book

Index 8

Chapter 8

  • Author : YomYom
  • Genres : Romance, Drama

ပွဲကြီးနေ့


Mean ♥️ Plan ဆိုတဲ့ နာမည်လေးနဲ့ ဆိုင်းဘုတ်အကြီးကြီးက ပွဲလာဧည့်တွေကို ခမ်းခမ်းနားနားကြိုဆိုထားတယ်.


ဆွေမျိုး မိတ်သင်္ဂဟ နှင့် ပွဲလာပရိတ်သတ်တွေကတော့ တောက်တောက်ပပဝတ်ဆင်ထားကြပီး ပြုံးလို့ရှွင်လို့....


၂ ဘက်မိဘတွေကတော့ ဧည့်သည်တွေကိုကြိုဆိုရင်း စကားပြောနေကြတယ်.


ခန်းမတစ်ခုလုံးက အပြာအစိမ်း ပူဖောင်းလေးတွေဆင်ယင်ထာူပြီး အလှပြင်ထားတဲ့ ပန်းအိုးတွေမှာလည်း အလွန်လှတဲ့ အပြာ အစိမ်း နဲ့ အဖြူရောင်လှွမ်းတဲ့ ပန်းလေးတွေက ရောယှက် ဝေဆာလို့.

ထိုင်တဲ့ ဧည့်ခုံလေးတွေမှာ အပြာ အစိမ်းယှက်ထားတဲ့ ဖဲကြိုးလှလှလေးတွေကို သိုင်းယှက် တွဲချည်ထားတယ်.


Chompoo Rak ကတော့ Lay ကို အရမ်းတွေကိုကျေးဇူးတင်နေတာပေါ့ ! သူမက Mean နဲ့ Plan ကြားက ပြဿနာလေးတွေကို ဝင်ရှင်းရင်း အစစ အရာရာ လိုက်စီစဉ်ပေးထားရသူ. သူမမရှိရင် ဒီခန်းမကြီးက စစ်မြေပြင်ဖြစ်နေမလားမသိတော့ သူမက ကယ်တင်ရှင် လူစွမ်းကောင်းကြီးပင်.


Chompoo: သားတေရော ? ဝတ်စုံလဲပြီးကြပီလား??

 

Rak: Mean ကိုတေ ွ့လိုက်တယ် . ပြီးသွားလို့ သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်ထင်တယ်.


Lay : Plan ကတော့ အဝတ်လဲခန်းထဲမှာပဲ . Lay သွားခေါ်လိုက်မယ်.


.......................................


Plan's POV


ဒီနေ့တော့ ရောက်လာပီ . ဘယ်လိုခံစားနေရလဲ ပြောမပြတတ်ပေမယ့် စိတ်လှုပ်ရှားနေတာတော့ အမှန်ပဲ.


Lay: ဝင်လာလို့ရမလား ?

တံခါးခေါက်သံနဲ့ အတူ Lay အသံကိုကြားလိုက်ရတယ်

Plan: ရပါတယ် P

Lay: အိုး ကြည့်စမ်းပါဦး မောင်လေးက ချစ်စရာလေး!!

Plan: ချစ်စရာကောင်းတာမဟုတ်ပါဘူး . ယောကျင်္ားဆန်ဆန်ချောတာပါ!!

Lay: အမလေး ဟုတ်ပါပီ ယောကျာင်္းဆန်ဆန် ချစ်စရာလေးရေ !
  
Plan က မျက်စောင်းထိုးလိုက်လို့ Lay ကရယ်နေတုန်း တံခါးခေါက်သံ ကြားလိုက်ရတယ်.

Plan; ဝင်ခဲ့ပါ!

"ဟား !! ငါ့တူက အချောကြီးပဲ!"

Plan: အန်ကယ် Tit!!!

Plan လည်း ပြေးပီး သူ့ဦးလေး Title ကိုပြေးဖက်လိုက်လေသည်. Lay ကတော့ သူတို့ အေးဆေး စကားပြောရအောင် အပြင်ထွက်ပေးလိုက်တယ်.

Plan : အန်ကယ် Tit ကလည်း နောက်ကျလိုက်တာ .

Title: နောက်ကျတာ ငါမဟုတ်ဘူး ! မင့် အန်တီလေ!

Coo: ဒါလင်နော် !!!!

Coo က Title လက်မောင်းကို သာသာလေးထုလိုက်တော့ အန်ကယ် Titကတော့ အော်ရယ်လို့.

Plan လည်း ခဏတော့ ဒီ  ၂ယောက်ကို ကြည့်ပီး အားကျမိသလို. ဒါအများပြောတဲ့ ရာဇဝင်တွင်တဲ့ အတွဲလေ!! အန်ကယ် Tit က တော့ ဒီမိသားစုရဲ့ အယူကို အင်မတန် သဘောကျသူပါ! သူက သူ့ချစ်ချစ်ကို အေးဆေး ယူသွားနိုင်တယ်လေ! ကျွန်တော် သိသလောက် ကျွန်တော့ အဘိုးရော သူ့အဖေရောက တစ်ဦးတည်းသောသားတွေမို့ အာ့ပြဿနာမရှိခဲ့ပေမယ့် အန်ကယ်နဲ့ ကျွန်တော်ကတော့ ဒီခေတ်ကြီးရဲ့ ဒီရိုးရာကို ဆက်ခံသူတွေပဲဖြစ်မှာပါ.

Title: ခုတော့ မင်းအလှည့်ရောက်ပီပေါ့ . ဒါနဲ့ မင်းအမျိုးသားရော? သူက မင်းကိုလာမတွေ့ဘူးလား?

သူလည်း ဟိုကြည့် ဒီကြည့်နဲ့ Mean ကို တွေ့မလားရှာနေလေရဲ့ .

Coo: ဟုတ်ပါ့ . ကိုယ်တွေမင်္ဂလာဆောင်တုန်းကဆို မင့်အန်ကယ်က အဝတ်လဲခန်းကနေတောင် မထွက်လို့.

Title: ဒါကတော့ ကိုယ်ကမင်းကို အချိန်ပြည့်မြင်နေချင်တာကို  ( ပြုံးပြုံးကြီးနဲ့ 🤣)

အာ့လို အမြဲပါပဲ!သူတို့က အမြဲကလူကျီစယ် အချစ်စမ်းနေကြ. အမှန်ကတော့ အန်ကယ် Tit က အထက်တန်းတည်းက အိမ်ကဆင်းသွားပီး သူ့ချစ်ချစ်ရဲ့ Chaing Mai ကိုလိုက်သွားတာပါ. လက်ထပ်ပြီးတော့လည်း ဟိုမှာပဲ အခြေချပီးနေကြတာပါ. ပြောပါတယ် ရာဇဝင်တွင်တဲ့ အတွဲပါလို့. ချစ်ကြလွန်းလို့! -_-

Plan: ကျွန်တော့ ရှေ့ နည်းနည်းပါးပါး မရိုပဲနေလို့မရဘူးလား ??

Title: အားကျရင် မင်း အမျိုးသားခေါ်ပီး ငါ့ကို လက်စားချေကြည့်လေ!

Plan မျက်နှာလေးညှိုးသွားတာကို Coo ကသတိပြုမိသွားပီး

Coo: ကို့တူကို အာ့လောက်စမနေနဲ့ ! သူနဲ့ စကားပြောချင်လို့ ဒါလင်က သမက်လောင်းလေးကို သွားရှာချေ!!

Title: ဟုတ်ကဲ့ ! အမိန့်တော်ကို နာခံလျက်ပါ!

Coo က Title လက်လေးလှမ်းရိုက်လိုက်တယ် . Title ကတော့ အမြဲ သူ့ချစ်ချစ်ကို စရင်းနောက်ရင်းပျော်နေတော့တာပါပဲ!

Title ထွက်သွားပြီးတော့

Coo: Plan ပြောပါဦး ! ဘာစိတ်ပူစရာရှိလည်း??

Plan : မသိတော့ပါဘူး အန်ကယ် Coo ရယ်. သူက တစ်ခါတစ်ခါ အေးစက်စက်နဲ့ သူ့နဲ့ ဘယ်လို အဆင်ပြေအောင်နေရမယ်မှန်မသိဘူး .

Coo: အစဆိုတာ ခက်ခဲတာပါပဲ . ဒီ အိမ်ထောင်မှာ စိတ်ရှည်ဖို့လိုတယ်လေ.

Plan: ဒီ အိမ်ထောင်ကို ဘယ်လိုထိန်းသိမ်းရမယ်မှန်းမသိတော့ပါဘူး. ယုံကြည်ချက်လည်းမရှိဘူး!

Coo: Plan နားထောင် . မင်းက ချစ်ဖို့ကောင်းတယ်. အချစ်စစ်ဆိုတာ နှလုံးသားဖြူစင်သူတွေဆီ ရောက်လာစမြဲပဲ. မင်း လုံးဝအချစ်ခံရမှာပါ.

Plan: အာ့လို ချစ်လာပေးမယ့် သူက MEAN ဖြစ်လာပါ့မလား ကျွန်တော်မသိဘူး .

COO : ငါတို့တွေ သိလာမှာပါ .

COO က  PLAN လက်လေးကို ဆုပ်ကိုင်ရင်း အားပေးလိုက်သည် . မျက်စိရှေ့က အကောင်ပေါက်လေးကတော့ ဘာလုပ်ရမှန်းမသိတဲ့ ပုံစံလေးနဲ့.

...............................

ခေါင်းလေးလေတြွေမည်နေပီ ....

ခန်းမထဲက ဧည့်လာတွေလည်း ဝင်ပေါက်ကို မျှှော်ငေးနေကြပီ
  
Mean: အဆင်သင့်ပဲလား ??

Mean က  plan ဆီကို လက်လှမ်းပေးလိုက်သည်. သူတို့ ၂ ယောက်က ပွဲမစခင် မိနစ်အလိုမှ ကို ဆုံမိကြသည်.
 
Mean ကတော့ လုံးဝကို အံံ့သြမင်သက်ရအောင် ချောမောခန့်ညားနေသည် . Plan ကတော့ ဝတ်စုံအဖြူလေးနဲ့ လိုက်ဖက်စွာ ရိုးသားဖြူစင်လှပီး ချစ်စရာလေး.

သူတို့က  Planကို ပန်းစည်းကိုင်ခိုင်းကြသည် Plan ကတော့ မကိုင်ချင်

လျှောက်လမး်တစ်လျှောက်လျှောက်လာရင်း ဧည့်သည်တွေဆီက ဆုတောင်းစကားနဲ့ သူတို့ချောမောကြောင်းချီးကျူးစကားများကို ဟိုနားဒီနားမှကြားနေရသည်.

ဘုန်းတော်ကြီးက သူတို့ ရဲ့ ကတိကဝတ်တွေကို ခံယူခိုင်းပီးတဲ့နောက်...

Priest: ဟုတ်ပီ . ၂ ဦးသား ချစ်ခြင်းသင်္ကေတ အနမ်းပေးနိုင်ပါပီ.
 
Plan: ဟင် ......

Plan ကတော့ ပထမအနမ်းကို တွေးမိရင်း Mean ကို စိတ်လှုပ်ရှားစွာကြည့်လိုက်ပေမယ့် Mean ကတော့ တည်တည်ငြိမ်ငြိမ် ပင်.

Plan : ( သူဘာတေ တွေးနေပါလိမ့်. နမ်းတာ ဒါနဲ့ဆို ၂ ခါရှိပီ)

Plan ရင်ထဲမှာ အကျယ်ကြီးတွေအော်ပြောနေသောလည်း Mean မျက်နှာကတော့ လက်မအနည်းငယ်သာလိုတော့သည် . Plan လည်းမျက်စိစုံမှိတ်ချလိုက်ရင်း....

ချိုမြိန်သော .... နူးညံ့သော.... ညင်သာသော အထိအတွေ့တို့နဲ့ နှုတ်ခမ်းသားလေး ၂ ခု ပွတ်တိုက်သွားသည်.
ထိရုံလေးမဟုတ်ပဲ အနမ်းတို့နက်ရှိုင်းအောင် mean က Plan ပဲ မေးစေ့လေးကို ကိုင်ထိန်းလိုက်သည်. plan ရဲ့ ခြေထောက်လေးများ အား မရှိတော့ပဲ ညွှတ်ကွေးသွားသလို ခံစားလိုက်ရသည်. သူကပဲ နှုတ်ခမ်းပေါ်ကို အားသက်ရောက်နမ်းရှိုက်နေလို့လား, ဒါမှမဟုတ် အနမ်းတေက ပထမအနမ်းထက်တောင် ညင်သာနူးညံ့နေ၍လားမသိ.

ဒါပေမယ့်လို့ လုံးဝကိုဂအသက်ရှူမှားရလောက်အောင်ပင်!!! အားလုံးရဲ့ လက်ခုပ်သြဘာ ဆုတောင်းသံများနဲ့ အတူ နှစ်ဦးသား ခွာလိုက်သည်.

Mark Gun Perth Saint တို့တော့ သတို့သားအရံလုပ်ရင်း သူတို့အတွဲကို ကြည့်ပီး ပြုံးစိစိနှင့် ရင်ထဲခိုးလိုးခုလု ဖြစ်နေမည်မှာ ပြောစရာမလို .
  
Plan က Mean ကို ကြည့်လိုက်တော့ ခပ်တည်တည်ပင် . သူကသာ ဒီလူကြီး ကို ဒုတိယအနမ်း ပေးအပြီး တုန်ရီနေမိသည်.

မင်္ဂလာပွဲလေးဟာ ကခုန်ပျော်ရွှင်မှုတွေ, အစားအသောက်တွေနဲ့ အပြုံးများ ရယ်မောပျော်ရွှင်မှုများနဲ့ ဓာတ်ပုံအများရိုက်ရင်း အောင်မြင်စွာ ပြီးစီးသွားခဲ့တယ်.

အားလုံးမသိကြတာက Plan လေးပဲ ပထမအနမ်းတွေ ဒုတိယအနမ်းတွေကို ပေးလိုက်ရတာမဟုတ်ပါဘူး . တစ်စုံတစ်ယောက်လည်း ဘဝတူမို့ပါ!

..........................///////////////.....................

>>>>CHAPTER 9

#yomyom


rate now: