book

Index 2

Chapter 2

  • Author : YomYom
  • Genres : Romance, Drama

Plan 's POV


လွန်ခဲ့သောတစ်ပတ်....


ကျွန်တော်တို့ Hojavl မိသားစုမှာ ထူးဆန်းတဲ့ ရိုးရာအယူတစ်ခုရှိတယ်. အာ့တာက   မိသားစုရဲ့ အကြီးဆုံးသားကပဲ မျိုးရိုးဆက်ခံခွင့်ရှိတယ်. အကယ်၍ ဒုတိယ ဒါမှမဟုတ် တတိယသားရှိခဲ့ရင် သူတို့က ယောကျင်္ားလေးနဲ့ပဲ လက်ထပ်ပြီး မျိုးရိုးကို စွန့်ပေးရတယ်. ဒါမှနောက်ပိုင်း ဆက်ခံသူပြဿနာတွေပေါ်မလာအောင်ပေါ့. ပြီးတော့ အကြီးဆုံးကပဲ ဆက်ခံသူကိုမွေးပေးနိုင်တယ်လေ. ကျွန်တော်တော့တွေးမိတယ်. လောကကြီးက တရားသလား ရက်စက်သလားဆိုတာ. ကျွန်တော်ဟာ အင်မတန်မှ ကောင်းမွန်ပြီး အဆင့်ရှိတဲ့ မျိုးရိုးမှာ ကောင်းမွန်စွာကြီးပြင်းခဲ့ပေမယ့်လည်း ဒီအယူကိုတော့ ကျွန်တော့မိဘတွေကတောင် မလွန်ဆန်ပေးနိုင်ပါဘူး. ဘာလို့လည်း ဆိုတော့ P'Pond ကအကြီးဆုံးဖြစ်ပြီး ကျွန်တော်က အငယ်ဖြစ်နေလို့လေ .


Rak : Plan သားရေ !
Plan ခြံနေထဲမှာ ဂစ်တာတီးနေတုန်း Rak ခေါ်လိုက်တယ် .

Plan : ဟုတ် Mae. ဘာပြောစရာရှိလို့လဲ.
ကျွန်တော်တီးလက်စ ဂစ်တာလေးဘေးချရင်း ပြန်ဖြေလိုက်တယ် .

Rak : Mae နဲ့လိုက်ခဲ့ပါဦးသားရယ်. သား Por က ပြောစရာရှိလို့တဲ့.
ကျွန်တော် Mae နဲ့ အတူ စာကြည့်ခန်းကိုလိုက်သွားလိုက်တော့...

Eric : ထိုင်ဦးသား. ပြောစရာရှိတယ်.
Por က စာကြည့်စားပွဲကနေ ထပြီး ဆိုဖာမှာ အတူလာထိုင်ဖို့ပြောရင်း စကားစလိုက်တယ်.

Eric : သားလည်း သိမှာပါ. သားအစ်ကို Pond လည်းအလုပ်တွေ လက်စသိမ်းပြီး ဒီကို ပြန်လာနေတော့မယ်. ပြီးတော့ နောက်တစ်ခုက သားမရီး ChaArm မှာ ကလေးရှိနေပီ! သားလေးတဲ့ သေချာတယ်."

Plan : ဟုတ်လား . ကျွန်တော် မသိလိုက်ဘူး. ဝမ်းသာစရာပဲ. ကျွန်တော်တောင် သူတို့နဲ့ မတွေ့တာတော်တော်ကြာနေပီ.
(ကျွန်တော်အာ့တုန်းက တကယ် အမှန်အကန် ဝမ်းသာပြီးပြောခဲ့တာ. ဒါပေမယ့် အာ့အချိန်ဟာ ကျွန်တော့ ဘဝ တစ်ဆစ်ချိုး ဖြစ်ခဲ့မယ်လို့ မတွေးခဲ့မိဘူး.)
 
Eric : အင်း . သားသိတဲ့အတိုင်းပဲ အခုဆက်ခံသူပေါ်လာပီလေ. ဒါက သားမဖြစ်မနေ အိမ်ထောင်ပြုရတော့မယ်ဆိုတာပဲ Plan".
Por ဝမ်းနည်းစွာပြောလိုက်သလို Mae ကတော့ Plan ကို မကြည့်ဘဲ မျက်ရည်တွေသုတ်ရင်း ဟိုဘက်လှည့်နေလေရဲ့.

Plan : ဟုတ်ကဲ့ . ကျွန်တော်နားလည်ပါတယ်. မိဘတွေစီစဉ်တာပဲ ကျွန်တော် လိုက်နာမှာပါ.

ကျွန်တော် အာ့စကားတွေကို ရင်ထဲကအတိုင်းပြောတာပါ ! သူတို့ ကိုယ့်ကို ဘယ်လောက်ချစ်ပြီး ဒီလို အိမ်ထောင်မချပေးချင်တာလဲ ကျွန်တော်သိပါတယ်. သူတို့လည်း မျိုးရိုးစဉ်ဆက် အယူအရလုပ်ရမှာဖြစ်သလို ကိုယ်လည်း မရှောင်သာ. သူတို့ ပျော်စေချင်တာပဲသိတယ်. ဒါ့ကြောင့် သူတို့ဆုံးဖြတ်သမျှ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်ကံလို့ပဲ သတ်မှတ်ရင်ဆိုင်သွားမှာပါ.
......................

Mean 's  POV

Mean  :  ကျွန်တော် ဘယ်နှခါပြောရမလဲ! ကိုယ်ချစ်တဲ့သူနဲ့ပဲ ယူမှာလို့!

Mean နံရံကို လက်သီးနဲ့ ထိုးရင်း အော်လိုက်တယ် .

Chompoo: နင်ဘယ်လောက်ပြောပြော ငါဂရုမစိုက်ဘူး. နင်ဘယ်သူ့ချစ်လည်းလဲ  စိတ်မဝင်စားဘူး. နင်လက်ထပ်ဖို့ လူတွေ့ပီ. ဒါပဲ.

Chompoo လည်း သားကို စိတ်ဆိုးဆိုးနဲ့ ပြန်အော်လိုက်တယ်. သူမသိတယ်လေ. ဒီပွဲမှာတော့ နောက်ဆုံးအခွင့်အရေးအရ သူမ အောင်နိုင်မှ ကိုဖြစ်မယ်.

Mean : Mae သားချစ်တဲ့ တစ်ယောက်ကယောကျာ်းလေးဆိုတာသိတယ်လေ.

Chompoo: သိတယ်လေ . အာ့ကြောင့် နင့်ယူရမယ့်သူက ယောကျင်္ားလေးလေ.

Mean : ဘာ ! အစကတော့ အမေပဲ မိန်းကလေးပဲ ယူရမယ်ဆိုပြီး ခါးခါးသီးသီး ကန့်ကွက်ခဲ့တာလေ.

Chompoo : ဟုတ်တယ်လေ . ငါက နင်ယောကျင်္ားလေးကြိုက်တာကို ကန့်ကွက်တယ် ဒါပေမယ့် အခုတော့ နင့်ရောဂါ အဆိပ်တက်နေတာကို အဆိပ်သုံးပီးကုဖို့ ဒီလိုဆုံးဖြတ်တာ.

Mean : မဟုတ်ဘူး. Mae မှားတယ်. ကျွန်တော်က သူ့မို့ကြိုက်တာ. ဘယ်သူမှ အစားမထိုးနိုင်ဘူး.

Chompoo: ဘယ်သူပဲဖြစ်နေနေ ဂရုမစိုက်ဘူး . ငါသိတာက နင် ငါ့သူငယ်ချင်းသားနဲ့တွေ့ရမှာပဲ.
Chompooလည်း ဒီစကားဝိုင်းကို အမိန့်နဲ့ပဲ အနိုင်ပိုင်းပီး အောင်လံထူလိုက်တယ် . Mean ကတော့ ခုံတွေကို ကန်ကြောက်ပီး ဧည့်ခန်းထဲက ထွက်သွားတယ်. ပြောနေလည်း ဘာမှ မထူးတော့တာကို သိနေပီလေ.
 
Bank : မိန်းမ ဒီလိုလုပ်တာ အဆင်ပြေပါ့မလားကွာ.
Bank ကသူ့မိန်းမ Chompoo ပုခုံးလေးကို သာသာပုတ်ပေးရင်း စိတ်ငြိမ်အောင် စကားဆိုလိုက်တယ် .

Chompoo : ကျွန်မကတော့ ဒါက ကျွန်မတို့အားလုံးအတွက် အကောင်းဆုံး အကြံဖြစ်မယ်ထင်တာပဲ. ကျွန်မတို့ ဂုဏ်ကိုရော သူနာမည်ကိုရော ထိန်းသိမ်းထားနိုင်တာ ဒီတစ်နည်းပဲရှိတယ်လေ.
Chompoo လည်း ဝေဝါးတဲ့ အတွေးတွေပြည့်နေတဲ့ သူမရဲ့ မဟာဗျူဟာတွေနဲ့အတူ လေးလေးကန်ကန်ဖြေလိုက်လေရဲ့

-----------------------
Mean အခန်းထဲမှာတော့ ....
Mean အကွက်ပုံစံလေးတွေဖော်ထားတဲ့ လက်ကိုင်ပဝါ တစ်ထည် က ရနံ့တွေ ပျောက်လုနီးပီဖြစ်တဲ့ ရေမွှေးန့ံသဲ့သဲ့လေးကို ရှိုက်နမ်းမိတယ် .
"မင်းက အခု ဘယ်တွေကို ရောက်နေတာလဲကွာ"
Mean သူ့ရဲ့ ဟောင်းနွမ်းနေတဲ့ ဒိုင်ယာရီလေးကို ကြည့်ရင်း ပုံရိပ်တွေ ဝေဝါးနေတဲ့ အတိတ်ဆီကို တိတ်တဆိတ် ပြန်လည်လွမ်းဆွတ်နေရင်း ....

------------------------///////----------------------

>>> Chapter 3



rate now: