book

Index 9

Chapter 9

  • Author : YomYom
  • Genres : Romance, Drama

Plan's POV


တကယ်ကြီးကို ပင်ပန်းပါတယ်. မိန်းကလေးတွေ သူတို့ မင်္ဂလာပွဲကို ဘယ်လိုများ ဖြတ်သန်းခဲ့ကြလဲမသိ! ဝတ်စုံတွေ မိတ်ကပ်တွေနဲ့. ကျွန်တော့ မှာတော့ ဒီဝတ်စုံလေးနဲ့ တောင် အသက်ရှူ မဝ သလိုပင်.


Mean: ဘာတွေ တွေးနေတာတုန်း ??


Plan: အာ ... ဘာမှ မတွေးပါဘူး.


( အခုတော့ ကျွန်တော်တို့ အိမ်လေးကို ရောက်နေပီလေ. ကျွန်တော့ မိဘတွေက လက်ဖွဲ့အဖြစ်ပေးထားတာ. ကျွန်တော့ ဆိုင်နဲ့ သိပ်မဝေးဘူး ဆိုတော့ မိဘအိမ်နဲ့ လည်း သိပ်မဝေးပါဘူး. သူတို့က ကိုယ်တွေကို ဒီိလိုစီစဉ်ပေးရတာက ကျွန်တော် က ခြံနဲ့ ဝန်းနဲ့ပဲ နေချင်တာလေ. အာ့မှ ဆိုင်အတွက် သီးပင် စားပင်လေးတွေကို ကိုယ်တိုင် တနိုင်တပိုင် စိုက်လို့ရတာပေါ့.)


Mean: တွေ့လားတွေးနေပြန်ပီ . ကိုယ်ရေသွားချိုးချင်ပီး အရင်ချိုးလိုက်မယ်နော်!

Plan: ဒါပေါ့ အရင်ချိုးလိုက် .

တကယ်တော့ အိမ်မှာ အိပ်ခန်းကြီး ၂ ခန်းပါပါတယ်. တစ်ခုတော့ ကျွန်တော်တို့ အတွက် နောက်တစ်ခန်းက ဧည့်သည်တွေ ဘာတွေ လာနေရင်ပေါ့!

သူရေချိုးပြီးတော့ ကျွန်တော့ အလှည့်ပေါ့! ရေချိုးပီးထွက်လာတော့ P Mean ကို ကုတင်ပေါ်မှာ ထိုင်နေရင်း laptop သုံးနေတာကို တွေ့လိုက်ရတယ်. ခုမှ ဘာလုပ်ရင်ကောင်း မလဲ တွေးမိတယ်! သူနဲ့ တူတူအိပ်ရမှာလား?????? ကျွန်တော်လည်းသူ့ကိုလည်း မကြည့် မျက်နှာချင်းလည်း မဆိုင်ပဲ ကျောပေးပြီး စောင်လေးထဲ တိုးဝင်လိုက်တယ်.

Mean : ဟန်းနီးမွန်း မသွားရလို့ စိတ်ဆိုးနေလား ??

Plan : မဆိုးပါဘူး . လိုမှ မလိုတာ.

Mean : မိဘတွေကိုပါ ကိုယ်မသွားနိုင်တဲ့ အကြောင်း ကူပြောပေးလို့ကျေးဇူးပါ .

Plan: မလိုပါဘူး. ကိုယ်တွေ လည်း တကယ့် လင်မယားတွေလို ဟန်ဆောင်စရာမှ မလိုတာ. အာ့တော့
ဟန်နီးမွန်းက မလိုဘူးလေ.

Plan လည်းမရည်ရွယ်ပဲ ပြောချင်တာတွေကို နှုတ်မှ ချော်ထွက်သွားတော့ Mean ၏ လက်တော့ ကိုအားနဲ့ ရိုက်သံလေးကို ကြားလိုက်ရသည်.

Plan လည်း Mean ကို လှည့်ကြည့်လိုက်မိသည် . သူ့ကြည့်ရတာ ဒေါသနည်းနည်းထွက်နေပုံ...

Mean : အော်.. လင်မယားတွေလို သရုပ်ဆောင်ပေးစရာမလိုပါဘူး. တကယ်ဖြစ်အောင် လုပ်လိုက်ရင်ရတာပဲကို...

Mean လည်း Plan အပေါ်ကို အုပ်မိုးလိုက်ပြီး Plan မျက်နှာနားကို တိုးကပ်လာရင်း ....

Plan: P ဘာလုပ်တာလဲ ????

Mean : တကယ့်အတွဲတွေ မင်္ဂလာဆောင်ပြီးရင် ဘာလုပ်လဲ မသိချင်ဘူးလား ??

Plan: မသိဘူး !! P ဖယ်ပေးပါ!

Plan လည်း သူ့ပေါ်ကို အုပ်မိုးထားရင်း နမ်းဖို့ကြိုးစားနေတဲ့ Mean ကို မနည်းအားနဲ့ တွန်းကန်နေရသည်.

Mean: မဖယ်ပေးဘူး . ပြောပီးပီလေ! တကယ့် ဇနီးမောင်နံတွေလို နေမယ်လို့!

Plan: ဟင့်အင်း ဟင့်အင်း....

Mean လည်း ရုန်းနေတဲ့သူ့ကို ငြိမ်အောင် ကြိုးစားနေရာမှ Plan ကို ကြည့်လိုက်တော့...
 
"Plan!!!"
 
....................................////////..........................

>>> Chapter 10

#yomyom

ဖတ်ပေးသူ များကို ကျေးဇူးပါ!! 🥰💙💚


rate now: