်။

အစ်ကိုမို .. ဒီနေရာမှာ သူက  ကျွန်မစကားတွေကို ကြားလို့ မဖြစ်တဲ့သူပေမဲ့ ဒုတိယအစ်မကို ဖမ်းထားတဲ့နေရာ သိတဲ့သူမလို့ သတ်လို့ မရသေးဘူး ...  

ဟွားရွမ်က သက်ပြင်းချရင်း သူမဒေါသကို ထိန်းချုပ်လိုက်လေသည်။ သူမက မိုရှင်းထောင်ကို တတိယအစ်မဟု ခေါ်သော်လည်း မိုဝူကျီကို ဂျူနီယာအဖြစ် မဆက်ဆံရဲပေ။

လင်းပေးက အဖမ်းခံထားရတာလား .. 

မိုဝူကျီက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။ သူက ကျင်းလန်ပေးကို ကယ်တင်ပေးခဲ့သူ ဖြစ်ရာ သူမနှင့် မိုရှင်းထောင်မှာ ညီအစ်မရင်းနှစ်သည်းချာကဲ့သို့ ဖြစ်ကြသည်။ ကျင်းမျိုးနွယ်က မိုရှင်းထောင်ကို ကယ်တင်ခဲ့သည့်အတွက် ယခု ကျင်းလန်ပေး အဖမ်းခံရသည့်ကိစ္စကိုကြားသောအခါ အမှန်ပင် ဂရုစိုက်မိသည်။

သူမကို ဝူရှောင်ဝူရွှောင်ခေါ်သွားတာ ..  

ဟွားရွမ်က အံ့ကို ကြိတ်၍ ပြောလိုက်သည်

ဒုတိယအစ်မက အနက်ရောင်ပျားမြီးကို အတော်လေး မုန်းတီးနေတာ အဲဒါကြောင့် လက်စားချေဖို့ ဆုံးဖြတ်ခဲ့တာ။  ထွက်သွားဖို့ ပြင်နေတဲ့ အစ်မကြီးကနေပြီးတော့ ဒုတိယအစ်ကို ကူညီပေးခဲ့တယ်။ အဲဒါပြီးတဲ့နောက်ကျ သူတို့အင်အားက ဟိုဘက်နဲ့ ယှဉ်ဖို့ မလုံလောက်မှန်း သိလို့ ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာ ..  ”

အဲဆို သူတို့က လက်စားချေပြီးသွားပြီလား .. 

မိုဝူကျီက ထိုအကြံကို တိတ်တခိုး ချီးကျူးမိလိုက်သည်။ ဒေါ်လေးဆယ့်တစ်သည် သန်မာသော်လည်း အနက်ရောင်ပျားမြီးက နိုင်ငံ တစ်နိုင်ငံကိုပင် သိမ်းယူနိုင်သည်အထိ အားကြီးလှသည်။ ထို့ကြောင့် အမဲလိုက်အဖွဲ့ဖွဲ့လိုက်ခြင်းက ထိုသူများနှင့် ရင်ဆိုင်နိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်လေသည်။

ဟွားရွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်

အစပိုင်းတုန်းက ကျွန်မတို့က အနက်ရောင်ပျားမြီးကို ဖမ်းထားပြီးတော့ အားလုံးကို သတ်ဖို့ အဆင့်သင့်ဖြစ်နေပြီ။ အဲဒီအနက်ရောင်ပျားမြီးခေါင်းဆောင်က အဆိပ်ဆူးလို့ ခေါ်တယ် ဒုတိယအစ်မက သူ့ကို သတ်လိုက်တာကို ကျွန်မကိုယ်တိုင်တွေိ့လိုက်တာ .. အဲဒီတစ်နေရာလုံးကို မြေလှန်ရှာလိုက်တော့ တန်ဖိုးအကြီးဆုံးက ပင်လယ်မြေပုံဖြစ်နေတာပဲ .. 

စောစောက ပြောတဲ့ အင်မော်တယ် အမွေအနှစ်တွေရှိတဲ့နေရာဆိုတာလား .. 

မိုဝူကျီက မေးလိုက်သည်။

ဟွားရွမ်က ခေါင်းညိတ်ပြကာ 

ဟုတ်ပါတယ် ... အဲဒီမြေပုံကို ရပြီးတော့ အစ်မကြီးက ပင်လယ်ကို သွားဖို့ ဆုံးဖြတ်ခဲ့တာ ..

မိုဝူကျီ စိတ်ထဲ လေးလံလာလေသည်။ ဒေါ်လေးဆယ့်တစ်က ယခု ပင်လယ်ထဲ ရောက်နေမည့်အကြောင်းကို တွေးမိ၍ ပူပင်လာလေသည်။ ဒေါ်လေးဆယ့်တစ်က အားကောင်းသော်လည်း သူမက သာမာန်ကျင့်ကြံသူသာ ဖြစ်၍ ပင်လယ်ထဲသို့ ထိုမျှ အင်အားလေးနှင့် သွားခြင်းသည် သေခြင်းတရားကို ရှာနေခြင်းသာ ဖြစ်နေလိမ့်မည်။ သူက ပင်လယ်ထဲတွင် ခြေခြောက်ချောင်း လျှပ်စီးမိကျောင်းကို တွေ့ခဲ့ရ၍ ထိုအကြောင်းများက ခေါင်းထဲ အစီအရီ ပေါ်လာလေသည်။.

ဒုတိယအစ်မနဲကျွန်မက အကောင်းဆုံးကြိုးစားပြီးတော့ ဖြောင့်ဖြပါတယ်။ အစ်မကြီးက ဘယ်လိုပြောပြော နားမဝင်ဘူး။ ပင်လယ်ထဲသွားဖို့ပဲ စိတ်အားပြင်းပြနေတာ .. သူမက ပြောတယ် သူက သူမဘဝမှာ လုပ်သင့်တာတွေလည်း လုပ်ပြီးသွားပြီတဲ့ အဲဒါကြောင့် အခွင့်အရေးရလာတုန်း ကြိုးစားမကြည့်ဘဲ မနေချင်ဘူးတဲ့ .. 

ဟွားရွမ်အသံကား ပြောရင်း လေးနက်လာလေသည်။

အဲဒါဆိုရင် ဒေါ်လေးဆယ့်တစ်က ထွက်သွားပြီလား ...  

မိုဝူကျီက ဒေါ်လေးဆယ့်တစ်၏ သတ္တိကို သူတို့အတူတူ သေရည်သောက်စဉ်ကတည်းမှ သတိထားမိသည်။ သူမက အမျိုးသမီး ဖြစ်သော်လည်း သူမက မိုရှင်းထောင်နှင့်ကျင်းလင်းပေးတိုကို ပို့ဖို့ရာအတွက် ချန်လောင်မြို့သို့ သွားခွင့်ကို ပြတ်ပြတ်သားသား စွန့်လွတ်ရဲသည့် အမျိုးသမီး တစ်ဦး ဖြစ်သည်။

ယခု ဟွားရွမ်က ဒေါ်လေးဆယ့်တစ်သည် ကျင်းလန်ပေးအတွက် လက်စားချေပေးဖို့ရန် သိမ်မွေ့အမဲလိုက်သုံးဖော်ကို ဖွဲ့စည်းခဲ့ပုံကို ကြားလိုက်ရသည့်အခါ ဒေါ်လေးဆယ့်တစ် လုပ်ခဲ့သမျှ အရာအားလုံးကို သိသာသွားလေသည်။ သူမက ထိုအရာများကို သူမအတွက် မဟုတ်ဘဲ သူမမိတ်ဆွေများအတွက် လုပ်ခဲ့ခြင်း ဖြစ်သည်။

ဟွားရွှမ်က ခေါင်းကို ငုံ့ထားကာ

ဟုတ်ပါတယ် အစ်မကြီးက တကယ်ကို သွားချင်နေတာဆိုတော့ ကျွန်မတို့လည်း တားလို့ မရနိုင်ခဲ့ဘူး။ ပြီးတော့ တတိယအစ်မလည်း အစ်မကြီးနောက်ကနေ ပင်လယ်ထဲ လိုက်သွားခဲ့တယ်။ တတိယအစ်မ ပြောတာတော့ သူမက ပင်လယ်ကြီးလောက် အမုန်းတရားကို ထမ်းပိုးထားရလို့ အင်မော်တယ် နေရာကနေ ကံကောင်းခဲ့မယ်ဆိုရင် လက်စားချေနိုင်လိမ့်မယ်တဲ့ ...  သူမက ပင်လယ်ထဲမှာ သေသွားရင်တောင် နောင်တမရဘူးတဲ့ ..

မိုဝူကျီက မိုရှင်းထောင်၏ မိုမျိုးနွယ်စုအတွက် လက်စားချေလိုစိတ်ကို နားလည်၍ သက်ပြင်းသာ ချလိုက်တော့သည်။ အကြောင်းမှာ  မိုရှင်းထောင်၏ မိုမျိုးနွယ်စုအပေါ် ခံစားချက်သည် သူ့ထက် အားကောင်းလေသည်။

“”နောက်ဆုံးကျတော့ ဒုတိယအစ်မလည်း သူတို့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တာ .. ဒါပေမဲ့လည်း အစ်မကြီးနဲ့ တတိယအစ်မတို့က ဒုတိယအစ်မကို ဒီနေရာမှာ နေခိုင်းခဲ့တာ တကယ်လို့သူတို့ သုံးယောက်လုံး ထွက်သွားရင် ကျွန်မတို့လို ကျန်နေတဲ့ အဖွဲ့ဝင်တွေက ဘာဖြစ်သွားမလဲ ..  ဒုတိယအစ်မက သူတို့အကြံကို နားထောင်ပြီးတော့ သိမ်မွေ့အမဲလိုက်သုံးဖော်အဖွဲ့အတွက် နေခဲ့တာ ...

ထိုအရာကို ပြောပြီးနောက် ဟွားရွှမ်က မျက်ရည်ကျလုမတတ် ဖြစ်နေလေ၍ မိုဝူကျီက မေးလိုက်ရသည်

အဲဒါဆိုရင် ကျန်တဲ့အဖွဲ့သားတွေရော ... 

ဟွားရွှမ်က ခေါင်းကို ခါကာ သူမအသံက ပို၍ ဝမ်းနည်းကြေကွဲလာဟန်ဖြင့်

အဖွဲ့မှာ ကိုးယောက်ပဲ ကျန်တော့တာ .. ကျန်တဲ့သူတွေက သွားပြီ .. 

မိုဝူကျီ အကြည့်များက အေးစက်လာပြီး 

ဝူချောင်ဝူရွှောင်ကြောင့်လား ... 

ဟွားရွှမ်က ခေါင်းညိတ်ပြကာ

အမှန်ပဲ ... အစက ဒုတိယအစ်မက အဆိပ်ဆူးကို သတ်နိုင်ခဲ့ပြီလို့ ထင်ခဲ့တာ နောက်ပိုင်းကျတော့မှ အဲဒါက အစားထိုး ဖြစ်နေတာပဲ ... တကယ့်အစစ်က ထွက်ပြေးသွားပြီးတော့ ဝူချောင်ဝူရွှောင်တို့ကို မြေပုံအကြောင်း ပြောပြလိုက်တာ ...

ကျွန်မတို့ကို ဝူချောင်ဝူရွှောင်လူအများကြီး အဝိုင်းခံထားရတုန်းက ဒုတိယအစ်မကို သူတို့ ဖမ်းသွားတာ .. သူမက သူမကိုယ်သူမ သတ်သေဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။  အဆုံးသတ်ကျတော့ ကျွန်မတို့ လူ ၃၀ လောက်ပဲ လွှတ်လာခဲ့တာ အခုတော့ တဖြေးဖြေးနဲ့ ကိုးယောက်ပဲကျန်တော့တယ် ...  အစက ပင်လယ်ထဲ သွားပြီးတော့ အစ်မကြီးနဲ့ တတိယအစ်မကို ရှာဖို့ ကြံထားပေမဲ့ မမျှော်လင့်ထားဘဲ အစ်ကိုမိုနဲ့ တွေ့ရတာပဲ .. ကျွန်မတို့  .. ”

ကျန်သည့် စကားများဆက်မပြောဘဲဖြင့် မိုဝူကျီက အားလုံးကို နားလည်လေသည်။

ဒေါ်လေးဆယ့်တစ်နဲ့ ရှင်းထောင်တို့  ဘယ်အချိန်က ပင်လယ်ထဲ ထွက်သွားကြတာလဲ .. ဒီမြေပုံအကြောင်း လူဘယ်လောက်လောက် သိလဲ .. 

မိုဝူကျီ စိတ်ထဲမှ လူသတ်ငွေ့အရိပ်အယောင်များက ထွက်ပေါ်လာလေသည်။

ဟွားရွမ်က ပြန်ဖြေလိုက်သည် 

အစ်မကြီး၊ ဒုတိယအစ်မနဲ့ တတိယအစ်မတော့ အားလုံးကို သိတယ်။ ကျန်တဲ့သူတွေက ဝူချောင်ဝူရွှောင် လိုချင်နေတာ မြေပုံဆိုတာပဲ သိကြတယ်။  ဒါပေမဲ့လည်း အဆိပ်ဆူးက မြေပုံအကြောင်း ပြောတုန်းက လူဘယ်လောက်သိသွားတယ်ဆိုတာတော့ မသေချာဘူး  ..  အစ်မကြီးနဲ့ တတိယအစ်မတို့ ထွက်သွားတာ သုံးလကျော်နေပြီ .. 

ဟုတ်ပြီ အခု ဝူချောင်ဝူရွှောင်တို့ နေရာကို သွားကြတာပေါ့ .. 

မိုဝူကျီက ဒေါ်လေးဆယ့်တစ်နှင့် မိုရှင်းထောင်တို့ကို သွားရှာမည့်အစား ဝူချောင်ဝူရွှောင်တို့ကို သတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ အကြောင်းမှာ သူတို့ ထွက်သွားတာ သုံးလကြာနေလေပြီ။

ဒီလူကို အတင်းကြပ် ပြောခိုင်းဖို့ လုပ်လိုက်ရမလား ... 

ဟွားရွှမ်က တစ်ဦးတည်းသော အသက်ရှင်သူကို ပြောနေတာ ဖြစ်၍ မိုဝူကျီက လက်ခါပြကာ

မလိုဘူး သူကိုယ်တိုင် ခေါ်သွားလိမ့်မယ် .. 

မိုဝူကျီက မြင်းစီးသမားဆီ သွားကာ သူ့ခန္ဓာမှ ကြိုးကို ဆွဲဖြုတ်ရင်း ပြောလိုက်သည်

မင်းတို့ နေရာကို ငါတို့ကို ခေါ်သွား 

မိုဝူကျီ စကားလုံးများက ရှင်းလင်းလှသည်။ ထိုလူသာ နားမထောင်ပါက သူ့စကားနားမထောင်မချင်း သူ့သွေးကြောများကို တစ်စစီ ဆွဲစုတ်ပစ်မည် ဖြစ်သည်။ သူက လူသားသွေးကြောများနှင့် ရင်းနှီးလှသည်။ အကြောင်းမှာ သူကိုယ်တိုင် ချီသွေးကြောများကို ကိုယ်တိုင်ဖွင့်ထားရခြင်း ဖြစ်သည်။

မိုဝူကျီက သူ့ချီသွေးကြောများ ကွဲထွက်လုမတတ် ဖြစ်သည့်ခံစားချက်ကို ကြုံတွေ့ဖူး၍ မည်မျှ ခံစားရကြောင်း သိရှိသည်။ သူ့ချီသွေးကြောများက ပြဲစုတ်လုနီးပါး ဖြစ်ခဲ့သော်လည်း သူက အမှန်တကယ်စုတ်ပြဲသွားသည့် ကြောက်ခမန်းလိလိ ခံစားချက်ကိုတော့ စိတ်ကူးမကြည့်ရဲပေ။

ဟုတ်ကဲ့ပါ ဂျူနီယာ နာခံပါ့မယ် .. 

မိုဝူကျီကို အံ့ဩသွားစေသည်က ထိုစကားနှင့်အတူ မြင်းစီးသမားက တွန့်ဆုတ်နေခြင်းမရှိ သဘောတူလိုက်ခြင်း ဖြစ်သည်။

ဝူချောင်ဝူရွှောင်တို့၏ မြင်းစစ်သည် လမ်းညွှန်မှုအရ သူတို့ ၁၁ ယောက်သည် ငြီးငွေ့တောအုပ်သို့ ရောက်ရှိလာကြသည်။ မိုဝူကျီ ရုတ်တရက် ရောက်လာမှုကြောင့် ဟွားရွှမ်သည် ပင်လယ်သို့ သွားရန်ပြင်ဆင်ထားသော တစ်လတာ စားနပ်ရိက္ခာများ ပါဝင်သည့် လှည့်ကိုပင် မေ့လျော့သွားလေသည်။

ငြီးငွေ့တောအုပ်သည် လေးဖက်လေးတန်လုံးကား အားလုံးအတူတူ ကျတ်တီးမြေ ဖြစ်နေလေသည်။ သာမာန်လူတစ်ယောက်သာ ဤနေရာကို နာရီဝက်လောက် ပြေးလိုက်ရပါက သေချပေါက် ကူကယ်ရာမဲ့ ဖြစ်ပြီး လမ်းပျောက်သွားပေလိမ့်မည်။ ထိုမြင်းစီးသမားက ငြီးငွေ့တောအုပ်ကို အခေါက်ခေါက် အခါခါ ရောက်ဖူးနေသည့်အလား ခရီးတစ်လျှောက်လုံးတွင် တည်နေရာ စစ်ဆေးကြည့်ဖို့ပင် မရပ်တန့်ခဲ့ပေ။

သားရဲမြင်းများ၏ ခံနိုင်ရည်အားက သာမာန်မြင်းများထက် ပိုသာလေသည်။ နှစ်ရက်တာ စီးနင်းလာပြီးနောက် သူတို့ကို ရှစ်နာရီမျှသာ အနားပေးရသေးလေသည်။ သူတိုက ကျောက်တုံးကြီးရှေ့တွင် ရပ်လိုက်ကြတော့သည်။ ကြည့်ရသည်မှာ တောင်ကုန်းပုလေးနှင့်ပင် ဆင်နေသေးသည်။

ဘာလို့ ရပ်လိုက်တာလဲ ... 

မိုဝူကျီ အမူအယာကား ပြောင်းလဲသွားလေသည်။ အကယ်၍ ထိုသူသာ သူ့တို့အပေါ် ကြံစည်ရဲပါက သူ့၏ သွေးကြောတစ်ခုချင်းစီကို ဆွဲဖြဲပစ်ဖို့ရာ တွေဝေနေမည် မဟုတ်ပေ။

မြင်းစီးသမားက အလျှင်အမြန် ပြောလိုက်သည် 

စီနီယာ ကျွန်တော်တို့ ရောက်ပါပြီ .. 

ခွေးသူတောင်းစား .. 

ဟွားရွမ်က သူမနောက်ကျောမှ မိန်းကို ယူလိုက်သောကြောင့်  သူမလက်ထဲသို့ ရောက်လာလေသည်။ နောက်အခိုက်အတန့်တွင် မိန်းဖြင့် ထိုမြင်းစီးသမားကို ချိန်ရွယ်ထားကာ

ငါတို့ကို အရူးမှတ်နေလား .. ဒီမှာ ကျောက်တုံးက လွဲပြီး ဘာမှမရှိဘူး .. 

သို့သော်လည်း မိုဝူကျီက ထိုမြင်းစီးသမားသည် သူတို့ကို အရူးလုပ်ရဲလိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် စိတ်စွမ်းအားသုံးကာ ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းဆိုသလို တစ်ခုခု လွဲမှားနေကြောင်း သတိပြုမိလိုက်သည်။ ကျောက်တုံးဝန်းကျင်တွင် အစီအရင်အချို့ရှိနေလေသည်။

မိုဝူကျီက ဟွားရွှမ်ကို မခေါ်ခင် အေးစက်စက်အသံကို ကြားလိုက်ရသည်

မင်းတို့အားလုံးက တကယ်ကို အရူးတွေပဲ ... ဒီကျောက်တုံးအပြင် ငါ ဝူချောင်ဝူရွှောင်လည်း ရှိတယ်ကွ .. 

ထို့နောက်တွင် ဧရာမကျောက်တုံးက ဖြေးဖြေးချင်း ပွင့်လာပြီး တောက်ပနေသ့ည့် ဝတ်ရုံနှင့် လူတစ်ယောက်ပေါ်လာလေသည်။ သူ့နောက်တွင် ဘေးတစ်ဖက်တစ်ချက်စီ၌ လူရာကျော် ပါလာလေသည်။

မိုဝူကျီက ထိုအရာက အစီအရင်ဖြစ်နေသောကြောင့် အမှန်ပင် အတော်လေး အံ့အားသင့်မိသွားသည်။ ကျောက်တုံးထဲတွင် အစီအရင်လုပ်ထားခြင်းမှာ အတော်လေး လက်ရာမြောက်လှသည်။ ထို့ကြောင့် သူပင် အစီအရင်ကို သေချာသတိမပြုမိပေ။ ပုန်းကွယ်ရေး အစီအရင်ကား အလယ်အလတ်အဆင့် အစီအရင် ဖြစ်လေသည်။

ကျောက်တုံးပွင့်သွားသောအခါ အထဲတွင် ကမ္ဘာအသစ်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ နေရာအနှံ့တွင် ပန်းများ၊ ဌက်များဖြင့် ရှိနေပြီး အပြင်ဘက်တွင်ရှိသော ငြီးငွေ့တောအုပ်ထက်ပင် လှပသေးသည်။

မိုဝူကျီအတွက်  ငြီးငွေ့တောအုပ်တွင် အပင်များ ခြောက်ပြီး အားလုံးက သေဆုံးနေသည့် အကြောင်းအရင်းကို နားလည်ဖို့ အချိန်ခဏ ယူခဲ့ရသည်။ အကြောင်းမှာ ဤနေရာတွင် အပင်ရှင်သန်ဖို့ရာအတွက် မသင့်တော်၍ မဟုတ်ဘဲ အစီအရင်အထဲမှ အသက်ဓာတ်များကို ထောက်ပံ့ပေးဖို့ရာ စုပ်ယူသွားခြင်း ဖြစ်သည်။

မိုဝူကျီက ထိုပုန်းကွယ်ရေး အစီအရင်ကို နည်းနည်းနားလည်သော်လည်း သူက ထိုနေရာအစီအရင်ကိုတော့ လုံးဝမသိချေ။ သူက ချူရှင်ကျီများ ဤနေရာရောက်နေလား ဟူပင် သံသယဝင်မိသွားသည်။ သူသည် ထိုမျှ ဧရာမအစီအရင်ကို ခင်းကျင်း၍ ကျောက်တုံးနောက်တွင် ပုန်းကွယ်ထားနိုင်မည် မဟုတ်လောက်ပေ။

ဟွားရွှမ်နှင့် ကျန်လူများက ထိုမြင်ကွင်းကြောင့် ကြောင်သွားကြလေသည်။ သူတို့က သူတို့ရှေ့မှ မြင်ကွင်းကို အိမ်မက် မက်နေသည့်အလား မျက်တောင်မခတ် ငေးကြည့်နေကြသည်။

ထိုကျောက်တုံးကို ဖွင့်ပြီးနောက်တွင် လက်မအနည်းငယ် ကျယ်ဝန်းသော အပြာရောင်လမ်းကို တွေ့လိုက်ရသည်။ လမ်းတစ်ဖက်စီတွင် အလှစိုက်ထားသော သစ်ပင်များနှင့် မြစ်များပင် ရှိနေသည်။ တောရိုင်းတိရစ္ဆာန်တချို့ပင် ပြေးလွှားနေကြသည်။ ထိုသည်က ပျော်ရွှင်မှုတို့အတိ ပြည့်နေသည့် နယ်ခြားကုန်းမြေတစ်ခု ဖြစ်နေသည်။

ဟွားရွမ်က ပါးစပ်ဟောင်းလောင်းဖြင့် ငေးကြည့်နေကာ သူမ မြင်လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေသည်။ ထိုသို့လှပသော မြင်ကွင်းက ကျောက်တုံးနောက်မှ ပေါ်လာသည်တဲ့လား ...

ဆရာဝူချောင် ..

မိုဝူကျီကို ခေါ်လာသည့် မြင်းစီးသမားက သူ့စကားမဆုံးခင် သူ့လည်ပင်းကို အလင်းတန်းဖြတ်သွားကာ ခေါင်းပြတ်သွားတော့သည်။ ဤဝူချောင်က ထိုလူကို တွေဝေခြင်းမရှိ သတ်ပစ်လိုက်လေသည်။

မိုဝူကျီက ချက်ချင်းလက်ငင်း ထိုသူက ကျင့်ကြံသူ ဖြစ်ကြောင်း အတည်ပြုလိုက်တော့သည်။

 

 


rate now: