book

Index 207

အခန်း (၂၀၇) : ထွက်ပြေးနေရသော ဖွားဖွားလင်းလောင်

  • Author : Kilulayuu
  • Genres : Adventure, Science, Action, Xianxia
  • Original Author : Goose Five - 鹅是老五

မမလေးနင်က ကျင့်ကြံဖို့ အချိန်ဇယားတွေနဲ့ ပြည့်နေလို့ ပြန်မလာနိုင်တာ နေမှာ ... 

မိုဝူကျီက အကြောင်းပြချက် တစ်ခုရှာကာ ပြောလိုက်သည်။

အင်မော်တယ်ဆရာမို .. အန်ယန်းတုန်းက ကျုပ်တကယ်ကို စကားပြောချင်ပါတယ်။ ဟုတ်သား မြောက်ဖက်ပိုင်းချင်စီရင်စုနဲ့ ပတ်သတ်ပြီးတော့ ကျုပ် ပြန်ရောက်တာနဲ့ မိုမျိုးနွယ်စုကို ပြန်ပေးမလို့ပါ ... ဒါပေမဲ့ ဂျူချီဂျန်းက အရမ်းရိုင်းလို့  ... ” 

စစ်ထူချင်က မိုဝူကျီနှင့် ဟန်ချန်အန်း စကားဝိုင်းကို မြင်သောအခါ အလျှင်အမြန် ဝင်ပြောလိုက်လေသည်။

သူ့သမီး အကြောင်း ပြောနေသည့် ဟန်ချန်အန်းက ရုတ်တရက် အတွေးပေါက်လာသည်။ သူ့ရှေ့တွင် ရှိနေသော မိုဝူကျီက စစ်ထူချင်ကို နာမည်သာ တပ်ခေါ်နေလေသည်။ သူက စစ်ထူချင်ကို မမြင်သေးသော်လည်း စစ်ထူချင်က ဦးစွာ စကားစရှာ၍ ပြောနေလေသည်။ ထို့အပြင် စစ်ထူချင်က သူ့ကို အင်မော်တယ်ဆရာဟု တရိုတသေ ခေါ်နေသေးသည်။ ဖြစ်နိုင်သည်က မိုဝူကျီတွင် ကျင့်ကြံနိုင်စွမ်း ပါလာပြီးတော့ အစစ်အမှန် အင်မော်တယ်ဆရာ တစ်ယောက် ဖြစ်လာတာလား ...

ခင်ဗျားပါးစပ်ပိတ်နေ .. 

မိုဝူကျီက စစ်ထူချင်စကားများကို အေးစက်စွာ ဖြတ်ပြောလိုက်သည်။

ဟန်ချန်အန်းက သူ့ဘဝလုံးတစ်လျှောက်လုံး ကုန်ဆုံးသွားလျှင်ပင် ဘာတွေဖြစ်ပျက်နေမည်မှန်း သိမည် မဟုတ်ပေ။ အခြေအနေကား အလွန်ရှုပ်ထွေးလှသည်။ မိုမျိုးနွယ်စု၏ မျိုးဆက်က လက်စားချေရန် ပြန်ရောက်လာလေသည်။ ထို့ကြောင့် စစ်ထူချင်သည် သူ့ကို ရှာနေသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။ အကြောင်းမှာ ဟန်ချန်အန်း တစ်ယောက်တည်းသာ မိုဝူကျီနှင့် ကျေးဇူးကြွေးရှိဖူး၍ စစ်ထူချင်သည် သူ့ကို ကယ်တင်ပေးရန် တောင်းဆိုလိမ့်မည်။

ထိုသည်က ဟန်ချန်အန်းကို အတော်လေး အကျပ်တွေ့သွားစေသည်။ အကြောင်းမှာ မိုဝူကျီက သူ့အပေါ် အကြွေးတင်နေသော်လည်း ထိုကိစ္စရပ်မှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် သူ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခု မိုမျိုးနွယ်စုက စစ်ထူချင်ကို အလွန်မုန်းတီးနေ၍ သူက မည်သို့ ကူညီပေးသင့်သနည်း။

ဟန်ချန်အန်းက တော်ဝင်နန်းတော်က ထိုမျှ ရှုပ်ယှက်ခတ်နေသည့် အကြောင်းအရင်းကို တစ်ဆက်တည်း နားလည်သွားလေသည်။ ထိုသည်က မိုဝူကျီ လက်ချက်သာ ဖြစ်ရမည်။

အမြဲတမ်း အကောင်းနှင့်သာ ကြုံတွေ့ဖူသော ဘဝတွင် လူအများက ကိုယ့်အပေါ် တကယ်ကောင်း၊ မကောင်း ဘယ်တော့မှ မသိနိုင်ပေ။ အနာဂတ်သည် မသေချာသောကြောင့် မည်သူကမှ ရက်ရက်စက်စက် မပြုမူသင့်ပေ။

ဟန်ချန်အန်းဘေးတွင် ရပ်နေကြသော မြို့စားတချို့က အဖြစ်အပျက်ကို နားလည်သွားပြီး  မိုဝူကျီသည် မြောက်ဖက်ပိုင်း ချင်စီရင်စုသခင် မိုထင်းချန် မြေးဖြစ်နေမှန်း သိလိုက်ကြသည်။ ယခု မိုဝူကျီက အင်မော်တယ်ဆရာ တစ်ယောက် ဖြစ်လာ၍ လက်စားလာချေခြင်းသာ ဖြစ်ရမည်။

စစ်ထူချင် ကျုပ်အဘိုးက ဘယ်ရောက်သွားတာလဲ .. ယောင်ကျိုးရောက်တာနဲ့ ဘာလို့ ပျောက်သွားရတာလဲ ... 

မိုဝူကျီက စစ်ထူချင်ကို စိုက်ကြည့်ရင်း ထိုမေးခွန်းကို တိုက်ရိုက်မေးလိုက်သည်။

စစ်ထူချင်က ဟန်ချန်အန်းကို ခဏငေးကြည့်နေပြီးနောက် တုန့်ဆိုင်း တုန့်ဆိုင်းဖြင့် ဦးညွှတ်ကာ 

အင်မော်တယ်ဆရာမို ... သခင်ထင်းချန်က ယောင်ကျိုးကို တစ်ခါလာလည်ခဲ့ပေမဲ့ သူ ထွက်မသွားခင် မျက်နှာလာပြရုံလေးပါ။  နောက်ပိုင်းကျမှ သူက လောင်အန်းကို မပြန်တာကို သိလိုက်ရတာ .. သူတည်နေရာကိုတော့ ကျုပ်လဲ မသိဘူး ..

သူက ထိုသို့ပြောနေစဉ်က လိမ်ညာနေခြင်း မဟုတ်ပေ။ သူက မိုဂေါင်ယွမ် အရိုက်အရာ မဆက်ခံနိင်အောင် စီစဉ်ခဲ့သော်လည်း သူက မိုမျိုးနွယ်စုဝင်များကို တိုက်ရိုက် မထိခိုက်စေပေ။

မိုဂေါင်ယွမ်ကို ယောင်ကျိုးက ထွက်သွားခွင့် မပြုသည်မှာ ဂျူချိုင်ယွမ်ကြောင့် ဖြစ်ပြီး သူလုပ်ခဲ့သည်က စောင့်ကြည့်နေရုံသာ ဖြစ်သည်။

မိုဝူကျီ အကြည့်မှ လူသတ်ငွေ့ အရိပ်အယောင်ကို မြင်၍ ဟန်ချန်အန်းက သူသည် စစ်ထူချင် အဖြေကို မကျေနပ်သေးကြောင်း သေချာပေါက် သိလိုက်သည်။ ထို့ကြောင့် သူက မြန်မြန် ဝင်ပြောလိုက်ရသည်

ဆေးလုံးဆရာမို ... ဒီကိစ္စမှာတော့ သူ့ကို အာမခံပေးနိုင်ပါတယ်။ သခင်စစ်ထူက သခင်ထင်းချန် ဘယ်ရောက်သွားတယ်ဆိုတာကို တကယ်မသိတာပါ။ ပြီးတော့ သူက သခင်ထင်းချန်ရဲ့ လှုပ်ရှားမှုတွေကိုလည်း မကန့်သတ်ထားလို့ ယောင်ကျိုးထဲမှာ ပိတ်မိနေတဲ့ ကိစ္စက အားလုံးက ဂျူချိုင်ယွမ် တာဝန်ရှိတာပါ ... 

ဂျူချိုင်ယွမ်က လောင်အန်းက ထွက်သွားတာကြာပြီ ...

စစ်ထူချင်က ဟန်ချင်အန်းသည် သူ့ကို ကူညီနေသည်ကို ကြားသည့်အခါ ဝင်ပြောလိုက်သည်။

ဟန်ချန်အန်းက လေးလေးစားစား ဦးညွှတ်ကာ 

ဆေးလုံးဆရာမိုက ကျုပ်မျက်နှာထောက်ထားပြီးတော့ စစ်ထူချင်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် .. 

သူက စစ်ထူချင်ကို သခင်ဟု တပ်မပြောရဲပေ။ အကြောင်းမှာ မိုဝူကျီ ဒေါသကို ဆွမိမှာ စိုးရိမ်၍ ဖြစ်သည်။

မိုဝူကျီက မျက်မှောင်ကျုတ်ကာ ဟန်ချန်အန်းသည် သူ့ကို မလိမ်ညာမှန်း ယုံကြည်သည်။ သူက ဂျူချိုင်ယွမ် လောင်အန်းမှ ထွက်သွားသည့် ကိစ္စကို မစိုးရိမ်ပေ။ အကြောင်းမှာ သူမက သေမှာ သေချာနေ၍ ဖြစ်၏။ ယခင်က ဟန်ချန်အန်းသည် မိုဝူကျီအတွက် စစ်ထူချင်ဆီမှ ကယ်တင်ရန်အတွက် ပြောပေးခဲ့သည်။ ယခုတွင် ဟန်ချန်အန်းက သူ့ဆီမှ စစ်ထူချင်ကို ကယ်တင်ဖို့ရန် ပြောနေလေရာ သူ့ကို နည်းနည်း အခက်တွေ့စေသည်။ သူ့ဘက် အမြင်အရ အကောင်းဆုံးလှုပ်ရှားမှုမှာ စစ်ထူချင်နှင့် စစ်ထူမျိုးနွယ်စုကို အရိုက်အရာမှ ကန်ထုတ်ခြင်း ဖြစ်သည်။

ဆေးလုံးဆရာမို .. ကျုပ် ချင်ယွီမှာ ရှိနေသရွေ့ မြောက်ဖက်ပိုင်းချင်စီရင်စုကို နောက်တစ်ကြိမ် ထွန်းတောက်လာအောင် လုပ်ပေးဖို့ ကတိပေးပါတယ် ... 

ဘေးတွင် ရပ်နေသည့် စစ်ထူချင်က မိုဝူကျီ မျက်မှောင်ကျုတ်တာကို မြင်၍ ချက်ချင်း ဝင်ပြောလိုက်သည်။ သူက မိုဝူကျီသည် ရုတ်တရက် လှုပ်ရှား၍ သူ့ကိုသတ်မည်ကို စိုးရိမ်နေလေသည်။  အင်မော်တယ်ဆရာအတွက် နိုင်ငံသခင်တစ်ယောက်ကို သတ်တာက ဥပဒေနှင့် မလွတ်ကင်းသော်လည်း ပြစ်ဒဏ်ကား မပြောပလောက်ပေ။ ထို့အပြင် မိုဝူကျီသည် ကောင်းကင်ဖွေရှာနန်းတော်တပည့် ဖြစ်နေသေးသည့်အတွက် သူက အပြစ်ပေးခံရဖို့ပင် မသေချာပေ။

မိုဝူကျီက တွေဝေနေစဉ် အားလုံး၏ အပေါ်မှ တိတ်ဆိတ်မှုကို ချိုးဖျက်စေသည့်အသံ ထွက်ပေါ်လာလေသည်။ လူတိုင်း ခေါင်းမော့ကြည့်လိုက်သည့်အခါ မှော်ရတနာပျံကို မြင်လိုက်ရသည်။ ပျံသန်းရေး မှော်ရတနာသည် အနိမ့်လေး ပျံသန်းနေတာ ဖြစ်ပြီး အားလုံးက သင်္ဘောပျံမှန်း တန်းသိလိုက်ကြသည်။

မိုဝူကျီက သူ့စိတ်စွမ်းအားကြောင့် အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ ထိုပေါ်တွင် ခန္ဓာကိုယ် တစ်ကိုယ်လုံးတွင် သွေးများဖြင့် ပေပွနေပြီး အပြင်းအထန် ဒဏ်ရာရနေသည့် အမျိုးသမီးတစ်ဦး ပါရှိသည်။ သူမက ကောင်းကင်ဖွေရှာနန်းတော် ဆေးလုံးဘုံစေတီမှ ဖွားဖွားလင်းလောင်သာ ဖြစ်၏။

သူမက ဘယ်လိုဖြစ်လို့ ဒီအခြေအနေထိ ဖြစ်သွားတာလဲ ...

အားလုံးက သင်္ဘောပျံကို မတုံ့ပြန်နိုင်ခင် နောက်ထပ် သင်္ဘောပျံတစ်စင်း ဝှီးခနဲ ထပ်ပျံသန်းလာလေသည်။

မိုဝူကျီက အဖြစ်အပျက်များကို ခြုံငုံစဉ်းစားလိုက်ကာ ဖွားဖွားလင်းလောင် နောက်မှ လိုက်နေခြင်းသာ ဖြစ်ရမည်။ ဖွားဖွားလင်းလောင်ကို လိုက်ဖမ်းရဲလောက်အောင်အထိ ထိုလူက မည်မျှအားကောင်းနေသနည်း။

ဖွားဖွားလင်းလောင်က ခြေသုတ်တင်၍ ထွက်ပြေးလာသည်ကို မြင်၍ မိုဝူကျီက စစ်ထူချင်နှင့် ထပ်၍ ပြောချင်စိတ်မရှိတော့ပေ။ သူက အလေးနက် ပြောလိုက်တော့သည် ကောင်းကင်ဖွေရှာနန်းတော်ကို ဆေးလုံးဘုံစေတီရဲ့ ဖွားဖွားလင်းလောင်က အပြင်းအထန်ဒဏ်ရာရနေပြီး နောက်က အလိုက်ဖမ်းခံနေရတယ်ဆိုပြီး အကြောင်းကြားလိုက် ...  အဲဒါကို ကောင်းကောင်းလုပ်နိုင်ရင် ဒီတစ်ကြိမ် မလွှတ်ပေးနိုင်စရာ အကြောင်းမရှိဘူး ....

မိုဝူကျီက မြန်မြန် သွက်သွက်လက်လက် ပြော၍ ချက်ချင်းဆိုသလို သူ့ကားပျံကို ထုတ်ယူကာ သင်္ဘောပျံနှစ်စင်း သွားရာ တိမ်တွေထဲ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျီ ထွက်သွားပြီးနောက်တွင် စစ်ထူချင်က နဖူးမှ ချွေးအေးများကို သုတ်နိုင်တော့သည်။ ထို့နောက် သူက ကျေးဇူးတင်စွာဖြင့် 

မြို့စားကြီး ဒီတစ်ခါ ခင်ဗျားကြောင့်သာ မဟုတ်ရင် ကျုပ်အသက်တော့ ... 

ဟန်ချန်အန်းက စိတ်မရှည်စွာ ဖြတ်ပြောလိုက်သည် 

သခင် အခုက အဲဒါတွေပြောနေဖို့ အချိန်မဟုတ်ဘူး။ ပထမဆုံး ဆေးလုံးဆရာမို ချပေးခဲ့တဲ့ တာဝန်ကို ပြီးမြောက်‌အောင် လုပ်ရဦးမယ် .. 

ဟုတ်တယ် ဟုတ်တယ် .. 

စစ်ထူချင်က နောက်ဆုံးတွင် အသိပြန်ဝင်လာသည်။

နိုင်ငံ့အရေးက မမျှော်လင့်ဘဲ သင်္ဘောပျံနှစ်စင်း ဖြတ်သန်းသွားရာမှ ပြေလည်သွားသောကြောင့် မြိုစားအားလုံး ထိတ်လန့်မိသွားကြသည်။

လူအုပ်ထဲတွင် ရပ်နေသော လူဝကြီး တစ်ယောက်က ခေါင်းကို ငုံ့ထားရင်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားနေသည်။ သို့သော် မြန်မြန် မှတ်မိသွားပြီး 

ဝမ်ကျွီ ခင်ဗျားတော့ အရင်က အမှားအကြီးကြီး လုပ်မိခဲ့တာပဲ .. မိုမျိုးနွယ်စုကိုသာ နှိမ်ချမကြည့်ခဲ့ရင် ခင်ဗျားက ဆေးလုံးဆရာမိုရဲ့ ယောက္ခမဖြစ်နေဦးမှာ .. 

ထိုလူဝကြီးက ဝမ်မန်ကျူ၏ ဖခင် ဖြစ်လေ၏။ ယခင်က မိုမျိုးနွယ်စု ပျက်စီးလာစဉ်မှ သူက မိုမျိုးနွယ်စုနှင့် ဆက်ဆံရေးပြတ်တောက်လိုက်ကာ သူ့သူငယ်ချင်းကောင်း ဖြစ်သည့် မိုဂေါင်ယွမ်နှင့် မိုမျိုးနွယ်စုကို အဆက်ဖြတ်ပစ်လိုက်လေသည်။

ကမ္ဘာပေါ်တွင် မည်သည့်အရာမှ မတည်မြဲသော်လည်း သူသည် ထိုကမောက်ကမ ဖြစ်စေသည့် သခင်လေးက အင်မော်တယ် ဆရာတစ်ယောက် ဖြစ်လာလိမ့်မည်ဟု စိတ်ပင် မကူးမိပေ။

ဘာကိုမှ မသိလျှင် ဘာကိုမှ ကြောက်ရွံ့နေဖို့ မလိုအပ်ပေ။ ထိုသည်က လက်ရှိ ဝမ်ကျွီကို ဖော်ပြဖို့ရာ အကောင်းဆုံး စကားစုဖြစ်သည်။

မိုဝူကျီ၏ ကားပျံက သင်္ဘောပျံနှစ်စင်းထက် များစွာ နှေးကွေးလေ၏။ သူ့စိတ်စွမ်းအားဖြင့် သူက လေထဲမှ လှုပ်ရှားမှုများကို ခံစားနိုင်နေခြင်း ဖြစ်၏။ သူက ထိုနည်းလမ်းဖြင့် သူတို့နောက် လိုက်ပါက လမ်းပျောက်သွားမည် မဟုတ်ပေ။

မိုဝူကျီက သူသည် သူတို့နောက်မှ လိုက်မှီသွားလျှင်ပင် ဖွားဖွားလင်းလောင်အတွက် အကူအညီမဖြစ်မှန်း သိသည်။ သို့သော်လည်း ဤကိစ္စကို သိပြီး၍ ဒီအတိုင်းလက်ပိုက်ကြည့်မနေနိုင်ပေ။

ဖွားဖွားလင်းလောင်သည် ကောလဟာလထဲမှ လူအများပြောနေသည့် လူအများ၏ ခံစားချက်ကို လျစ်လျှူရှုသည့်သူ ” မဟုတ်ပေ။ အကြောင်းမှာ မိုဝူကျီက သူမကို အကျိူးအကြောင်း ဆင်ခြင်နိုင်သူဟုသာ ထင်မြင်မိသည်။ သူက ယန်အာကို ကယ်တင်ရန်နှင့် ဂိုဏ်းသို့ ဝင်ခွင့်ရရန် အဆုံးမဲ့ ဝိညာဉ်ကာကွယ်ရေးပန်းနှင့် လဲလှယ်ခဲ့ရသော်လည်း ဖွားဖွားလင်းလောင်၏ ကြင်နာမှုများကို မမေ့ပေ။

ယခု သူမက ဒုက္ခတွေ့နေသည့် အချိန်တွင် သူက မည်သို့ အေးအေးဆေးဆေး ထိုင်ကြည့်နေနိုင်မည်နည်း။

မိုဝူကျီက လေထုထဲရှိ ပြောင်းလဲမှုများကို ခံစားမိပြီး ထိုပြောင်းလဲမှုများကို လိုက်၍ သင်္ဘောပျံနှစ်စင်းဆီ နောက်မှ လိုက်သွားတော့သည်။ အစပိုင်းတွင် မိုဝူကျီက တည်နေရာအမှန်ကို ရှာဖွေနိုင်သော်လည်း ရက်အချို့ကြာလာသည့်အခါ သူတို့နောက်ကို ဆက်၍ လိုက်မမှီတော့ပေ။ ထို့အပြင် သူက ရက်အတော်ကြာ စိတ်စွမ်းအားဖြင့် လမ်းကြောင်းလိုက်ခဲ့ရသည့်အတွက် အတော်လေး နွမ်းလျှနေလေပြီ။

ဖွားဖွားလင်းလောင်ကို ပျောက်ဆုံးသွားပြီး မိုဝူကျီက တကယ်လမ်းပျောက်သွားကြောင်း မသေချာခင်အထိ ရက်အတော်ကြာ ရှာဖွေနေသေးသည်။ ထို့နောက်တွင် လက်လျော့ရုံမှအပ တခြားရွေးစရာ မရှိတော့ချေ။

အကယ်၍ စစ်ထူချင်သာ သေရမှာစိုးထိတ်လျှင် မိုဝူကျီပေးပို့ခိုင်းလိုက်သည့် သတင်းကား ကောင်းကင်ဖွေရှာနန်းတော်သွားရာ လမ်းသို့ ရောက်လောက်လေပြီ။ မိုဝူကျီက ကောင်းကင်ဖွေရှာနန်းတော် အကူအညီက ဖွားဖွားလင်းလောင်ကို ကယ်တင်ဖို့ရာ နောက်မကျရန်သာ မျှော်လင့်နိုင်တော့သည်။

ဂိုဏ်းတစ်ခု ဖြစ်နေပါစေ သို့မဟုတ် ကိုယ်ပိုင်အကြောင်းပြချက် ဖြစ်နေပါစေ မိုဝူကျီက ဖွားဖွားလင်းလောင် အန္တရာယ်ကင်းဖို့ မျှော်လင့်မိသည်။ ဖွားဖွားလင်းလောင်သာ တစ်ခုခု ဖြစ်သွားပါက ယန်အာတွင် ယုံကြည်မှီခိုရသည့်သူနှင့် ဆရာကောင်းတစ်ယောက် ဆုံးရှုံးသွားပေလိမ့်မည်။

မိုဝူကျီအနေနှင့် ယန်အာ၏ စီနီယာအစ်မကြီးက မှီခိုအားထားနိုင်သော သူ မဟုတ်သေးပေ။  သူမ စရိုက်နှင့် အင်အားက မှီခိုသင့်သော လူစားမျိုးတွင် မပါဝင်ပေ။ မိုးကြိုးမြူတောတွင် ရှိစဉ်က သူသာ ဝင်မပါလျှင် စီနီယာအစ်မကြီးက သေလောက်လေပြီ။

တစ်ဝက်တစ်ပျက် အထိ ရောက်လာပြီးနောက် မိုဝူကျီက ဦးတည်ချက် ပျောက်ဆုံးသွာကြောင်း သတိပြုမိလိုက်သည်။ ထိုရက်အနည်းငယ်အတွင်းတွင် သူက သူရှေ့မှ သင်္ဘောပျံနှစ်စင်းကို လိုက်ဖို့ရာ အာရုံရှိနေသည့်အတွက် သူ့အနေအထားကို မေ့လျော့နေခဲ့သည်။ ယခု သူက မြေပုံမပါဘဲ လမ်းပျောက်သွားပြီ ဖြစ်သောကြောင့် လူများဆီမှ အကူအညီတောင်းရတော့မည်။

သူ့ပတ်ဝန်းကျင်ကား တောရိုင်း ဖြစ်နေသော်လည်း ကံကောင်း၍ လမ်းအကျဉ်းလေး ရှိလေသည်။ လမ်းရှိသရွေ့ မိုဝူကျီသည် တစ်ယောက်ယောက်ကို ရှာမတွေ့မည်ကို စိုးရိမ်မနေပေ။

ထိုလမ်းအကျဉ်လေးမှ မိုဝူကျီသည် နေ့ဝက်တာ လမ်းလျှောက်လာရင်း တစ်ယောက်ကိုမျှ မတွေ့သေးပေ။ မိုဝူကျီက ဤနေရာတွင် လူနေရဲ့လားဟုပင် တွေးမိလာတော့သည်။ ထို့နောက် အဝေးတစ်နေရာမှ မီးခိုးကို တွေ့လိုက်ရသည်။

မိုဝူကျီက အမြန်နှုန်းမြင့်ကာ မီးခိုးရှိရာဆီ ဦးတည်လိုက်တော့သည်။

နာရီဝက်အကြာတွင် မိုဝူကျီက မီးခိုးလာသည့် နေရာကို သေချာမြင်နိုင်လေပြီ။ သူက အနီးကပ်မသွားခင် အဝေးမှ လက်နက်များကို ကိုင်ဆောင်ထားသည့် လူငါးယောက်၊ ခြောက်ယောက် ရှိနေသည်။

ထိုလူများက သွေးစွန်းနေသော အင်္ကျီများကို ဝတ်ဆင်ထားလေသည်။ ထို့အပြင် ထိူလူထဲမှ နှစ်ယောက်၏ မျက်နှာပေါ်တွင် အမာရွတ်အကြီးကြီး ရှိနေသေးသည်။ မိုဝူကျီက ထိုအုပ်စုသည် စွန့်စားသူ အဖွဲ့လား သို့မဟုတ် ကြေးစားအဖွဲ့လားဟု တွေးမိလိုက်သည်။

ကျုပ်က ဖြတ်သွားဖြတ်လာပါ အဲလောက်ရန်လိုစရာ မလိုပါဘူး။ ကျုပ်က လမ်းပျောက်သွားလို့ အခုရောက်နေတဲ့နေရာကိုများ ပြောနိုင်မလားလို့ပါ ... မြေပုံရှိရင်လည်း ကျုပ်ဝယ်ချင်ပါတယ် ...  

မိုဝူကျီက အကောင်းဆုံးကြိုးစားပြီးတော့ ချိုချိူသာသာ ပြောလိုက်သည်။

မိုဝူကျီ စကားလုံးများကို ကြားပြီးနောက် မိုဝူကျီသည် ကြောက်ရွံ့နေသည့်ဟန် မရှိသည်ကို တွေ့ပြီး အမျိုးသားအုပ်စုက အနည်းငယ် စိတ်အေးသွားလေသည်။

 

 


rate now: