book

Index 6

Chapter 6

  • Author : YomYom
  • Genres : Romance, Drama

ဒီနေ့ကတော့ Lay ရော Mean ရော Plan ရောအတွက် အရှည်ဆုံးနေ့ဖြစ်လောက်တယ်.


Lay လည်း ကတောက်ကစ ဖြစ်နေကြ ဒီအတွဲကြား ဝင်ဝင် ဖြေရှင်းရတာလည်း များလို့ နဂိုတည်းက လက်ထပ်ဖို့အရေးတွေးကြောက်နေသူဆိုတော့ အခုပိုဆိုးသွားပီ. သူတို့ကြည့်ရတာတော့ ရန်စနေရတာတောင်ပျော်နေကြပုံပဲ 🤔


Lay လည်း သူတို့ကားတွေထားခဲ့တဲ့ ဝတ်စုံဆိုင်ကိုပဲပြန်မောင်းပို့ပေးခဲ့လိုက်တယ်.


Lay: ကဲ ၂ ယောက်ကို ဒီမှာပဲ ချထားခဲ့တော့မယ်နော်.


Mean: P Lay Bridal Shower (or Bachelor's Night လူပျိုည) ပါတီလာဦးမှာလား?


Lay: မသေချာဘူး! ဒါပေမယ့် မင်္ဂလာပွဲနေ့တွေ့မယ်!

  

Plan: အစစ ကျေးဇူးပါနော် P! ဂရုစိုက်မောင်းပါ !


Mean' s POV


Plan: ရုံးကို ပြန်မှာလား?


Mean: ဟင့်အင်း. အချိန်ကြည့်ဦးလေ! အိမ်ပြန်တော့မှာပေါ့!


Mean လည်း မာရေကျောရေ ပြန်ဖြေလိုက်မိတယ်.


Plan: ဒါဆို ခဏလေးအချိန်ပေးနိုင်မလား. ပြောစရာရှိလို့.


Mean : ok လေ !


Mean လည်းကိုယ်တိုင်မသိလိုက်ပဲ လွယ်လွယ် အိုကေလိုက်မိသည် . Plan ကပဲ လေးလေးနက်နက်နှင့်တောင်းဆိုပုံပေါ်နေလို့လား. ကိုယ်တိုင်ပဲ တစ်နေ့တာ သူနဲ့ ငြင်းခုံရတာ လုံလောက်သွားလို့လားမသိ.


သူတို့ ၂ ယောက် အနီးဆုံး Cafe မှာထိုင်ရင်း


Plan ကပဲ စကားစလိုက်ပြီး


Plan : P မှာ ကောင်မလေးရှိလားဟင်?


Mean လည်း ရုတ်တရက် မေးခံလိုက်ရတော့ ကော်ဖီတွေတောင် သီးကုန်သည် .

  

Mean: မရှိပါဘူး. ဘာလို့လဲ?


Plan: မိဘတွေဆီက မရှိဘူးလို့ကြားမိပေမယ့် ကျွန်တော့ကိုအရမ်း ငြင်းဆန်နေတာကြီး တွေ့ရတော့ စိတ်ထဲမှာများ တစ်ယောက်ယောက်ရှိနေမလားလို့ပါ .


Mean လည်း လက်ထဲက ကော်ဖီခွက်လေးကို ဖြည်းဖြည်းချရင်း သက်ပြင်းချမိသည် . သူအခုချိန်မှာ မညာချင်တာအမှန်ပင်. Plan လည်း ကိုယ့်ရဲ့ လက်တွဲဖော် ဖြစ်လာမည်မို့ အနည်းဆုံးတော့ သိထားသင့်ပေသည်.


Mean: အင်း ဟုတ်တယ် . ချစ်ရတဲ့သူရှိတယ်.

Plan မျက်နှာလေးက သိသိသာသာ အံ့သြသွားပုံရသလို ဝမ်းနည်းရိပ်လေးစွတ်လို့ ... Mean လည်း ဘာကြောင့်မှန်းမသိ အသေးစိတ်ရှင်းပြချင်မိတာကြောင့်...
 
Mean: ပြောရရင်တော့ ကောင်လေးတစ်ယောက်ကို အကြီးကြီး Crush မိတာ . သူကတော့ ကိုယ်ကြိုက်နေမှန်း သိကောင်း သိပေမယ့် ကိုယ်တို့က သူငယ်ချင်းတွေလို့တောင် ခေါ်လို့မရဘူး. ဒီတိုင်း အဝေးကနေကြည့်နေရင်းက တစ်နေ့မှာ သူပျောက်သွားတယ်. ကိုယ် တက္ကသိုလ် တတိယနှစ်လောက်မှာပေါ့.

Plan: ကြားရတာ စိတ်မကောင်းပါဘူး .

Plan က မျက်လုံးလေးပြူးရင်း နားထောင်နေပုံရတော့ Mean လည်း ဆက်ပြောလိုက်တယ် ...

Mean: အဲ့ထဲက ကိုယ်တွေ အဆက်အသွယ်မရတော့ဘူး . (ခြောက်ကပ်စွာရယ်လိုက်ပြီးမှ) ဟင့်အင်း ဘယ်တုန်းကမှ အဆက်အသွယ်မရှိခဲ့တာ. ကိုယ်ကပဲတစ်ဖက်သတ်ချစ်ခဲ့တာဆိုတော့ ပြောရရင် သူ့သတင်းကို အဲ့ကတည်းက မရတော့တာ. သူများတွေကတော့ နိုင်ငံခြားက သူ့ချစ်သူနောက်လိုက်သွားတာတဲ့.
ဒါပေမယ့် ဘယ်သူမှ သေချာမသိဘူး. သူ့အချစ်ဆုံး သူငယ်ချင်းတွေတောင်မှပဲ မသိကြဘူး.

plan ကတော့ ဘာမှ မပြောဘဲ ငြိမ်သက်စွာနားထောင်ရင်း သက်ပြင်းလေးရဲ့ရဲ့ချလို့ . သူ့ကြည့်ရတာ တစ်ခုခုကို ပြောချင်နေသလိုလိုနဲ့ မပြောနိုင်တဲ့ ပုံပေါ်နေတယ်.
အာ့ကြောင့် Mean ကပဲ စကားဆက်ပြီး

Mean: သူ့ကို ကိုယ်ရှာသေးတယ်. မင်းနဲ့ မတွေ့ခင်အချိန်ထိ သူ့ကို အရူးလိုစောင့်နေခဲ့တာ.

သူအာ့စကားပြောတော့ Plan က သူ့မျက်ဝန်းတွေကို စူးစူးစိုက်စိုက်ကြည့်နေတယ်.
 
Plan: ဒါဆို ကျွန်တော်က ခင်ဗျားရဲ့ အိပ်မက်ကမ႓ာကို ဖျက်စီးမိပြီး ဘဝကြီးကို တစ်ဆစ်ချိုးပြောင်းလိုက်မိတာပေါ့.

Mean: ဟုတ်တယ်. ပြောရရင် ၂ ယောက်လုံး ဘဝကြီး အပြောင်းအလဲ ဖြစ်သွားတာပဲလေ.

Plan: ကျွန်တော် သိပါပီ. ခုလိုမေးရတာက ကျွန်တော် ခင်ဗျားကို မပျော်အောင် လုပ်မိမှာစိုးလို့ပါ.

Mean: အာ့တော့ ကိုယ်ပျော်အောင်မင်းက ဘာလုပ်ပေးချင်လို့လည်း.

Plan: ကျွန်တော် ဒီမင်္ဂလာပွဲကို လက်ခံတာ မိဘတွေကို စိတ်ချမ်းသာစေချင်လို့ပါ . သူတို့ပျော်မယ်ဆိုရင် သူတို့ကို ဘာတစ်ခုမှ အတိုက်အခံ မလုပ်ချင်ဘူး. ဒါပေမယ့် ခင်ဗျားပျော်ဖို့ဆို... ကျွန်တော် ကွာရှင်းပေးမယ်!
ခင်ဗျားချစ်တဲ့သူ ကို ပြန်တွေ့ခဲ့ရင် ဒါမှမဟုတ် တစ်နှစ်ဖြစ်ဖြစ် အချိန်တစ်ခုတန်ခဲ့ရင် လမ်းခွဲမယ် . သဘောတူလား?

ဒီတစ်ခါအံံ့သြရသူက Mean ပင် . ဒီလူသားပိစိလေးက သူ့အတွက် အများကြီး စဉ်းစားပေးရင်း လူကြီးဆန်ဆန် ဖြေရှင်းပေးနေမယ်လို့ တစ်ခါမျှ မတွေးမိ.

Mean: သဘောတူတယ်! တစ်ခုပဲ! အနည်းဆုံး တစ်နှစ်ကတော့ ကိုယ့်မိန်းမပဲနော်. စကားနားထောင်!

Plan: P!!!! အာ့လို မစပါနဲ့ဆို !!!!! 😡

Mean လည်း အော်ရယ်မိသည်. ဒီအကောင်သေးသေးလေး ဒေါသတွေထွက်ရင်း ပါးလေးတေနီနေတာကို မြင်ရသည်မှာ အလွန်ပျော်ဖို့ကောင်းသည်.

Plan: P ဘာလို့ တစ်ခါတစ်လေလောက် အာ့လိုမရယ်တာလဲဟင် ? ကြည့်ကောင်းရဲ့သားနဲ့. ပြီးတော့ ကျွန်တော်လည်း အမြဲ ရန်မဖြစ်ချင်ဘူး. ခုလို အဆင်ပြေပြေလေးနေရင် ကောင်းသားနဲ့ ဟုတ်ဘူးလား?!
  
လေပြေ နုနုအေးအေးလေးက ၂ ဦးကြား ဖြတ်တိုက်သွားသလို.

ဒီတစ်ကြိမ်တော့ Mean ပဲ shy boy လေးဖြစ်နေတော့တယ်. ကောင်လေး ၂ ယောက် ကော်ဖီကိုပဲ တိတ်တဆိတ်ဆက်သောက်နေမိကြတယ်! အပြင်က နေဝင်ချိန်ကြီးကတော့ အရမ်းတွေလှနေပေမယ့်
Cafe ဆိုင်ထဲမှာ ထိုင်နေတဲ့ ကောင်လေးတွေထက်တော့ ပိုမလှနိုင်ဘူးပေါ့နော် ... 😉

.........................////////////........................

>>>> CHAPTER 7

#yomyom


rate now: