ပင်နီဆလင်စတင်ထုတ်လုပ်သည်မှစ၍ မိုဝူကျီသည် ဒန်းဟန်ဆေးလုပ်ငန်းတွင် အမြဲရှိနေသည်။ ပင်နီဆလင် ထုတ်လုပ်သည့် ကိစ္စသည် သူ့အတွက် အရမ်းလွယ်ကူလွန်း၏။ တချို့သော တက္ကသိုလ်များတွင် ဤခေါင်းစဉ်ကို သူတို့၏ နောက်ဆုံးစာမေးပွဲတွင် မေးလေ့ရှိကြသည်။ ထို့အပြင် ချင်ယွီပြည်နယ်၏ နည်းပညာသည် လက်ခံလို့ရသည့် အနေအထားရှိပြီး လိုအပ်သည့် စက်ကိရိယာများလည်း ရရှိနိုင်၍ ရည်ရွယ်ထားသကဲ့သို့ ဖြစ်ရန် အနည်းငယ် ပြုပြင်မွမ်းမံရန်သာ လိုအပ်၏။
မိုဝူကျီအတွက် တစ်ခုတည်းသော ခက်ခဲမှုသည် ပင်နီဆလင်ကို ကြွက်သားနှင့် သွေးကြောများကို ထိုးသွင်းရာမှ သင့်တော်သည့် သုံးစွဲမှုရရှိရန် ပြောင်းလဲသည့် ကိစ္စရပ်ဖြစ်၏။ ထိုးသွင်းခြင်းကဲ့သို့ ပင်နီဆလင် စီမံမှုသည် အရမ်းအနှောင့်အယှက်ဖြစ်ရပြီး ထိုးသွင်းပြီးနောက် အကျိုးဆက်များသည်လည်း ဖြစ်နိုင်ချေရှိလေ၏။
ပင်နီဆလင်အား သောက်သုံးနိုင်ရန် စီမံမှုသည် အမောက်စလင်၊ အမ်ပီစလင်၊ ပိုတက်ဆီယမ် ကလိုရိုဒ်ဆေးပြားများနှင့် ဆင်တူလှပြီး သူ မထုတ်လုပ်နိုင်သည့် အရာမဟုတ်ပေ။ သို့သော် နှစ်လတာသည် သူ့အတွက် ထိုထုတ်လုပ်မှုအောင်မြင်ရန် အလွန်တိုတောင်းသော အချိန်ဖြစ်၏။
အကယ်၍ ပင်နီဆလင်ကို ထိုးသွင်းရာမှာ အသုံးပြုခဲ့မယ်ဆိုလျှင် ဆေး၏ ၉၉.၉ ရာခိုင်နှုန်းကို အစာအိမ်ထဲရှိ အက်ဆစ်က ဖျက်စီးပစ်လိမ့်မည်။ တစ်ခုမှ အခြားတစ်ခုသို့ ီး ပင်နီဆလင် ကူးပြောင်းသည့် ဖြစ်စဉ်သည် တစ်ခြားတစ်ယောက်အတွက် ခက်ခဲပုံပေါ်ပေမဲ့လည်း မိုဝူကျီအတွက် အသာအယာလေးဖြစ်၏။ ကမ္ဘာမြေပေါ်တွင် သူသည် ဆေးဝါးသုတေသနတွင် ထိပ်ဆုံးထိ ရောက်ရှိခဲ့သူဖြစ်သည်။ သူသည် ပင်နီဆလင်ကို သောက်ဆေးအဖြစ်ပြောင်းလဲပြီး အာနိသင် အလုံးစုံမပျောက်ပျက်ရန် အာမခံနိုင်သော်လည်း အနည်းဆုံး ၃၀ရာခိုင်နှုန်း မှ ၄၀ရာခိုင်နှုန်းအထိ လုပ်ဆောင်ပေးနိုင်သည်။
ပဋိဇီဝဆေးများသည် အရင်က မပေါ်ပေါက်လာဖူးသည့် နေရာတွင် ပင်နီဆလင်ဆေး အာနိသင်သည် ၅ရာခိုင်နှုန်းသာ ကျန်ရှိနေလျှင်ပင် အကျိုးသက်ရောက်မှုသည် ကြီးမားလှပြီ ဖြစ်၏။ ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ပို၍ပင် ကြီးမားလိမ့်မည်။
ပင်နီဆလင်သည် ပဋိပစ္စည်းနှင့် ဓာတ်မတည့်မှုများ ရှိသော်လည်း မိုဝူကျီသည် အားလုံးကို လျှစ်လျူရှုထားသည်။ ပင်နီဆလင်၏ အကျိုးရလဒ်နှင့် ယှဉ်လျှင် ထိုဘေးထွက်ဆိုးကျိုးများသည် ဘာမှမဟုတ်ပေ။ အများဆုံးသည် သူသည် ဆေးအချက်အလက်ပေါ်တွင် သတိပေး၍ ရေးထားရုံသာ ဖြစ်၏။
ယောင်ကျိုးမြို့မှ လူများအတွက် ဒန်းဟန်ဆေးလုပ်ငန်းသည် လတ်တလော ကြီးမားသည့် ပြောင်းလဲမှုများနှင့် ကြုံနေရသည်။ ဒန်းဟန်ဆေးလုပ်ငန်းသည် မူလက ဆေးဆိုင်တစ်ဆိုင်နှင့် အလုပ်ရုံတစ်ခုရှိသော်လည်း တစ်ဆိုင်တည်းသော ဆေးဆိုင်သည် လွန်ခဲ့သည့် တစ်လက ပိတ်သွား၍ မည်သည့်ဆေးမှ ထပ်မရောင်းချတော့ချေ။
သဘောတရားအရ ပြောရမည်ဆိုလျှင် ဒန်းဟန်ဆေးလုပ်ငန်းသည် ပိတ်သိမ်းခါနီးဖြစ်နေ၍သာ ဆိုင်ကို ရောင်းချခဲ့ခြင်း ဖြစ်သည်။ သို့သော် လူအများကို ပဟေဠိဖြစ်စေသည်က သူတို့သည် ဆိုင်ကို မရောင်းလိုက်သည် သာမက ယောင်ကျိုးမြို့တစ်ခုလုံး သတင်းအသစ်များလည်း ပြန့်နှံ့လေသည်။
ကိုးဘဝပျောက်ကင်းဆေး... ဤသည်မှာ ဒန်းဟန်ဆေးလုပ်ငန်းမှ မီလီယံဆယ်နှင့် ချီ၍ အကုန်အကျခံကာ ထုတ်လုပ်ခဲ့သော ထုတ်ကုန်အသစ်ဖြစ်သည်။ ထိုအရာသည် လူသားမျိုးနွယ်စုအတွက် အသက်ကယ်ဆေးဖြစ်ပြီး ကိုးဘဝပျောက်ကင်းဆေးနှင့်သာဆိုလျှင် ဒဏ်ရာကို ရောဂါပိုးဝင်ရန် စိုးရိမ်စရာ မလိုတော့ပေ။ ထိုဆေး၏ အကျိုးရလဒ်သည် ဆေးလုပ်ငန်းမှ အခြားသောဆေးများထက် အဆများစွာ သာလွန်လေသည်။ ကိုးဘဝပျောက်ကင်းဆေး၏ အဓိကအချက်သည် မင်း ဒဏ်ရာပိုးဝင်နေလျှင်ပင် မင်း အသက်ရှုနေသရွေ့ အသက်ရှင်အောင် ပြုလုပ်ပေးနိုင်သည်။ အမှန်တမ်းဆိုလျှင် ကြော်ငြာတွင် ထိုစမ်းသပ်မှုကုန်ကျငွေသည် ရွှေပြား၊ ငွေပြား သို့မဟုတ် ကြေးပြားများ မီလီယံဆယ်နှင့်ချီသည်ဟု မပါရှိချေ။
ဒန်းဟန်ဆေးလုပ်ငန်းမှ အရင်ထုတ်ကုန်များသည် အခြားသော ကုသဆေးများကဲ့သို့ အလုပ်လုပ်နှုန်း တူညီလှသည်။ လက်ရှိ ကိုးဘဝပျောက်ကင်းဆေးသည် အခြားသောဆေးများထက် အဆများစွာ ကျော်လွန်သည်ဟု ညွှန်းဆိုထားကြပြီး ဈေးကွက်ရှိ အခြားသောကုသဆေးများထက် ပို၍ သာကြောင်း ဆိုထား၏။
သေးငယ်လှသည့် ရေစက်လေးသည် တုံ့ပြန့်မှုလှိုင်းလုံးအကြီးကြီးကို ဖန်တီးသွားခဲ့သည်။ ဤသတင်းသည် ယောင်ကျိုးမြို့တစ်ခုလုံးကို ဒန်းဟန်ဆေးလုပ်ငန်းအပေါ် အာရုံစိုက်မှု ရရှိစေသည်။ ယောင်ကျိုးမြို့သည် ချင်ယွီပြည်နယ်၏ မြို့တော်ဖြစ်သောကြောင့် ချင်ယွီပြည်တစ်ခုလုံး ဒန်းဟန်ဆေးလုပ်ငန်းကို မျက်စိဒေါက်ထောက် ကြည့်နေကြသည်ဟု ဆိုလိုခြင်း ဖြစ်၏။
တစ်ညတာအတွင်း မရေတွက်နိင်သည့် လူအုပ်ကြီးသည် ဒန်းဟန်အလုပ်ရုံရှေ့တွင် ခြေချင်းလိမ်နေကြပြီး ကိုးဘဝပျောက်ကင်းဆေးကို ဝယ်ယူချင်သည့်အပြင် ထိုအရာသည် အမှန်တကယ်ဟုတ်လားဆိုသည့် ကိစ္စကိုပါ သိချင်နေကြသည်။
ချင်ယွီပြည်နယ်သည် မရပ်မနားစစ်ပွဲဖြစ်နေသည့် အနေအထားတွင်ဖြစ်ပြီး နေ့စဉ် ဒဏ်ရာပိုးဝင်မှုကြောင့် အရေတွက်အများပြားက သေဆုံးနေကြသည်။ စစ်သားတွေလျှင်သာမက မုဆိုးများ၊ ဆေးပင်ရှာသူများ၊ ကြေးစားစစ်သားများ၊ သတ္တုရှာဖွေသူများ....အစရှိသဖြင့် ထိုလူများသည် မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ရှိပြီး သေခြင်းတရားကို ပိုးဝင်ခြင်းကြောင့် ရင်ဆိုင်တွေ့ရလျက် ရှိသည်။ အကယ်၍ ကိုးဘဝပျောက်ကင်းဆေးသာ ရှိမယ်ဆိုလျှင် မည်သူက အလိုမရှိဘဲ နေမည်နည်း.....
ဒန်းဟန်ဆေးလုပ်ငန်းရှိ ဒုတိယအလွှာတွင် လုကျိုးကျွင်းသည် စိတ်လှုပ်ရှားစွာ အပြေးအလွှားရောက်လာလေသည်
"ညီလေးမို..... ငါတို့ကြော်ငြာက အရမ်းအောင်မြင်တယ်..... အကယ်၍သာ ကိုးဘဝပျောက်ကင်းဆေးသာ တကယ်ကောင်းမယ်ဆိုရင် ....မဟုတ်ဘူး.....သုံးပုံတပုံလောက် ကောင်းမယ်ဆိုရင်တောင်....စက်တင်ဘာ ဆယ်ရက်နေ့ကျရင် ဒန်းဟန်ဆေးလုပ်ငန်းက အောင်မြင်လာလိမ့်မယ်....."
လုကျိုးကျွင်းသည် ရုတ်တရပ် ရပ်လိုက်ပြီး မိုဝူကျီသည် အောင်ပွဲခံရမည့် အခြေအနေထဲ မဟုတ်ကြောင်း သိရှိသွားပြီး စတင်၍ စိတ်ပူလာလေသည်။ လုကျိုးကျွင်း နှလုံးသားသည် တစ်ချက်တာ အခုန်မြန်သွား၏။ ဆေးအသစ် မအောင်မြင်တာများလား..... ဒါပေမဲ့ မိုဝူကျီက သတ္တုဆွဲပုံးများ တစ်ခုပြီးတစ်ခုကို နောက်ဖေးကွက်လပ်မှာ ထားပြီး စီစဉ်နေတာမဟုတ်ဘူးလား..... ဘွိုင်လာအချို့တောင် ပါသေး၏။ ထိုအရာအားလုံးက အတုအယောင်တော့ မဟုတ်ပါဘူး...... ဟုတ်တယ်မလား....
ဆေးအသစ် အောင်မြင်မည့်ကိစ္စသည် သူ့အနေနှင့် သိပ်မသေချာပေ။ မိုဝူကျီ၏ ရည်ရွယ်ချက်အတိုင်း ကျရှုံးနိုင်ခြေမရှိဟု ပြောကာ အပြည့်အဝ ကြောငြာပေးခဲ့တာဖြစ်သည်။ သို့သော် ယခုတွင်......
မိုဝူကျီသည် မတ်တပ်ရပ်လိုက်ပြီး လုကျိုးကျွင်းဘေးသို့ လျှောက်လာပြီး ပခုံးကို ပုတ်ကာ ပြောလိုက်သည်
"အစ်ကိုလု..... စိုးရိမ်စရာ မလိုပါဘူး... ဆေးက ဘာမှ အမှားအယွင်းမရှိဘူး....."
"အဲဆို ဘာလို့ စိတ်ထဲမှာ မတင်မကျသလို ဖြစ်နေရတာလဲ....." လုကျိုးကျွင်းသည် ဆေးတွင် မှားယွင်းမှုမရှိကြောင်း ကြားပြီး စိတ်တစ်ဝက်အေးသွားခဲ့သည်။ ဆေး အဆင်ပြေသရွေ့ ကျန်တာအားလုံးသည် ဖြေရှင်း၍ ရနိုင်သည်။
မိုဝူကျီသည် သက်ပြင်းချလိုက်ပြီး
"အစ်ကိုလု.... ကိုးဘဝပျော်ကင်းဆေး ဈေးကွက်ထဲရောက်သွားတာနဲ့ ကျွန်တော်တို့ ပိုင်နက်ကို ကာကွယ်နိုင်ပြီလို့ ထင်လား.....အဲဒါက ကျွန်တော်တို့ကို ချမ်းသာမှုအများအပြား ဆောင်ကျဉ်းပေးလိမ့်မယ်...... သေချာပေါက် ကျွန်တော်တို့ကို မနာလိုတဲ့သူတွေလည်း ရှိကြမှာပဲ....."
အမှန်တိုင်းဆိုရလျှင် မိုဝူကျီသည် ဤသေးငယ်လှသည့် ကြောငြာသည် ထိုသို့ကြီးမားလှသည့် တုံ့ပြန်မှုကို ယူဆောင်လာမည်ဟု မတွေးထားခဲ့ချေ။ ဤကမ္ဘာက လူတွေသည် ရောဂါပိုးဝင်တာ ကုသဖို့ ထိုမျှ လိုချင်တပ်မက်လိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ချေ။ ယခုအခြေအနေတိုင်းဆိုလျှင် ဆေး ဈေးကွက်ထဲ ရောက်သည်နှင့် ပထမအသုတ်တွင် သူသည် ရွှေပြားများကို ခြင်းနှင့် ချီ၍ ဝင်နိုင်မည်ဟု ယုံကြည်ထားသည်။
သူ့ကိုယ်တိုင်သည် ပင်နီဆလင်ထုတ်လုပ်မှုသည် ကူးယူဖို့ လွယ်ကူကြောင်း သိထားသော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ဒန်းဟန်ဆေးလုပ်ငန်းကို ဆန့်ကျင်ပြီး ရွှေပြားများမဝင်ခင် သူတို့ထက်အရင် လက်ဦးမှုရယူသွားခဲ့လျှင် ထိုသည်က မကောင်းလှချေ။
လုကျိုးကျွင်းသည် မိုဝူကျီစကားများကို ကြားပြီး ခဏတာ မှင်သက်သွားခဲ့ပြီး ရယ်မောခြင်း အဖြစ် ပြောင်းလဲသွားလေသည်
"ညီလေးမိုက တော်ဝင်မိသားစုမှာ မွေးတာဖြစ်လို့ ချင်ယွီပြည်နယ်ရဲ့ ဥပဒေတွေ အကြောင်းနားမလည်တာ ဖြစ်တတ်ပါတယ်...... ချင်ယွီပြည်နယ်တင် မဟုတ်ဘူး.... ရှင်းဟန်အင်ပါယာတစ်ခုလုံးမှာ အလုပ်ရုံစီးပွားရေးတွေကို ကာကွယ်ပေးထားတယ်..... သေချာတဲ့ ပမာဏတချို့ကို အခွန်အဖြစ် ဆောင်သရွေ့ပေါ့...... ဒန်းဟန်ဆေးလုပ်ငန်းရဲ့ဂုဏ်သတင်းက ရှင်းဟန်အင်ပါယာထိ ပြန့်နှံ့နေတာ.....ဘယ်သူက ဆန့်ကျင်ရဲမှာလဲ....... ဒန်းဟန်က အရင်က ငါ့ရဲ အသုံးမကျမှုတွေကြောင့် ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရတယ်..... "
မိုဝူကျီသည် လုကျိုးကျွင်းစကားများကြောင့် စိတ်အေးမသွားခဲ့ချေ။ ဒန်းဟန်ဆေးလုပ်ငန်းသည် ခြေသလုံးအိမ်တိုင်သာသာ အားကြီးလေ၏။ ကျောထောက်နောက်ခံမရှိလျှင် ဤလုပ်ငန်းအပေါ်တွင် မျက်စိကျနေသည့် သူများမရှိဘူးဟု ဆိုလျှင် ထူးဆန်းလှပေသည်။ ကမ္ဘာမြေပေါ်တွင် ဝန်ထမ်းအများကြီးနှင့် ကြီးမားပုံရသည့် ကုမ္ပဏီတစ်ခုရှိလေသည်။ သို့သော်လည်း ဝန်ထမ်းများအပေါ်တွင် မတရားခိုင်းကာ ပိုက်ဆံအနည်းငယ်သာပေးပြီး အခြားအမြင်ဆိုးများ၏ ဒဏ်ကို ခံနေရသည်သာ ဖြစ်၏။ ဤကုမ္ပဏီ အပြင်အလုပ်များ လက်မခံတော့သည့်နေ့သည် နောက်ဒန်းဟန်ဆေးလုပ်ငန်း ဖြစ်လာသည့် နေ့ဖြစ်၏။
လုကျိုးကျွင်းသည် ရှင်းဟန်အင်ပါယာမှ အကာအကွယ်ပေးလိမ့်မည်ဟု ပြောသောအခါ မိုဝူကျီသည် လုံးဝ မယုံကြည်ပေ။ အမြတ်ငွေသာ အရှုံးအနိုင်ပေါ်သရွေ့ ဘာမဆို ဖြစ်လာနိုင်သည်။ သူ့၏ သစ္စာဖောက်ခြင်းခံရသော အရင်ဘဝမှ အတွေ့အကြုံများမှ သူသည် တချို့သောအရာများသည် ဥပဒေတို့ လူသားချင်းစာနာစိတ်တို့ နှင့် ဖြေရှင်း၍ မရကြောင်းသိ၏။
သို့သော် သူသည် ကြီးကြီးမားမား ဖြစ်လာချင်ပြီး ဤသည်က သူ့အား ပိုက်ဆံအမြောက်အမြားဝင်ရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် နှိမ်ချနေရန် မတတ်နိုင်တော့ချေ။
ဘဘောတရားပြောရမည်ဆိုလျှင် တစ်စုံတစ်ယောက်က ဒန်းဟန်ဆေးလုပ်ငန်းနှင့် အမြန်လာလုပါက သူတို့သည် ချည်းကပ်မှုအစား ချည်းကပ်မှုသုံးသင့်သည်။ သူသာ အဓိကထုတ်ကုန်များကို ထိန်းချုပ်ခွင့်ရပြီး ပိုက်ဆံလိုအပ်သည့်အခါ ရောင်းချနေသရွေ့ အန္တရာယ်မရှိချေ။
ထိုအချက်အထိတွေးပြီးနောက်
"အစ်ကိုလု..... ကျွန်တော် တည့်တိုးပဲ ပြောမယ်.... တစ်ယောက်ယောက်ကသာ ဒီဟာကို ဝေမျှချင်တယ်ဆိုရင် သူတို့က လုပ်ငန်းထဲက ကျွန်တော့ ရှယ်ယာကို ယူလို့ရတယ်..... ဒါပေမဲ့ ကျွန်တော့်ပိုက်ဆံခွဲတမ်းတော့ မရဘူး...."
"သေချာတာပေါ့.... ဘာပြဿနာမှ မရှိပါဘူး..... မစိုးရိမ်နဲ့...."
လုကျိုးကျွင်းသည် မိုဝူကျီ၏ တောင်းဆိုမှုများကို ဒုတိယတစ်ကြိမ် ထပ်၍ပင် မတွေးဘဲ လက်ခံပေးသည်။
မိုဝူကျီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး လုကျိုးကျွင်းကို စာချုပ် လက်မှတ်ထိုးရန် မတောင်းဆိုခဲ့ချေ။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်၏ အရည်အသွေး မကောင်းသည့်အချိန်အခါ၌ စာရွက်အပိုင်းအစ တစ်ခုက မည်သို့ အသုံးဝင်မည်နည်း.....
သူသည် ယောင်ကျိုးမြို့တွင် တစ်ဦးတည်းဖြစ်ပြီး တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပါက မည်သူမျှ သူ့အား အကူအညီပေးမည် မဟုတ်ပေ။
လုကျိုးကျွင်းနှင့် ဆွေးနွေးပြီးသည့်နောက် မိုဝူကျီစည် တစ်နေ့လုံး တစ်ညလုံး ပင်နီဆလင်ကို ဖော်စပ်နေခဲ့သည်။ သူ့လက်ဝယ်ရှိ အင်အားကို ထိန်းထားနိုင်ရေးအတွက် ပင်နီဆလင် အများအပြားထုတ်လုပ်ရန် လူအင်အားလိုအပ်လေသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်သည့် အဆင့်များတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ အိမ်မှ နှစ်လအကြာတွင် စိတ်ဝိညာဉ်ကို ဖွင့်နိုင်မည့် ဖြေဆေးကို ဖော်စပ်နိုင်သော ဆေးပင်များကိုလည်း စုဆောင်းနေသည်ကလွဲ၍ သူသည် ကောင်းကောင်းပင် အနားမယူခဲ့ပေ။
နှစ်လကြာပြီးသည့်နောက် သူသည် နောက်ဆုံးတွင် ပထမအသုတ်ဖြစ်သည့် ပင်နီဆလင်အရောကို ထုတ်လုပ်နိုင်ခဲ့သည်။