“ငါ့ရဲ့ ဒန်းဟန်ဆေးလုပ်ငန်းမှာ အဓိက ထုတ်ကုန်သုံးမျိုးရှိတယ်….. ပထမက သွေးဖြည့်ဆေးပဲ….. ဆေးက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက် အလွန်ကောင်းတယ်….. မင်းလည်း မြောက်ဖက်ပိုင်း ချင်စီရင်စုမှာ မွေးလာတဲ့အတွက် ချင်ယွီပြည်နယ်နဲ့ အိမ်နီးချင်းပြည်နယ်တွေ အချင်းချင်းကြားက ဖြစ်လေ့ရှိတဲ့ တိုက်ပွဲတွေကို မင်းသိမှာပါ…. အဲဒါကြောင့် ငါတို့ သွေးဖြည့်ဆေးက အရမ်းနာမည်ကြီးနေတာ…..”
မိုဝူကျီသည် သူ့အမြင်ကို မဖော်ပြခဲ့ပေ။ သူသည် ထိုဖြစ်ရိုးဖြစ်စဉ်စစ်ပွဲများအကြောင်း အမှန်တကယ် မသိရှိချေ။
လုကျိုးကျွင်းသည် ဆက်လက်၍ ပြောလိုက်သည်
“ဒုတိယတစ်ခုက အရိုးသန်မာဆေးပဲ…. ဒီဆေးကို ဝိညာဉ်ကြောမရှိတဲ့ သိုင်းသမားတွေ အသုံးပြုကြတယ်…. သူတို့ရဲ့ သိုင်းပညာလေ့ကျင့်မှု နဲ့ သူတို့စွမ်းဆောင်ရည် တိုးလာဖို့ ကူညီပေးနိင်တယ်…..”
“သိုင်းသမားလား….”
မိုဝူကျီသည် မယုံကြည်စွာ မေးလိုက်သည်။
လုကျိုးကျွင်းသည် ခေါင်းညိတ်ပြလိုက်ပြီး
“ညီလေးမိုက နိုဘယ်ဆိုတော့ ဒီကိစ္စကို မသိတာ ဖြစ်နိုင်ပါတယ်….. အဓိက ဒီမှာ ဝိညာဉ်ကြောနဲ့ လူတွေက အရမ်းကိုနည်းပါးလွန်းတယ်….. အများစုက သေမျိုးဝိညာဉ်ကြောပဲရှိကြတယ်….အဲဒီကြောင့် သူတို့က အင်အားကို တိုးမြှင့်ပြီး သိုင်းပညာကို လေ့လာကြတယ်…..သိုင်းပညာ ကို ထိပ်ဆုံးထိ လေ့ကျင့်နိုင်ရင် ဝိညာဉ်ကြောရှိတဲ့ လူတော်တွေနဲ့ကို ယှဉ်နိုင်လိမ့်မယ်……”
လုကျိုးကျွင်းအမြင်အရ မိုဝူကျီ၏ အဖိုးသည် ဆေးဖော်စပ်သူဖြစ်ပြီး ဝိညာဉ်ကြောရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အတွက် ထိုသို့သောမိသားစုမျိုးတွင် သိုင်းပညာကို အထင်သေးနှိမ်ချပြီး ထိုအကြောင်းမသိသည်မှာလည်း ပုံမှန်ကိစ္စဖြစ်လေသည်။
မိုဝူကျီသည် နှလုံးခုန်မြန်သွား၏။ အကယ်၍ သူ့တွင် ဝိညာဉ်ကြောမရှိခဲ့လျှင်တောင် သိုင်းပညာကို လေ့ကျင့်ဖို့ ဖြစ်နိုင်သေးတယ်မလား…..
“တတိယဆေးက ဒန်းဟန်ဆေးလုပ်ငန်းမှာ ထင်ရှားတဲ့ဆေး ဝိညာဉ်စွမ်းအားတိုးဆေးပဲ …..ဒီဆေးမှာ ရှားပါးတဲ့ ဆေးပင်အများအပြား ပါဝင်တယ်….. ပြီးတော့ စိတ်ဝိညာဉ်နှင့်ဆိုင်တဲ့ ပါဝင်ပစ္စည်းတောင် ပါဝင်တယ်….. ကျင့်ကြံသူတွေအတွက် သူတို့စိတ်ဝိညာဉ်ကို ဖွင့်ဖို့ အရမ်းအသုံးဝင်တယ်….. ကောင်းကင်နဲ့ ကမ္ဘာမြေက အနှစ်သာရကိုလည်း အလျှင်အမြန် စုစည်းဖို့ ကူညီပေးနိုင်တယ်…… ငါ့ရဲ့ ဒန်းဟန်ဆေးလုပ်ငန်းက ရှင်းဟန်အင်ပါယာမှာ နာမည်ရလာတာလည်း ဒီဝိညာဉ်စွမ်းအားတိုးဆေးကြောင့်ပဲ…..”
လုကျိုးကျွင်းသည် ဂုဏ်ယူစွာ ပြောလိုက်သည်။ ထင်ရှားစွာပင် ဤဆေးလုံးသည် အတော်ကောင်းသည့် ဂုဏ်သတင်းရှိ၏။
မိုဝူကျီသည် ထပ်၍ မေးလိုက်သည်
“အစ်ကိုလု…. သက်စောင့်ဆေးက အဆင့်အမျိုးမျိုး ရှိတယ်လို့ ကြားတယ်…. ဒီဝိညာဉ်စွမ်းအားတိုးဆေးက ဘယ်အဆင့်လောက်ရှိလဲ”
မိုဝူကျီစကားများ ကြားသောအခါ လုကျိုးကျွင်း၏ မျက်နှာသည် နီရဲလာပြီး ရှက်ရွံစွာ ပြောလိုက်သည်
“အကယ်၍ ထိပ်တန်းအဆင့်ဆိုရင် မကောင်းဘူးလားကွာ….. ဒါပေမဲ့ ဒီဝိညာဉ်စွမ်းအားတိုးဆေးက သက်စောင့်ဆေးအဖြစ် ယူဆလို့ မရသေးဘူး….. ဒါပေမဲ့လည်း ချန်ယွီပြည်နယ်မှာ တချို့ဆေးတွေလောက်ပဲ ကျင့်ကြံသူတွေကို ကူနိုင်တာ…. သိပ်မကြာခင်မှာ ငါ့ရဲ့ ဒန်းဟန်ဆေးလုပ်ငန်းက ဆေးအသစ်တွေ ထုတ်လုပ်ဖို့ အမှီမလိုက်နိုင်တော့ တခြားသူတွေဆီ ရှုံးနိမ့်သွားတယ်…… ဝိညာဉ်စွမ်းအားတိုးဆေးကို ဖော်စပ်ဖို့ ဝိညာဉ်စွမ်းအားဆိုင်ရာ ပါဝင်ပစ္စည်းကိုမရရှိနိုင်လို့ ရလဒ်က ဒီနေ့ ဒီလိုဖြစ်နေတာပဲ……“
မိုဝူကျီသည် ဒန်းဟန်ဆေးလုပ်ငန်းတွင် အကောင်းဆုံးဖြစ်သည့် ဝိညာဉ်စွမ်းအားတိုးဆေးကို ရောင်းရန်ပင် မရှိကြောင်း နားလည်သွားခဲ့သည်။ တခြားရှုထောင့်မှဆိုလျှင် ထိုအရာသည် သက်စောင့်ဆေးပင် ယူဆ၍ မရသေးချေ။
“အစ်ကိုလုက ကျင့်ကြံသူတွေနဲ့ ကျင့်ကြံမှုအကြောင်း ဘယ်လောက်လောက်သိလဲ…..”
မိုဝူကျီသည် ဒန်းဟန်ဆေးလုပ်ငန်းသည် ဘာဆေးများ ထုတ်နေကြောင်း ဂရုမစိုက်ပေ။ သူသည် ဒီနေရာတွင် ဘာကို ထုတ်လုပ်နိုင်မလဲသာ ပို၍ အလေးထားလေသည်။ တစ်စုံတစ်ရာကို ကောင်းကောင်း ထုတ်လုပ်နိုင်သရွေ့ သူသည် ပိုက်ဆံအမြောက်အမြားရလိမ့်မည်။ အပြန်အလှန် ထိုပိုက်ဆံများနှင့် သူသည် စိတ်ဝိညာဉ်ကို ဖွင့်နိုင်လိမ့်မည်။
လုကျိုးကျွင်းသည် မိုဝူကျီစကားများကို ကြားပြီး ရုတ်တရက် သူတွေးထားသည့် မိုဝူကျီအကြောင်း မှန်သည်လားဟုပင် မေးခွန်းထုတ်လုမတတ်ဖြစ်ခဲ့သည်။ မိုဝူကျီသည် မိုထင်းချန်၏ အရည်အချင်းများကို အမွေရရှိခဲ့ပါက သူသည် အဘယ်ကြောင့် ထိုသို့မေးခွန်းမျိုးကို မေးမည်နည်း…..
မိုဝူကျီသည် လုကျိုးကျွင်း၏ သံသယကို ချက်ချင်း သတိပြုမိပြီး အလျှင်အမြန်ပြောလိုက်သည်
“အစ်ကိုလု…. ကျွန်တော်က ကျင့်ကြံသူတွေအတွက် သက်စောင့်ဆေးကို မဖော်စပ်နိုင်ပေမဲ့လည်း ဒီဦးတည်ချက်ထားဖို့ ရည်ရွယ်ထားတယ်…. အရင်က နိုင်ငံကို ပြန်ရဖို့ပဲ အာရုံစိုက်နေခဲ့တယ်….. ဒီလိုအရာတွေအတွက် အချိန်မပေးဖြစ်ခဲ့ဘူး….. အခု ဆေးဖော်စပ်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ပိုသိဖို့ လိုလာပြီလေ….”
လုကျိုးကျွင်းသည် ထိုစကားများအား သဘောတူ ထောက်ခံလေ၏။ မိုဝူကျီသည် မှန်ကန်ပေသည်။ ပိုက်ဆံဝင်နိုင်သည့် နည်းလမ်းအစစ်အမှန်သည် သာမာန်ဆေးများများမှ မဟုတ်ချေ။ ကျင့်ကြံသူများ အသုံးပြုသည့် သက်စောင့်ဆေးများမှသာ ဖြစ်၏။
ခဏတာ တွေးတောလိုက်ပြီးနောက် လုကျိုးကျွင်းသည် ပြောလိုက်သည်
“ကျင့်ကြံသူတွေ အကြောင်းတော့ သိပ်မသိဘူး….ဒါပေမဲ့ ချင်ယွီပြည်နယ်ရဲ့ ကာကွယ်သူက ကမ္ဘာအဆင့် ရောက်လုနီးပါးဖြစ်နေတဲ့ ပညာရှင်တဲ့….”
“ခဏ….ခဏနေပါဦး….. ကမ္ဘာအဆင့် ပညာရှင်အဆင့်က ဘာလဲ….”
မိုဝူကျီသည် အလျှင်အမြန် မေးလိုက်သည်။
လုကျိုးကျွင်းသည် အကူညီမဲ့စွာ ရှင်းပြလိုက်ရ၏
“ငါလည်း ရှင်းရှင်းလင်းလင်းတော့ မသိဘူး….ဒါပေမဲ့ သူက အရမ်း အရမ်း သန်မာတာတော့ သိတယ်…. ချင်ယွီပြည်နယ်ထဲက ကျင့်ကြံသူအများစုက လူသားအဆင့် ပညာရှင်တွေများတယ်…. လူသားအဆင့်မှာ အဆင့်သုံးဆင့်ရှိတယ်… ချီသွေးကြောတွေ ကျယ်ပြန့်ခြင်း…. ဝိညာဉ်တည်ဆောက်ခြင်း နဲ့ သေမျိုးမှ လွတ်မြောက်ခြင်းတို့ ဖြစ်တယ်….သေမျိုးမှ လွတ်မြောက်ခြင်းအဆင့်ကို ကျော်လွန်သွားတာနဲ့ ကမ္ဘာအဆင့်ထဲ ဝင်ရောက်သွားတာ….. ချီသွေးကြောတွေ ကျယ်ပြန့်ခြင်းက စိတ်ဝိညာဉ်ကို ဖွင့်ပြီးတဲ့နောက် ပထမဆုံးအဆင့်ပဲ….. ကြားဖူးတာက တကယ့် အသန်မာဆုံး ဂျီးနီးယပ်တွေဆိုရင် ချီသွေးကြော ကျယ်ပြန့်ခြင်းအဆင့်မှာ ဝိညာဉ်လမ်းကြောင်း ၉၉ ခုအထိ ဖွင့်နိုင်ကြတယ်တဲ့….”
ဝိညာဉ်ကြောနှင့်လူတွင် ဝိညာဉ်လမ်းကြောင်းများပြီး ခိုင်မာကျယ်ပြန့်လျှင် ကျင့်ကြံခြင်းမှာ ပိုမြန်ဆန်လေ့ရှိကြသည်။ အဆင့်တူများအထဲတွင် သူသည် ပိုသန်မာပြီး ပို၍လည်း အလားအလာကောင်းများ ရှိလိမ့်မည်။ ငါတို့လို သေမျိုးဝိညာဉ်ကြောနှင့်လူတွေအတွက် ဝိညာဉ်လမ်းကြောင်းဖွင့်ဖို့ရန် ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။
မိုဝူကျီသည် ရုတ်တရက် အတွေးရလာပြီး စိတ်အားတက်ကြွစွာ ပြောလိုက်သည်
“အစ်ကိုလု….. ဝိညာဉ်ကြောရှိတဲ့လူတွေပဲ ချီသွေးကြောကို ချဲ့လို့ရတာလား……”
လုကျိုးကျွင်းသည် မိုဝူကျီအား ဗလာနိတ္ထိကြည့်လိုက်ပြီး
“ဒါက ဝိညာဉ်လမ်းကြောင်း…. ချီသွေးကြောမဟုတ်ဘူး…..”
“အို…..ဝိညာဉ်လမ်းကြောင်းက ချီသွေးကြောနဲ့ မတူဘူးလား… သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော….. သူတို့လည်း အတူတူ မဟုတ်ဘူးလား…. ”
မိုဝူကျီသည် ရယ်မောလိုက်သည်။ သူအနေနှင့် အရမ်းမသေချာပေမဲ့လည်း ထိုသို့ဖြစ်သင့်သည်ဟု မှန်းဆလိုက်ခြင်း ဖြစ်၏။
လုကျိုးကျွင်းသည် ရှုပ်ထွေးသွားပြီး ထိုသို့သာ ပြောနိုင်လေ၏
“ဒါပေမဲ့ သေချာတာက သေမျိုးဝိညာဉ်ကြောနှင့် လူတွေမှာ ချီသွေးကြောမရှိဘူး….. ဝိညာဉ်ကြောနဲ့လူတွေမှာသာ သူတို့စိတ်ဝိညာဉ်ကို ဖွင့်ပြီး ချီသွေးကြောကိုလည်း ဖွင့်နိုင်ကြတယ်……”
မိုဝူကျီ၏ လွှမ်းမိုးခြင်းခံလိုက်ရပြီး လုကျိုးကျွင်းသည် ဝိညာဉ်လမ်းကြောင်းများအစား ချီသွေးလွတ်ကြောများဟု စတင်သုံးနှုန်းလာခဲ့သည်။
မိုဝူကျီသည် တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။ သူ့အရင်ဘဝတွင် သူ့ထုတ်ဖော်ထားသည့် ဖြေဆေးသည် ချီသွေးကြောများကို ဖွင့်၍ ကျယ်ပြန့်လာအောင် လုပ်နိုင်သောကြောင့် သူ့ချစ်သူမှ သူ့အပေါ်တွင် သစ္စာဖောက်သွားလေသည်။ အကယ်၍ သူသည် ဤနေရာတွင် တူညီသောဖြေဆေးကို ထုတ်ဖော်နိင်ပါက ဝိညာဉ်ကြောနှင့်လူများကဲ့သို့ ကျင့်ကြံနိုင်မည် မဟုတ်ပါလော…..
ထိုအကြံထွက်ပေါ်လာသည့် အခိုက်အတန့်တွင် မိုဝူကျီ မပါဝင်နိုင်သည့် တောက်လောင်နေသည့် မီးတောက်နှင့် တူလေသည်။ ဤကမူးရှူးထိုး မျှော်လင့်ချက်သည် ပို၍ ပို၍ပင် တက်ကြွလာလေသည်။
“အစ်ကိုလု…. ကျွန်တော် ဒန်းဟန်ဆေးလုပ်ငန်းကို နောက်တစ်ခါ အောင်မြင်အောင်လုပ်နိုင်မယ်လို့ သေချာတယ်…..ဒါပေမဲ့လည်း ကျွန်တော့်မှာ တောင်းဆိုစရာ နှစ်ချက်ရှိတယ်…..”
မိုဝူကျီသည် ကျင့်ကြံခြင်းအကြောင်း ထပ်မမေးတော့ချေ။ သူသည် လုကျိုးကျွင်းလည်း များစွာမသိကြောင်း မြင်သာလှ၏။
မိုဝူကျီစကားများကိုကြားပြီးနောက် လုကျိုးကျွင်းစိတ်သည် ပေါ့ပါးသွားပြီး ချက်ချင်းပြောလိုက်သည်
“သခင်လေးမိုသာ အတိတ်က ဒန်းဟန်အောင်မြင်မှုကို ပြန်လည်ရယူနိုင်ရင် တောင်းဆိုချက် နှစ်ခုမဟုတ်ဘူး….ဆယ်ခုဆိုတောင် ကျွန်တော် သဘောတူမှာပဲ…..”
မိုဝူကျီ၏ စကားများသည် သူ့အား စိတ်လှုပ်ရှားစေသောကြောင့် လုကျိုးကျွင်းသည် ညီလေးမိုအစား သခင်လေးမိုဟု ပြောင်းလဲ၍ ခေါ်ဆိုလေသည်။
မိုဝူကျီသည် ခေါင်းညိတ်လိုက်ပြီး
“အရင်ဆုံး စမ်းသပ်ခန်းက ကျွန်တော့်ရဲ့ ပိုင်နက်ဖြစ်ရမယ်…. ကျွန်တော်ရဲ့ ခွင့်ပြုချက်မရဘဲ ဘယ်သူကိုမှ ဝင်ခွင့်မပြုဘူး….”
“ပြဿနာမရှိဘူး…”
မိုဝူကျီသည် ထိုတောင်းဆိုချက်ကို မပြောလျှင်ပင် လုကျိုးကျွင်းသည် တခြားဆေးဖော်စပ်သူကို ဌားရမ်းရန် မတတ်နိုင်ချေ။
“ဒုတိယတစ်ချက်က ကျွန်တော်က စမ်းသပ်မှုအတွက် အမျိုးမျိုးသော ဆေးပင်နဲ့ ပါဝင်ပစ္စည်းတွေ လိုအပ်လိမ့်မယ်….. စိတ်ဝိညာဉ်ဆိုင်ရာဆေးပင်များကိုပင် လိုရင် လိုလိမ့်မယ်….. ဒန်းဟန်ဆေးလုပ်ငန်းက ဒီလိုအပ်ချက်တွေကို ပြည့်စုံဖို့ ပြုလုပ်ပေးဖို့ မျှော်လင့်ပါတယ်…..”
မိုဝူကျီသည် ကမ္ဘာမြေပေါ်တွင် သူဖော်စပ်ခဲ့သည့် ဖြေဆေးက စိတ်ဝိညာဉ်ကိုဖွင့်ပြီး အနှစ်သာရများကို စုပ်ယူနိုင်မလားဆိုတာ မသိရှိပေမဲ့ သူကြိုးစားကြည့်ရမည်။ အကယ်၍ သူသာ အောင်မြင်ပါက သူ့တွင် ဝိညာဉ်ကြောမရှိပေမဲ့လည်း ကျင့်ကြံနိုင်မည် ဖြစ်သည်။
လုကျိုးကျွင်းသည် မပြောခင် တွေဝေသွားခဲ့သည်
“သခင်မို…. ဒန်းဟန်ဆေးလုပ်ငန်းသာ အမြတ်ငွေရရှိရင် အဲဒါတွေက ပြဿနာမဟုတ်တော့ပါဘူး….”
မိုဝူကျီသည် မတ်တပ်ရပ်လိုက်ပြီး သူ့လက်ကို ကမ်းကာ
“အစ်ကိုလု…. ခင်ဗျားနဲ့ အလုပ်အတူတူ တွဲလုပ်ဖို့ မျှော်လင့်ပါတယ်……. ကျွန်တော့်ကို ဆေးဖော်စပ်ရေး အကြီးအကဲအဖြစ် ရွေးချယ်တာ အလွန်ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပဲ……”
လုကျိုးကျွင်းသည် မိုဝူကျီ၏ လက်နောက်ကွယ်မှ အဓိပ္ပါယ်ကို မသိရှိချေ။ သို့သော် သူသည် ခါးသက်စွာ ပြုံးရင်း မိုဝူကျီ လက်ကို လှမ်းဆွဲလိုက်သည်။ ဉာဏ်ရှိသည့်လှသည့် ဆုံးဖြတ်ချက် ဟုတ်သည်လား မဟုတ်သည်လားဆိုတာ သူပင် သေချာမသိချေ။