book

Index 7

Chapter 7

  • Author : YomYom
  • Genres : Romance, Drama

Plan's POV


Plan: Ai Perth. မင်းဘယ်ရောက်နေပီလဲ မင်းပဲကျန်တော့တာ!


Plan က သူ့အချစ်ဆုံးသူငယ်ချင်း perth ကို ဖုန်းဆက်ရင်း အော်လိုက်တယ်. ခုထိ လူပျိုည party ကို မရောက်သေးဘူးလေ.

Gun ကတော့ ရောက်လာရင် သတ်မယ်ဆိုတဲ့ပုံမျိုး လက်ဟန်ခြေဟန်နဲ့ လှမ်းလုပ်ပြနေတယ်.


မင်္ဂလာပွဲ မတိုင်ခင် ၃ ရက်အလိုပါ! P Pondက သူပြန်ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ပျော်ဖို့လူပျိုည party စီစဉ်ပေးတယ်.

Rooftop ဘား တစ်ခုလုံးငှားပေးထားတယ် သူငယ်ချင်းတွေနဲ့ သောက်စားပျော်ရအောင်ပေါ့.

ကျွန်တော့မှာ က သူငယ်ချင်းများများမရှိဘူး. Mean လည်းအာ့တိုင်းပဲ. သူဒီလောက် Popular ဖြစ်နေလို့ တော်တော်များများနဲ့ ခင်နေပေမယ့် သူက သူငယ်ချင်းကိုတော့ နည်းနည်းပဲထားတာ ထူးဆန်းတယ်.


Mean က အောက်ထပ် Bar ကို ယူလိုက်တယ် ကျွန်တော်တို့ အဖွဲ့ကတော့ လုံးဝ rooftop ကိုအပိုင်စီးယူထားလိုက်တာ . ကျွန်တော်ရော Meanရော သက်သတ်စီ ပျော်ရအောင် သဘောတူထားကြတာ. ကိုယ်ပိုင်ချိန်မှာ အချင်းချင်း အနှောင့် အယှက်မပေးချင်ဘူးလေ.


P Pond: Perth ကတော့ အမြဲနောက်ကျပဲ . ဘယ်တော့မှ ပြောင်းမလဲမသိ.


P ကကျွန်တော့ ငယ်သူငယ်ချင်းကြီးကို ကောင်းကောင်းသိတယ်လေ .


Plan: မသိဘူး . သူလည်း မိန်းမယူသင့်ပီ!

  

Gun: အမလေး . မလုပ်ပါနဲ့ သူ့မိန်းမကို ကြိုသနားလို့!


( Gun နဲ့ က အထက်တန်းမှာတွေ့ရင်း သုံးယောက်ပေါင်းလောင်းကျော်ဖြစ်လာတာ. တက္ကသိုလ်ထိတူတူပဲ. မေဂျာ မတူပေမယ်ပေါ့. နိုင်ငံခြားကို စာသွားသင်ကြမှပဲ ခွဲကြရတော့တာ)

  

P Pond: ဒါဆို Plan လိုယောကျာင်္းပေးစားလိုက်မယ် . ဟားဟား


Gun: အာ့ဆိုမဆိုးဘူး.


သူတို့အားလုံး Perth အကြောင်း အတင်းတုပ်ရင်း ရယ်နေလိုက်ကြတယ် . Perth က မိန်းမကြိုက်တာမှာ နာမည်ကြီးကို....


Perth: ဘာတေ အာ့လောက်ရယ်နေကြတာလဲ ?


Plan: ငါတို့ မင်းအတင်းတုပ်နေတုန်း မင်းရောက်လာတာပဲ .


Gun: P Pond ကမင်းကို ယောကျ ာင်္းပေးစားဖို့ပြောနေတာ .


Perth: P နော် မတွေ့ရတာကြာနေပီကို အာ့လိုပြောပီး နှုတ်ဆက်စရာလား? ဝမ်းနည်းသွားပီ.


P Pond: Gun က မင်းယူမယ့် မိန်းမကို ကြိုသနားနေလို့ ငါ ဝင်ပြောရတာပါ .


Perth : မင်းတို့က ငါ့ကို မယုံမကြည်နဲ့ မချစ်ကြဘူးပဲ . တော်ပီ တော်တော် ဝမ်းနည်းနေပီ.


အကုန်လုံး ရယ်လိုက်စလိုက် ဟိုဟိုဒီဒီပြောလိုက်နဲ့ သောက်ရင်းပေါ့ . P Pondကတော့ စောစောပြန်သွားတယ် PArm ကဖုန်းဆက်ခေါ်နေပီလေ ( မမဗိုက်က စိတ်မကြည်တော့ဘူးဆိုတော့)


P Pond ထွက်သွားတော့ Perth ကစပြီး မေးခွန်းထုတ်တယ်.


Perth: မင်း ချစ်ချစ်ရော ဘယ်လိုလဲ ?


Plan: ပြီးရင် မိတ်ဆက်ပေးမယ်.


Perth: မဟုတ်ဘူး . သူ့အပေါ် ခံစားချက်ကိုပြောတာ. သူကမင်းအပေါ်ကောင်းတယ်လို့မင်းထင်လား?


Plan လည်း ခဏလောက်စဉ်းစားရင်း သက်ပြင်းချလိုက်မိတယ် .


Plan: မသိတော့ဘူး . မိသားစုအတွက်ကတော့ ဒါအကောင်းဆုံးနည်းပဲ.


Gun: မိသားစုကိုပဲ အမြဲစဉ်းစားမနေနဲ့. ၂၁ ရာစုရောက်နေပီ! အခြေအနေလေးလည်း ပြောင်းသင့်ရင်ပြောင်းကြည့်ပေါ့!

Perth: Gun ပြောတာမှန်တယ်. တစ်ခါလောက်တော့ မိဘတွေကို ဆန့်ကျင်ကြည့်ပါဦး!

Plan: ဟင့်အင်း. ငါ့ဦးလေးတောင် လက်ခံခဲ့တာကြီးကို.

Perth: မင်းဦးလေးကို ထည့်မတွက်နဲ့ ! သူက ရိုးရာကိုတောင် ကျေးဇူးတင်နေတာလေ! သူ့ချစ်ချစ်နဲ့ အေးအေးဆေးဆေး ယူသွားရတာကိုး!

Gun: P Mean ကလည်း မင်းကို အသာတကြည်လက်ခံတာ မဟုတ်ဘူးမလား ? ဘာဆက်လုပ်ဖို့ တွေးထားတုန်း?
 
Perth : ရုပ်ရှင်တေထဲကလို အချစ်ကို ဖန်တီးကြည်မလို့လား ?

Plan: သေလေ ! တစ်နှစ်လောက်ပဲလို့ သဘောတူထားတယ်! ပြီးရင်တော့ ကိုယ့်လမ်းကိုယ်လျှောက်ပေါ့.
 
Perth ကအချစ်ကို ဖန်တီးပါဆိုပီး လက်ဟန်ကိုယ်ဟန်တေနဲ့ ပြောင်ချော်ချော် အမူအရာတေလုပ်ပြနေလို့ စကားမနဲ ဖြတ်လိုက်ရတယ် . Gunကတော့ မျက်လုံးလေး တပြူးပြူးနဲ့ ကျွန်တော် ဘာပြောမလဲပဲ နားထောင်နေတယ်.

Plan: ကဲ အခုတော့ တိုင်ပင်ထားတဲ့ အတိုင်းပေါ့ . အများကြီးမစဉ်းစားချင်ပါဘူး..
 
Perth: အချစ် .... အချစ်ကို ဖန် ...တီးး လိုက်ပါ 🤣

Plan : ချီးထုပ်ရေ တော်မယ်!

Perth ကတော့ အသံမျိုးစုံပြောင်းပီး Drama ရိုက်ပြနောက်နေတယ်! Gun ကတော့ ရန်ဖြစ်တာကို ကြည့်ရင်း ရယ်လို့...

ကျွန်တော့ ဘဝလေး နေ့တိုင်း ဒီလို ရယ်မောနေရရင်ကောင်းမယ်.......

......................................

Mean's POV

Mark: ဝမ်းနည်းစရာပဲကွာ . မင်းကခုလို မိန်းမယူသွားတော့. နောက်ဆို ဒီလိုညမျိုး မကဲရတော့ဘူး.
 
ကျွန်တော့ ရဲ့ အပြုံးအရယ် နည်းတဲ့ သူငယ်ချင်းကောင်းကြီးက သနားလိုက်တာဆိုတဲ့ အပြုံးကြီး လှောင်ရယ်လို့ .
 
Mean: ဘာလို့ မကဲရမှာလဲ ? အားလုံး ဒီအတိုင်းပဲ. ငါက ငါ့စိတ်ကြိုက်ပဲနေမှာ.

Saint: အို မရက်စက်ရဘူးလေ. ဇနီး အသစ်စက်စက်လေးနဲ့ပဲ အချိန်ဖြုန်းသင့်တာပေါ့.

Mark: ဟုတ်တယ် . သူက ရိုးသားပီး ချစ်စရာလေးပါ. သူ့ကို သိတယ်. (နောက်မှရှင်းပြပါမယ်နော် 😅)

Mean: ဘာချစ်စရာလေးလည်း? မရိုးသားပါဘူး! ငါပြောသမျှ ပြန်ခံပြောတာ ငါတောင် တစ်ခါတစ်လေ အံ့အားသင့်ရတယ်.

Mark: ဝိုး . မင်းတောင် အရောင်အဝါတေ မှေးမှိန်ကုန်ပီပဲ! ဟားဟား!

Mark ကတော့ အော်ရယ်နေပေမယ့် Mean ကတော့ စိတ်တေတိုလို့ .

Saint: ဟေး ငါတို့ သောက်ပဲ သောက်နေရတာ ပျင်းစရာကြီး . သူတို့နဲ့သွားပေါင်းပီး Game ဆော့ရအောင် သူတို့က rooftop မှာဆိုတော့ ပိုမိုက်တယ်.

Mark: ဟုတ်တယ် ဟုတ်တယ် . မိတ်ဆက်ရင်း ရင်းနှီးအောင်နေကြတာပေါ့.

............................

Mean's POV

plan: P"???

Plan လည်း Mean တို့အဖ ွဲ့ သူတို့ဆီ လာတာကို တွေ့လိုက်ရတယ် ! သူ့သူငယ်ချင်းတွေကလည်း ပုလင်းမျိုးစုံကို ပိုက်လို့.
 
Mean : သူတို့က မင်းတို့နဲ့ ပေါင်းပီး gameဆော့ချင်တယ်ပြောလို့ .

Plan: ရပါတယ် . လူများတော့ ပိုပျော်စရာကောင်းတာပေါ့.

Perth နဲ့ Gun ကတော့ အခြေအနေကို ကြောင်အအ ဖြစ်နေတုန်း Saint နဲ့ Mark ကတော့ သယ်လာတဲ့ ပုလင်းတေကို နေရာချရင်း မျက်နှာလုပ်ရယ်ပြနေလေရဲ့ .

Plan : ဒါနဲ့ မိတ်ဆက်ပေးရမယ် . ဒါက Perth ငယ်ငယ်တည်းက သူငယ်ချင်း. Gunနဲ့က အထက်တန်းမှာတွေ့တာ. အကုန်လုံး တက္ကသိုလ်လည်း တူတူပဲ.

Mark: ငါမင်းတို့ကို သိပါတယ် . မင်းတို့ ဘောလုံးကစားတယ်မလား? အထက်တန်း တူတူပဲလေ! မမှတ်မိဘူးလား?

Plan: အိုး ဟုတ်လား ? မင်းက Class S က ဟို Playboyနဲ့တော့ တူသား.

Mark: ဟာဟား ဟုတ်တယ် . အာ့ ငါပဲလေ.

Perth: Oh my god တကယ်ကြီး ? ဘယ်လိုဖြစ်ပီး

Gun: ဒါဆိုမင်းက P တို့နဲ့ ဘာလို့ သူငယ်ချင်းတုန်း?

Saint: ကိုယ်ရှင်းပြမယ်. ကိုယ်နဲ့ Mean က ကျောင်းတစ်နှစ်နားလိုက်တော့ Mark နဲ့ တက္ကသိုလ်မှာ အတန်းတူဖြစ်သွားတာ!
 
Plan: ဝိုး ဟုတ်လား! ကျွန်တော် မသိခဲ့ဘူး.

Plan က Mean ကို ဘယ်လိုတွေ ဖြစ်ကုန်ပါလိမ့်လို့ လှမ်းကြည့်ပေမယ့် Mean ကတော့ သူတို့ပြောတာ ဝင်မပြောချင်တော့ wineပဲသောက်ရင်း သူတို့ပြောတာနားထောင်နေလိုက်တယ် .

Gun: ကမ႓ာကြီးက ကျဉ်းကျဉ်းလေးနော်!ငါတို့ ဒီလိုပြန်ဆုံမယ် မတွေးဖူးဘူး .

Mark: ဟုတ်တယ် ကမ႓ာကြီးက ကျဉ်းကျဉ်းလေး . မင်းကို ပြန်တွေ့ရတာ ဝမ်းသာတယ်.

Mark က Gun ကို လက်ဆွဲနှုတ်ဆက်ဖို့ လက်လှမ်းပေးလိုက်သည် .

ရုတ်တရက်မို့ Gun လည်းကြောင်နေရာက လက်လေးပြန် နှုတ်ဆက်မို့ရှိသေး
  
Plan: အားလုံးပဲ. ကိုယ်တွေပွဲအတွက် ချီးယားစ်လေးလုပ်ပေးကြပါ!

Mean က ငြိမ်ငြိမ်ကြီးပဲ ထိုင်နေတော့ Plan ကပဲဦးဆောင်ပီး ဧည့်ခံနေရတယ် .

အားလုံး  : Cheersssss!!!!!!

Mark: ကဲ အပျော် Game လေးဆော့ရအောင်.

Perth :  ဟုတ်တယ် ဆော့ဖို့ စိတ်ဝင်စားတယ် .
 
ပထမတော့ စုံစန်စိ ( rock sissor paper)ဆော့ရင်း ရှုံးသူ one shot သောက်ကြေးဆော့ကြတယ်.
ပွဲပေါင်းများစွာပြီးတဲ့နောက်မှာ Gun နဲ့ Plan ကတော့ အများဆုံးရှုံးတယ်. လူက အသိစိတ်လေးတောင် ယိုင်နဲ့နဲ့တေဖြစ်ကုန်ပီ! Mean ကတော့ နည်းနည်းများများသောက်လိုက်ရပေမယ့် ရီဝေဝေဖြစ်ရုံပေါ့!  အနိုင်ရနေသူက Mark ပေါ့!  လုံးဝ အေးအေးဆေးဆေးနဲ့ ပုံမှန်အခြေအနေပဲ. Perth နဲ့ Saint ကတော့ သောက်လိုက် စကားတေပြောလိုက်နဲ့ ရင်းနှီးလာပုံပဲ.

Mark:  Game တစ်မျိုးပြောင်းဆော့ရအောင် !

Saint :ok ဘာဆော့ကြမလဲ ?

Mark: Pocky  game ဆော့မယ် .

Perth: အာ့ အတွဲလိုက်ဆော့တာ မဟုတ်ဘူးလား ?
 
Mark: ဟုတ်တယ်. လူတွဲကြစို့.

Mean နဲ့ Plan ကတော့ ပြောစရာမလို Mark ကတော့ Gunကို ရေ ွးလိုက်တော့ Saint နဲ့ Perth ကအလိုလို အတွဲဖြစ်သွားသည် . (  ဆော့တာကိုပြောတာပါနော်😝)

Perth : ကဲ ဘယ်အတွဲ အရင်စမလဲ ?

Mark:  မှတ်မိတယ်နော် . မုန့်ချောင်းလေး အတိုဆုံးကျန်တဲ့သူက အနိုင်! ရှုံးတဲ့ အတွဲက အတွဲလိုက် one shot သောက်ရမယ် .
 
Saint : ငါတို့ အရင်လုပ်မယ် .

Mark: ရတာပေါ့ .

Mark က Saint ပါးစပ်ထဲ Pocky stick လေးထည့်လိုက်သည် . Perthက အနားတိုးလာပီး မုန့်ချောင်းလေးအခြားတစ်ဖက်ကို စတင်ဝါးလိုက်သည်. Saint ရဲ့မေးရိုးလေးတစ်လျှောက်ကို ညင်သာစွာကိုင်ထိန်းရင်း.....

ဖြည်းဖြည်းနဲ့ နှုတ်ခမ်းအကွေးနားလေးနားရောက်လာတော့ Saint က ဖြတ်ချလိုက်တယ်. perth ကတော့ ရယ်နေပြီး Saint ကတော့ မျက်နှာလေးရဲလို့. Mean လည်း မုန့်အပိုင်းလေးကို တိုင်းလိုက်တော့ ၅ စင်တီသာကျန်တော့သည်.  ( ချိဖတို့ကလည်း 😒)

အားလုံး : ဝိုး!!!!

Gun: အား ဒုက္ခပါပဲ . သူတို့ကို ဘယ်လိုနိုင်မလဲ?!
  
Gun ကတော့ ဟိုအတွဲနိုင်သွားမှာကို ပူနေလေရဲ့ .

Mark: စိတ်မပူနဲ့ . ငါ့ကို ယုံလိုက်!

Mark ကသူ့ပါစပ်ထဲPocky stick ထည့်ကာ Gun အနားတိုးလိုက်သည် . Gunကတော့ သူ့အနားကပ်လာတဲ့ Markကို မြင်ပီး အပြူးကြီး ပြူးသွားသည်. Mark က မုန့်အပိုင်းအခြားဘက်ကို Gunပါးစပ်နားတေ့ပေးပီး ဖြည်ဖြည်းချင်းနဲ့ ဝါးလာလိုက်သည်. အကြည့်တေကတော့ စူးရှလို့.....

သူတို့ မျက်နှာတေတော်တော်နီးလာတော့ Gun ကမျက်လုံးမှိတ်ချလိုက်သည် . Mark ကပြုံးလိုက်ပီး  စင်တီအနည်းငယ်အလိုမှာ ဖြတ်ချလိုက်သည်.

Mean: နမြောစရာကြီး 6 cm ဖြစ်သွားတယ်.

Gun ကတော့ ရှုံးသွားတာကို ဘာလုပ်ရမယ်မှန်းမသိ ခုတော့ သူ့ရင်က မတရားခုန်နေတာပဲသိသည် .
( သူကိုယ်သူ အများကြီး သောက်လိုက်မိ၍ ဖြစ်သည်ဟုပင် ထင်နေသည်)

Mark: အဆင်ပြေရဲ့လား Gun?
 
Gun : အင်း ပြေတယ် . (ညာတာ 😅)

Saint:  ကဲ နောက်ဆုံးအတွဲ ! တကယ့်အတွဲကြီး အလှည့်!!!!!

Plan ကတော့ နည်းနည်းမူးနေတာမို့  ဘာတေပြောပြောဘယ်လို ဖြစ်နေနေ ပြုံးပြုံး ပြုံးပြံးနှင့်သာနေလေသည်.

Mean က Pocky stick ကိုက်ရင်း Planနားတိုးလာပီး ပါးစပ်ထဲ ထည့်လိုက်သည် . Plan လည်း   တစ်ခုခုပြောချင်နေပေမယ့် မုန့်ကြောင့် ပြောမရ.

တရွေ့ရွေ့နဲ့ Mean နဲ့ Plan တို့နီးကပ်လာသည်. Plan လညး် သူ့မျက်နှာကြီးကို အရမ်းကပ်ပီးမြင်နေရတာ စိတ်ထဲတစ်မျိုးကြီးမို့ Mean ကို နညး်နည်းတွန်းလိုက်သည်. Plan စတွန်းလိုက်တော့ Mean က  Plan ခါးကို ဆွဲသိမ်းလိုက်သည်. ကျန်လက်တစ်ဖက်က ဂုတ်ပိုးလေးကို ဆွဲထိန်းလိုက်ရင်း. စင်တီ နည်းနည်းအလို နှုတ်ခမ်းသား ၂ ခုတို့.......ထိကပ်သွားရင်း!

(ထိသွားပီ! 🤣🤣🤣)

Plan လည်း အားကုန်တွန်းထုတ်ပေမယ့် Mean ကတော့ အနမ်းတွေနက်ရှိုင်းအောင် Plan ခေါင်းနောက်လေးကို သာသာထိန်းရင်း ဆွဲကပ်လိုက်သည်.

အားလုံးကတော့ သူတို့ကို ကြည့်ရင်း ဝိုးခနဲ ဝါးခနဲ ညာသံပေးကုန်ကြသည် .  Gun ကတော့ မျက်စိရှေ့ကမြင်ကွင်းအတွက် စကားတွေတောင် စွန့်အလို့.

Plan  အသက်ရှုဖို့လိုလာမှ Mean ပြန်လွှတ်ပေးလိုက်သည် .

Plan: အာ့ ဘာလုပ်တာလဲ??? 😶 ( အမူးလည်းပြေသွားပြီး နှုတ်ခမ်းလေးအားပွတ်နေသည်)

Mean: ကိုယ်တို့နိုင်သွားပီလေ!

Mean ကတော့  Planကို ပြန်မဖြေပဲ နိုင်သွားကြောင်းသာပြောနေသည် . အမှန်တော့ သိန်းဆုကြီး ပေါက်သည့် ရုပ်နှင့် ပြုံးစိစိ.

Mark: အာ့ ကိုယ်တေ ရှုံးပီပေါ့.

Perth  : couple shots သောက်ရမှာနော်

Mark : အိုကေပါ .

Mark နဲ့ Gun လည်း လက်ချင်း တွဲချိတ်လျက်  သောက်လိုက်ကြတယ်.
(တရုတ်မင်္ဂလာဆောင်တွေမှာသောက်သလို)

Plan: အိုကေ. ပြီးပီဆို အိမ်ပြန်ရအောင်.

Saint : အိုးးးး ဘာလို့ အစောကြီး ပြန်မှာလဲ??

Plan: တောင်းပန်ပါတယ်နော်. ကျွန်တော် နားချင်ပီမို့ .

Saint ကတော့ Mean ဘက်မျက်နှာချင်းဆိုင်လိုက်ပီး Plan ကို လိုက်ပို့ပေးဖို့  မျက်နှာရိပ်မျက်နှာကဲတေပြနေသည် ! Mean ကတော့ ခေါင်းခါလိုက်ရင်း...

Saint: Mean ပြန်လိုက်ပို့လိမ့်မယ်လေ .

Plan:  ရတယ်! သူ့ကို မလိုဘူး! Perth နဲ့ပြန်မှာ!  အားလုံး ဒီလောက်ပဲပေါ့! ပြန်ကြမယ်.

Plan က Mark နဲ့ Saint ကိုသာ နှုတ်ဆက်ပြီး Mean ကို လှည့်မကြည့် .Perth  ကားနှင့်ထွက်လာခဲ့ကြသည် .

Saint : ဟားဟား Planက  Mean ကို တာ့တာလေးတောင် ပြမသွားဘူး ! စိတ်ဝင်စားစရာပဲ! နမ်းလိုက်တာကြောင့် ရှက်သွားတာများလား??!

Mark : အေးလေ . မင်းကလည်း လုပ်ချလိုက်တာ. ငါတောင်လန့်သွားတယ်.
 
Mean ကတော့ သူဘာမှ မလုပ်ထားတဲ့ပုံနဲ့ ဆက်သောက်နေလေရဲ့ .
  
Mean: Mark! မင်း Planကို သိတာ ဘာလို့မပြောတာလဲ ?

Saint: အေးလေ . တစ်ခါမှ မပြောဖူးဘူး!

Mark: ငါက သူချစ်ဖို့ကောင်းတာပဲသိတာ . သူက ငါနဲ့အခန်းမှ မတူတာ.

Mean: ချီးထုပ်လေး

Mean လည်းပေါ်လာတဲ့ ဒေါသလေးကြောင့် Mark ကို လိုက်ထိုးနေမိတယ်. Saint ကတော့ သူတို့ ၂ ယောက်ကို ဖြန်ဖြေရင်း.....
  
.........................................

Plan's POV

Plan လည်းရှေ့ခန်းမှာထိုင်ရင်း အပြင်ကို ကြည့်ပီး လိုက်လာတယ် . Gun ကတော့ အနောက်ခန်းမှာ အိပ်မက်ကမ႓ာဆီကို အလည်သွားနေပီ.
  
Perth : အဆင်ပြေတာသေချာလား?

Plan: အင်း စဉ်းစားနေလို့.

Perth: ခုန အနမ်းအကြောင်းလား ဟာဟား !!!

Plan:  မဟုတ်ပါဘူး ချီးထုပ်ရဲ့! ငါတို့ အိမ်ထောင်ရေးအကြောင်းပါ! ငါပျော်ရပါ့မလား?

ရုတ်တရက်မေးခွန်းကြောင့်  ၂ ဦးသား တိတ်ဆိတ်သွားရင်း သက်ပြင်းချမိကြသည်.

Perth: အချစ်ဆိုတာ တစ်ခါတစ်လေ ဖန်တီးယူရတယ် . အာ့နောက်မှာ ပျော်ရှွင်မှုက ကပ်လိုက်လာတာ. ကိုယ်ထင်သလို မဖြစ်လာတဲ့ ကိစ္စတွေအတွက် ကိုယ်က ကြိုးစားဖန်တီးရတာလဲ ရှိတယ်.

Planကတော့ သူ့နှုတ်ခမ်းနွေးနွေးလေးကို ကိုင်ရင်း အနမ်းကြောင့်လား ရှက်သွားတာကြောင့်လားမသိ နှုတ်ခမ်းလေးက ပူနွေးတုန်း .

* သူများ First kiss ခိုးသွားတဲ့ လူကြီး!!!! ><*
 
ကားလေးကတော့ ညသန်းခေါင်ယံမှာ တိတ်တိတ် ဆိတ်ဆိတ် အိမ်လေးဆီသို့ ဦးတည်ရွေ့လျားရင်း....

....................................////////........................

>>>>> CHAPTER 8

#yomyom

အရှည်ကြီးရေးထားရတာ like နဲ့ feedback လေးနဲ့ အားပေးကြပါဦးနော်!!🥰

Chit you all💙💚


rate now: