နောက်ကျောတွင် မြိန်းလက်နက် ချိတ်ဆွဲထားသည့် အနီရောင်ဝတ်ရုံနှင့် ခြေတံရှည်အမျိုးသမီးတစ်ဦးက ရှေ့ထွက်လာကာ မိုဝူကျီကို ခြုံငုံ ကြည့်လိုက်ပြီး ပြောလိုက်သည် “မိတ်ဆွေက ဘယ်ကို ဦးတည်နေတာလဲ .. ”
သူမ ဝတ်ရုံမှာ သွေးများ ပေစွန်းနေပြီး လည်ပင်းတွင်လည်း သွေးရာများ ကျန်ရှိနေသည်။ အကြည့်နှင့်တင် သူမက ခရီးတစ်လျှောက် တိုက်ပွဲများစွာကို ဆင်နွဲလာရမှန်း သိ၏။
မိုဝူကျီက ပြန်ဖြေလိုက်သည်
“ကျုပ်က ဝူရှုးစီရင်စုကို ဦးတည်နေတာပါ .. လမ်းကို သိလား ... ”
အမျိုးသမီး အရှေ့အရပ်ကို ညွန်ပြလိုက်ပြီး
“ဒီအတိုင်း တည့်တည့်သာ သွား ... ချန်းတိုင်းပြည်နယ်ကို ရောက်သွားလိမ့်မယ်။ ချန်းတိုင်း ပြည့်နယ်ကနေ သွားချင်တဲ့ မြေပုံကို ရှာဝယ်လို့ ရတယ်။ ပြီးတော့ သားရဲပျံလဲ ဌားလို့ ရတယ် ... ”
“အဲဆို အခုက ကျုပ်တို့ ဘယ်နေရာရောက်နေတာလဲ ..”
မိုဝူကျီက နောက်တစ်ခု ထပ်မေးလိုက်သည်။
အမျိုးသမီးက ရှေ့အရပ်ကို ထိုးပြလိုက်ကာ
“ဟိုးဘက်မှာဆိုရင် ယွီကောင်းပြည်နယ်ပိုင်နက်ပဲ .. ဒါက ချန်းတိုင်းပြည်နယ်နဲ့ ယွီကောင်းပြည်နယ်ကြား အလယ်ခေါင် ငြီးငွေ့တောအုပ်လို့ ခေါ်တယ် .. ”
အမျိုးသမီးက ပတ်ဝန်းကျင်အနေအထားကို ရှင်းရှင်းလင်းလင်း သိသည့်ပုံပေါ်ကာ သူမက ကြေးစားအုပ်စုအဖွဲ့ဝင်တစ်ယောက် ဖြစ်ရမည်။ မိုဝူကျီက မေးခွန်း မမေးခင် နှလုံးခုန် တစ်ချက် မြန်သွားလေသည်
“ဝူရှူးစီရင်စုကိုရော ကြားဖူးလားဗျ ... ”
“ကျွန်မကိုယ်တိုင် ရောက်ဖူးပါတယ် ...”
အမျိုးသမီးက ရိုးရိုးရှင်းရှင်း ဖြေလိုက်သည်။
“ကျုပ်ကြားတာတော့ ဝူရှုးစီရင်စုမှာ အနက်ရောင်ပျားမြီး လို့ခေါ်တဲ့ မြင်းစီးဓားပြအုပ်စု ရှိတယ်တဲ့ ... အဲဒီအကြောင်းရော ကြားဖူးလား ...”
မိုဝူကျီက ထပ်မေးလိုက်သည်။ အနက်ရောင်ပျားမြီးသည် ကျင်းလန်ပေးတို့ တစ်မိသားစုလုံးကို သတ်သွားသော အုပ်စုဖြစ်သည်။ သူတို့သည် ဝူရှူးစီရင်စုတွင် စတည်းချထားကြသည်။
ကျင်းလန်ပေး၊ ဒေါ်လေး ဆယ့်တစ်နှင့် မိုရှင်းထောင်တို့က အတူတကွရှိနေကြ၍ အကယ်၍ သူတို့သာ လက်စားချေလိုလျှင် သေချာပေါက် ဝူရှုးစီရင်စုသို့ သွား၍ အနက်ရောင်ပျားမြီးကို သွားရှာကြလိမ့်မည်။
“ကျွန်မလဲ မသိဘူး ..”
အမျိုးသမီးက ပြောပြီးနောက် လှည့်ထွက်သွားလေသည်။ သူမ မျက်နှာမှာ ယခင်ကလို မတည်ငြိမ်နေတော့ပေ။ အမျိုးသမီး ထွက်သွားသည်နှင့် အဖွဲ့ဝင်တချို့က မိုဝူကျီကို သတိထားကာ ကြည့်လိုက်သည်။
မိုဝူကျီက ချက်ချင်းဆိုသလို ထိုအမျိုးသမီးသည် သေချာပေါက် အနက်ရောင်ပျားမြီးနှင့် ဆက်နွယ်နေရမည်ဟု သိလိုက်သည်။ မဟုတ်လျှင် သူမက ထိုသို့ မျက်နှာထား ပြောင်းလဲသွားစရာအကြောင်း မရှိပေ။
“အဲဒီလူက အနက်ရောင်ပျားမြီးကို သိနေတယ် .. ရှင်းလိုက်ရမလား ...”
မိုဝူကျီက သူတို့နောက် လိုက်မသွားသော်လည်း သူက တစ်ယောက်က တီးတိုးမေးနေသည်ကို ကြားလိုက်ရသည်။ သူ့တွင် စိတ်စွမ်းအား ရှိ၍ သူ့စွမ်းအားက တခြားသူထက် များစွာပိုသည့်အတွက် တခြားသူက တီးတိုးပြောသော်လည်း မိုဝူကျီက ကြားဖြစ်အောင် ကြားလိုက်သေးသည်။
“ပြဿနာအသစ်ကို ဆွဲမထည့်ဘဲ နေကြစို့ .... သူက အနက်ရောင်ပျားမြီးကို ဓားပြအုပ်စုလို့ ပြောတာဆိုတော့ တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး ...”
နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။
“ဟမ် အနက်ရောင်ပျားမြီးက ဓားပြအုပ်စုပဲလေ ... ”
ဆွေးနွေးချက်များမှ မိုဝူကျီက ဤအုပ်စုသည် အနက်ရောင်ပျားမြီးအုပ်စုနှင့် ရန်ငြိုးရန်စ ရှိကြောင်း သိလိုက်ရသည်။
မိုဝူကျီက ရှေ့ကို တက်လာပြီး သူတွင်လည်း အနက်ရောင်ပျားမြီးနှင့် ရန်စရှိကြောင်း ရှင်းပြဖို့ လုပ်စဉ် ခွာသံများကို ကြားလိုက်ရသည်။
“ရန်သူ ... ” မြင်းသမား နှစ်ယောက် ရောက်ရှိလာသောအခါ အသံစူးစူး ထွက်ပေါ်လာလေလည်။ ချက်ချင်းဆိုသလို သူတို့က အဖွဲ့ဆီ ရောက်ရှိသွားကြသည်။ ထိုနှစ်ယောက်မှာ အဖွဲ့၏ ကင်းထောက် ဖြစ်ရမည်။
မိုဝူကျီက အတော်လေး တုန်လှုပ်မိသွားသည်။ ထိုခွာသံများ ပေါ်လာမှုက ရုတ်တရက် ဖြစ်သောကြောင့် ထိုနှစ်ယောက်မှာ စောစောစီးစီး သတိမထားမိခဲ့ခြင်း ဖြစ်သည်။
“မြန်မြန်လုပ် သွားကြစို့ ...”
ချက်ပြုတ်နေသူများ အပါအဝင် အားလုံးက လက်နက်ကိုယ်စီ ကိုင်ဆွဲရင်း သူတို့၏ မြင်းများနှင့် မြင်းလှည်းများဆီ အပြေးအလွှားသွားကြတော့သည်။ မိုဝူကျီကို စိုက်ကြည့်နေခဲ့သော တချို့လူများက ဆက်မကြည့်နိုင်တော့ပေ။ ကျန်သူများနှင့်အတူ အထုတ်အပိုးများ ကူသိမ်းပေးလိုက်ရသည်။
မိုဝူကျီက အတော်လေး ပြောစရာမဲ့သွားလေသည်။ သူသည် အဝေးမှ မြင်းများစီးလာသော လူအတန်းလိုက်ကို တွေ့နိုင်သည်။ သူတို့ အထုပ်သိမ်းပြီးလောက်သည့်အချိန်တွင် သူတို့ကို ဝန်းရံပြီးလောက်လေပြီ။ ခြေတစ်လှမ်းနောက်ဆုတ်ပြီး သူတို့ပိုင်ဆိုင်သမျှကို ပစ်ထားခဲ့လျှင်ပင် သူတို့က ထိုမြင်းသမားများထံမှ လွတ်မြောက်နိုင်ပါ့မလား ..
“ပစ္စည်းမသိမ်းနဲ့တော့ .. အဖွဲ့ဖွဲ့လိုက်ကြ ... ”
မိုဝူကျီနှင့် စကားပြောခဲ့သည့် အမျိုးသမီးက နားလည်လာပြီး သူတို့သည် ရန်သူကို နောက်ကျစွာ သတိထားမိခဲ့၍ ပြေးဖို့ရာ အချိန်မမှီတော့ပေ။
အဖွဲ့က ပုံစံဖွဲ့ပြီးသည့်အချိန်တွင် မြင်းစီးသမားများက ရောက်ရှိလာလေပြီ။ မြင်းစီးသမား အနည်းဆုံး ၃၀၊ ၄၀ လောက်ပါသည်။ အမျိုးသမီးဘေးတွင် ကင်းထောက်နှစ်ယောက်နှင့်အတူ အဖွဲ့တွင် ကိုးယောက်သာ ပါဝင်လေသည်။ ထို့အပြင် မိုဝူကျီ အမြင်အရ ကိုးယောက်လုံးမှာ ဒဏ်ရာရနေလေ၏။
မြင်းစီးသမားအုပ်စု ရောက်လာသည့်အခါ သူတို့က ရှေ့သို့ တဟုန်ထိုး ပြေးမလာဘဲ ကိုးယောက်အုပ်စုနှင့် မီတာအနည်းငယ်အကွာတွင် ရပ်လိုက်လေသည်။
“ပစ္စည်းကို ပေးစမ်း ..”
အဖွဲ့ထဲမှ တစ်ယောက်က ရှေ့ထွက်ကာ ပြောလိုက်သည်။ ဗလတောင့်တောင့် ခန္ဓာကိုယ်နှင့် မြင်းစီးသူက အမျိုးသမီးကို ကြည့်ကာ အေးစက်စွာ ပြောလိုက်တော့သည်။
မိုဝူကျီက အခြေအနေကို နားလည်သွားလေသည်။ အဖွဲ့နှစ်ဖွဲ့မှာ တစ်စုံတစ်ခုအတွက် တိုက်ခိုက်နေကြခြင်း ဖြစ်ရမည်။ ထိုတစ်စုံတစ်ခုမှာ အဖွဲ့ငယ်လေး လက်တွင်းတွင် ရှိနေလေသည်။ ယခု မြင်းစီးသမားအုပ်စုက ထိုအရာအတွက် လိုက်လာကြခြင်း ဖြစ်သည်။
မိုဝူကျီက ထိုလူများသည် မည်သည့်အရာအတွက် တိုက်ခိုက်နေကြမှန်း မသိသော်လည်း ဂရုမစိုက်ပေ။ သူက ချက်ချင်း လှည့်ထွက်သွားတော့သည်။ သူက ဤနေရာမှ ထွက်သွားဖို့ မရည်ရွယ်ထားပေ။ ဘေးတွင် ပုန်းကာ အခြေအနေကို စောင့်ကြည့်ရမည်။
“သူ့ကို သတ်ကြစမ်း ...”
မိုဝူကျီ မျှော်လင့်မထားသည်က သူလှည့်လိုက်သည့် အခိုက်အတန့်တွင် အုပ်စုထဲမှ မြင်းစီးသမားက အမိန့်ပေးလိုက်လေသည်။ ထိုအမိန့်နောက်တွင် မြှားတစ်စင်းက ပျံသန်းကာ ထွက်လာလေသည်။
မိုဝူကျီက ခေါင်းအသာစောင်းလိုက်သောကြောင့် မြှားမှာ သူ့နားရွက်ဘေးမှ ဖြတ်သွားလေသည်။
ထိုမြှားက မိုဝူကျီကို ဒေါသထွက်စေသည်။ အကယ်၍ သူသာ ခေါင်းမစောင်းလိုက်ပါက ထိုမြှားသည်သူ့ဦးခေါင်းနောက်တည့်တည့်မှ နဖူးအထိ ထိုးဖောက်နေလောက်လေပြီ။
“ကျုပ်က သူတို့နဲ့ မဟုတ်ဘူး။ မိတ်ဆွေ လက်လွတ်စပယ် လုပ်တာကို ဖြေရှင်းချက် မပေးသင့်ဘူးလား ...”
မိုဝူကျီက လှည့်လာပြီး သူ့အသံတွင် လူသတ်ငွေ့များ လွှမ်းခြုံနေလေသည်။ အကယ်၍ တခြားကျင့်ကြံသူဆိုလျှင် ထိုမေးခွန်းကို မေးနေမည် မဟုတ်ဘဲ စတင်သတ်ဖြတ်လိုက်လိမ့်မည်။ မိုဝူကျီက ကျင့်ကြံသူ ဖြစ်လာသော်လည်း အကြောင်းပြချက်မရှိ သတ်ဖြတ်တတ်သည့် ထိုရက်စက်လှသော အပြုအမူနှင့် ကျင့်သားမရသေးချေ။
“ဟားဟား မင်းက ငါတို့ ဝူချောင်ဝူရွှောင်ကို ဖြေရှင်းချက် ပေးဖို့ မျှော့်လင့်နေတာလား .. မင်းက သူတို့နဲ့ မဟုတ်တော့ရော ဘယ်သူက ဂရုစိုက်မှာလဲ .. ငါတို့ ဝူချောင်ဝူရွှောင် လူတွေ ရောက်လာရင် တစ်ယောက်မှ မလှုပ်ဖို့က ငါတို့စည်းကမ်းပဲ .. မင်းက ငါတို့စည်းကမ်းကိုလည်း ချိုးဖောက်သေးတယ်။ အားလုံး သူ့ကို ငါတို့စည်းကမ်းတွေက မထီမဲ့မြင်လုပ်ဖို့ မဟုတ်ဘူးလို့ သင်ပြပေးလိုက်ကြပါကွာ ... ”
ရှေ့ဆုံးမျ မြင်းစီးသူက ရယ်မောကာ လက်ဝှေ့ပြလိုက်သည်။
ဤတစ်ကြိမ်တွင် မြှားတစ်စင်းတည်း မဟုတ်တော့ပေ။ မြှား ၃၀၊ ၄၀ လောက်က မိုဝူကျီဆီ ရောက်ရှိလာလေသည်။
မိုဝူကျီက လက်ကိုမြှောက်ကာ ထိုမြှားများက သူ့မျက်လုံးထဲတွင် အင်မတန် နှေးကွေးလွန်းလှသည်။ မျက်စိတစ်မှိတ်အတွင်း မြှား ၃၀ ကျော်က မိုဝူကျီလက်ထဲ ရောက်ရှိနေလေပြီ။ တစ်ယောက်မှ ဤအခြေအနေကို မယုံကြည်ကြပေ။ မိုဝူကျီက လက်ကို ယမ်းလိုက်သည့်အခါ မြှားအားလုံးက လွှင့်ထွက်သွားတော့သည်။
“အား ... အား ...”
မချိမဆန့် အော်ဟစ်သံများကို ကြားလိုက်ရပြီးနောက် သွေးချောင်းစီးသွားလေသည်။ မြင်းစီးသမား ၃၅ ယောက်လောက်က မြင်းပေါ်က မြေပြင်ပေါ်သို့ ပြုတ်ကျလာလေသည်။
ထိုမြင်းစီးသမားအားလုံးတွင် ခေါင်းပေါ် မြှားစိုက်နေကြလေသည်။ သူတို့၏ ပိုင်ရှင် လဲကျသွားသောကြောင့် မြင်းသုံးဆယ်ကျော်မှာ ဆောက်တည်ရာမရ ဖြစ်နေလေသည်။ သို့သော် ထိုမြင်းများကို ကောင်းကောင်းလေ့ကျင့်ထားပေးသည့်အတွက် သူတို့က ချက်ချင်းပင် ဂနာမငြိမ်ဖြစ်နေရမှ ပြန်ငြိမ်သွားကြလေသည်။
ရှေ့ထွက်နေသည့် မြင်းစီးသမားတစ်ယောက်သာ အသက်ရှင်လျက် ကျန်နေလေသည်။ သူက မြင်းစီးသမားအားလုံး လဲကျသွားသည်ကို မြင်သောအခါ ကြောင်သွားလေသည်။ ထိုမြင်းစီးသမား တစ်ယောက်ချင်းစီ၏ ဦးခေါင်းတွင် မြှားစိုက်နေကြပြီး ထိုမြှားများမှာ နေရာအတူတူပင် ဖြစ်နေသေး၏။သူက ချက်ချင်းလက်ငင်း တုန်လှုပ်တကြီး ဖြစ်သွားတော့သည်။
စိုးရိမ်နေသည့် ကိုးယောက်သား အုပ်စုမှာ တုန်လှုပ်နေဆဲ ဖြစ်သည်။ မြင်းစီးသမား ၃၆ ထဲမှ ၃၅ ယောက်ကို တစ်ချက်တည်းဖြင့် အသေသတ်လိုက်နိုင်ကာ နောက်ဆုံးတစ်ယောက်မှာ တုံ့ပြန်ဖို့ပင် ကြောင်နေဆဲ ဖြစ်သည်။
မိုဝူကျီက အသက်ရှင်လျက် ရှိနေသည့် မြင်းစီးသမားဆီ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး သူ့အသံက ကြောင်အနေသည့် မြင်းစီးသမားကို ပြန်၍ သတိဝင်လာစေကာ “အခုတော့ဘာလဲ .. ကျုပ်က မင်းတို့ ဝူချောင်ဝူရွှောင် စည်းကမ်းတွေကို ထပ်မထီမဲ့မြင် လုပ်မိပြန်ပြီ .. ”
သူက ပြောရင်း မိုဝူကျီက ခြေဖြတ်ကန်လိုက်သည့်အခါ ချက်ချင်းဆိုသလို မြင်းခြေထောက်က တုန်ယင်လာလေသည်။ မြင်းက မြည်ဟီးလိုက်ပြီး မြေပြင်ပေါ် ဘုန်းခနဲ လဲကျသွားလေသည်။ မြင်းစီးသမားက မြေပြင်ပေါ်သို့ ဖြစ်ကတတ်ဆန်း ကျသွားတော့သည်။ မြင်းစီးသူသည် အရပ်ရှည်ရှည် တုတ်ခိုင်အားကောင်းသော အမျိုးသား ဖြစ်၏။ သို့သော် သူက ဘာမှမပြောနိုင်ပေ။ သူ့ယခင်က အထက်စီးဆန်မှုနှင့် အေးစက်မှုများပင် လက်ရှိအခြေအနေတွင် ပြက်လုံးတစ်ခုအလား ဖြစ်နေလေသည်။
“သိမ်မွေ့အမဲလိုက်သုံးဖော်အဖွဲ့မှ ဟွားရွမ်က စီနီယာကို နှုတ်ဆက်ပါတယ်။ အရင်က မနှုတ်ဆက်မိတဲ့အတွက် ခွင့်လွှတ်ပေးစေချင်ပါတယ် ... ”
မိုဝူကျီကို နေရာညွန်ပြပေးခဲ့ပြီး အနက်ရောင်ပျားမြီးအကြောင်း မေးလိုက်သည့်အခါ လှည့်ထွက်သွားခဲ့သည့် အမျိုးသမီးက မြန်မြန် ရောက်လာကာ မိုဝူကျီကို ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။
မိုဝူကျီက မေးလိုက်သည်
“သိမ်မွေ့အမဲလိုက်သုံးဖော်အဖွဲ့ဆိုတော့ စွန့်စားသူအုပ်စုများလား ... ”
ဟွားရွမ်က မြန်မြန်သွက်သွက်လက်လက် ရှင်းပြလိုက်သည်
“ကျွန်မတို့ကို စွန့်စားသူအုပ်စုလို့တော့ ယူဆလို့ မရဘူး၊ ကျွန်မတို့ကို ကြေးစားတွေလို့ ယူဆလို့တော့ ရတယ်။ လတ်တလောမှာ ကျွန်မတို့က အစောင့်အကြပ်အလုပ်တချို့ကို လုပ်ကြတယ် ... ”
မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး
“အဲဆို ဝူချောင်ဝူရွှောင်က ဘာလဲ ... ”
ဟွားရွမ်က လေးလေးနက်နက် ရှင်းပြလိုက်သည်
“ဝူချောင်ဝူရွှောင်က ငြီးငွေ့တောအုပ်ရဲ့ အားအကောင်းဆုံးကြေးစားပဲ .. ပြီးတော့ အတိအကျပြောရရင် သူတို့က မြင်းစီးဓားပြအုပ်စုတွေပဲ .. သူတို့ရဲ့ ခေါင်းဆောင်က ဝူချောင်နဲ့ ဝူရွှောင်လို့ ခေါ်တဲ့ မောင်နှမနှစ်ယောက်ပဲ .. သူတို့က ဒီနေရာမှာ ကျက်စားလာတာ အတော်ကြာပြီ ပြီးတော့ သူတို့အင်အားကလည်း အတော်မြင့်တယ် ...
ပြီးတော့ အနည်းဆုံး မြင်းစစ်သည် ၁၀ ၀၀၀လောက် ရှိသေးတယ်။ သူတို့က ဒီနေရာတဝှက်ကျက်စားပြီးတော့ မကောင်းမှုမှန်သမျှ အကုန်လုပ်တယ် လူတွေကိုလည်း ပုရွက်ဆိတ်လေးတွေလို သတ်ပစ်တယ်။ အရင်တုန်းက ဘယ်ကြေးစားအဖွဲ့မဆို ဝူချောင်ဝူရွှောင်တို့က သတ်ပစ်နေတာ ... ဒါပေမဲ့ သူတို့က စည်းကမ်းပြောင်းလိုက်ပြီးတော့ ကုန်တစ်ဝက်ကိုပဲ ပေးခဲ့ဖို့ ပြောတယ် .. ခုခံတဲ့သူ ဘယ်သူမဆို အသတ်ခံရမယ်ပေါ့ ... ”
မိုဝူကျီက နားမလည်စွာ မေးလိုက်သည်
“အဲလိုဆိုရင် သူတိုကို ပြည်နယ်နှစ်ခုက မနှိမ်နှင်းဘူးလား .. ”
ဟွားရွမ်က သက်ပြင်းချကာ
“ဝူချောင်ဝူရွှောင် စစ်တပ်အင်အားက အတော်လေး အားကောင်းပြီးတော့ အင်မတန် မြန်ကြတာဆိုတော့ သူတို့က မနှိမ်နင်းနိုင်ကြဘူး။ ပြီးတော့ ဝူချောင်ဝူရွောင်က ပြည်နယ်နှစ်ခုနဲ့ သဘောတူချက်အချို့ လုပ်ထားလားတာတောင် သံသယရှိမိတယ် .. ”
“စီနီယာ ကျုပ်တို့ခေါင်းဆောင် သခင်ဝူချောင်နဲ့ သခင်ဝူရွှောင်တို့က အင်မော်တယ် ဆရာတွေပါ .. ”
မိုဝူကျီကြောင့် ပြုတ်ကျထားသည့် မြင်းစီးသမားက ထိုအခွင့်အရေးကို အသုံးချ၍ ဝင်ပြောလိုက်သည်။ သူက မိုဝူကျီစိတ်ထဲတွင် တွေဝေသွားအောင် ပြုလုပ်စေချင်သာ ဖြစ်ရာ ထိုမျှသာ သူ့အသက်ကို ချမ်းသာပေးလိမ့်မည်။ သို့သော်လည်း သူက စကားဆုံးအောင် မပြောရသေးခင် မိုဝူကျီက တက်နင်းလိုက်လေသည်။
“သူတို့က မင်းဆီက ဘာလိုချင်တာလဲ ..”
မူလက မိုဝူကျီသည် ထိုမေးခွန်းကို မေးဖို့ရာ ရည်ရွယ်ချက် မရှိသော်လည်း သေမျိုးများကြား အရှုပ်အထွေးအတွင်း သူ့အတွက် ကောင်းမည့်အရာ ရှိနိုင်ပါ့မလား ... သို့သော် သူက ဝူချောင်နှင့် ဝူရွှောင်တို့က အင်မော်တယ်ဖြစ်ကြောင်းသိသည့်အခါ သူက ချက်ချင်းပင် စိတ်ဝင်စားမိသွားတော့သည်။
ဟွားရွမ်က ဦးညွတ်ကာ ပြောလိုက်သည်
“စီနီယာ အဲဒီဟာက မြေပုံပါ .. မြေပုံက ပင်လယ်ထဲက အင်မော်တယ်တည်နေရာကို လမ်းပြထားတာပါ .. ဒါပေမဲ့ မြေပုံက ကျွန်မဆီမှာ မဟုတ်ပါဘူး ကျွန်မက အစ်မကြီး ဒေါ်လေးဆယ့်တစ်ကို ပေးလိုက်ပါပြီ ... ”
ဝူချောင်နှင့် ဝူရွှောင်တို့က ထိုမြေပုံကို သိသော်လည်း အားကောင်းသည့် အင်မော်တယ်ရှေ့တွင် သူမအတွက် ထိုအချက်ကို ဖုံးထားရန် မလိုအပ်ပေ။
“ဒေါ်လေးဆယ့်တစ်လား ..”
မိုဝူကျီက ရုတ်တရက် အလွန်ရင်းနှီးလှသည့် နာမည်ကို ကြားလိုက်ရသည့်အခါ ချက်ချင်း မေးလိုက်တော့သည်။
ဟွားရွမ်က အလောတကြီး ပြောလိုက်သည်
“ဒေါ်လေးဆယ့်တစ်က ကျွန်မတို့ သိမ်မွေ့အမဲလိုက်သုံးဖော်ထဲမှာ အစ်မကြီးပါ .. ”
“အစ်မကြီးရှိတယ်ဆိုတော့ ဒုတိယအစ်မလဲ ရှိတယ်မလား ..”
မိုဝူကျီက ထပ်မေးလိုက်သည်။
“ဟုတ် ရှိပါတယ်။ ကျွန်မတို့ ဒုတိယအစ်အက ကျင်းလင်းပေးပါ တတိယအစ်မက မိုရှင်းထောင်ပါ .. ”
“သူတို့က အခုဘယ်မှာလဲ ..”
မိုဝူကျီက ဟွားရွမ်စကားကို ဖြတ်ကာ မေးလိုက်တော့သည်။ ဟွားရွမ်မျက်နှာတွင် တုန်လှုပ်တကြီး ဖြစ်သွားသည်ကို တွေ့၍ မိုဝူကျီက ရှင်းပြလိုက်ရသည်
“ဒေါ်လေးဆယ့်တစ်က ကျုပ်မိတ်ဆွေပါ.. မိုရှင်းထောင်က ကျုပ်အဒေါ် တော်စပ်ပါတယ်။ အနက်ရောင်ပျားမြီးအကြောင်း မေးတာ .. ကျင်းလင်းပေးက လက်စားချေချင်နေလို့ အဲကြောင့် စုံစမ်းနေတာပါ ..”