book

Index 4

Chapter 4

  • Author : YomYom
  • Genres : Romance, Drama

လက်ထပ်ပွဲမတိုင်ခင် ၂ ပတ်အလို-


Mae  ၂ ယောက်လုံးမှာတော့ မင်္ဂလာပွဲအတွက် ပြင်ရဆင်ရ စီစဉ်ရ နဲ့ အလုပ်တွေကို ရှုပ်လို့. မင်္ဂလာရက် သတ်မှတ်လိုက်တာက နီးသွားတော့ အချိန်မီပြင်ရ.

ဇာတ်လိုက် ၂ ယောက်ကတော့ ဘယ်ရောက်နေမှန်းတောင်မသိ.


အမှန်တော့ Plan က Mae တို့နဲ့ အတူ အကုန်လာကူ ပြင်ဆင်ပေးမလို့ပါပဲ. ဒါမဲ့ Mean ကတော့လုံးဝလာမှာ မဟုတ်ဘူးလို့ကြားလိုက်လို့ သူလည်းစိတ်ပြောင်းလိုက်တာ.


*phone မြည်လာတော့


Mean : Hello Mae.


Chompoo  : အယ် Mean ရေ . Mae တို့ဆီ ခုလာခဲ့ပါဦး.

 

Mean:  ဘာလို့လဲ Mae. ကျွန်တော် အရေးကြီး အစည်းဝေးရှိတယ် .

( Mean က သူ့အဖေ ကုမ္ပဏီမှာပဲ ဒုဥက္ကဌ အဖြစ်လုပ်နေတာပါ . တခြားသူ့ကိုယ်ပိုင် စီးပွားရေးသေးသေးလေးလည်း ဦးဆောင်နေပါသေးတယ်)


Chompoo: မရဘူး . လာကိုလာရမယ်.သားအတွက် suit ရွေးနေတာလေ. သားမရှိပဲ ဘယ်လိုရွေးမတုန်း. Por ကိုလည်းဖုန်းဆက်ပီးသားနော်.  လာလို့ရတယ် ညာမနေနဲ့!


Mean ရှောင်လို့မရမှန်သေချာသွားပီ . Por က Mae ကို သူအားနေကြောင်း ပြောထားပီးလောက်ပီလေ.


Mean : ok. ကျွန်တော်လာပြီ . Plan ရော ?  သူရောလာမှာလား?

  

( Mean သူကိုယ်တိုင်တောင်သတိမထားမိပဲ မေးလိုက်မိသည် . စားသောက်ဆိုင်မှာသွားတွေ့ပြီးကတည်းက Plan နဲ့မတွေ့ဖြစ်တော့. မင်္ဂလာရက်ကလည်း အာ့နေ့ပြီး နောက်တစ်ရက်မှာတင် လူကြီးများစီစဉ်လိုက်ကြသည်. Mean ကတော့ Plan က သူ့အကြံတွေနဲ့ သူ့ကို တမင်စိတ်ရှုပ်အောင်လုပ်နေတာဖြစ်မည်ဟုတွေးမိသည်.)


Mean လည်း ကုမ္ပဏီကနေ ထွက်လာပြီး မင်္ဂလာဝတ်စုံဆိုင်ကိုမောင်းလာလိုက်တယ်. ကားလေးကို ဆိုင်ဘေးမှာ ရပ်ပြီး ဆိုင်ထဲဝင်လာတော့...


Mean's POV


Chompoo : အို့ ! သားလေးရောက်လာပီ!


Mean : ဟုတ်ကဲ့ Mae.


ကျွန်တော်ဆိုင်ကို လှည့်ပတ်ကြည့်လိုက်တယ်. Plan ကို မတွေ့.


Rak :Plan အကျႌစမ်းဝတ်နေတာ . ခဏနေထွက်လာလိမ့်မယ်.

Mean  : အော် ဟုတ် !

Mean ကိုရုတ်တရက်ပြောလိုက်တာကြောင့် ဖြေလိုက်ပေမယ့် သူရှာနေတာ ဘယ်လိုသိသွားပါလိမ့် .

ထိုအချိန်မှာပဲ ...

ခန်းဆီးလေးပွင့်လာသည်. Plan ကCream ရောင် suit လေးကို ဝတ်ထားသည်. အောက်ခံရှပ်အကျႌ က စိမ်းဖန့်ဖန့် Mint Green လေး . နက်ခ်တိုင်လေးက အနက်နဲ့ ခဲရောင်ဖျော့ဖျော့လေးကို အစင်းလေး. ဆံပင်လေးကို သပ်သပ်ရပ်ရပ်လေး နောက်လှန်ဖီးတင် ထားသည်က လုံးဝကို အံ့သြမှင်သက်စရာ. သူဝင်လာတဲ့ မြင်ကွင်းလေးခဏမှာ ကျွန်တော် ပါးစပ်အဟောင်းသားလေး မဖြစ်ရုံတမယ်...

Chompoo: Mean သားရေ. ပါးစပ်သုတ်ဦး!
              သားရေတွေကျကုန်ပြီ!

Mean : ဟမ်....

အာ့တော့မှ ကျွန်တော်လည်း အသိဝင်လာတော့တယ် . ဘေးဘီကြည့်လိုက်တော့ သူက ကိုယ့်ရှေ့နားလောက်တောင်ရောက်နေပီ. Mae တို့ တစ်ဖက်တစ်ချက်ရပ်ပြီး သူ့ကို ကြည့်ရင်း သဘောတွေကျနေကြတယ်. သူကတော့ ကျွန်တော့ကို ဘာကြည့်နေတာလဲဆိုတဲ့ သဘောနဲ့ မျက်လုံးဝိုင်းဝိုင်းလေးပြန်ကြည်ကြည့်နေရဲ့.

Rak : Mean ကတော့ Plan ရဲ့ ချစ်စရာကောင်းမှုမှာ ပျောက်ဆုံးနေတာလား ?
(သဘောပါပါ ပြုံးရင်း ပြောလိုက်တယ်)

Chompoo: အေးဟယ် . မနက်ဖန်တောင် ပွဲဖြစ်စေချင်နေလားမသိ. မစောင့်နိုင်တော့လို့

Plan: Mae ! Mar တို့ကလည်း!
( Plan ကခုဆို Chompoo ကို Mar ခေါ်တယ်)
  
ကျွန်တော် သူ့ရဲ့ ရှက်သွေးဖြန်းနေတဲ့ ပါးရဲရဲတွေကို လှမ်းမြင်လိုက်ရတယ် . သူကတော့ အတက်နိုင်ဆုံးခေါင်းကို ငုံ့ထားလေရဲ့.

ကျွန်တော်လည်း ရင်ထဲခိုးလိုးခုလုဖြစ်လာတာနဲ့ အာရုံပြောင်းလိုက်တယ်.

Mean  : ကျွန်တော့ ဝတ်စုံရော?

Chompoo: ဟုတ်သားပဲ. ညီမရေ ဝတ်စုံလေးယူခဲ့ပါ. Plan ကဒါလေးရွေးထားတော့ သားလည်းဒီလို ဆင်တူလေးပဲ.

ဝတ်စုံစီစဉ်သူကPlan ဝတ်တာနဲ့ ဆင်တူလေးယူလာလိုက်တယ် .
 
Mean : ဘာလို့ ဒါကြီးဝတ်ရမှာလည်း? ကျွန်တော်မှ အစိမ်းမကြိုက်တာ. ခေါ်တုန်းက ကြိုက်တာရွေးဖို့ဆို! သူရွေးထားမှတော့ ကျွန်တော် ဘာလာစရာလိုလဲ.

Chompoo : Mean စကားကို ကြည့်ပြောမယ် .

Rak: သားပြောတာ မှန်ပါတယ်. လက်ထပ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် တူတာလေးတွေရှိရမယ်လေ. ဒါလေးတွေက အစမ်းတွေပဲဆိုတော့ သားတို့ ၂ ယောက်တိုင်ပင်ပြီးရွေးလိုက်ပေါ့! Chompoo နဲ့ Mae ကလည်း ကိုယ့်အတွက်ကို အကျႌရွေးဖို့ သွားစရာရှိတော့ သားတို့နေခဲ့ပြီး အကောင်းဆုံး ရွေးလိုက်ကြနော်!
 
Chompoo : ဟုတ်တယ် . သားတို့ ၂ ယောက်ရွေးလိုက်. မအေတွေ မင်္ဂလာဆောင်မှာလား သူတို့ယူမှာလား တစ်ခါတစ်ခါမသဲကွဲဘူး. မအေတွေကပဲ လိုက်စီစဉ်ပေးနေရတယ်! ကိုယ့်ဝတ်စုံတော့ ကိုယ့်ဟာကိုယ်ရွေးကြတော့!

Plan:  Mae တို့က ခုသွားတော့မှာလား?
  
Rak  :  အင်းလေ. ချိန်းထားတာရှိတယ်.

Plan : ကျွန်တော် အစိမ်းရောင်ဖြစ်ရင်ပြီးရော ဘာဖြစ်ဖြစ်ရတာပဲကို

Mean : ငါက အစိမ်းနဲ့မရဘူး . အာ့တော့ မင်းနေခဲ့.
 
ကျွန်တော်အော်လိုက်မိတော့ Plan ကကျွန်တော့ ကို ဘာကိစ္စအော်နေတာလဲဆိုတဲ့ သဘောနဲ့ မျက်လုံး အဝိုင်းသားလေးနဲ့ ကြည့်ပြန်တယ် .

Chompoo : ( ရယ်လိုက်ရင်း) ok သားတို့! ဝတ်စုံလေးနဲ့တော့ ရန်မဖြစ်ကြနဲ့.

ကျွန်တော့ ညစ်ကျယ်ကျယ် အကျင့်ကို Mae ကသိလို့ ရယ်လိုက်တာလေ . သူမ ဒီရန်ပွဲတော်တော်ကြာမှာလို့လဲ ရိပ်မိပုံပဲ.
 
Plan ကတော့ ကျွန်တော် ဘာဆက်လုပ်မလဲ ကြည့်နေလေရဲ့ . သူ့အကြည့်ကိုရှောင်ပြီး သူမမြင်အောင် ပြုံးလိုက်မိတယ်.

Plan ရေ . မင်းငါ့အကြောင်းကို ဖြည်းဖြည်းသိလာမှာပါ.
တစ်သက်လုံး အလိုလိုက်ခံထားရတဲ့ တစ်ဦးတည်းသောသား ဂျစ်ကန်ကန် ကျွန်တော်က ဘယ်လိုမျိုးဆိုတာ ....

.................................///////////.........................

>>>CHAPTER 5


rate now: