book

Index 3

Chapter 3

  • Author : YomYom
  • Genres : Romance, Drama

Plan's POV


Plan မီးဖိုချောင်လေးကို အေးအေးဆေးဆေး ရှင်းလင်းနေမိတယ်. မကြာခင်မှာ သူ့တစ်နေ့တာလုပ်ငန်းတွေ စတင်ရတော့မယ်လေ.ဒီဘဝက သူကိုယ်တိုင်ရွေးချယ်ထားတဲ့ သူအကြိုက်ဆုံးဘဝလေးလည်းဖြစ်တယ်. ဒီစားသောက်ဆိုင်လေးက သူ့ဘဝ.သူ့ဖန်တီးမှု. Menu ထဲမှာ ပါတဲ့ ဟင်းလျာတွေကလည်း သူကိုယ်တိုင်စီစဉ်ဖန်းတီးခဲ့တာ. Paris မှာ ဟင်းချက်သင်တန်းတက်နေတုန်းမှာပဲ အကြံရခဲ့လို့ မရ ရအောင် ဖွင့်ခဲ့ရတဲ့ ဒီစားသောက်ဆိုင်လေးက  ၃ နှစ်သက်တမ်းထဲတောင်ဝင်လာပီ. ကိုယ့်အိပ်မက်ကို ဖန်တီးနိုင်ခဲ့တာမို့ အောင်မြင်တယ်လို့ယူဆရတာပေါ့. Plan အတွေးတွေနဲ့ ဟင်းလျာတွေစဉ်းစားနေတုန်း...


စားသောက်ဆိုင်ကို တစ်ယောက်ယောက်ဝင်လာလို့ ဘဲလ်လေးမြည်သွားတယ်...


Plan: တောင်းပန်ပါတယ်ခဗျ. ဆိုင်မဖွင့်သေးပါဘူး.

ပြောရင်းနဲ့ မီးဖိုချောင်က ပြေးထွက်လာတော့...


"စားဖို့လာတာမဟုတ်ဘူး. စကားပြောဖို့"

အေးစက်မာကျောတဲ့စကားလုံးရိုက်ချက်တွေကြောင့် Plan မော့ကြည့်လိုက်တော့


"P' Mean"

နာမည်လေးက နှုတ်ဖျားကနေတိုးတိုးလေးထွက်သွားတယ်.


အရပ်ရှည်ရှည်, ရုပ်ချောချောနဲ့ ကုတ်အရှည် ခဲရောင်ကို ဝတ်ဆင်ထားတဲ့ သူတစ်ယောက်ကတော့ ခပ်ချေချေ မျက်နှာပေးနဲ့ပဲ.


ဘာပဲဖြစ်ဖြစ် ဧည့်သည်ပဲမို့ Plan နေရာပြထိုင်ခိုင်းလိုက်တယ် .


Mean က အဝင်တံခါးကို ကျောပေးထိုင်ထားပြီး Planကတော့ သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်.


Plan : ဘယ်လိုဖြစ်ပီးရောက်လာတာလဲ ?


Plan  ပြာပြာသလဲမေးလိုက်မိတယ်. ကိုယ်ဒီမှာ အလုပ်လုပ်မှန်း သူဘယ်လို သိတာလဲ ဘာလို့ရောက်လာတာလဲ မတွေးမိဖူးသောကြောင့်....


Mean : လိုရင်းပဲပြောမယ် . ဒီလက်ထပ်ပွဲ လုံးဝဖြစ်မလာအောင်လုပ်ပေးပါ.


Mean စပြောလိုက်တဲ့စကားကို လုံးဝထင်မှတ်မထားခဲ့. သွေးအေးလွန်းတဲ့ အမူအရာတွေကြောင့် မသိရင် Plan က ခြိမ်းခြောက်ခံနေရသည့်ပုံစံမျိုးပင်ပေါက်နေသည်.


Plan : ဘာပြောတယ်!


Plan အသံလည်း ရုတ်တရက်မို့ကျယ်သွားသည် .


Mean : ဟုတ်တယ်လေ. ကိုယ်ပြောရင် Mae တို့က လက်ခံပေးမှာ မဟုတ်ဘူး. မင်းပြောရင်တော့ လက်ခံလောက်တယ်. ဒါကြောင့် ကိုယ့်အတွက်လုပ်ပေးလိုက်ပါ. မင်းလည်း မချစ်တဲ့သူနဲ့ လက်ထပ်ရတာ မလိုချင်ဘူးမလား.


Mean က နောက်ဆုံး စကားလေးကို ပိုပိုသာသာလေးပြောရင်း မဲ့ပြုံးပြုံးပြလိုက်သည်. သူ့ပုံစံက နားထောင်လိုက်ရင် ပ်ုကောင်းမယ်ဆိုတဲ့အထာ... ဒါပေမယ့် ကျွန်တော့ အကျင့်လေးက....


Plan: ဟင့်အင်း. မလုပ်ပေးနိုင်ဘူး.


သူ့မျက်ဝန်းကို သေချာစိုက်ကြည့်ပီး ရဲရဲပြောမိလိုက်သည် .


သူ့မျက်နှာမှာကတော့ အလိုမကျခြင်းနှင့် အတူ

ဒေါသရောင်တွေ လှွမ်းလာသည်.


Plan: ကျွန်တော့မိဘတွေစီစဉ်တာမို့ ငြင်းနိုင်မှာ မဟုတ်ဘူူး.


Plan တည်ငြိမ်စွာနဲ့ ဆက်ပြောမိလိုက်သည်.


Mean : အိုကေလေ .


ကောင်းမွန်သည့် သဘောတူသောဟန် မဟုတ်...


Mean : ငရဲတူတူသွားကြတာပေါ့ ဟုတ်ဘူးလား.


သူပြောပြီး ပြန်ဖို့ ထရပ်လိုက်သည်.


Plan စိတ်ထဲတွင် စကားနိုင်လိုချင်သော စိတ် ပြင်းပြနေသောကြောင့် Mean တံခါးပေါက်ရောက်ခါနီး လှမ်းအော်ပြောမိသည်.


Plan: မိသားစု ရိုးရာအယူမို့သာ ခဗျားကို မငြင်းတာပါ .
သိပ်လက်ခံချင်လွန်းလို့တော့ မထင်လိုက်ပါနဲ့!

Mean ခဏရပ်ပြီးနားထောင်နေသည်. သို့သော်လှည့်တော့မကြည့်. ပြီးတော့မှ တံခါးကိုသာ အားကုန်စောင့်တွန်းထွက်သွားသည်.

Plan ရင်ထဲ စနိုးစနောင့်နှင့် ဘယ်လိုဖြစ်နေမှန်းမသိ. လက်ခံတာတွေ ငြင်းပယ်တာတွေအတွက် ထူးခြား တဲ့အကြောင်းပြချက်မရှိ. ဒီတိုင်း ရင်ထဲမှာ ထူးဆန်းနေသည်.
ကျွန်တော် ကိုယ်တိုင် Mean နှင့် ဘယ်လောက်ထိ ခရီးပေါက်နိုင်မလဲ သိချင်လို့လဲ ဖြစ်နိုင်သည်.

..................

Mean 's POV

ဒီလက်ထပ်ပွဲကို မဖြစ်မနေ ဖျက်သိမ်းရမယ်လေ. Mae နဲ့ Por ကတော့ ကိုယ့်စကားကိုနားထောင်ပေးမည်မဟုတ်. နောက်ဆုံးလက်နက်ကို ထုတ်သုံးမှရတော့မည်. အာ့ကတော့ Plan ပင်ဖြစ်သည်.

သူြ့ကည့်ရတာ နူးညံံ့ ယဉ်ကျေးပုံပေါ်သည် . ထို လူကောင်းသေးသေးလေးက ကိုယ်ပြောတာကိုလည်းနားလည်လောက်ပြီး အလွယ်တကူ ကြိုးဆွဲ ခြယ်လှယ်ရနိုင်လောက်သည်.

*အင်း သူ့ကိုတွေ့မှဖြစ်မယ်*

Mean, Mae ကနေတဆင့်ကြားဖူးတယ်. သူက သူ့ဒေသမှာတော့ နာမည်ရ စားဖိုမှူးတဲ့. မဆိုးပါဘူး. သူ့ရုပ်ရည်လေးနဲ့တော့လိုက်ဖက်ပါတယ်

စားသောက်ဆိုင်လေးမှာ ဆိုင်ပိတ်ထားသည့်ဆိုင်းဘုတ်ကို မြင်သော်လည်း စကားပြောရန် အခြေအနေကောင်းမို့ ဝင်လာလိုက်တော့.....

Plan: တောင်းပန်ပါတယ်ခဗျ. ဆိုင်မဖွင့်သေးပါဘူး.

အသံလာရာကြည့်လိုက်တော့ ကောင်လေးက မီးဖိုချောင်ကပြေးထွက်လာတယ် .

သူ့ရဲ့ စားဖိုမှူးဝတ်စုံနဲ့ လွန်စွာလိုက်ဖက်ပြီး ချစ်ဖို့ကောင်းနေတဲ့ ကောင်လေး. ကိုယ့်ရဲ့ တခြားသော ချစ်စရာလေးကိုတောင် သတိရမိသွားရဲ့.

"စားဖို့လာတာမဟုတ်ဘူး. စကားပြောဖို့"

Mean အတွေးစကိုဖြတ်ဖို့ မြန်မြန်စကားဆိုလိုကိတော့ ကောင်လေးလည်း ကိုယ့်ကို သေချာ တွေ့သွားတယ်.

P'Mean !
သူနာမည်လေးရွတ်ပြီး အံ့သြနေဟန်ပဲ!
ဒါမဲ့ ချက်ချင်းဆိုသလို ပုံမှန်အတိုင်းနေရာပေးပြီး ထိုင်လိုက်ကြတယ်.

Plan: ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ .
သူပုံစံက ကျွန်တော့လာရင်းကို မသိပဲ လုံးဝမထင်မှတ်ထားတဲ့ပုံမျိုး.

ဒါနဲ့ပဲ ကျွန်တော် စကားစပြီး ပြောလိုက်တယ် ....
...
အခြေအနေကတော့ ထင်သလိုမဖြစ်လာခဲ့ . ခုတော့ လက်လျှော့ရမည့်ပုံ. စိတ်လည်းတိုနေသလို အကြံလည်းပျောက်နေတာကြောင့် ထထွက်လာဖို့အလုပ်...
ကြားလိုက်ရတဲ့ သူ့စကားကြောင့် ပိုတောင်အံ့သြမိသွားတယ် .
 
"Plan: မိသားစု ရိုးရာအယူမို့သာ ခဗျားကို မငြင်းတာပါ .
သိပ်လက်ခံချင်လွန်းလို့တော့ မထင်လိုက်ပါနဲ့!"

ဝိုး ...သူ့ကို အဆိပ်ကင်းကင်းထင်ခဲ့တာ . ခုတော့ သူ့စကားက မှင်သက်စရာပဲ. ကိုယ်တွေ ရှေ့ဆက်ဘယ်လိုဖြစ်လာမလဲ သိချင်တောင်လာတယ်.
ကိုယ့်လက်ရှိဒေါသကိုတော့ တံခါးပေါ်ကို ပုံချမိရင်း...

စားသောက်ဆိုင်က ထွက်ထွက်ချင်း ပထမဆုံးမိုးစက်လေးက မျက်နှာပေါ်လာစင်တယ် .

အကယ်၍ တစ်ယောက်သောသူများ ကျွန်တော့ဘေးမှာဆို ဒါတွေ ရင်ဆိုင်စရာလိုမှာလား ? တွေးမိလေရဲ့

* မင်း ဘယ်ရောက်နေတာပါလိမ့်*
 
Mean တစ်စုံတစ်ဦးကို လွမ်းဆွတ် ညည်းတွားမိလိုက်တယ်.

.................................:////////////....................

>>> CHAPTER 4


rate now: